ဓန ဒစ်ဂျစ်တယ်ကတ္တား - ဟင်္သာတရုံးခွဲ & ပုသိမ်ရုံးခွဲ

  • Home
  • Myanmar
  • Hinthada
  • ဓန ဒစ်ဂျစ်တယ်ကတ္တား - ဟင်္သာတရုံးခွဲ & ပုသိမ်ရုံးခွဲ

ဓန ဒစ်ဂျစ်တယ်ကတ္တား - ဟင်္သာတရုံးခွဲ & ပုသိမ်ရုံးခွဲ 24 hours service ၂၄နာရီ ဝန်ဆောင်မှု

24/11/2024

အလုပ်ဖုန်းအခိုးခံလိုက်ရပါသဖြင့် လက်တလောစက်နဲ့ပက်သက်သောကိစ္စရပ်များအတွက် စုံစမ်းမေးမြန်းဝယ်ယူလိုပါက ယခုဖုန်း
#09883124716ကိုဆက်သွယ်ပေးကြပါရန် 😌😌😌

ဆင်တူရိုးမှား အတုအပ အထူးသတိပေးအပ်ပါသည်
12/10/2024

ဆင်တူရိုးမှား အတုအပ အထူးသတိပေးအပ်ပါသည်

မတတ်သာတဲ့အခြေအနေမို့ ဒစ်ဂျစ်တယ်ကတ္တားလေးတွေ စျေးနှုန်းအပြောင်းအလဲ ရှိပါသဖြင့် သိလိုတာရှိရင် 09 401 601 47009 883 124 716...
12/08/2024

မတတ်သာတဲ့အခြေအနေမို့ ဒစ်ဂျစ်တယ်ကတ္တားလေးတွေ စျေးနှုန်းအပြောင်းအလဲ ရှိပါသဖြင့် သိလိုတာရှိရင်
09 401 601 470
09 883 124 716
09 762 342 553 သို့ ဆက်သွယ်နိုင်ပါတယ်ရှင်

အရမ်းပူတဲ့ရာသီမို့ ဓနရဲ့ ချစ်မိတ်ဆွေများ သတိထားနိုင်ဖို့ မျှဝေပေးပါတယ်ရှင်  #အပူလှိုင်းဖြတ်မှာမို့_သတိပေးချက်တွေကြားနေရပ...
31/03/2024

အရမ်းပူတဲ့ရာသီမို့ ဓနရဲ့ ချစ်မိတ်ဆွေများ သတိထားနိုင်ဖို့ မျှဝေပေးပါတယ်ရှင်

#အပူလှိုင်းဖြတ်မှာမို့_သတိပေးချက်တွေကြားနေရပါပြီ
#အပူလေသင်တုန်းဖြတ်ခြင်း_အပူရှပ်ခြင်း

( #အပူလေသင်တုန်းဖြတ်ခြင်း)

#ရာသီဥတုပူပြင်းလာတာနဲ့အမျှ
သက်ကြီးရွယ်အိုများအတွက် အိမ်တွင်းမှာတောင် သင့်တင့်မျှတသော အပူချိန် မဖန်တီးနိုင်ကြသောအခါ
#အတွေ့အရမ်းများလာပါတယ်

👉 #ခန္ဓာကိုယ်ကပူကျွတ်နေတာပဲ
👉 #ချွေးလည်းမထွက်တော့ဘူး
👉 #အသက်ရှူတွေမြန်_သွေးပေါင်တွေကျပြီး_သတိလစ်သွားတယ်

Stroke လို့ခေါ်ကြလို့ လေဖြတ်တာလို (ကိုယ်တစ်ခြမ်းသေသွားတာ၊မျက်နှာရွဲ့သွားတာမျိုးဖြစ်ပြီး နာတာရှည်ရောဂါသည်အနေနဲ့ နေသွားရတာ) မဟုတ်ပါဘူး ဖြစ်ပြီဆိုရင် အရေးပေါ်ချက်ချင်းကုသမှုမခံယူလျှင် သေသွားနိုင်တာပါ

- ကိုယ်ခန္ဓာအပူချိန် ၁၀၄ Drgree Fahrenheit ကျော်ပူနေပြီး
- အသက်ရှူတွေမြန်၊ နှလုံးခုန်တွေမြန်၊ သွေးပေါင်တွေထိုးကျပြီး
- ကယောင်ကတမ်းတွေဖြစ်၊ သတိလစ်ရာကနေ၊ အသက်ဆုံးတဲ့အထိဖြစ်ရတာပါ။

ရာသီဥတုပူလွန်းအားကြီးလို့အဖြစ်များလာရတာပါ။
👉 ရာသီဥတုကပူ
👉 ရင်ထဲကအပူတွေကများ
👉 နေပူကြီးထဲတန်းတွေစည်
👉 ဆီး သွားရမှာစိုးပြီး ရေကမသောက်

အကြောင်းရင်းတွေစုပြီး အသက်ပါပေးရတတ်ပါတယ်။

လူကနုံးချိ၊ ပင်ပန်းနွမ်းနယ်နေပြီး၊ အာခေါင်တွေခြောက်၊ ခေါင်းတွေကိုက်ပြီး၊ ကြွက်တွေတက် ဆီးနည်းသွားတဲ့
Heat Stroke လောက်မဆိုးသေးတဲ့
- Heat cramp
- Heat Exhausation
စတာတွေတော့ အခုခံစားနေကြရလောက်ပါတယ်။

ခံစားနေကြရတယ် ဆိုရင်တော့ သတိကြီးကြီးထားကြပါ 👉 Heat Stroke ဖြစ်လာနိုင်ပါတယ်

👉👉👉
#ဘာလို့ဖြစ်ရတာလဲ ⁉️

ကျွန်တော်တို့ သွေးနွေးသတ္တဝါ (Warm blooded Animal) တွေက ခန္ဓာကိုယ်အပူချိန်တသတ်မှတ်တည်းဖြစ်ဖို့
အပူထုတ်လုပ်ခြင်း (Heat Gain) နှင့် အပူဆုံးရှုံးခြင်း (Heat Loss) က မျှချေမှာရှိရပါတယ်။

အပူထုတ်လုပ်ခြင်း (Heat Gain)
- ဇီဝဖြစ်စဉ်တွေကနေ ဘေးထွက်အနေနဲ့ အပူစွမ်းအင်ကိုရပါတယ်
- ကြွက်သားတွေလှုပ်ရှားခြင်း ကနေလည်း အပူရသလို
- ပတ်ဝန်းကျင်က ကနေလည်း ရရှိပါတယ်

အပူဆုံးရှုံးခြင်း (Heat Loss)
- ရေငွေ့ပြန်ခြင်း၊ ချွေးထွက်ခြင်း (အရေပြားမှစွန့်ထုတ်ခြင်း)
- အသက်ရှူထုတ်ခြင်း
- ဆီး၊ ဝမ်းစွန့်ခြင်း အစရှိသည်တို့က နေ့ စွန့်ထုတ်ပါတယ်

အဲ့ဒီ 😰 အပူထုတ်လုပ်ခြင်း (Heat Gain) နှင့် အပူဆုံးရှုံးခြင်း (Heat Loss) က မျှချေမှာ မရှိတော့လျှင်

ဖျားနာခြင်းကစလို့၊ Heat Cramp, Heat exhaustation မှ Heat Stroke အထိဖြစ်ပါတယ်။

ဖြစ်မှကုသရတာက ခက်ခဲပါတယ်
- ပန်ကာလေ/လေအေးပေးစက်တွေနဲ့ အေးနေအောင်လုပ်ရပါတယ်
- ရေပတ်တွေရွှဲရွှဲစိုအောင်တိုက်ရပြီး
- ရေဓာတ်တွေသွေးကြောမှအမြန်ပြန်သွင်းရပါတယ်

အဲ့ဒါကြောင့် မဖြစ်ရအောင်ပဲ #ကြိုတင်ကာကွယ် ကြရပါမယ်

- အပူရှောင်ပါ (အရိပ်ရသော၊ အေးမြသောနေရာများတွင်သာနေပါ)
- ရေများများသောက်ပါ (ရေကိုပုလင်းဖြင့် မှတ်မှတ်သားသား ဒီနေ့ (၃) ပုလင်းသောက်မယ် ဆိုပြီးသောက်ပါ၊ ရေဆာမှ၊အာခေါင်ခြောက်မှ မသောက်ပါနှင့်)
- ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုရှောင်ပါ (လက်လုပ်လက်စား အလုပ်သမားများအနေနဲ့မရှောင်လွှဲနိုင်သော်လည်း 👉 နေ့လည်ပိုင်း Gym သွားပြီး ပြင်းထန်သောလှုပ်ရှားမှုများ မလုပ်ကြပါနဲ့)

မရှောင်လွှဲနိုင်လို့အပြင်ထွက်ရလျှင်

- အင်္ကျီပွပွချောင်ချောင် ချည်ထည်များသာဝတ်ပါ၊
- အနက်ရောင်မဝတ်ပါနှင့် (ဝတ်ရဲကြမည်လည်း မထင်ပါ 😅)
- ထီးဆောင်းပါ
- အရိပ်ရသောနေရာများမှသာသွားပါ
- ရေများများပို၍သောက်ပါ (လမ်းတွင်ဆီးသွားချင်မည်ကိုမစိုးရိမ်ကြပါနှင့် ရေမသောက်ကဆီးမသွားနိုင်ပဲ ကျောက်ကပ်ပျက်တတ်ပါတယ်)
- လှုပ်ရှားမှုနည်းအောင်တတ်နိုင်သမျှ နေပါ

နေ့အချိန် အကာမရှိသောနေရာတွင်အလုပ်လုပ်ရသောလုပ်သားများအနေဖြင့်

- အင်္ကျီပွပွချောင်ချောင် ချည်ထည်များသာဝတ်ပါ၊
- အနက်ရောင်မဝတ်ပါနှင့်
- ရေအများကြီးသောက်ပါ (ဓာတ်ဆားရည်သောက်ပါ)
- အဆိုင်းခွဲပြီး နားချိန်ယူ၍အလုပ်လုပ်ပါ (အလုပ်ကြီးကြပ်သူများမှ သေသေချာချာစီစဉ်ပေးပါ) နားချိန်တွင် အရိပ်ကောင်းကောင်းရ၍အေးမြသောနေရာတွင်နားပါ
- ဆေးလိပ်မသောက်ပါနှင့်၊ အရက်မသောက်ပါနှင့်

👉👉👉
​😢 အရေပြားကြီးပူလောင်နေပြီး ချွေးမထွက်တော့လျှင်
😢 အာခေါင်တွေခြောက်ပြီး တံထွေးမထွက်တော့လျှင်
😢 မလှုပ်ရှားချင် နွမ်းနယ် နုံးချိကြွက်တက်လာလျှင်
😢 ခေါင်းအရမ်းကိုက်၊ မျက်စိပြာ သတိလစ်ချင်သလိုဖြစ်လာလျှင်
😢 အသက်ရှူကြပ်ပြီး မောလာလျှင်

ရေများများသောက်ပြီး နီးစပ်ရာ ဘေးမှလူများကိုအကူညီတောင်းပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားကြပါ။

(Original post; May,2021 👉 https://www.facebook.com/104993831383029/posts/247223740493370/?d=n)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

#ခန္ဓာကိုယ်ကပူကျွတ်နေတာပဲ
#ချွေးလည်းမထွက်တော့ဘူး
#အသက်ရှူတွေမြန်_သွေးပေါင်တွေကျပြီး_သတိလစ်သွားတယ်


( #အပူလေသင်တုန်းဖြတ်ခြင်း)

Stroke လို့ခေါ်ကြလို့ လေဖြတ်တာလို ကိုယ်တစ်ခြမ်းသေသွားတာ၊မျက်နှာရွဲ့သွားတာ ဖြစ်ပြီး နာတာရှည်ရောဂါသည်အနေနဲ့ နေသွားရတာ မဟုတ်ပါဘူး ဖြစ်ပြီဆိုရင် အရေးပေါ်ချက်ချင်းကုသမှုမခံယူလျှင် သေသွားနိုင်တာပါ

- ကိုယ်ခန္ဓာအပူချိန် ၁၀၄ Drgree Fahrenheit ကျော်ပူနေပြီး
- အသက်ရှူတွေမြန်၊ နှလုံးခုန်တွေမြန်၊ သွေးပေါင်တွေထိုးကျပြီး
- ကယောင်ကတမ်းတွေဖြစ်၊ သတိလစ်ရာကနေ၊ အသက်ဆုံးတဲ့အထိဖြစ်ရတာပါ။

ရာသီဥတုပူလွန်းအားကြီးလို့အဖြစ်များလာရတာပါ။
👉 ရာသီဥတုကပူ
👉 ရင်ထဲကအပူတွေကများ (ကိုယ့်ရဲ့ချွေးနဲစာလေးတွေ ဆုံးရှုံးမှာစိုးရိမ်)
👉 နေပူကြီးထဲတန်းတွေစည်
👉 ဆီး သွားရမှာစိုးပြီး ရေကမသောက်

အကြောင်းရင်းတွေစုပြီး အသက်ပါပေးရတတ်ပါတယ်။

လူကနုံးချိ၊ ပင်ပန်းနွမ်းနယ်နေပြီး၊ အာခေါင်တွေခြောက်၊ ခေါင်းတွေကိုက်ပြီး၊ ကြွက်တွေတက် ဆီးနည်းသွားတဲ့
Heat Stroke လောက်မဆိုးသေးတဲ့
- Heat cramp
- Heat Exhausation
စတာတွေတော့ အခုခံစားနေကြရလောက်ပါတယ်။

ခံစားနေကြရတယ် ဆိုရင်တော့ သတိကြီးကြီးထားကြပါ 👉 Heat Stroke ဖြစ်လာနိုင်ပါတယ်

👉👉👉
#ဘာလို့ဖြစ်ရတာလဲ ⁉️

ကျွန်တော်တို့ သွေးနွေးသတ္တဝါ (Warm blooded Animal) တွေက ခန္ဓာကိုယ်အပူချိန်တသတ်မှတ်တည်းဖြစ်ဖို့
အပူထုတ်လုပ်ခြင်း (Heat Gain) နှင့် အပူဆုံးရှုံးခြင်း (Heat Loss) က မျှခြေမှာရှိရပါတယ်။

အပူထုတ်လုပ်ခြင်း (Heat Gain)
- ဇီဝဖြစ်စဉ်တွေကနေ ဘေးထွက်အနေနဲ့ အပူစွမ်းအင်ကိုရပါတယ်
- ကြွက်သားတွေလှုပ်ရှားခြင်း ကနေလည်း အပူရသလို
- ပတ်ဝန်းကျင်က ကနေလည်း ရရှိပါတယ်

အပူဆုံးရှုံးခြင်း (Heat Loss)
- ရေငွေ့ပြန်ခြင်း၊ ချွေးထွက်ခြင်း (အရေပြားမှစွန့်ထုတ်ခြင်း)
- အသက်ရှူထုတ်ခြင်း
- ဆီး၊ ဝမ်းစွန့်ခြင်း အစရှိသည်တို့က နေ့ စွန့်ထုတ်ပါတယ်

အဲ့ဒီ 😰 အပူထုတ်လုပ်ခြင်း (Heat Gain) နှင့် အပူဆုံးရှုံးခြင်း (Heat Loss) က မျှခြေမှာ မရှိတော့လျှင်

ဖျားနာခြင်းကစလို့၊ Heat Cramp, Heat exhaustation မှ Heat Stroke အထိဖြစ်ပါတယ်။

ဖြစ်မှကုသရတာက ခက်ခဲပါတယ်
- ပန်ကာလေ/လေအေးပေးစက်တွေနဲ့ အေးနေအောင်လုပ်ရပါတယ်
- ရေပတ်တွေရွှဲရွှဲစိုအောင်တိုက်ရပြီး
- ရေဓာတ်တွေသွေးကြောမှအမြန်ပြန်သွင်းရပါတယ်

ကိုယ်အပူချိန်တက်၊ သတိကောင်းကောင်းမရပဲ၊ အသက်ရှူကြပ်၊ အောက်ဆီဂျင်ကျနေတဲ့လူနာကို Covid မဟုတ်ပါဘူးလို့ မသိနိုင်တဲ့အတွက် 😰
Covid ကူးစက်မှုမြင့်လာတဲ့အခုချိန်မှာ ဆေးရုံဆေးခန်းတွေ အဆင့်ဆင့်သွားရပြီး အချိန်မမှီပဲ အသက်ဆုံးရှုံးရတတ်ပါတယ်။

အဲ့ဒါကြောင့် မဖြစ်ရအောင်ပဲ #ကြိုတင်ကာကွယ် ကြရပါမယ်

- အပူရှောင်ပါ (အရိပ်ရသော၊ အေးမြသောနေရာများတွင်သာနေပါ)
- ရေများများသောက်ပါ (ရေကိုပုလင်းဖြင့် မှတ်မှတ်သားသား ဒီနေ့ (၃) ပုလင်းသောက်မယ် ဆိုပြီးသောက်ပါ၊ ရေဆာမှ၊အာခေါင်ခြောက်မှ မသောက်ပါနှင့်)
- ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုရှောင်ပါ (လက်လုပ်လက်စား အလုပ်သမားများအနေနဲ့မရှောင်လွှဲနိုင်သော်လည်း 👉 နေ့လည်ပိုင်း Gym သွားပြီး ပြင်းထန်သောလှုပ်ရှားမှုများ မလုပ်ကြပါနဲ့)

မရှောင်လွှဲနိုင်လို့အပြင်ထွက်ရလျှင်

- အင်္ကျီပွပွချောင်ချောင် ချည်ထည်များသာဝတ်ပါ၊
- အနက်ရောင်မဝတ်ပါနှင့် (ဝတ်ရဲကြမည်လည်း မထင်ပါ 😅)
- ထီးဆောင်းပါ
- အရိပ်ရသောနေရာများမှသာသွားပါ
- ရေများများပို၍သောက်ပါ (လမ်းတွင်ဆီးသွားချင်မည်ကိုမစိုးရိမ်ကြပါနှင့် ရေမသောက်ကဆီးမသွားနိုင်ပဲ ကျောက်ကပ်ပျက်တတ်ပါတယ်)
- လှုပ်ရှားမှုနည်းအောင်တတ်နိုင်သမျှ နေပါ

နေ့အချိန် အကာမရှိသောနေရာတွင်အလုပ်လုပ်ရသောလုပ်သားများအနေဖြင့်

- အင်္ကျီပွပွချောင်ချောင် ချည်ထည်များသာဝတ်ပါ၊
- အနက်ရောင်မဝတ်ပါနှင့်
- ရေအများကြီးသောက်ပါ (ဓာတ်ဆားရည်သောက်ပါ)
- အဆိုင်းခွဲပြီး နားချိန်ယူ၍အလုပ်လုပ်ပါ (အလုပ်ကြီးကြပ်သူများမှ သေသေချာချာစီစဉ်ပေးပါ) နားချိန်တွင် အရိပ်ကောင်းကောင်းရ၍အေးမြသောနေရာတွင်နားပါ
- ဆေးလိပ်မသောက်ပါနှင့်၊ အရက်မသောက်ပါနှင့်

👉👉👉
​😢 အရေပြားကြီးပူလောင်နေပြီး ချွေးမထွက်တော့လျှင်
😢 အာခေါင်တွေခြောက်ပြီး တံထွေးမထွက်တော့လျှင်
😢 မလှုပ်ရှားချင် နွမ်းနယ် နုံးချိကြွက်တက်လာလျှင်
😢 ခေါင်းအရမ်းကိုက်၊ မျက်စိပြာ သတိလစ်ချင်သလိုဖြစ်လာလျှင်
😢 အသက်ရှူကြပ်ပြီး မောလာလျှင်

ရေများများသောက်ပြီး နီးစပ်ရာ ဘေးမှလူများကိုအကူညီတောင်းပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားကြပါ။

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr ဘုန်းစည်သူလွင်
09:20 pm / 17.05.2021

ဓနရဲ့ဇာတ်လိုက် ~   ရေစိုခံ ဆီစိုခံ အကြမ်းခံရုံတင်မဟုတ်ပဲမူးသားကစပြီး အသေးစိတ် ချိန်တွယ်လို့ရတာမို့ ဝယ်သူစိတ်တိုင်းအကျဆုံ...
16/03/2024

ဓနရဲ့ဇာတ်လိုက် ~
ရေစိုခံ ဆီစိုခံ အကြမ်းခံရုံတင်မဟုတ်ပဲ
မူးသားကစပြီး အသေးစိတ် ချိန်တွယ်လို့ရတာမို့ ဝယ်သူစိတ်တိုင်းအကျဆုံး လူသုံးအများဆုံး ဒစ်ဂျစ်တယ်ကတ္တားအမျိုးအစားပါ
အခုဝယ်သူဆို ဟင်္သာတရုံးခွဲ စဖွင့်စထဲက Water Proof PCသီးသန့်ကို တစ်ယောက်တည်းအားပေးလာတာ အလုံးရေ ၇၀နီးပါး 😳 ရှိနေပါပြီ။
အမျိုးအစားကောင်းလားမေးစရာမလိုအောင်ကို ကောင်းတဲ့ ဓနရဲ့ water proof PCဒစ်ဂျစ်တယ်ကတ္တားကို ဝယ်ယူအားပေးလိုပါက
👇👇👇
🏡 ဌေးဝင်းစျေးကြီး ဝင်ပေါက်အမှတ်(၁)ထိပ်၊ဆိုင်အမှတ် တာ(၅/၁၂)၊ ဘောလုံးကွင်းရှေ့၊လမ်းမတော်လမ်းမကြီး၊ဟင်္သာတမြို့။
☎️ 09401601470, 09762342553 သို့ဆက်သွယ် မှာယူနိုင်ပါသည်။

☎️ ဖုန်းဆက်လိုက်ရုံနဲ့ အိမ်အရောက်လည်း ပို့ဆောင်ပေးပါသည်။

🛠🧰 တခြားမည်သည့်ကတ္တားအမျိုးအစားအတွက်ဆိုလည်း ပြုပြင်ပေးသော Service ဝန်ဆောင်မှု အထူးရှိပါသည်။

ဓနဒစ်ဂျစ်တယ်ကတ္တားများသည် အသစ်ဝယ်ယူမှုများအတွက် တစ်နှစ်အာမခံပါရှိသောကြောင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်။

#ဓနဟင်္သာတ
#ဟင်္သာတ
#ဒစ်ဂျစ်တယ်ကတ္တား

စပါး၊ပဲ၊ငရုတ်၊ပြောင်း၊ကြက်သွန် ပွဲရုံလုပ်ငန်းရှင်များ နှင့် တောင်သူများ အထူးနှစ်ခြိုက်သော ပိသာ၉၀ထိ ခံနိုင်ဝန်ရှိ15"x19" ...
13/03/2024

စပါး၊ပဲ၊ငရုတ်၊ပြောင်း၊ကြက်သွန် ပွဲရုံလုပ်ငန်းရှင်များ နှင့်
တောင်သူများ အထူးနှစ်ခြိုက်သော ပိသာ၉၀ထိ ခံနိုင်ဝန်ရှိ
15"x19" size All steel type & Mould type အမျိုးအစား
ဒစ်ဂျစ်တယ်ကတ္တားများကို အရည်အသွေးစိတ်ချရသော
တရားဝင် ဓနဒစ်ဂျစ်တယ်ကတ္တားဆိုင်ခွဲများတွင် စိတ်တိုင်းကျ ဝယ်ယူအားပေးနိုင်ပါတယ်
♥️♥️♥️

ဓနဒစ်ဂျစ်တယ်ကတ္တားများသည် အသစ်ဝယ်ယူမှုများအတွက် တစ်နှစ်အာမခံပါရှိသောကြောင့် ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်။

ဟင်္သာတမြို့/မြန်အောင်မြို့နှင့်အနီးတဝိုက်မှ ဝယ်ယူအားပေးလိုသူများအနေဖြင့်

🏡 ဌေးဝင်းစျေးကြီး ဝင်ပေါက်အမှတ်(၁)ထိပ်၊ဆိုင်အမှတ် တာ(၅/၁၂)၊ ဘောလုံးကွင်းရှေ့၊လမ်းမတော်လမ်းမကြီး၊ဟင်္သာတမြို့။
☎️ 09401601470, 09762342553 သို့ဆက်သွယ် မှာယူနိုင်ပါသည်။

☎️ ဖုန်းဆက်လိုက်ရုံနဲ့ အိမ်အရောက်လည်း ပို့ဆောင်ပေးပါသည်။

🛠🧰 တခြားမည်သည့်ကတ္တားအမျိုးအစားအတွက်ဆိုလည်း ပြုပြင်ပေးသော Service ဝန်ဆောင်မှု အထူးရှိပါသည်။

ဖုန်းဆက်ပြီး 📞📞📞 Helloလိုက်ပါ
အားလုံးစိတ်တိုင်းကျစေရပါမည်ခင်ဗျာ

21/02/2024
နယ်ကနေ အော်ဒါ မှာယူထားတဲ့၁၁ ပေ  ၅၇ ပေ ဆိုဒ် ၊ တန် ၈၀ ရှိတဲ့ အကြီးစားTruck Scale  ကားကတ္တားတစ်လုံးကိုသွားရောက် တပ်ဆင်ပေးဖ...
27/01/2024

နယ်ကနေ အော်ဒါ မှာယူထားတဲ့
၁၁ ပေ ၅၇ ပေ ဆိုဒ် ၊ တန် ၈၀ ရှိတဲ့ အကြီးစား
Truck Scale ကားကတ္တားတစ်လုံးကို
သွားရောက် တပ်ဆင်ပေးဖို့အတွက်
စက်ရုံမှာ အပြီးအစီး ဆောင်ရွက်နေပုံ ဖြစ်ပါတယ်။
ဒီလို Truck Scale ကတ္တားကြီးတွေကို ဟင်္သာတနှင့်မြန်အောင်အနီးတဝိုက်မှ လုပ်ငန်းရှင်ကြီးများ
အသုံးလိုလို့ မှာယူ တပ်ဆင်ချင်တယ်ဆိုရင်

ဓန ဒစ်ဂျစ်တယ်ကတ္တား
ဟင်္သာတရုံးခွဲနှင့် မြန်အောင်ရုံးခွဲ
ဖုန်း- 09401601470
09762342553

ကို ဆက်သွယ်ပြီးစုံစမ်းနိုင်ပါတယ်။

#ကတ္တား #ရန်ကုန် #ဟင်္သာတ #ဓနဒစ်ဂျစ်တယ်လ်ကတ္တား

ကူညီshareပေးသူများမှ၇ယောက်ကို တစ်ယောက်လျှင်၃၀၀၀ကျပ်နှင့် ၇ယောက်စာ ၁၂.၂.၂၀၂၄ရက် ဖုန်းဘေလ် မဲဖောက်ပေးပါ့မယ်ဓါတ်ပုံတွင်ဖော်...
23/01/2024

ကူညီshareပေးသူများမှ၇ယောက်ကို တစ်ယောက်လျှင်၃၀၀၀ကျပ်နှင့် ၇ယောက်စာ ၁၂.၂.၂၀၂၄ရက် ဖုန်းဘေလ် မဲဖောက်ပေးပါ့မယ်

ဓါတ်ပုံတွင်ဖော်ပြပါရှိသူ
မောင်ဇင်ထက်အောင်
ညောင်ပင်ရပ်ကွက် တာကြီးတန်း င်္ဟသာတမြို့နေသူသည်
ဓနဒစ်ဂျစ်တယ်ကတ္တားင်္ဟသာတရုံးခွဲမှငွေများကို အလွဲသုံးစားလုပ်သုံးစွဲခြင်း၊ဝယ်သူ၏ငွေများအားလိမ်လည်သုံးစွဲခြင်းနှင့် ခိုးယူခြင်းများ အကြိမ်များစွာ ပြုလုပ်ခဲ့ပါသည်။

ယခုအခါ အလုပ်မဆင်းပဲ နေအိမ်မှထွက်ပြေးတိမ်းရှောင်နေသည်မှာ ၃ပတ်ခန့်ရှိပါပြီ။
၎င်းအား သက်ဆိုင်ရာသို့ အကြောင်းကြားပြီး လိုအပ်သလို အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်နေပြီဖြစ်ပြီး လက်ခံထားရှိသူများကိုလည်း အရေးယူသွားပါမည်။
၎င်းအား အလုပ်မှထုတ်ပယ်လိုက်ပြီးဖြစ်ပြီး၎င်းပြုလုပ်သော မည်သည့်ကိစ္စမှ ရုံးခွဲနှင့်သက်ဆိုင်ခြင်းမရှိပါ

ရုံးမှပိုင်ဆိုင်သော ဖုန်းဆင်းကတ်များကိုပါ ယူဆောင်ထွက်ပြေးသွားပါသဖြင့် ရုံး၏ဖုန်းနံပါတ်များဖြစ်သော
09692829475
09770085812
ဖုန်းများကို လက်ဝယ်ထားရှိသူများအားလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး
၎င်းနှင့်ပတ်သတ်သော သတင်း တိကျစွာ ပေးနိုင်သူကို ထိုက်တန်စွာ ဆုချီးမြင့်ပါမည်။
သတင်းပေးလိုပါက 09401601470 သို့ဆက်သွယ်ပေးပါ
#ဟင်္သာတ #လူလိမ်

အလေးချိန်က မမှန်၊ ဝန်ဆောင်မှုလည်း မကောင်းတဲ့နာမည်ပေါင်းစုံနဲ့ ကတ္တားတွေကို စိတ်ပျက်ငြီးငွေ့နေပြီလား ❓❓❓ဒါဆိုရင်တော့ အလေး...
16/01/2024

အလေးချိန်က မမှန်၊ ဝန်ဆောင်မှုလည်း မကောင်းတဲ့
နာမည်ပေါင်းစုံနဲ့ ကတ္တားတွေကို စိတ်ပျက်ငြီးငွေ့နေပြီလား ❓❓❓

ဒါဆိုရင်တော့ အလေးချိန် မှန်၊ ဈေးတန်ပြီး
ဝန်ဆောင်မှုလည်း ကောင်းတဲ့
ကတ္တားလုပ်ငန်းလောကမှာ
ဆယ်စုနှစ်ကျော်ကျော် ရပ်တည်လာခဲ့တဲ့
ဓန ဒစ်ဂျစ်တယ်ကတ္တားကို
အခုပဲ 📲 ဆက်သွယ် ဝယ်သုံးကြည့်လိုက်ပါ။

မိတ်ဆွေတို့ရဲ့ လုပ်ငန်းသုံးအတွက် ဒစ်ဂျစ်တယ်ကတ္တား ဝယ်မယ်ဆိုရင်
✅ အချိန်အတွယ် တိကျမှန်ကန်ရမယ်
✅ တခါဝယ်ပြီး တာရှည်လည်း အသုံးခံနိုင်ရမယ်
✅ Service ကိုအလေးထားတာကြောင့်
အမြန်ဆုံး အထိရောက်ဆုံးဝန်ဆောင်မှုတွေရယ်
✅ ပစ္စည်းမှန် ၊ ဈေးတန်၊ ဈေးမှန် ရမယ်
ဆိုတဲ့အချက်တွေ အားလုံးနဲ့ ပြည့်စုံတဲ့
ဓန ဒစ်ဂျစ်တယ်ကတ္တားကသာ
ခြွင်းချက်မရှိ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ပါတယ်။

ကတ္တားအမျိုးအစားတိုင်းအတွက်
တစ်နှစ်အာမခံ ပါရရှိဦးမှာပါ။ 👍

နိုင်ငံအဝန်းက မြို့ပေါင်း ၄၀ ကျော်မှာ
ဓနကတ္တားရုံးခွဲတွေ ဖွင့်လှစ်ထားပြီး
စက်တစ်ခုခု ချို့ယွင်းခဲ့ရင်လည်း
၂၄ နာရီ Hotline ဝန်ဆောင်မှုနဲ့
အိမ်အရောက်၊ ဆိုင်အရောက်
အမြန်ဆုံး လာပြင်ပေးဦးမှာ ဖြစ်ပါတယ်။

အစစအရာရာ ချင့်ချိန်နေရတဲ့
ဒီလိုကာလမှာ ရုန်းကန်နေရတဲ့
လုပ်ငန်းငယ်လေးတွေအတွက်လည်း
အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ပါတယ်။

ပစ္စည်းမှန်၊ ဈေးတန်ပြီး ဝန်ဆောင်မှုပါ
စိတ်ချရတဲ့ ကတ္တားမျိုးစုံကို
မှာယူချင်တယ်ဆိုရင်တော့
📲 09401601470 , 09762342553 ကို ခေါ်ဆိုလိုက်ရုံနဲ့
ပစ္စည်းရောက်ငွေချေစနစ်နဲ့ အရောက်ပို့ပေးလိုက်ပါမယ်။ 😊

#ကတ္တား #အရောင်း
#ဟင်္သာတ #မြန်အောင်

Address

Hinthada

Telephone

+959401601470

Website

Alerts

Be the first to know and let us send you an email when ဓန ဒစ်ဂျစ်တယ်ကတ္တား - ဟင်္သာတရုံးခွဲ & ပုသိမ်ရုံးခွဲ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဓန ဒစ်ဂျစ်တယ်ကတ္တား - ဟင်္သာတရုံးခွဲ & ပုသိမ်ရုံးခွဲ:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram