Pann Thit Hsan Pharmacy-ပန်းသစ်ဆန်းဆေးဆိုင်

  • Home
  • Myanmar
  • Dawei
  • Pann Thit Hsan Pharmacy-ပန်းသစ်ဆန်းဆေးဆိုင်

Pann Thit Hsan Pharmacy-ပန်းသစ်ဆန်းဆေးဆိုင် Medicine/Drugs

ပစ္စည်းပြတ်နေတဲ့ EVO3လေး ပြန်ရောက်ပါပြီရှင်.... -O3  -O3 💙မှာ အသားအရေလှပမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ ...🥇Vitamin E 💟400 iu...
04/03/2025

ပစ္စည်းပြတ်နေတဲ့ EVO3လေး ပြန်ရောက်ပါပြီရှင်....

-O3
-O3 💙မှာ အသားအရေလှပမှုအတွက်မရှိမဖြစ်လိုအပ်တဲ့ ...
🥇Vitamin E 💟400 iu အပြင်
🥈Wheat Germ Oil 100mgနဲ့
🥉Omega 3 30mgတို့ပေါင်းစပ်ပါဝင်ပါတယ်။

💖Vitamin E ဆိုတာအသားရေအတွက်မရှိမဖြစ်လိုအပ်တဲ့antioxidant တစ်မျိုးဖြစ်လို့အသားအရေကို နေရောင်ခြည်ကြောင့်အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာတွေမဖြစ်အောင်ကာကွယ်တားဆီးပေးပြီးနေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်လာတဲ့ဝက်ခြံ ၊တင်းတိတ်နဲ့ဆဲလ်သေတွေကို လျော့ပါးသက်သာစေလို့ကြည်လင်စိုပြေတဲ့အသားအရေလေး✨ကိုရရှိစေနိုင်ပါတယ်နော်။✅

💖Wheat Germ Oilကမျက်နှာပေါ်မှာဝက်ခြံပေါက်ပြီးတော်တော်နဲ့မပျောက်ဘဲကျန်နေခဲ့တဲ့ ဝက်ခြံအမာရွတ်တွေကိုတဖြည်းဖြည်းလျော့ပါးသက်သာစေအောင်ထပ်မံအားဖြည့်ပေးပြီးအသားအရေကိုနူးညံ့ကြည်လင်စိုပြေစေနိုင်ပါတယ်။✅

💖Omega3 ကတော့ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ Essential Fatty Acid တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကျန်းမာဖို့သာမက ဆံကေသာ💁‍♀️နဲ့ ခြေသည်းလက်သည်းလေးတွေကို အစိုဓါတ်ဖြည့်ပေးလို့ ဆံသားကြမ်းတာတွေနဲ့ခြေသည်းလက်သည်း 💅 တွေမွဲခြောက်ပြီးကျိုးပဲ့လွယ်တာတွေမဖြစ်တော့အောင်လုပ်ဆောင်ပေးနိုင်ပါတယ်နော်။✅

Vitamin E, Wheat Germနဲ့ Omega 3တို့ပေါင်းစပ်ထားတဲ့3️⃣in 1️⃣ -O3 💙ကို အမျိုးသမီး👩သာမက အမျိုးသား👨ပါသောက်သုံးနိုင်ပါတယ်။👩‍❤️‍👨

ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်နိုင်ဖို့ EV-O3💙
ကိုအားကိုးရအောင်နော်🥰💕

ဝယ်ယူလိုပါက....

🏥ပန်းသစ်ဆန်းဆေးဆိုင်🏥

📍အမှတ် (၃၀၄)ဆေးရုံလမ်း၊ ရှမ္မလည်ဆွဲရပ်၊ထားဝယ်မြို့။(ထားဝယ်ဆေးရုံကြီးရှေ့)

☎️09697172176

 #အလုပ်ခေါ်စာ📢📢ထားဝယ်ဆေးရုံကြီးအရှေ့ပန်းသစ်ဆန်းဆေးဆိုင်တွင်ဆေးအရောင်းဝန်ထမ်းခန့်ရန်အလိုရှိသည်။လျှောက်ထားသူသည်🔸 တက္ကသိုလ်...
20/09/2024

#အလုပ်ခေါ်စာ📢📢

ထားဝယ်ဆေးရုံကြီးအရှေ့ပန်းသစ်ဆန်းဆေးဆိုင်တွင်ဆေးအရောင်းဝန်ထမ်းခန့်ရန်အလိုရှိသည်။

လျှောက်ထားသူသည်
🔸 တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ

🔸 အသက် (၁၈- ၂၅နှစ်)အတွင်း
🔸 ကျား/မလျှောက်နိုင်သည်။

🔸ဆေးဝါးကျွမ်းကျင်သင်တန်း မတက်ထားသောသူများလည်း လျှောက်ထားနိုင်ပါသည် ။

🔸 လုပ်ငန်းအတွေ့အကြုံ ကျွမ်းကျင်မှုမရှိသည့်တိုင်အမှန်တကယ်စိတ်ဝင်စားပြီး သင်ယူလိုစိတ်ရှိသူ
🔸 ရေရှည် လုပ်ကိုင်နိုင်သူ...
🔸 အကျင့်စာရိတ္တ ကောင်းမွန်ပြီးစည်းကမ်းရှိသူ

