K-K Yoga Family

K-K Yoga Family Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from K-K Yoga Family, K-K Yoga Family, Dawei.

22/09/2022
သင် ဘယ် Chakra တွေ အားနည်းနေလဲ ? ဆန်းစစ်ကြည့်ရအောင်လူ့ခန္ဓာကိုယ်မှာ energy center လို့ခေါ်တဲ့ စွမ်းအင်အရင်းအမြစ် Chakras...
03/07/2021

သင် ဘယ် Chakra တွေ အားနည်းနေလဲ ?

ဆန်းစစ်ကြည့်ရအောင်
လူ့ခန္ဓာကိုယ်မှာ energy center လို့ခေါ်တဲ့ စွမ်းအင်အရင်းအမြစ် Chakras ၇ ခု ရှိပါတယ်။ 🖐️✌️

Chakras ၇ခုမှာ တစ်ခုချင်းဆီရဲ့တည်ရှိပုံနေရာဌာနများလည်း မတူသလို စွမ်းဆောင်အလုပ်လုပ်ပုံများလည်း မတူပါဘူး။
ခန္ဓာကိုယ်မှာရှိတဲ့ Chakra တွေ ညီမျှပြီး သဟဇာတဖြစ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေမှာ ဖွံဖြိုးတိုးတက်မှုတွေရှိလာစေပါတယ်။ မိမိရဲ့ ကာယစွမ်းအား၊ ဉာဏစွမ်းအားတွေကို အကျိုးရှိရှိအသုံးချနေထိုင်သွားနိုင်မှာပါ။ 🤓🤓

ဒါကြောင့် ခန္ဓာကိုယ်က Chakraတွေ ညီမျှပြီး သဟဇာတဖြစ်နေဖို့ကလည်း အရေးကြီးပါတယ်။ ဒီလို စွမ်းအင်တွေ သဟဇာတမ (balance) မဖြစ်ဘဲ ပိတ်ဆို့လျော့ကျပြီး block ဖြစ်‌နေတယ်ဆိုရင် ဖြစ်ပေါ်လေ့ရှိတဲ့ လက္ခဏာရပ်တွေရှိပါတယ်။ 😔

ကိုယ်က ဘယ် Chakra မှာ block ဖြစ်နေလဲဆို‌တာ အောက်က အချက်တွေနဲ့ ကြည့်ပြီး ဆန်းစစ်ကြည့်လို့ရပါတယ်။ ခန္ဓာကိုယ်မှာ block ဖြစ်နေတဲ့ Chakra ရှိနေတယ်ဆိုရင်လည်း healing လုပ်ပေးနိုင်မယ့် ကျောက်မျက်ပုလင်းတွေကိုလည်း တစ်ခါတည်း ဖော်ပြထားပေးပါတယ်။🧐

💜 Crown Chakra အားနည်းနေရင်
- ယုံကြည်မှုအားနည်း‌နေမယ်။
- တရားထိုင်၊ တရားအားထုတ်တဲ့အခါတွေမှာ အခက်အခဲရှိမယ်။
- စိတ်ဓာတ်ကျနေမယ်။
- စိတ်ပါဝင်စားမှုအားနည်းလာမယ်။
- ရည်မှန်းချက်တွေနဲ့ ဝေးကွာနေတယ်လို့ ခံစားရမယ်။

✨ Crown Chakra အတွက်ဆိုရင်တော့ Amethyst ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

💙 Third Eye Chakra အားနည်းနေရင်
- မျက်လုံးနဲ့ဆိုင်သော ပြဿနာ‌တွေ၊
- အိပ်မပျော်တာတွေ ဖြစ်မယ်။
- မကြာခဏ ခေါင်းကိုက်မယ်။
- အာရုံစူးစိုက်မှု လျော့နည်းလာမယ်။
- အကြားအာရုံပြသနာတွေ ဖြစ်မယ်။

✨ Third Eye Chakra အတွက်ဆိုရင်တော့ Lapis Lazuli ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

💙 Throat Chakra အားနည်းနေရင်
- သိုင်းရွိုက် နှင့်ဆိုင်သော လက္ခဏာတွေ ဖြစ်မယ်။
- လည်ချာင်းနာမယ်။
- ခေါင်းမကြာခဏကိုက်မယ်။
- စကားပြောဆိုဆက်ဆံတဲ့အခါ စိုးရိမ်ကြောင့်ကြမှုဖြစ်နေမယ်။
- လူအများရှေ့ ပြောဆိုရမှာကို ကြောက်ရွံနေမယ်။

✨ Throat Chakra အတွက်ဆိုရင်တော့ Kyanite ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

💚 Heart Chakra အားနည်းနေရင်
- အထီးကျန်တယ်လို့ ခံစားရမယ်။
- စိတ်ဓာတ်ကျမယ်။
- စိုးရိမ်ပူပန်တာတွေ များလာမယ်။
- ရင်ဘတ်နာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်မယ်။
- သွေးပေါင်ချိန်မြင့်တာတွေ ဖြစ်မယ်။

✨ Heart Chakra အတွက်ဆိုရင်တော့ Green Aventurine ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

💛 Solar Plexus Chakra အားနည်းနေရင်
- အစာချေခက်ခဲတာ၊ အစာအိမ်နာတာတွေ ဖြစ်မယ်။
- အစားစားချင်စိတ် ပျောက်ဆုံးလာမယ်။
- မိမိကိုယ်ကို တန်ဖိုးထားမှု လျော့နည်းနေမယ်။
- အကူအညီမဲ့တယ်လို့ ခံစားနေရမယ်။
- ဒေါသထွက်လွယ်လာမယ်။

✨ Solar Plexus Chakra အတွက်ဆိုရင်တော့ Citrine ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

🧡 Sacral Chakra အားနည်းနေရင်
- သွေးအားနည်းရောဂါတွေ ဖြစ်တယ်။
- ကျောနာ ကျောအောင့်တာတွေ ဖြစ်မယ်။
- အားအင်ကုန်ဆုံးနေမယ်။
- ကျောက်ကပ်၊ သရက်ရွက် နဲ့ဆိုင်တဲ့ ရောဂါလက္ခဏာတွေ ခံစားရမယ်။

✨ Sacral Chakra အတွက်ဆိုရင်တော့ Carnelian ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

❤️ Root Chakra အားနည်းနေရင်
- ပင်ပန်းနွမ်းနယ်နေမယ်။
- မိမိကိုယ်ကို ယုံကြည်မှုအားနည်းနေမယ်။
- ဒေါသကြီးမယ်၊ ဒေါသထွက်လွယ်လာမယ်။
- စိတ်မရှည်တာတွ ဖြစ်မယ်။
- အလိုလောဘကြီးနေမယ်။

✨ Root Chakra အတွက်ဆိုရင်တော့ Red Garnet ကျောက်မျက်ပုလင်းကို အဓိကထားပြီး ရွေးချယ်သင့်ပါတယ်။

ကိုယ်က ဘယ်Chakras မှာ အားနည်းနေလဲဆိုတာကို အောက်မှာပေးထားတဲ့ Website Link ကိုဝင်ပြီးတော့လည်း Test လုပ်လို့ရပါတယ်နော်
👇👇👇
https://www.eclecticenergies.com/chakras/chakradotest

Chakra balancing healing တင်မကပဲ ကျောက်မျက်တွေမှာ ပါဝင်တဲ့ အာနိသင်တွေကလည်း ထပ်မံပြီး အကျိုးဖြစ်စေဦးမှာပါ။ ဒါကြောင့်မို့ ကျောက်မျက်ပုလင်းတွေကို ရွေးချယ်ပြီး ကျွန်တော်တို့ Crystal Water Myanmar မှာ လာရောက်မှာယူလို့ရပါတယ်...💧♥️

ဘယ်လို မှာရမလဲ ❓❓
‎‎
👉🏽 Message ပို့ပြီးမှာချင်ရင်ဖြင့် လိုချင်တဲ့ အရေတွက်ကို နာမည် လိပ်စာနဲ့ ဖုန်းနံပါတ်ကို “Send Message” နှိပ်ပြီး ပို့မှာပေးပါ။

👉🏽 ဖုန်းဆက်ပြီး မှာချင်ရင်တော့ 09 401545906 ကိုဆက်လိုက်ပါ

‼️ လိမ်လည် မသမာသူတွေရှိလို့ ဖုန်းနံပါတ်နဲ့ လိပ်စာကို Comment မှာ လုံးဝ (လုံးဝ) မထားခဲ့ပါနဲ့နော်

👉🏽 စိတ်ထဲက မသင်္ကာရင် အချိန်မရွေး Ph no - 09 401545906 ကို ဆက်သွယ်လို့ရပါတယ်

🌟ပစ္စည်းလေးမှာရင် တစ်ပတ်ခန့် စောင့်ရပါမယ်🌟

မှတ်ချက်။ ။ Chakras နဲ့ပတ်သတ်တဲ့ ကျောက်မျက်ပုလင်းလေးတွေအကြောင်းကိုလည်း Crystal Myanmar Page မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ




K-K Yoga Family Happy International Yoga Day
21/06/2021

K-K Yoga Family
Happy International Yoga Day

Miss you all
11/06/2021

Miss you all

မြန်မာတနိုင်ငံလုံးရှိ ယောဂ instructor များနှင့် ယောဂလေ့ကျင့်ကြသူများ၏သဘောထား။   ။K- K Yoga Family ၏သဘောထား။Yogaသည် ကိုယ်...
13/02/2021

မြန်မာတနိုင်ငံလုံးရှိ ယောဂ instructor များနှင့် ယောဂလေ့ကျင့်ကြသူများ၏သဘောထား။ ။

K- K Yoga Family ၏သဘောထား။

Yogaသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာအောင် နှင့် ငြိမ်းချမ်းတည်ငြိမ်မှုကို ခေါ်ဆောင်စေသည့် ကျင့်စဉ်တခုဖြစ်တဲ့အလျောက်

ပြည်သူပြည်သား လူအများ၏ ကိုယ်စိတ်နှစ်ပါးကို ဝမ်းနည်း နာကျင် တုန်လှုပ်ခြောက်ခြားအောင် မမှန်မကန် မတရားနည်းဖြင့် ဖိနှိပ်နေသော အုပ်ချုပ်မှုကို ပြတ်ပြတ်သားသား ပြင်းပြင်းထန်ထန် ရှုံ့ချကာ Civil Disobedience လှုပ်ရှားမှုကို အားပေး ကူညီထောက်ပံ့ပေးသွားပါမည်။

#ပြည်သူအားလုံးပူးပေါင်းဆန့်ကျင်ကြ








Address

K-K Yoga Family
Dawei

Telephone

+95941004593

Website

Alerts

Be the first to know and let us send you an email when K-K Yoga Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram