Nutri-Link by Dr Nora

Nutri-Link by Dr Nora Linking Nutrition to Wellness. Our health and well-being depends on our food and lifestyle choices. Adopt the best way to enjoy full potential of life.

29/11/2025
သတိထားရမည့် ဆီးချိုနှီးနွယ် ခံတွင်းရောဂါများ #ဆီးချို  #ခံတွင်းကျန်းမာရေး  #ဆီးချိုနှင့်ခံတွင်းကျန်းမာရေး
17/11/2025

သတိထားရမည့် ဆီးချိုနှီးနွယ် ခံတွင်းရောဂါများ

#ဆီးချို #ခံတွင်းကျန်းမာရေး #ဆီးချိုနှင့်ခံတွင်းကျန်းမာရေး

အမျိုးအစား (၂) ဆီးချိုရောဂါအတွက် အသုံးများတဲ့သောက်ဆေးဖြစ်တဲ့ Sulfonyluera (SU) ဆေးအကြောင်း သိကောင်းစရာ 💊✅
06/11/2025

အမျိုးအစား (၂) ဆီးချိုရောဂါအတွက် အသုံးများတဲ့သောက်ဆေးဖြစ်တဲ့ Sulfonyluera (SU) ဆေးအကြောင်း သိကောင်းစရာ 💊✅





မနေ့ကမေးခဲ့တဲ့ "သွေးချိုကျနေချိန် (Hypo) မှာ သွေးချိုအမြန်ဆုံးပြန်တက်ဖို့ ဘာကိုရွေးမလဲ?" ဆိုတဲ့မေးခွန်းအတွက် အဖြေမှန်ကို...
05/11/2025

မနေ့ကမေးခဲ့တဲ့ "သွေးချိုကျနေချိန် (Hypo) မှာ သွေးချိုအမြန်ဆုံးပြန်တက်ဖို့ ဘာကိုရွေးမလဲ?" ဆိုတဲ့မေးခွန်းအတွက် အဖြေမှန်ကို အများစု ဖြေနိုင်ကြပါတယ်။

✅ အဖြေမှန်မှာ - ကိုလာ (Regular) တစ်ဘူး ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတာကို အစားအစာတွေရဲ့ Glycemic Index (GI) တန်ဖိုးတွေနဲ့အတူ အောက်မှာ ရှင်းပြထားပါတယ်။

🎯 Hypo ရနေချိန်မှာ ကျွန်မတို့ရဲ့ အဓိကရည်ရွယ်ချက်က "သွေးချိုကို အမြန်ဆုံး ပြန်တက်စေဖို့" ဖြစ်ပါတယ်။ "ကျန်းမာရေးနဲ့ ညီညွတ်ဖို့" မဟုတ်ပါဘူး။ အရေးပေါ် အခြေအနေတစ်ခုကို ဖြေရှင်းနေတာ ဖြစ်ပါတယ်။

သွေးချို အမြန်ဆုံးတက်ဖို့ဆိုရင် အဆီ (Fat) နဲ့ အမျှင်ဓာတ် (Fiber) လုံးဝမပါတဲ့ သကြားဓာတ် သက်သက် (Simple Carbohydrates) ပဲ လိုအပ်ပါတယ်။

၁။ ကိုလာ (Regular) (GI: ~63)

▪️ "သကြားရည်" သက်သက်ပါပဲ။ သူ့မှာ သွေးချိုတက်နှုန်းကို နှောင့်ယှက်မယ့် အဆီ (Fat)၊ အမျှင်ဓာတ် (Fiber) ပရိုတင်း (Protein) လုံးဝ မပါပါဘူး။
▪️ အရည်ဖြစ်တဲ့အတွက် အစာအိမ်ကနေ အူထဲကို အမြန်ဆုံး ရောက်ရှိပြီး သွေးထဲကို သကြားဓာတ် ချက်ချင်း စုပ်ယူစေပါတယ်။ ပေးထားတဲ့အစားအစာတွေထဲမှာ Hypo အရေးပေါ် အခြေအနေအတွက် အကောင်းဆုံး ရွေးချယ်မှုပါ။

၂။ ချောကလက် (GI: ~40-45)

▪️ ဒါကတော့ လူအများဆုံး မှားတတ်တဲ့ အချက်ပါ။ "ချောကလက်က ချိုတယ်၊ သကြားပါတယ်၊ ဒါကြောင့် သွေးချိုတက်မှာပဲ" လို့ ထင်တတ်ကြပါတယ်။
▪️ ပြဿနာက ချောကလက်မှာ သကြားအပြင် နွားနို့ကရတဲ့အဆီ (Fat) ဓာတ် များပြားစွာ ပါဝင်ပါတယ်။
▪️ ဒီအဆီဓာတ်က အစာအိမ်ထဲမှာ သကြားဓာတ် စုပ်ယူနှုန်းကို နှေးကွေးစေပါတယ်။
▪️ ဒါကြောင့် ချောကလက်ရဲ့ GI တန်ဖိုးက ထင်ထားတာထက် နိမ့်နေတာ ဖြစ်ပါတယ်။ Hypo ရနေချိန် ချောကလက် စားမိရင် သွေးချိုပြန်တက်လာဖို့ အချိန်အများကြီး ပိုကြာသွားပါလိမ့်မယ်။


၃။ ဂျုံကြမ်းပေါင်မုန့် (GI: ~50-55)

▪️ သူ့မှာ ကာဘိုဟိုက်ဒရိတ် ပါတာ မှန်ပေမယ့်၊ အမျှင်ဓာတ် (Fiber) လည်း ပါဝင်ပါတယ်။
▪️ အမျှင်ဓာတ်ရဲ့ တာဝန်က အစာချေဖျက်မှုနဲ့ သကြားစုပ်ယူနှုန်းကို နှေးကွေးစေဖို့ပါ။ ပုံမှန်အချိန်မှာ ဒါက ကောင်းတဲ့အချက် ဖြစ်ပေမယ့်၊ Hypo ရနေတဲ့ အရေးပေါ် အခြေအနေမှာတော့ ဒါဟာ ကျွန်မတို့ လိုချင်တဲ့ အရာ မဟုတ်ပါဘူး။


၄။ မြေပဲ (GI: ~15-20)

▪️ မြေပဲဟာ အဓိကအားဖြင့် အဆီ နဲ့ ပရိုတင်း ဓာတ်တွေနဲ့ ဖွဲ့စည်းထားတာပါ။
▪️ ကာဘိုဟိုက်ဒရိတ် (သကြား) လုံးဝ နီးပါး မပါတဲ့အတွက် သွေးချိုကို လုံးဝ မတက်စေနိုင်ပါဘူး။ ဒါကြောင့် GI တန်ဖိုး အလွန်နိမ့်နေတာ ဖြစ်ပါတယ်။


💡 အဓိက မှတ်သားရမည့် အချက် 💡

သွေးချိုကျ (Hypo) နေချိန်မှာ အရေးကြီးဆုံးက အဆီ နဲ့ အမျှင်ဓာတ် ကင်းစင်တဲ့ သကြားဓာတ် (Simple Carbs) ၁၅ ဂရမ် ကို အမြန်ဆုံး စားသုံးဖို့ ဖြစ်ပါတယ်။

ဥပမာ -
✅ ကိုလာ (သို့) အချိုရည် (Regular) - 1/2 ဘူး (သို့) 1/2 ခွက်
✅ သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
✅ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း
✅ ဂလူးကို့စ် (Glucose) ဆေးပြား ၃-၄ ပြား

💖သင်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေအတွက် ဒီအသိပညာပေး Post ကို Share/Mention လုပ်ပြီး မျှဝေပေးလိုက်ပါ။

-Link by Dr Nora
MBBS
MSc Clinical Nutrition

#သွေးချိုကျခြင်း #ဆီးချိုကျခြင်း
#ဆီးချိုအသိပညာ

🔰 ဗဟုသုတတိုးဖို့ QUIZ ဖြေကြည့်ရအောင်!❓မေးခွန်းက - သွေးချိုကျနေချိန် (Hypo ရနေချိန်) မှာ သင့်အနီးအနားမှာ ဒီအစားအစာတွေ ရှိ...
04/11/2025

🔰 ဗဟုသုတတိုးဖို့ QUIZ ဖြေကြည့်ရအောင်!

❓မေးခွန်းက - သွေးချိုကျနေချိန် (Hypo ရနေချိန်) မှာ သင့်အနီးအနားမှာ ဒီအစားအစာတွေ ရှိနေမယ်ဆိုရင် ဘာကို ဦးစားပေး ရွေးချယ်စားသင့်လဲ။ ရည်ရွယ်ချက်က သွေးချိုမြန်မြန်ပြန်တက်ဖို့ ဖြစ်တယ်။

အဖြေကို မနက်ဖြန်မှာ ပြန်တိုက်ပါမယ်။ 〽️

-Link_Quiz #သွေးချိုကျခြင်း #ဆီးချိုကျခြင်း
#ဆီးချိုအသိပညာ

ဈေးထဲက ဝယ်လာတဲ့ မုန်ညှင်း၊ မုန်လာထုပ်၊ ပန်းဂေါ်ဖီ တွေရဲ့ အရွက်ခွကြား၊ နံနံပင်ရဲ့ အရွက်နဲ့ အရိုးတံတွေမှာ ဓာတ်ပုံထဲကလို စိ...
02/11/2025

ဈေးထဲက ဝယ်လာတဲ့ မုန်ညှင်း၊ မုန်လာထုပ်၊ ပန်းဂေါ်ဖီ တွေရဲ့ အရွက်ခွကြား၊ နံနံပင်ရဲ့ အရွက်နဲ့ အရိုးတံတွေမှာ ဓာတ်ပုံထဲကလို စိမ်းပြာရောင် (Blue/Green) အစက်အပြောက်တွေ တွေ့ဖူးပါသလား။ ဒါဟာ "လတ်ဆတ်ခြင်း" ရဲ့ လက္ခဏာ မဟုတ်ဘဲ၊ "အန္တရာယ်" ရဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။

🤔 ဒီအပြာကွက်တွေက ဘာတွေလဲ။

ဒါတွေဟာ အဓိကအားဖြင့် အောက်ပါ (၂) မျိုး ဖြစ်နိုင်ပါတယ်-

(၁) ခရုသတ်ဆေး (Metaldehyde Snail Bait)
မိုးရာသီမှာ အပင်ငယ်လေးတွေကို ခရုတွေ၊ ပက်ကျိတွေ တက်မစားအောင် လယ်ကန်သင်းဘေးတွေ၊ အပင်ခြေရင်းတွေမှာ "အပြာရောင် အလုံးလေးတွေ" ဖြူးထားရပါတယ်။ မိုးရွာတဲ့အခါ၊ ရေလောင်းတဲ့အခါ ဒီဆေးတွေက အပင်ရဲ့ အရွက်ခွကြားထဲ ဝင်သွားပြီး ရေစိုပြီး ဆေးလုံးပျော်သွားတဲ့အခါ အရောင်စွန်းထင် ကျန်ရစ်ခဲ့တာပါ။ ဒီဆေးတွေဟာ လူရော တိရစ္ဆာန်ပါ အဆိပ်ပြင်းစွာ ဖြစ်စေနိုင်ပါတယ်။ ပမာဏနည်းနည်း စားသုံးမိရင်တောင် အာရုံကြောစနစ်ကို ထိခိုက်ခြင်း၊ တက်ခြင်း၊ အသည်းပျက်စီးခြင်း အထိ ဖြစ်နိုင်ပါတယ်။

(၂) ထိသေမှိုပိုးသတ်ဆေး (Contact Fungicide)
အပင်တွေ မှိုမတက်အောင်၊ အရွက်ပြောက်ရောဂါ မဖြစ်အောင် ဖျန်းရတဲ့ Copper (ကြေးနီ) ပါဝင်တဲ့ "မှိုသတ်ဆေး" တွေပါ။ သူ့ရဲ့ နာမည်ကိုက "ထိသေ" (Contact) ဆေးပါ။ ဆိုလိုတာက သူဟာ အပင်ရဲ့ အရွက်ပေါ်၊ အသီးရဲ့ အခွံပေါ်မှာ "ကပ်" နေမှ၊ "ထိ" နေမှ အာနိသင် ရှိတာပါ။ ဒီဆေးတွေဟာ အပင်မျက်နှာပြင်မှာ တာရှည်ကပ်တွယ်နေအောင် (မိုးရွာလည်း မပျက်အောင်) ထုတ်လုပ်ထားတာမို့... ရေနဲ့ ဆေးကြောရုံ၊ လုံးဝ မပြောင်စင်နိုင်ပါဘူး။

⚠️ မှိုသတ်ဆေး တွေက Heavy Metal (သတ္တုအဆိပ်) တစ်မျိုးပါ။ စားသုံးမိရင် အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း တို့ကို ချက်ချင်း ဖြစ်စေနိုင်ပါတယ်။


🤔 အစားအသောက် ဘေးကင်းလုံခြုံဖို့ ဘာတွေလုပ်သင့်သလဲ။

အစားအသောက်တွေ ဘေးကင်းဖို့က က စိုက်ပျိုးသူတွေ လက်ထဲမှာ ၉၀% လောက် ရှိနေပါတယ်။

၁။ ဆေးညွှန်းကို လိုက်နာပါ။ ပိုးအမြန်သေချင်လို့၊ မှိုအမြန်ပျောက်ချင်လို့ ဆိုပြီး "ဆေးပမာဏ" ကို အဆမတန် ပိုမသုံးပါနဲ့။

၂။ "ဆေးဖြတ်ရက်" (Pre-Harvest Interval - PHI) ကို တိတိကျကျ လိုက်နာပါ။ ဒါက အရေးအကြီးဆုံးပါ။ ဆေးတိုင်းမှာ "ဖျန်းပြီး ဘယ်နှရက်ကြာမှ ခူးဆွတ်ရောင်းချရမယ်" ဆိုတဲ့ သတ်မှတ်ချက် ရှိပါတယ်။ ဈေးကွက် အမီရောင်းချလိုစိတ်နဲ့ PHI ရက် မပြည့်ခင် ခူးဆွတ် ရောင်းချတာဟာ စားသုံးသူကို "အဆိပ်ခတ်တာ" နဲ့ အတူတူပါပဲ။

၃။ ဈေးကွက်ထဲ ရောက်လာတဲ့ သီးနှံတွေမှာ "ပိုးသတ်ဆေး အကြွင်းအကျန်" ဘယ်လောက် ပါဝင်နေသလဲ ဆိုတာကို တိတိကျကျ စစ်ဆေး အရေးယူမယ့် FDA လို အဖွဲ့အစည်းရဲ့ ထိန်းချုပ်မှု (Regulation) အားနည်းနေတာဟာ စားသုံးသူတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်ပါတယ်။

စားသုံးသူတွေဘက်က လုပ်ဆောင်သင့်တဲ့အချက်များ

စနစ်ကို ပြင်ဖို့ စောင့်ဆိုင်းနေလို့ မရပါဘူး။ ကိုယ့်ကျန်းမာရေး ကိုယ်တိုင် ကာကွယ်ရမှာပါ။
၁။ "အပြာကွက်၊ အစိမ်းကွက်" ပါတာ လုံးဝ မဝယ်ပါနဲ့။ ဒါဟာ "လတ်ဆတ်တယ်" လို့ ပြောတာမဟုတ်ဘဲ၊ "ဒါ ဓာတုဆေးတွေ ကပ်နေတယ်" လို့ ဆိုလိုတာပါ။

၂။ "ပိုးပေါက်" နည်းနည်းပါတာကို ရွေးဝယ်ပါ။ အရွက်လှလှပပ၊ ပြောင်ချောနေတာထက်၊ ပိုးကိုက်ရာ အပေါက်အပြဲလေး နည်းနည်းပါတဲ့ ဟင်းရွက်က "ဆေးလွတ်တယ်" ဒါမှမဟုတ် "ဆေးသိပ်မများဘူး" ဆိုတဲ့ လက္ခဏာပါ။

၃။ မုန်ညင်း၊ ဂေါ်ဖီထုပ်လို အရွက်တွေရဲ့ အပြင်ဘက်ဆုံး "အရွက်ကြမ်း" တွေကို လွှင့်ပစ်ပါ။ အဆိပ်အတောက်တွေ အများဆုံး ကပ်နေနိုင်တဲ့ နေရာပါ။

၄။ ဒီလို ဆေးကွက်တွေ ပါလာခဲ့ရင်လည်း ... မနှမြောပါနဲ့! ဆေးရောင် စွန်းထင်နေတဲ့ အရွက်၊ အရိုးတံ အပိုင်းအားလုံးကို သေချာစွာ လှီးဖြတ်ပြီး လွှင့်ပစ်ပါ။ ဆေးကွက်ရှိတဲ့ နေရာရဲ့ ဘေးပတ်လည်က ကောင်းပုံရတဲ့ အပိုင်းကိုပါ အနည်းဆုံး (၁) လက်မ ခန့် ပိုပြီး လှီးဖြတ် လွှင့်ပစ်ပါ။ (အဆိပ်တွေက မျက်စိနဲ့မမြင်ရဘဲ ပျံ့နှံ့နေနိုင်လို့ပါ)။

၅။ စနစ်တကျ ဆေးကြောပါ။ အရင်ဆုံး ရေဘုံဘိုင် (Running Water) အောက်မှာ လက်နဲ့ သေချာ ပွတ်တိုက်ပြီး အကြမ်း ဆေးကြောပါ။

၆။ ဓာတ်ပြယ်အောင် စိမ်ခြင်း။ ဇလုံတစ်လုံးထဲမှာ ရေထည့်ပါ။ ပြီးရင် "မုန့်ဖုတ်ဆိုဒါ (Baking Soda)" လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ဖျော်ပါ။ အဲ့ဒီ "ဆေးရေ" ထဲမှာ ကိုယ်စားမယ့် ဟင်းသီးဟင်းရွက်တွေကို ၁၅ မိနစ် လောက် စိမ်ထားပါ။ ဒီအရည်တွေက အခွံပေါ်က ကပ်နေတဲ့ "ထိသေဆေး" တွေ၊ "ဖယောင်းလွှာ" တွေကို ဓာတုဗေဒနည်းအရ ဖြိုခွဲပေးပါတယ်။
၁၅ မိနစ်ပြည့်ရင် အဲ့ဒီရေကို သွန်ပစ်ပြီး၊ ရေဘုံဘိုင် (Running Water) အောက်မှာ နောက်တစ်ခါ ပြောင်အောင် ဆေးပါ။ ဒီလိုစနစ်တကျ လှီးဖြတ်ဆေးကြောလိုက်မယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ ဘေးကင်းစေမှာဖြစပါတယ်။

သတိပြုရမှာ တစ်ခုက .... အခု ပြောပြခဲ့တဲ့ (မုန့်ဖုတ်ဆိုဒါ သုံးခြင်း၊ ရေဘုံဘိုင်အောက်မှာဆေးကြောခြင်း) နည်းလမ်းတွေ အားလုံးဟာ ဟင်းသီးဟင်းရွက်တွေရဲ့ အပြင်ဘက် မျက်နှာပြင် (အခွံ) တွင် ကပ်ကျန်နေသော 'ထိသေဆေး' (Contact Pesticides) များကိုသာ အဓိက ဖယ်ရှားပေးနိုင်ပါတယ်။ အပင်၏ အတွင်းသားထဲထိ စိမ့်ဝင်နေသော 'ပင်လုံးပြန့်ဆေး' (Systemic Pesticides) များကိုတော့ ဆေးကြော ဖယ်ရှားလို့ လုံးဝ မရနိုင်ပါ။ ဒါကြောင့်မို့၊ အစားအစာ ဘေးကင်းဖို့အတွက်ဆို စိုက်ပျိုးသူတွေဘက်က PHI (ဆေးဖြတ်ရက်) ကို လိုက်နာဖို့နဲ့ ဈေးကွက်ကို ထိန်းချုပ်တဲ့ Regulation ရှိဖို့က အရေးကြီးဆုံး ဖြစ်နေပါသေးတယ်။

❤️ သင်ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေ ဘေးကင်းဖို့ ဒီအသိပညာပေး Post ကို Share/Mention လုပ်ပြီး မျှဝေပေးလိုက်ပါ။

Dr Nora
MBBS
MSc Clinical Nutrition

#စားသုံးသူသတိပြုရန် #အပြာရောင်အစက်အပြောက် #ကျန်းမာရေးအသိ #မှိုပိုးသတ်ဆေး #ပိုးသတ်ဆေး

👩‍⚕️ ဆီးချိုသမားများအတွက် ဆီရွေးချယ်နည်း ဆီးချိုရောဂါရှိသူတွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါဖြစ်န...
01/11/2025

👩‍⚕️ ဆီးချိုသမားများအတွက် ဆီရွေးချယ်နည်း

ဆီးချိုရောဂါရှိသူတွေဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့နဲ့ နှလုံးရောဂါဖြစ်နိုင်ခြေကိုပါ လျှော့ချဖို့ အစားအသောက်တိုင်းကို သတိထားရပါတယ်။ အထူးသဖြင့် နေ့စဉ်သုံးဆီကို မှန်ကန်စွာရွေးချယ်ခြင်းက သွေးချိုထိန်းချုပ်မှုကို သိသိသာသာ ကူညီနိုင်ပါတယ်။

✨ ဆီကောင်းများ၏ အကျိုးကျေးဇူး (၄) ချက်

နေ့စဉ်ချက်ပြုတ်ရာမှာ Good Fats/ Healthy Fats - ဆီကောင်းတွေကို ရွေးချယ်သုံးခြင်းဖြင့် ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စေဖို့ အထောက်အကူပြုပါတယ်။

1. သွေးချိုထိန်းချုပ်မှုကို ကောင်းမွန်စေခြင်း - Monounsaturated Fats (Mono) များတဲ့ သံလွင်ဆီ- ထောပတ်သီးဆီ တို့ဟာ ခန္ဓာကိုယ်ရဲ့ အင်ဆူလင် တုံ့ပြန်မှု (Insulin Sensitivity) ကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သွေးထဲက သကြားဓာတ်ကို ဆဲလ်တွေက ပိုမိုမြန်ဆန်စွာ စုပ်ယူနိုင်ပါတယ်။

2. နှလုံးရောဂါဖြစ်နိုင်ခြေ လျှော့ချခြင်း - ဆီးချိုသမားတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်ပါတယ်။ ဒါပေမဲ့ ဆီကောင်းတွေက LDL (မကောင်းတဲ့ ကိုလက်စထရော) ကို ကျစေပြီး နှလုံးကို ကာကွယ်ပေးပါတယ်။

3. ရောင်ရမ်းမှုကို လျှော့ချခြင်း - သံလွင်ဆီ မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) တွေဟာ ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ ရောင်ရမ်းမှု နည်းလေလေ- ဆီးချိုရောဂါ ပိုမိုတိုးတက်ခြင်းကို တားဆီးနိုင်လေလေ ဖြစ်ပါတယ်။

4. ဝိတ်ထိန်းသိမ်းမှု ကူညီခြင်း - ဆီကောင်းတွေက အစာစားပြီးနောက် အချိန်ကြာကြာ ဗိုက်ပြည့်စေပြီး အစာကို ထပ်မံစားချင်စိတ်ကို လျှော့ချပေးတဲ့အတွက် ဆီးချိုရောဂါ ထိန်းချုပ်ရေးရဲ့ အဓိကသော့ချက်ဖြစ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းရာမှာ အထောက်အကူပြုပါတယ်။

✅ ဆီးချိုရှိသူတွေအတွက် အကြံပြုလိုသောဆီများ

ချက်ပြုတ်ခြင်း၊ သုပ်စားခြင်းအတွက် Mono Fats များသောဆီများကို ဦးစားပေးပါ။

🔲 သံလွင်ဆီ (Extra Virgin Olive Oil) - အကောင်းဆုံး ရွေးချယ်မှုပါ။ smoking point နိမ့်တဲ့အတွက် အပူဒဏ်မခံနိုင်လို့ အသုပ်ထဲဆမ်းစားတာမျိုးက ပိုသင့်တော်ပါတယ်။

🔲 ထောပတ်သီးဆီ (Avocado Oil) - Mono Fat ပါဝင်မှုများပြီး အပူဒဏ်ခံနိုင်ပါတယ်။

🔲 ကနိုလာဆီ (Canola Oil) - စျေးသက်သာပြီး ချက်ပြုတ်ရာမှာ သင့်တော်ပါတယ်။

🔲 နှမ်းဆီ (Sesame Oil) - ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်ပါတယ်။ သူလည်း smoking point နိမ့်တဲ့အတွက် အပူဒဏ်မခံနိုင်လို့ အသုပ်ထဲဆမ်းစားတာမျိုးက ပိုသင့်တော်ပါတယ်။

🔲 မြေပဲဆီ (Peanut Oil) - ချက်ပြုတ်ရာမှာ သင့်တော်ပါတယ်။

🔲 (Flaxseed Oil) - Omega-3 အလွန်များလို့ အပူမပေးဘဲ သုပ်စားခြင်း (သို့) ဆမ်းစားခြင်းသာ ပြုလုပ်သင့်ပါတယ်။

❌ လုံးဝရှောင်/ကန့်သတ်သင့်သောဆီများ

🔲 ပြည့်ဝဆီများ - စားအုန်းဆီ၊ ထောပတ်၊ အုန်းဆီ၊ အမဲဆီ၊ ဝက်ဆီ စတဲ့ ပြည့်ဝဆီတွေကို လျှော့ချပါ။ နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေပါတယ်။

🔲 Trans Fats - ထုပ်ပိုးထားတဲ့ အစားအစာတွေရဲ့ အညွှန်းမှာ “partially hydrogenated oils” လို့ ဖော်ပြထားတဲ့ ဆီများကို လုံးဝရှောင်ပါ။

🔲 Deep-frying - ဆီကောင်းနဲ့ ချက်ရင်တောင် မကြာခဏ deep fried ကြော်ခြင်း ကို ရှောင်ပါ။ ဆီရဲ့ ဂုဏ်သတ္တိတွေ ပျက်စီးပြီး ဆီးချိုအန္တရာယ် ပိုများစေပါတယ်။

📌 ကျန်းမာရေးနဲ့ အာဟာရဆိုင်ရာ လမ်းညွှန်ချက်တွေကို အမြဲ ဖတ်ရှုရဖို့အတွက် Nutri-Link by Dr Nora Page ကို Follow လုပ်ထားနိုင်ပါတယ်။

Dr Nora
MBBS
MSc Clinical Nutrition

#ဆီးချိုရောဂါ #ဆီးချိုအစားအသောက် #ကျန်းမာရေးဆီ

31/10/2025
Metformin ဆေးအကြောင်း သိကောင်းစရာ 💊✅         #မက်ဖော်မင်  #ဆီးချို  #ဆီးချိုရောဂါ #အမျိုးအစား၂ဆီးချို
30/10/2025

Metformin ဆေးအကြောင်း သိကောင်းစရာ 💊✅



#မက်ဖော်မင် #ဆီးချို #ဆီးချိုရောဂါ
#အမျိုးအစား၂ဆီးချို

ကယ်လိုရီပါဝင်မှုနည်းတဲ့ "ပင်လယ်စာ ဝဥ ချဉ်စပ် ဟင်းရည်"ဝဥ (Konjac Jelly) မှာ ကယ်လိုရီပါဝင်မှု နည်းတဲ့အတွက် low carb/ weigh...
29/10/2025

ကယ်လိုရီပါဝင်မှုနည်းတဲ့ "ပင်လယ်စာ ဝဥ ချဉ်စပ် ဟင်းရည်"

ဝဥ (Konjac Jelly) မှာ ကယ်လိုရီပါဝင်မှု နည်းတဲ့အတွက် low carb/ weight loss diet အတွက် အလွန်အသုံးဝင်ပါတယ်။ ကယ်လိုရီလည်းနည်းရမယ်၊ အရသာလည်းရှိရမယ်၊ ဗိုက်လည်းဝရမယ် ဆိုသူတွေအတွက် ဒီ "ပင်လယ်စာ ဝဥ ချဉ်စပ် ဟင်းရည်" (Seafood Konjac Hot & Sour Soup) လေး ချက်စားကြည့်ပါ။

✨ အကောင်းဆုံးအချက်က... ဒီပန်းကန်လုံးအပြည့် (3 cups) စာကိုမှ ကယ်လိုရီ 250 ဝန်းကျင်ပဲရှိပါတယ်။

✅ Konjac Jelly (ဝဥ)၊ မျှစ်၊ အပ်မှို တို့ကြောင့် Fiber (အမျှင်ဓာတ်) 11g ရလို့ ဗိုက်ဝ၊ ပြည့်တင်းစေတယ်။
✅ ပင်လယ်စာ နဲ့ ပဲပြားကြောင့် Protein (အသားဓာတ်) 20g ပါလို့ ကြွက်သားတည်ဆောက်ဖို့နဲ့ Satiety (မကြာခဏ ဗိုက်မဆာအောင်) ကူညီပေးပါတယ်။
✅ Low Carb ဖြစ်လို့ ဝိတ်တက်မှာ၊ ဆီးချိုတက်မှာ ပူစရာမလိုပါဘူး။

🤔 ဘယ်သူတွေ အဓိက စားသုံးသင့်လဲ?
✅ ညစာ (Dinner) မှာ Carb တွေ အများကြီးမစားချင်သူတွေ။
✅ Gym ကစားပြီး ပရိုတင်းပြည့်ဝချင်သူတွေ။
✅ ညလယ်စာ (Late-night snack) အဖြစ် ကျန်းမာရေးနဲ့ညီတာ စားချင်သူတွေ။
✅ low carb စားချင်တဲ့ ဆီးချိုရောဂါရှိသူများနဲ့ ဝိတ်ထိန်းနေသူများ။

🍳 ချက်ပြုတ်နည်း အဆင့်ဆင့်
1. ရေ (သို့) အရိုးပြုတ်ရည် 500 ml ကို ဆူအောင်တည်ပါ။
2. ဆူလာလျှင် ထုထားသော ကြက်သွန်ဖြူ၊ ဂျင်း၊ ငါးငံပြာရည် (1 TBS) နှင့် ဆီ (1 tsp) ထည့်ပါ။
3. Seafood (သို့) အသား ထည့်ပြီး ခဏပြုတ်ပါ။
4. ပြီးလျှင် လှီးဖြတ်ထားသော ဝဥ၊ ပဲပြား၊ မှို၊ မျှစ်ပြုတ်၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး တို့ကို ထည့်ပြီး မိနစ်အနည်းငယ်တည်ပါ။
5. အရသာ အဆင်ပြေပြီဆိုလျှင် ပါးပါးလှီးထားသော ရှောက်ရွက်၊ ငရုတ်သီးစိမ်း ထည့်ပါ။
6. မီးမပိတ်ခင်လေးမှာ သံပုရာရည်ညှစ်ထည့်ပြီး ချဉ်ချဉ်စပ်စပ် အရသာနဲ့ ဗိုက်ပြည့်တင်းတိမ်စေမဲ့ soup လေး ရပါပြီ။

📊 Total Yield (3 cups) အတွက် အာဟာရတန်ဖိုး
🔥 Calories: 250 KCal
💪 Protein: 20g
🍚 Carb: 22g
🥦 Fiber: 11g
🥑 Fat: 7g

👍 ဒီဟင်းလျာလေးကို ကြိုက်နှစ်သက်တယ်ဆိုရင် Save လုပ်ထားလိုက်တော့နော်။ 🙋‍♀️ ဝိတ်ချနေတဲ့၊ ကျန်းမာရေးလိုက်စားနေတဲ့ ကိုယ့်သူငယ်ချင်းတွေကို Mention ခေါ်ပြီး ဒီနည်းလေး မျှဝေလိုက်ပါဦး။

မှတ်ချက်။ လွတ်လပ်စွာ share နိုင်ပါသည်။ စာနှင့်ဓာတ်ပုံများကို ကူးယူပြန်တင်ခြင်း ခွင့်မပြုပါ။

ဆီးချို ရှိသူ၊ ဝိတ်လျော့ နေသူတွေ အတွက် ကော်ဖီ ဘယ်လိုဖျော်သင့်လဲ။ ☕☕ကော်ဖီကြိုက်တတ်သူတွေ အတွက် ကျန်းမာရေးနှင့် ညီညွတ်သော ...
27/10/2025

ဆီးချို ရှိသူ၊ ဝိတ်လျော့ နေသူတွေ အတွက် ကော်ဖီ ဘယ်လိုဖျော်သင့်လဲ။ ☕☕

ကော်ဖီကြိုက်တတ်သူတွေ အတွက် ကျန်းမာရေးနှင့် ညီညွတ်သော ကော်ဖီဖျော်နည်း မျှဝေချင်ပါတယ်။ ကော်ဖီမှုန့် သက်သက်မှာ ကယ်လိုရီ လုံးဝမပါဝင်ပါဘူး။ pure coffee သက်သက်ကြောင့် ဝိတ် မတက်စေပါ။ ကော်ဖီဖျော်တဲ့အခါ ထည့်တဲ့ သကြား၊ နို့ဆီ၊ နွားနို့၊ နို့စိမ်း ပါဝင်မှုပေါ် မူတည်ပြီးပဲ သွေးချို/ ကယ်လိုရီ တက်စေပါတယ်။

3In1 Coffe mix ထုတ်တွေနဲ့၊ ဆိုင်ဖျော် coffee တွေမှာတော့ သကြား၊ နို့ဆီ၊ creamer တွေ ထည့်ထားတော့ သောက်ပြီးရင် သွေးချိုတက်စေပါတယ်။ ဝိတ်ချနေတဲ့သူတွေအတွက်ဆိုလည်း ကယ်လိုရီတက်စေတယ်။

အိမ်မှာပဲ ကော်ဖီမှုန့်၊ နွားနို့၊ ဆီးချိုသကြားတို့နဲ့ဖျော်သောက်ပါ။ ဒီပုံမှာ ပြည်တွင်းဖြစ်ထွက်ကုန်ဖြစ်တဲ့ Ever Win Coffee မှုန့် ကို သုံးထားပါတယ်။ အဆီထုတ်မထားတဲ့ ရိုးရိုးနွားနို့ကို သုံးထားပါတယ်။ သွေးတွင်း ကိုလက်စထရော များတဲ့သူဆို အဆီထုတ်ထားတဲ့ low fat milk, non fat milk က ပိုသင့်တော်ပါတယ်။

ပါဝင်ပစ္စည်းများနှင့်ပြုလုပ်ပုံ

☕ Pure Coffee မှုန့်
🥛 နွားနို့ ထမင်းစားဇွန်း 3 ဇွန်း
🫙 ဆီးချိုသကြားခဲ 2 ခဲ

ဒီလို‌ ဖျော်ထားတဲ့ ကော်ဖီတခွက်မှာ ကယ်လိုရီ (၂၅) ခန့်ပဲပါဝင်ပါတယ်။ Glycemic load အနေ့နဲ့ GL (1) လောက်ပဲ တက်ပါမယ်။ အဆီထုတ်နွားနို့နဲ့ ဖျော်ရင် ကယ်လိုရီ (၂၀) လောက်ပဲပါဝင်လို့ ကယ်လိုရီ ပိုနည်းတယ်။

ကော်ဖီနှင့် ကျန်းမာရေး အစွမ်းသတ္တိများ

✅ ကော်ဖီမှာ antioxidant အစွမ်းသတ္တိ ရှိတယ်။ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်ပေးတယ်။

✅ တချို့သော ကင်ဆာရောဂါဖြစ်ပွားမှုကို လျော့နည်းစေတယ် (ဥပမာ သားအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ)

✅ ကော်ဖီတွင် Riboflavin (vitamin B2), Pantothenic acid (vitamin B5), Manganese and potassium ဓါတ်များကြွယ်ဝပါသည်။

✅ metabolism တက်စေလို့ ကိုယ်လေးချိန် မတက်အောင် ထိန်းပေးတယ်။

✅ ကော်ဖီတွင်ပါဝင်သော Caffine ဓါတ်သည် ဦးနှောက်အတွင်းရှိ dopamine , norepinephrine ဓါတ်များကို များစေသည့်အတွက် တက်ကြွနိုးကြား‌စေပြီး၊ အာရုံစူးစိုက်မှုနှင့် မှတ်ဥာဏ်ကောင်းစေပါသည်။

✅ ကော်ဖီသောက်သုံးမှုသည် အမျိုးအစား ၂ ဆီးချိုဖြစ်ပွားမှုကို ၂၃-၆၇ % အထိ လျှော့ကျစေပါသည်။ (ဆီးချိုမဖြစ်သေးသူများတွင် ဆီးချိုဖြစ်ဖို့ အခွင့်လျော့နည်းစေသည်။ ဆီးချိုဖြစ်ပြီးသူများ ကော်ဖီကြောင့် ဆီးချို မပျောက်ပါ။)

✅ ပါကင်ဆန်ရောဂါ (Parkinson) ဖြစ်ပွားမှုကို ၃၂- ၆၀ %အထိလျှော့ကျစေပါသည်။ Alzheimer's ရောဂါ ဖြစ်ပွားမှုကိုလည်း လျော့နည်းစေသည်။

✅ နယ်သာလန်တွင် လူပေါင်း 4 သောင်းကျော်ကို ဆယ်နှစ်ကျော်စောင့်ကြည့်ပြီး ပြုလုပ်ခဲ့တဲ့ သုတေသနအရ တနေ့ကို လက်ဖက်ရည်/ ကော်ဖီ သုံးခွက်နှင့် အထက် သောက်သုံးသူများမှာ ဆီးချိုရောဂါဖြစ်ဖို့ 42% လျော့နည်းကြောင်း တွေ့ရပါတယ်။

✅ သတိပြုရန်မှာ သုတေသနများအရ ဆီးချိုရှိသူများ coffee အများကြီးသောက်လျင် ကော်ဖီတွင်ပါဝင်သော caffine ဓာတ် သည် Insulin sensitivity ကို ကျစေသဖြင့် ဆီးချိူတက်စေပါသည်။ ဆီးချိုရှိလျင် တနေ့ကို ကော်ဖီ (၂) ခွက်ထက် ပိုမသောက်သင့်ပါ။

✅ ဆီးချိုမရှိသူများ တနေ့ကို coffee ၄ ခွက်ထက် ပိုမသောက်သင့်ပါ။ ကော်ဖီတွင်ပါဝင်သော Caffine ဓာတ်ကြောင့် ရင်တုန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အိပ်မပျော်ခြင်းများ ဖြစ်စေနိုင်ပါတယ်။

Dr Nora
MBBS
MSc Clinical Nutrition

Ref:
1. Coffee and tea consumption and risk of type 2 diabetes; S. van Dieren, C. S. P. M. Uiterwaal, Y. T. van der Schouw, D. L. van der A, J. M. A. Boer, A. Spijkerman, D. E. Grobbee & J. W. J. Beulens
2. diabetes.co.uk/food/coffee-and-diabetes.html

ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း (Diabetic Retinopathy) အကြောင်း သိကောင်းစရာ♦▪♦▪♦ဆီးချိုရောဂါရဲ့ အဓိက နောက်ဆက်တွဲဆိ...
25/10/2025

ဆီးချိုကြောင့် အမြင်အာရုံပျက်စီးခြင်း (Diabetic Retinopathy) အကြောင်း သိကောင်းစရာ
♦▪♦▪♦

ဆီးချိုရောဂါရဲ့ အဓိက နောက်ဆက်တွဲဆိုးကျိုးတွေထဲမှာ အမြင်အာရုံပျက်စီးခြင်းက အဖြစ်အများဆုံးနဲ့ အန္တရာယ်အကြီးဆုံး တစ်ခုဖြစ်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များနေတဲ့ အချိန်ကြာလာတဲ့အလျောက် မျက်စိရဲ့ အာရုံခံလွှာ (Retina) ပေါ်က သွေးကြောမျှင်လေးတွေကို တိတ်တဆိတ် ပျက်စီးစေပါတယ်။ ဒီရောဂါကို အဆင့်နှစ်ဆင့်ခွဲပြီး နားလည်နိုင်ပါတယ်။

၁။ အစောပိုင်းအဆင့် - Non-Proliferative Diabetic Retinopathy (NPDR)

ဒီအဆင့်မှာ သွေးကြောနံရံတွေ အားနည်းလာပြီး သွေးကြောငယ်များဖောင်းခြင်း (Microaneurysms) တွေ ဖြစ်လာပါတယ်။ သွေးကြောနံရံတွေ မခိုင်မာတော့တဲ့အတွက် သွေးထဲက အရည်ကြည်တွေ၊ အဆီဓာတ်တွေ စိမ့်ထွက်လာပြီး မြင်လွှာရောင်ရမ်းခြင်း (Macular Edema) ကို ဖြစ်စေနိုင်ပါတယ်။ ဒါက အမြင်အာရုံဝါးစေတဲ့ အဓိကအကြောင်းရင်းပါ။

၂။ နောက်ပိုင်းအဆင့် - Proliferative Diabetic Retinopathy (PDR)

ရောဂါရင့်လာတဲ့အခါ သွေးကြောတွေ ပိတ်ဆို့ပြီး မြင်လွှာကို သွေးနဲ့အောက်ဆီဂျင် လုံလောက်စွာ မရတော့ပါဘူး။ ဒါကို ခန္ဓာကိုယ်က သွေးကြောအသစ်တွေ အလွန်အကျွံတည်ဆောက်ပြီး တုံ့ပြန်ပါတယ်။ ဒါပေမဲ့ ဒီသွေးကြောအသစ်တွေက ပုံမှန်မဟုတ်ဘဲ အလွယ်တကူ ပေါက်ပြဲတတ်ပါတယ်။ ဒါကြောင့် မျက်လုံးအတွင်း သွေးယိုစိမ့်မှုတွေ ဖြစ်လာစေပါတယ်။

ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ။

အရေးကြီးဆုံးအချက်က အစောပိုင်းအဆင့်မှာ လက္ခဏာလုံးဝမပြတတ်ခြင်း ပါပဲ။ ရောဂါအခြေအနေ ဆိုးလာမှသာ အောက်ပါလက္ခဏာတွေကို ခံစားရတတ်ပါတယ်။

🔲 အမြင်အာရုံ တဖြည်းဖြည်းဝါးလာခြင်း။
🔲 မျက်လုံးထဲမှာ အစက်အပြောက်များ၊ အမဲရောင်အမျှင်များ (Floaters) မျောနေသလို မြင်ရခြင်း (ဒါဟာ သွေးယိုစိမ့်မှုကြောင့် ဖြစ်နိုင်ပါတယ်)။
🔲 အရိပ်များ၊ အမဲကွက်များ ကွယ်နေသလို မြင်ရခြင်း။
🔲 အရောင်များ မှိန်ဖျော့သွားခြင်း။
🔲 စာဖတ်ရခက်ခဲလာခြင်း။
🔲 ညဘက်တွင် အမြင်အာရုံ အားနည်းလာခြင်း။


မကုသဘဲထားလျှင် ဖြစ်လာနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများ

🔲 Vitreous Hemorrhage - မျက်လုံးအလယ်ကမှန်ရည်ကြည်ထဲသို့ သွေးများအများအပြား ယိုစိမ့်ဝင်ရောက်ပြီး အမြင်အာရုံကို ရုတ်တရက် ကွယ်သွားစေနိုင်ပါတယ်။
🔲 Tractional Retinal Detachment - ဖြစ်ပေါ်လာတဲ့ အမာရွတ်တစ်ရှူးတွေက မြင်လွှာကို ဆွဲခွာလိုက်တဲ့အတွက် မြင်လွှာကွာကျခြင်း ဖြစ်နိုင်ပါတယ်။
🔲 Neovascular Glaucoma - ပုံမှန်မဟုတ်တဲ့ သွေးကြောတွေက မျက်လုံးတွင်း ရေထွက်လမ်းကြောင်းကို ပိတ်ဆို့ပြီး ရေတိမ်ရောဂါဖြစ်စေကာ မျက်စိအာရုံကြောကို ပျက်စီးစေနိုင်ပါတယ်။
🔲 Blindness - နောက်ဆုံးအဆင့်မှာတော့ အမြင်အာရုံ လုံးဝဆုံးရှုံးပြီး မျက်စိကွယ်သွားနိုင်ပါတယ်။

ကာကွယ်ခြင်းနှင့် ကုသခြင်း
✅ အဓိကကာကွယ်နည်း မှာ သွေးချိုပမာဏ (HbA1c)၊ သွေးပေါင်ချိန်နှင့် သွေးတွင်းအဆီဓာတ်ကို ပုံမှန်ထိန်းချုပ်ထားဖို့ပါပဲ။
✅ စောစီးစွာသိရှိရန် ဆီးချိုရောဂါရှိသူတိုင်း တစ်နှစ်တစ်ခါ မျက်စိအထူးကုဆရာဝန်ဖြင့် မြင်လွှာချဲ့ကြည့်ပြီး စစ်ဆေးမှု (Dilated Eye Exam) ကို လက္ခဏာမရှိတောင်မှ မဖြစ်မနေ ပြုလုပ်ရပါမယ်။
✅ ကုသမှုများ အနေနဲ့ ရောဂါအဆင့်အလိုက် လေဆာကုထုံး (Laser Treatment)၊ မျက်လုံးထဲဆေးထိုးခြင်း (Anti-VEGF Injections) နှင့် ခွဲစိတ်ကုသခြင်း (Vitrectomy) တို့ဖြင့် အမြင်အာရုံမဆုံးရှုံးအောင် ထိန်းသိမ်းကုသနိုင်ပါတယ်။

Dr Nora
MBBS
MSc Clinical Nutrition

#ဆီးချိုနှင့်မျက်စိ #ဆီးချိုနောက်ဆက်တွဲဆိုးကျိုး #အမြင်အာရုံကျန်းမာရေး #ဆီးချိုသိမှတ်စရာ #မျက်စိကျန်းမာရေး

Address

Dawbon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Nutri-Link by Dr Nora posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nutri-Link by Dr Nora:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category