Thet Taw Shay

Thet Taw Shay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Taw Shay, Medical and health, No.65, Min Nandar Road, Dawbon, Yangon, Dawbon.

🔸မြန်မာနိုင်ငံမှာ ၉ ယောက်လောက်မှာ ၁ ယောက်က ဆီးချိုဖြစ်နေပါတယ်။အယောက် ၂၀ မှာ ၁ ယောက်က ဆီးချိုအကြိုအဆင့်ဖြစ်နေပါတယ်။ (မြန်...
06/04/2023

🔸မြန်မာနိုင်ငံမှာ ၉ ယောက်လောက်မှာ ၁ ယောက်က ဆီးချိုဖြစ်နေပါတယ်။
အယောက် ၂၀ မှာ ၁ ယောက်က ဆီးချိုအကြိုအဆင့်ဖြစ်နေပါတယ်။ (မြန်မြန်မထိန်းပဲဆက်သွားရင် ဆီးချိုဖြစ်တော့မယ့်အခြေနေကိုဆိုလိုပါတယ်။ ဖြစ်ချင်ချင်အခြေနေပဲဆိုပါတော့)

🔸ဆီးချိုကို မထိန်းပဲထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ နှလုံး၊ ကျောက်ကပ် တွေထိလာမယ်။ အာရုံကြောတွေလဲထိပြီး လက်တွေခြေဖဝါးတွေမှာ ခံစားမှုမသိတော့တာတွေ ဖြစ်လာမယ်။ မျက်လုံးလဲထိတဲ့အတွက် တဖြည်းဖြည်းနဲ့ နောက်ဆုံးလုံးဝမမြင် တော့တဲ့အထိဖြစ်နိုင်ပါတယ်တယ်

🟣ဆီးချိုကိုဘယ်သူတွေ စစ်ဆေးသင့်သလဲ?
🔸အသက်လေးဆယ်နောက်ပိုင်း မည်သူမဆို ဆီးချိုရှိမရှိ စစ်ဆေးသင့်ပါတယ်။ (ကိုယ်အလေးချိန်များတဲ့သူ၊ မိသားစုထဲမှာဆီးချိုသမားရှိတဲ့သူ၊ သွေးတိုး၊နှလုံး၊အဆီများ အစရှိတဲ့ရောဂါရှိတဲ့လူတွေဆို ပိုပြီး စစ်သင့်ပါတယ်။)

🔸စစ်ကြည့်လို့မရှိဘူးဆိုရင်‌ နောက်(၃)နှစ်ကြာလောက်မှ တခါပြန်စစ်ရင်ရပါပြီ။ ၃ နှစ် တခါ‌ပေါ့။

🟣ဖြစ်နေပြီဆိုဘယ်လိုလုပ်မလဲ။
ဆီးချိုဓာတ်က ပုံမှန်အတွင်းမှာရှိနေအောင် ထိန်းရပါမယ်။ ဘယ်လိုထိန်းရမလဲကတော့ အခြေနေပေါ်မူတည်ပါတယ်။ အစပိုင်း အနေအထိုင် အစားအသောက်နဲ့ ထိန်းကြည့်လို့ရပါတယ်။ မရရင် သောက်ဆေး ပေါ့။ သောက်ဆေး (၁) မျိုးနဲ့မရ (၂) မျိုး။ သောက်ဆေးနဲ့မှမရရင် နောက်ဆုံးကတော့ ထိုးဆေးပေါ့။ နေ့တိုင်းထိုးရပါတယ်။ 😖😖
🧡ထို့ကြောင့် ကာကွယ်ခြင်းသည် အကောင်းဆုံး ကုသခြင်းပါတဲ့။🧡
ဘယ်တစ်နည်းနဲ့ထိန်းရမလဲကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ရယူသင့်ပါတယ်။

🟣မဖြစ်သေးဘူး။ နောက်လဲမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ?
🔸ကိုယ်အလေးချိန်ကိုလဲ အရမ်းမများအောင်ထိန်းထားပါ။
🔸အချိုအဆီအဆိမ့်တွေတအားမစားပါနဲ့၊ တော်ရုံစားလို့ရပါတယ်။ ဟင်းသီးဟင်းရွက်များများစားပေးပါ။
🔸လေ့ကျင်ခန်းလေးတွေ လုပ်ပါ။ ပြင်းပြင်းထန်ထန်တွေမလိုပါဘူး။ ပုံမှန်လမ်းလေးလျောက်ပေးတာဆိုရင် ရပါပြီ။
🔸‌ဆေးလိပ်မသောက်ပါနဲ့။
အဲ့တာဆိုရပါပြီ။

📍ဆေးခန်းလိပ်စာ - အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်)
📞 09-96 5405071

ဝက်ခြံ🔶ဘယ်လိုပုံစံမျိုးဖြစ်ကြသလဲ?ဝက်ခြံက ဂျော်ဒန်းနိုး လိုမျိုးပဲ အရောင်၊ ကာလာ၊ ဒီဇိုင်း မျိုးစုံနဲ့လာပါတယ်။ အဖြူစက်၊ အမ...
06/01/2023

ဝက်ခြံ

🔶ဘယ်လိုပုံစံမျိုးဖြစ်ကြသလဲ?
ဝက်ခြံက ဂျော်ဒန်းနိုး လိုမျိုးပဲ အရောင်၊ ကာလာ၊ ဒီဇိုင်း မျိုးစုံနဲ့လာပါတယ်။ အဖြူစက်၊ အမဲစက်၊ အစိလေး၊ အလုံးကြီး၊ နီရဲယောင်ကိုင်း ပုံစံစုံဖြစ်နိုင်ပါတယ်။ လာနိုင်တဲ့ပုံစံလေးတွေကို comment မှာတင်ပေးထားပါတယ်။

🔶ဘာကြောင့်ဖြစ်တာလဲဆိုရင်
အရေပြားမှာ ပုံမှန် ချွေးတွေဆီတွေထွက်ဖို့အတွက် ရှိတဲ့အပေါက်လေးတွေက ပိတ်သွားပြီး ဝက်ခြံဖြစ်တာပါ။ အထူးသဖြင့် လူပျို၊ အပျိုဖော်ဝင်တဲ့အချိန်ဆိုရင် ဟော်မုန်းအပြောင်းလဲဖြစ်ပြီး ဆီပိုထွက်တယ်။ အဲ့အခါကျရင် ပုံမှန်လဲနေရတဲ့ အရေပြားဆဲလ်အဟောင်းတွေက ဒီအဆီတွေနဲ့ သွားလုံးခဲပြီး ဆီ၊ချွေးထွက်တဲ့အပေါက်တွေကိုသွားပိတ်ကော။ လူ့အရေပြားပေါ်မှာ ပုံမှန်နဂိုကိုက ဘက်တီးရီးယားလေး တွေရှိနေကြတယ်။ စောစောကပြောသလိုမျိုး အပေါက်ပိတ်သွားတဲ့အခါ သူတို့အတွက် အခန်းလေးလို ဖြစ်လာပြီး အဲ့ပတ်ဝန်းကျင် အခြေ‌အနေကို ဝက်ခြံဖြစ်စေတဲ့ဘက်တီးရီးယားတွေက ရှယ်ကြိုက်ကြတော့ ထိုနေရာတွင် ဝက်ခြံပိုးတို့သည်ပျော်‌ရွှင်လျှင်မြန်စွာ မျိုးပွားကြ‌လေတေ့ာသတည်း ပေါ့။ အဲ့လိုနဲ့ ဝက်ခြံဆိုတာဖြစ်တာပါပဲ။
ဝက်ခြံက အဓိကတော့ ဆီထွက်တာနဲ့ဆိုင်တာပါပဲ။ ဆီအထွက်နှုန်းကတော့ ဟော်မုန်းဓာတ်တွေနဲ့ဆိုင်တယ်။ အဲ့တာကြောင့် အမျိုးသမီးတွေ ရာသီ မလာခင်အချိန်လေးတွေမှာ ဟော်မုန်းအပြောင်းလဲဖြစ် ဆီပိုထွက်ပြီး ဝက်ခြံပေါက်တာမျိုးဖြစ်တတ်ပါတယ်။ တခြား ဟော်မုန်းထွက်တာနဲ့ပါတ်သက်တဲ့ ရောဂါလေးတွေမှာ ဝက်ခြံဖြစ်တတ်ပါတယ်။ တချို့ဆေးလေးတွေလဲ ဝက်ခြံဖြစ်စေတတ်တာမျိုးရှိပါတယ်။

🔶ဘယ်သူတွေမှာဖြစ်ကြလဲ?
မွေးကင်းစကစလို့ သွေးဆုံးပြီးအရွယ်တွေမှာလည်းဖြစ်နိုင်ပါတယ်။ အများအားဖြင့်‌ကတော့ ဆယ်ကျော်သက်၊ လူငယ်တွေမှာ ဖြစ်ကြတာပါ။

🔶ဘယ်နေရာတွေမှာဖြစ်တတ်လဲ?
မျက်နှာမှာအဖြစ်များပေမယ့် လည်ပင်၊း ရင်ဘတ်၊ ကျော၊ လက်မောင်းတွေမှာလဲဖြစ်တတ်ပါတယ်။

🔶ပျောက်အောင်ဘယ်လိုလုပ်မလဲ
(၂) ပိုင်းရှိပါမယ် လူအပိုင်းနဲ့ ဆေးအပိုင်းပါ။

🟣လူအပိုင်းမှာ အဓိကကတော့ (၁) သွားမကလိဖို့ နဲ့ (၂) အစွန်းမရောက်ဖို့ပါပဲ။
🔺မကလိနဲ့ဆိုတာမှာ ညှစ်တာ ဖောက်တာ အဲ့တာတွေအပြင် ပွတ်တာ ကုတ်တာ ကိုင်တာ ထိပါပါတယ်။ (သွားကလိရင် အ‌ရေပြားပေါ်ကပိုးတွေကို အထဲထိုးထည့်ပေးသလိုဖြစ်ပြီး ပိုဆိုးလာနိုင် ယောင်ကိုင်းလာနိုင်ပါတယ်။)
🔺အစွန်း‌မရောက်ဖို့ဆိုတာက မျက်နှာကိုရှယ်ပလန်နဲ့ သစ်တာမျိုး scrub အရမ်းလုပ်တာမျိုး ပြောတာပါ။ တစ်နေ့ကို မနက်တခါ ညတခါ ပြီးရင်ကြားထဲမှာ အပြင်ကအိမ်ပြန်လာပြီး ညစ်ပတ် ဆီချွေးတွေရွဲနေတယ်မျိုးဆိုတစ်ခါ အဲ့လောက်ဆိုရပါပြီ။ အရမ်းသစ်နေရင် ပိုဆိုးလာနိုင်ပါတယ်။ (ပုံမှန်လောက်ရှိရမယ့်အဆီတွေပါ ပြောင်သွားလို့ အရေပြားကနေ အဆီတွေပိုပိုထုတ်လာတဲ့အတွက်)

**မထိရ မကလိရ မနေနိုင်ဖြစ်နေရင် အနည်းဆုံးတော့သန့်ရှင်းအောင်လုပ်ပြီးမှ လုပ်ပါ။ မျက်နှာသစ်လက်ဆေးပြီး ရေချိုးပြီး အချိန်လောက်မှပဲ လုပ်ပါ။ ဖောက်မယ်ဆိုလည်း နည်းနည်းလေးလုပ်တာနဲ့ ပေါက်မယ့်ဟာမျိုးပဲရွေးလုပ်ပါ။ မပေါက်နိုင်တဲ့ဟာကို ဟာကြူလီအားသုံးပြီး အတင်းညှစ်ဖောက်မနေပါနဲ့။ **

🔺မျက်နှာသစ်ဆေး၊ မိတ်ကပ်တွေ၊ အလှကုန်တွေ ဝယ်တဲ့အခါကျရင် oil based တွေမဝယ်ပါနဲ့။ (ဝက်ခြံက အဆီတွေကြောင့်ဖြစ်တာဖြစ်တဲ့အတွက်) water based တွေပဲသုံးပါ။ “non-comedogenic” “non-acnegenic” “won’t cause acne” “won’t clog pores” အဲ့လိုမျိုး ဝက်ခြံမဖြစ်စေဘူးလို့ ပါတာလေးတွေရွေးဝယ်ပါ။

🔺နို့ထွက်ပစ္စည်း၊ ချော့ကလက်၊ လက်ဖက် ကော်ဖီ၊ ဆီများတဲ့အစာ စတဲ့ အစားအစာနဲ့ ပက်သက်ပြီးတော့ဆက်နွယ်မှုက လေ့လာချက်တွေအရကတော့ သိပ်ပြီးတိတိကျကျ အဖြေမရှိသေးပေမယ့် ဒီအစာတစ်ခုခုက ကိုယ့်ကို ဖြစ်စေတယ်လို့ထင်တာမျိုးရှိနေရင်တော့ ရှောင်တာကောင်းပါတယ်။ သေချာတာတခုကတော့ သကြား၊ အချိုများတဲ့အစားတွေကိုရှောင်သင့်ပါတယ်။ (သွေးထဲသကြားဓာတ်တက်လာတာက ဆီပိုထွက်စေလို့ပါ)။

****အချိုအရမ်းစားတာက ကိုယ့်ကို ဝက်ခြံမဖြစ်စေဘူးဆုိရင်တောင် အနည်းဆုံး ဆီးချိုဖြစ်နိုင်တဲ့နုှန်းကို မြင့်စေပါတယ်။ အဲ့့တာကြောင့် အချိုကို အရမ်းမစားပါနဲ့။ ချင့်ချိန်စားကြပါ။ အငံံံလည်းပါပါတယ်‌ (သွေးတိုးဖြစ်ပါတယ်။) အချဉ်အစပ်‌ေရာပါပဲ (အစာအိမ်နာဖြစ်ပါတယ်။) အဆီ အဆိမ့်လဲ ပါသေးတယ်ခင်ဗျ (နှလုံးသွေးကြောကျဉ်းရောဂါပါ)။ ဟုတ်ကဲ့ ကုန်ပါပြီ။ ရေသောက်ဗိုက်မှောက်အိပ်ကြပါမယ် ။😆။ ရေလည်း တရားလွန်သောက်ရင် ပြဿနာပေးပါတယ်ခင်ဗျ။ 😅
ချို ချဉ် ငံ စပ် ဆိမ့် အကုန် ဘာတခုမစားရဘူးပြောတာမဟုတ်ပါဘူးနော်။ အကုန်ကြိုက်တာစားလို့ရပါတယ်။ မငံလွန်း မစပ်လွန်း ချင့်ချိန်စားကြရုံပါပဲ။ 👍👍****

🔺ဆေးလိပ် သောက်ရင်လဲပိုဆိုးတတ်ပါတယ်။ (Vitamin-E နည်းစေပြီး ဆီပိုထွက်စေလို့လို့ ဆိုပါတယ်)
🔺ဝမ်းချုပ်တာကြောင့် ဝက်ခြံမဖြစ်စေပါဘူး။ (အမှတ်မှားတတ်ကြလို့)
🔺စိတ်ဖိတ်စီးမှုကြောင့်လဲ ဝက်ခြံကို မထွက်စေနိုင်ဘူး။ ဒါပေမယ့် stress က ရှိပြီးသားဝက်ခြံကိုတော့ ပိုဆိုးစေနိုင်ပါတယ်။
🔺မျက်နှာမှာဆီတွေပေနေတတ်ရင် ဥပမာ. မီးဖိုချောင်မှာလုပ်ရတာမျိုးဆို ပိုဆိုးနိုင်နိုင်ပါတယ်။

🟣ဆေးအပိုင်း
ဆေးမှာ လိမ်းဆေးနဲ့ သောက်ဆေးတွေ ရှိပါမယ်။
ဆေးလိမ်းတဲ့အခါကျရင် ဖြစ်တဲ့အဖုလေးတင်မဟုတ်ပဲ ယောင်တယ်ဆိုယောင်နေတဲ့ နီနေတဲ့ တပြင်လုံးကိုလိမ်းရပါမယ်။လိမ်းဆေးတွေက ပိတ်နေတဲ့အပေါက်ပွင့်အောင် ဒါမှမဟုတ် ဝက်ခြံဖြစ်စေတဲ့ ပိုးတွေနည်းသွားအောင် လုပ်ပေးပါတယ်။
ဖြစ်တဲ့နေရာက များတယ်၊ ကြီးတယ်ဆို သောက်ဆေးသောက်ဖို့လိုအပ်နိုင်ပါတယ်။ ပိုးသတ်ဆေးလိုရင် ပိုးသတ်ဆေးသောက်ရပါမယ်။ တချို့အမျိုးသမီးတွေမှာ ကိုယ်ဝန်တားဆေးသောက်တဲ့အခါမှာ သက်သာလာတာမျိုးရှိပါတယ်။
ကိုယ်ဝန်ရှိတယ်၊ ယူဖို့ပြင်နေတယ်၊ နို့တိုက်နေတယ် ဆို ဆရာဝန်ကိုပြောပါ။ တချို့ ဆိုးတဲ့ဝက်ခြံတွေ (ဟိုးအရေပြားအောက်အနက်ကြီးထိဖြစ်တဲ့ဟာတွေ အလုံးကြီးတွေ အရည်အိတ်လိုဖြစ်တဲ့ဟာတွေ) အတွက်ပေးရတဲ့ ဆေးက ဗိုက်ထဲကကလေးကိုပုံမမှန်တာတွေ ဖြစ်စေနိုင်လို့ပါ။ ပြီးတော့ အရေပြားကို ပုံမှန်ထက်စာရင် နေဒဏ်ကို ပိုပြီး ခံရစေနိုင်တာမျိုးရှိနိုင်ပါတယ်။

🔶 ဘယ်လောက်ကြာရင်ကောင်းသွားမှာလဲ၊ ဘယ်ချိန်မှာဆိုဆရာဝန်ပြသင့်လဲ၊။
ဈေးထဲမှာငှက်ပြောသီးဝယ်သလိုမျိုး ဝက်ခြံက ရော့ ပတ္တမြား၊ ရော့ နဂါး ဆိုပြီး ချက်ချင်းကြီးထမကောင်းပါဘူး။ အချိန်လေးပေး စိတ်လေးတော့ရှည်ရပါတယ်။ ဖြစ်နေတဲ့ အခြေနေပေါ်မူတည်ပြီး လေး၊ ငါး၊ ဆယ်ပါတ် လောက်ကြာနိုင်ပါတယ်။

ဝက်ခြံပျောက်သွားရင် အရာလေးတွေကျန်ခဲ့နိုင်ပေမယ့် သူတို့ကလည်းနည်းနည်းကြာရင် ပျောက်သွားတတ်ကြပါတယ် (တချို့ဆိုးတဲ့ ကြီးတဲ့ ဟာတွေတော့ အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။)

တဖြည်းဖြည်း အသက်ကြီးလာတာနဲ့အမျှ ဟော်မုန်းတွေမျှတလာပြီး ဝက်ခြံတေွထပ်မထွက်‌ေတ‌ာ့ပဲပျောက်သွားတတ်ကြပါတယ်။ မပျောက်ပဲထပ်ထပ်ဖြစ်တဲ့လူလည်း အနည်းကျဉ်းတော့ရှိနိုင်ပါတယ်။

တစ်လုံးစ နှစ်လုံးစ ‌အသေးလေးလေး နည်းနည်းပါးပါး ပေါက်တာမျိုးက မကလိပဲ သန့်သန့်ရှင်းရှင်းထားပြီးနေလိုက်လို့အဆင်ပြေပါတယ်။ အဲ့မဟုတ်ပဲ ‌အပြင်လိုက်အပြွတ်လိုက် အလုံးကြီ‌းတွေ နီရဲယောင်ကိုင်းပြီး အကြာကြီဖြစ်နေတာမျိုးဆိုရင် ကုသမှုခံယူလိုက်ခြင်းအားဖြင့် ပိုဆိုးလာတာတွေ အမာရွတ်ကြီးတွေဖြစ်လာတာတွေက ကာကွယ်ရှောင်ရှားနိုင်ပါမယ်။ ဖြစ်နေတာတွေကိုမြန်မြန်ပျောက်ပြီး အသစ်ထပ်ဖြစ် တာတွေကိုလျော့ချကာကွယ်ပေးနိုင်ပါတယ်။ ဆေးတွေတော့ဆက်လိမ်း၊ ဆက်သောက်နေဖို့လိုရင်လိုနိုင်ပါတယ်။

သက်တော်ရှည်အထူးကုဆေးခန်းတွင် အရေပြား အထူးကုသမားတော်နှင့် ပြသနိုင်ပါသည်သည်။
📅ဆေးခန်းထိုင်ချိန်
တနင်္လာ မှ သောကြာ - ညနေ (၂) မှ (၄) နာရီ
စနေ၊ တနင်္ဂနွေ - မနက် (၉) မှ (၁၁) နာရီ


‌တခြားအထူးကုများအနေဖြင့်

🔸အထွေထွေရောဂါ အထူးကုသမားတော်
🔸အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသမားတော်
🔸အသည်း အထူးကုသမားတော်
🔸အထွေထွေခွဲစိတ် အထူးကုဆရာဝန်
🔸ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန်
🔸သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်
🔸ကလေး အထူးကုသမားတော် များနှင့် စမ်းသပ်ပြသနိုင်ပါသည်။

📞 09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။

📍ဆေးခန်းလိပ်စာ - အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်)

🔶ဂေါက်ဆိုတာဘာကြီးလဲ? အခုပြောမယ့်ဂေါက်က ညာဖက်ကလို‌ဂေါက်တာမျိုးမဟုတ်ပါဘူး။ ဘယ်ဖက်ကလို‌ ဂေါက်တာမျိုးကိုပြောမှာပါ။ သူကအရိုးအ...
26/06/2022

🔶ဂေါက်ဆိုတာဘာကြီးလဲ?

အခုပြောမယ့်ဂေါက်က ညာဖက်ကလို‌ဂေါက်တာမျိုးမဟုတ်ပါဘူး။ ဘယ်ဖက်ကလို‌ ဂေါက်တာမျိုးကိုပြောမှာပါ။ သူကအရိုးအဆစ်ရောင်တဲ့ရောဂါတစ်မျိုးပါ။
(အခေါ်ဝေါ်အသုံးနှုန်းတူနေလို့ ဒီနာမည်နဲ့ပဲခေါ်တဲ့ အဆစ်ရောင်ရောဂါ ရှိကြောင်းပေါ်လွင်စေရန် သုံးလိုက်ခြင်းဖြစ်ပြီး စိတ်ဝေဒနာရှင်များကို စော်ကားထိပါးလိုစေခြင်းမရှိပါ။)

🔶ဘာလို့ဂေါက်ဖြစ်တာလဲ?

ကျွန်တော်တို့စားတဲ့ အစာတွေထဲမှာ ပျူရင်း(purine) ဆိုတဲ့ဓာတ်ပါပါတယ်။ အဲ့ဓာတ်က ခန္တာကိုယ်ကနေလဲ သဘာဝအရ ထွက်ပါတယ်။ ပြီးရင်ခန္တာကိုယ်ကအဲ့တာကိုပြန်ချေဖျက်ပါတယ်။ အဲ့လိုချေဖျက်တဲ့အခါကျရင် ယူရစ် အက်စစ်(uric acid) ဆိုတာထွက်လာပါတယ်။ အဲ့ဒီ uric acid တွေကို ခန္တာကိုယ်က ကျောက်ကပ်ကနေတဆင့် ဆီးထဲကနေပြီးတော့ ပြန်စွန့်ထုတ်ရတယ်။ အဲ့တာကို အကြောင်းကြောင်း(ရောဂါ၊ ဆေး၊ ကျောက်ကပ်ပြဿနာ၊ purine ဓာတ်ပါတဲ့အစာအများကြီးစားလိုက်တာ စသည်)တို့ကြောင့် ပုံမှန်မစွန့်နိုင်တဲ့အခါကျတော့ uric acid များလာရော ကိုယ်လုံးထဲမှာ။

🔶ဘယ်လိုဖြစ်တာလဲ?

များလာတဲ့အခါကျတော့ ဟိုနားဒီနားပုံလာ‌ရော။ ဘယ်နားသွားပုံလဲဆိုရင် အဆစ်တွေမှာ အဓိကသွားပုံတယ်။ အဆစ်တွေမှာမှ ခြေမအရင်းအဆစ်မှာ အများဆုံး သွားပုံတတ်ပါတယ်။ တခြား ဒူးတတောင်ခြေစစ်လက်စစ်တွေမှလဲဖြစ်နိုင်ချေတော့ရှိပါတယ်။ သွားပုံတော့ ပုံခံရတဲ့အဆစ်ကရောင်‌လာရော။ ရောင်တာမှ Jerry က Tom ရဲ့ခြေမကို တူနဲ့ထုလိုက်လို့ရောင်သလိုမျိုးကိုကို နီရဲပြီး အကြီးကြီးရောင်တာ။ နာတာကလဲ ကာတွန်းထဲမှာ Tom နာသလိုမျိုးကို နာနိုင်ပါတယ်။ (ဖတ်ရမပျင်းအောင် ပေါ့ပေါ့ပါးပါးလေးရေးထားပေမယ့်နာရင် လေးလေးပင်ပင် ပိုးစိုးပက်စက် နာနိုင်ပါတယ်။)😖

🔶ဘယ်သူတွေမှာဖြစ်လဲ?

ကြီးကြီးငယ်ငယ် ကျား/မ မရွေး ‌‌‌‌ဂေါက်နိုင်ပေမယ့် အဓိက ကျားတွေကတော့ပိုဂေါက်ပါတယ်။ 😆 အထူးသဖြင့် ၃၀ နဲ့ ၆၀ ကြားပိုဂေါက်တတ်ပါတယ်။ သဘာဝအရကို ကျားတွေက uric acid ဓာတ်ပိုများနေတတ်လို့ပါ။ အမျိုးသမီးတွေ‌ကတော့သွေးဆုံပြီးနောက်ပိုင်းမှာ uric acid ဓာတ်များလာတတ်ပါတယ်။

🔶ဘယ်လိုကုမလဲ?

(၂) ပိုင်းရှိပါတယ်။ 1️⃣ လက်တလောဖြစ်နေတာအတွက်နဲ့ 2️⃣ နောင်ထပ်မဖြစ်အောင်ကာကွယ်ဖို့ပါ။

လက်တလောအတွက်က အားပြင်းတဲ့အကိုက်ခဲပျောက်ဆေးတွေ သောက်ဖို့လိုပါတယ်။ ပါရာစီတမောနဲ့မရတတ်ပါ။ စတီးရွိုက်လဲ လိုရင်လိုနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ စောစောကုနိုင်လေ ကောင်းလေပါ။မြန်မြန်သက်သာတာပေါ့။ နာရီပိုင်းကနေ ရက်ပိုင်းထိကြာနိုင်ပါတယ်။ အများအားဖြင့် ၂ ရက် ၃ ရက်လောက်ကြာတတ်ကြပါတယ်။ ဖြစ်နေတဲ့အချိန် မှာ အနားယူပါ။ ရေနွေးအိပ်ကပ်တာ၊ ရေခဲကပ်ပေးတာ ကိုယ်နဲ့အဆင်ပြေတာလုပ်ပေးလို့ရပါတယ်

🔶ဘယ်လိုကာကွယ်မလဲ

ဒီဟာက မကြာခဏပြန်ပြန်ဖြစ်တတ်တဲ့သူတွေမှာ လိုပါတယ်။ (တချို့တွေမှာတသက်လုံးမှာမှ တခါပဲဖြစ်တာမျိုးလဲရှိပါတယ်။) ပြန်ပြန်ဖြစ်တတ်တဲ့လူမျိုးအတွက်ဆိုရင်တော့ uric acid ဓာတ်ကိုထိန်းပေးဖို့လိုပါတယ်။
ထိန်းတဲ့အပိုင်းမှာ 1️⃣ အစာနဲ့ထိန်းတာနဲ့ 2️⃣ ဆေးနဲ့ထိန်းတာ (၂) မျိုးရှိပါမယ်။
အစာအနေနဲ့က purine ဓာတ်များတဲ့ အစာတွေကို လျော့ဖို့လိုပါမယ်။ (အပေါ်မှာပြောခဲ့သလို အစာမှာပါတဲ့ purine ကနေ uric acid ဖြစ်ပြီး တက်လာတဲ့အတွက်)။ ဆေးကတော့ uric acid ကျစေတဲ့ ဆေးမျိုးလိုနိုင်ပါတယ်။
ဝိတ်များနေရင်လဲ ချပေးပါ။ ဝိတ်ကျရင် uric acid လဲလိုက်ကျပါတယ်
ဂေါက်ရောဂါရှိတဲ့သူမှာ ကျေက်ကပ်ဆီးလမ်းကြောင်း ကျောက်တည်နိုင်ချေလည်း ပိုများပါတယ်။ နှလုံးရောဂါ ဆီးချိုတို့နဲ့လဲဆက်နွယ်နိုင်တတ်တော့ အဆီအဆိမ့်အငံအငံတွေလဲထိန်းစားသင့်ပါတယ်။

purine များတဲ့အစားအသောက်တွေကတော့
🔸အရက် ဘီယာ
🔸ဦးနှောက် အသည်း ကလီစာတွေ
🔸ပင်လယ်စာ (အထူးသဖြင့် ဂုံး၊ကမာလိုအခွံမာပါတဲ့ဟာမျိုး၊ sardines စည်သွတ်ဘူးငါး၊ anchovies ငါးနီတူးနဲ့ဆင်တယ်)
🔸အချိုအရမ်းများတဲ့အစာတွေ
🔸နီတဲ့အသားတွေ (အမဲ,ဆိတ် စတာတွေ)
ဘဲ၊ကြက်ဆင်၊ဝက်ပေါင်ခြောက် တွေမှာလဲများတတ်ပါတယ်။
အရွက်တွေထဲ မှာဆိုရင် ဟင်းနုနွယ်၊ ကညွတ်၊ ပန်းကော်ဖီ၊ မှို၊ ပဲစိမ်းတွေက purine ဓာတ်များပါတယ်။

🟣အနှစ်ချုပ် ပြောရရင်တော့
ဖြစ်လာပြီဆိုရင် ဆေးမြန်မြန်သောက်ဖို့လိုပါတယ်။ ကို့ယ်ဘာသာကိုယ်တော့ မှန်းမသောက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ တခြားရောဂါ ဥပမာ အဆစ်ထဲပိုးဝတင်တာမျိူး(အန္တရာယ်ကြီးပါတယ်) ကဆင်တူရိုးမှားလာနိုင်လို့ပါ။ တခေါက်ပဲဖြစ်ဖူးတဲ့လူဆိုရင်တော့ ပုံမှန်စားလို့ရပါတယ်။ အဲ့လိုမဟုတ်ပဲ ပြန်ပြန်ဖြစ်တတ်တဲ့လူဆိုရင်တော့ အပေါ်မှာပြောထားတဲ့ဟာတွေကို အသင့်အသင့်ချိန်စားပါ။ လျော့စားပါ။ ဖြစ်လာရင် ဆေးမြန်မြန်သောက်ပါ။ မကြာခဏဖြစ်နေရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ယူရစ်အက်စစ်လျော့ချပေးတဲ့ ဆေးကိုလိုအပ်ပါက သောက်သုံးပါ။ ဝိတ်များနေရင် ဝိတ်လျော့ပါ။

reference; John Murtagh patient’s education, medlineplus

ဆရာဝန်သူငယ်ချင်းတစ်ယောက်က ရှင်းပြသလိုမျိုး ဖတ်ရလွယ်ကူရှင်းလင်းတဲ့ ကျန်းမာရေးအသိပေး ပိုစ်လေးတွေ မှန်မှန်တင်ပေးနေမှာမို့ page ကို Like လုပ်ထားနိုင်ပြီး အသိမိတ်ဆွေသူငယ်ချင်းတွေကိုလည်း ရှယ်ပေးခြင်းဖြင့် ကျန်းမာရေးဗဟုသုတမျှဝေပေးနိုင်ပါတယ်။

သက်တော်ရှည်အထူးကုဆေးခန်းတွင် အောက်ပါအထူးကုဆရာဝန်များနှင့် ပြသနိုင်ပါသည်။

🔸အထွေထွေရောဂါ အထူးကုသမားတော်
🔸အစာအိမ်နှင့်အူလမ်းကြောင်း အထူးကုသမားတော်
🔸အသည်း အထူးကုသမားတော်
🔸အရေပြား အထူးကုသမားတော်
🔸အထွေထွေခွဲစိတ် အထူးကုဆရာဝန်
🔸ဆီးနှင့်ကျောက်ကပ်ခွဲစိတ် အထူးကုဆရာဝန်
🔸နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း နှင့် လည်ပင်းခွဲစိတ်အထူးကု
🔸အရိုးအထူးကုဆရာဝန်
🔸သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်
🔸ကလေး အထူးကုသမားတော်
🔸ဓာတ်မှန်အထူးကုဆရာဝန်များနှင့် စမ်းသပ်ပြသနိုင်ပါသည်။

📞 09-5405071, 09-96 5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။

📍ဆေးခန်းလိပ်စာ - အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်)

🔶ဓာတ်မှန်အထူးကုဆရာဝန်👩🏻‍⚕️ဒေါက်တာ သန်းသန်းစိုး နှင့်📅ကြာသပတေး၊ သောကြာနေ့တိုင်း မနက် (၉)နာရီတွင် သက်တော်ရှည်ဆေးခန်း၌ ပြသန...
10/06/2022

🔶ဓာတ်မှန်အထူးကုဆရာဝန်
👩🏻‍⚕️ဒေါက်တာ သန်းသန်းစိုး နှင့်
📅ကြာသပတေး၊ သောကြာနေ့တိုင်း မနက် (၉)နာရီတွင် သက်တော်ရှည်ဆေးခန်း၌ ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

👶🏻ကလေးအထူးကုသမားတော်👩🏻‍⚕️ဒေါက်တာ ခင်သန္တာဦး နှင့်📅နေ့စဉ် (၄) နာရီ မှ (၆) နာရီ တွင် သက်တော်ရှည်ဆေးခန်း၌ ပြသနိုင်ပါသည်။📞0...
09/06/2022

👶🏻ကလေးအထူးကုသမားတော်
👩🏻‍⚕️ဒေါက်တာ ခင်သန္တာဦး နှင့်
📅နေ့စဉ် (၄) နာရီ မှ (၆) နာရီ တွင် သက်တော်ရှည်ဆေးခန်း၌ ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

🤰🏻သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး👩🏻‍⚕️ဒေါက်တာ မြမြထွေး နှင့်📅နေ့စဉ် သက်တော်ရှည်ဆေးခန်းတွင်ပြသနိုင်ပါသည်။📞09-96 540507...
08/06/2022

🤰🏻သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး
👩🏻‍⚕️ဒေါက်တာ မြမြထွေး နှင့်
📅နေ့စဉ် သက်တော်ရှည်ဆေးခန်းတွင်ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

🦴အရိုးအထူးကုဆရာဝန်👨🏻‍⚕️ဒေါက်တာ ဝဏ္ဏပြည့်ဖြိုးအောင် နှင့်📅နေ့စဉ် သက်တော်ရှည်ဆေးခန်းတွင်ပြသနိုင်ပါသည်။📞09-96 5405071, 09-5...
07/06/2022

🦴အရိုးအထူးကုဆရာဝန်
👨🏻‍⚕️ဒေါက်တာ ဝဏ္ဏပြည့်ဖြိုးအောင် နှင့်
📅နေ့စဉ် သက်တော်ရှည်ဆေးခန်းတွင်ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

👂🏻👃🏻နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း နှင့် လည်ပင်းခွဲစိတ်အထူးကုဆရာဝန်👨🏻‍⚕️ဒေါက်တာ ထွန်းမင်းအေး နှင့်📅တနင်္လာ၊ ဗုဒ္ဓ...
06/06/2022

👂🏻👃🏻နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း နှင့် လည်ပင်းခွဲစိတ်အထူးကုဆရာဝန်
👨🏻‍⚕️ဒေါက်တာ ထွန်းမင်းအေး နှင့်
📅တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့တိုင်း နေ့လည် (၁၂) နာရီ မှ (၂) နာရီတွင် သက်တော်ရှည်ဆေးခန်း၌ ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

🔶အထွေထွေခွဲစိတ်အထူးကုဆရာဝန်👨🏻‍⚕️ဒေါက်တာ ဇင်လင်းထွန်း နှင့်📅နေ့စဉ် ညနေ (၅) နာရီ မှ (၇) နာရီတွင် သက်တော်ရှည်ဆေးခန်း၌ ပြသနိ...
05/06/2022

🔶အထွေထွေခွဲစိတ်အထူးကုဆရာဝန်
👨🏻‍⚕️ဒေါက်တာ ဇင်လင်းထွန်း နှင့်
📅နေ့စဉ် ညနေ (၅) နာရီ မှ (၇) နာရီတွင် သက်တော်ရှည်ဆေးခန်း၌ ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

🔶ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်👩🏻‍⚕️ဒေါက်တာ အိအိအောင်ထူး နှင့်📅အင်္ဂါ၊ ကြာသပတေးနေ့တိုင်း မနက် (၇) နာရီ မှ (၈) နာရီ...
04/06/2022

🔶ဆီးနှင့်ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်
👩🏻‍⚕️ဒေါက်တာ အိအိအောင်ထူး နှင့်
📅အင်္ဂါ၊ ကြာသပတေးနေ့တိုင်း မနက် (၇) နာရီ မှ (၈) နာရီ နှင့် စနေနေ့တိုင်း မနက် (၇) နာရီ မှ (၉) နာရီတွင် သက်တော်ရှည်ဆေးခန်း၌ ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

🔶အရေပြားအထူးကု သမားတော်👩🏻‍⚕️ဒေါက်တာ ငြိမ်းသန္တာသန်းဌေး နှင့်📅နေ့စဉ် သက်တော်ရှည်ဆေးခန်းတွင်ပြသနိုင်ပါသည်။📞09-96 5405071, ...
03/06/2022

🔶အရေပြားအထူးကု သမားတော်
👩🏻‍⚕️ဒေါက်တာ ငြိမ်းသန္တာသန်းဌေး နှင့်
📅နေ့စဉ် သက်တော်ရှည်ဆေးခန်းတွင်ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

🔶အထွေထွေရောဂါအထူးကုသမားတော်👨🏻‍⚕️ဒေါက်တာ ကျော်ဇင်မြင့် နှင့်📅တနင်္လာ၊ အင်္ဂါနေ့တိုင်း ညနေ (၂း၃၀) မှ (၃း၃၀) နာရီတွင် သက်တေ...
02/06/2022

🔶အထွေထွေရောဂါအထူးကုသမားတော်
👨🏻‍⚕️ဒေါက်တာ ကျော်ဇင်မြင့် နှင့်
📅တနင်္လာ၊ အင်္ဂါနေ့တိုင်း ညနေ (၂း၃၀) မှ (၃း၃၀) နာရီတွင် သက်တော်ရှည်ဆေးခန်း၌ ပြသနိုင်ပါသည်။
📞09-96 5405071, 09-5405071 သို့ဆက်သွယ်၍ရက်ချိန်းရယူနိုင်ပါသည်။
📍အမှတ် (၆၅)၊ မင်းနန္ဒာလမ်းမ၊ ဒေါပုံ၊ ရန်ကုန် (ရန်အောင်မှတ်တိုင်မျက်စောင်းထိုး၊ ရေကန်နှင့်မျက်နှာချင်းဆိုင်ဖက်

Address

No.65, Min Nandar Road, Dawbon, Yangon
Dawbon
11241

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Thet Taw Shay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share