မြင့်မိုရ်ဗွီးရှင်း-Myint Mo Vision

  • Home
  • Myanmar
  • Hlaing
  • မြင့်မိုရ်ဗွီးရှင်း-Myint Mo Vision

မြင့်မိုရ်ဗွီးရှင်း-Myint Mo Vision မြင့်မိုရ်ဗွီးရှင်း|မျက်စိအထူးကုဆေးခန်း

🔺အမှတ်(၉၁)ပါရမီလမ်းမကြီး(၁၆)ရပ်ကွက်လှိုင်မြို့နယ်☎️09 2518 111 20📲09 500 3895🔺Daily 10am-5pmMonday closed
01/01/2025

🔺အမှတ်(၉၁)ပါရမီလမ်းမကြီး
(၁၆)ရပ်ကွက်
လှိုင်မြို့နယ်
☎️09 2518 111 20
📲09 500 3895
🔺Daily 10am-5pm
Monday closed


🎵Merry Christmas to you all🎵🔺အမှတ်(၉၁)ပါရမီလမ်းမကြီး(၁၆)ရပ်ကွက်လှိုင်မြို့နယ်☎️09 2518 111 20📲09 500 3895🔺Daily 10am-5pm...
24/12/2024

🎵Merry Christmas to you all🎵

🔺အမှတ်(၉၁)ပါရမီလမ်းမကြီး
(၁၆)ရပ်ကွက်
လှိုင်မြို့နယ်
☎️09 2518 111 20
📲09 500 3895
🔺Daily 10am-5pm
Monday closed


အမြင်အာရုံကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ရေတိမ်ရောဂါအတွက် ရေရှည်ခပ်ရမယ့် မျက်စဉ်းဆေးတွေ ပြန်လည်ရရှိနေပါပြီနော်  🔺အမှတ်...
06/12/2024

အမြင်အာရုံကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ ရေတိမ်ရောဂါအတွက် ရေရှည်ခပ်ရမယ့် မျက်စဉ်းဆေးတွေ ပြန်လည်ရရှိနေပါပြီနော်



🔺အမှတ်(၉၁)ပါရမီလမ်းမကြီး
(၁၆)ရပ်ကွက်
လှိုင်မြို့နယ်
☎️09 2518 111 20
📲09 500 3895
🔺Monday closed
Daily 10am-5pm

ဟေး သင်မျက်စိ ဘယ်လောက်ကောင်းလဲ 🤔😁ပုံထဲမှာ English စကားလုံး ၃လုံး ရှာကြည့်ကြရအောင်🤓🥸ဘယ်လောက်မြန်မြန်ရှာနိုင်လဲဘာတွေတွေ့လဲ...
23/07/2024

ဟေး သင်မျက်စိ ဘယ်လောက်ကောင်းလဲ 🤔😁
ပုံထဲမှာ English စကားလုံး ၃လုံး ရှာကြည့်ကြရအောင်🤓🥸
ဘယ်လောက်မြန်မြန်ရှာနိုင်လဲ
ဘာတွေတွေ့လဲ
အပျော်ပို့စ်လေးပါ 🥰🤩
Photo- crd to original uploader


🙏🏻ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ 🙏🏻💧မနက်ဖြန် 20.7.2024 ၊ စနေနေ့တွင် ကျရောက်‌သော ဝါဆိုလပြည့် အခါသမယနေ့မှာ ၇ရက်သားသမီး...
19/07/2024

🙏🏻ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့ 🙏🏻

💧မနက်ဖြန် 20.7.2024 ၊ စနေနေ့တွင် ကျရောက်‌သော ဝါဆိုလပြည့် အခါသမယနေ့မှာ ၇ရက်သားသမီးများ အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး
ဘေးအန္တရာယ်ကင်းဝေးကာ လိုအင်ဆန္ဒများ တလုံးတဝတည်းပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်🙏

#ဝါဆိုလပြည့်
#ဓမ္မင်္စကြာအခါတော်နေ့





အမှတ်(၉၁)ပါရမီလမ်းမကြီး
(၁၆)ရပ်ကွက်,လှိုင်မြို့နယ်,ရန်ကုန်
Monday closed
Daily 10 am-6pm
☎️ 09 2518 111 20
📱 09 500 2511
09 500 3895

Good morning!
17/06/2024

Good morning!

Hello June!Customer များအားလုံးအတွက် ကံကောင်းခြင်းတွေ ယူဆောာင်လာပေးပါ…. 👍👍
01/06/2024

Hello June!

Customer များအားလုံးအတွက် ကံကောင်းခြင်းတွေ ယူဆောာင်လာပေးပါ…. 👍👍

မကြာခင် ကျောင်းဖွင့်တော့မယ်နော် မိမိတို့ရဲ့ သားသားမီးမီးလေးတွေကို မျက်စိမှုန်မမှုန် စမ်းသပ်ပေးထားဖို့ လိုပါတယ် မေမေတို့ရ...
01/06/2024

မကြာခင် ကျောင်းဖွင့်တော့မယ်နော်

မိမိတို့ရဲ့ သားသားမီးမီးလေးတွေကို မျက်စိမှုန်မမှုန် စမ်းသပ်ပေးထားဖို့ လိုပါတယ် မေမေတို့ရေ🧑‍🤝‍🧑👭

✅ ကလေးတွေမှာ လူကြီးတွေနဲ့မတူတာက မျက်စိတစ်ဖက်ကကောင်းပြီး တစ်ဖက်က မှုန်ရင် ကောင်းတဲ့မျက်လုံးနဲ့ပဲကြည့်တယ် မှုန်တဲ့မျက်လုံးနဲ့ မကြည့်တော့တဲ့အတွက် အချိန်ကြာလာရင် ပျင်းတွဲမျက်စိ (Lazy Eye) ဆိုတာဖြစ်သွားတယ်
ရောဂါမရှိပေမယ့် အဲ့ဒိမျက်လုံးရဲ့ အမြင်က မသန်စွမ်းတော့ဘူး
မျက်စိမှုန်တဲ့ဘက်နဲ့ လုံးဝမကြည့်ပဲ ကောင်းတဲ့ဘက်နဲ့ပဲကြည့်နေတဲ့အခါကျတော့ ကြာလာရင်မျက်စိစွေစောင်းသွားနိုင်ပါတယ်
✅ ကလေးတော်တော်များများက မျက်စိမှုန်နေတာကို မပြောတတ်ကြပါဘူး သူတို့ရဲ့အမူအရာကိုကြည့်ပြီးပဲသိနိုင်ပါတယ်
✅ အဲ့ဒါကြောင့် မေမေတို့ရေ မိမိတို့ သားသားမီးမီးလေးတွေရဲ့ အမြင်စွမ်းအားကို ကြိုတင်စမ်းသပ်ပေးထားကြရအောင်

✅ မျက်မှန်တပ်ဖို့လိုမယ်ဆိုရင်လည်း သူတို့လေးတွေအကြိုက် ကိုင်းရောင်စုံလေးတွေနဲ့ ချစ်စရာမျက်မှန်လေးတွေကိုလဲ ရွေးချယ်နိုင်ပါတယ်

# #မြင့်မိုရ်ဗွီးရှင်း
#မျက်စိအထူးကုဆေးခန်း
အမှတ် (၉၁) ပါရမီလမ်းမကြီး၊ ၁၆ရပ်ကွက်၊ လှိုင်မြို့နယ်။
☎️📱09251811120, 095003895, 095002511

ပြာသိုလပြည့် - ရှင်တစ်ထောင်အခါတော်နေ့==============================မနေ့ ကတော့ နယ် ဘက် ကအပြန် ကားစထွက်တဲ့ အချိန်မှာ တော့ ...
25/01/2024

ပြာသိုလပြည့် - ရှင်တစ်ထောင်အခါတော်နေ့
==============================
မနေ့ ကတော့ နယ် ဘက် ကအပြန် ကားစထွက်တဲ့ အချိန်မှာ တော့ နေဝင်ချိန် ဆည်းဆာ ဟာမှေးမှိန်ဖျော့တော့လျက်ရှိ နေခဲ့ ပါတယ်..။

ပြာညို့ ညို့ ကောင်းကင်ပြင်က နေ ထွက်ပြူစ လပြည့်ဝန်းကြီး ကို ကြည့်ပြီး ကျွန်မ ဟာ ဥရုဝေလတော က ရသေ့ညီနောင်၊ ရှင်တစ်ထောင်ကို စတင်သတိရ လိုက်မိပါတယ်..။

မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပထမဝါကျွတ်ပြီး မှာ ကျေးဇူးတော်ရှင် မြတ်စွာဘုရား သခင် သည် ၊ ရသေ့တစ်ထောင်ကို ချွတ်ဘို့အတွက် ဥရုဝေလတော သို့ တန်ဆောင်မုန်းလပြည့်နေ့မှာရောက်တော်မူခဲ့ပါတယ်။

ပြာသိုလပြည့်နေ့အထိ နှစ်လတာမျှ နေထိုင်သီတင်းသုံးပြီး ရသေ့များကိုစည်းရုံးခဲ့ပါတယ်။

အဲဒီ အချိန်က ဥရုဝေလ တော ထဲမှာ

အစ်ကိုကြီး ဥရုဝေလ ကဿပခေါင်းဆောင်တဲ့ ရသေ့ ၅၀၀၊

အစ်ကိုလတ် နဒီ ကဿပ ခေါင်းဆောင်တဲ့ ရသေ့ ၃၀၀၊

ညီငယ် ဂယာကဿပခေါင်းဆောင်တဲ့ ရသေ့ ၂၀၀ တို့ သုံးနေရာခွဲပြီး နေထိုင်ကြပါတယ်။

ကျေးဇူးတော်ရှင်မြတ်စွာဘုရားက ဥရုဝေလကဿပ ထံ နေခွင့်တောင်းလေရာ နဂါးကြီးရှိတဲ့ မီးတင်းကုတ်ကို နေခွင့်ပေးပါတယ်။

မြတ်စွာဘုရားရှင် က နဂါးကြီးကိုတန်ခိုးတော်ဖြင့်နှိမ်နင်းပြလေရာ ဥရုဝေလကဿပ နှင့် ရသေ့များ အထင်ကြီး သွားကြပါတယ်။

ရသေ့များအားလုံး ကိလေသာခေါင်းပါး ဘို့ အတွက် မီးလှုံခြင်း ၊ ရေငုတ်ခြင်း စတဲ့ ပဉ္စာတပ အကျင့်များများကို ကျင့်ကြံနေကြပါတယ်။

ကျင့်ကြံ ပုံမှာ ဆီးနှင်းတွေ ဝေကျပြီး ခိုက်ခိုက်တုန် ချမ်းအေးသော ပြာသိုလ အတွင်း သတ်မှတ်ရက် ၈ည တွင် နေရဉ္စရာ မြစ်အတွင်းသို့ သက်ဆင်းကာရေငုတ်ကြပါတယ်။

မြတ်စွာဘုရားရှင်က ရသေ့များ အအေးဒဏ်မှ သက်သာစေဘို့အတွက် မီးအိုးကင်း ၅၀၀ ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူလိုက် ပါတယ်။

မြတ်စွာဘုရား က ရသေ့များခွဲလို့မကွဲသော ထင်းတုံး ၅၀၀ ကို တပြိုင်နက် ကွဲစေခြင်း၊

ရသေ့များ မွှေးမရသော မီးကိုတပြိုင်နက်တောက်လောင်စေခြင်း၊

ရသေ့များငြိမ်းမရသော မီး ၅၀၀- ကို တစ်ပြိုင်နက်ငြိမ်းစေခြင်း၊

မီးအိုးကင်း-၅၀၀ ကို တစ်ပြိုင်နက် ဖန်ဆင်းခြင်းစသော တန်ခိုးတော်များ ကို ပြသတော်မူခဲ့ပါတယ်။

တန်ခိုးတော်စုစုပေါင်း ၃၅၁၆ မျိုးကို ပြသ၍ ရသေ့များ ကို ဆွဲဆောင်တော် မူခဲ့ပါတယ်။

ရသေ့များ အားလုံး သူတို့ရဲ့ အသုံး အဆောင်တွေကို မြစ်ထဲမျှောပစ်ကာ မြတ်စွာဘုရားထံ ရဟန်း အဖြစ်တောင်းခံကြပါတယ်။

ပထမ အကြိမ်မှာ ဥရုဝေလ ကဿပ နှင့်တပည့်များ ၊ ဒုတိယ အကြိမ် နဒီ ကဿပ နှင့်တပည့်များ ၊တတိယ အကြိမ် ဂယာ ကဿပနှင့်တပည့်များ သုံးသုတ်ခွဲ ပြီး သာသနာ့ဘောင် ဝင်ရောက်ကြပါတယ်။

ရသေ့တစ်ထောင်လုံး ဧဟိ ဘိက္ခု ရဟန်းများချည်း ဖြစ်လာ ကြပါတယ်။

မြတ်စွာဘုရား က ရဟန်းတစ်ထောင်ကို ဆင်ဦးကင်းနဲ့သဏ္ဍန်တူတဲ့ ဂယာသီသကျောက်ဖျာပြင်၌ အာဒိတ္တပရိယာယသုတ္တန် ဒေသနာကို ဟောတော်မူလေရာ ရဟန်း အားလုံး အာသဝေါကုန်ခမ်း လို့ ရဟန္တာ အဖြစ်သို့ရောက်တော် မူကြပါတယ်။

ရှင်တစ်ထောင် ကို ချေချွတ်ပြီး ကျွတ်တန်းဝင်စေတဲ့ ကျေးဇူးတော်ရှင် မြတ်စွာဘုရား ရဲ့ မေတ္တာတော် ၊ ဂုဏ်တော် အနန္တ နဲ့ စွမ်းပကားကို ခြေစုံဦးခိုက်ကြည်ညိုရပါတယ်..။

မှတ်ချက်။ ရှင်တစ်ထောင်အခါတော်နေ့ ကိုမာဂဓီ(သာစည်)ရဲ့ အခါတော်နေ့များ စာအုပ်မှ ကိုးကား ရေးသားရတဲ့အတွက် မာဂဓီ (သာစည် ) အရှင်မြတ်ကို ကျေးဇူးတင် ပါကြောင်း ဦးတင်ဖေါ်ပြအပ်ပါတယ်။

မေတ္တာဖြင့်
သစ္စာအလင်း

-----------------

ပြာသိုလပြည့် " အမေများနေ့ " (၁၃၈၅ခုနှစ် ) အမေ ... တဲ့ ထူးခြားတဲ့သူ့အသံ ကြားရုံနဲ့အားရှိတယ် အမေဆိုတာ ...သေမင်းလည်းစိန်ခေါ...
25/01/2024

ပြာသိုလပြည့် " အမေများနေ့ " (၁၃၈၅ခုနှစ် )

အမေ ... တဲ့
ထူးခြားတဲ့သူ့အသံ ကြားရုံနဲ့အားရှိတယ်
အမေဆိုတာ ...
သေမင်းလည်းစိန်ခေါ် မရဏပွဲလည်းသူနွှဲ
ဒီလောက ဒီလောကဓံ ဒီလောက်နဲ့အညံ့မခံဘူး
အမေဟာ သေရွာပြန်တဲ့လူ ...

အမေဆိုတဲ့စကား
နူတ်ဖျားတွင်မထားနဲ့ ရင်ထဲထိထည့်ထား
အမေဆိုတာ .... လောကရဲ့မြင့်မြတ်တဲ့လူသား ။

ကမ္ဘာပေါ်ရှိ ဖြူစင်သောစိတ်ထားပိုင်ရှင်
အနတ္တဂိုဏ်းဝင်အမေများအားလုံး အသက်တစ်ရာမက ကျန်းမာစွာနေထိုင်နိုင်ကြပါစေ 🙏

#အမေများနေ့ ( 25.01.2024 )
💜Daily 11am-6pm
Monday closed
📲09 500 2511

💧ဟိုးအဝေးကြီးကနေ ရန်ကုန်မှာConference၂ရက်လာတက်ရင်းအချိန်လုပြီးမျက်စိလာစမ်းသပ်သွားတဲ့သူငယ်ချင်းအချောလေးရဲ့ရွေးချယ်သွားတဲ့...
23/01/2024

💧ဟိုးအဝေးကြီးကနေ ရန်ကုန်မှာConference၂ရက်လာတက်ရင်းအချိန်လုပြီးမျက်စိလာစမ်းသပ်သွားတဲ့သူငယ်ချင်းအချောလေးရဲ့ရွေးချယ်သွားတဲ့ Frame less Line Art Brand Titaniumမျက်မှန်လှလှလေးပါ

တကူးတကလာအားပေးလို့ကျေးဇူးအထူးပါသူငယ်ချင်းရေ💜💜
အစစအရာရာ အောင်မြင်ပါစေ
နောက်လည်းလာလည်ပါသူငယ်ချင်း❤️

Daily 11am-6pm
Monday closed

Address

91, Parame Road, Ward 16
Hlaing

Opening Hours

Tuesday 11:00 - 18:00
Wednesday 11:00 - 18:00
Thursday 11:00 - 18:00
Friday 11:00 - 18:00
Saturday 11:00 - 18:00
Sunday 11:00 - 18:00

Telephone

+959251811120

Website

Alerts

Be the first to know and let us send you an email when မြင့်မိုရ်ဗွီးရှင်း-Myint Mo Vision posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram