09/10/2023
"တိုးတိုးတိတ်တိတ် ဆွေးနွေးပါ လိင်မှတဆင့် ကူးစက်ရောဂါ"
အမျိုးသားတွေမှာအများဆုံးဖြစ်တဲ့ လိင်မှတဆင့်ကူးစက်တတ်တဲ့ရောဂါလက္ခဏာတွေက ဘာတွေလဲ?
ကူးစက်ခံရတာရှက်စရာမဟုတ်ပေမယ့် ပျောက်အောင်ကုသသင့်တာကို မကုသဘဲထားတာမှရှက်စရာပါနော်..
ဂနို (ခေါ်) ဆီးပူညောင်းကျ ရောဂါ
- ဆီးပူ ဆီးကျင်မယ်
- ဆီးလမ်းကြောင်းမှ ပြည်တွေထွက်မယ်
- လိင်တံထိပ်အရေပြားတစ်ဝိုက်မှာ ယောင်နေမယ်
- အရမ်းဆိုးရင် ဝှေးစှေ့နာကျင်တဲ့ထိဖြစ်နိုင်ပါတယ်။
လိင်အင်္ဂါကြွက်နို့
- လိင်အင်္ဂါမှာ ပန်းဂေါ်ဖီလိုမျိုး အနာဖြစ်မယ်
- မနာမကျင်ဘဲ ယားမယ်
- တခါတလေ သွေးထွက်တတ်မယ်
ကာလသားရောဂါ
- လိင်အင်္ဂါမှာ အနာဖြစ်မယ်
- ဖျားမယ်၊ အကျိတ်တွေထွက်မယ်
- ညောင်းညာကိုက်ခဲမယ်
- မကုဘဲထားရင် ဦးနှောက်ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။
အကာအကွယ်မပါဘဲအတူနေထားပြီး ၃ ပတ်အတွင်းမှာ ရောဂါလက္ခဏာစပြပါတယ်။
ဒီလိုလက္ခဏာတွေပြရင် မပေါ့ဆသင့်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ ကူးစက်ရောဂါ သုံးမျိုးလုံးက သေချာကုသရင်လုံးဝပျောက်ကင်းနိုင်ပါတယ်။
လမ်းညွှန်ပေးနိုင်တဲ့ ဆရာတွေရှိတာမို့ ဆက်သွယ်နိုင်ပါတယ်ဗျ
09978592372 viber
09756688186