ထက်ဆေးဆိုင် HTET Pharmacy

ထက်ဆေးဆိုင် HTET Pharmacy နိုင်ငံခြားနှင့်တိုင်းရင်းဆေးပစ္စည?

သွေးပေါင်ချိန် တက်တယ်ဆိုတာ ဘာလဲ?ခန္ဓာကိုယ်အတွင်း သွေးလွှတ်ကြောများထဲသို့ သွေးစီးဆင်းတဲ့အားကို blood pressure (သွေးပေါင်ချိ...
13/02/2023

သွေးပေါင်ချိန် တက်တယ်ဆိုတာ ဘာလဲ?

ခန္ဓာကိုယ်အတွင်း သွေးလွှတ်ကြောများထဲသို့ သွေးစီးဆင်းတဲ့အားကို blood pressure (သွေးပေါင်ချိန်) လို့ သတ်မှတ်ပါတယ်။ သွေးတွေက သွေးလွှတ်ကြောထဲသို့ ပုံမှန်ထက်များတဲ့ ဖိအားနှင့် စီးဆင်းတဲ့အခါမှာတော့ Hypertension လို့ခေါ်တဲ့ သွေးတိုးရောဂါ ဖြစ်လာပါတယ်။

သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။ အချိန်အတော်ကြာတဲ့အထိ သွေးပေါင်ချိန်အရမ်းမြင့်တက်နေပါက အခြားကျန်းမာရေးပြဿနာများကိုလည်း ခံစားရစေနိုင်ပါတယ်။ မထိန်းချုပ်နိုင်လောက်အောင် မြင့်မားနေတဲ့ သွေးပေါင်ချိန်က သင့်ကို လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ နှလုံးဖောက်ခြင်းနှင့် ကျောက်ကပ်ပျက်ဆီးခြင်းတို့ ခံစားရနိုင်ချေလည်း ပိုမြင့်မားစေပါတယ်။

သွေးတိုးရောဂါ (၂) မျိုးရှိပါတယ်။

1. Primary Hypertension

သွေးပေါင်ချိန်မြင့်မားခြင်းရဲ့ အကြောင်းအရင်းကို ရှာမတွေ့နိုင်တာကြောင့် primary hypertension ကို essential hypertension လို့လည်း ခေါ်တတ်ကြပါတယ်။ ဒီလို သွေးပေါင်ချိန်မြင့်တက်လာဖို့ နှစ်ပေါင်းများစွာ အချိန်ယူရပြီး အဖြစ်အများဆုံး သွေးတိုးရောဂါလည်း ဖြစ်ပါတယ်။ သင့်ရဲ့ လူနေမှုပုံစံ၊ ပတ်ဝန်းကျင်နှင့် အသက်အရွယ်အလိုက် သင့်ခန္ဓာကိုယ် ပြောင်းလဲပုံတို့ကြောင့် ဖြစ်တဲ့ သွေးတိုးရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။

2. Secondary Hypertension

ကျန်းမာရေးပြဿနာတစ်ခုခု သို့မဟုတ် ဆေးဝါးတစ်မျိုးမျိုးကြောင့် ဖြစ်တဲ့ သွေးတိုးရောဂါကိုတော့ secondary hypertension လို့ ခေါ်ပါတယ်။ Secondary hypertension ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာတော့ အောက်ပါတို့ ပါဝင်ပါတယ်:

ကျောက်ကပ်ပြဿနာများ
Sleep apnea (အိပ်ပျော်နေစဉ် အသက်ရှူကျပ်ခြင်း)
Thyroid သို့ adrenal ဂလင်း ပြဿနာများ
အချို့သော ဆေးဝါးများ
သွေးတိုးရောဂါရဲ့ လက္ခဏာများ

သွေးတိုးရောဂါရှိတဲ့ လူအမ်ားစုမွာ ရောဂါလက္ခဏာ မတွေ့ရတတ်ပါဘူး။ ဒါကြောင့်လည်း တစ်ခါတစ်ရံမှာ အသံတိတ် လူသတ်သမား လို့ ခေါ်ကြပါတယ်။ ဒါကြောင့် သင့်ရဲ့ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးဖို့ အရမ်းအရေးကြီးပါတယ်။

အချို့လူတွေကတော့ ခေါင်းကိုက်ခြင်း၊ နှာခေါင်းသွေးယိုခြင်းနှင့် သွေးပေါင်ချိန်တိုးပြီး အသက်ရှူမဝခြင်းတို့ကို ခံစားရတတ်ကြပါတယ်။ သို့သော်လည်း အဆိုပါ လက္ခဏာများက အခြားရောဂါများကို ညွှန်ပြနေတာလည်း ဖြစ်တတ်ပါတယ်။ များသောအားဖြင့် သွေးပေါင်ချိန်ဟာ အချိန်အတော်ကြာတဲ့အထိ အရမ်းမြင့်တက်နေတဲ့အခါမျိုးမှာ ဒီလို ရောဂါလက္ခဏာတွေ ခံစားရမှာဖြစ်ပါတယ်။

သွေးတိုးစေတဲ့ အကြောင်းအရင်းများ

အစားအသောက်၊ ဆေးဝါး၊ လူနေမှုပုံစံ၊ အသက်အရွယ်နှင့် မျိုးရိုးဗီဇတို့က သွေးတိုးစေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဆရာဝန္က သင့်သွေးတိုးရောဂါရဲ့ အကြောင်းအရင်းကို ကူညီရှာပေးနိုင်သလို သွေးပေါင်ချိန်တက်စေတဲ့ လူသိမ်ားတဲ့ အချက်တွေကိုလည်း အောက်မှာဖော်ပြပေးထားပါတယ်:

ဆား၊ အဆီနှင့် cholesterol မ်ားတဲ့ အစားအသောက်။
ကျောက်ကပ်နှင့် ဟော်မုန်းပြဿနာများ၊ ဆီးချိုရောဂါ၊ cholesterol မြင့်မားခြင်းတို့လို နာတာရှည်ရောဂါများ။
အထူးသဖြင့် သင့်မိဘ သို့မဟုတ် နီးစပ်ရာဆွေမျိုးများမှာ သွေးတိုးရောဂါရှိနေခြင်း။
ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း။
အသက်ကြီးခြင်း (အသက်ကြီးလာလေ သွေးတိုးရောဂါဖြစ်နိုင်ချေ များလေ ဖြစ်ပါတယ်)။
အဝလွန်ခြင်း။
အချို့သော ကိုယ်ဝန်တားဆေးများနင့် အခြားဆေးဝါးများ။
စိတ်ဖိစီးမှု။
ဆေးလိပ်နှင့် အရက် အလွန်အကျွံ သောက်ခြင်း။
သွေးတိုးရောဂါရှိကြောင်း ဘယ်လိုစစ်ဆေးမလဲ?

သွေးတိုးရောဂါကို စစ်ဆေးဖို့အတွက် ဆရာဝန်ဆီ သွားတိုင်း စစ်ဆေးလေ့ရှိတဲ့ blood pressure monitor (သွေးပေါင်ချိန်တိုင်းကိရိယာ) ကို သုံးပါတယ်။

ပုံမှန်သွေးပေါင်ချိန်က အပေါ်သွေး 120 ထက်နည်းပြီး အောက်သွေး 80ထက် နည်းပါတယ်။
Prehypertension (ကနဦးသွေးတိုး) ဆိုလျှင် အပေါ်သွေး 120-139 ကြားရှိပြီး အောက်သွေး 80-89 ကြားရှိပါတယ်။
သွေးတိုးရောဂါ အဆင့်၁အတွက် အပေါ်သွေး 140-159 ရှိပြီး အောက်သွေး 90-99 ရှိပါတယ်။
သွေးတိုးရောဂါ အဆင့်၂မှာတော့ အပေါ်သွေး 160ကျော်ပြီး အောက်သွေး 100နှင့်အထက်မှာ ရှိပါတယ်။
သွေးပေါင်ချိန်များလေ ခဏခဏစစ်ဆေးဖို့လိုလေ ဖြစ်ပါတယ်။ အသက်၁၈နှစ်ပြည့်ပြီးတဲ့အခါ ၂နှစ်ကို အနည်းဆုံး တစ်ကြိမ်တော့ သွေးပေါင်ချိန်စစ်ပေးသင့်ပြီး အရင်က သွေးတိုးခဲ့ဖူးရင်တော့ ပိုပြီးမကြာခဏ စစ်ဆေးပေးသင့်ပါတယ်။

သွေးတိုးရောဂါမှ ကာကွယ်လို့ရနိုင်သလား?

အကယ်၍ သင့်သွေးပေါင်ချိန် မြင့်မားနေတာက နေထိုင်မှုပုံစံကြောင့် ဖြစ်ရတာဆိုလျှင် အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် သွေးတိုးရောဂါဖြစ်နိုင်ချေ နည်းအောင် လုပ်ဆောင်နိုင်ပါတယ်:

ကိုယ်အလေးချိန် လျှော့ခြင်း
ဆေးလိပ်ဖြတ်ခြင်း
စနစ္တက် စားသောက်ခြင်း
လေ့ကျင့်ခန်းလုပ်ခြင်း
အငန်ဓာတ်စားနှုန်းကို လျှော့ချခြင်း
အရက်သောက်နှုန်း လျှော့ချခြင်း
စိတ်အပန်းဖြေနည်းလမ်းများ သင်ယူခြင်း။
အကယ်၍ သင်သောက်တဲ့ဆေးနှင့် ရောဂါများက သွေးပေါင်ချိန်တက်စေတာဆိုလျှင်တော့ သင့်ဆရာဝန်နှင့် တိုင်ပင်ပြီး အခြားဆေးဝါးများ ညွန်းပေးပါလိမ့်မယ်။ ဒါ့အပြင် (ဆီးချိုရောဂါကို ထိန်းသိမ်းခြင်းလို) ရောဂါအခံများကို ကုသခြင်းက သွေးပေါင်ချိန်ကိုလည်း ပြန်လျော့ကျစေနိုင်ပါတယ်။

သွေးတိုးရောဂါကုသနည်း

သွေးတိုးရောဂါဟာ နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သွေးပေါင်ချိန်မတက်အောင် ဆေးသောက်ပြီး ထိန်းလို့ရပေမယ့် လုံးဝပျောက်သွားအောင် ကုသဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သွေးတိုးရောဂါရှိသူများအနေဖြင့် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ကုသမှုများနှင့် လူနေမှုပုံစံများကို ဘဝတစ်လျှောက်လုံး လိုက်နာသင့်ပြီး ဆေးစစ်မှုများကို ပုံမှန်လုပ်ဆောင်သွားရပါမယ်။

သွေးပေါင်ချိန်ကျစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ သင့်ရဲ့လူနေမှုပုံစံကို ပြောင်းလဲပစ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ဆရာဝန်ကလည်း သွေးပေါင်ချိန်ကျစေတဲ့ antihypertensive ဆေးဝါးများကို ညွှန်းပေးပါလိမ့်မယ်။

ကုသမှုရဲ့ ရည်ရွယ်ချက်က သင့်သွေးပေါင်ချိန်ကို ပုံမှန်အခြေအနေရောက်အောင် လျှော့ချပေးဖို့ ဖြစ်ပါတယ်။ သင့်ဆရာဝန်ကလည်း ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပြီး သောက်ဖို့လွယ်ကူတဲ့ ဆေးဝါးများ ညွှန်းပေးပါလိမ့်မယ်။ သင့်သွေးပေါင်ချိန်ကို ဆေးတွေကသာ ထိန်းထားနိုင်တယ်ဆိုလျှင်တော့ တစ်သက္လုံး ဆေးသောက်ဖို့ လိုအပ်ပါတယ်။

သွေးပေါင်ချိန်ကို ထိန်းဖို့ ဆေးတစ်မျိုးထက်မက လိုအပ္တာဟာ ပုံမှန်ဖြစ်ပါတယ်။ ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးသောက်တာ မရပ်လိုက်ပါနှင့်။ နှလုံးရောဂါနှင့် လေဖြတ်နိုင်ချေ ပိုများသွားနိုင်တာကြောင့်ပါ။

မြင့်မားတဲ့ သွေးပေါင်ချိန်နှင့် ဘယ်လိုဆက်လက်နေထိုင်မလဲ?

သွေးပေါင်ချိန်မတက်အောင် ထိန်းသိမ်းဖို့က တစ်သက္လုံး သတိထားသွားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းဖို့၊ ကျန်းမာတဲ့ အစာစားဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့၊ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့၊ အရက်နှင့် ဆေးလိပ်ရှောင်ဖို့တို့ကို အမြဲသတိထားနေရမှာပါ။ သွေးပေါင်ချိန်ကိုထိန်းဖို့ ဆေးဝါးလိုအပ်မယ် ဆိုလျှင်လည်း သင့်ဘဝတစ်လျှောက်လုံး လိုအပ်နေမှာပါ။

ဒါ့အပြင် သွေးပေါင်ချိန်ပုံမှန်တိုင်းတာကိုလည်း အသားကျနေဖို့ လိုပါတယ်။ ဆေးခန်းကို ပုံမှန်သွားပြီး တိုင်းရတာမျိုး၊ အိမ်မှာပဲ သွေးပေါင်ချိန် ပုံမှန်တိုင်းပြီး မွတ္ထားက ဆရာဝန္ကို ပြန်ပြရတာမျိုးတွေဟာ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဆေးဆိုင်နှင့် ဆေးခန်းအချို့မှာ သွေးပေါင်ချိန်သွားတိုင်းနိုင်သလို အိမ်မှာပဲ automated arm blood pressure cuff (သွေးပေါင်ချိန်တိုင်းစက်) ဝယ်ပြီးလည်း တိုင်းနိုင်ပါတယ်။ သင့်ဆရာဝန်က တစ်နေ့ကို အကြိမ်ရေများစွာ သွေးပေါင်ချိန်တိုင်းပြီး မှတ်ထားခိုင်းပါလိမ့်မယ်။ အခြားနည်းလမ်းတစ်ခုကတော့ ambulatory blood pressure monitor ကို လှုပ်ရှားသွားလာနေစဉ်မှာ ဝတ်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။

crd : -Medicine

ဘယ်သွားသွား ဘာလုပ်လုပ် မြင်သူတကာငေးကြည့်ရတဲ့ အလှပိုင်ရှင်လေးတွေ မဖြစ်ချင်ကြဘူးလား..?🤭ယုံကြည်မှုအပြည့်နဲ့ လှရက်နိုင်သူလေး...
30/10/2022

ဘယ်သွားသွား ဘာလုပ်လုပ် မြင်သူတကာငေးကြည့်ရတဲ့ အလှပိုင်ရှင်လေးတွေ မဖြစ်ချင်ကြဘူးလား..?🤭

ယုံကြည်မှုအပြည့်နဲ့ လှရက်နိုင်သူလေးတွေ ဖြစ်ဖို့အတွက်ဆိုရင်တော့ သဘာဝ Vitamin E 400 iu အပြင် အသားအရေအတွက် ကောင်းကျိုးများစွာပေးတဲ့ Wheat Germ Oil, Omega-3 တို့ပါ ပေါင်းစပ်ပါဝင်တဲ့ EV-O3 ကိုသာ ရွေးချယ်လိုက်ပါနော် 🤗🤗🤗

EV-O3 လေးကို တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးရုံနဲ့ ရရှိနိုင်တဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးပါ့မယ်နော် 💁🏻

💙 အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းတွေကိုဟန့်တားပေးပြီးငယ်ရွယ်နုပျိုစေနိုင်ပါတယ်

💙 အသားအရေကို စိုပြေကြည်လင်စေပြီး တင်းတင်းရင်းရင်းလေးဖြစ်စေပါတယ်

💙 နေရောင်ခြည်ဒဏ်တွေကိုဟန့်တားနိုင်ပြီး နေလောင်ဒဏ်တွေအတွက်ကောင်းမွန်စေပါတယ်

💙 ဝက်ခြံ အမဲစက်များ နဲ့ တင်းတိတ်တွေလျော့ပါးစေပြီး ဝက်ခြံကြောင့်ကျန်ခဲ့တဲ့အမာရွတ်များအတွက်အထူးပဲသင့်တော်ပါတယ်

💙 ဆံကေသာကိုနက်မှောင်သန်စွမ်းစေပြီးအရှည်မြန်စေပါတယ်

💙 လက်သည်း ခြေသည်း တွေကျန်းမာပြီးအလွယ်တကူမကျိုးပဲ့စေနိုင်ပါဘူး

💙 ဦးနှောက်မှတ်ဉာဏ်မြင့်မားဖို့အထောက်အကူပြုပါတယ်

💙 မျက်စိအားကောင်းစေပါတယ်

💙 နှစ်ခြိုက်စွာအိပ်ပျော်နိုင်စေပါတယ်

ဒါတွေဟာ သဘာဝ Vitamin E, Wheat Germ Oil နဲ့ Omega-3 တို့ ပေါင်းစပ်ထားတဲ့ 3in1 EV-O3 လေးရဲ့ စွမ်းပကားတွေပဲပေါ့✨

Myanmar FDA ထောက်ခံချက်ရရှိပြီး
(အမျိုးသားများလည်းသောက်သုံးနိုင်ပါသည်။)





ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ    (၁) နံနက်စာ မစားခြင်း။   (၂) ဆား စားသုံးမှု များနေခြင်း။   (၃) ဆေးလိပ်သောက်ခြင...
02/10/2022

ကျောက်ကပ်ကိုထိခိုက်စေသော အမူအကျင့်များ
(၁) နံနက်စာ မစားခြင်း။
(၂) ဆား စားသုံးမှု များနေခြင်း။
(၃) ဆေးလိပ်သောက်ခြင်း။
(၄) ရေသောက်နည်းခြင်း။
(၅) ဆေးဝါများ အလွန်အကျွံ မှီဝဲနေခြင်း။
(၆) လုံလောက်သော အနားယူခြင်း မရှိခြင်း။
(၇) တစ်ခါတစ်လေ အလွန်အကျွံ စားခြင်း။
(၈) အသားများကို အလွန်အကျွံစားခြင်း။
(၉) အရက်အလွန်အကျွံ့သောက်ခြင်း။
(၁၀) မနက်အိပ်ယာထ ဆီးသွားချင်သည်ကို
မသွားပဲ ချုပ်တည်းထားခြင်း။

_______________________________________

ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့်ဆင်ခြင်သင့်တဲ့အမူအကျင့်(၁၀)မျိုး

ကျောက်ကပ်က သွေးကြောထဲမှာ လှည့်ပတ်နေတဲ့သွေးတွေကို သန့်စင်အောင်စစ်ထုတ်ပေးပြီး အစားအစာတွေကနေဗီတာမင်၊ သတ္တုဓာတ်တွေကို စုပ်ယူကာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရေတြကို ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ဟော်မုန်းထုတ်လုပ်မှုမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးက ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်လို့ပြောလို့ရပါတယ်။ ဒါကြောင့် သင့်ရဲ့နေ့စဉ်အမူအကျင့်တွေထဲကနေ ကျောက်ကပ်ကျန်းမာရေး ပျက်စီးစေမယ့် အပြုအမူတွေကို ဆင်ခြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

(၁) ရေအလုံအလောက္မသောက်ဘူး

ခန္ဓာကိုယ်မှာရေဓာတ်အလုံအလောက်ရရှိမှ ကိုယ်တွင်းကလီစာတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောက်ကပ်ပေါ့။ ရေက ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေဖယ်ရှားပေးတဲ့နေရာမှာ အရမ်းအကူအညီဖြစ်တာကြောင့် ကျောက်ကပ်မှာကျောက္မတည်အောင်တားဆီးပေးနိုင်ပါတယ်။ ဒါပေမဲ့ လိုအပ်တာထက်အလွန်အကျွံ့သောက်တာလည်းမကောင်းပါဘူး။ တစ်ရက္မှာ ရေနှစ်လီတာလောက်သောက်ရင်အတော်ပါပဲ။

(၂) ဆေးတွေကိုအညွှန်းအတိုင်းမသောက်ဘူး

နေမကောင်းဖြစ်တဲ့အခါ၊ တစ်ခုခုဖြစ်တဲ့အခါတွေမှာ ဆေးတွေကိုသောက်ချင်သလိုသောက်တဲ့အကျင့်ကလည်း ကျောက်ကပ်ပျက်စီးရတဲ့အကြောင်းရင်းထဲကတစ်ချက်ပါပဲ။ ဆေးမြီးတိုတွေအရမ်းသောက်ရင် ပိုဆိုးပါတယ်။ ဒါကြောင့် အကြောင်းတစ်ခုခုကြောင့်ဆေးသောက်တော့မယ်ဆို ကိုယ့်သဘောနဲ့ကိုယ်သောက်ချင်သလိုမသောက်ပါနဲ့၊ ဆရာဝန်ညွှန်ကြားချက်နဲ့ သေချာလိုက်နာပြီးသောက်ပါ။

(၃) အငန်တွေအရမ်းစားတယ်

အရွယ်ရောက်ပြီးတဲ့သူတစ်ယောက်က ဆိုဒီယမ် ၂၃၀၀မီလီဂရမ်လောက်ပဲစားသုံးသင့်တယ်လို့ ကျန်းမာရေးဌာနထုတ်ပြန်ထားခဲ့ပေမဲ့ လူတိုင်းကအဲ့ဒီပမာဏထက်ပိုအောင်စားသောက်နေကြပါတယ်။ အခုနောက်ပိုင်းအစားအစာတွေမှာ ဆိုဒီယမ်ပမာဏများများထည့်ပြီးအရသာပိုရှိအောင်ထုတ်လုပ်တာကို လူတွေကအရမ်းကြိုက်ကြပါတယ်။ဆိုဒီယမ်စားသုံးမှုများတဲ့အခါ ခန္ဓာကိုယ်ထဲမှာအငန်ဓာတ်တွေအရမ်းများလာပြီး ကျောက်ကပ်ကသန့်စင်နိုင်စွမ်းမရှိတော့ ကျောက်ကပ်ထိခိုက်လာပါတယ်။ ဒါကြောင့် အငန်ဓာတ်များတဲ့အစားအစာတွေကိုလျှော့စားပြီး အသီးအနှံနဲ့အရွက်စိမ်းတွေကိုလည်းသင့်တင့်သလောက်စားပေးပါ။

(၄) သွေးဖိအားနဲ့ပတ်သက်လို့ဂရုမစိုက်ဘူး

ကျန်းမာရေးလိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ သွေးဖိအားတိုင်းတာကိုမကြာခဏလုပ်ပေးသင့်ပါတယ်။ သွေးဖိအားများတယ်ဆိုတာ နှလုံးသွေးကြောနဲ့ပတ်သက်လို့ ပြဿနာရှိနေတာဖြစ်ပြီး သွေးတိုးရောဂါဖြစ်လာရင်သွေးလွှတ်ကြောတွေကျဉ်းမြောင်းလာပါတယ်။ အဲ့ဒီအခါ သွေးထဲမှာ ကိုလက်စထရောနဲ့အဆိပ်အတောက်တွေစုပုံလာပြီး ဒါကို ကျောက်ကပ်ကသန့်စင်နိုင်စွမ်းနည်းလာပါတယ်။ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေဖြစ်နေတဲ့အခါ ကျောက်ကပ်တစ်သျှူးတွေက လိုအပ်တဲ့အာဟာရတွေကို ကောင်းကောင်းမစုပ်ယူနိုင်တော့ဘဲ ကျောက်ကပ်မှာထိခိုက်လာပါတယ်။

(၅) ဆီးသွားချင်တာကိုအချိန်အကြာကြီးအောင့်ထားတတ်တယ်

ဆီးအိတ္က အရည်နှစ်ခွက်စာပမာဏကို သုံးနာရီကနေ၊လေးနာရီအထိထိန်းပေးထားနိုင်ပါတယ်။ တခါတ ​လေ သန့်စင်ခန်းမရှိတဲ့နေရာတွေမှာ ဆီးသွားချင်လာတာကို အချိန်တွေအကြာကြီးအောင့်ထားလိုက်တဲ့အခါ ကျောက်ကပ်မှာထိခိုက်ပျက်စီးမှုတွေဖြစ်လာနိုင်ပြီး မကြာခဏဆီးသွားချင်တာမျိုးဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် တင်ပါးဆုံရိုးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းလေးတွေလုပ်ပေးဖို့လိုပါတယ်။

(၆) အချိုနဲ့သရေစာတွေအလွန်အကျွံစားသုံးတယ်

အငန်တွေအရမ်းစားတဲ့အခါ ကျောက်ကပ်ကအဆိပ်အတောက်တွေဖယ်ရှားနိုင်စွမ်းနည်းလာသလိုပဲ ၊ အချိုနဲ့သရေစာတွေအလွန်အကျွံစားတာကလည်း အဲ့ဒီအတိုင်းဖြစ်စေတာကြောင့် ကျောက်ကပ်ကိုပျက်စီးစေနိုင်ပါတယ်။

(၇) အရက်နဲ့ဆေးလိပ်သုံးစွဲတယ်

သင်ဟာ အရက်နဲ့ဆေးလိပ်သောက်တဲ့သူဆိုရင် အဲ့ဒီအရာတွေကနေခန္ဓာကိုယ်ကိုဒုက္ခပေးတဲ့ ကယ်မီကယ်လ် တွေထုတ်လွှတ်နိုင်ပြီး ကျောက်ကပ်က အဲ့ဒါတွေကို ချေဖျက်သန့်စင်ဖို့ မတတ်နိုင်တော့တဲ့အခါ ထိခိုက်ပျက်စီးလာပါတယ်။

(၈) အနီရောင်အသားတွေအလွန်အကျွံစားတယ်

အနီရောင်အသားတွေက သံဓာတ်နဲ့ပရိုတင်းဓာတ်ကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်တယ်ဆိုပေမယ့် အမိုးနီးယားနဲ့နိုက်ထရိုဂျင်ဓာတ်တွေလည်းပါနေတာကြောင့် နေ့တိုင်းစားရင် ကျောက်ကပ်ကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။

(၉) အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်ဘူး

အထိုင်များပြီးလေ့ကျင့်ခန်းမလုပ်တာက ဆီးချိုရောဂါ၊ ကင်ဆာရောဂါ နဲ့ Heart attack တွေဖြစ်စေနိုင်ပါတယ်။ပြီးတော့ တစ်ရက္မှာ ၈နာရီနဲ့အထက်ထိုင်တဲ့သူတွေဟာ တခြားသူတွေထက်ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

(၁၀) ကောင်းကောင်းမအိပ်ဘူး

ညဘက္မှာကောင်းကောင်းအိပ်မှ နောက်နေ့အတွက်ခန္ဓာကိုယ်က အားအင်ပြည့်ဝမှာပါ။ တကယ်လို့ အိပ်ချိန်မလုံလောက်ဘူးဆိုရင် သွေးလှည့်ပတ်မှုမကောင်းတော့ဘဲ၊ သွေးဖိအားများလာမယ်၊ အဲ့ဒါက ကျောက်ကပ်ကိုသွားထိခိုက်စေပါတယ်။
ဒါကြောင့် ပုံမှန်အိပ်ချိန်အတိုင်းကောင်းကောင်းအိပ်ဖို့ လိုအပ်ပါတယ်။


သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ*************************************အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလို...
09/09/2022

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ
*************************************

အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲ သွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုးရှိသလို သွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှကတော့မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့် ခန္ဓါကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ အသက်ဆုံးရှုံးသည်အထိပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက်အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။ ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံးကူညီပေးနိုင်စေဖို့အတွက် သွေးပါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးပါရစေနော်။

သွေးပေါင်ကျတယ်ဆိုတာ
သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့ သွေးပေါင်ချိန်ထက်လျော့နည်းနေတဲ့အနေအထားပါ။ အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင်မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေက
သွေးပေါင်ကျတာက သွေးတိုးတာလောက်တော့ လက္ခဏာတွေသိသိသာသာပြတာမျိုးမရှိတတ်ပါဘူး။ ဒါပေမယ့် လုံးဝလက္ခဏာမရှိတာမျိုးတော့မဟုတ်ပါဘူး။ သွေးပေါင်ကျနေတဲ့အခါ ဒီလိုမျိုးလက္ခဏာတွေခံစားရနိုင်ပါတယ်။

ခေါင်းထဲကမူးနောက်နောက်ဖြစ်နေမယ်
ခေါင်းထဲမှာ ပေါ့ပေါ့ကြီးဖြစ်နေမယ်
ထိုင်ရကနေ ထလိုက်ရင်ဖြစ်ဖြစ်၊ ရုတ်တရက်ထရာကနေထိုင်လိုက်ရင်ဖြစ်ဖြစ် ခေါင်းထဲကနေ မိုက်ခနဲမူးမယ်
ကတုန်ကယင်ဖြစ်မယ်
အိပ်ချင်နေမယ်
ချွေးစေးတွေပြန်မယ်
ကယောင်ကတမ်းပြောမယ်
ခြေလက်တွေမသယ်ချင်ဖြစ်မယ်
ခြေဖျားလက်ဖျားနဲ့ အသားတွေ အေးစက်မယ်
အသက်ရှုရခက်လာမယ်
အသက်ရှုနှုန်းကျလာမယ်။
ပြင်းထန်တဲ့နောက်ဆက်တွဲအနေနဲ့ ဘာတွေဖြစ်မလဲ
သွေးပေါင်ကျတာက သွေးတိုးတာလောက် သိပ်မပြင်းထန်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ သွေးပေါင်ကျတာကလည်း အချိန်ကြာမြင့်လာတဲ့အခါ ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေအနေနဲ့

ရုတ်တရက်သတိလစ်တာ
လေဖြတ်တာ
ရုတ်တရက်နှလုံးရပ်တာ
ကျောက်ကပ်ပျက်စီးတာလိုမျိုး ကျန်းမာရေးအခြေအနေတွေကိုခံစားရနိုင်ပါတယ်။
သွေးပေါင်ကျနေသူကို ဘယ်လိုအရေးပေါ်ပြုစုပေးမလဲ
သွေးပေါင်ကျနေသူကို ဆေးရုံဆေးခန်းကိုမပို့ခင်မှာ ဒီနည်လေးတွေသုံးပြီး ပြုစုပေးလို့ရပါတယ်။

သက်တောင့်သက်သာလှဲခိုင်းပါ– သွေးပေါင်ကျတာကြောင့် ခေါင်းမူးနေတယ် ဒါမှမဟုတ် ရီဝေဝေဖြစ်နေတယ်၊ သတိလစ်တာတွေဖြစ်မယ်ဆိုရင်အရင်ဆုံး သက်တောင့်သက်သာဖြစ်အောင်လှဲထားပေးပါ။ မျက်လုံးလေးတွေကို မှိတ်ထားခိုင်းပါ။ အသက်မှန်မှန်ရှုခိုင်းပါ။

ဓါတ်ဆားရည်တိုက်ပါ – ပါးစပ်ကနေသောက်လို့ရတဲ့ အငန်ဓါတ်ပါတဲ့ သောက်စရာတွေဖြစ်တဲ့ ဓါတ်ဆားရည်၊ သီးစုံဓါတ်ဆားနဲ့ အခြားသော ခန္ဓါကိုယ်အတွက် ဆားဓါတ်နဲ့ ရေဓါတ်ဖြည့်ပေးတဲ့သောက်စရာလေးတွေကိုတိုက်ပေးပါ။ အုန်းစိမ်းရည်တိုက်ပေးလို့လည်းရပါတယ်။ ကိုယ်တွင်း Electrolyte တွေမျှတသွားစေဖို့အတွက်ပါ။ ဆီးချိုရှိတဲ့သူဆိုရင်တော့ အချိုဓါတ်လုံးဝမပါတဲ့ ဓါတ်ဆား၊ ဒါမှမဟုတ် အုန်းစိမ်းရည်က အသင့်တော်ဆုံးပါ။ တစ်ခွက်စာကုန်အောင်တိုက်ပေးပါ။

ရေတိုက်ပါ – ဓါတ်ဆားအဆင်သင့်မရှိဘူးဆိုရင် ရေများများတိုက်ပေးလို့ရပါတယ်နော်။ ရေထဲကို ဆားနည်းနည်း၊ သကြားနည်းနည်းထည့်တိုက်လို့ရပါတယ်။ ဒီလိုတိုက်ပေးတာက သွေးပေါင်တက်စေသလို ကိုယ်တွင်း ဂလူးကို့စ်ပမာဏကို လည်း တိုးတက်စေနိုင်ပါတယ်။

ဆားနည်းနည်းစားခိုင်းပါ – ဆားက သွေးပေါင်တက်စေဖို့ အမြန်ဆုံးလုပ်ပေးနိုင်မှာပါ။ ဒါကြောင့် ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ စာလောက်ကိုစားခိုင်းပေးပါ။

ပြီးရင်တော့ ဆရာဝန်နဲ့ပြသကြည့်ရပါမယ်။ သွေးပေါင်ချိန်က အမြဲလိုလိုတိုင်းသင့်ပါတယ်နော်။ နောက်တစ်ချက်သတိထားရမှာက လူတစ်ယောက်နဲ့တစ်ယေက်မှာ သွေးတိုးတဲ့ ပမာဏချင်းမတူနိုင်လို သွေးပေါင်ကျတဲ့ အခြေအနေချင်းလည်းကွာခြားနိုင်ပါတယ်။ အချို့လူတွေက သွေးပေါင်ချိန် အပေါ်သွေး ၁၁၀ mmHg အောက်သွေး ၆၀ mmHg ဖြစ်တာတောင်မှ သွေးပေါင်ကျတဲ့ လက္ခဏာတစ်စုံတရာမခံစားရတာမျိုးရှိနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင်ကျတတ်တယ်ဆိုရင် အစားအသောက်အနေအထိုင်ကို သေချာဂရုစိုက်ပြီး ဖြစ်လာခဲ့ရင်လည်း အမြန်ဆုံးဆရာဝန်နဲ့ သွားရောက်ပြသဖို့အကြံပြုပါရစေ။

မနက်ပိုင်း အဝယ်တော်လေးတွေရဲ့ အားပေးမှုအားအထူးကျေးဇူးတင်ပါကြောင်း . . . #သိရှိလိုသောဆေးဈေးနှုန်းများကိုမေးမြန်းနိုင်ပါသည်။...
08/09/2022

မနက်ပိုင်း အဝယ်တော်လေးတွေရဲ့ အားပေးမှုအား
အထူးကျေးဇူးတင်ပါကြောင်း . . .

#သိရှိလိုသောဆေးဈေးနှုန်းများကိုမေးမြန်းနိုင်ပါသည်။

#ထက်ဆေးဆိုင်
#ဦးဥတ္တမလမ်းနှင့်ဂမုန်းမြိုင်လမ်းထောင့်
#ဂွမြို့

#ဆက်သွယ်မှာယူရန်ဖုန်းနံပါတ်

☎09-254691719
☎09-421732589

ဒီနေ့ orderလေးပို့ဖြစ်တယ်ဆေးဈေးတွေတက်နေပေမယ့် အတတ်နိုင်ဆုံး ဈေးနူန်းချိုသာစွာနဲ့ကိုယ့်ဘက်ကလုပ်ဆောင်ပေးခဲ့တယ်။ ဝယ်ယူအား...
06/09/2022

ဒီနေ့ orderလေးပို့ဖြစ်တယ်
ဆေးဈေးတွေတက်နေပေမယ့် အတတ်နိုင်ဆုံး ဈေးနူန်းချိုသာစွာနဲ့
ကိုယ့်ဘက်ကလုပ်ဆောင်ပေးခဲ့တယ်။ ဝယ်ယူအားပေးတဲ့ မိတ်ဆွေ
များကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း။အလုပ်အကိုင်တွေ
လည်းအဆင်ပြေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ရပ်နီးရပ်ဝေးမှ မိတ်ဆွေများအားလုံးကိုလည်း ထက်ဆေးဆိုင်မှ
ဖိတ်ခေါ်ပါတယ်။ အင်္ဂလိပ်/မြန်မာဆေးမျိုးစုံကို လက်လီ/လက်ကား
ဖြင့် ဝယ်ယူသူအတွက် အဆင်ပြေစေမယ့်ဈေးနူန်းများနဲ့ ရောင်းချ
ပေးနေပါကြောင်း အသိပေးအပ်ပါသည်။

#ဆေးဈေးနူန်းများမေးမြန်းနိုင်ပါသည်

#ထက်ဆေးဆိုင်
#ဦးဥတ္တမလမ်းနှင့်ဂမုန်းမြိုင်လမ်းထောင့်
#ဂွမြို့

#ဆက်သွယ်မှာယူရန်ဖုန်းနံပါတ်
☎09-254691719
☎09-421732589

Hello မင်္ဂလာပါ . . .အခုလိုအကျပ်အတည်း ကာလကြီးမှာ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာချင်နေတဲ့သူတွေအတွက် လူလည်းမပင်ပန်း အရင်းအနှီးကလည်...
04/08/2022

Hello မင်္ဂလာပါ . . .
အခုလိုအကျပ်အတည်း ကာလကြီးမှာ တစ်ဖက်တစ်လမ်းက
ဝင်ငွေရှာချင်နေတဲ့သူတွေအတွက်
လူလည်းမပင်ပန်း အရင်းအနှီးကလည်း သောင်းဂဏန်းရှိရုံနဲ့
လုပ်နိုင်တဲ့ အလုပ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။
အဲ့ဒါကတော့ . . .
#သဇင်ခိုင်အမှတ်တံဆိပ်အကြာပြေဒဏ်ကျေလိမ်းဆေး
#(spray)100mlဗူး အားရောင်းချဖြန့်ချီပေးရမယ့်/
အရောင်းကိုယ်စားလှယ်အဖြစ်လုပ်ဆောင်ရမယ့် လုပ်ငန်းလေး
တစ်ခုဖြစ်ပါတယ်။
အကျိုးအမြတ်ကတော့ ဆေးတစ်ဗူးချင်းအလိုက်
ရောင်းအားကိုတွက်ချက်ပြီး ရောင်းချပေးသူစိတ်ကျေနပ်စေမည့်
အကျိုးအမြတ် ငွေပမာဏကို ရရှိစေမှာဖြစ်ကြောင်း အာမခံပါသည်။

(အသေးစိတ်သိရှိလိုပါက page messager (or)
09-254691719 viber သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်)
#မှတ်ချက် -ဂွမြို့နယ်တွင်းသာ။

ဆေးရဲ့အသုံးဝင်ပုံအကြောင်း
""""""""''''''''"""""""""""""""""""''''''''''''''''
ဒီဆေးဟာ မာန်အောင်ဆရာတော်ကြီး၏ ဆေးနည်းအတိုင်း ဖော်စပ်ထားသော ဆေးဖြစ်ပါသည်။ တိုင်းရင်းဆေးဝါး မှတ်ပုံတင်
ထားပြီး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါကြောင်းလည်း အသိပေး
အပ်ပါသည်။ ဒီဆေးကို အလုပ်ကြမ်းလုပ်ကိုင်နေသူများ / လေဖြတ်
ပြီးအိပ်ရာပေါ် လဲနေသူများ/ အားကစားသမားများ/ မကြာခဏ
ညောင်းညာကိုက်ခဲတတ်သူများအတွက် အထူးသင့်လျော်သည်။
ဒါ့အပြင် ခေါင်းအုံ ဇက်လေးခြင်း
ခြေလက်အဆစ်အမြစ်
ရောင်ရမ်းခြင်း ထုံကျင်ကိုက်ခဲခြင်း
အရိုးဂုတ်ကျီးပေါင်း လေးဖက်နာ
ဒူးနာခါးနာ လေးငန်းပါရွဲ့
ကြွက်သားများနာကျင်ခြင်း တို့ကို
တစ်နေ့(၂)ကြိမ်မှ (၄)ကြိမ်အထိ လိမ်းပေးနိင်ပါသည်။

#ထက်ဆေးဆိုင်
#ဦးဥတ္တမလမ်းနှင့်ဂမုန်းမြိုင်လမ်းထောင့်
#ဂွမြို့

☎09-254691719
☎09-421732589

🙋🏻‍♀️ဘာကြောင့်အမျိုးသမီးတွေမှာ ဟော်မုန်းဓာတ်ညီမျှဖို့ လိုအပ်ပါသလဲ❓⭕ဟော်မုန်းဓာတ်တွေက ခန္ဓာကိုယ်ရဲ့ အလေးချိန်၊ စားချင်သောက...
11/06/2022

🙋🏻‍♀️ဘာကြောင့်အမျိုးသမီးတွေမှာ ဟော်မုန်းဓာတ်ညီမျှဖို့ လိုအပ်ပါသလဲ❓

⭕ဟော်မုန်းဓာတ်တွေက ခန္ဓာကိုယ်ရဲ့ အလေးချိန်၊ စားချင်သောက်ချင်စိတ်တွေ၊ စိတ်ခံစားချက်တွေ၊ လိင်စိတ်ဆန္ဒတွေအပေါ် ထိန်းချုပ်နိုင်ပါတယ်။

‼️ဟော်မုန်းဓာတ်မညီမျှခဲ့ရင်
▪️စိတ်အပြောင်းအလဲမြန်ခြင်း
▪️ရာသီသွေးဆင်းချိန် နာကျင်ခြင်း
▪️ရာသီသွေးအလွန်ဆင်းခြင်း
▪️အိပ်မပျော်ခြင်း
▪️ကိုယ်အလေးချိန်တက်ခြင်း
▪️အသားအရည်ခြောက်သွေ့ခြင်း
▪️ကလေးရဖို့ ခက်ခဲခြင်း
▪️ရာသီလာချိန်၊ သွေးဆုံးချိန်မှာ ခေါင်းကိုက်ခြင်း
▪️သွေးဆုံးပြီးချိန်နောက်ပိုင်း အရိုးကျိုးလွယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

☘️ကံကောင်းတဲ့ အချို့အမျိုးသမီးတွေကတော့ ရာသီလာချိန်မှာ ပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်ပေမယ့် အများစုကတော့ လတိုင်းမှာ နာကျင်မှုတွေ၊ အဆင်မပြေမှုတွေ‌နဲ့ ဖြတ်သန်းနေရတုန်းပါပဲ ...

✨Eve 500 မှာပါဝင်တဲ့ Evening Primrose Oil က အမျိုးသမီးတို့ရဲ့ ရာသီသွေးစပေါ်ချိန်ကနေ သွေးဆုံးချိန်အထိ ခန္ဓာကိုယ်ရဲ့ပြောင်းလဲနေတဲ့ ဟော်မုန်းဓာတ်ကို ညီမျှစေပါတယ်။

🌼Eve 500 ကိုအမျိုးသမီးများ အပျိုဖော်ဝင်ခါစ ကစပြီး သာက်သုံးသင့်ပါတယ်။

🌼Eve 500 မှာပါတဲ့ Evening Primrose Oilက အမျိုးသမီးတွေ ဓမ္မတာမပေါ်မီဖြစ်ပေါ်တတ်သော ဝေဒနာများနှင့် နာကျင်ကိုက်ခဲမှုတွေကိုသက်သာပျောက်ကင်းစေတယ်...💕

🌼Eve 500 ကိုနေ့စဉ်သောက်သုံးပါက အသားအရေကို စိုပြေလှပစေပြီး အရွယ်တင်နုပျိုစေပါတယ်။





#ထက်ဆေးဆိုင်
#ဦးဥတ္တမလမ်းနှင့်ဂမုန်းမြိုင်လမ်းထောင့်
#ဂွမြို့

ဆိုင်တွင်လာရောက်အားပေးနိုင်ပါပြီ

☎09-254691719
☎09-421732589

✨  အကြည်ဓာတ်လေးနဲ့ Glow နေဖို့  ✨EV-O3 ရဲ့ Vitamin E , Wheat Germ Oil နဲ့ Omega 3 တို့ရဲ့ ၃ မျိုးပေါင်းအာနိသင်က နေလောင်ဒ...
11/06/2022

✨ အကြည်ဓာတ်လေးနဲ့ Glow နေဖို့ ✨

EV-O3 ရဲ့ Vitamin E , Wheat Germ Oil နဲ့ Omega 3 တို့ရဲ့ ၃ မျိုးပေါင်းအာနိသင်က နေလောင်ဒဏ်တွေကြောင့်ဖြစ်တဲ့ ဝက်ခြံ၊ တင်းတိတ်၊ အမဲစက် နဲ့ နေလောင်ကွက်တွေကိုလျော့ပါးသက်သာသွားစေရုံမက ခန္ဓာကိုယ်ရဲ့အစိုဓါတ်ကိုပါဖြည့်တင်းပေးလို့ ကြည်လင်ဝင်းပတဲ့အသားအရေနဲ့ Glow ပြီးရင်း Glow နေမှာအမှန်ပါပဲနော်✨

လူတစ်ယောက်ရဲ့အကြည်ဓါတ် ဆိုတာ ရုပ်ချောတာ၊ မချောတာ၊ ဖြူတာ၊ မဲတာ တွေနဲ့မဆိုင်ပါဘူးနော်...အကြည်ဓါတ်ရှိတဲ့သူဆိုတာ ဘယ်နေရာဘယ်အချိန်ပဲ​ရောက်ရောက် တင့်တယ်ပြီးချစ်စရာကောင်းနေတာမျိုးပါ🥰

ဒါကြောင့် ဖန်သားလေးလိုကြည်လင်တောက်ပတဲ့ အသားအရေလေးနဲ့ ဘယ်နေရာသွားသွား တင့်တယ်နေဖို့ဆိုရင်တော့ EV-O3 လေးကိုသာအနားမှာဆောင်ထားလိုက်ပါနော်🌟






#ထက်ဆေးဆိုင်
#ဦးဥတ္တမလမ်းနှင့်ဂမုန်းမြိုင်လမ်းထောင့်
#ဂွမြို့

ဆိုင်တွင်လာရောက်အားပေးနိုင်ပါပြီ

☎09-254691719
☎09-421732589

အမျိုးသမီးများအသုံးများတဲ့ဆေး++++++++++++++++++Mefenamic acid  /   ( အကိုက်အခဲပျောက်ဆေး) Mefenamic acid အကြောင်းကို သေချ...
07/04/2022

အမျိုးသမီးများအသုံးများတဲ့ဆေး
++++++++++++++++++

Mefenamic acid / ( အကိုက်အခဲပျောက်ဆေး)

Mefenamic acid အကြောင်းကို သေချာနားလည်အောင် တင်ပေးလိုက်ပါတယ်။ လက်တွေ့သောက်နေကြပေမဲ့ ဆေးနဲ့ပတ်သတ်ပြီး ကိုယ်မသိသေးတဲ့ အချက်များကို သိရှိနားလည်သွားတဲ့အတွက် အကျိုးများမယ်လို့ ယုံကြည်ပါတယ်။

ဆေးအမျိုးအစား
***************
အမျိုးသမီးများမှာ အသုံးများတဲ့ဆေးဖြစ်တယ်။ ရာသီလာစဉ် ကိုက်ခဲတာကို သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တယ်။ အခြားနာကျင်ကိုက်ခဲမှု့များကိုလည်း သက်သာစေတယ်။

ဆေးရဲ့အာနိသင်
***************
နာကျင်မှု့ကိုဖြစ်ပေါ်စေတဲ့ hormone ထွက်တာကို တားပေးတယ်။ နာကျင်မှု့ကို သက်သာစေတယ်။ သားအိမ်ကြွက်သားကျုံခြင်း၊ ညှစ်ခြင်းကို လျော့နည်းစေတယ်။ ရာသီလာချိန် ကိုက်ခဲနာကျင်တာကို သက်သာစေတယ်။ ရာသီသွေးဆင်းများကိုလည်း လျော့ပါးစေတယ်။ အရိုးအဆစ်နာကျင် ကိုက်ခဲတာ ကိုလည်း သက်သာစေတယ်။ ခေါင်းတခြမ်းကိုက်၊ သွားကိုက်သွားနာ၊ ခွဲစိတ်ပြီး နာကျင်တာ၊ ကလေးမီးဖွားပြီး နာကျင်တာတွေကိုလည်း သက်သာစေတယ်။

ဆေးပမာဏ
************
250mg နဲ့ 500mg ဆိုပြီး (၂) မျိုးရှိတယ်

အားသာချက်
************
အခြားအကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ Diclofenac sodium, Ibuprofen တို့နဲ့ယှဉ်ရင် အစာအိမ်ကို ထိခိုက်မှု့နည်းတယ်။ ဆေးသောက်ပြီး အာနိသင်ရတာ မြန်တယ်။

ဆေးသောက်နည်း နှင့် သတိထားရမည့်အချက်များ
******************************
နာကျင်ကိုက်ခဲရင် သောက်နိုင်တယ်။ တနေ့ကို ၃ ကြိမ်သောက်နိုင်တယ်။ တစ်ကြိမ်သောက်လို့ သက်သာသွားရင် ဆက်ပြီးသောက်စရာမလို။ (၁) ပတ်ထက်ပိုမသောက်ရ။
အစာအိမ်လေဆေးများဖြစ်တဲ့ Digene, Gelmag, Siloxogen များနဲ့ mefanamic acid ကို တွဲမသောက်ပါနဲ့။ အစာအိမ်လေဆေးများက mefenamic acid ကို ခန္ဓာကိုယ်က စုပ်ယူတာကို နှောင့်ယှက်နိုင်လို့ဖြစ်တယ်။

ဘေးထွက်ဆိုးကျိုးများ
*******************
ရင်ပူမယ်
အစာအိမ်မအီမသာဖြစ်၊
ဝမ်းပျက်ဝမ်းလျော၊
ခေါင်းကိုက်၊
နားအူ တာတို့ဖြစ်နိုင်တယ်။

Mefenamic acid မသောက်သင့်သူများ
*****************************
ပန်းနာရင်ကျပ်ရောဂါရှိသူ
အစာအိမ်မကောင်းသူ၊
နှလုံးခွဲစိတ်ထားသူ၊
နှလုံးရောဂါရှိသူ
အသည်းမကောင်းသူ၊
ကျောက်ကပ်မကောင်းသူ၊
သွေးတိုးရောဂါပြင်းထန်သူ များသတိထားသင့်တယ်။ အထက်ပါရောဂါရှိသူများ သောက်ဖို့လိုအပ်ပါက ဆရာဝန်နဲ့ပြသတိုင်ပင်ပြီးမှာ ဆရာဝန်ညွန်ကြားချက်အတိုင်း သောက်သင့်ပါတယ်။

တွဲမသောက်သင့်သောဆေးများ
***************************
သွေးကျဲဆေး ( warfarin, aspirin )
အရောင်ကျဆေး ( dexamethasone, methyprenisolone )
အခြားအကိုက်အခဲပျောက်ဆေး ( ibuprofen, diclofenac sodium)


250mg (4 လုံးပါ 1ကဒ်) =600 Ks
500mg (4 လုံးပါ 1ကဒ်) = 1100 Ks

#ထက်ဆေးဆိုင်
#ဦးဥတ္တမလမ်းနှင့်ဂမုန်းမြိုင်လမ်းထောင့်
#ဂွမြို့

☎09-254691719
☎09-421732589

 #အဖျားပျောက်ဆေးနှင့်ရာသီတုတ်ကွေးဆိုင်ရာဆေးဝါးများ #ထက်ဆေးဆိုင် #ဦးဥတ္တမလမ်းနှင့်ဂမုန်းမြိုင်လမ်းထောင့် #ဂွမြို့☎09-2546...
05/04/2022

#အဖျားပျောက်ဆေးနှင့်ရာသီတုတ်ကွေးဆိုင်ရာဆေးဝါးများ

#ထက်ဆေးဆိုင်
#ဦးဥတ္တမလမ်းနှင့်ဂမုန်းမြိုင်လမ်းထောင့်
#ဂွမြို့

☎09-254691719
☎09-421732589

Address

Gwa

Telephone

+959254691719

Website

Alerts

Be the first to know and let us send you an email when ထက်ဆေးဆိုင် HTET Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ထက်ဆေးဆိုင် HTET Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram