Mediland Hospital Dawei

Mediland Hospital Dawei Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mediland Hospital Dawei, Hospital, No. 24, Kamyawkin Road, San Chi Quarter, Dawei Township, Tanintharyi Division, Dawei.

😮‍💨 အမြဲတမ်း နုံးခွေပြီး မောပန်းနေတာ ဘာကြောင့်လဲ ⁉️🧑‍💁‍♀️ တကယ်တော့ မောပန်းနွမ်းနယ်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေ ...
22/02/2026

😮‍💨 အမြဲတမ်း နုံးခွေပြီး မောပန်းနေတာ ဘာကြောင့်လဲ ⁉️

🧑‍💁‍♀️ တကယ်တော့ မောပန်းနွမ်းနယ်ခြင်းဆိုတာ ခန္ဓာကိုယ်ထဲမှာ သွေးနီဥတွေ နည်းပါးနေတဲ့ သွေးအားနည်းရောဂါ ရဲ့ ရှေ့ပြေးလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ 🧑‍💁‍♀️

❓ သွေးအားနည်းရောဂါ (𝐀𝐧𝐞𝐦𝐢𝐚) ဆိုတာဘာလဲ ❓
သွေးအားနည်းရောဂါဆိုတာ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေဆီကို အောက်ဆီဂျင် လုံလုံလောက်လောက် သယ်ဆောင်ပေးနိုင်တဲ့ သွေးနီဥဆဲလ် (𝐑𝐞𝐝 𝐁𝐥𝐨𝐨𝐝 𝐂𝐞𝐥𝐥𝐬) အရေအတွက် နည်းပါးနေခြင်း သို့မဟုတ် သွေးနီဥထဲမှာရှိတဲ့ ဟေမိုဂလိုဘင် (𝐇𝐞𝐦𝐨𝐠𝐥𝐨𝐛𝐢𝐧) ပမာဏ လျော့နည်းနေခြင်းကို ဆိုလိုပါတယ်။ 🧬

🔍 ဘာကြောင့် ဒီရောဂါ ဖြစ်ရတာလဲ ❓
သွေးအားနည်းရခြင်း အကြောင်းရင်းတွေကတော့ -
▪️ သွေးဆုံးရှုံးခြင်း 🩸 - ထိခိုက်ဒဏ်ရာရခြင်း၊ ရာသီသွေးအလွန်အကျွံဆင်းခြင်း သို့မဟုတ် အစာအိမ်အနာကြောင့် သွေးထွက်ခြင်း။
▪️ သွေးနီဥ ထုတ်လုပ်မှု အားနည်းခြင်း 📉 - သံဓာတ်၊ ဗီတာမင် B12 သို့မဟုတ် ဖောလစ်အက်ဆစ် (Folic Acid) ချို့တဲ့ခြင်း။
▪️ သွေးနီဥများ ပျက်စီးနှုန်း မြန်ခြင်း ⚡ - မျိုးရိုးလိုက်ရောဂါများ သို့မဟုတ် ကိုယ်ခံအားစနစ် ချို့ယွင်းမှုကြောင့် သွေးနီဥများ ပုံမှန်ထက်စောပြီး ပျက်စီးသွားခြင်း။

⚠️ ရောဂါလက္ခဏာများ ⚠️
• 🥱 အမြဲတမ်း နုံးခွေပြီး မောပန်းနေခြင်း။
• ⚪ အသားအရေ ဖြူဖျော့ခြင်း (မျက်ခွံအတွင်းသား၊ လက်သည်းခွံများ ဖြူခြင်း)။
• 😵‍💫 ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း။
• 🥶 လက်ခြေများ အေးစက်နေခြင်း။
🚨 အသက်အန္တရာယ်ရှိသော လက္ခဏာများ 🚨
• 💔 ရင်ဘတ်အောင့်ခြင်း။
• 💓 နှလုံးခုန် မြန်လွန်းခြင်း သို့မဟုတ် မမှန်ခြင်း။
• 😮‍💨 အသက်ရှူရ အလွန်ခက်ခဲခြင်း။
• 😵 သတိလစ်ခြင်း။

📉 နောက်ဆက်တွဲ ပြဿနာများ 📉
သွေးအားနည်းခြင်းက ရုတ်တရက်ဖြစ်နိုင်သလို တဖြည်းဖြည်းချင်းလည်း ဖြစ်တတ်ပါတယ်။ မကုသဘဲ ထားပါက -
• နှလုံးရောဂါ ❤️‍🩹 - အောက်ဆီဂျင် ရအောင် နှလုံးက ပိုအလုပ်လုပ်ရသဖြင့် နှလုံးကြီးခြင်းနှင့် နှလုံးပျက်စီးခြင်း (Heart Failure) ဖြစ်နိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်မိခင်များ 🤰 - လမစေ့ဘဲ ကလေးမွေးခြင်းနှင့် ပေါင်မပြည့်သော ကလေးများ မွေးဖွားနိုင်ခြင်း။
• ကြီးထွားမှု နှေးကွေးခြင်း 🧒 - ကလေးငယ်များတွင် ဉာဏ်ရည်နှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှောင့်နှေးနိုင်ပါတယ်။
🧪 ဘယ်လိုရောဂါရှာဖွေမလဲ 🧪
• 💉 သွေးစစ်ပြီး သွေးနီဥနှင့် ဟေမိုဂလိုဘင် ပမာဏကို တိုင်းတာခြင်း (CBC Test)။
• 🔬 သံဓာတ်ပမာဏ (Iron Profile) ကို စစ်ဆေးခြင်း။
💊 ဘယ်လိုကုသမှု ခံယူမလဲ 💊
• 💊 သံဓာတ်အားဆေး၊ ဗီတာမင်ဆေးပြားများ သောက်သုံးခြင်း။
• 🥗 အာဟာရ ပြည့်ဝစွာ စားသုံးခြင်း။
• 🏥 သွေးအား အလွန်အမင်း နည်းပါက ဆေးရုံတွင် သွေးသွင်းကုသမှု ခံယူခြင်း။

✅ ကာကွယ်ရန်နည်းလမ်းများ ✅
ဒီရောဂါ မဖြစ်အောင် နေ့စဉ်စားသောက်မှုပုံစံကို ဂရုစိုက်ရပါမယ် -
• 🥩 သံဓာတ်ကြွယ်ဝသော အစားအစာများ - အသား၊ ငါး၊ အသည်း၊ ပဲအမျိုးမျိုးနှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ စားပါ။
• 🍋 ဗီတာမင် C - သံဓာတ်စုပ်ယူမှု ကောင်းစေရန် လိမ္မော်သီး၊ ရှောက်သီး စတဲ့ အသီးအနှံများ တွဲဖက်စားပေးပါ။
• 🩺 ပုံမှန်ကျန်းမာရေးစစ်ဆေးပါ - အထူးသဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ သွေးစစ်ဆေးမှု ပုံမှန်လုပ်သင့်ပါတယ်။

🍀 ရည်မွန်နွေးထွေး ကုသပေး 🍀




🎂💚 𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝗕𝗼𝗿𝗻 🎂💚🎉🎁 မယ်ဒီလန်းဆေးရုံ မိသားစုရဲ့  ဖေဖော်ဝါရီလ မွေးနေ့ရှင် ဝန်ထမ်းများအတွက် မွေးနေ့...
22/02/2026

🎂💚 𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝗕𝗼𝗿𝗻 🎂💚

🎉🎁 မယ်ဒီလန်းဆေးရုံ မိသားစုရဲ့ ဖေဖော်ဝါရီလ မွေးနေ့ရှင် ဝန်ထမ်းများအတွက် မွေးနေ့ကိတ်ခွဲခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခြင်းများဖြင့် မွေးနေ့ပွဲကို ပျော်ရွင်စွာ ပြုလုပ်ခဲ့သော အမှတ်တရပုံရိပ်လေးများအား မျှဝေပေးလိုက်ရပါတယ်ရှင်။ 🎉🎁

🎉🎁 မွေးနေ့ရှင်များ အားလုံး မွေးနေ့မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် နေ့ရက်တိုင်းကို အခက်အခဲမရှိ ဖြတ်သန်းနိုင်ပြီး လိုအင်ဆန္ဒဟူသမျှ တောင့်တတိုင်း ပြည့်စုံကြပါစေလို့ မယ်ဒီလန်းဆေးရုံမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ရှင်။ 🎉🎁

🍀🍀 “ ရည်မွန်နွေးထွေး ကုသပေး ” 🍀🍀




🫁 အဆုတ်ကင်ဆာရောဂါရဲ့ သိထားရမည့် အချက်များနှင့် ကုသနိုင်သော နည်းလမ်းများ🚭💁🏻‍♀️ အဆုတ်ကင်ဆာရောဂါဟာ ကမ္ဘာပေါ်တွင် ဖြစ်ပွားမှ...
20/02/2026

🫁 အဆုတ်ကင်ဆာရောဂါရဲ့ သိထားရမည့် အချက်များနှင့် ကုသနိုင်သော နည်းလမ်းများ🚭

💁🏻‍♀️ အဆုတ်ကင်ဆာရောဂါဟာ ကမ္ဘာပေါ်တွင် ဖြစ်ပွားမှု အများဆုံးနှင့် သေဆုံးနှုန်း မြင့်မားသော ကင်ဆာဖြစ်ပါတယ်။

⚠️ ဖြစ်ပွားစေတဲ့ အဓိကအကြောင်းအရင်းများ ⚠️
• ဆေးလိပ်သောက်ခြင်းနှင့် တဆင့်ခံဆေးလိပ်ငွေ့🚬 - ဆေးလိပ်သောက်တဲ့သူဟာ မသောက်တဲ့သူထက် (၁၅) ဆ မှ (၂၅) ဆအထိ ကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။
• ပတ်ဝန်းကျင် - လေထုညစ်ညမ်းမှု၊ ကင်ဆာဖြစ်စေသော ဓာတ်ငွေ့နှင့် ဓာတုဗေဒပစ္စည်းများ (Carcinogens)။ 🏭
• အခြားအချက်များ - မျိုးရိုးရှိခြင်းနှင့် ယခင်က ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးခြင်း။ 🧬

💨🚬 ဆေးလိပ်ငွေ့တွင် ဆေးရွက်ကြီးအပါအဝင် ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းများ (Carcinogens) များစွာပါဝင်ပါတယ်။ ဆေးလိပ်ငွေ့ရှူရှိုက်သူတွေဟာ ဓာတ်ပစ္စည်းများကြောင့် အဆုတ်တွင်းရှိ ဆဲလ်များကို ထိခိုက်စေပါတယ်။ အစောပိုင်းမှာ ထိခိုက်ပြောင်းလဲမှုများကို ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်အောင် ပြုပြင်လုပ်ဆောင်ပေးနိုင်သော်လည်း ထိတွေ့မှု အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်လာပြီး နောင်တစ်ချိန်တွင် ကင်ဆာဆဲလ်အဖြစ် ပြောင်းသွားသော ကြောင့် အဆုတ်ကင်ဆာ ဖြစ်လာနိုင်ပါတယ်။ 💨🚬

🔍 မှတ်ချက်: CT Scan ရိုက်ခြင်းဖြင့် ရောဂါအစောပိုင်းအဆင့်ကို သိရှိနိုင်ပြီး ထိရောက်စွာ ကုသနိုင်ပါတယ်။ 🔍

🚨 သတိပြုရန် ရောဂါလက္ခဏာများ 🚨
ရောဂါအစောပိုင်းတွင် လက္ခဏာမပြတတ်သော်လည်း အောက်ပါ လက္ခဏာများ ဖြစ်လာပါက သတိပြုသင့်ပါတယ်။
• 🗣️ နာတာရှည် ချောင်းဆိုးခြင်း၊ တဖြည်းဖြည်း ပိုဆိုးလာခြင်း။
• 🩸 ချောင်းဆိုးလျှင် သွေးပါခြင်း။
• 😮‍💨 အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် မောခြင်း။
• 📉 အစားအသောက်ပျက်ခြင်းနှင့် ကိုယ်အလေးချိန် သိသိသာသာကျခြင်း။
• 🗣️ အသံဝင်ခြင်း (သို့) အသံပြောင်းသွားခြင်း။
• 💦 အဆုတ်အမြှေးပါးသို့ ကင်ဆာပျံ့ခြင်းကြောင့် အရည်ဝိုင်းခြင်း (Malignant pleural effusion)
• 😰 အသည်းသို့ ကင်ဆာပြန့်ပွားသွားသောကြောင့် အသားဝါခြင်း
• 🧠 ဦးနှောက်သို့ ကင်ဆာပြန့်ပွားသွားသောကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်း၊ လက်နှင့် ခြေထောက်များ အားနည်းခြင်း
• 🦴 အရိုးသို့ ကင်ဆာပြန့်ပွားသွားသောကြောင့် ပခုံးနာခြင်း၊ နံရိုးနာကျင်ခြင်း၊ ကိုက်ခြင်း၊ ကျောရိုးနာခြင်း
• 👉🏻 အနီးရှိ သွေးကြောများကို ကင်ဆာပြန့်ပွားသွားသောကြောင့် မျက်နှာ၊ လည်ပင်း၊ လက်မောင်းနှင့် ရင်ဘတ်အပေါ်ပိုင်းတွင် ရောင်ရမ်းခြင်း (Superior Vena Cava syndrome)
• 🧠 အာရုံကြောကို ကင်ဆာပျံ့ခြင်းကြောင့် မျက်နှာတစ်ခြမ်းတွင် မျက်ခွံကျခြင်း၊ သူငယ်အိမ် ကျဥ်းခြင်း၊ ချွေးမထွက်ခြင်း (Horner’s syndrome) တို့ ဖြစ်နိုင်ပါတယ်။

🧬 အဆုတ်ကင်ဆာ အမျိုးအစားများ 🧬
အဆုတ်ကင်ဆာ အမျိုးအစား သုံးမျိုးရှိပါတယ်။
1. 𝐍𝐨𝐧-𝐬𝐦𝐚𝐥𝐥 𝐜𝐞𝐥𝐥 𝐥𝐮𝐧𝐠 𝐜𝐚𝐧𝐜𝐞𝐫 - ဖြစ်ပွားမှု အများဆုံးဖြစ်သော ကင်ဆာ (၈၀%)။
2. 𝐒𝐦𝐚𝐥𝐥 𝐜𝐞𝐥𝐥 𝐥𝐮𝐧𝐠 𝐜𝐚𝐧𝐜𝐞𝐫 - ဖြစ်ပွားမှုနည်းသော်လည်း ပျံ့နှံ့နှုန်း အလွန်မြန်သော ကင်ဆာ။ ⚡
3. 𝐏𝐥𝐞𝐮𝐫𝐚𝐥 𝐦𝐞𝐬𝐨𝐭𝐡𝐞𝐥𝐢𝐨𝐦𝐚 - အဆုတ်အမြှေးပါးတွင် ဖြစ်သော ကင်ဆာ။

🏥 ကုသနိုင်သော နည်းလမ်းများ 🏥
အဆုတ်ကင်ဆာရောဂါဟာ ကုသလို့ရတဲ့ ရောဂါ ဖြစ်တဲ့အတွက် အချိန်မီ ကုသမှုခံယူရန် အရေးကြီးပါတယ်။ ရောဂါကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ -
• အစောပိုင်းအဆင့် - ခွဲစိတ်ကုသခြင်း (Surgery)။ 🔪
• အဆင့်မြင့်အဆင့် - ဓာတ်ရောင်ခြည်ကုထုံး (Radiotherapy) နှင့် ဆေးသွင်းကုထုံး (Chemotherapy)။ ☢️💉
• ကင်ဆာပျံ့နှံ့အဆင့် - ပစ်မှတ်ထားကုထုံး (Targeted Therapy) နှင့် နောက်ဆုံးပေါ် မျိုးဗီဇပြောင်းလဲခြင်းဖြင့်လည်း ကုသနိုင်ပါတယ်။

Credit # ဒေါက်တာ ဝင့်ထည်ဉာဏ်စိုး

🍀 "ရည်မွန်နွေးထွေး ကုသပေး” 🍀




Vacancy Announcementမယ်ဒီလန်းဆေးရုံ(ထားဝယ်)တွင် အောက်ပါဝန်ထမ်းအား ခေါ်ယူနေရှိပါသည်။✅ Laboratory  Medical Technologist (M...
18/02/2026

Vacancy Announcement
မယ်ဒီလန်းဆေးရုံ(ထားဝယ်)တွင် အောက်ပါဝန်ထမ်းအား ခေါ်ယူနေရှိပါသည်။

✅ Laboratory Medical Technologist (M/F)

Requirement:

✔️ Medical Technologist ဘွဲ့ရ (သို့မဟုတ်) Lab Technician လက်မှတ်ရရှိထားသူများလည်း လျှောက်ထားနိုင်ပါသည်။

✔️ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အဖွဲ့အစည်းနှင့်တာဝန်ထမ်းနိုင်သူဖြစ်ရမည်။

✔️ ထားဝယ်တွင် လာရောက်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅ ခံစားခွင့်များ
- အချိန်ပိုလုပ်ခ လစာရရှိခြင်း။
- မိမိကိုယ်တိုင်နှင့် မိသားစုဝင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများအတွက် သက်သာခွင့်များရရှိခြင်း - နှစ်စဉ် Bonus ခံစားခွင့်ရှိခြင်း ၊ လစာတိုးများခံစားခွင့်ရှိခြင်း။ နေစရာအဆောင်စီစဉ်ပေးခြင်း၊
လျှောက်ထားလိုပါက CV Form နှင့်အတူ
• ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်မိတ္တူ
• မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊အလုပ်သမားမှတ်ပုံတင်
• (၆) လ အတွင်း ရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံ (၂) ပုံနှင့်အတူ

Mediland Hospital (Dawei) ၏ Talent Management ဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ tm@medilandhospital.com.mm E-mail သို့ လည်ကောင်း၊Viber 09697762619 သို့လည်းလျှောက်ထားနိုင်ပါသည်။

🇲🇲 ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ရပါတယ်ရှင် ။🇲...
11/02/2026

🇲🇲 ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ရပါတယ်ရှင် ။🇲🇲

🍀 ရည်မွန်နွေးထွေး ကုသပေး 🍀




Dawei

Vacancy Announcementမယ်ဒီလန်းဆေးရုံ (ထားဝယ်) တွင် အောက်ပါဝန်ထမ်းအားခေါ်ယူလျက်ရှိပါသည်။✅ ပစ္စည်းသယ်ယူပို့ဆောင်သူ (Porter ...
11/02/2026

Vacancy Announcement

မယ်ဒီလန်းဆေးရုံ (ထားဝယ်) တွင် အောက်ပါဝန်ထမ်းအားခေါ်ယူလျက်ရှိပါသည်။

✅ ပစ္စည်းသယ်ယူပို့ဆောင်သူ (Porter )(ကျား-၁ဦး)

လိုအပ်သောအရည်အချင်းများ-

✓ပညာအရည်အချင်း အခြေခံပညာ (သို့) အလယ်တန်းအဆင့်ရှိသူဖြစ်ရမည်။
✓အသက် ၁၈ မှ ၄၅ နှစ်အတွင်း ဖြစ်ရမည်။
✓ လူနာများ၏ပစ္စည်းများကိုသယ်ယူပို့ဆောင်ပေးနိုင်သူဖြစ်ရမည်။
✓ကျန်းမာရေးကောင်းမွန်ပြီး ၊ အလုပ်ချိန်အတွင်းအရက်အသောက်အစားကင်းသူဖြစ်ရမည်။
✓‌ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အဖွဲ့အစည်းနှင့်ပူးပေါင်းလုပ်ကိုင်နိုင်သူဖြစ်ရမည်။

လျှောက်ထားလိုပါက
• ၆ လအတွင်းရိုက်ကူးထားသော ဓာတ်ပုံ (၂ )ပုံ၊ မှတ်ပုံတင်မိတ္တူ၊
အိမ်ထောင်စုစာရင်းမိတ္တူ၊ အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူတို့နှင့်အတူ လူကိုယ်တိုင် လာရောက်၍သော်လည်ကောင်း၊ tm@medilandhospital.com.mm, E- mail သို့ လည်ကောင်း၊ 09697762619 Viber သို့လည်ကောင်း လျှောက်ထားနိုင်ပါသည်။

👉🏻 သားအိမ်တွင် အသားလုံးတည်ခြင်း 👈🏻 ❓ သားအိမ်တွင် အသားလုံးတည်ခြင်း ဆိုတာ ဘာလဲ ❓💁🏻‍♀️ သားအိမ်နံရံမှာ အလွှာ သုံးလွှာရှိတဲ့အ...
10/02/2026

👉🏻 သားအိမ်တွင် အသားလုံးတည်ခြင်း 👈🏻

❓ သားအိမ်တွင် အသားလုံးတည်ခြင်း ဆိုတာ ဘာလဲ ❓
💁🏻‍♀️ သားအိမ်နံရံမှာ အလွှာ သုံးလွှာရှိတဲ့အနက် အလယ်အလွှာဖြစ်တဲ့ သားအိမ်ကြွက်သား အလွှာကနေ အသားလုံးဖြစ်လာခြင်းကို ခေါ်ပါတယ်။ အသားလုံးဖြစ်တဲ့အတွက် အမျိုးသမီး အယောက် (၁၀၀) မှာ ၁ ယောက် (0.1%) ကတော့ ကင်ဆာဘက်ကို ပြောင်းသွားနိုင်ပါတယ်။ 💁🏻‍♀️

❓ သားအိမ်အသားလုံးဟာ ဘယ်လို အမျိုးသမီးတွေမှာ ဖြစ်တတ်ပါသလဲ ❓
🙍🏻‍♀️👩🏻 သားအိမ်အသားလုံးသည် အိမ်ထောင်မရှိသူများ၊ ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးတဲ့ အိမ်ထောင်ရှင် အမျိုးသမီးများ၊ အပျိုဖော် စောစောဝင်သော အမျိုးသမီးများ၊ အဝလွန်သော အမျိုးသမီးများ၊ အသားလုံးတည်သော မျိုးရိုးရှိသူ အမျိုးသမီးများ၊ အာဖရိကန်- အမေရိကန် လူမျိုးစု အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ 🙍🏻‍♀️👩🏻

❓ သားအိမ် အသားလုံးတည်ရင် ဘယ်လို ရောဂါ လက္ခဏာတွေ ခံစားရပါသလဲ ❓
👉🏻 ရောဂါလက္ခဏာများ အနေနဲ့ သားအိမ်နံရံရဲ့ အတွင်းဘက်ကို ပိုရောက်သလား? အပြင်ဘက်ကို ပိုရောက်သလား? အသားလုံး အရွယ်အစား ဘယ်လောက်လဲ? သားအိမ်ရဲ့ ဘယ်နေရာတွေမှာ ဖြစ်နေတာလဲ? ဆိုဆဲ့ အချက်တွေအပေါ် မူတည်ပြီး
▪️ ဘာရောဂါ လက္ခဏာမှ မခံစားရခြင်း
▪️ သွေးဆင်းများခြင်း
▪️ ရာသီလာရင် ကိုက်ခဲခြင်း
▪️ ဆီးကျင်ခြင်း၊ ဆီး ခဏခဏ သွားချင်ခြင်း၊ ဆီးသွားပြီးရင် ဆီးကျန်နေခြင်း၊ ဆီးသွားရ ခက်ခဲခြင်း
▪️ ခါးနာ၊ ခါးကိုက်ခြင်း စသဖြင့် ခံစားရတတ်ပါတယ်။

❓သားအိမ် အသားလုံးတည် မတည် ဘယ်လိုနည်းနဲ့ တိတိကျကျ သိနိုင်ပါသလဲ ❓
🩻 သားအိမ် အသားလုံးတည်ခြင်းကို Ultrasound ရိုက်ရုံဖြင့် သိရှိနိုင်ပါတယ်။ 🩻

❓ ဘယ်လို ကုသမှုတွေ ရှိပါသလဲ ❓
💁🏻‍♀️ ကုသတဲ့ နေရာမှာ အရွယ်အစားသေးတယ်၊ ဘာရောဂါလက္ခဏာမှလည်း မခံစားရဘူးဆိုရင် ဘာမှ လုပ်စရာမလိုပဲ တစ်နှစ် တစ်ခါ Ultrasound ပြန်ရိုက်ပြီး အသားလုံးက ပိုပြီးလည်း ကြီးမလားဘူးဆိုရင် ကုသမှု မခံယူလို့ ရပါတယ်။
💠 အရွယ်အစား ကြီးတာ (သို့မဟုတ်) အရွယ်အစား သေးသော်လည်း မိမိမှာ ရောဂါလက္ခဏာများ ခံစားရတယ်ဆိုရင်တော့ ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ 💠
💠 ကုသရာတွင် အရွယ်အစားအပေါ် မူတည်ပြီး သောက်ဆေး၊ ထိုးဆေးတွေနဲ့ ကုသလို့ ရသလို ခွဲစိတ် ကုသတဲ့ နည်းလမ်းလည်း ရှိပါတယ်။ ခွဲစိတ် ကုသရာတွင် အသားလုံးပဲ ထုတ်ခြင်း၊ သားအိမ်ကိုပါ ထုတ်ခြင်း ဆိုပြီး (၂) မျိုး ရှိပါတယ်။ 💠
💠 ခွဲစိတ်တဲ့ နည်းလမ်းမှာလည်း သမရိုးကျ ဗိုက်ကိုဖွင့်ပြီး ခွဲစိတ်တာ ရှိသလို Laparoscope လို့ ခေါ်တဲ့ မှန်ပြောင်းနဲ့ ဗိုက်ကို အပေါက်ငယ်လေးတွေပဲ ဖောက်ပြီး ဗိုက်ခွဲစရာမလိုပဲ ကုသလို့ ရတဲ့ နည်းလမ်းလည်း ရှိပါတယ်။ သို့ပေမယ့် ဘယ်လို နည်းလမ်းနဲ့ ကုသရမလဲဆိုတာကတော့ လူနာရဲ့ အသက်အရွယ်၊ ကလေး ဆက်ယူဖို့ အစီအစဥ် ရှိမရှိ၊ ရောဂါ လက္ခဏာများ၊ အသားလုံးရဲ့ အရွယ်အစား၊ တည်နေရာ စတဲ့ အချက်တွေအပေါ် မူတည်ပြီး သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးများနှင့် စနစ်တကျ တိုင်ပင် ဆွေးနွေးပြီးမှ ကုသမှု ခံယူသင့်ပါတယ်ရှင်။ 💠

🍀 “ ရည်မွန်နွေးထွေး ကုသပေး ” 🍀




08/02/2026

❓အဖြူဆင်းတာက သားအိမ်ခေါင်း ကင်ဆာဖြစ်နိုင်လား ❓

💁🏻‍♀️ ဒီနေ့မှာတော့ မယ်ဒီလန်းဆေးရုံရဲ့ Medical Officer ဒေါက်တာ ထက်စုဝေ မှ သားအိမ်ခေါင်းကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ? အဖြူဆင်းတာက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်လား? သားအိမ်ခေါင်း အချွဲမြှေး ယူတာက နာကျင်လား? သားအိမ်ခေါင်းကင်ဆာဖြစ်ရင် ဘယ်လို ဆက်ပြီး ကုသရမလဲ? သားအိမ်ခေါင်း ကင်ဆာ ဘာကြောင့် ဖြစ်တာလဲ? သားအိမ်ခေါင်းကင်ဆာက ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲ? ဆိုတာတွေကို ကျန်းမာရေး ဗဟုသုတ အနေနဲ့ ရှင်းလင်း ပြောပြပေးထားပါတယ်ရှင်။ 💁🏻‍♀️

🍀 ရည်မွန်နွေးထွေး ကုသပေး 🍀



06/02/2026

🚑🚨 အခြေခံ အသက်ကယ်နည်း သင်တန်း (𝐁𝐋𝐒 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠) 🚑🚨

❗"အရေးပေါ်အခြေအနေ" ဆိုတာ ဘယ်အချိန်၊ ဘယ်နေရာမှာ ဖြစ်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ ဒီလိုအခြေအနေမျိုးမှာ စနစ်တကျ ပြုစုကုသပေးနိုင်ဖို့က လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်တဲ့ တစ်ခုတည်းသော သော့ချက်ပဲ ဖြစ်ပါတယ်။ ❗

🏥👨🏻‍⚕️ အရေးပေါ်လူနာတွေကို စနစ်တကျ ပြုစုစောင့်ရှောက်ပြီး အသက်ပေါင်းများစွာကို ဝိုင်းဝန်း ကယ်တင်နိုင်ဖို့အတွက် ရည်ရွယ်ပြီး 𝐌𝐞𝐝𝐢𝐥𝐚𝐧𝐝 ဆေးရုံရဲ့ ထိခိုက်ဒဏ်ရာနှင့် အရေးပေါ်ကုသရေးဌာန (𝐀𝐜𝐜𝐢𝐝𝐞𝐧𝐭 & 𝐄𝐦𝐞𝐫𝐠𝐞𝐧𝐜𝐲 𝐃𝐞𝐩𝐚𝐫𝐭𝐦𝐞𝐧𝐭) မှ ထားဝယ်ဒေသရှိ လူနာတင်ယာဉ်အဖွဲ့အစည်းတွေ၊ ပရဟိတအသင်းအဖွဲ့တွေကို "အခြေခံ အသက်ကယ်နည်း သင်တန်း (𝐁𝐋𝐒 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠)" ပို့ချ သင်ကြားပေးခဲ့ပါတယ်။ 🏥👨🏻‍⚕️

💁🏻‍♀️ အခြေခံ အသက်ကယ်နည်း သင်တန်း (𝐁𝐋𝐒 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠) မှာ ဆိုရင် 💁🏻‍♀️
▪️𝐂𝐏𝐑 (နှလုံးအသက်ရှူနှုန်း ပြန်လည်နိုးထစေခြင်း) - နှလုံးရပ်သွားတဲ့ လူနာကို အသက်ပြန်သွင်းနည်း
▪️𝐁𝐥𝐞𝐞𝐝𝐢𝐧𝐠 𝐂𝐨𝐧𝐭𝐫𝐨𝐥 - အသက်အန္တရာယ်ရှိလောက်တဲ့ သွေးထွက်မှုကို ထိန်းချုပ်နည်း
▪️𝐒𝐚𝐟𝐞 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭 - လူနာကို ဒဏ်ရာထပ်မရအောင် စနစ်တကျ သယ်ဆောင်နည်း
▪️𝐐𝐮𝐢𝐜𝐤 𝐀𝐬𝐬𝐞𝐬𝐬𝐦𝐞𝐧𝐭 - လူနာရဲ့ အခြေအနေကို စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်နည်း တွေ အပြင် သင်တန်း တက်ရောက်လာသူများအား လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့သော ပုံရိပ်များကို ပြန်လည် မျှဝေ ပေးလိုက်ရပါတယ်ရှင်။

🍀 ရည်မွန်နွေးထွေး ကုသပေး 🍀

📞 အရေးပေါ် အခြေအနေများအတွက် ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ 📞
𝟎𝟗- 𝟕𝟖𝟑 𝟎𝟐𝟎 𝟓𝟓𝟏, 𝟎𝟗- 𝟖𝟗𝟓 𝟎𝟑𝟑 𝟑𝟑𝟒

🏥 အမှတ်(၂၄)၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး။🏥

𝐘𝐨𝐮𝐓𝐮𝐛𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://youtube.com/-dawei...
𝐓𝐢𝐤𝐓𝐨𝐤 𝐀𝐜𝐜𝐨𝐮𝐧𝐭
https://www.tiktok.com/...




🎗️ ကမ္ဘာ့ကင်ဆာရောဂါနေ့ (𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲)  🎗️💠ကင်ဆာဆိုတာ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်တာချင်း မတူညီသလို၊ ရင...
04/02/2026

🎗️ ကမ္ဘာ့ကင်ဆာရောဂါနေ့ (𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲) 🎗️

💠ကင်ဆာဆိုတာ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပျက်တာချင်း မတူညီသလို၊ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူဘဲ "ထူးခြား" နေတတ်ပါတယ်။ 💠

📃 𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 အတွက် ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "𝐔𝐧𝐢𝐭𝐞𝐝 𝐛𝐲 𝐔𝐧𝐢𝐪𝐮𝐞" ဖြစ်ပါတယ်။ 📃

💪📢 ကင်ဆာရောဂါ ဖြစ်ပွားလာပါက လူနာ၊ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများနှင့် လူနာ၏ မိသားစုများ အတူတကွ ပေါင်းစည်းပြီး လိုအပ်သော ကင်ဆာရောဂါ ကုသမှုများနှင့် ကုသပါက ကင်ဆာရောဂါကို အမြစ်ပြတ် အနိုင်ယူနိုင်တဲ့အတွက် ကြောက်စရာမလိုပဲ သေချာ ကုသမှုခံယူပြီး အားလုံးစုပေါင်း တိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ရှင်။ 💪📢





🔺 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞 🔺📅၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် သူနာပြုအကူ မွမ်းမံသင်တန်း အမှတ်စဉ် (၁၀) က...
28/01/2026

🔺 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐚𝐫𝐞 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐭 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐨𝐮𝐫𝐬𝐞 🔺

📅၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်တွင် သူနာပြုအကူ မွမ်းမံသင်တန်း အမှတ်စဉ် (၁၀) ကို ထပ်မံဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်ရှင်။ 📅

💁‍♀️ သက်ကြီးရွယ်အိုများ နှင့် နာမကျန်းလူနာများအား ဂရုတစိုက် ပြုစု စောင့်ရှောက် ပေးနိုင်ရေးအတွက် အတွေ့အကြုံရှိ ဝါရင့် ဆရာ၊ ဆရာမများကိုယ်တိုင် အနီးကပ် ကြီးကြပ်ပေးလျက် စာတွေ့ (၁)လ၊ လက်တွေ့ (၂)လ တိတိကို မယ်ဒီလန်း ဆေးရုံကြီးတွင် သင်ကြားပေးသွားမှာဖြစ်လို့ သတ်မှတ်ထားသော သင်တန်းသားဦးရေ မပြည့်ခင် အမြန်ဆုံး လာရောက်အပ်နှံကြဖို့ သတင်းကောင်း ပါးလိုက်ရပါတယ်ရှင်။ 💁‍♀️

🧑‍🏫 သင်တန်းတက်ရောက်ဖို့ ဆက်သွယ်လိုပါက.... 🧑‍🏫

🏥 𝐌𝐞𝐝𝐢𝐥𝐚𝐧𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 (𝐃𝐚𝐰𝐞𝐢) 🏥
🔸အမှတ် (၂၄)၊ ကမြောကင်းလမ်း၊ ဆန်းချီရပ်ကွက်၊ ထားဝယ်မြို့။
☎️ 𝐏𝐡𝐨𝐧𝐞 𝟎𝟗- 𝟔𝟗𝟓 𝟓𝟓𝟔 𝟒𝟕𝟐 ☎️




Address

No. 24, Kamyawkin Road, San Chi Quarter, Dawei Township, Tanintharyi Division
Dawei
60101

Telephone

+959895033334

Website

Alerts

Be the first to know and let us send you an email when Mediland Hospital Dawei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mediland Hospital Dawei:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category