ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး

  • Home
  • Myanmar
  • Yangon
  • ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး

ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး "စစ်မှန်ခြင်းရဲ့အရသာ ဆေးအိမ်ကြီးကို သတိရပါ" ဆေးနှင့် စားသောက်ကုန်များကို
☎️ 09 78888 9328 ☎️ 09 89000 9328 ကို ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျ

Pharmacy and medical health

ဖျားနာနေချိန်မှာ ဘာတွေသောက်ရပြီး ဘာတွေ ရှောင်ရမလဲဖျားနေချိန်မှာ စားတာ သောက်တာ တော်တော်လေး သတိထားရပါတယ်။ကိုယ်စားသောက်တဲ့ ...
13/10/2025

ဖျားနာနေချိန်မှာ ဘာတွေသောက်ရပြီး
ဘာတွေ ရှောင်ရမလဲ

ဖျားနေချိန်မှာ စားတာ သောက်တာ တော်တော်လေး သတိထားရပါတယ်။

ကိုယ်စားသောက်တဲ့ အစားအစာ၊ သောက်စရာတွေဆီကနေ အာဟာရတွေ ရနေသလို အခန့်မသင့်ရင် ကိုယ့်ရဲ့ ဖျားနာမှုတွေကို ပိုဆိုးစေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ ၊ ဘာတွေ ရှောင်သင့်လဲဆိုတာ သိထားသင့်ပါတယ်။

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

⚠️ဖျားနာနေချိန်နဲ့ ရေဓာတ်

ဖျားတဲ့အခါ ခန္ဓာကိုယ်က နည်းအမျိုးမျိုးနဲ့ ရေနဲ့ ဓာတ်ဆားဆုံးရှုံးနိုင်ပါတယ်။ ဥပမာ

ဖျားတဲ့အခါ အပူချိန်တက်တာကြောင့် အရေပြားနဲ့ အသက်ရှူလမ်းကြောင်းကနေ ရေငွေ့ပျံ ဆုံးရှုံးတာ
‌ချွေးထွက်တာ
အန်တာ၊ ဝမ်းလျှောတာ
အစားအသောက်ပျက်ပြီး အစာနဲ့ ရေ ဝင်တာနည်းသွားတာ စတဲ့ အကြောင်းအရာတွေကြောင့် ခန္ဓာကိုယ်က ရေဓာတ်ကို ပိုပြီး ဆုံးရှုံးရပါတယ်။

တကယ်က ဖျားနာနေချိန်ဆို အပေါ်က အကြောင်းရင်းတွေနဲ့ ရေဓာတ်ပိုဆုံးရှုံးနေတာကြောင့် နေကောင်းချိန်ထက်တောင်မှ ရေဓာတ်ဖြည့်ပေးဖို့ လိုပါတယ်။

ရေဓာတ်ပြည့်ဝမှ ခန္ဓာကိုယ်က သွေးလည်ပတ်မှုကောင်းသလို ခုခံအားစနစ်အပါအဝင် ကိုယ်တွင်းက အင်္ဂါရပ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်တာကြောင့် ဖျားနာတာ မြန်မြန်သက်သာပါလိမ့်မယ်။

✅✅ဒါကြောင့် ဖျားတဲ့အချိန်ဆို ရေပိုသောက်ဖို့ လိုပါတယ်။ တစ်နေ့ကို ရေ၈ဖန်ခွက်အပြင် ခန္ဓာကိုယ်က လိုရင် လိုသလို ပိုသောက်ဖို့ လိုပါတယ်။

ရေဓာတ်ချို့တဲ့အခါ

ဆီးသွားနည်းတာ
ဆီးအရောင်ရင့်တာ
အာခြောက်တာ
ကိုယ်အပူရှိန်တက်တာ
ရေဆာတာ စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။
ဒီလက္ခဏာတွေ ရှိနေပြီဆိုရင် ကိုယ်ရေသောက်တာ မလုံလောက်သေးဘူး။ ထပ်သောက်ဖို့ လိုတယ်ဆိုတဲ့ သဘောပါပဲ။ ဖျားနာနေချိန်မှာ ရေဓာတ်ပြည့်ဝဖို့ ရေပဲ သောက်ရမှာတော့ မဟုတ်ပါဘူး။ ရေအပြင် တခြားသောက်လို့ရတာတွေလည်း ရှိပါသေးတယ်။

ဖျားနာနေချိန်မှာ ဘာတွေ သောက်လို့ရသလဲ

✅ရိုးရိုးရေ

ဘာသောက်ရမှန်း မသိရင် ရိုးရိုးရေသာ သောက်ပါ။ အလုပ်ရှုပ်သက်သာသလို ကုန်ကျစရိတ်လည်း နည်းပါတယ်။ သတိထားရမှာက ရေက ရေကောင်းရေသန့်ဖြစ်ရပါမယ်။ မဟုတ်ရင် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပါလိမ့်မယ်။ ဒီတော့ ရေကို ကျိုချက်ပြီးသောက်ပါ။ ဒါမှမဟုတ် ရေသန့်သောက်ပါ။

✅ဓာတ်ဆားအားဖြည့်အချိုရည်

ဓာတ်ဆားအားဖြည့်အချိုရည်ကလည်း ရေသောက်ရတာ ရိုးနေလို့ မသောက်ချင်သူတွေအတွက် နောက်ထပ်ရွေးစရာတစ်ခုပါ။ ခံတွင်းလည်း ပျက်နေလို့ အစားလည်း သိပ်မဝင်ဘူးဆိုရင် ဂလူးကို့စ်နဲ့ electrolytesတွေ ပါဝင်တဲ့ ဓာတ်ဆားအားဖြည့်အချိုရည် သောက်နိုင်ပါတယ်။

✅အုန်းရည်

ဒါကလည်း ပိုတက်ဆီယမ် ကြွယ်ဝတဲ့သောက်စရာတစ်ခုပါ။ အထူးသဖြင့်တော့ ဖျားပြီး ဝမ်းလျှောနေချိန်ဆို သင့်တော်ပါတယ်။

ရေပဲ သောက်ဆိုရင် အရသာ မရှိတဲ့အတွက် များများသောက်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ရေထဲကို သံပုရာသီးစိတ်လေးတွေ၊ ပူဒီနံလေးတွေ ထည့်ပြီး သောက်ချင်စဖွယ်ဖြစ်အောင် ဖန်တီးလို့ ရပါတယ်။ ဒါကိုပဲ infused waterလို့ ခေါ်တာပါ။

✅စွပ်ပြုတ်

ဖျားတဲ့အချိန် လူတိုင်းသောက်ကြတဲ့ သောက်စရာတစ်မျိုးပါ။ စွပ်ပြုတ်က ရေဓာတ်ရတယ်ဆိုပေမယ့် ဒီနေရာမှာ အကြံပေးချင်တာက အသားကိုပါ စားပါ။ ဥပမာ ကြက်စွပ်ပြုတ်ဆို စွပ်ပြုတ်အရည်ရော ကြက်သားရောစားပါ။ ဒါမှ အာဟာရလည်းပြည့်၊ ရေဓာတ်လည်း ပြည့်မှာပါ။

✅နွားနို့

နေမကောင်းရင် နွားနို့ မသောက်ရဘူးဆိုတာ မဟုတ်ပါဘူး။ နွားနို့က ချွဲထတယ်ဆိုတာလည်း မဟုတ်ပါဘူး။ နွားနို့က အာဟာရပြည့်ဝတဲ့ အရည်ဖြစ်တာကြောင့် ဖျားနာနေချိန်နဲ့ အင်မတန်မှ သင့်တော်ပါတယ်။ သွေးတွင်းအဆီဓာတ်များသူ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ရှိသူတွေကတော့ အဆီထုတ်ထားတဲ့ နို့ကို သောက်နိုင်ပါတယ်။ နို့သောက်တဲ့အခါ သန့်ရှင်းမှုနဲ့ ပွက်ပွက်ဆူအောင် ကျိုဖို့ လိုပါတယ်။ မဟုတ်ရင် ဝမ်းလျှောတတ်ပါတယ်။

⚠️⚠️⚠️ဖျားနာနေချိန် ဘာတွေ မသောက်သင့်ဘူးလဲ

အဓိကကတော့ ကိုယ်သောက်တဲ့ ဆေးနဲ့ ဓာတ်ပြုနိုင်တာတွေ၊ အာဟာရမရှိတာတွေ၊ ခုခံအားစနစ်ကို ဝန်ပိစေတဲ့ အရည်တွေကို ရှောင်သင့်ပါတယ်။ ဥပမာ

❌အရက်၊ ဘီယာ
အရက်၊ ဘီယာသောက်လိုက်ရင် ကိုယ်ထဲမှာ နွေးသွားတယ်ဆိုပေမယ့် ဒါက အဖျားကျသွားတာတော့ မဟုတ်ပါဘူး။ အရက်သောက်လိုက်တာကြောင့် အသည်းက အလုပ်ပိုလုပ်ရတဲ့အပြင် ခေါင်းကိုက်တာလည်း ခံစားရနိုင်ပါတယ်။ ဖျားလို့ သောက်ရတဲ့ ဆေးတွေနဲ့လည်း ဓာတ်ပြုနိုင်ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်

❌ကဖင်းပါဝင်တဲ့ ဒီလို‌သောက်စရာက လူကို လန်းစေတာကြောင့် အိပ်စက်အနားယူမှုကို အ‌နှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ရင်တုန်စေပါတယ်။ အလွန်အကျွံ သောက်မယ်ဆိုရင် ခန္ဓာကိုယ်ကို ရေဓာတ်ဆုံးရှုံးစေပါတယ်။ ဆေးတွေရဲ့ စုပ်ယူမှုကိုလည်း တားဆီးနိုင်ပါတယ်။

❌ရေနွေးကြမ်း
ပုံမှန်ဆိုရင် ရေနွေးကြမ်းက ကျန်းမာရေးနဲ့ ညီညွတ်ပေမယ့် နေမကောင်းနေချိန်တော့ ခဏနားထားပါ။ ဆေးတွေ (အထူးသဖြင့် အားဆေး)ရဲ့ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်နိုင်တာကြောင့်ပါ။

❌အားဖြည့်အချိုရည်
အားဖြည့်အချိုရည်ဆိုပေမယ့် ဖျားနေချိန်မှာ ထူးထွေပြီး အားရှိစေမှာတော့ မဟုတ်ပါဘူး။ ဗီတာမင်တွေ ပါတယ်ဆိုပေမယ့် ကဖင်းက ပြဿနာပါ။ လူကို လန်းစေတာကြောင့် အိပ်မပျော်တာ၊ ရင်တုန်တာတွေ ဖြစ်နိုင်သလို အာဟာရဓာတ်လည်း မယ်မယ်ရရ မပါဝင်ပါ။ ပါတဲ့ ဗီတာမင်တွေ ဆိုတာကလည်း နေ့စဉ်စားတဲ့ အစားအစာတွေကနေ ရနိုင်တာကြောင့် ဗီတာမင်လိုချင်ရုံသက်သက်နဲ့တော့ သောက်စရာမလိုပါ။

❌အချိုရည်
ဂတ်စ်ပါတဲ့ အချိုရည်၊ အအေးတွေက သကြားဓာတ်တွေများပြီး အာဟာရဓာတ်မယ်မယ်ရရ မပါဝင်တာကြောင့် ဖျားနေတဲ့သူအတွက် ကောင်းကျိုးမရှိပါ။ ဒါကြောင့် ရှောင်ထားတာ ကောင်းပါတယ်။

ဖျားနေချိန်မှာ ရေဓာတ်ဖြည့်ဖို့ လိုအပ်တယ်ဆိုပေပမယ့် ကိုယ်သောက်တာက ကျန်းမာရေးကိုမထိခိုက်စေတာမျိုး ဖြစ်ဖို့တော့ လိုပါတယ်။ ရေဓာတ်ဖြည့်ပေးတဲ့အပြင် ကျန်းမာရေးကို အထောက်အကူပြုတဲ့ သောက်စရာကို‌ ရွေးချယ်မှသာ အဖျားဝေဒနာကနေ မြန်မြန်သက်သာလာမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

09/10/2025
နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခုနှလုံး ကျန်းမာနေတာက ကျန်းမာစွာ အသက်ရှင်နေတယ်ဆိုတဲ့ လက္ခဏာလေး တစ်ရ...
02/10/2025

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခု

နှလုံး ကျန်းမာနေတာက ကျန်းမာစွာ အသက်ရှင်နေတယ်ဆိုတဲ့ လက္ခဏာလေး တစ်ရပ်ပါ။ ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းထဲက နှလုံးလေး စည်းချက်မှန်မှန် လှုပ်ရှားနေမှ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို သွေးနဲ့ အောက်ဆီဂျင်တွေ ရောက်ရှိမှာ ဖြစ်သလို နေ့စဉ် လှုပ်ရှားမှုတွေကိုလည်း ကောင်းကောင်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ မနက်ခင်း အလေ့အထ ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။

✅ရေသောက်ပါ

အိပ်ရာထပြီး သိပ်မကြာခင်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်က အိပ်စက်နေတုန်းမှာ ရေဓာတ်ဆုံးရှုံး ထားတာတွေ ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းဖို့အတွက် အိပ်ရာနိုးနိုးချင်းမှာ ရေတစ်ခွက်ကို သောက်ချလိုက်ပါ။

ဒီလိုမျိုး ရေသောက်လိုက်တာက ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေပြီး နှလုံး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ကောင်းမွန်စေသလို ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆီကို အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်စေပါတယ်။

✅သွားတိုက်ပါ

မနက်ခင်းမှာ သွားတိုက်တာက အကောင်းဆုံး နည်းလမ်းပါ။ မနက်စောစောထပြီး သွားတိုက်တာက ခံတွင်းကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ နှလုံး ကိုပါ ကျန်းမာစေနိုင်ပါတယ်။ ခံတွင်းက ဘက်တီးရီးယားပိုးတွေ သွေးကြောတွေဆီကနေတဆင့် နှလုံးကို ရောက်ပြီး အန္တရာယ်မဖြစ်စေဖို့ဆိုရင် သွားပုံမှန်တိုက်ပေးဖို့ လိုပါတယ်။ မနက် အိပ်ရာထချိန်နဲ့ ညဘက် အိပ်ရာမဝင်ခင်မှာ သွားမှန်မှန် တိုက်ပေးတာက သွေးကြောတွေကို ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

✅တရားထိုင်ပါ

တရားထိုင်တာက တစ်နေ့တာရဲ့ ဘယ်အချိန်မှာမဆို ထိုင်လို့ ရပါတယ်။ တရားထိုင်တာက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို နှလုံး ရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ မနက်ခင်းမှာ တရားထိုင်တာက နှလုံး ကျန်းမာစေပြီး သွေးစီးဆင်းမှု ကောင်းစေနိုင်ပါတယ်။ မနက်ခင်းမှာတော့ အာရုံစိုက်စရာတွေ သိပ်မရှိသေးတော့ ပိုပြီး စူးစိုက်လို့ ကောင်းမှာပါ။

တစ်နေ့ကို အနည်းဆုံး ၅ မိနစ်လောက် ပုံမှန် တရားထိုင်ပေးပါ။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေနိုင်တာကြောင့် နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

✅ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

မနက်ခင်းမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှု ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကယ်လ်လိုရီတွေ လောင်ကျွမ်းစေတာကြောင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးသွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒါကြောင့် လမ်းလျှောက်တာ၊ ကာဒီယို လေ့ကျင့်ခန်းလုပ်တာ၊ Zumba ကတာတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။ မနက်ခင်း gym ဆော့ပေးတာကလည်း နှလုံး ကျန်းမာစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။

✅မနက်စာကို အာဟာရ ပြည့်ဝအောင် စားပေးပါ

တစ်နေ့တာမှာ မနက်စာက အတော်လေး အရေးပါပါတယ်။ မနက်စာကို အာဟာရပြည့်ဝအောင် စားသုံးပေးတာက နှလုံး ကျန်းမာစေပြီး ခန္ဓာကိုယ်ကို ရောဂါကင်းစေဖို့ ထောက်ကူပေးပါတယ်။

မနက်စာကို သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ ပါဝင်အောင် စားသုံးပေးတာကလည်း နှလုံး ကျန်းမာစေမယ့် နည်းလမ်းကောင်းပါ။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

ကမ်းဇော်ဆီ ကဘယ်လိုရောဂါမျိုးတွေ ပျောက်ကင်းလဲ ?✅သဘာဝ ဆေးဘက်ဝင် ကမ်းဇော်ဆီပျောက်ကင်းသော ရောဂါများကို မျှဝေပေးပါရစေနော် ၁။ ...
01/10/2025

ကမ်းဇော်ဆီ ကဘယ်လိုရောဂါမျိုးတွေ ပျောက်ကင်းလဲ ?
✅သဘာဝ ဆေးဘက်ဝင် ကမ်းဇော်ဆီပျောက်ကင်းသော ရောဂါများကို မျှဝေပေးပါရစေနော်

၁။ ကိုယ်ခန္ဓာဝမ်းတွင်း၌ ဖြစ်တတ်သော မြစ်ပွါးနာ အဖုအကြိတ်များ၊ အူတွင်းအနာ ၊အစာအိမ်အနာနှင့် အစာအိမ်ရောဂါများ၊ ချောင်းဆိုး သွေးပါရောဂါများတွင် ကမ်းဇော်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ပျားရည် အနည်းငယ် ရောစပ်ပြီး တစ်နေ့ သုံးကြိမ်သောက်ပါက သက်သာပျောက်ကင်းစေပါသည်။

၂။ အပူလောင်၊ ရေနွေးပူလောင်၊ မီးအပူလောင်၊ ထိခိုက်နာဖြစ်ခြင်းတို့အတွက် ဝါဂွမ်းနှင့်ဆွတ်ပြီး တစ်နေ့ (၅ကြိမ်မှ ၁၀ကြိမ်အထိ)လိမ်းပေးပါက အနာလျင်မြန်စွာကျက်ပြီး အရေပြား၌အဖုထခြင်း၊ ပူခြင်းစပ်ခြင်း၊ အသားအရေကို လောင်ခြင်းမရှိဘဲ ပကတိအသားအရေအတိုင်း ပြန်လည်ကောင်းမွန်စေပါသည်။

၃။ ပန်းနာရင်ကျပ်၊ လေထိုးလေအောင့်၊ မီးယပ်ရောဂါ အမျိုးမျိုး နှင့် နှလုံးသွေးကျောကျဉ်းရောဂါများ ၊ ကိုယ်တွင်း နှလုံးအဆို့ရှင် အနာများ အသားအရေခန်းခြောက် ခြင်း၊ အစာမကြေခြင်း၊ ပျို့အန်ခြင်းရောဂါများတွင် ကမ်းဇော်ဆီကို တစ်ခါသောက် လက်ဖက်ရည် ဇွန်းတစ်ဇွန်း၊ တစ်နေ့ သုံးကြိမ်၊ အစား မစားမီ သောက်စေခြင်းဖြင့် သက်သာပျောက်ကင်း စေပါသည်။

၄။ အနာရွတ်များ၊ အကွက်များ၊ အရေပြားပေါ်တွင် အနာအမျိုးမျိုးဖြစ်ပွားပြီး ကြမ်းတမ်း နေလျှင် အဆီ ကို တစ်နေ့ သုံးကြိမ် လိမ်းခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။

၅။ မြစ်ပွားနာ ၊ ဂရင်ဂျီနာ၊အဖုအကြိတ် ၊ လိပ်ခေါင်း၊ ဒူလာ၊ စအိုကွဲနာ များကို တစ်နေ့ 3 ကြိမ် လိမ်းပေးပါကပျောက်ကင်းပါသည်

၆၊ အမျိုးသမီးများ မီးယပ်၊ရောဂါ အသားအရည် ခမ်းခြောက်၊ ထုံကျင် ကိုက်ခဲသည့် ရောဂါများကို လိမ်းပေးခြင်း၊ သားအိမ်တွင်း မြစ်ပွားနာရောဂါများ အတွက် တစ်ရက် ၃ ကြိမ်သောက်ပေးခြင်း တို့ဖြင့် ပျောက်ကင်း ပါသည်။

၇။ ကျီပေါင်းတက်ခြင်း နှင့် အကြောရောဂါများ၊ ဇက်ခိုင်ခြင်း၊ ခါးနာခြင်း၊ အဆစ်အမျက် ကိုက်ခဲခြင်း၊ ဒဏ်ဖြစ်ပြီးရောင်ရမ်းခြင်း၊ ထုံကျဉ်ခြင်းကိုက်ခဲခြင်း နှင့် အနာမန်း ရှိပြီး ရောင်ရမ်းခြင်းတို့ကို ဒဏ်ကြေ အရောင်ကျ လိမ်း ဆေးအဖြစ် တစ်နေ့လျှင် သုံးကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါသည်။

၈။ နားအူခြင်း၊ နားတွင်း အနာဖြစ်ခြင်း၊ နားလေထွက်ခြင်း၊ နားထဲတွင် အဆီများ ခမ်းခြောက်ခြင်း၊ တင်းခြင်း၊ ယားယံခြင်းများဖြစ်လျှင်
ကမ်းဇော်ဆီကို နားထဲသို့ နှစ်စက်ခန့် တစ်ရက် နှစ်ကြိမ် ထည့်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေပါသည်။

၉။ အကြိတ်အဖုများ၊ အဆီကြိတ်များ လည်ပင်းကြီးရောဂါ များကို ကမ်းဇော်ဆီ တစ်နေ့သုံးကြိမ် လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ နာတာရှည် လူနာများ အိပ်ရာ အပူလောင်နာမဖြစ်မီ အရေ ပြား နီမြန်းနေပါက အဆီ ကို တစ်နေ့ ငါးကြိမ်ခန့်လိမ်းပေးခြင်းဖြင့် မူလအသားအရေအတိုင်း ပြန်လည် ကောင်းမွန် လာပြီး အိပ်ရာနာ (Bed Sore) ဖြစ်ခြင်းမှ ကာကွယ်တားဆီးနိုင်ကြောင်း စမ်းသပ် တွေ့ရှိပါသည်။

၁၁။ ကလေးများ၏ ကိုယ် ပေါ်၌ ခြင်ကိုက်ဖုများကိုမကြာခဏ လိမ်းပေးပါက အနီစက်များ လျင်မြန်စွာ ပျောက်ကင်းကြောင်း တွေ့ရှိရပါသည်။

❌ကမ်းဇော်ဆီ အသုံးပြုစဉ် မလိုလားအပ် သောဘေးထွက် ဆိုးကျိုးလက္ခဏာများ လုံးဝ မတွေ့ရှိရပါ။ ❌

✅✅ဒါကြောင့် မိသားစု များအတွက် "ကျန်းမာသက်ရှည်နေရအောင် ကမ်းဇော်ဆီ ကိုဆောင် " ဆိုသည့် ဆောင်ပုဒ် အတိုင်း

✅ကမ်းဇော်ဆီအစစ်ကို ပုလင်းထဲမှာ အဖုံးလုံအောင်ဖုံးထားပြီး နေရောင်ခြည်လုံးဝ မထိပဲ အေးမြ‌ခြောက်သွေ့သော နေရာတွင် သိမ်းထားပါကနောက် ထပ် ၅ နှစ်လောက်အထိ အာနိသင် နှင့် အနံ့မပြယ်ဘဲအသုံးပြုလို့ရတယ်ဆိုတော့ မိသားစုများအတွက် တန်ဖိုးရှိသော သက်စောင့်ဆေးအဖြစ် အိမ်တိုင်း ဆောင်ထားသင့်ပါကြောင်း

ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး မှ ကျန်းမာရေးဗဟုသုတရရှိစေရန် မျှဝေပေးခြင်းဖြစ်ပြီး စာဖတ်သူများအနေဖြင့် လည်း ယခု ပို့စ် အား Share ပေးခြင်းဖြင့် ထပ်ဆင့်မျှဝေ ကုသိုလ်ယူ နိုင်ပါကြောင်း အသိပေးအပ်ပါသည် 🙏

✅ဆေးအိမ်ကြီး ဆေးဆိုင် မှ ထုတ်လုပ်သော ✅

✅✅စော်ဘွားစံအိမ် အမှတ်တံဆိပ်✅ ✅

✅ဆေးဘက်ဝင် သဘာဝကမ်းဇော်ဆီ 💯 % စစ်စစ်သာ အာမခံရောင်းချပေးပါသည် ✅

✅ 40 ml - 18000 ကျပ်
✅ 80 ml - 36000 ကျပ်
✅ 175 ml - 70000 ကျပ်
✅ 350 ml - 140000 ကျပ်

✅ကမ်းဇော်ဆီ မှာယူ ရရှိနိုင်သောနေရာ✅

🏠ဆေးအိမ်ကြီး တိုင်းရင်းဆေးဖြန့်ချီရေး🏠

အမှတ် (၈၅/၈၆) အခန်း(၁၈)၊ ‌မြေညီထပ်၊
ဘုရင့်နောင်လမ်းမ‌ပေါ် ၊ (ရွာမကွေ့မှတ်တိုင်အနီး)၊ (၂) ရပ်ကွက်၊ လှိုင်မြို့နယ် ၊ရန်ကုန်မြို့။

☎️ 09 89000 9328 ☎️ 09 78888 9328

ဆိုင်ဖွင့်ချိန် - မနက် ၉ နာရီမှ ညနေ ၅နာရီအထိ

(တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပါသည်)

✅ကိုယ်တိုင် ဆိုင်မှာ လာဝယ်လို့ရသလို

Ph & Viber Telegram / Page messager တို့မှလည်း ဆက်သွယ် မှာယူနိုင်ပြီး ရန်ကုန်မြို့တွင်း နှင့် နယ်မြို့များ သို့ ဆေးရောက်ငွေချေစနစ် ဖြင့် အိမ်အရောက်ပို့ပေးပါတယ်နော်

🙏"သုံးစွဲသူများအားလုံး ကျန်းမာသုခပြည့်စုံကြပါစေ"🙏

လူကြီးကျန်းမာရေးအတွက် အကျိုးပြုတဲ့ ကြက်ဟင်းခါးသီးလူကြီးတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရံဟင်းလျာဆိုလည်း မမှားပါဘူး။ ခ...
27/09/2025

လူကြီးကျန်းမာရေးအတွက် အကျိုးပြုတဲ့ ကြက်ဟင်းခါးသီး

လူကြီးတော်တော်များများ ကြိုက်နှစ်သက်တဲ့ အရံဟင်းလျာဆိုလည်း မမှားပါဘူး။ ခါးတဲ့အရသာရှိတာကြောင့် ကျန်းမာရေးကို ကောင်းကောင်း အထောက်အကူပြုပေးနိုင်ပါတယ်။

ဘိုးဘိုးဘွားဘွားတွေ ကြက်ဟင်းခါးသီး စားတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။

✅ချွဲပျော်စေတယ်

ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် အသက်ရှူလမ်းကြောင်း တလျှောက်နဲ့ အဆုတ်ထဲက ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

✅ဝမ်းချုပ်တာ သက်သာစေတယ်

ကြက်ဟင်းခါးသီးမှာ အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

✅အစာခြေစနစ် ကျန်းမာစေတယ်

အမျှင်ဓာတ် ကြွယ်ဝမှုက အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေနိုင်သလို အစာခြေစနစ် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

✅အစာစားချင်စိတ် တိုးစေနိုင်တယ်

ကြက်ဟင်းခါးသီးရဲ့ ခါးသက်သက် အရသာက အစာစားချင်စိတ်ကို တိုးစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

✅အစာကြေစေနိုင်တယ်

အမျှင်ဓာတ် ပါဝင်နေသလို ရေဓာတ်လည်း ပါဝင်နေတာကြောင့် အစာကြေစေနိုင်ပါတယ်။

✅အသည်း ကျန်းမာစေတယ်

ရေဓာတ် ကြွယ်ဝမှုက အသည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ဇင့်ဓာတ် ကြွယ်ဝတာကလည်း အသည်းကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

✅ဝမ်းပျက်ဝမ်းလျှော သက်သာစေတယ်

ကြက်ဟင်းခါးသီး ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုက ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေနိုင်တာပါ။

✅အော့အန်တာ သက်သာစေတယ်

အော့အန်တာ၊ အစားမှားတာကြောင့် ပျို့အန်တာကို သက်သာစေဖို့ဆိုရင်လည်း ကြက်ဟင်းခါးသီးကို စားပေးလို့ ရပါတယ်။

✅လေဖြတ်နိုင်ခြေ နည်းစေတယ်

သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပြီး လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

✅သွေးသန့်စေတယ်

အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီးက သွေးသန့်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

✅သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်

အခါးဓာတ်ပါတဲ့ ကြက်ဟင်းခါးသီးက သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်ပြီး ဆီးချိုကျစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဆီးချိုနောက်ဆက်တွဲ ကျန်းမာရေပြဿနာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

✅အရိုးတွေ သန်မာစေတယ်

ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေနိုင်ပါတယ်။

✅အရေပြား ကျန်းမာစေတယ်

ဗီတာမင် C ကြွယ်ဝတာက အရေပြားကို ကျန်းမာစေနိုင်ပါတယ်။

✅ကင်ဆာ ကာကွယ်ပေးတယ်

ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာက ကင်ဆာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

✅ရေဓာတ် ပြည့်ဝစေတယ်

ရေဓာတ် ကြွယ်ဝတာကြောင့် ကိုယ်တွင်းရေဓာတ်ကို ပြည့်ဝစေနိုင်ပါတယ်။

✅ကိုယ်ခံအား ကောင်းစေတယ်

ဗီတာမင် C နဲ့ ဇင့်ဓာတ်ပါဝင်နေတာကြောင့် ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဒါတွေအပြင် ဘိုးဘိုးဘွားဘွားတွေအနေနဲ့ ကြက်ဟင်းခါးသီး စားပေးမယ်ဆိုရင်

✅အဆစ်ရောင်တာ သက်သာစေတယ်
✅သွေးဝမ်းသွားတာကို သက်သာစေတယ်
✅နှလုံး ကျန်းမာစေတယ်
✅အဝမလွန်အောင် ကာကွယ်ပေးတယ်
✅မျက်လုံး ကျန်းမာစေတယ်
✅ဆီးကျောက်တည်တာ ကာကွယ်ပေးတယ်
✅သွေးကြောတွေ ကျန်းမာစေတယ်
✅ကိုယ်တွင်း အဆိပ်အတောက် ဖယ်ရှားပေးတယ်။

⚠️⚠️⚠️တန်ဆေး လွန်ဘေးဆိုသလို ချင့်ချင့်ချိန်ချိန် စားသုံးဖို့တော့ လိုပါမယ်။

❌အလွန်အကျွံ စားသုံးရင် ဘေးထွက်ဆိုးကျိုး ရှိနိုင်ပေမယ့်
✅အတော်အသင့် စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

✨✨သီတင်းကျွတ်ကာလ ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း✨✨"ဆေးအိမ်ကြီးဆေးဆိုင်နှင့်စားသုံးကုန်စတိုး" အား(5.10.25)ရက် မှ (7.10.25) ...
26/09/2025

✨✨သီတင်းကျွတ်ကာလ ဆိုင်ပိတ်ရက် အသိပေးကြေညာခြင်း✨✨

"ဆေးအိမ်ကြီးဆေးဆိုင်နှင့်စားသုံးကုန်စတိုး" အား

(5.10.25)ရက် မှ (7.10.25) ရက်နေ့အထိ

(3)ရက်တိုင် ပိတ်ထားမည် ဖြစ်ပါကြောင်း

လေးစားစွာ ကြိုတင်အသိပေး

ကြေညာအပ်ပါတယ်ခင်ဗျာ။

(8.10.2025) ရက် (ဗုဒ္ဓဟူးနေ့) တွင်
ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမည်။

ဆေးမှာယူလိုသော မိတ်ဟောင်းမိတ်သစ် Customer များအနေနဲ့ ph & viber,
page messenger တို့မှလည်း ကြိုတင် orderတင် မှာယူနိုင်ပါတယ်နော်။

🏠ဆေးအိမ်ကြီးဆေးဆိုင်နှင့် စားသုံးကုန်စတိုး

အမှတ် (၈၅/၈၆) အခန်း(၁၈)၊ ‌မြေညီထပ်၊
ဘုရင့်နောင် လမ်းမ၊ (ရွာမကွေ့မှတ်တိုင်အနီး)၊ Silver Moon Hotel မျက်နှာချင်းဆိုင်၊ (၂)ရပ်ကွက်၊ လှိုင်မြို့နယ် ၊ရန်ကုန်တိုင်း ။

☎️ 09 78888 9328 ☎️ 09 89000 9328

#ဆေးအိမ်ကြီးဆေးဆိုင်နှင့်လူသုံးကုန်စတိုး

24/09/2025

ကင်ဆာ အဖုအကျိတ် ဂရင်ဂျီနာ လက်တွေ့ပျောက်ချင်နေပြီလား?

ဆေးအိမ်ကြီး တိုင်းရင်းဆေးဖြန့်ချီရေးမှ ဖြန့်ချီလိုက်တဲ့ သောစော်ဘွားဟော်နန်းဆေးသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော် မှ ဒီနေ့အထိ တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် ယုံကြည်စွာ သုံးစွဲနေ သော ဆေးစွမ်းထက် တဲ့ စော်ဘွား ဟော်နန်းဆေး ပျောက်ကင်းသော ရောဂါများကတော့...

✅ကိုယ်ခန္ဓာ အတွင်း အပြင် မှာ အဖုအကျိတ် ထွက်လာပြီး ကင်စါ လို့ သံသယဝင်လျှင် စိတ်မညစ်ပါနဲ့ အခု စော်ဘွားဟော်နန်းဆေးကို ချက်ချင်း စပြီးသောက်လိုက်ပါ အကြောင်းကတော့ စော်ဘွားဟော်နန်း ဆေးက ကိုယ်ခန္ဓာအတွင်းမှ အဖုအကျိတ် ဖြစ်စေနိုင်တဲ့ အစာအဟာရ လမ်းကြောင်းကို ဖြတ်တောက် ဖျကိဆီးပေးခြင်းကြောင့် အဖုအကျိတ် ကင်စါ ရောဂါ ဖြစ်စတွင် သောက်လျှင် အလွယ်တကူပျောက်ကင်းနိုင်သောဆေးဖြစ်ပါတယ် ပြီးတော့ အဖုအကျိတ် ကင်စါ အဆင့် ၂ အဆင့် ၃ ရောက်နေလည်း ဆေးကို အညွန်းအတိုင်းမလျော့ပဲ သေချာ ဂရုစိုက်သောက်သွားရင် သက်သာလာပြီး သက်တမ်းစေ့နေသွားနိုင်ပါတယ်

✅ဂရင်ဂျီနာရောဂါ အဖုအကျိတ် ပတ်သက်ပြီး
ဒီဆေးသောက်တဲ့အခါ တချို့အကျိတ်များကြေပြီး သေးငယ်လာကာ လုံးဝပျောက်သွားသည်
တချို့အနာရင်းနေပါက ရင့်မှည့်ပြီးအနာပေါက်ထွက်လာပြီး ဒီဆေးသောက်ရင်း အနာခြောက်ကပ်ပြားချပ်သွားပါလိမ့်မယ်
အဓိက ဂရင်ဂျီနာ ရောဂါ အနု အရင့်ပေါ်မူတည်ပြီး တလ မှ သုံးလ အထိစွဲသောက်ရလေ့ရှိပြီး ပထမအကြိမ် ဆေးစသောက်ပြီး ရက်ပေါင်း ၂၁ ရက် မှ တလ အတွင်း သိသာ ပျောက်ကင်းလာမှာပဲဖြစ်ပြီး ဝမ်းမှန်အောင် ဂရုတစိုက်နေထိုင်ကာ ဆက်တိုက်မှီဝဲသွားပါက အမြစ်ပြတ် ပျောက်ကင်းလာသည်ကို လက်တွေ့ ခံစားရမည် ဖြစ်ပါသည်

✅အမျိုးသမီးများ သားအိမ်ရေအိတ်တည်ခြင်း၊လည်ပင်းကြီးရောဂါ အသည်းရောင်အသာဝါဖြစ်ခြင်း နှင့် ကိုယ်ခန္ဓာပေါ် တွင် အဆီကျိတ် ဖြစ်ပါက အဆီကျိတ် ရဲ့ အသေးအကြီးအရွယ်အစားကို မှတ်သားထားပြီး ရက်ပေါင်း 45 ရက်မှ ရက်ပေါင်း 60 အထိ သေချာ သောက်ပါက သိသိသာသာသေးငယ်လာသည်ကို လက် တွေ့ခံစားရမည်ဖြစ်ပါတယ်

စော်ဘွားဟော်နန်းဆေးအား ဆက်တိုက် မှီဝဲ
သောက်ခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်း အဖုအကျိတ် မြစ်ပွားနာ နှင့် အဆီကျိတ် ပွားများခြင်း ကင်စါ အဖုအကျိတ် ဖြစ်ခြင်း မှကာကွယ် တားဆီးပေးနိုင်ပါတယ် ပြီးတော့ ယခုစော်ဘွားဟော်နန်း ဆေးမှာ ဓါတုပစ္စည်းများလုံးဝ မပါဝင်သောကြောင့် စိတ်ချလက်ချ သုံးစွဲနိုင်ပြီး ဘေးကင်းတဲ့ တိုင်းရင်း ဆေး တလက် ဖြစ်ကြောင်းအသိပေးပါရစေ

✅ ပျောက်ကင်းသော ရောဂါများမှာ

1✅ .အဖုအကျိတ် ကင်စါ ရောဂါ

2.✅.ဂရင်ဂျီနာ

3.✅ကိုယ်တွင်းကိုယ်ပ အဖုနှငိ့အဆီကြိတ်များ

4✅..ငါးမျက်စေ့

5.✅ အမျိုးသမီးများ သားအိမ်ရေအိတ်တည် ခြင်း

6.✅ လည်ပင်းကြီးရောဂါဖြစ်ခြင်း

7✅..အသဲရောင်အသားဝါရောဂါ ဖြစ်ခြင်း

စသည့်ရောဂါများလည်း ပျောက်ကင်းပါသည်

✅မှတ်ချက် ✅
စော်ဘွားဟော်နန်းဆေးအား သတ်မှတ်ထားသော အချိန်ကာလ ဆေးအညွန်းအတိုင်း တစ်ကြိမ် ဆေး ၆ လုံး တစ်ရက် ၃ ကြိမ် မလျော့ ပဲ သောက်ပါက 21 ရက်မှ 45 ရက်အတွင်း ရောဂါသက်သာပျောက်ကင်းမှာဖြစ်ပြီး ဆေးကို လျော့၍ သောက်ပါက ထူးခြားလာမည်မဟုတ်ပါ ကြောင်းအသိပေးပါရစေ
ဒါကြောင့် ဆေးအညွန်းအတိုင်းန့စဉ်မပျက် သေချာ သောက်ပေးရန် လိုအပ်ပါတယ်ခင်ဗျ

မြန်မာ့ တိုင်းရင်းဆေးမှတ်ပုံတင်အမှတ်
TMR 012425(1116)

*ရောင်းဈေး - တစ်ဗူး - 12000 ကျပ် *
( 8 ရက်စာ သောက်နိုင်သည်)

*4 ဗူးတလစာ - 48000 ကျပ် *

👉ဆေးမှာယူ ဆက်သွယ်ရန်

✅ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး

အမှတ် 85/86 မြေညီထပ် အခန်း 18 ဘုရင်နောင်လမ်းမပေါ် ရွာမကွေ့ မှတ်တိုင်အနီး 2 ရပ်ကွက် လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း။

ဖုန်း & Viber

☎️ 09 89000 9328 , 09 78888 9328

✍️ Page messager 📲 viber မှ မှာယူနိုင်ပါသည်

ဆေးဖက်ဝင် မန်ကျည်းခေါက်မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံမန်ကျည်းလို့ ပြောလိုက်ရင် လူအများစုက မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီ...
23/09/2025

ဆေးဖက်ဝင် မန်ကျည်းခေါက်

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းလို့ ပြောလိုက်ရင် လူအများစုက မန်ကျည်းသီးစိမ်း၊ မန်ကျည်းသီးမှည့်၊ မန်ကျည်းရွက်နုလေးတွေကိုပဲ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါတွေက စားသုံးလို့ ရသလို ကျန်းမာရေးအတွက်လည်း ကောင်းစေတယ် ဆိုတာကိုး။

တကယ်က မန်ကျည်းပင်က အရွက်ကစလို့ အစေ့၊ ပင်စည်၊ အသီး၊ အမြစ် အားလုံးက အသုံးဝင်ပါတယ်။ ဒီတစ်ခေါက်တော့ မန်ကျည်းပင်စည်က အခေါက်ထူထူလေးတွေက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးပါမယ်။ မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံကို အတူတူကြည့်လိုက်ရအောင်နော်။

✅ဝမ်းဗိုက်ပြဿနာ ကင်းစေတယ်

မန်ကျည်းခေါက်လေးကို ဗိုက်ထဲက စူးပြီးအောင့်တာ၊ လေထိုးလေအောင့်တာ၊ အစာမကြေတာ၊ အော့အန်တာ၊ ခံတွင်းပျက်တာ၊ စားချဉ့်ရည်ပြန်ဆန်တက်တာတွေကို သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။

ဝမ်းဗိုက်ပြဿနာ ကင်းစေဖို့ဆိုရင် မန်ကျည်းခေါက်လေးကို ပျားရည်နဲ့ တွဲဖက် အသုံးပြုပေးလို့ ရပါတယ်။

✅မျက်စိနာတာကို သက်သာစေတယ်

မျက်စိနာတဲ့အခါ ရေစင်အောင်ဆေးထားတဲ့ မန်ကျည်းခေါက် (အထူးသဖြင့် မန်ကျည်း အနီခေါက်) ကို ကျောက်ပျဉ်မှာ သွေးပြီး မျက်လုံးတဝိုက်ကို ကွင်းလူးပေးပါ။

✅မိတ်ဖု၊ ယားနာ သက်သာစေတယ်

အရေပြားပေါ်က မိတ်ဖုတွေကို သက်သာစေဖို့ဆိုရင် မန်ကျည်းခေါက်ကို ရေကျဲကျဲလေး သွေးပြီး လမ်းပေးလို့ ရပါတယ်။ အရေပြားပေါ်က ယားယံတဲ့ အဖုအပိမ့်တွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

ထိခိုက်ဒဏ်ရာတွေ ရတဲ့အခါ ပိုးမဝင်စေဖို့လည်း သေချာ သန့်စင်ထားတဲ့ မန်ကျည်းခေါက်ကို ပြုတ်လို့ ရတဲ့ အရည်နဲ့ ဆေးကြောပေးလို့ ရပါတယ်။ ပုရွက်ဆိတ်၊ ခါချဉ်ကိုက်တဲ့ နေရာတွေကို သက်သာစေဖို့လည် မန်ကျည်းခေါက် သွေးလူးပေးလို့ ရပါတယ်။

✅ဆီးပြဿနာ သက်သာစေတယ်

ဆီးမသွားတာ၊ ဆီးအောင့်တာ၊ ဆီးကျဉ်တာတွေကို သက်သာစေဖို့အတွက်လည်း မန်ကျည်းခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

သွေး​ကြောင့်ဖြစ်တဲ့ အရေပြား ပြဿနာကို သက်သာစေတယ်
သွေး မသန့်တာ​ကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ အရေပြား ဓာတ်မတည့်မှုတွေကို သက်သာစေဖို့အတွက်လည်း မန်ကျည်းခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။

✅ဝက်ခြံ သက်သာစေတယ်

မန်ကျည်းခေါက်ကို သွေးပြီး လိမ်းပေးတာက ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး အရေပြားပေါ်က ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ မန်ကျည်းခေါက်ရဲ့ နောက်ထပ်အာနိသင် တစ်ခုက အရေပြားကို နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်တာပါ။

♦️♦️♦️ဘေးထွက်ဆိုးကျိုးများ
မန်ကျည်းခေါက်က အလွန်အကျွံ စားသုံးရင် လေချုပ်စေနိုင်ပါတယ်။ အရေပြားမှာ တိုက်ရိုက်လိမ်းကျံ အသုံးပြုတာကြောင့်တော့ ထိခိုက်စေတာမျိုး မရှိပါဘူး။

♦️♦️♦️ဘာတွေ သတိထားရမလဲ

မန်ကျည်းခေါက်လေးက ဆေးဖက်ဝင်တယ်ဆိုပေမယ့် ဘေဘီလေးတွေ၊ ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မိခင်တွေ၊ ရောဂါအခံရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

ဒါ့ပြင် ဒီအချက်တွေက ဗဟုသုတအတွက် မျှဝေထားတာသာ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်မှာခံစားနေရတဲ့ ဝေဒနာတွေက မသက်သာဘူးဆိုရင်တော့ အချိန်ဆွဲမနေဘဲ တတ်ကျွမ်းသူများနဲ့သာ ပြသပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။
ကျန်းမာရေးဗဟုသုတများ ရရှိစေရန် ဆေးအိမ်ကြီး ဆေးဆိုင်မှ တဆင့် ပြန်လည် မျှဝေပေးခြင်းဖြစ်ပြီး

ဆေးအိမ်ကြီးဆေးဆိုင်မှ ရရှိနိုင်သော တိုင်းရင်းဆေးများကိုလည်း ဝင်ရောက်လေ့လာ မေးမြန်းနိုင်ပါတယ်နော်

; မူရင်း‌ေရးသားသူအား လေးစားလျက်
Crd

20/09/2025

မုယောစပါးလေး ပြန်ရောက်ပါပြီခင်ဗျာ

ကုန်ကျစရိတ်သက်သာပြီး ကိုယ်ခန္ဓာ တကယ် အဆီကျတယ်ဆိုယုံမလား ??

စျေးသင့်ပြီး တစ်ကယ်အဆီ လက်တွေ့ ကျတဲ့သဘာဝ မုယောစပါး အဆီကျ​ရေနွေးကြမ်းကိုသောက်ပြီး အဆီချရအောင်ပါ

အနံ့လေးကလဲ မုယောစပါးအနံ့သင်းသင်းလေးနဲ့ ဆိုတော့စိတ်ကိုကြည်လင်စေပြီး တစ်နေကုန် လန်းဆန်းစေကာ အနံအရသာ ကောင်းလွန်းလို မုယောစပါး အဆီကျ ရေနွေး ကြမ်းလေးက သင့်ရဲ့ လက်စွဲတော် ဖြစ်လာမှာ အသေအချာပါပဲ

မုယောစပါး ရေနွေးကြမ်းသောက်သုံးခြင်းဖြင့်ရရှိနိုင်သောကျန်းမာရေးကောင်းကျိုးများကတော့ ..

♦သွေးတိုး ၊ ဆီးချို သွေးချို သွေးအားနည်းရောဂါ ကင်ဆာရောဂါနှင့်ဆီးကြိတ်ရောဂါများကို ကာကွယ်နိုင်ပါသည်။

♦အစာအိမ်အူလမ်းကြောင်းကိုကောင်းမွန်စေခြင်း၊အစာကြေအားကောင်းမွန်စေခြင်း၊ခံတွင်းအနံကိုကောင်းမွန်စေပြီးသွားဖုံးသွေးထွက်ခြင်းကိုသက်သာနိုင်ပါသည်။

♦အဝလွန်သူများအတွက်အဆီကျပိန်စေခြင်း၊သွေတွင်းအဆီများသူအတွက် သွေးတွင်းအဆီကျစေခြင်း၊သွေးလည်ပတ်အားကောင်းမွန်စေပြီး ရေနွေးကြမ်း ကဲ့သို အလွယ်တကူ ခဏခဏသောက်သုံးပေးနိုင်ပါသည်။

♦ကိုယ်ခန္ဓာအတွင်းအပူကျစေခြင်း၊ပင်ပန်းနွမ်းနယ်မူကိုလျော့ကျစေ ပြီးစိတ်ကိုကြည်လင်လန်းဆန်းစေခြင်း၊အိုမင်းရင့်ရော်မူကိုကာကွယ်ပေးခြင်း၊မျက်စိအားကောင်းမွန်စေခြင်းဝမ်းကောင်းစေခြင်း စသောအကျိုးကျေးဇူးများကိုလည်းရရှိနိုင်ပါသည်။

♦သဘာဝမုယောစပါးရေနွေးကြမ်းသည်

သံဃာတော်အရှင်သူမြတ်များ၊ရဟန်းသံဃာတော်များ၊သီလရှင်ယောဂီများနှင့်ဥပုသ်သီလဆောက်တည်ကြသူများအတွက်လည်းသောက်သူံးရန်အထူးသင့်‌ေလျာ်ပါသည်။

သောက်သုံးရန်အညွန်း >>>>

ရေနွေးတစ်ခွက်စာ သို့မဟုတ် ရေနွေးကြမ်း တစ်အိုးစာ အတွက် မုယောစပါးကို ထမင်းစားဇွန်းတစ်ဇွန်းခန့် သို့မဟုတ် မိမိလိုအပ်သလောက် ထည့်ကာ ရေနွေးဆူဆူ
ထည့်၍ နှစ်မိနှစ်မှ သုံးမိနှစ်ခန့် စိမ်ထားပြီးပါက အရသာရှိသော သဘာဝမုယောစပါးရေနွေးကြမ်းကိုအသင့်သောက်သုံးနိုင်ပါသည်။

ရေနွေးဖြူထပ်လောင်းဖြည့်ပြီးနှစ်ကြိမ်မှ
သုံးကြိမ်ထိလဲ သောက်သုံးနိုင်ပြီး
လူမျိုးဘာသာမရွေး ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါသည်။

မုယောစပါး အဆီကျဆေးတစ်ဘူး - 7500 ကျပ်

♦️♦️♦️ဆေးမှာယူရရှိနိုင်သော ဆိုင်လိပ်စာ

အမှတ် (၈၅/၈၆) ၊ အခန်း (၁၈)မြေညီထပ်
ဘုရင့်နောင်လမ်းမပေါ် ၊ Silver Moon Hotel မျက်နှာချင်းဆိုင် ရွာမကွေ့မှတ်တိုင်အနီး
(၂) ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း။

Phone & Viber , Page Messenger, Telegram -

☎09 89000 9328 ☎09 78888 9328

တို့မှ ဆက်သွယ် မှာယူလို့ရသလို
အိမ်အရောက် ပို့ပေးဆိုလည်း ပို့ပေးပါတယ်ဗျ Ninja Van Myanmar ရောက်တဲ့ ဘယ်မြို့မဆို လိပ်စာ ဖုန်း အပြည့်အစုံ ပေးထားရင် အိမ်ရောက်မှ ငွေချေလို့ရပါတယ်ခင်ဗျာ။

ဆေးလေး ပြန်ရောက်ပါပြီရှင့်
18/09/2025

ဆေးလေး ပြန်ရောက်ပါပြီရှင့်

တစ်ပတ်အတွင်း သက်သာ‌စေမည့်
ကျောက်ကြေဆေး ဆိုင်မှာ ရောက်နေပါပြီနော်။

" ရွှေမြင့်မိုရ် အထူးကျောက်ကြေဆီးဆေး ''
*******************************************
ဆီးအိမ် ၊ ဆီးလမ်းကြောင်း ၊ သည်းခြေ ၊ ကျောက်ကပ်တွေမှာ တည်နေတဲ့ ကျောက်ကို လက်တွေ့ကျကျ ခြေဖျက်ပေးတဲ့ ဆေးကောင်းတစ်လက်ပါ...
ဒီဆေးလေးကို ပုံမှန်သောက်ပေးရုံနဲ့ ကျောက်များကြေ၍ ကျလာပါနိုင်တယ်ခင်ဗျ။

ဒါ့အပြင် ဆီးအောင့် ၊ ဆီးပူ ၊ ဆီးကျန် ၊ ဆီးကျင် ဆီးသွားရခက်ခြင်း ၊ဆီးနည်းခြင်း ၊ ဆီး၌ အနည်ပါခြင်း ၊ ကျောက်ကပ်ရောင်၍ ဆီးအောင့်ခြင်း ၊ ဆီးနည်း၍ ခန္ဓာကိုယ်ဖောရောင်ခြင်း အစရှိတဲ့ ဆီးနှင့်ပက်သက်သည့် ရောဂါများအတွက် ပုံမှန်သောက်ပေးနိုင်ပါတယ်။
ဆီးကျိတ်တည်သူများအတွက်လဲ သောက်လို့ပါသည်။ ကွမ်းစားသူများလဲ ကြိုတင်သောက်ထားလို့ရပါတယ်။

တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်ရထားပြီး
အင်္ဂလိပ်ဆေးမှုန့် တမှုန့်ပင် မပါကြောင်း အာမခံတဲ့ တိုင်းရင်ဆေးစစ်စစ်ဖြစ်ပါတယ်။

🍀 ပါဝင်ပစ္စည်းများ🍀

🍀ကျောက်ကွဲရွက် 🍀လိပ်ကျောက်ဆူး 🍀ဟင်းနုနွယ်ဆူးပေါက် 🌿ကြွေပုပ်🌿ထိကရုံး ..... (၅)မျိုး ပါဝင်ပါတယ်။

📝ဆေးသောက်နည်း
*************
👉ဆေးမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းကို သံပုရာသီး တစ်ခြမ်း(သို့မဟုတ်)တစ်စိပ်ဖြင့် ရောစပ် သောက်ပေးရန်။
👉( ကျောက်အရွယ်အစားအသေးအတွက် - ဆေးတစ်ထုပ် ၆ခွက်စာ )
👉(ကျောက်အရွယ်အစား ကြီးပါက
ဆေးတစ်ထုပ် - ၄ခွက်စာ)
👉တစ်နေ့ သုံးကြိမ်သောက်ရန်
( ‌ဆေးသောက်စဉ်ကာလအတွင်း ဆေးညွှန်းအတိုင်းသောက်ပေးဖို့တော့ လိုပါတယ် ခင်ဗျာ)
တိုင်းရင်းဆေးဝါးမှတ်ပုံတင် အမှတ်
TMR - 015807(0726)

♦️ဆေးတစ်ထုပ် ၃၀၀၀ကျပ်♦️

ဆေးမှာယူ ရရှိနိုင်သောနေရာ👇🏻👇🏻

🏠ဆေးအိမ်ကြီး တိုင်းရင်းဆေးဖြန့်ချီရေး🏠

အမှတ် (၈၅/၈၆) အခန်း(၁၈)၊ ‌ေြမညီထပ်၊ ဘုရင့်နောင် လမ်းမ၊ (ရွာမကွေ့မှတ်တိုင်အနီး)၊ (၂)ရပ်ကွက်၊ လှိုင်မြို့နယ် ၊ရန်ကုန်တိုင်း ။

☎️ 09 78888 9328
☎️ 09 89000 9328

Ph, Viber, Telegram တို့မှလည်း ဆက်သွယ်
မှာယူနိုင်သလို page messengerကလည်း ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ။

"ပန်းသီးရှာလကာရည်တွေအရမ်း အရမ်းကို  စျေးတက်သွားတာမို့ "စေတနာ" ဆေးပုလင်းအကြီး  35000 ဖြစ်သွားပါပြီရှင့် 🙏🥺🥺
17/09/2025

"ပန်းသီးရှာလကာရည်တွေ
အရမ်း အရမ်းကို စျေးတက်သွားတာမို့

"စေတနာ" ဆေးပုလင်း
အကြီး 35000 ဖြစ်သွားပါပြီရှင့် 🙏🥺🥺

"စေတနာ" နှလုံးသွေးကြောပွင့်အဆီကျဆေး

ကို နေ့စဉ်ပုံမှန် သောက်သုံးခြင်းဖြင့် .....

🔴 နှလုံးသွေးကြောကျဥ်းရောဂါ၊သွေးတိုးရောဂါ တို့ကို သက်သာပျောက်ကင်းစေပြီး ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကိုကောင်းစေခြင်း။

🟢 သွေးပျစ်ခြင်းနှင့် သွေးတွင်းအဆီပိုများကို သဘာဝအတိုင်းလျော့ကျစေခြင်း။
အသည်းအဆီဖုံးခြင်း နှင့် လေဖြတ်လေငန်းရောဂါဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါသည်။

🟣 ကိုယ်ခံစွမ်းအားကိုလဲ မြှင့်တင်ပေးပြီး မောပန်းခြင်းကင်းဝေးစေခြင်း။
ဗိုက်ပူအဝလွန်သူများ၊ အညောင်းထိုင်သူများ၊ ဝမ်းချူပ်တတ်သူများ၊ဝိတ်ချချင်သူများအတွက် အထူးသင့်တော်ပါသည်။

🍀 အစာလည်း ဆေး
🌳 ဆေးလည်း အစာ ဆိုသည့်အတိုင်း
#ကိုယ်ခံအားကောင်းဖို့ရာစားသုံးရန်လိုအပ်သည့်
🍏 🍋 🧄 🐝 🍎 🍯 🥬 🍏 🧄 🍋 🍎

✅ဥတလုံးကြက်သွန်ဖြူရည်
✅ချင်းရည်
✅ပန်းသီးရှာလကာရည် ( Made in USA 🇺🇸 )
✅ရှောက်ရည်
✅ပျားရည်စစ်စစ် စသည့်

#သဘာဝဆေးဘက်ဝင်__Organic_Herb__များဖြင့်သာစနစ်တကျထုတ်လုပ်ထားပါသည်။

ဆေးသောက်ရန် အညွှန်း

✅⚠️⚠️မနက်စာ မစားမီ သောက်သုံးရန်⚠️⚠️✅

လူကြီး - တစ်နေ့ (၁)ကြိမ်
ထမင်းစားဇွန်း (၁)ဇွန်းမှ (၂)ဇွန်း

ကလေး - တစ်နေ့ (၁)ကြိမ်
လက်ဖက်စားဇွန်း (၁)ဇွန်းမှ (၂)ဇွန်း

#ကျန်းမာရေးလိုက်စားသူများအတွက်

ဆေးစွမ်းကောင်းတစ်လက်မို့
ဆေးတိုက် ရဲ့ မူရင်းစျေးအတိုင်း လက်လီ/ လက်ကား ပြန်လည်ရောင်းချပေးခြင်းဖြစ်ပါတယ်နော်

ရောင်းစျေးတွေကတော့...

✅ပုလင်းကြီး 850ml( ၁ လခွဲစာ ) = 35000 ks

ဆေးမှာယူနိုင်သော နေရာကတော့

ဆေးအိမ်ကြီး ဆေးဆိုင် နှင့် တိုင်းရင်းဆေး ဖြန့်ချီရေး

အမှတ် (85/86) အခန်း (18) မြေညီထပ်
ဘုရင့်နောင် လမ်းမ (ရွာမကွေ့မှတ်တိုင်အနီး )
(2) ရပ်ကွက် လှိုင်မြို့နယ်၊ ရန်ကုန်တိုင်း။

☎️- 09 78888 9328
☎️ - 09 89000 9328

ရန်ကုန်မြို့တွင်းမှ ဝယ်ယူသူများအား အိမ်အရောက်ငွေချေဖြင့် ပို့ဆောင်ပေးပြီး

နယ်မှ ဝယ်ယူသူကိုလည်း ကားဂိတ်မှတဆင့် ပို့ပေးပါတယ် ။
Ninja Van ရောက်တဲ့ မြို့နယ်များလည်း ပစ္စည်းရောက် ငွေချေ ဝန်ဆောင်မှု ရပါတယ်ခင်ဗျာ

မြို့နယ်ပေါ်မူတည်ပြီး ပို့ဆောင်ခ နှုန်းထား ကွာခြားနိုင်ပါသည်။

Address

No 85/86 Room (18), Ground Floor, Bayint Naung Road( Near YwarMa Gway Bus Station) 2 Quarter Hlaing Township Ph/09 89000 9328
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959788889328

Website

Alerts

Be the first to know and let us send you an email when ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆေးအိမ်ကြီး ဆေးဆိုင် နှင့် စားသုံးကုန် စတိုး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram