Shwe Min Medical Laboratory & Clinic

Shwe Min Medical Laboratory & Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Min Medical Laboratory & Clinic, Medical Lab, No 12/A , Maezi Gone Street , (7) Quarter , Hlaing Tsp, သံလမ်း, Hlaing.

🙆‍♀️ အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။🏥 ရွှေမင်း အဆင့်...
03/09/2025

🙆‍♀️ အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

🏥 ရွှေမင်း အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်း) တွင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် လစဉ်လတိုင်း ပထမအပတ်၏ စနေနေ့တိုင်း အထွေထွေရောဂါကုဆရာဝန်ဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးပြသနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါအပ်ပါတယ်။

(လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်)

📌 စက်တင်ဘာလအတွက် အခမဲ့ကုသပေးမည့်ရက်

(၆.၉.၂၀၂၅ )၊ မနက် (၈) နာရီဲမှ နေ့လယ် (၁၂) နာရီအထိ။

☎️ ကြိုတင်စာရင်းပေးသွင်းရန် -

အမှတ် (၄၅၄၊ ၄၅၅)၊ သံသုမာလမ်း(စံပြ ၅ လမ်းထိပ်)၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်

ဖုန်း - ၀၉ ၂၅၅၅၅ ၂၁၂၆၊ ၀၉ ၇၄၀၉၉၄၄၆၀

🔬 လေ့လာစမ်းသပ်ချက်တွေအရ ဆေးလိပ်တစ်လိပ်မှာ ဓာတုပစ္စည်းပေါင်း (၇,၀၀၀) ကျော် ပါဝင်ပြီး ဒီထဲကမှ အနည်းဆုံး (၆၉) ခုက ကင်ဆာဖြစ်...
24/08/2025

🔬 လေ့လာစမ်းသပ်ချက်တွေအရ ဆေးလိပ်တစ်လိပ်မှာ ဓာတုပစ္စည်းပေါင်း (၇,၀၀၀) ကျော် ပါဝင်ပြီး ဒီထဲကမှ အနည်းဆုံး (၆၉) ခုက ကင်ဆာဖြစ်စေနိုင်တယ်ဆိုပြီး တိကျသေချာတဲ့သုတေသနတွေ ရှိခဲ့တာကြာပါပြီ

ဒီလိုမျိုးဓာတုပစ္စည်း‌တွေကြောင့်ပဲ ဆေးလိပ်သောက်ခြင်းဟာ လူ့ခန္ဓာကိုယ်အတွက် ထိခိုက်ပြောင်းလဲစေမှုတွေဖြစ်နေတာပါပဲ 😫

ဒါကြောင့် ဆေးလိပ်သောက်ခြင်းဟာ သင့်ခန္ဓာကိုယ်ကို ဘာတွေ ပြောင်းလဲစေနိုင်လဲဆိုတာကို ဒီနေ့မှာ ဆွေးနွေးပေးသွားမှာပဲ ဖြစ်ပါတယ် 🙋🏻‍♂️

🍃 အသက်ရှူစနစ် (𝐋𝐮𝐧𝐠𝐬 & 𝐑𝐞𝐬𝐩𝐢𝐫𝐚𝐭𝐨𝐫𝐲)

ဆေးလိပ်သောက်တာ အချိန်ကြာလာတာနင့်အမျှ အသက်ရှူလမ်းကြောင်း ယိုယွင်းလာပြီး အဆုတ်ကင်ဆာပါ ဖြစ်လာနိုင်ပါတယ်။

🫀 နှလုံးနှင့် သွေးကြော (𝐇𝐞𝐚𝐫𝐭 & 𝐁𝐥𝐨𝐨𝐝 𝐕𝐞𝐬𝐬𝐞𝐥𝐬)

ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်း‌တွေက နှလုံးရဲ့လုပ်‌ဆောင်ချက်ကို ထိခိုက်စေတဲ့အပြင် သွေး‌ကြောတွေကိုလည်း ကျဥ်း‌မြောင်းစေတာမို့ သွေးတိုးနဲ့ နှလုံးရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။

🫁 ကင်ဆာရောဂါ (𝐂𝐚𝐧𝐜𝐞𝐫 𝐑𝐢𝐬𝐤)

ဆေးလိပ်ကြောင့်ဖြစ်နိုင်တဲ့ ကင်ဆာရောဂါတွေဟာ အဆုတ်ကင်ဆာတစ်ခုတည်းသာမဟုတ်ဘဲ အခြားသောကင်ဆာရောဂါများလည်းဖြစ်နိုင်ပါသေးတယ်။
ဥပမာ - ပါးစောင်ကင်ဆာ၊ လည်ပင်းကင်ဆာ၊ မုန့်ချိုအိတ် (Pancreas) ကင်ဆာ

👁️ အသားအရေနှင့် မျက်စိထိခိုက်ခြင်း (𝐒𝐤𝐢𝐧 & 𝐕𝐢𝐬𝐢𝐨𝐧)

အသားအရေကိုလည်း ညစ်ညမ်းစေတဲ့အပြင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပြီးတော့ မျက်လုံးနဲ့ပတ်သက်ရင်လည်း အမြင်အာရုံဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါသေးတယ်။

အထက်ပါအချက်‌တွေတင်မကပါဘူး ဆေးလိပ်သောက်တာဟာ ကာလရှည်ကြာလာတာနဲ့အမျှ

- ရှင်သန်နေထိုင်ရတဲ့သက်တမ်းကို ပိုတိုလာစေခြင်း

- ကျန်းမာရေးပြဿနာများအတွက် စိုးရိမ်ပူပန်ရမှုများ မြင့်မားလာခြင်းအပြင်

- ရောဂါတစ်ခုခုဖြစ်လာရင် ဆေးဝါးကုသရတာတွေကြောင့်လည်း မလိုအပ်ပါဘဲ ငွေကုန်ကြေးကျများစေနိုင်ပါသေးတယ်

ဒီလို ဆိုးကျိုးတွေမဖြစ်အောင် အကောင်းဆုံးကာကွယ်နိုင်မယ့် နည်းလမ်းကတော့ ဆေးလိပ်ဖြတ်ခြင်း ဖြစ်ပေမယ့်လည်း ရေများများသောက်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာစေပြီး အာဟာရပြည့်၀တဲ့ အစားအစာတွေကို တစ်ဖက်မှာ သင်တင့်မျှတစွာ နေထိုင်စားသုံးခြင်းနဲ့လည်း ဆေးလိပ်သောက်ခြင်းမှ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်နိုင်ကြောင်း Shwe Min Medical Laboratory & Clinic က အကြံပြု မျှဝေပေးလိုက်ရပါတယ် 🫶

References:

1.World Health Organization (WHO): https://www.who.int/news-room/fact-sheets/detail/tobacco

2.Centers for Disease Control and Prevention (CDC): https://www.cdc.gov/tobacco

3.American Cancer Society (Cancer.org): https://www.cancer.org/cancer/risk-prevention/tobacco.html

📌ကာလဝမ်းရောဂါ တစ်နည်းအားဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ 𝗩𝗶𝗯𝗿𝗶𝗼 𝗖𝗵𝗼𝗹𝗲𝗿𝗮𝗲 လို့ခေါ်...
19/08/2025

📌ကာလဝမ်းရောဂါ တစ်နည်းအားဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ 𝗩𝗶𝗯𝗿𝗶𝗼 𝗖𝗵𝗼𝗹𝗲𝗿𝗮𝗲 လို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးကူးစက်ခံရလို့ ဖြစ်တဲ့ ရောဂါပါ။

◾️အကြောင်းအရင်းတွေကတော့-

💢ရောဂါပိုးပါတဲ့ ရေနဲ့ အစားအစာတွေကို စားမိတာ
💢မသန့်ရှင်းတဲ့ လက်နဲ့ အစာစားမိတာ
💢ယင်နားစာတွေ စားမိတာ
💢ရောဂါပိုးရှိသူရဲ့ အန်ဖက်၊ မစင်တို့နဲ့ ထိတွေ့တာ
💢မိလ္လာပိုက်ပေါက်တာနဲ့ ယင်လုံအိမ်သာ အသုံးမပြုခြင်းတို့ကတစ်ဆင့် ကူးစက်တတ်ပါတယ်။

◾️ရောဂါလက္ခဏာများ

ဝမ်းပျက်ဝမ်းလျှောဖြစ်တိုင်း ကာလဝမ်းရောဂါလို့ ပြောလို့မရပါဘူး။ ကာလဝမ်းရောဂါလို့ သိနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့-

➡️ ဆန်ဆေးရေလို ဝမ်းအရည်တွေ သွားတာ
➡️ ဗိုက်အောင့် ဗိုက်နာဖြစ်ပြီး အော့အန်တာ
➡️ သွေးပေါင်/ကိုယ်အလေးချိန်ကျတာ
➡️ ခံတွင်းနဲ့ နှုတ်ခမ်းခြောက်တာ
➡️ သတိလစ်တာတွေ ဖြစ်ပါတယ်။

✅ ကာကွယ် ကုသခြင်း

- တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ
- ရေကို ကျိုချက်ပြီးသောက်ပါ
- အစာမစာခင်နဲ့ အိမ်သာကထွက်လာတိုင်း လက်ကို ဆပ်ပြာနဲ့စင်ကြယ်စွာ ဆေးပါ
- ယင်နားစာတွေ မစားမိအောင် ဂရုစိုက်ပါ
- ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ဖြည့်တင်းဖို့ ဓာတ်ဆာရေသောက်ပါ

🚨အရမ်းပြင်းထန်တဲ့ အခြေအနေမှာဆိုရင်တော့ နီးစပ်ရာ ဆေးရုံ / ဆေးခန်းတို့မှာ သီးသန့်ထားရှိပြီး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

‼️ကာလဝမ်းရောဂါက အချိန်မီကုသမှု မခံယူခဲ့ရင် ဆိုးကျိုးတွေပိုဖြစ်နိုင်တာမို့ လုံးဝ မပေါ့ဆသင့်ကြောင်း Shwe Min Medicial Laboratory & Clinic မှ မျှဝေလိုက်ရပါတယ်နော် 🙋‍♀️

References:

1.https://www.cdc.gov/cholera/about/index.html?utm_source

2.https://www.who.int/news-room/fact-sheets/detail/cholera?utm_source

နာနတ်သီးဆိုတာဟာ ရာသီပေါ်အသီးအနှံတစ်မျိုး ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ တောင်ပေါ်ဒေသတွေမှာ အများဆုံးစိုက်ပျို...
09/08/2025

နာနတ်သီးဆိုတာဟာ ရာသီပေါ်အသီးအနှံတစ်မျိုး ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအနောက်ပိုင်းနဲ့ တောင်ပေါ်ဒေသတွေမှာ အများဆုံးစိုက်ပျိုးလေ့ရှိပြီး သူ့ရဲ့ချိုချိုချဥ်ချဥ်အရသာလေးကြောင့် လူတိုင်းနီးပါးကြိုက်ကြပါတယ်🍍

👉 ဒါ့အပြင် ခုလိုမိုးများပြီး မူမမှန်တဲ့ရာသီဥတုမှာ ကိုယ်ခံအားကောင်းနေစေဖို့အထောက်အကူပြုတဲ့ အသီးအနှံတွေထဲမှာ နာနတ်သီးကလည်း တစ်ခုအပါအဝင်ပါပဲ

💢 နာနတ်သီးရဲ့အကျိုးကျေးဇူးတွေကတော့

- Vitamin C, Antioxidants နဲ့ Manganese ဓာတ်တွေပါဝင်တာကြောင့် ကိုယ်ခံအားကိုမြှင့်တင်ပေးပြီး အရိုးအဆစ်များကိုသန်မာစေခြင်း

- အမျှင်ဓာတ်ကြွယ်ဝခြင်းကြောင့် ဝမ်းမမှန်ခြင်း၊ အစာမကြေခြင်းတို့ကို သက်သာစေခြင်း

- ခန္ဓာကိုယ်တွင်းအဆိပ်အတောက်များကိုလျော့နည်းစေပြီး အဆီကျစေခြင်း

- ရင်ကျပ်ခြင်း၊ အသက်ရှုမဝခြင်း စတဲ့ Respiratory Problem များကိုလည်း သက်သာစေပါတယ်

ဒါကြောင့်မို့ ခုလိုထိုင်းထိုင်းမှိုင်းမှိုင်းမိုးရာသီမှာ ရာသီပေါ် နာနတ်သီးလေးတွေစားပြီး နေ့ရက်တိုင်းကို ကြည်ကြည်လင်လင် ဖြတ်သန်းနိုင်ကြစေဖို့ Shwe Min Medicial Laboratory & Clinic မှ တိုက်တွန်းလိုက်ပါတယ်နော် 🤗

References:

1.https://health.clevelandclinic.org/benefits-of-pineapple

2.https://www.bbcgoodfood.com/health/nutrition/health-benefits-pineapple

05/08/2025

ကျွန်တော်တို့ စားသုံးနေတဲ့ ပဲအမျိုးမျိုးကနေ ဘယ်လိုမျိုး ကျန်းမာရေးအကျိုး‌ကျေးဇူးတွေ ရနိုင်လဲဆိုတာကို Shwe Min Medical Laboratory & Clinic မှ မျှဝေပေးလိုက်ရပါတယ် 🥜🙆🏻‍♀️

📣 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။ရွှေမင်း အဆင့်မြင့်...
01/08/2025

📣 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

ရွှေမင်း အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်း) တွင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် လစဉ်လတိုင်း ပထမအပတ်၏ စနေနေ့တိုင်း အထွေထွေရောဂါကုဆရာဝန်ဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးပြသနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါအပ်ပါတယ်။

(လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်)

🗓️ ဩဂုတ်လအတွက် အခမဲ့ကုသပေးမည့်ရက်

(၂.၈.၂၀၂၅ )၊ မနက် (၈) နာရီဲမှ နေ့လယ် (၁၂) နာရီအထိ။

✅ ကြိုတင်စာရင်းပေးသွင်းရန် -

အမှတ် (၄၅၄၊ ၄၅၅)၊ သံသုမာလမ်း(စံပြ ၅ လမ်းထိပ်)၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်

ဖုန်း - ၀၉ ၂၅၅၅၅ ၂၁၂၆၊ ၀၉ ၇၄၀၉၉၄၄၆၀

ခေတ်ကာလရွေ့လျားလာတာနဲ့အမျှ လူလတ်ပိုင်းနဲ့လူကြီးတွေမှာ ဆီးချိုရောဂါဖြစ်သွားနှုန်းက ပိုပိုမြင့်တက်လာပါတယ်။ ဘာလို့ ဒီလိုဖြစ...
28/07/2025

ခေတ်ကာလရွေ့လျားလာတာနဲ့အမျှ လူလတ်ပိုင်းနဲ့လူကြီးတွေမှာ ဆီးချိုရောဂါဖြစ်သွားနှုန်းက ပိုပိုမြင့်တက်လာပါတယ်။

ဘာလို့ ဒီလိုဖြစ်ရတာလဲ ❓❓❓

💁‍♂️ ဒီနေ့မှာတော့ ဆီးချိုရောဂါဖြစ်သွားမှုနှုန်းမြင့်မားလာရတဲ့အကြောင်းအရင်းတွေကိုပြောပြပေးပါမယ်နော်

ဆီးချိုရောဂါဟာ မျိုးဗီဇဖွဲ့စည်းမှု (Genetic)၊ မျိုးရိုးလိုက်ခြင်း (Hereditary) နဲ့ အနေအထိုင်သဘာဝပတ်ဝန်းကျင်တို့အပေါ်မူတည်နေပါတယ်။ အထိုင်များခြင်း၊ အဝလွန်အစားအစာများစားခြင်း၊ အသင့်စားအစားအသောက်များအစားများခြင်း စတဲ့အကြောင်းအရင်းတွေက ဆီးချိုရောဂါဖြစ်ရခြင်းအကြောင်းအရင်းတွေပါပဲ။

နေ့စဥ်ရက်ဆက် အထက်ပါအကြောင်းအရင်းတွေကို လုပ်ဆောင်နေမိပြီဆိုရင် ခန္ဓာကိုယ်ရဲ့ ဂလူးကို့စ် (သကြား) ဓာတ်ပမာဏမြင့်တက်လာပြီး အင်ဆူလင် (Insulin) ဟော်မုန်းထုတ်လုပ်မှု ချို့ယွင်းသွားပြီး ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ အလွန်မြင့်တက်လာပါတယ်။

💢 ဆီးချိုရောဂါမှာ အဓိကအားဖြင့် Type 1 Diabetes နဲ့ Type 2 Diabetes ဆိုပြီး အမျိုးအစားနှစ်ခုရှိပါတယ်

- Type 1 Diabetes က ဆယ်ကျော်သက်အရွယ်နဲ့ ကျောင်းတက်စအရွယ်လူငယ်တွေမှာ အတွေ့များပါတယ်။ ဆီးချိုရောဂါဖြစ်နေတဲ့သူအများစုရဲ့(10%) က Type 1 Diabetes ရောဂါရှင်တွေဖြစ်ပြီး ဒီ Type က အင်ဆူလင်ထိုးဖို့အတွက်လိုအပ်ပါတယ်။

- Type 2 Diabetes ကတော့ မျိုးရိုးလိုက်ပြီးတော့လည်းဖြစ်နိုင်သလို အသက်အရွယ်ကြီးရင့်တာ၊ အဝလွန်တာ၊ အထိုင်များတာ၊ စားသောက်မှု ပုံစံမမှန်တာ၊ သွေးတွင်းကိုလက်စထရောများပြီး သွေးတိုးရောဂါရှိနေတဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။

ယနေ့ခေတ်မှာဆို ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းက ယခင်ကထက်စာရင် အလွန်မြင့်မားလာပါတယ်။

ဒီလိုမြင့်မားလာရတဲ့အကြောင်းအရင်းကလည်း ခေတ်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အသင့်စားအစားအစာ (Fast Food) တွေပေါများလာတာ၊ သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာလည်း အထိုင်များလာတာ၊ ကိုယ်လက်လှုပ်ရှားအားကစားလိုက်စားမှုနည်းပါးလာမှုတွေကြောင့်ဖြစ်ပြီး ဒီလိုအရာတွေကို ဆင်ခြင်လိုက်တာနဲ့ ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းကို ကာကွယ်လျော့ချနိုင်ပါတယ်။

ဒါကြောင်မို့ ဒီဆီးချိုရောဂါကို မဖြစ်ပွားစေဖို့အတွက် ကိုယ်လက်လှုပ်ရှားအားကစားလည်းလိုက်စားပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေပါ သင့်တင့်မျှတအောင်စားသုံးကြဖို့ Shwe Min Medicial & Laboratory က တိုက်တွန်းနှိုးဆော်လိုက်ပါတယ် 🙆‍♂️

References:

1.https://my.clevelandclinic.org/health/diseases/7104-diabetes

2. https://w.wiki/EqdM

🦠 မုတ်သုံမိုးရာသီမှာ အနောက်တောင်လေတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ...
21/07/2025

🦠 မုတ်သုံမိုးရာသီမှာ အနောက်တောင်လေတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်ပ်ိုးတွေကြောင့် ကူးစက်နိုင်ခြေတွေတိုးစေပြီး ဖျားနာလွယ်ကြတာပဲ ဖြစ်ပါတယ်။ ဆိုတော့ မိုးရာသီဝင်ချိန်မှာ အဖြစ်များတတ်တဲ့ ရောဂါတွေအကြောင်းကို ဒီနေ့မှာ မျှဝေပေးချင်ပါတယ်

💢 ရာသီဥတု အပူချိန်ပြောင်းလဲမှုကြောင့် နှာစေး၊ ကိုယ်လက်ကိုက်ခဲ၊ လည်ချောင်းနာတာ စတဲ့ လက္ခဏာတွေပြတတ်တဲ့ အအေးမိတုပ်ကွေးဟာဆိုရင် မိုးရာသီမှာ အဖြစ်များဆုံး ရောဂါတစ်မျိုးပါပဲ။

💢 မုတ်သုံရာသီမှာ နောက်ထပ်အဖြစ်များတာကတော့ ကာလဝမ်းရောဂါပဲ ဖြစ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းတာ၊ မသန့်ရှင်းတဲ့ရေနဲ့အစားအစာတွေက ကာလဝမ်းရောဂါပိုးကူးစက်ပျံ့နှံ့စေပြီး သန့်ရှင်းမှု အားနည်းတဲ့နေရာတွေမှာ ရောဂါပျံ့နှံ့မှုနှုန်း မြန်ဆန်ပါတယ်။

💢 မ်ိုးသည်းထန်စွာ ရွာသွန်းခြင်းကနေ ခြင်ပေါက်ဖွားမှုနှုန်းမြင့်စေပါတယ်၊ ခြင်ကိုက်ခံရတာကနေတစ်ဆင့် သွေးလွန်တုပ်ကွေးရောဂါနဲ့ ငှက်ဖျားရောဂါတွေလို ကူးစက်ရောဂါတွေကို ဖြစ်စေတာ ဖြစ်ပါတယ်။

💢 တိုက်ဖွိုက် (Typhoid) ရောဂါက ရေမှာပေါက်ဖွားတဲ့ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာဖြစ်ပါတယ်။ မိုးရာသီမှာ ဖြစ်ပွားတတ်တဲ့ ကူးစက်မြန်ရောဂါတစ်မျိုးဖြစ်ပြီး အစားအသောက်နဲ့ သန့်ရှင်းမှုမရှိခြင်းတို့ကြောင့် ဖြစ်ပွားရတာဖြစ်ပါတယ်။

💢 အစာအိမ်နဲ့အူလမ်းကြောင်း ရောင်ရမ်းတာ (Gastroenteritis) နဲ့ အစာအဆိပ်သင့်တာကလည်း မုတ်သုံရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ အစားအသောက်တွေနဲ့ သောက်သုံးရေတွေထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တဲ့ရောဂါဖြစ်ပြီး မသန့်ရှင်းတဲ့ အစားအသောက်နဲ့ရေတွေ အူထဲကိုရောက်တဲ့အခါ ရောဂါပိုးကူးစက်ပြီး အူတွေရောင်ရမ်းလာတာဖြစ်ပါတယ်။

မိုးတွင်းမှာ ရောဂါပိုးမွှားကူးစက်ခြင်း၊ ဖျားနာခြင်းတို့မှာ ကင်းဝေးပြီး ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ကာကွယ်ဖို့ အရေးကြီးဆုံးပါပဲ။

✅ ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ စားသုံးနေထိုင်ခြင်း၊ ဗီတာမင်ဖြည့်စွက်စွာ သောက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်း၊ ခြင်မကိုက်ခံရအောင် ကာကွယ်ခြင်း၊ လုံလောက်စွာ အနားယူခြင်း စတဲ့တစ်ကိုယ်ရည်သန့်ရှင်းမှု အလေ့အကျင့်ကောင်းများကို ထိန်းသိမ်းလုပ်ဆောင်ရင်း မိုးရာသီတစ်လျှောက်လုံး ကျန်းမာစွာနေထိုင်နိုင်ဖို့ Shwe Min Medical Laboratory & Clinic မှ ဆန္ဒပြုတိုက်တွန်းရင်း မျှဝေပေးလိုက်ရပါတယ် 🙋‍♀️

References:

1.https://www.medparkhospital.com/en-US/disease-and-treatment/rainy-weather-monsoon-diseases-rainy-season-diseases

2.https://www.maxhealthcare.in/blogs/monsoon-illness-symptoms-prevention

💤 ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ခြင်းက လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းနဲ့ အာဟာရပြည့်ဝအောင် စားသောက်ပေးခြင်းတို့လိုပဲ ခန...
15/07/2025

💤 ကောင်းမွန်နှစ်ခြိုက်စွာ အိပ်စက်ခြင်းက လေ့ကျင့်ခန်းပုံမှန်လုပ်ပေးခြင်းနဲ့ အာဟာရပြည့်ဝအောင် စားသောက်ပေးခြင်းတို့လိုပဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးပါလှပါတယ်။ အိပ်စက်ခြင်းက လူတစ်ယောက်ကို စိတ်ရောကိုယ်ပါ ပျော်ရွှင်ကျန်းမာဖို့ အခန်းကဏ္ဍတစ်ခုကနေ အဓိက ပံ့ပိုးပေးနေတဲ့ လုပ်ငန်းစဥ်တစ်ရပ်ဆိုရင်လည်း မမှားပါဘူး 💯

အိပ်ရေးပျက်ရင် စိတ်ရောကိုယ်ပါ မလန်းဆန်းဘဲ လုပ်ငန်းတာဝန်တွေ လုပ်ဆောင်တဲ့အခါ စွမ်းဆောင်ရည် ကျဆင်းနိုင်ပါတယ်။ ကြာလာရင် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။အိပ်ရေးပျက်တာများလာတဲ့အခါ ပင်ပန်းနွမ်းနယ်လာမယ်၊ စိတ်တိုလွယ်လာမယ်၊ မှတ်ဉာဏ်တွေမကောင်းတော့တာ စတဲ့ အချက်တွေအပြင် -

💢 အိပ်စက်ခြင်းက ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေတာမို့ အိပ်ရေးပျက်တာများလာရင် အစားစားချင်စိတ်ပိုဖြစ်လာပြီးတော့ ခန္ဓာကိုယ်အလေးချိန် သိသိသာသာတိုးလာနိုင်ပါတယ်။

💢 နှစ်နှစ်ခြိုက်ခြိုက် မအိပ်စက်တဲ့အချိန် များလာတဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်ချေများနိုင်တယ်လို့ လေ့လာချက်တွေအရ ဖော်ပြထားပါတယ်။

💢 Depression (စိတ်ဓာတ်ကျခြင်း) ဟာလည်း အိပ်စက်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်ပတ်သက်နေတာမို့လို့ အိပ်ချိန်မမှန်လေ၊ အိပ်ချိန်နည်းလေလေ စိတ်ဓာတ်ကျနိုင်ခြေ များလေလေပါပဲ။

💢 အိပ်စက်ခြင်းက သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှုရှိလို့ အိပ်ရေးဝဝ မအိပ်ရင် အမျိုးအစား -၂ ဆီးချို ဖြစ်ပွားနိုင်ချေ မြင့်တက်လာတတ်ပါတယ်

အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အရမ်းများတာကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိပ်စက်ခြင်းကိုတော့ မဖြစ်မနေ အချိန်ပေးကြဖို့ Shwe Min Medicial & Laboratory မှ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ် 🙋‍♀️

References:

1.https://newsinhealth.nih.gov/2021/04/good-sleep-good-health

2.https://www.nhlbi.nih.gov/health/sleep/why-sleep-important

ယနေ့ (၉) ရက်နေ့ မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်မှာကျရောက်တဲ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အ...
09/07/2025

ယနေ့ (၉) ရက်နေ့ မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ်မှာကျရောက်တဲ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် အလေးအမြတ်ထားရတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး မိသားစုမိတ်ဆွေတွေအားလုံး ကိုယ်စိတ်နှလုံးကျန်းမာချမ်းသာကြပါစေကြောင်း Shwe Min Medical Laboratory & Clinic က ဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ် 🙏

🔔 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။ရွှေမင်း အဆင့်မြင့်...
03/07/2025

🔔 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

ရွှေမင်း အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်း) တွင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် လစဉ်လတိုင်း ပထမအပတ်၏ စနေနေ့တိုင်း အထွေထွေရောဂါကုဆရာဝန်ဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးပြသနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါအပ်ပါတယ်။

(လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်)

✔️ ဇူလှိုင်လအတွက် အခမဲ့ကုသပေးမည့်ရက်

(၅.၇.၂၀၂၅ )၊ မနက် (၈) နာရီဲမှ နေ့လယ် (၁၂) နာရီအထိ။

✔️ ကြိုတင်စာရင်းပေးသွင်းရန် -

အမှတ် (၄၅၄၊ ၄၅၅)၊ သံသုမာလမ်း(စံပြ ၅ လမ်းထိပ်)၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်

ဖုန်း - ၀၉ ၂၅၅၅၅ ၂၁၂၆၊ ၀၉ ၇၄၀၉၉၄၄၆၀

02/07/2025

နေမကောင်း ဖျားနာနေချိန် ရေနဲ့ ဓာတ်ဆားဆုံးရှုံးမှု ပိုများတတ်တာမို့ Hydrated ဖြစ်စေဖို့ ပုံမန်သောက်သုံးနေကြ ရိုးရိုးရေအပြင် တခြား ပြန်လည်ဖြည့်တင်းနိုင်မယ့် နည်းလမ်းတွေကို Shwe Min Medical Laboratory & Clinic မှ မျှဝေပေးလိုက်ရပါတယ် 💁🏻‍♀️

Address

No 12/A , Maezi Gone Street , (7) Quarter , Hlaing Tsp, သံလမ်း
Hlaing
11051

Telephone

+959795555398

Website

Alerts

Be the first to know and let us send you an email when Shwe Min Medical Laboratory & Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category