GBK Hospital

GBK Hospital လူနာဘက်ကအမြဲမှန်

အိုမီခရွန်ကနေဆင့်ကဲပြောင်းလာတဲ့ကိုဗစ်ဗိုင်းရပ်  #အာကျူရပ်စ်   XBB.1.16 ဖြစ်ပါတယ်။အိမ်နီးချင်းထိုင်း၊စင်ကာပူ၊ဟောင်ကောင်တွ...
19/04/2023

အိုမီခရွန်ကနေဆင့်ကဲပြောင်းလာတဲ့ကိုဗစ်ဗိုင်းရပ် #အာကျူရပ်စ် XBB.1.16 ဖြစ်ပါတယ်။အိမ်နီးချင်းထိုင်း၊စင်ကာပူ၊ဟောင်ကောင်တွေရောက်နေပြီဆိုတော့ မြန်မာကိုလဲမကြာခင်ရောက်လာတော့မှာပါ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလဲကြောငြာထားပါပြီ။

ကံကောင်းတာကတော့အရင်အိုမီခရွန်ထက်ပိုဆိုးတာမတွေ့ရဘူးပြောပါတယ်။အခြားကိုဗစ်လက္ခဏာတွေအပြင်သူ့မှာထူးခြားတာက မျက်စိနာ (Conjunctivitis)တာပါ။

လူကြီးတွေအတွက်ကိစ္စမရှိပေမဲ့ ခုလိုပူတဲ့အချိန်မှာကလေးတွေမှာဖြစ်ရင်တော့သတိထားဖို့လိုပါမယ်။ကူးစက်တာကလဲအိုမီခရွန်ထက်ပိုမြန်ပါတယ်။
19/4/23
photo credit: internet

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က (၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁)ရက်ထိအောင...
24/05/2022

မျောက်ကျောက် (Monkeypox) ရောဂါလက္ခဏာများ
မျောက်ကျောက်ရောဂါကူးစက်ပြန့်ပွားချိန်က
(၆) ရက်မှ (၁၃) ရက်ဖြစ်ပြီး (၂၁)ရက်ထိအောင်ကြာမြင့်နိုင်ပါတယ်။
ရောဂါကူးစက်ချိန်ကို အချိန်ကာလာနှစ်ခု ပိုင်းခြားထားနိုင်ပါတယ်။
ပထမဆုံး (၅) ရက်အတွင်းမှာ
• ဖျားခြင်း၊
• ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
• ပြန်ရည်အိတ်(lymph nodes)ရောင်ရမ်းခြင်း၊
• ခါးနာခြင်း၊
• ကြွက်သားများနာကျင်ကိုက်ခဲခြင်း,အားအင်ချိနဲ့ခြင်း
စသည်တို့ ခံစားရနိုင်ပါတယ်။
(lymph nodes)ရောင်ရမ်းလာခြင်းက အခြားသော ရေကျောက်၊ ဝက်သက်စသည့်ရောဂါများနှင့်မတူ ကွဲပြားသည့် အချက်ဖြစ်ပါတယ်။
ဖျားပြီး (၁) ရက်ကနေ (၃) ရက်အတွင်းမှာ
• အရေပြားပေါ်မှာ အဖုတွေ စတင်ပေါ်ပေါက်လာတယ်။
• အနီစက်များဟာခန္ဓာကိုယ်ပေါ်ထက်မျက်နှာ,ခြေလက်
များပေါ်မှာ ပိုပေါက်လာပါတယ်။
• အနီစက်များဟာအရည်ကြည်များ၊ပြည်များပါဝင်ပါတယ်။
• အနာတွေက အရေအတွက် အနည်းငယ်ကနေထောင်ပေါင်းများစွာအထိ ဖြစ်နိုင်ပါတယ်။
အနာများဟာ တစ်ခုနှင့်တစ်ခုပေါင်းစပ်သွားပြီးနောက် အရေပြားတွေဟာ ကွာကျလာနိုင်ပါတယ်။
မျောက်ကျောက်ရောဂါဟာ ကိုယ်ခံအားကျဆင်းသူတွေမှာ ဆိုးရွားတဲ့ ရလဒ်တွေ ဖြစ်လာနိုင်ပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးများဟာ ယခင်က
ကာကွယ်ပေးနိုင်သော်လည်း ယခုအခါမှာတော့ အသက် (၄၀) နှင့် (၅၀) နှစ်အောက် ငယ်ရွယ်သူများမှာ ပိုအဖြစ်များပါတယ်။
မျောက်ကျောက်ရောဂါနောက်ဆက်တွဲအနေဖြင့်
• အဆုတ်ရောင်ရောဂါ၊
• ပိုးဝင်ခြင်း၊
• ဦးနှောက်ရောင်ရောဂါ၊
• မျက်ကြည်လွှာပိုးဝင်ခြင်း စသည်တို့ ဖြစ်လာနိုင်တယ်။
ရောဂါလက္ခဏာမပေါ်သည့် ပိုးဝင်ခြင်းများ ရှိလားဆိုတာကိုတော့မသိရသေးပါဘူး။မျောက်ကျောက်ရောဂါကြောင့် သေဆုံးနှုန်းဟာ ကလေးငယ်တွေကြားမှာ ပိုမြင့်မားပါတယ်။ မကြာသေးခင်ကအထိတော့
(၃) ရာခိုင်နှုန်းကနေ (၆) ရာခိုင်နှုန်းအထိ ရှိပါတယ်။
ကျောက်ကြီးရောဂါကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅) ရာခိုင်နှုန်း အထိ ကာကွယ်နိုင်ပါတယ်။ ယခင် ကာကွယ်ဆေးထိုးနှံထားသည့် အမှတ်အသားကတော့ လက်မောင်းပေါ်မှာ အမာရွတ်သေးသေးလေးကို တွေ့နိုင်ပါတယ်။ လက်ရှိမှာတော့ မူလကျောက်ကြီးကာကွယ်ဆေးများဟာ နောက်ထပ်မရနိုင်တော့ပါဘူး။ ကျောက်ကြီးရောဂါနှင့်
မျောက်ကျောက်ရောဂါ ကာကွယ်ဆေးများကိုတော့ ဆက်လက်လုပ်ဆောင်နေပါတယ်။
ကြိုတင်ကာကွယ်ခြင်း
မျောက်ကျောက်ရောဂါနှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုများ၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးများ
စသည့် လေ့လာမှုများကို ပြုလုပ်နေပါပြီ။ တစ်ချို့သော နိုင်ငံများမှာ ကျန်းမာရေးဝန်ထမ်းများ၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကယ်ဆယ်ရေးဝန်ထမ်းများကဲ့သို့
ကူးစက်မှုအန္တရာယ်များတဲ့သူတွေကို ကာကွယ်ဆေးများ ထိုးနှံပေးနေပါပြီ။
လူအချင်းချင်းကူးစက်မှုကို လျှော့ချနိုင်စေရန်
• မျောက်ကျောက်ရောဂါဖြစ်ပွားလာလျှင် ရောဂါပိုးရှိသူနှင့် အနီးကပ်မနေပါနှင့်။
ကျန်းမာရေးဝန်ထမ်းများဟာ ကူးစက်ခံရနိုင်ချေ ပိုများပါတယ်။
ယခင်က ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံသူများသာလျှင် လူနာကို စောင့်ရှောက်သင့်ပါတယ်။
ကူးစက်မှု ဖြစ်နိုင်ချေရှိသည့် အရာအားလုံးကို သေချာစောင့်ကြည့်နေဖို့ အရေးကြီးပါတယ်။
တိရစ္ဆာန်မှတဆင့် လူကို ကူးစက်နိုင်ချေ လျှော့ချခြင်း
•တောရိုင်းတိရစ္ဆာန်များနှင့်ထိတွေ့ခြင်းကိုရှောင်ကြဉ်ရန်။
ဖျားနာနေသော သို့မဟုတ် သေဆုံးပြီးသော အကောင်များကို ကိုင်တွယ်ခြင်း ကို ရှောင်ကြဉ်ရန်။
အသားများအားလုံး မကျက်တကျက် စားသုံးခြင်းကို
ရှောင်ကြဉ်ရပါမယ်။
အသားတွေကို အစာမစားခင်မှာ သေချာကျက်အောင် ချက်ပြုတ်ပါ။
မျောက်ကျောက်ရောဂါနှင့် ကျောက်ကြီးရောဂါအကြား ဆက်စပ်မှုများကျောက်ကြီးရောဂါဟာ အလွယ်တကူကူးစက်နိုင်ပြီး လူနာသေဆုံးနှုန်းက (၃၀) ရာခိုင်နှုန်းထိ ရှိပါတယ်။
(၁၉၈၀) မှာ ကျောက်ကြီးရောဂါကို အမြစ်ဖျက်ချေမှုန်း နိုင်ပြီဟု ကြေညာထားပါတယ်။ ယခုအခါမှာ ကျောက်ကြီးရောဂါကာကွယ်ဆေး မထိုးထားသည့်နေရာများမှာ မျောက်ကျောက်ရောဂါပိုး ကူးစက်မှု ဖြစ်နိုင်ချေ ပိုများပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်အနေဖြင့်
မျောက်ကျောက်ရောဂါဖြစ်ပွားနိုင်သည့် နိုင်ငံများမှာ ကြိုတင်ပြင်ဆင်မှုများနှင့် တုံ့ပြန်မှုများနှင့် စောင့်ကြည့်နေမှုများကို ကူညီဆောင်ရွက်ပေးနေပါတယ်။ နောက်ထပ် အကြောင်းအရာများကိုလည်း ဆက်လက်ဖော်ပြပေးသွားပါမယ်။
Source — WHO
Credit — OSC Hospital

𝐌𝐨𝐥𝐧𝐮𝐩𝐢𝐫𝐚𝐯𝐢𝐫 ကိုဗစ်ရောဂါအတွက်သောက်ဆေးအသစ် antiviral သောက်ဆေးကို အမေရိကန်ဆေးကုမ္ပဏီကြီးဖြစ်တဲ့ Merck & Co ကထုတ်လုပ်တာဖြစ်...
09/02/2022

𝐌𝐨𝐥𝐧𝐮𝐩𝐢𝐫𝐚𝐯𝐢𝐫 ကိုဗစ်ရောဂါအတွက်သောက်ဆေးအသစ်

antiviral သောက်ဆေးကို အမေရိကန်ဆေးကုမ္ပဏီကြီးဖြစ်တဲ့ Merck & Co ကထုတ်လုပ်တာဖြစ်ပြီး Virus ပိုးကောင်ရေ ပြန့်ပွားနှုန်းအား ထိန်းချုပ်လျော့ချပေးတဲ့ Anti-Viral ဆေးများထဲမှ နောက်ဆုံးဆေးသစ်တစ်မျိုးဖြစ်ပါတယ်။ ထိုးဆေး မဟုတ်ဘဲ ဆေးတောင့်အနေနဲ့သောက်သုံးရတာဖြစ်လို့ အသုံးပြုရလွယ်ကူစေပါတယ်။

Molnupiravir ဆေးက ယခုချိန်ထိ EUAs (အ‌‌ရေးပေါ်ခွင့်ပြုထားသောဆေး) သာဖြစ်ပါတယ်။ Covid19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိပြီးတဲ့ အသက် ၁၈နှစ်အထက် လူနာများထဲတွင်မှ အသက်အရွယ်အရ လည်းကောင်း၊ ရောဂါအခံကြောင့်လည်းကောင်း၊ အခြားအကြောင်းကြောင်းများကြောင့်လည်းကောင်း နောက်ပိုင်းတွင် ပြင်းထန် Covid19 ရောဂါနောက်ဆက်တွဲများထိ ဖြစ်ပွားနိုင်ခြေများပြားပြီး အသက်ဆုံးရှုံးနိုင်ခြေရှိကြောင်း(ဆရာဝန်များမှ) ဆန်းစစ်ဆုံးဖြတ်ပြီးမှသာ သင့်တော်သော၊ ဆေးရုံတင်ရန်မလိုအပ်သော Mild to Moderate (အသင့်အတင့်ပြင်းထန်) လူနာများအား အိမ်တွင် သောက်သုံးနိုင်ရန် ကုသပေးသော ဆေးဖြစ်ပါတယ်။ (Covid19 Positive အဖြေတွေ့သူတိုင်းအား ပေးသော ဆေးမဟုတ်ပါ။ ပေးရန်မလိုပါ။)

Molnupiravir ဆေးက ဘယ်လိုအလုပ်လုပ်သလဲ ❔

Molnupiravir ဟာဗိုင်းရပ်စ်မပွားလာအောင် အမြန်ထိန်းချုပ်တဲ့ဆေးဖြစ်ပါတယ်။ ဗိုင်းရပ်စ်တွေ ကိုယ်ထဲမှာ အလွန်အမင်းပွားမလာအောင် တားဆီးပေးပြီး တစ်ယောက်ကနေတစ်ယောက်ကို ကူးစက်မှုနည်းသွား အောင်လုပ်ပေးပါတယ်။ ဗိုင်းရပ်စ်ပမာဏနည်းသွားလေ ရောဂါပြင်းထန်မှုကိုလျှော့ချပေးလေပါပဲ။

Molnupiravir ဆေးကြောင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံရနိုင်လဲ ❔

ဆေးရဲ့ဘေးထွက်ဆိုးကျိုးကတော့ မူးဝေဝေဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ဝမ်းလျှောခြင်း၊ အော့အန်ခြင်း စတာတွေ အများဆုံးခံစားရနိုင်ပါတယ်။ ရေရှည်မှာခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ လတ်တလောသုတေသနပြုလုပ်ဆဲအဆင့်မှာတင်ရှိနေပါသေးတယ်။

Molnupiravir ကဘယ်လောက်ထိရောက်မှုရှိသလဲ ❔

အတိအကျဖော်ပြဖို့ခက်ပေမဲ့ Molnupiravir ဟာ ကိုဗစ်ကြောင့်ဆေးရုံတက်ရောက်ရမှုနဲ့ သေဆုံးမှုကို ၃၀% ကနေ ၅၀% အထိလျှော့ချပေးနိုင်တယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။ ဆက်လက်ပြုလုပ်နေဆဲသုတေသနတွေလည်း ရှိတာကြောင့် ဒီပမာဏက ပြောင်းလဲနိုင်တာကိုသတိပြုသင့်ပါတယ်။

Molnupiravir ကိုဘယ်သူတွေမသောက်သင့်ဘူးလဲ ❔

ကလေးကိုအန္တရာယ်ဖြစ်စေနိုင်ကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ နို့တိုက်မိခင်တွေ Molnupiravir ဆေး ကိုမသောက်သုံးသင့်ပါဘူး။ အရိုးနဲ့အဆစ်အမြစ်ဖွံ့ဖြိုးမှုအပေါ်ထိခိုက်နိုင်တဲ့အတွက်လည်း အသက် ၁၈ နှစ် အောက်လူငယ်တွေ သောက်သုံးဖို့မသင့်တော်ပါဘူး။
အမျိုးသားများဆေးသောက်ပြီး ၃ လအတွင်းကလေးမရအောင်စီစဉ်ရပါမယ်၊အမျိုးသမီးများဆေးသောက်ပြီး၄ရက်အတွင်းကလေးမရအောင်အစီစဉ်လုပ်ရပါမယ်။

Molnupiravir က ကိုဗစ်မျိုးကွဲတွေကိုရော ကာကွယ်နိုင်သလား ❔

လက်ရှိအထိတော့ ကိုဗစ်မျိုးကွဲဖြစ်တဲ့ ဒယ်လ်တာ (Delta variant)၊ ဂါမာ (Gamma)၊ မျူ (Mu) တွေအပေါ် Molnupiravir ကထိရောက်မှုရှိတယ်လို့ဆိုပါတယ်။ အိုမေခရွန် (Omicron) မျိုးကွဲကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်တယ်ဆိုတာတော့ သုတေသနလုပ်နေဆဲပါပဲ။

Molnupiravir သောက်ရင် ကိုဗစ်ကာကွယ်ဆေးထိုးဖို့လိုသေးလား ❔

ကိုဗစ်က ဗိုင်းရပ်စ်တစ်ခုဖြစ်တာမို့ ကာကွယ်ဆေးထိုးပြီးကာကွယ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ Molnupiravir လို ဗိုင်းရပ်စ်ကိုသတ်ပေးတဲ့ဆေးတွေက ရောဂါကူးစက်မှုခံရချိန်မှာ ရောဂါပိုဆိုးမလာအောင်သောက်ရတဲ့ဆေးတွေဖြစ်ပြီး ကာကွယ်ဆေးတွေကတော့ အစတည်းက ရောဂါကူးစက်မခံရအောင် တားဆီးပေးပါတယ်။ နဂိုတည်းက ရောဂါကူးစက်မခံရအောင် ကြိုတင်ကာကွယ်တာ အကောင်းဆုံးမို့ လူတိုင်းကာကွယ်ဆေးမဖြစ်မနေထိုးနှံထားသင့်ပါတယ်။

Credit;

အိုမီခရွန်ကိုဗစ်ရောဂါပိုးအသစ်ဟာကမ္ဘာမှာပျံ့နှံ့နေပြီဖြစ်ပါတယ်၊ခုအချိန်ထိတွေရှိချက်များအရ ဒယ်တာမျိုးစိတ်လောက်ပြင်းထန်မှုမ...
29/12/2021

အိုမီခရွန်ကိုဗစ်ရောဂါပိုးအသစ်ဟာကမ္ဘာမှာပျံ့နှံ့နေပြီဖြစ်ပါတယ်၊ခုအချိန်ထိတွေရှိချက်များအရ ဒယ်တာမျိုးစိတ်လောက်ပြင်းထန်မှုမှုမရှိပေမဲ့ကူးစက်မှုကပိုမိုလျှင်မြန်ပါတယ်။
ကာကွယ်ဆေးမထိုးရသေးရင်အမြန်ထိုးကြပါ၊အရင်ထိုးပြီးသာဆိုရင်ထပ်မံအားဖြည့်(booster doses) ထိုးကြပါ။
ပထမအကြိမ်တုန်းက sinovac ၂ ကြိမ်ထိုးထားပြီးရင်
၁ လအကြာမှာ တတိယအကြိမ်အဖြစ် booster doses ထိုးသင့်ပါတယ်။ sinophram ထိုးထားတယ်ဆိုရင် ၃ လအကြာမှာ နောက်တကြိမ်ထပ်ထိုးဖို့လိုပါတယ်။
Moderna , Pfizerတို့ထိုးထားနိုင်ရင်အကောင်ဆုံးဖြစ်ပေမဲ့မြန်မာပြည်မှာမရနိုင်သေးပါ၊လက်ရှိအခြေအနေအရ covidshield ပဲထိုးထားသင့်ပါတယ်။

မနက်ဖန် ၄.၁၂.၂၁ စနေနေ့ GBK ဆေးရုံမှာ Ultrasoundရိုက်လို့ရပါပြီနော်☺(ရောဂါရှာဖွေချင်တာပဲဖြစ်ဖြစ်/ ကိုယ်ဝန်ဆောင်မိခင်များ ...
03/12/2021

မနက်ဖန် ၄.၁၂.၂၁ စနေနေ့ GBK ဆေးရုံမှာ Ultrasound
ရိုက်လို့ရပါပြီနော်☺
(ရောဂါရှာဖွေချင်တာပဲဖြစ်ဖြစ်/ ကိုယ်ဝန်ဆောင်မိခင်များ သားသားလေး 👶မီးမီးလေး👧သိချင်တာပဲဖြစ်ဖြစ်)
📞0943015552 ,📞0949332226 ,📞05350083 တို့ မှာကြိုတင်စာရင်းပေးလို့ရနေပြီနော်🤗

မနက်ဖန် ၂၀.၁၁.၂၁ စနေနေ့ GBK ဆေးရုံမှာ Ultrasoundရိုက်လို့ရပါပြီနော်☺📞0943015552 ,📞0949332226 ,📞05350083 တို့ မှာကြိုတင်စ...
19/11/2021

မနက်ဖန် ၂၀.၁၁.၂၁ စနေနေ့ GBK ဆေးရုံမှာ Ultrasound
ရိုက်လို့ရပါပြီနော်☺

မနက်ဖန် ၁၃.၁၁.၂၁.စနေနေ့၊GBK ဆေးရုံမှာ ultrasound ရိုက်လို့ရပါတယ်ကြိုတင်စာရင်းပေးရန် 0943015552 ,0949332226, 05050083
12/11/2021

မနက်ဖန် ၁၃.၁၁.၂၁.စနေနေ့၊GBK ဆေးရုံမှာ ultrasound ရိုက်လို့ရပါတယ်

ကြိုတင်စာရင်းပေးရန် 0943015552 ,0949332226, 05050083

မနက်ဖန် ၆.၁၁.၂၁ စနေနေ့ GBK ဆေးရုံမှာ Ultrasoundရိုက်လို့ရပါမယ်၊0943015552 ,0949332226 ,05350083 မှာကြိုတင်စာရင်းပေးလို့ရ...
05/11/2021

မနက်ဖန် ၆.၁၁.၂၁ စနေနေ့ GBK ဆေးရုံမှာ Ultrasound
ရိုက်လို့ရပါမယ်၊
0943015552 ,0949332226 ,05350083 မှာကြိုတင်စာရင်းပေးလို့ရနေပြီနော်

တနင်္ဂနွေနေ့တိုင်း GBK ဆေးရုံမှာမျက်စိအထူးကုဆရာဝန်ကြီးနဲ့ပြသနိုင်ပါတယ်ကြိုတင်စာရင်းပေးသွင်းရန်0943015552 ,0949332226 ,05...
23/10/2021

တနင်္ဂနွေနေ့တိုင်း GBK ဆေးရုံမှာမျက်စိအထူးကုဆရာဝန်ကြီးနဲ့ပြသနိုင်ပါတယ်

ကြိုတင်စာရင်းပေးသွင်းရန်
0943015552 ,0949332226 ,05350083

စနေနေ့ တိုင်းGBK ဆေးရုံမှာ Ultrasound ရိုက်လို့ရပါတယ်၊ကြိုတင်စာရင်းပေးရန် 0943015552 ,0949332226 ,05350083
22/10/2021

စနေနေ့ တိုင်းGBK ဆေးရုံမှာ Ultrasound ရိုက်လို့ရပါတယ်၊ကြိုတင်စာရင်းပေးရန်
0943015552 ,0949332226 ,05350083

ပြည်သူများခက်ခဲနေတဲ့ကာလမှာတအိမ်ထောင် ဆန်၂ပြည်၊ဆီတပုလင်း၊ကြက်ဥ၁၀လုံး ငွေ ၅ထောင်ကျပ်နုန်းနဲ့ အိမ်ထောင်စုပေါင်း ၂၇၇ စုကိုGB...
13/09/2021

ပြည်သူများခက်ခဲနေတဲ့ကာလမှာတအိမ်ထောင် ဆန်၂ပြည်၊ဆီတပုလင်း၊ကြက်ဥ၁၀လုံး ငွေ ၅ထောင်ကျပ်နုန်းနဲ့ အိမ်ထောင်စုပေါင်း ၂၇၇ စုကို
GBK ဆေးရုံမိသားစုကလှူဒါန်းခဲ့ပါတယ်

Address

GBK Hospital
Gyobingauk
08231

Telephone

+95943015552

Website

Alerts

Be the first to know and let us send you an email when GBK Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share