09/10/2023
"တိုးတိုးတိတ်တိတ် ဆွေးနွေးပါ လိင်မှတဆင့် ကူးစက်ရောဂါ"
အမျိုးသားတွေမှာအများဆုံးဖြစ်တဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ?
ကူးစက်ခံရတာရှက်စရာမဟုတ်ပေမယ့် ပျောက်အောင်ကုသသင့်တာကို မကုသဘဲထားတာမှရှက်စရာပါနော်..
ဂနို (ခေါ်) ဆီးပူညောင်းကျ ရောဂါ
- ဆီးပူ ဆီးကျင်မယ်
- ဆီးလမ်းကြောင်းမှ ပြည်တွေထွက်မယ်
- လိင်တံထိပ်အရေပြားတစ်ဝိုက်မှာ ယောင်နေမယ်
- အရမ်းဆိုးရင် ဝှေးစှေ့နာကျင်တဲ့ထိဖြစ်နိုင်ပါတယ်။
လိင်အင်္ဂါကြွက်နို့
- လိင်အင်္ဂါမှာ ပန်းဂေါ်ဖီလိုမျိုး အနာဖြစ်မယ်
- မနာမကျင်ဘဲ ယားမယ်
- တခါတလေ သွေးထွက်တတ်မယ်
ကာလသားရောဂါ
- လိင်အင်္ဂါမှာ အနာဖြစ်မယ်
- ဖျားမယ်၊ အကျိတ်တွေထွက်မယ်
- ညောင်းညာကိုက်ခဲမယ်
- မကုဘဲထားရင် ဦးနှောက်ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
အကာအကွယ်မပါဘဲအတူနေထားပြီး ၃ ပတ်အတွင်းမှာ ရောဂါလက္ခဏာစပြပါတယ်။
ဒီလိုလက္ခဏာတွေပြရင် မပေါ့ဆသင့်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ ကူးစက်ရောဂါ သုံးမျိုးလုံးက သေချာကုသရင်လုံးဝပျောက်ကင်းနိုင်ပါတယ်။
လမ်းညွှန်ပေးနိုင်တဲ့ ဆရာတွေရှိတာမို့ ဆက်သွယ်နိုင်ပါတယ်ဗျ
09978592372 viber
09756688186
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hiv&TB/ကာလသားရောဂါ အခမဲ့ ကုသစစ်ဆေးပေးရေး, Medical and health, Hlaing.