Mediland Hospital Dawei

Mediland Hospital Dawei Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mediland Hospital Dawei, Hospital, No. 24, Kamyawkin Road, San Chi Quarter, Dawei Township, Tanintharyi Division, Dawei.

🔰 ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲)🔰📅 ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲)ကို န...
01/12/2025

🔰 ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲)🔰

📅 ကမ္ဘာ့ခုခံအားကျဆင်းမှု တိုက်ဖျက်ရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲)ကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် တစ်ကမ္ဘာလုံး၌ ကျင်းပလေ့ရှိပြီး၊ 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ကူးစက်ရောဂါ အကြောင်းကို အများပြည်သူ သိရှိနားလည်စေရန်၊ 𝐇𝐈𝐕 ရောဂါ ရှိသူများအား ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ရန်၊ 𝐇𝐈𝐕 ရှိသူများအတွက် ကူညီပံ့ပိုးမှုများ ဆက်လက်ပေးနိုင်ရန်၊ 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ကူးစက်ရောဂါကို အဆုံးသတ်ရန် ကမ္ဘာကြီးတစ်ခုလုံးအား သတိပေး နှိုးဆော်နေသည့် အရေးကြီးသောနေ့တစ်နေ့ ဖြစ်ပါတယ်။ 📅

📜 ဒီနှစ်အတွက် 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ရဲ့ 𝐓𝐡𝐞𝐦𝐞 ကတော့ “𝐎𝐯𝐞𝐫𝐜𝐨𝐦𝐢𝐧𝐠 𝐝𝐢𝐬𝐫𝐮𝐩𝐭𝐢𝐨𝐧, 𝐭𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐢𝐧𝐠 𝐭𝐡𝐞 𝐀𝐈𝐃𝐒 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞” ဖြစ်ပါတယ်။ 📜

📢 ယနေ့ ကျရောက်သော 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 မှာ ကမ္ဘာ့ကပ်ရောဂါအသွင်ဖြင့် လူသားမျိုးနွယ်အပေါ် ခြိမ်းခြောက်နေသော “ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ (𝐀𝐈𝐃𝐒)” ကို ကြိုတင်ကာကွယ်ခြင်း (သို့မဟုတ်) ထိရောက်သော ကုသမှုများ လုပ်ဆောင်ခြင်းဖြင့် အတူတကွ တိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ရှင်။ 📢

🍀 “ရည်မွန်နွေးထွေး ကုသပေး” 🍀




28/11/2025

💚 𝐌𝐒𝐌𝐄 𝐄𝐯𝐞𝐧𝐭 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 💚

🔰 အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ အသင်း (ထားဝယ်ခရိုင်)၊ နှစ်ပတ်လည် အခမ်းအနားနှင့် ထားဝယ်ထုတ်ကုန်/ ဝန်ဆောင်မှု ချိတ်ဆက်ပြသပွဲ တွင် မယ်ဒီလန်းဆေးရုံ (ထားဝယ်) မှ 𝐆𝐫𝐚𝐧𝐝 𝐒𝐩𝐨𝐧𝐬𝐨𝐫 အဖြစ် ဂုဏ်ယူစွာဖြင့် ပါဝင်ခွင့် ရခဲ့တဲ့အတွက် ဝမ်းမြောက်စွာဖြင့် မှတ်တမ်းတင်အပ်ပါသည်ရှင်။ 🔰

🔖📜 ထိုပြပွဲမှာ မယ်ဒီလန်းဆေးရုံတွင် ရရှိနိင်သော ကျန်းမာရေးဝန်ဆောင်မှုများ ခင်းကျင်းပြသခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်း ဝန်ဆောင်မှု (𝐈𝐧𝐝𝐢𝐯𝐢𝐝𝐮𝐚𝐥 𝐂𝐡𝐞𝐜𝐤 𝐔𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞) ကို 𝐔𝐩 𝐭𝐨 𝟐𝟎% 𝐨𝐟𝐟 ဖြင့် ရောင်းချပေးခြင်း၊ 𝐌𝐞𝐝𝐢𝐥𝐚𝐧𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐃𝐚𝐰𝐞𝐢 (𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞) ကို 𝐟𝐨𝐥𝐥𝐨𝐰 လုပ်ရုံနဲ့ 𝐬𝐩𝐢𝐧 𝐰𝐡𝐞𝐞𝐥 လှည့်ပြီး ဖုန်းဘေလ် ကံစမ်းခွင့် ရယူနိုင်ခြင်းတို့ ပြုလုပ်ခဲ့တဲ့ အမှတ်တရပုံရိပ်များကို ပြန်လည်မျှဝေ ပေးလိုက်ရပါတယ်ရှင့်။ 🔖📜

🍀🍀 “ရည်မွန်နွေးထွေး ကုသပေး” 🍀🍀




🎂💚 𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝗕𝗼𝗿𝗻𝘀 🎂💚🎉🎁 မယ်ဒီလန်းဆေးရုံမိသားစုရဲ့  နိုဝင်ဘာလ မွေးနေ့ရှင် ဝန်ထမ်းများအတွက် မွေးနေ့ကိ...
25/11/2025

🎂💚 𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝐍𝐨𝐯𝐞𝐦𝐛𝐞𝐫 𝗕𝗼𝗿𝗻𝘀 🎂💚

🎉🎁 မယ်ဒီလန်းဆေးရုံမိသားစုရဲ့ နိုဝင်ဘာလ မွေးနေ့ရှင် ဝန်ထမ်းများအတွက် မွေးနေ့ကိတ်ခွဲခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခြင်းများဖြင့် မွေးနေ့ပွဲကို ပျော်ရွင်စွာ ပြုလုပ်ခဲ့သော အမှတ်တရပုံရိပ်လေးများအား မျှဝေပေးလိုက်ရပါတယ်ရှင်။ 🎉🎁

🎉🎁 မွေးနေ့ရှင်များ အားလုံး မွေးနေ့မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် နေ့ရက်တိုင်းကို အခက်အခဲမရှိဖြတ်သန်းနိုင်ပြီး လိုအင်ဆန္ဒဟူသမျှ တောင့်တတိုင်း ပြည့်စုံကြပါစေလို့ မယ်ဒီလန်းဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 🎉🎁

🍀🍀 “ ရည်မွန်နွေးထွေး ကုသပေး ” 🍀🍀




Vacancy Announcementမယ်ဒီလန်းဆေးရုံ(ထားဝယ်)တွင် အောက်ပါဝန်ထမ်းအားခေါ်ယူနေပါသည်။Assistant Cashier (Female)Requirements:✓ ...
23/11/2025

Vacancy Announcement

မယ်ဒီလန်းဆေးရုံ(ထားဝယ်)တွင် အောက်ပါဝန်ထမ်းအားခေါ်ယူနေပါသည်။

Assistant Cashier (Female)

Requirements:
✓ ဘွဲ့ရ (သို့မဟုတ်) ကျောင်းကိစ္စ ကင်းရှင်းသူဖြစ်ရမည်။
✓ စကားအပြောအဆို ယဉ်ကျေးပြီး စိတ်ရှည်သည်းခံနိုင်သူဖြစ်ရမည်။
✓ Computer ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်။
✓ နေ့၊ည တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
✓ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အဖွဲ့အစည်းနှင့် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

လျှောက်ထားလိုပါက CV Form နှင့်အတူ
• ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်မိတ္တူ
• မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊အလုပ်သမားမှတ်ပုံတင် မိတ္တူ
• (၆) လ အတွင်း ရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံ (၂) ပုံနှင့်အတူ

Mediland Hospital (Dawei) ၏ Talent Management ဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ tm@medilandhospital.com.mm E-mail သို့ လည်ကောင်း၊ Viber 09697762619 သို့ လည်း လျှောက်ထားနိုင်ပါသည်။

🩸 ကမ္ဘာ့ဆီးချိုရောဂါနေ့ (World Diabetes Day) 🩸ကမ္ဘာ့ဆီးချိုရောဂါနေ့ကို ဆီးချိုရောဂါ (Diabetes Mellitus) နှင့်ပတ်သက်၍ လူထ...
14/11/2025

🩸 ကမ္ဘာ့ဆီးချိုရောဂါနေ့ (World Diabetes Day) 🩸

ကမ္ဘာ့ဆီးချိုရောဂါနေ့ကို ဆီးချိုရောဂါ (Diabetes Mellitus) နှင့်ပတ်သက်၍ လူထုအကြား အသိပညာပေးခြင်းနှင့် ဆီးချိုရောဂါကို အထူး သတိထားရန် လိုအပ်ကြောင်း သိရှိနိုင်ရန်အတွက် ရည်ရွယ်၍ နိုင်ငံတကာဆီးချိုရောဂါအဖွဲ့ချုပ် (International Diabetes Federation - IDF) နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) တို့ ပူးပေါင်း၍ စတင် သတ်မှတ်ခဲ့ခြင်း ဖြစ်ပါတယ်။

📅 နိုဝင်ဘာလ ၁၄ ရက်နေ့ ကို ကမ္ဘာ့ဆီးချိုရောဂါနေ့ အဖြစ် သတ်မှတ်ရခြင်း အကြောင်းရင်းမှာ ဤနေ့သည် ဆီးချို ထိုးဆေးတစ်မျိုးဖြစ်သော အင်ဆူလင် (Insulin) ဟော်မုန်းကို ပူးတွဲရှာဖွေတွေ့ရှိခဲ့သူ သိပ္ပံပညာရှင် ဖရက်ဒရစ် ဘန်တင်း (Frederick Banting) ၏ မွေးနေ့ဖြစ်သောကြောင့် ဂုဏ်ပြုသောအားဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ 📅

🎯 အဓိကရည်ရွယ်ချက်များ 🎯

✅ ဆီးချိုရောဂါသည် ကမ္ဘာ့ကျန်းမာရေးကို ကြီးမားစွာ ထိခိုက်နေသော ရောဂေါတစ်ခု ဖြစ်ကြောင်း လူထုအား သိရှိစေရန်။
✅ ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံများ (အစားအသောက်၊ လေ့ကျင့်ခန်း) ကို အသိပညာပေးရန်။
✅ ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိ၍ ကုသမှုခံယူခြင်းဖြင့် နောက်ဆက်တွဲ ပြဿနာများကို လျှော့ချနိုင်ရန်။
✅ ဆီးချိုဝေဒနာရှင်တိုင်းသည် လိုအပ်သော ဆေးဝါးများ၊ စောင့်ရှောက်မှု၊ ပညာပေးမှုနှင့် ပံ့ပိုးကူညီမှုတို့ကို တန်းတူညီမျှ ရရှိစေရေးအတွက် တောင်းဆိုရန်။

🗒️ ဆီးချိုရောဂါ၏ အရေးပါမှု 🗒️

ဆီးချိုရောဂါသည် ကမ္ဘာပေါ်တွင် သေဆုံးရခြင်းအကြောင်းအရင်းများထဲမှ အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပြီး ကုသမှုမရှိပါက-
• နှလုံးရောဂါနှင့် လေဖြတ်ခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေခြင်း။
• ကျောက်ကပ်ပျက်စီးခြင်း (Renal Failure)။
• အမြင်အာရုံဆုံးရှုံးခြင်း (မျက်စိကွယ်ခြင်းအထိ)။
• အာရုံကြောပျက်စီးခြင်း (ခြေထောက်ဖြတ်တောက်ရသည်အထိ) စသည့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

🔰 ကမ္ဘာ့ဆီးချိုရောဂါနေ့သည် ဆီးချိုရောဂါကို ရိုးရိုးသာမာန် ရောဂါတစ်ခုအဖြစ် မသတ်မှတ်ဘဲ၊ လူသားတိုင်း၏ ဘဝကို ခြိမ်းခြောက်နေပြီး အန္တရာယ်ရှိသော နာတာရှည်ရောဂါဆိုးကြီးတစ်ခုဖြစ်သောကြောင့် အလေးအနက်ထား တုံ့ပြန်ရန် တွန်းအားပေးသည့်နေ့ ဖြစ်ပါသည်။ 🔰




Vacancy Announcementမယ်ဒီလန်းဆေးရုံ(ထားဝယ်)တွင် အောက်ပါဝန်ထမ်းအား ခေါ်ယူနေရှိပါသည်။✅ Laboratory  Medical Technologist (M...
06/11/2025

Vacancy Announcement
မယ်ဒီလန်းဆေးရုံ(ထားဝယ်)တွင် အောက်ပါဝန်ထမ်းအား ခေါ်ယူနေရှိပါသည်။

✅ Laboratory Medical Technologist (M/F)

Requirement:

✔️ Medical Technologist ဘွဲ့ရ (သို့မဟုတ်) Lab Technician လက်မှတ်ရရှိထားသူများလည်း လျှောက်ထားနိုင်ပါသည်။

✔️ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး အဖွဲ့အစည်းနှင့်တာဝန်ထမ်းနိုင်သူဖြစ်ရမည်။

✔️ ထားဝယ်တွင် လာရောက်လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅ ခံစားခွင့်များ
- အချိန်ပိုလုပ်ခ လစာရရှိခြင်း။
- မိမိကိုယ်တိုင်နှင့် မိသားစုဝင်များ၏ ကျန်းမာရေးနှင့်ပတ်သက်သော ဝန်ဆောင်မှုများအတွက် သက်သာခွင့်များရရှိခြင်း - နှစ်စဉ် Bonus ခံစားခွင့်ရှိခြင်း ၊ လစာတိုးများခံစားခွင့်ရှိခြင်း။ နေစရာအဆောင်စီစဉ်ပေးခြင်း၊
လျှောက်ထားလိုပါက CV Form နှင့်အတူ
• ဘွဲ့လက်မှတ်၊ သင်တန်းဆင်းလက်မှတ်မိတ္တူ
• မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊အလုပ်သမားမှတ်ပုံတင်
• (၆) လ အတွင်း ရိုက်ကူးထားသော လိုင်စင် ဓာတ်ပုံ (၂) ပုံနှင့်အတူ

Mediland Hospital (Dawei) ၏ Talent Management ဌာနသို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ tm@medilandhospital.com.mm E-mail သို့ လည်ကောင်း၊Viber 09697762619 သို့လည်းလျှောက်ထားနိုင်ပါသည်။

🌕 တန်ဆောင်မုန်းလပြည့်နေ့ (တန်ဆောင်တိုင်ပွဲတော်) 🌕🌃 မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်တွေထဲကမှ အထူးခြားဆုံးနဲ့ စည်ကားဆုံးပွဲတေ...
03/11/2025

🌕 တန်ဆောင်မုန်းလပြည့်နေ့ (တန်ဆောင်တိုင်ပွဲတော်) 🌕

🌃 မြန်မာ့ရိုးရာ ၁၂ လရာသီပွဲတော်တွေထဲကမှ အထူးခြားဆုံးနဲ့ စည်ကားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ "တန်ဆောင်မုန်းလပြည့်နေ့" ရောက်ရှိလို့ လာပါပြီ။ 🌃

✨ မသိုးသင်္ကန်းရက်လုပ်ပူဇော်ခြင်း ✨
ဤလပြည့်နေ့မတိုင်မီညမှစ၍ လပြည့်နေ့ အရုဏ်မတက်မီအတွင်း ဘုန်းတော်ကြီးများအတွက် မသိုးသင်္ကန်း ခေါ်တဲ့ သင်္ကန်းတွေကို အပြိုင်အဆိုင် ရက်လုပ်ပြီး ကပ်လှူပူဇော်ကြပါတယ်။ ဒီဓလေ့ကို မြတ်စွာဘုရားရဲ့ မိထွေးတော် ဂေါတမီက စတင်ခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

⏳ကထိန်ပွဲတော်ကာလ အဆုံးသတ်ခြင်း ⏳
သီတင်းကျွတ်လပြည့်နေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့အထိ ရက်ပေါင်း (၃၀) အတွင်း ကျင်းပပြုလုပ်တဲ့ ကထိန်ပွဲတော် ကာလဟာ ဒီနေ့မှာ အဆုံးသတ်သွားပြီပဲဖြစ်ပါတယ်။

🎇 ဆီမီးပူဇော်ပွဲများ 🎇
ဘုရားစေတီပုထိုးတွေမှာ ဆီမီးတွေ၊ မီးပုံးတွေ ထွန်းညှိပူဇော်ပြီး ရောင်စုံမီးအလှဆင်ခြင်းများ ပြုလုပ်ကြပါတယ်။ အချို့ဒေသများမှာ ကောင်းကင်ဘုံရှိ နတ်များအား ပူဇော်သော ရည်ရွယ်ချက် ဖြင့် မီးပုံးပျံများ လွှတ်တင်ခြင်းလည်း ပြုလုပ်ကြပါတယ်။

🌃 တန်ဆောင်တိုင်ပွဲတော်ဟာ ဘာသာရေးကုသိုလ်ယူမှုများ၊ ရိုးရာဓလေ့များနဲ့ ပျော်ပွဲရွှင်ပွဲများ ရောနှောပါဝင်နေတဲ့ မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ 🌃

🙏 ဒီလို မြင့်မြတ်တဲ့ နေ့မြတ်မှာ လူမှုရေး၊ သာသနာရေး ကိစ္စရပ်တွေကို ဆောင်ရွက်ရင်း...
အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း မယ်ဒီလန်းဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ 🙏

🍀 ရည်မွန်နွေးထွေး ကုသပေး🍀

#တန်ဆောင်တိုင်ပွဲတော်

#တန်ဆောင်တိုင်

🎂💚 𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝗕𝗼𝗿𝗻𝘀 🎂💚🎉🎁 မယ်ဒီလန်းဆေးရုံမိသားစုရဲ့ အောက်တိုဘာလ မွေးနေ့ရှင် ဝန်ထမ်းများအတွက် မွေးနေ့ကိ...
23/10/2025

🎂💚 𝗛𝗮𝗽𝗽𝘆 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆 𝘁𝗼 𝗮𝗹𝗹 𝐎𝐜𝐭𝐨𝐛𝐞𝐫 𝗕𝗼𝗿𝗻𝘀 🎂💚

🎉🎁 မယ်ဒီလန်းဆေးရုံမိသားစုရဲ့ အောက်တိုဘာလ မွေးနေ့ရှင် ဝန်ထမ်းများအတွက် မွေးနေ့ကိတ်ခွဲခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ကံစမ်းမဲဖောက်ပေးခြင်းများဖြင့် မွေးနေ့ပွဲကို ပျော်ရွင်စွာ ပြုလုပ်ခဲ့သော အမှတ်တရပုံရိပ်လေးများအား မျှဝေပေးလိုက်ရပါတယ်ရှင်။ 🎉🎁

🎉🎁 မွေးနေ့ရှင်များ အားလုံး မွေးနေ့မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် နေ့ရက်တိုင်းကို အခက်အခဲမရှိဖြတ်သန်းနိုင်ပြီး လိုအင်ဆန္ဒဟူသမျှ တောင့်တတိုင်း ပြည့်စုံကြပါစေလို့ မယ်ဒီလန်းဆေးရုံမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 🎉🎁

🍀🍀 “ ရည်မွန်နွေးထွေး ကုသပေး ” 🍀🍀




18/10/2025

🌸 ရင်သားကင်ဆာ စကားဝိုင်း ဆွေးနွေးပွဲ 🌸

📅 October 19.10.2025 (Sunday) 📅
🕛 12:30 PM to 3:00 PM 🕛

🏥👨‍⚕️ မယ်ဒီလန်းဆေးရုံကြီးမှာ ကျွမ်းကျင်ဝါရင့် အထူးကုဆရာဝန်ကြီးများက ရင်သားကင်ဆာအကြောင်း သိကောင်းစရာများ၊ ဖြစ်ပွားစေနိုင်သည့် အကြောင်းအရင်းများ၊ ရောဂါလက္ခဏာများ၊ မိမိကိုယ်တိုင် စမ်းသပ်စစ်ဆေးနည်းများ နှင့် စောစီးစွာ ရှာဖွေတွေ့ရှိခြင်း၏ အရေးပါပုံတို့ကို အထက်ပါ အချိန်ဇယားအတိုင်း အသေးစိတ် ဟောပြောဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။ 🏥👨‍⚕️

🙋‍♂️💬 တက်ရောက်လာသူများ မေးမြန်းသည့် မေးခွန်းများကိုလည်း ဆရာဝန်ကြီးများက အသေးစိတ် ရှင်းလင်းဖြေကြားပေးသွားမှာ ဖြစ်ပါတယ်ရှင်။ 🙋‍♂️💬

💁‍♀️📢 မယ်ဒီလန်းဆေးရုံကြီးသည် ပြည်သူလူထု၏ ကျန်းမာရေးအတွက် အစဉ်မပြတ် အလေးထားဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဗဟုသုတများ မျှဝေပေးခြင်းဖြင့် ရင်သားကင်ဆာ ကင်းရှင်းသော လူ့အဖွဲ့အစည်းဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားပါမည်ဟု ဆန္ဒပြုရင်း "ရင်သားကင်ဆာ စကားဝိုင်းဆွေးနွေးပွဲ" ကို ပါဝင်တက်ရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 💁‍♀️📢

🩷 “ Every Story is Unique, Every Journey Matters ” 🩷

🍀 ရည်မွန်နွေးထွေး ကုသပေး 🍀




Address

No. 24, Kamyawkin Road, San Chi Quarter, Dawei Township, Tanintharyi Division
Dawei
60101

Telephone

+959895033334

Website

Alerts

Be the first to know and let us send you an email when Mediland Hospital Dawei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mediland Hospital Dawei:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category