04/02/2025
Azithromycin Tablet
(အဇစ်သရိုမိုင်စင်ဆေးပြား)
♦♦♦♦♦♦
🔴 ဗဟုသုတ ရရှိရန်အတွက်သာ အကျဉ်းမျှ တင်ပြခြင်းသာ ဖြစ်ပါသည်။ မိမိသဘောဖြင့် ဆေးစသောက်ခြင်း မပြုရပါ။ ဆရာဝန် ညွှန်ကြားမှသာ အသုံးပြုရပါမည်။
COMMON BRAND(S):
Azmy-500
Azithromycin Dose Pack Z-Pak
Zithromax
Zithromax Tri-Pak
Zithromax Z-Pak
Zmax
GENERIC NAME(S):
Azithromycin
အသုံးပြုခြင်း
♦♦♦♦♦
💠 Azithromycin (အဇစ်သရိုမိုင်စင်) သည် မက်ခရိုလိုက်အုပ်စု ပဋိဇီဝဆေး (Macrolide Antibiotics) ဖြစ်ပါသည်။ ၎င်းသည် ဘက်တီးရီးယားများ ပေါက်ပွားခြင်းကို တားဆီးသည်။
💠 Azithromycin သည် ဗိုင်းရပ်စ် ကူးစက်ခြင်းများ (viral infections) (ဥပမာ - အအေးမိခြင်း၊ တုတ်ကွေးဖြစ်ခြင်း) ကို ကုသနိုင်ခြင်း မရှိပါ။
💠 Azithromycin ကို
- အသက်ရှူလမ်းပိုးဝင်ခြင်းများ (chest infections)
ဥပမာ - နမိုးနီးယား (pneumonia)
- နှာခေါင်းနှင့် လည်ချောင်း ရောဂါများ
ဥပမာ - ထိပ်ကပ်နာ (sinusitis)
- မွှားကြောင့်ဖြစ်သော အဆစ်အမြစ် ရောင်ရမ်းခြင်းရောဂါ (Lyme disease)
- လိင်ကတစ်ဆင့် ကူးစက်ရောဂါများ (sexually transmitted infections)
ဥပမာ - chlamydia, gonorrhea infections
- နားအလယ်ပိုင်းရောင်ရမ်းခြင်း (middle ear infections)
- လည်ချောင်းနာခြင်း (strep throat)
- ခရီးသွား ဝမ်းပျက်ခြင်း (traveler's diarrhea)
- ငှက်ဖျားရောဂါ (malaria)
- လည်ချောင်းနာခြင်း သို့မဟုတ် အာသီးရောင်ခြင်း
(pharyngitis or tonsillitis)
- ဘက်တီးရီးယား Mycobacterium avium နှင့် Mycobacterium intracellulare တို့ကြာင့် ဖြစ်သည့်ကူးစက်ရောဂါ (Mycobacterium avium complex - MAC)
တို့အတွက် အသုံးပြုနိုင်ပါသည်။
💠 Azithromycin ကို ဆေးတောင့်၊ ဆေးပြား၊ ဆေးရည်အပြင် ထိုးဆေးအနေဖြင့်လည်း ရရှိပါသည်။
ဆေးညွှန်း
🔶🔶🔶
လေပြွန်ရောင်ခြင်း (bronchitis) အတွက်ဆေးညွှန်း
■■■■■■■■■■■■■■■■■■■■
အသက် (၁၈) နှစ်နှင့် အထက်
¤¤¤¤¤¤¤¤¤¤¤¤¤¤
တစ်ရက်လျင် (၁) ကြိမ် - 500 mg (၃) ရက်
(ဆရာဝန်က ပထမရက်တွင် 500 mg တစ်ကြိမ် ပေးပြီးနောက် ဆက်လက်၍ (၂) ရက်မှ (၅) ရက်ထိ တစ်နေ့လျင် 250 mg တစ်ကြိမ်စီ ပေးနိုင်ပါသည်)
ထိပ်ကပ်နာအတွက်ဆေးညွှန်း
■■■■■■■■■■■■
အသက် (၁၈) နှစ်နှင့် အထက်
¤¤¤¤¤¤¤¤¤¤¤¤¤¤
တစ်ရက်လျင် (၁) ကြိမ် - 500 mg (၃) ရက်
အသက် (၆) လမှ (၁၇) နှစ် အထိ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
တစ်ရက်လျင် (၁) ကြိမ် - 10 mg/kg ကိုယ်အလေးချိန်
(၃) ရက် သောက်ရန်
အသက် (၆) လအောက် ကလေးငယ်များကို Azithromycin မပေးသင့်ပါ။
အရေပြား ကူးစက်ရောဂါများ (skin infections) အတွက်ဆေးညွှန်း
■■■■■■■■■■■■■■■■■■■■
အသက် (၁၈) နှစ်နှင့် အထက်
¤¤¤¤¤¤¤¤¤¤¤¤¤¤
တစ်ရက်လျင် (၁) ကြိမ် - 500 mg (၃) ရက်
(ဆရာဝန်က ပထမရက်တွင် 500 mg တစ်ကြိမ် ပေးပြီးနောက် ဆက်လက်၍ (၂) ရက်မှ (၅) ရက်ထိ တစ်နေ့လျင် 250 mg တစ်ကြိမ်စီ ပေးနိုင်ပါသည်)
ဆီးပြွန်အဝရောင်ခြင်း (urethritis) နှင့် သားအိမ်အဝ ရောင်ခြင်း (cervicitis) အတွက်ဆေးညွန်း
■■■■■■■■■■■■■■■■■■■■
အသက် (၁၈) နှစ်နှင့် အထက်
¤¤¤¤¤¤¤¤¤¤¤¤¤¤
ဂနိုးရီးယားရောဂါ (gonorrhea) ကြောင့် မဟုတ်လျင်
တစ်ရက်လျင် (၁) ကြိမ် - 1 gram
ဂနိုးရီးယားရောဂါ (gonorrhea) ကြောင့် ဖြစ်လျင်
တစ်ရက်လျင် (၁) ကြိမ် - 2 grams
လိင်အင်္ဂါလမ်းကြောင်းအနာ (ge***al ulcer disease) အတွက်အညွှန်း
■■■■■■■■■■■■■■■■■■■■
အသက် (၁၈) နှစ်နှင့် အထက်
¤¤¤¤¤¤¤¤¤¤¤¤¤¤
တစ်ရက်လျင် (၁) ကြိမ် - 1 gram
ရုတ်တရက်ဖြစ်သော နားအလယ်ပိုင်းပိုးဝင်ခြင်း (acute middle ear infection) အတွက်ဆေးညွှန်း
■■■■■■■■■■■■■■■■■■■■
အသက် (၆) လမှ (၁၇) နှစ် အထိ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
တစ်ရက် (၁) ကြိမ် - 30 mg/kg ကိုယ်အလေးချိန်
(ဆရာဝန်က ပထမရက်တွင် 10 mg/kg ကိုယ်အလေးချိန် တစ်ကြိမ် ပေးပြီးနောက် ဆက်လက်၍ (၂) ရက်မှ (၅) ရက်ထိ တစ်နေ့လျင် 5 mg တစ်ကြိမ်စီ ပေးနိုင်ပါသည်)
အသက် (၆) လအောက် ကလေးငယ်များကို Azithromycin မပေးသင့်ပါ။
လူစုလူဝေးမှ ကူးစက်လာသော နမိုးနီးယားရောဂါ (community-acquired pneumonia) အတွက်ဆေးညွှန်း
■■■■■■■■■■■■■■■■■■■■
အသက် (၁၈) နှစ်နှင့် အထက်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဆရာဝန်က ပထမရက်တွင် 500 mg တစ်ကြိမ် ပေးပြီးနောက် ဆက်လက်၍ (၂) ရက်မှ (၅) ရက်ထိ တစ်နေ့လျင် 250 mg တစ်ကြိမ်စီ ပေးနိုင်ပါသည်။
အသက် (၆) လမှ (၁၇) နှစ် အထိ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ဆရာဝန်က ပထမရက်တွင် 10 mg/kg ကိုယ်အလေးချိန် တစ်ကြိမ် ပေးပြီးနောက် ဆက်လက်၍ (၂) ရက်မှ (၅) ရက်ထိ တစ်နေ့လျင် 5 mg တစ်ကြိမ်စီ ပေးနိုင်ပါသည်)
အသက် (၆) လအောက် ကလေးငယ်များကို Azithromycin မပေးသင့်ပါ။
ဘက်တီးရီးယား Mycobacterium avium နှင့် Mycobacterium intracellulare တို့ကြာင့် ဖြစ်သည့်ကူးစက်ရောဂါ (Mycobacterium avium complex - MAC) အတွက် ဆေးညွှန်း
■■■■■■■■■■■■■■■■■■■■
အသက် (၁၈) နှစ်နှင့် အထက်
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
ကုသရန်အတွက်
တစ်ရက်လျင် (၁) ကြိမ် - 600 mg
(တီဘီရောဂါအတွက်ဆေး ethambutol နှင့် တွဲသောက်ရန်)
ကာကွယ်ရန်
တစ်ပတ်လျင် (၁) ကြိမ် - 1200 mg
လည်ချောင်းနာခြင်း သို့မဟုတ် အာသီးရောင်ခြင်း
(pharyngitis or tonsillitis) အတွက်ဆေးညွှန်း
■■■■■■■■■■■■■■■■■■■■
အသက် (၁၈) နှစ်နှင့် အထက်
¤¤¤¤¤¤¤¤¤¤¤¤¤¤
ဆရာဝန်က ပထမရက်တွင် 500 mg တစ်ကြိမ် ပေးပြီးနောက် ဆက်လက်၍ (၂) ရက်မှ (၅) ရက်ထိ တစ်နေ့လျင် 250 mg တစ်ကြိမ်စီ ပေးနိုင်ပါသည်။
အသက် (၂) နှစ်မှ (၁၇) နှစ် အထိ
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
တစ်ရက်လျင် 12 mg/kg ကိုယ်အလေးချိန် - (၅) ရက်
အသက် (၂) နှစ်အောက် ကလေးငယ်များကို Azithromycin မပေးသင့်ပါ။
Azithromycin ကို မသုံးစွဲသင့်သူများ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
- ဆေးနှင့် ဓာတ်မတည့်သူများ
- အသည်းနှင့် ကျောက်ကပ်ရောဂါရှိသူများ
- နှလုံးခုန်နှုန်း မမှန်ခြင်း အပါအဝင် နှလုံးရောဂါ ရှိသူများ
- ကြွက်သားအားနည်းသောရောဂါ (myasthenia gravis) ရှိသူများ
- ဆီးချိုရောဂါ (azithromycin အရည်တွင် သကြား ပါရှိသည်)
(diabetes - azithromycin liquid contains sugar)
ဆေးသောက်ခြင်း
🔶🔶🔶🔶🔶
💠 Azithromycin ကို အစာမစားမီ သို့မဟုတ် အစာစားပြီး သောက်နိုင်ပါသည်။
💠 Azithromycin ကိုနေ့စဉ် တူညီသော အချိန်တွင် အချိန်မှန်မှန် သောက်ရမည်။
💠 အလူမီနီယမ် (aluminum) သို့မဟုတ် မဂ္ဂနီဆီယမ် (magnesium) ပါဝင်သော အစာအိမ်တွင်း အက်ဆစ်ဓာတ် လျော့နည်းစေသည့် ဆေးများ (Antacids) နှင့် တွဲသောက်ပါက ယင်း Antacids ဆေးများသည် azithromycin ကို စုပ်ယူနိုင်စွမ်း နည်းစေသည်။ ထို့ကြောင့် ယင်း Antacids ဆေးများကို azithromycin မသောက်ခင် သို့မဟုတ် သောက်ပြီး အနည်းဆုံး (၂) နာရီ ခွာ၍ သောက်ရပါမည်။
ဘေးထွက်ဆိုးကျိုးများ
❌ ❌ ❌ ❌ ❌
အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
- ဝမ်းသွားခြင်း (diarrhea)
- ပျို့ခြင်း (nausea)
- ဗိုက်နာခြင်း (stomach pain)
- အန်ခြင်း (vomiting)
အချို့ဘေးထွက်ဆိုးကျိုးများသည် အားပျော့ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပါသည်။ အကယ်ဘေးထွက်ဆိုးကျိုးများ မပျောက်ခဲ့လျင်၊ ပိုမို ပြင်းထန်လာလျင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးပါ။
ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
- မောပန်းခြင်း သို့မဟုတ် အားနည်းခြင်း (tiredness or weakness)
- ခံတွင်းပျက်ခြင်း (loss of appetite)
- ဗိုက်အထက်ပိုင်း နာကျင်ခြင်း (pain in your upper stomach)
- ဆီးအရောင်ရင့်ခြင်း (dark urine)
- အသား သို့မဟုတ် မျက်စိဝါခြင်း
jaundice (yellowing of your skin or the whites of your eyes)
- နှလုံးခုန်နှုန်း မြန်ခြင်း သို့မဟုတ် မမှန်ခြင်း (fast or irregular heart rhythm)
- အသက်ရှူခက်ခဲခြင်း (trouble breathing)
- မျက်နှာ၊ နှုတ်ခမ်းများ၊ လျှာ သို့မဟုတ် လည်ချောင်း ရောင်ခြင်း (swelling of your face, lips, tongue, or throat)
- အင်ပျဉ်ထွက်ခြင်း (hives)
- အစာစားပြီး အန်ခြင်း (vomiting after eating)
■ ကိုယ်ဝန်ဆောင်များသည် azithromycin ကို အမှန်တကယ် လိုအပ်မှသာ သောက်သင့်ပါသည်။ ကောင်းကျိုးနှင့် ဆိုးကျိုးကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။
■ azithromycin သည် မိခင်နို့ရည်ထဲကို ရောက်ရှိနိုင်သဖြင့် ရင်သွေးငယ်များကို နို့တိုက်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင်သင့်ပါသည်။
■ ဆေးသောက်ရန် မေ့သွားလျှင် သောက်ရမည့်ဆေးကို တတ်နိုင်သမျှ အမြန်ဆုံး သောက်ပါ။ အကယ်၍ နောက်တစ်ကြိမ် သောက်ရန် အချိန်နှင့် နီးကပ်သွားပါက မေ့သွားသောဆေးကို သောက်ရန် မလိုတော့ပါ။ နောက်သောက်ရမည့်ဆေးကို ပုံမှန်အချိန်တွင် သောက်ရန်ဖြစ်သည်။
azithromycin နှင့် ဓာတ်တုံ့ပြန်သောဆေးများ
🔶🔶🔶🔶🔶🔶🔶🔶🔶🔶🔶
- HIV ရောဂါအတွက်ဆေး (Nelfinavir)
- သွေးကျဲဆေး (Warfarin)
ဆေးသိမ်းဆည်းခြင်း
🔶🔶🔶🔶🔶🔶🔶
🔳 အခန်းအပူချိန်မှာ အပူနှင့် ရေငွေ့တို့နှင့် မထိတွေ့သောနေရာတွင် သိမ်းဆည်းပါ။ ရေချိုးခန်းထဲတွင် မထားရ။
🔳 ကလေးနှင့် အိမ်မွေးတိရစ္ဆာန်တို့နှင့် ဝေးရာမှာ သိမ်းဆည်းပါ။
🔳 ဆေးကို စွန့်ပစ်ရာတွင် အိမ်သာကမုတ်အတွင်းသို့ ရေနှင့်ဆွဲချခြင်း၊ ရေမြောင်းများအတွင်းသို့ စွန့်ပစ်ခြင်း မပြုရ။
¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤¤
Khin Maung Latt (Chemistry)
3.2.2020
References:
■■■■■■■
https://www.webmd.com/drugs/2/drug-1527-3223/azithromycin-oral/azithromycin-250-500-mg-oral/details
https://www.nhs.uk/medicines/azithromycin
https://www.healthline.com/health/azithromycin-oral-tablet
https://en.m.wikipedia.org/wiki/Azithromycin