🔸 လူမှုဆက်ဆံရေးကောင်းမွန်ပြီး၊ စိတ်ရှည်သူဖြစ်ရမည်။

🕐အလုပ်ချိန် ➡️7:30Am to 7:30Pm(၁ပတ်၁ရက်နားခွင့်ရှိသည်)
💲လစာ ➡️ညှိုနှိုင်း

လျှောက်ထားလိုသူများ
CV form တင်နိုင်သည်။
Pann Thit Hsan Page Messengerသို့စုံစမ်းမေးမြန်းနိုင်သည်။
📲 09953845815 Viber

📍လိပ်စာ ➡️အမှတ်(၃၀၄)ဆေးရုံလမ်း၊ရှမ္မလည်ဆွဲရပ်၊ထားဝယ်မြို့။
(ဆေးရုံကြီိးအရှေ့၊လင်းဓာတ်ခွဲခန်းနံဘေး)

💜Prosure💜💁ကင်ဆာရောဂါကြောင့် ကိုယ်ခံအားကျဆင်းနေတဲ့သူများအတွက်အာဟာရဖြည့်စွက်စာရောက်ပါပြီရှင်📢🥛 Prosure  🥛 🥛 Prosure  🥛 ဆို...
17/02/2024

💜Prosure💜
💁ကင်ဆာရောဂါကြောင့်
ကိုယ်ခံအားကျဆင်းနေတဲ့သူများအတွက်အာဟာရဖြည့်စွက်စာရောက်ပါပြီရှင်📢

🥛 Prosure 🥛

🥛 Prosure 🥛 ဆိုတာက ကင်ဆာရောဂါဝေဒနာရှင်များအတွက် အာဟာရဖြည့်နို့မှုန့်

🥛ကင်ဆာရောဂါကြောင့် ရောင်ရမ်းခြင်းကိုသက်သာစေသော omega 3၊ အင်အားများဖြည့်တင်းပေးတဲ့ protein ဓာတ် အများအပြားပါဝင်တဲ့ အပြင် 😇

🥛အစာခြေစနစ်ကောင်းမွန်တဲ့ fiber ဓာတ် ၊ခန္ဓာကိုယ်အားရှိစေသော vitamins နှင့် သတ္တုဓာတ်များစွာပါဝင်ပါတာကြောင့်💁

ကင်ဆာသမားများ💁
အပိန်လွန်ပြီး ဝချင်သူများ💁
ကိုယ်ခံအားကျဆင်းနေသူများ များအတွက်💪

အထူးသင့်လျှော်သော Prosureကိုပန်းသစ်ဆန်းဆေးဆိုင်မှာဝယ်ယူအားပေးလို့ရနေပါပြီရှင့်….

မှာယူလိုပါက..
Pann Thit Hsan Page Messenger
Ph - 09953845815

✳️ပြတ်နေတဲ့ ဝက်ခြံပျောက်လိမ်းဆေး Oxy 5 ပြန်ရောက်ပါပြီ✅📍ပန်းသစ်ဆန်းဆေးဆိုင်(ထားဝယ်ပြည်သူ့ဆေးရုံကြီးအရှေ့)၊ထားဝယ်မြို့။
05/10/2023

✳️ပြတ်နေတဲ့ ဝက်ခြံပျောက်လိမ်းဆေး Oxy 5 ပြန်ရောက်ပါပြီ✅

📍ပန်းသစ်ဆန်းဆေးဆိုင်(ထားဝယ်ပြည်သူ့ဆေးရုံကြီးအရှေ့)၊ထားဝယ်မြို့။

📣📣 လူမေးများနေတဲ့ ဂေါက်ရောဂါသမားများအတွက် 𝑮𝒐𝒍𝒅𝒆𝒏 𝑮𝒐𝒖𝒕  ရောက်ပါပြီရှင်🗣️𝑮𝒐𝒍𝒅𝒆𝒏 𝑮𝒐𝒖𝒕 ဟာFDAမှ ထောက်ခံချက်ရရှိပြီးသားမို့လို...
30/07/2023

📣📣 လူမေးများနေတဲ့ ဂေါက်ရောဂါသမားများအတွက် 𝑮𝒐𝒍𝒅𝒆𝒏 𝑮𝒐𝒖𝒕 ရောက်ပါပြီရှင်🗣️

𝑮𝒐𝒍𝒅𝒆𝒏 𝑮𝒐𝒖𝒕 ဟာFDAမှ ထောက်ခံချက်ရရှိပြီးသားမို့လို့ စိတ်ချလက်ချ ဝယ်ယူအားပေးနိုင်ပါတယ်ရှင်...

📍ဝယ်ယူလိုပါက....
ပန်းသစ်ဆန်းဆေးဆိုင်(ထားဝယ်)
ဆေးရုံလမ်း၊ထားဝယ်ဆေးရုံကြီးအရှေ့၊ထားဝယ်မြို့။

📲ဆက်သွယ်မှာယူလိုပါက…
Ph. 09953845815, 09422355966

𝑮𝒐𝒍𝒅𝒆𝒏 𝑮𝒐𝒖𝒕 ဆိုတာဘာလဲ❓

အမေရိကန်နိုင်ငံမှထုတ်လုပ်သော 𝑮𝒐𝒍𝒅𝒆𝒏 𝑮𝒐𝒖𝒕 နို့ရည်ကြည်သည် ဂေါက်ရောဂါခံစားနေရသော သူများကိုအချိန်တိုတွင်း သက်သာပျောက်ကင်းအောင်ကုသနိုင်သော FDA အသိမှတ်ပြု နို့ရည်ကြည်ဖြစ်ပါသည်

𝑮𝒐𝒍𝒅𝒆𝒏 𝑮𝒐𝒖𝒕 သည် ယူရစ်အက်ဆစ်ကို လျှော့ချပေးပြီး ဂေါက်ရောဂါကို တည်ငြိမ်အောင် ကူညီပေးသည်။

အမေရိကန်နိုင်ငံမှတင်သွင်းသော Colostrum
ဗီတာမင် နှင့် သတ္တုဓာတ် ၂၈ မျိုးကို ခန္ဓာကိုယ်ကို အာဟာရဖြစ်စေသည်။

- အစာစားခြင်း၊ ကောင်းစွာအိပ်စက်ခြင်း ၊ ခုခံအားကိုမြှင့်တင်ပေးခြင်း၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်းတို့ကြောင့် ဂေါက်(Gout)ရောဂါသမားများအတွက် အထူးသင့်တော်ပါတယ်ရှင့်...

ဘယ်လိုဖျော်စပ်သောက်သုံးရမလဲ ❓
တခါဖျော်လျှင် နို့မှုန့်၃ဇွန်းကိုရေနွေး 180ml or 200ml နှင့်ဖျော်စပ်သောက်သုံးနိုင်သည်။

https://www.asiashopping.store/gout.extra.01

ပျိုမေတို့ရေ... 🤗Ame-Rose Rain Coat လှလှလေးတွေ လက်ဆောင်ပေးနေပြီနော်...အဆက်မပြတ် တောက်ပပြီး ချေချနိုင်ဖို့ (၅)လစာ ဝယ်ယူရု...
13/07/2023

ပျိုမေတို့ရေ... 🤗
Ame-Rose Rain Coat လှလှလေးတွေ လက်ဆောင်ပေးနေပြီနော်...
အဆက်မပြတ် တောက်ပပြီး ချေချနိုင်ဖို့ (၅)လစာ ဝယ်ယူရုံနဲ့ စမတ်ကျတဲ့ Rain Coat လေးတစ်ထည် လက်ဆောင်ရယူနိုင်ပါပြီရှင်…..

🎁 ဇူလိုင်လ တစ်လလုံး (၅)လစာ ဝယ်ယူသူတိုင်းကို Rain Coat Stock ရှိသလောက် လက်ဆောင်ပေးသွားမှာဖြစ်လို့ လုံးဝလက်မနှေးဖို့တော့လိုတယ်နော်။

ကဲ... ဘာမှတွေးမနေပါနဲ့ ပျိုမေတို့ရေ၊ ကြည်တောက်လှပနေဖို့ Ame-Roseကို (၅)လစာ ဝယ်ပြီးသာ အခုပဲ ချေချလိုက်တော့.. 👇

ဝယ်ယူလိုပါက.....

ပန်းသစ်ဆန်းဆေးဆိုင်
ဆေးရုံလမ်း၊ဆေးရုံကြီးအရှေ့၊ရှမ္မလည်ဆွဲရပ်၊ထားဝယ်မြို့။

မှာယူလိုပါက...
Pann Thit Hsan Fb page messenger,Viber
📲Ph no. 09953845815, 09422355966

🌼🌼🌼AME-ROSE(Evening Primrose Oil &Vitamin E)ဆိုတာဘာလဲ❓

Evening Primrose Oil (EPO) ကို ရွှေရောင်တောက်တောက်နဲ့ ညနေပိုင်းမှာပွင့်တဲ့ Evening Primrose အပင်မှ ရရှိတာဖြစ်ပြီး အမေရိကန်မြောက်ပိုင်းမှာ အတွေ့များတဲ့ပန်းတစ်မျိုးပဲဖြစ်ပါတယ်။

Evening Primrose Oil က
🌼 အမျိုးသမီးများ ဓမ္မတာလာချိန်တွေမှာဖြစ်ပေါ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေခြင်း။
🌼 ဟော်မုန်းကို ထိန်းညှိပေးလို့ ဟော်မုန်းကြောင့်ဖြစ်တဲ့ ဝက်ခြံများကို သက်သာစေခြင်း၊
🌼 ကိုယ်အလေးချိန် ထိန်းပေးခြင်း။
🌼 အသားအရေကို တင်းရင်းစေပြီး ဆံပင်ကျွတ်ခြင်းများကိုလည်း သိသိသာသာ သက်သာစေပါတယ်။

💃ရာသီစက်ဝန်းအချိန်တွေမှာ Premenstrual syndrome (PMS) လက္ခဏာတွေ ခံစားရတာ ကိုယ်တစ်ယောက်ထဲလို့တော့ မထင်လိုက်ပါနဲ့ ပျိုမေလေးတို့ရေ 🧏‍♀️။ လေ့လာချက်တွေအရ အမျိုးသမီး (၄)ယောက်မှာ (၃)ယောက်လောက်က PMS လက္ခဏာတွေကို ခံစားနေရပါတယ်။

ဟော်မုန်းဝက်ခြံတွေကြောင့် စိတ်မညစ်ရလေအောင်...🥰

🟢 ဟော်မုန်းဝက်ခြံဆိုတာ အရွယ်ရောက်ပြီးတဲ့ ကျားမ မရွေး ပေါက်နိုင်ပြီး အများအားဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်ပွားလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ အပျိုဖော်ဝင်တာ၊ ဓမ္မာတာစက်ဝန်းတွေ၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ သွေးဆုံးခြင်းတွေက ဟော်မုန်းအတက်အကျကို ပိုများစေတာကြောင့်ပါပဲ။

🟢 ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ ဟော်မုန်းဝက်ခြံ ထွက်တတ်ပြီး ပုံမှန်အားဖြင့် ဆယ်ကျော်သက်တွေဆို T-zone (နဖူး၊နှာခေါင်းနဲ့ မေးစေ့တွေ)၊ အသက် 20 အထက်ဆို မေးရိုး၊ မေးစေ့နဲ့ ပါးပြင်အောက်ခြေတွေမှာ အဖြစ်များပါတယ်။ အချို့တွေမှာဆိုရင်တော့ လည်ပင်း၊နောက်ကျော၊ ပခုံးနဲ့ ရင်ဘတ်တွေမှာလည်း ပေါက်ကြပါတယ်။

🟢 ဟော်မုန်းဝက်ခြံအတွက် သဘာဝပစ္စည်းများမှ ထုတ်လုပ်တဲ့ Tea tree oil , alpha hydroxy acid ပါတဲ့ ထုတ်ကုန်တွေကို အသုံးပြုနိုင်သလို salicylic (သို့) glycolic acid ပါဝင်တဲ့ ထုတ်ကုန်များကလည်း ဘက်တီးရီးယားတွေကို ရပ်တန့်စေပြီး ရောင်ရမ်းမှုတွေကို လျှော့ချပေးပါတယ်။ ဒါ့အပြင် သင့်ဟော်မုန်းများကို မျှတစေပြီး အသားအရေကို ကြည်လင်စေမဲ့ Ame-Rose ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။

🍀 အသားအရည်ခြောက်သွေ့ခြင်း ကင်းစင်စေမယ့် Ame-Rose 🍀

အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအင်္ဂါဖြစ်ပြီး epidermis ဆိုတဲ့ အရေပြားအပေါ်ဆုံးအလွှာမှ အစိုဓါတ်ကို မထိန်းထားနိုင်တဲ့အခါ အရေပြားခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အရေပြားသန့်ရှင်းရေးကို အလွန်အကျွံပြုလုပ်တာတွေ ၊ ရေအလုံအလောက်မသောက်ဖြစ်တာတွေ အစရှိတဲ့ အချက်လေးတွေကို ဂရုတစိုက်ဆင်ခြင်သင့်ပါတယ်။ ဒါ့အပြင် Evening Primrose Oil နဲ့ Vitamin E ပါဝင်တဲ့ Ame-Rose က အရေပြားအစိုဓါတ်ကို ထိန်းပေးပြီး ချောမွေ့တင်းရင်းသော အသားအရေကို ပိုင်ဆိုင်စေမယ့် အထောက်အပံ့ကောင်းကို ပေးစွမ်းစေပါတယ်။

🌼 ရာသီစက်ဝန်းမမှန်လို့ စိတ်မပူပါနဲ့ 🌼

💁‍♀️ ပျိုမေလေးတို့ရေ...ရာသီစက်ဝန်းက နာရီလို အမြဲမလည်ပတ်နိုင်ပါဘူးနော်။ တချို့က ၂၈ရက်တိုင်း ရာသီလာချိန်မှန်ပေမဲ့ တချို့ကတော့ တစ်လလုံးကျော်သွားတာမျိုးလည်း ဖြစ်တတ်ကြပါတယ်။

🤔 ဘယ်လိုအခြေအနေမျိုးဆို ရာသီအချိန်ဇယား မှန်/မမှန် သိနိုင်လဲဆိုတော့ ရာသီလာချိန် ပြီးဆုံးခြင်းနဲ့ စတင်ခြင်း ကြားရက်အရေအတွက်က ၂၁ ရက်မှ ၃၅ ရက်အတွင်းမှာမဟုတ်ပဲ အဲထက် များနေမယ်ဆိုရင် ပျိုမေလေးတို့မှာ ပုံမှန်မဟုတ်တဲ့ ရာသီစက်ဝန်းရှိနေတာပဲ ဖြစ်ပါတယ်။

စားသောက်မှုပုံစံမမှန်တာ၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်တာနှင့် သွေးဆုံးချိန်နီးတဲ့ကာလတွေကြောင့်လည်း ရာသီစက်ဝန်းကို နောက်ကျစေနိုင်သလို စိတ်ဖိစီးမှုများခြင်းကလည်း တစ်ခုအပါအဝင်မို့ ရာသီမမှန်တဲ့အခါ အရမ်းစိတ်ပူတာမျိုးကို လျော့ချသင့်ပါတယ်နော်။ ပျိုမေလေးတို့အတွက် ရာသီစက်ဝန်း အချိန်မှန်စေဖို့နဲ့ နောက်ကျတာမျိုးမဖြစ်ရလေအောင် Evening Primrose Oil နဲ့ Vitamin E အဓိက ပါဝင်တဲ့ Ame-Rose ကို ပုံမှန်သောက်သုံးပေးနိုင်ပါတယ်...💚

​ရင်သားနာကျင်မှုကို သက်သာစေလား..🤔..?

👉 အမျိုးသမီးအများစုက cyclical breast pain လို့ခေါ်တဲ့ ၎င်းတို့ရဲ့ ပုံမှန်ရာသီစက်ဝန်း တစ်စိတ်တစ်ပိုင်းဖြစ်သော ရင်သားနာကျင်မှုကို ခံစားရပါတယ်။ ဟော်မုန်းအပြောင်းအလဲနှင့် ဆက်စပ်နေပြီး ရာသီစတာနဲ့ နာကျင်မှုက ပျောက်သွားတတ်ပါတယ်။

👉 နာကျင်မှုက အပျော့စားကနေ ပြင်းထန်တဲ့ အထိ ကွဲပြားနိုင်ပြီး လေးလံခြင်း၊ ပူလောင်ခြင်း၊ နာကျင်ခြင်း (သို့) တင်းကျပ်ခြင်းများကို ခံစားရနိုင်ပါတယ်။

👉 ရင်သားနာကျင်မှုအပါအဝင် အမျိုးသမီးများ လစဉ်ကြုံတွေ့ခံစားရလေ့ရှိသော အမျိုးသမီးရောဂါဝေဒနာများကို သက်သာစေဖို့ 𝗔𝗺𝗲-𝗥𝗼𝘀𝗲 ကို နေ့စဉ်သောက်သုံးပေးနိင်ပါတယ်။

🤷‍♀️ ဝက်ခြံအတွက် 𝗔𝗺𝗲-𝗥𝗼𝘀𝗲 ကို သောက်လို့ ရ/ မရ ? 🤷‍♀️

𝗔𝗺𝗲-𝗥𝗼𝘀𝗲 မှာ ပါဝင်တဲ့ Evening primrose oil (EPO)မှာ ဝက်ခြံ၊ အဖုများနဲ့ အမည်းစက်များကို သက်သာတဲ့ အာနိသင်ပါရှိပါတယ်။ ဒါ့အပြင် အရေပြားကို အလွန်အမင်း ခြောက်သွေ့ခြင်းမှလည်း ကာကွယ်ပေးသေးပါတယ်။ ဒါ့ကြောင့် ဟော်မုန်းဝက်ခြံအပါအဝင် ဝက်ခြံနှင့် အမာရွတ်များအတွက် 𝗔𝗺𝗲-𝗥𝗼𝘀𝗲 ကို သောက်သုံးပေးနိုင်ပါတယ်...🌼


❤️ရှောင်လွှဲမရတဲ့ 𝘔𝘦𝘯𝘰𝘱𝘢𝘶𝘴𝘦 သွေးဆုံးကိုင်ဝေဒနာကို လည်းAme-Rose နဲ့ ဖြတ်သန်းလိုက်ပါ..💛..💚

အမျိုးသမီးတိုင်း ဘဝမှာ ရှောင်လွှဲလို့မရ ကြုံတွေ့ရမဲ့ အရာတွေထဲမှာ 𝘔𝘦𝘯𝘰𝘱𝘢𝘶𝘴𝘦 - သွေးဆုံးချိန်ကလည်း အပါအဝင်ပဲဖြစ်ပါတယ်။ မလွှဲမသွေကြုံတွေ့ရမဲ့ သွေးဆုံးကိုင်ဝေဒသနာတွေ လျော့ပါးသက်သာစေပြီး နေ့ရက်တိုင်းကို အဆင်ပြေပြေ ဖြတ်သန်းနိုင်ဖို့ဆို Ame-Rose ကိုသာ ရွေးချယ်လိုက်ပါနော်။

🌼 Ame-Rose မှာ သွေးဆုံးခြင်း (𝘔𝘦𝘯𝘰𝘱𝘢𝘶𝘴𝘦 symptoms) ဝေဒနာတွေကို သက်သာစေတဲ့ 𝗘𝘃𝗲𝗻𝗶𝗻𝗴 𝗣𝗿𝗶𝗺𝗿𝗼𝘀𝗲 𝗢𝗶𝗹 1000 mg နဲ့ 𝗩𝗶𝘁𝗮𝗺𝗶𝗻 𝗘 50 IU ပေါင်းစပ်ပါဝင်ပါတယ်။

ဒါကြောင့် Ame-Rose ကို နေ့စဉ် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် သွေးဆုံးကိုင်ချိန်မှာ ခံစားရတဲ့ လက္ခဏာတွေကို သက်သာစေမှာပဲ ဖြစ်ပါတယ်။

💛 Ame-Rose 💛 ကို နေ့စဉ်ပုံမှန်သောက်သုံးရင်း
ဓမ္မတာကြောင့် စိတ်ပင်ပန်းခဲ့တဲ့ နေ့ရက်တွေကို
bye bye လို့ နှုတ်ဆက်လိုက်ကြရအောင်နော်။




24/06/2023
🔔Mistine လာပါပြီရှင်🔔 💙💗Mistine ကထုတ်တဲ့ Ladycare Intimate cleanser ph care 💙💗တကယ်စိတ်ချရတဲ့ Intimate Cleanser ဆိုရင်  က...
24/06/2023

🔔Mistine လာပါပြီရှင်🔔

💙💗Mistine ကထုတ်တဲ့ Ladycare Intimate cleanser ph care 💙💗

တကယ်စိတ်ချရတဲ့ Intimate Cleanser ဆိုရင် ကတော့ Mistine ရဲ့ Lady Care ကို Highly Recommend လုပ်ပါတယ်‌ ရှင်.....

Lady Care က ဂျာမနီနိုင်ငံက စမ်းသပ်စစ်ဆေးအောင်မြင်ထားပြီးသားဖြစ်တဲ့အတွက် Intimate Area အတွက် သုံးဖို့ Safe ဖြစ်ပြီး၊ Mild ဖြစ်တယ်။ ယားယံတာ၊ ခြောက်သွေ့တာမဖြစ်အောင် pH level ကို ထိန်းပေးနိုင်တယ်။

Mistine Lady Care မှာ 2️⃣မျိုးထွက်ထားပါတယ်ရှင်

1️⃣Lady Care Intimate Cleanser - Cool (အပြာရောင်)💙

2️⃣ Lady Care Intimate Cleanser - Gentle (ပန်းရောင်)💗

💙Cool က Menthol ပါဝင်တဲ့အတွက် သုံးလိုက်ရင် အေးအေးလေးနဲ့ Fresh ဖြစ်သွားတဲ့ Feeling မျိုးကို ရတယ်။ တခြား Main Ingredients အနေနဲ့ Lactoserum, Charmomile Extract, Lactic Acid ပါပါတယ်။ အနံ့ကအစ Cool & Fresh ဖြစ်တယ်။ အနံ့ဆိုးသက်သာတယ်။

💖Gentle ကတော့ Lacroseeum, Charmomile Extract, Latic Acid တို့ အဓိကပါတယ်။ သူ့အနံ့လေးကတော့ ပန်းရနံ့သင်းတယ်။ လန်းဆန်းစေတယ်။ အနံ့အသက်ကို ဖုံးပေးနိုင်တယ်။

Mistine ကတော့ အားလုံးနဲ့မစိမ်းတဲ့ ဘရန်းတစ်ခုဖြစ်ပေမယ့် ဒီ Lady Care Intimate Cleanser ဆိုရင် Border Line က အဝင်များတဲ့အတွက် ဗူးမှာ ရွှေရောင် ရောင်ပြန်စတစ်ကာပါမှသာ အစစ်ပါ။

အရင်က 200 ml ပဲပါပေမယ့် အခုနောက်ပိုင်းဗူးတွေမှာ 50 ml အပိုထပ်ပေးထားလို့ 250 ml သုံးရပါမယ်။

မိန်းမကိုယ်ဟာ သဘာဝအတိုင်း အလိုအလျောက်သန့်စင်နိုင်စွမ်းရှိပါတယ်။ သို့သော် အနံ့အသက်နဲ့ မိန်းမကိုယ်ရဲ့ pH level ကို ထိန်းညှိပေးဖို့ကလည်း လိုအပ်တာကြောင့် မိန်းမကိုယ်ဆေးရည် (Feminine Wash/ Intimate Cleanser) တွေကို အသုံးပြုတဲ့အခါ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာရည်ကိုသာ အသုံးပြုဖို့နှင့် ကိုယ်သုံးတဲ့ပစ္စည်းဟာလည်း အမှန်တကယ် စိတ်ချရဖို့ရာ အင်မတန်အရေးကြီးပါတယ်။

မိန်းမကိုယ်ဟာ တခြားအင်္ဂါအစိတ်အပိုင်းတွေထက် Sensitive ဖြစ်လွန်းတာကြောင့် ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာအခဲတွေနဲ့ ဆေးလို့မရပါဘူး။ pH Level မညှိပေးနိုင်တဲ့အခါ ခြောက်သွေ့တာ၊ ယားယံတွေဖြစ်တတ်ပါတယ်။

မိန်းမကိုယ်လို အထိအခိုက်မခံနိုင်တဲ့နေရာအတွက်ကို တခြားဆပ်ပြာတွေ မသုံးပဲ စိတ်ချရပြီး Quality ပြည့်မီတဲ့ Mistine Lady Care Intimate Cleanser ကို သုံးကြည့်ဖို့ အကြံပြုလိုက်ပါတယ်ရှင်....

ဝယ်ယူလိုပါက...
❣️ပန်းသစ်ဆန်းဆေးဆိုင်ကိုလှမ်းလာခဲ့ပါရှင်...
📍ဆေးရုံလမ်း၊ရှမ္မလည်ဆွဲရပ်၊ထားဝယ်။

မှာယူလိုပါက...
Thit Hsan Page Messenger,Viberကနေ တဆင့်လည်းမှာယူနိုင်ပါတယ်ရှင်...
📲09422355966, 09953845815

📌ငါးကြီးဆီ ဆိုတာဘာလဲ?🐋 🐋 🐋ငါးကြီးဆီဆိုတာ အဆီများတဲ့ငါးတွေကနေရရှိတဲ့အဆီတစ်မျိုးဖြစ်ပါတယ်။🐋 🐋 🐋ငါးကြီးဆီမှာ 💊Omega3 လို့ခေ...
04/03/2023

📌ငါးကြီးဆီ ဆိုတာဘာလဲ?

🐋 🐋 🐋ငါးကြီးဆီဆိုတာ အဆီများတဲ့ငါးတွေကနေရရှိတဲ့အဆီတစ်မျိုးဖြစ်ပါတယ်။
🐋 🐋 🐋ငါးကြီးဆီမှာ 💊Omega3 လို့ခေါ်တဲ့ (Essential fatty acid)လူကိုအကျိုးပြုစေတဲ့အဆီဓာတ်ပါဝင်ပါတယ်။

📝𝐎𝐦𝐞𝐠𝐚 𝟑 ဆိုတဲ့ အဆီဓာတ်မှာ
-𝐀𝐋𝐀 (𝐀𝐥𝐩𝐡𝐚-𝐥𝐢𝐧𝐨𝐥𝐞𝐧𝐢𝐜 𝐚𝐜𝐢𝐝),
-𝐄𝐏𝐀 (𝐄𝐜𝐨𝐬𝐚𝐩𝐞𝐧𝐭𝐚𝐞𝐧𝐨𝐢𝐜 𝐚𝐜𝐢𝐝) နှင့်
-𝐃𝐇𝐀 (𝐃𝐨𝐜𝐨𝐬𝐚𝐡𝐞𝐱𝐚𝐞𝐧𝐨𝐢𝐜 𝐚𝐜𝐢𝐝) ဆိုပြီး Acid 3️⃣မျိုးရှိပါတယ်

𝐀𝐋𝐀 (𝐀𝐥𝐩𝐡𝐚-𝐥𝐢𝐧𝐨𝐥𝐞𝐧𝐢𝐜 𝐚𝐜𝐢𝐝)

🌴𝐀𝐋𝐀 က အပင်နှင့် အစေ့အဆံတွေ (𝐞𝐠., သစ်ကြားသီး၊ ပဲပုပ်၊ ကီဝီသီး၊နှမ်းကြတ်ဆီ၊ဖရုံစေ့ဆီနဲ့ ဟင်းနုနွယ်၊ဆလပ်ရွက်၊ မြင်းခွါရွက်အစရှိတဲ့အစိမ်းရင့်ရောင်အရွက်များ) ကနေရရှိပြီး

_𝐄𝐏𝐀 (𝐄𝐜𝐨𝐬𝐚𝐩𝐞𝐧𝐭𝐚𝐞𝐧𝐨𝐢𝐜 𝐚𝐜𝐢𝐝) 𝐃𝐇𝐀 (𝐃𝐨𝐜𝐨𝐬𝐚𝐡𝐞𝐱𝐚𝐞𝐧𝐨𝐢𝐜 𝐚𝐜𝐢𝐝)

💫𝐄𝐏𝐀 နှင့် 𝐃𝐇𝐀 တွေကို အဆီများတဲ့ ပင်လယ်ငါး (ဥပမာ-ဆယ်လ်မွန်ငါး၊ တူနာငါး၊ကမာ၊ ဂဏန်း )စတဲ့ပင်လယ်ငါးများနှင့် ငါးကြီးဆီ ဖြည့်စွက်ဆေးများကနေ ရရှိနိုင်ပါတယ်။

📍ဘာကောင်းကျိုးတွေ ရှိသလဲ
⬇️⏬-------------------------⬇️⏬
👁️ မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။
DHAက မျက်စိအားကောင်းဖို့နဲ့ မျက်ကြည်လွှာတည်ဆောက်ဖို့လုပ်ဆောင်ပေးပြီး အမြင်အာရုံချို့ယွင်းမှုရောဂါဖြစ်ပွားနိုင်ချေကိုလျှော့ကျစေပါတယ်။

🥺စိတ်ဓာတ်ကျတာတွေကိုသိသိသာသာသက်သာစေပါတယ်
EPAပါဝင်တာကြောင့် အသက်ကြီးလာလို့စိတ်ဓာတ်ကျပြီး အာရုံစူးစိုက်လို့မရတာတွေ
အလိုလိုနေရင်း ဝမ်းနည်းလာတာမျိုး၊စိတ်ပူပန်တာတွေနဲ့မှတ်ဉာဏ်ချို့ယွင်းမှုတွေကိုသက်သာနိုင်ပါတယ်
ကလေးတွေမှာဆိုရင် Attention Deficit Hyperactivity Disorderလို့ခေါ်တဲ့ အာရုံစူးစိုက်မှုလျှော့နည်းတဲ့ဟာကိုသက်သာစေပါတယ်
👶သန္ဓေသားအတွက်လည်းအလွန်အရေးပါပါတယ်။ ဒါကြောင့်omega3ကို 🤰ကိုယ်ဝန်ဆောင်မိခင်တွေလည်းသောက်သင့်ပါတယ်။ဘာကြောင့်လဲဆိုတော့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု၊အမြင်အာရုံ၊ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုတွေမှာကူညီပေးလို့ဖြစ်ပါတယ်။

💢သွေးတွင်းCholestrolအဆီဓာတ်ကိုကျစေပါတယ်
LDLလို့ခေါ်တဲ့မကောင်းတဲ့အဆီကိုကျစေပြီး
HDLလို့ခေါ်တဲ့ကောင်းတဲ့အဆီကိုတက်စေပါတယ်

🫀နှလုံးရောဂါဖြစ်ပွားမှုနဲ့ ရုတ်တရက်လေဖြတ်တာမျိုးကိုကာကွယ်စေပါတယ်
သွေးကြောလေးတွေရဲ့နံရံထူထဲလာပြီးတော့ထိခိုက်ပျက်စီးမှုဖြစ်တာမျိုးကိုမဖြစ်အောင် Omega3က တားပေးပါတယ်

သွေတိုးကြောင့်ဖြစ်တဲ့ နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပြီး သွေးပေါင်ပုံမှန်ရှိစေရန် ထိန်သိမ်းပေးပါတယ်။ဒါကြောင့် သွေးတိုးရောဂါရှိသူများလည်း သောက်သုံးနိုင်ပါတယ်။

💢အသည်းလုပ်ဆောင်ချက်များကိုကောင်းမွန်စေပြီး အသည်းမှအဆီများကိုလျော့နည်းစေပါတယ်
အဆီများပြီးအဝလွန်ရောဂါမဖြစ်အောင်လည်းကာကွယ်လျှော့ချပေးပါတယ်။

💢ခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုကိုလည်းသက်သာစေတာကြောင့်လူကြီးလူငယ်များနဲ့အားကစားသမားများအတွက်သင့်လျော်ပါတယ်
အရိုးအဆစ်ရောင်ရမ်းနာကျင်မှုကိုလျော့ကျစေပါတယ်

📍⬆️ဒီလိုကောင်းကျိုးတွေရှိပြီး ဘေးထွက်ဆိုးကျိုးတွေရော ဘာတွေရှိလဲ⬇️📍

💥ဘေးထွက်ဆိုးကျိုးများအဖြစ်...

