Lwin Clinic

Lwin Clinic “လွင်” အထွေထွေရောဂါဆေးခန်းကနေ ကြိုဆိုပါတယ်ရှင် ။

ဆေးတစ်ရက်သောက်ဖို့မေ့ရင် ဘယ်လိုဆက်သောက်ရမလဲ ??နေ့စဉ်သောက် သားဆက်ခြားဆေးကိုသောက်သုံးတဲ့ အခါမှာ ၂၈ လုံးပါဆေးကတ်နဲ့ ၂၁ လုံး...
28/07/2023

ဆေးတစ်ရက်သောက်ဖို့မေ့ရင် ဘယ်လိုဆက်သောက်ရမလဲ ??

နေ့စဉ်သောက် သားဆက်ခြားဆေးကိုသောက်သုံးတဲ့ အခါမှာ ၂၈ လုံးပါဆေးကတ်နဲ့ ၂၁ လုံးပါဆေးကတ်တွေကို ဘယ်လိုသောက်သုံးရမလဲဆိုရင်တော့

၂၈ လုံးပါ ဆေးကတ်က ဆိုရင် ဟော်မုန်းပါဝင်တဲ့ဆေးလုံး ၂၁ လုံး နှင့် ဟော်မုန်းမပါဝင်သော ဆေးလုံး ၇ လုံး (အချို့ ဆေးကတ်တွင် သံဓာတ်အားဆေး) ပါဝင်ပါတယ်။ ဒီအတွက် ၂၈ လုံးပါဆေးကတ်ကို သောက်သူတွေ အနေနှင့်တော့ တစ်နေ့တစ်လုံးမှန်မှန်သောက်ပြီးနောက် တစ်ကတ်ကုန် တစ်ကတ် ရက်မခြားပဲပြန်စသောက်ရပါမယ်။
၂၁ လုံးပါဆေးကတ်သောက်သူတွေအနေနှင့်တော့ တစ်ရက် တစ်လုံးမှန်မှန်သောက်ပြီးနောက် ၇ ရက်နားရပါမယ်။ ၈ ရက်မြောက်နေ့မှာမှ နောက်ဆေးကတ်အသစ်ကို ပြန်စသောက်ရပါမယ်။

** ဒီနေရာမှာ အထူးသတိထားဖို့က နောက်ကတ်အသစ်စတဲ့နေရာမှာ ရက်မနောက်ကျဖို့တော့လိုပါတယ်နော်

ဆေးကတ်အိမ်မှာ ကုန်သွားလို့ဘဲဖြစ်ဖြစ်
မေ့သွားတာဘဲ ဖြစ်ဖြစ် ဘယ်လိုဆက်သောက်ရမလဲဆိုတဲ့ သူလေးတွေအတွက် ကတော့

မိမိသောက်နေကြဆေးကတ်ကဘယ်အတန်း ဘယ်နှစ်လုံးရောက်နေပြီလဲဆိုတာ မှတ်မိနေဖို့လိုပါတယ်
နော်

>> မှတ်မိတယ်တယ်ဆိုရင်

ဆေးကတ်နောက်အသစ်ကိုမိမိသောက်နေကြနေရာကစသောက်လို့ရပါတယ်နော်

>>တကယ်လို့မမှတ်မိဘူးဆိုရင်

ဆေးကတ်နောက်အသစ်ကိုဝယ်ပြီး အစကနေ စသောက်ပေးပါ ရှင့်
ရာသီလာတဲ့ရက်တော့ နောက်ကျသွားနိုင်ပါတယ်နော်

နို့တိုက်မိခင်တွေအတွက်ကတော့ laydia lacta လေးသောက်သုံးပေးပါနော်

လိုအပ်တဲ့ဆေးဝါးများကိုမှာယူလိုပါက

လွင်ဆေးခန်းနှင့်ဆေးဆိုင်တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆွေးနွေးပြီးလည်းဝယ်ယူနိုင်သလို

ဖုန်းဖြင့်လည်းကြိုတင်ငွေပေးချေခြင်းဖြင့် အိမ်တိုင်ရာရောက် ဆက်သွယ် မှာယူနိုင်ပါတယ်ရှင့်

အမှတ် ၁၃၆ ၊ ယုဇနလမ်း ၊နွယ်အေးရပ်ကွက် ၊ ဒေါပုံ

ဆက်သွယ်ရမည့်ဖုန်းနံပါတ် 09786558082


သုံးမျိုးစပ်အာရုံကြောအားဆေးဘယ်လိုလူတွေက အာရုံကြောအားဆေးထိုးသင့်တာလဲဆိုတာကိုပြောပြပေးသွားပါ့မယ်ရှင့် ကြွက်သားအာရုံကြောအား...
22/07/2023

သုံးမျိုးစပ်အာရုံကြောအားဆေး

ဘယ်လိုလူတွေက အာရုံကြောအားဆေးထိုးသင့်တာလဲဆိုတာကိုပြောပြပေးသွားပါ့မယ်ရှင့်

ကြွက်သားအာရုံကြောအားနည်းတဲ့ရောဂါလက္ခဏာများ

ကြွက်တက်ခြင်း
ခြေလက်တွေထုံကျဉ်ခြင်း
အပူအအေးမမျှတခြင်း
ပင်ပန်းနုန်းချိခြင်း
ခေါင်းမူးခြင်း
နှလုံးခုန်မြန်ခြင်း
သွားဖုန်း (သို့မဟုတ်) လျှာ မှာ အနာဖုလေးများပေါက်
ခြင်း
ခံတွင်းပျက်ခြင်း

အာရုံကြောအားကောင်းအောင်ဘယ်လိုနေထိုင်ရမလဲ

အာဟာရမျှတအောင်စားပါ

အစိမ်းရောင်ရှိတဲ့ အရွက်တွေ– ဥပမာ ဟင်းနုနွယ်၊ ဆလပ်ရွက် တို့ပေါ့။
အသီးအနှံတွေ – ဥပမာ – ငှက်ပျောသီး၊ ဆီးသီး၊ ဖရဲသီး၊မက်မွန်သီး
ဆန်လုံးညို၊ အုတ်ဂျုံ၊ နှံစားပြောင်း။
အစေ့အဆံတွေ – သီဟိုဠ်စေ့၊ ဗာဒံစေ့၊ ဟေဇယ်စေ့
ပဲနီလေးနဲ့ ပဲအမျိုးမျိုး
အာလူး
ဖရုံသီး တွေ စားပေးလို့ရပါတယ်။
Omega-3 ကြွယ်ဝတဲ့ ဆော်လမွန်ငါး၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ငါးသေတ္တာငါး တို့ကိုလည်း စားပါ။

စိတ်ဖိစီးမှုတွေဖြေလျှော့ပေးပါ

နေ့စဉ်ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ

မနက်ခင်းနေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဖြင့်လည်းအာရုံကြောအားကောင်းစေလာပါတယ်ရှင်

အာရုံကြောအားနည်းတဲ့ရောဂါလက္ခဏာတွေခံစားနေရပါက လွင် အထွေထွေရောဂါကုဆေးခန်း တွင်
အထွေထွေရောဂါကုဆရာဝန်ကြီးများနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသနိုင်ပါပြီရှင့်

ဆေးခန်းသို့မလာနိုင်သော် လူနာများကို အိမ်တိုင်ရာရောက်ဝန်ဆောင်မှုဖြင့်ကုသပေးနေပြီဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါတယ်ရှင်

Address No 136 ယုဇန(၁)လမ်း၊ နွယ်အေးရပ်ကွက်၊
ဒေါပုံ ၊

Ph 09786558082


သုံးလခံ ကိုယ်ဝန်တားဆေး !!သုံးလခံ ကိုယ်ဝန်တားဆေးတွေက ကွန်ဒုံးမသုံးချင်သူတွေ တားဆေးပုံမှန်သောက်ဖို့အခက်အခဲရှိတဲ့သူများတွက်...
18/07/2023

သုံးလခံ ကိုယ်ဝန်တားဆေး !!

သုံးလခံ ကိုယ်ဝန်တားဆေးတွေက
ကွန်ဒုံးမသုံးချင်သူတွေ
တားဆေးပုံမှန်သောက်ဖို့အခက်အခဲရှိတဲ့သူများတွက် ထိုးရန် သင့်တော်သောဆေးလေးဖြစ်ပါတယ်

နို့တိုက်မိခင်များလည်းထိုးနှံနိုင်ပါတယ်

အမျိုးသမီး /အမျိုးသားရောဂါများကိုလည်း
ဆွေးနွေးတိုင်ပင်ပေးသည်။




အိမ်တိုင်ရာရောက်လည်းထိုးနှံပေးပါတယ်နော်

09786558082

ပူပြင်းသောရာသီဥတုနှင့်လူကြီးလူငယ်မရွေးအဖြစ်များ သော Heat stroke (အပူရှပ်ခြင်း)အကြောင်းHeatstroke ( အပူရှပ် )ခြင်းဟာ ခန္ဓ...
04/05/2023

ပူပြင်းသောရာသီဥတုနှင့်လူကြီးလူငယ်မရွေးအဖြစ်များ သော Heat stroke (အပူရှပ်ခြင်း)အကြောင်း

Heatstroke ( အပူရှပ် )ခြင်းဟာ ခန္ဓာကိုယ် အပူလွန်ကဲခြင်းကြောင့် ဖြစ်ရတဲ့အခြေအနေတစ်ခုဖြစ်ပြီး အများအားဖြင့် အပူချိန်နှင့် ကြာရှည်စွာ ထိတွေ့ခြင်း သို့မဟုတ် မြင့်မားသော အပူချိန်များတွင် ပြင်းထန်စွာ လှုပ်ရှားမှုတို့ကြောင့် ဖြစ်တတ်ပါတယ် ရှင်

ခန္ဓာကိုယ်အပူချိန် 104 F (40 C) သို့မဟုတ် ထိုထက်မြင့်မားပါက ပြင်းထန်သော အပူဒဏ်ကြောင့် Heat stroke ဖြစ်တတ်လေ့ရှိပါတယ် ၊ နွေရာသီမှာ ပိုအဖြစ်များတာကြောင့် သတိထားရမယ့်အကြောင်းလေးတွေ ပြောပြပေးလိုက်ပါတယ်ရှင်

✅Heatstroke ဖြစ်ရင် ဘယ်လိုလက္ခဏာတွေ
တွေ့ရနိုင် မလဲ ❓

✅ခန္ဓာကိုယ်အပူချိန် 104 F (40 C) နှင့်အထက် ( ဒီအချိန်မှာ အပူချိန်များနေသောကြောင့် တခြားသော ရောဂါ အခြေအနေနဲ့လဲ မှားယွင်းတတ်ကြပါတယ်)

• ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာသော စိတ်အခြေအနေ ၊ အပြုအမူ
•သတိလစ်ခြင်း၊ တက်ခြင်း
• ပျို့အန်ခြင်း
• အသားအရေနီမြန်းလာခြင်း ၊ ပူခြင်း
• အသက်ရှုမြန်ခြင်း
• နှလုံးခုန်နှုန်း မြန်လာခြင်း
• ခေါင်းကိုက်ခြင်း တို့ဖြစ်လာနိုင်ပါတယ်

➡️ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ❓

အပေါ်မှာ ပြောခဲ့အတိုင်း heat stroke symptoms တွေ ခံစားနေရပြီလို့ ထင်နေပြီဆိုရင် ဆေးဘက်ဆိုင်ရာအကူအညီကို ချက်ချင်းရယူဖို့ ဆေးခန်း (သို့) ဆေးရုံသို့ သွားရပါမယ်ရှင်

အရေးပေါ်ကုသမှုကို စောင့်ဆိုင်းနေစဉ် လူနာကို
👉🏼အရိပ်ရှိသော နေရာ ၊ အေးမြသောနေရာသို့ ရွှေ့ ထားရန် ( ပန်ကာ သို့ အဲကွန်း ရှိပါက ဖွင့်ထားနိုင်ပါတယ် )
👉🏼အဝတ်အစားအပို၊ ထူထည်သော အဝတ်များ ကို ချွတ်ပီး ပေါ့ပေါ့ပါးပါးအေးသော အဝတ်များသာ ရွေးဝတ်ရပါမယ်
👉🏼ရေပတ်ရွှဲရွှဲ တိုက်ရာတွင် ခေါင်း၊ လည်ပင်း၊ ချိုင်းကြားနှင့် ပေါင်ခြံတို့ကို ရေစိုစိုအဝတ်ဖြင့် သုတ်ပေးရပါမယ်

✅အပူရှပ်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများကတော့

• အလွန်ပူပြင်းသောနေရာတွင် အချိန်အကြာကြီးရှိနေ ခြင်း
• ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ရှိခြင်း
• မလိုအပ်သောအဝတ်အထည်များ၊ ပူအိုက်ကျပ်ညှပ်သော ၊ထူထည်သော အဝတ်များ ဝတ်ဆင်ခြင်း
• အရက်သောက်ခြင်း
• ရေလုံလောက်စွာ မသောက်ခြင်းကြောင့် ရေဓာတ်ခန်းခြောက်ခြင်း တို့ဖြစ်ပါတယ်

🟠နောက်ဆက်တွဲဆိုးကျိုးများ

ခန္ဓာကိုယ်အပူချိန် ဘယ်လောက်ကြာကြာ မြင့်နေလဲပေါ် မူတည်ပြီးတော့
• Vital organ damage ( ကိုယ်တွင်းအင်္ဂါများ ထိခိုက် ပျက်စီးခြင်း )
• Death (အချိန်မှီကုသမှုမခံယူပါက heat stroke ကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ် )

🟠ကဲ ဒါဆိုဘယ်လိုကာကွယ်လို့ ရနိုင်မလဲ❓

Heatstroke ဟာ ကြိုတင်ခန့်မှန်းနိုင်ပြီး ကြိုတင်ကာကွယ်လို့ရတဲ့ အခြေအနေတခုဖြစ်ပါတယ် ။ ဒါကြောင့်ပူပြင်းတဲ့ ရာသီဥတုမှာအပူဒဏ်ကို ကာကွယ်ဖို့ ဒါတွေကို လုပ်ဆောင်ရမှာ ဖြစ်ပါတယ်

✅ ပေါ့ပါးသောအဝတ်အစားများကို ဝတ်ဆင်ပါ

✅နေလောင်ဒဏ်ကိုကာကွယ်ပါ- ဦးထုပ် ၊နေကာမျက်မှန် ၊ အနည်းဆုံး SPF 15 ရှိတဲ့နေရောင်ကာခရင်မ်ကို လိမ်းပြီးမှ အပြင်ထွက်ပါ

✅ရေများများသောက်ပါ

✅တစ်နေရာရာတွင် ကားရပ်မည်ဆိုပါက ကားထဲတွင် မည်သူ့ကိုမျှ မချန်ထားခဲ့ရန် ( အထူးသဖြင့် သက်ကြီးရွယ်အို နဲ့ ကလေးငယ်တွေ ) ဘာလို့လဲဆိုတော့ နေပူထဲမှာရပ်ထားတဲ့ကားရဲ့ အပူချိန်ဟာ 10 မိနစ်အတွင်း မှာ 20 ဒီဂရီF (11 ဒီဂရီ C ထက်ပို၍) မြင့်တက်လာနိုင်တဲ့အတွက်ကြောင့်ပါ

It’s not safe to leave a person in a parked car in warm or hot weather ‼️

✅မဖြစ်မနေ ပူတဲ့နေရာတွေမှာ အလုပ်လုပ်ရမှာတို့ ၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရတော့မယ်ဆိုရင် ရေများများသောက်ပါ ၊ အေးမြတဲ့ နေရာမှာ မကြာခဏ အနားယူပါ။




Credit #

Vaxigrip tetra  ( လေးမျိုးစပ် မိုးရာသီတုပ်ကွေး ကာကွယ်ဆေး) ကို လွင်ဆေးခန်းမှာထိုးနှံနိုင်ပြီ ။✅တနှစ် တကြိမ်သာထိုးနှံရန်လိ...
02/05/2023

Vaxigrip tetra ( လေးမျိုးစပ် မိုးရာသီတုပ်ကွေး ကာကွယ်ဆေး) ကို လွင်ဆေးခန်းမှာထိုးနှံနိုင်ပြီ ။

✅တနှစ် တကြိမ်သာထိုးနှံရန်လိုအပ်ပါသည်

Seasonal Flu လို့ခေါ်တဲ့ ရာသီတုပ်ကွေးဟာဆိုရင် တုပ်ကွေး ဗိုင်းရပ်စ်ပိုး ( Virus 🦠)ကြောင့်ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်လွယ်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။

တစ်နှစ်နဲ့တစ်နှစ်မတူတဲ့ မျိုးကွဲပုံစံတွေပြောင်းလဲနေတာဖြစ်လို့ နှစ်စဉ်နှစ်တိုင်း ကာကွယ်ဆေးထိုးထားဖို့ အရေးကြီးပါတယ်နော်

Vaxigrip Tetra (Flu vaccine)ထိုးထားခြင်းဖြင့်
- A/H1 N1
- A/H3 N2
- B/Washington
- B/Phuket ဆိုတဲ့ တုပ်ကွေးရောဂါပိုး(၄)မျိုးကို ကာကွယ်သည့်အပြင် COVID-19 ရောဂါပိုးနှင့်လက္ခဏာဆင်တူသည့် တုပ်ကွေးရောဂါပိုးများကိုလည်း ကာကွယ်ပေးပါတယ်ရှင်။

အကယ်၍ ကူးစက်လာပါကလည်း ရောဂါပြင်းထန်မှုကို လျော့ချပေးနိုင်ပါတယ်ရှင်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း နှစ်စဉ်ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံဖို့အကြံပြုထားပါတယ်။

(၄ မျိုးစပ်ဆေး) ရာသီတုပ်ကွေးကာကွယ်ဆေး (Vaxigrip Tetra 2023)

ကာကွယ်ဆေးထိုးသင့်သူများ

➡️ လူကြီးများ တစ်နှစ်တစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနိုင်ပါတယ်

💉ကလေးငယ်များအနေဖြင့် အသက် ၆ လမှစ၍ ဆေးထိုးနိုင်ပါတယ်

💉အသက် ၆ လမှ အသက်၉ နှစ်ကြား ကလေးများအနက် ယခင်လုံးဝ မထိုးဖူးသူ(ကလေး)များမှာ ဆေးစထိုးပြီး နောက်ထပ် ၄ ပတ် (၂၈ ရက်) အကြာတွင် booster dose နောက်ထပ်တစ်ကြိမ် ထိုးရန် လိုအပ်ပါတယ်
💉ယခင်နှစ်က ကာကွယ်ဆေးထိုးဖူးသူ(ကလေး) များဆိုလျှင် တစ်နှစ်တစ်ကြိမ်သာ ထိုးရန် လိုအပ်ပါတယ်
💉အသက် ၉ နှစ်အထက် ၁ ကြိမ်

💉 #နာတာရှည်ရောဂါရှိသူများ
💉 #သက်ကြီးရွယ်အို နဲ့ နာတာရှည်ရောဂါရှိသူများလည်းမဖြစ်မနေ ထိုးနှံသင့်ပါတယ်
💉 #ကိုယ်ဝန်ဆောင်များ ကာကွယ်ဆေးထိုးထား သင့်ပါတယ် ရှင်
ကာကွယ်ဆေးထိုးခြင်းအားဖြင့် ကိုယ်ဝန်သည် ကိုယ်ဝန်ဆောင်တုန်းအပြင် ၊ မွေးကာစ ၆ လအောက် ကလေးတွေပါ အပြင်းအထန်တုပ်ကွေး ဖြစ်ခြင်းမှကာကွယ်ပေးပါတယ်

🍀ကာကွယ်ဆေး ကြိုတင်ထိုးထားခြင်းဖြင့် ရာသီတုပ်ကွေးဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ပေးနိုင်သည့်အပြင် ဖြစ်ပွားလာပါကလည်း ရောဂါပြင်းထန်မှုကို လျှော့ချပေးနိုင်ပါတယ်

🍀အခြားကာကွယ်ဆေးထိုးထားသူများ အနည်းဆုံး ၂ ပတ်ခြားပီး တုတ်ကွေးကာကွယ်ဆေး ထိုးနှံနိုင်ပါသည်။

✅စက်ရုံ အလုပ်ရုံများ ၊ အသင်းအဖွဲ့များနှင့် company များတွက်လည်း အထူးစျေးနှုနိးဖြင့်ထိုးနှံပေးနေပါပြီနော် ။

❗️❗️❗️❗️❗️❗️

➡️Covidshield
➡️B vaccine နှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများလည်းထိုးနှံနိုင်ပါတယ်ရှင့် ။

အိမ်တိုင်ရာရောက် ထိုးနှံလိုပါက လည်း ဖုန်းဖြင့်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် ။





Ph contact -09786558082

အလုပ်သမားနေ့အခမဲ့ ကျန်မားရေးစစ်ဆေးပေးမည့်အထူးအစီစဉ်အလုပ်သမားနေ့အထိမ်းအမှတ် နေ့အဖြစ် မေလ (၁)ရက် (၂)ရက်နေ့များတွင် မည်သည့်...
30/04/2023

အလုပ်သမားနေ့အခမဲ့ ကျန်မားရေးစစ်ဆေးပေးမည့်အထူးအစီစဉ်

အလုပ်သမားနေ့အထိမ်းအမှတ် နေ့အဖြစ် မေလ (၁)ရက် (၂)ရက်နေ့များတွင် မည်သည့်ဝန်ထမ်းမဆို ဝန်ထမ်းကတ်ပါလျှင် မိမိနှင့်အတူ အိမ်သားတစ်ဦးအပါ ကျန်းမာရေးအခမဲ့စစ်ဆေးပေးမည် ဖြစ်ကြောင်း
အသိပေးကြေငြာအပ်ပါသည် ။

ဖုန်းဖြင့်လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်

မှတ်ချက် * ဆေးဖိုးအနည်းငယ်သာကျပါမည် ။

Ph contact - 09786558082

လိပ်စာ - မြတ်လေးနွယ် (၂)လမ်း ၊ နွယ်အေး

ရပ်ကွက်၊ ဒေါပုံ ၊ ရန်ကုန်မြို့ ။

Happy Eid mubarak 🌙💫အစ်နေ့မှစပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေကြောင်း လွင်အထွေထွေရောဂါကုဆေးခန...
21/04/2023

Happy Eid mubarak 🌙💫

အစ်နေ့မှစပြီး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပါစေကြောင်း လွင်အထွေထွေရောဂါကုဆေးခန်းမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်

08/06/2022

သွေးတိုးရောဂါအကြောင်းသိကောင်းစရာ

သွေးတိုးရောဂါကိုအမြစ်ပြတ်အောင်ကုသလို့မရပါ။
သွေးပေါင်ချိန်ပုံမှန်စစ်ဆေးရန်လိုအပ်ပါသည်။
စနစ်တကျနေထိုင်စားသောက်ပြီးကျွမ်းကျင်သူများနှင့်အမြဲမပြတ်တိုင်ပင်ကုသရပါမည်။
သွေးတိုးရောဂါရှိသူများသည်ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကိုနေ့စဉ်ပုံမှန်ပြုလုပ်ဆောင်ရွက်သင့်ပါသည်။

သွေးတိုးရောဂါ၏နောက်ဆက်တွဲဖြစ်ပွါးတတ်သောရောဂါများ

~မျက်စိအမြင်လွှာကိုထိခိုက်၍မျက်စိကွယ်တတ်ခြင်း
~ဦးနှောက်သွေးကြောပိတ်/ပေါက်၍လေဖြတ်နိုင်ခြင်း
~နှလုံးရောဂါကိုဖြစ်စေခြင်း(နှလုံးသွေးကြောကျဉ်းခြင်း၊
~နှလုံးကြီးခြင်း၊နှလုံးစည်းချက်မမှန်ဖြစ်ခြင်း၊နှလုံး
ညစ်အားကျခြင်း)
~ကျောက်ကပ်ကိုပျက်စီးစေတတ်ခြင်းတို့ဖြစ်တတ်ပါ
သည်။

~သွေးတိုးရောဂါနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိလို
ပါက ‘လွင်’အထွေထွေရောဂါကုဆေးခန်းတွင်မိသားစုဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

&pharmacy

အစ္စလာမ်ဘာသာဝင် ဆီးချိုဝေဒနာရှင်များ RAMADAN ဥပုသ်လတွင် လိုက်နာကျင့်သုံးရမည့် "ဆီးချိုရောဂါကုသရေးလမ်းညွန်" #ဆီးချိုနှင့်...
27/03/2022

အစ္စလာမ်ဘာသာဝင် ဆီးချိုဝေဒနာရှင်များ RAMADAN ဥပုသ်လတွင် လိုက်နာကျင့်သုံးရမည့် "ဆီးချိုရောဂါကုသရေးလမ်းညွန်"

#ဆီးချိုနှင့်ဟော်မုန်းရောဂါအထူးကုပညာဌာန
#ဆေးတက္ကသိုလ်၂ရန်ကုန်

03/02/2022
အိုမီခရွန်လက္ခဏာသတိထားစရာအချက် (၁၁)ချက်(၁) နှာချေမယ် (၂)ပင်ပန်းနွမ်းနယ်မယ်(၃)အားမရှိဖြစ်နေမယ်(၄)လည်ချောင်းယားမယ် (၅)ချော...
02/02/2022

အိုမီခရွန်လက္ခဏာသတိထားစရာအချက် (၁၁)ချက်

(၁) နှာချေမယ်
(၂)ပင်ပန်းနွမ်းနယ်မယ်
(၃)အားမရှိဖြစ်နေမယ်
(၄)လည်ချောင်းယားမယ်
(၅)ချောင်းခြောက်ဆိုးမယ်
(၆)နှာစေးမယ်
(၇)ခါးအောက်ပိုင်းနာမယ်
(၈)ခေါင်းကိုက်မယ်
(၉) ညဘက် ချွေးထွက်များမယ်
(၁၀)ကိုယ်လက်ကိုက်ခဲမယ်
(၁၁)မစားမသောက်ချင်ဖြစ်လာမယ်

Address

Yangon
Dawbon

Website

Alerts

Be the first to know and let us send you an email when Lwin Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share