🔑ခံတွင်းအနံ့ဆိုးခြင်း၊ လေတက်ခြင်း၊ ရင်ပူခြင်း၊ ဝမ်းပျက်ခြင်းစတဲ့ အချက်တွေ ဖြစ်လာတတ်ပါတယ်။
သွေးကျဲဆေး Aspirinဆေးနဲ့တွဲမသောက်သင့်ပါ။သွေးခဲစေတဲ့ဆေးတွေသောက်နေလျှင်လည်းငါးကြီးဆီနှင့်တွဲဖက်မသောက်သင့်ပါ။

📍လူတိုင်းသောက်ဖို့လိုအပ်သလား

🐠ငါးစားတဲ့လူဆိုရင်တော်ရုံသောက်စရာမလိုပါဘူး
ကလေးတွေတိုက်မယ်ဆိုရင် ကလေးအတွက်သီးသန့်ထုတ်ထားတဲ့ငါးကြီးဆီကိုမေးပြီးတိုက်သင့်ပါတယ်

⏰ဘယ်အချိန်သောက်သင့်လဲ?
အစာစားပြီးသောက်ရင် ဆေးအာနိသင်ပိုကောင်းစေပါတယ်။ငါးကြီးဆီကိုအဆီနဲ့တွဲပြီးစုပ်ယူတတ်တာဖြစ်ပါတယ်။ဒါကြောင့်အဆီအများဆုံးစားဖြစ်တဲ့နပ်မှာငါးကြီးဆီကိုတွဲပြီးသောက်သုံးသင့်ပါတယ်။

📌ဈေးကွက်ထဲမှာCompanyပေါင်းစုံကထုတ်တဲ့ ငါးကြီးဆီပုံစံမျိုးစုံရှိပါတယ်။ Brandတခုနဲ့တခု ဈေးနှုန်းတခုနဲ့တခုမတူကြသလို EPA,DHAပါဝင်မှုပမာဏလည်းနည်းနည်းဆီကွာကြပါတယ်။
EPAပိုများရင်ကောင်းလား DHAပိုများရင်ကောင်းလားဆိုရင်တော့ အသက်အရွယ်ပေါ်မူတည်ပြီးလိုအပ်ချက်များလည်းမတူပါဘူးရှင်❣️

ဆိုင်မှာရှိတဲ့ပုံစံလေးတွေကို⬇️ပြထားပါတယ်ရှင်

လိုအပ်ပါက မှာယူနိုင်ပါတယ်ရှင်
Thit Hsan Page messenger,Viber

#ပန်းသစ်ဆန်းဆေးဆိုင်
#09422355966,09953845815
#ဆေးရုံလမ်း၊ရှမ္မလည်ဆွဲရပ်၊ထားဝယ်မြို့

ကိုယ်ဝန်ဆောင်မေမေတို့အတွက် Rennie ....မေမေတို့ရေ .... ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ အစာမကြေခြင်း၊ ရင်ပူခြင်း ၊ ဝမ်းဗိ...
15/01/2023

ကိုယ်ဝန်ဆောင်မေမေတို့အတွက် Rennie ....

မေမေတို့ရေ ....
ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ အစာမကြေခြင်း၊ ရင်ပူခြင်း ၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း စတာတွေကြောင့် စိတ်ညစ်နေရပြီး ဘေဘီလေးအတွက် စိတ်ပူနေကြမှာပေါ့။

မေမေတို့အတွက် Rennie ရှိပါတယ်နော်...

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ Rennie ကို ယုံကြည်စိတ်ချစွာသောက်သုံး နိုင်ပါတယ် ။

Rennie အစာအိမ်လေနာပျောက်ဆေး (၂) ပြားကို ဝါးစားလိုက်ရုံနဲ့ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊လေထိုးလေအောင့် ၊ ဗိုက်အောင့်ဗိုက်နာ နှင့် အစာအိမ်အချဉ်ပေါက်ခြင်းတို့ကို အချိန်တိုအတွင်းသက်သာပျောစေတာမို့ မေမေတို့ဆောင်ထားပေးပါနော်။

Rennie အစာလေနာပျောက်ဆေးဟာ ဝမ်းချုပ်ခြင်းကိုလည်း မဖြစ်စေပါဘူးရှင်။


Copy :Rennie for myanmar

07/11/2022

Address

အမှတ်၃၀၄၊ဆေးရုံလမ်း(Star Worldကဖီးနံဘေး)(ထားဝယ်ဆေးရုံကြီးအရှေ့)ထားဝယ်မြို့။
Dawei

Telephone

+959953845815

Website

Alerts

Be the first to know and let us send you an email when Pann Thit Hsan Pharmacy-ပန်းသစ်ဆန်းဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pann Thit Hsan Pharmacy-ပန်းသစ်ဆန်းဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram