လှိုင်မဟာစည် တရားရိပ်သာ

  • Home
  • Myanmar
  • Hlaing
  • လှိုင်မဟာစည် တရားရိပ်သာ

လှိုင်မဟာစည် တရားရိပ်သာ လှိုင်မဟာစည် ဆရာတော်ဘုရားများ၏ Live တရ

12/09/2025

လှိုင်မဟာစည် ဥပါသိကာ/ ဥပါသိကာမများ၏ ဒါန သီလ ဘာဝနာများဖြင့် သစ္စာဆိုမှု နည်းစံနစ်တကျဂရုတစိုက် ပြုစုစောင့် ရှောက် မှုများဖြင့်အပြည်ပြည်ဆိုင်ရာ မဟာစည်ရိပ်သာများဥသျှောင် ဩဝါဒါစရိယ၊လှိုင် မဟာစည် အဓိပတိ နာယကဆရာတော်ဘုရားကြီးကျန်းမာရေး တိုးတက်မှုအခြေအနေ🙏🙏🙏
အားလုံး မေတ္တာခံယူပါ၏
အားလုံးကျမ်းမာချမ်း သာသာသနာပြုနိုင် ကြပါစေ🙏🙏🙏

 #ဩပနေယျိကော #ဆင်းရဲသွယ်သွယ်ပျောက်ကွယ်စေတတ်စွမ်းရည်မြတ်ကြောင့် #ကိုယ်ထဲစိတ်မှာကောင်းစွာတည်အောင်ကျင့်ဆောင်သိမ်းထားထိုက်ပါ...
08/09/2025

#ဩပနေယျိကော

#ဆင်းရဲသွယ်သွယ်ပျောက်ကွယ်စေတတ်စွမ်းရည်မြတ်ကြောင့်
#ကိုယ်ထဲစိတ်မှာကောင်းစွာတည်အောင်ကျင့်ဆောင်သိမ်းထားထိုက်ပါ‌သော
#မဂ်ဖိုလ်နိဗ္ဗာန်တရားမှန်ကိုကြည်ညိုမြတ်နိုးရှိခိုးပါ၏ဘုရား

#မဟာသတိပဋ္ဌာန်_ဖောင်းပိန်
🙏 #ဖောင်း/ #ပိန်_ဘယ်ကျမ်းပါသလဲ?
👉 #ဒီဃနိကယ်_မဟာဝဂ္ဂပါဠိတော်_သုတ်မဟာဝါ ကျမ်းကြီးမှာပါသည်။
🙏 #ဘယ်လိုပါသလဲ?
👉 #ယထာ_ယထာ_ဝါ_ပနဿ_ကာယော_ပဏိဟိတောဟောတိ ၊
#တထာ_တထာနံ_ပဇာနာတိ၊ #ဖောဋ္ဌဗ္ဗေ_စ_ပဇာနာတိ ဟုပါသည်။
🙏 #မြန်မာပြန်
#ဤရုပ်ကိုယ်သည်_မည်သို့သော_အနေအထားဖြင့်တည်နေတည်နေ #ထိုတည်နေသောအတိုင်းရှုမှတ်ရမည်။

#ဝါယောဓါတ်၆ပါး၊
၁။ #ဆန်= #ဥဒ္ဓင်္ဂမဝါယော_အထက်သို့ဆန်တက်သောလေ၊
၂။ #စုန်= #အဓေါဂမဝါယော_အောက်သို့စုန်ဆင်းသောလေ၊
၃။ #ဝမ်း= #ကုစ္ဆိသယဝါယော_အူအပြင်ဝမ်းဗိုက်အတွင်းကလေ၊
၄။ #အူ= #ကောဋ္ဌာသယဝါယော_အူအတွင်းကလေ၊
၅။ #လှုပ်(ပြုမူ)= #အင်္ဂမင်္ဂနုသာရီဝါယော_ကိုယ်အင်္ဂါအစိတ်အပိုင်းသို့လျှောက်သောလေ၊
၆။ #သက်ရှူ= #အဿာသပဿာသဝါယော_နှာခေါင်းမှဝင်လေထွက်လေ၊
#ဆောင်ပုဒ်_ဆန်စုန်ဝမ်းအူလှုပ်ပြုမူသက်ရှူလေခြောက်ပါး
#ဝိပဿနာရှုဖို့ရာမြတ်စွာဟောမိန့်ကြား။
အမျှ အမျှအမျှ
သာဓု သာဓု သာဓု
(လှိုင်မဟာစည်ဝတ်ရွတ်စဉ်စာအုပ်မှ)🙏🙏🙏

"မနားမရပ် ခြားမပြတ် ရှုမှတ်မြဲရမည်"ဆိုတဲ့ "သာတစ္စကရိယာ"နှင့် အညီ ရှုမှတ်အားထုတ်ပုံအရှင်အာနန္ဒာဇာတ်လမ်းနှင့် မှတ်တမ်းတင် ...
26/08/2025

"မနားမရပ် ခြားမပြတ် ရှုမှတ်မြဲရမည်"ဆိုတဲ့
"သာတစ္စကရိယာ"နှင့် အညီ ရှုမှတ်အားထုတ်ပုံ
အရှင်အာနန္ဒာဇာတ်လမ်းနှင့် မှတ်တမ်းတင် ဟောခဲ့ဘူးပါတယ်။

အရှင်အာနန္ဒာရဟန္တာဖြစ်တဲ့အသွင်ကို ကြည့်
ထိုင်နေတုန်းလည်းမဟုတ်၊
တုန်းလုန်းလှဲအိပ်တဲ့အချိန်ခါ လည်းမဟုတ်၊

ထိုင်တယ်ဆိုတာ အောက်ပိုင်းကိုယ်ကခွေခွေ၊ အထက်ပိုင်း ကိုယ်က ထောင်မှတ်နေတဲ့အသွင် ဒါ ထိုင်တဲ့ ဣရိယာပုဒ်လို့ခေါ်တယ်။

ခုတင်ပေါ် တင်ပလ္လင်လွှဲထိုင်နေရာက
“လှဲတယ်” “လှဲတယ်” လို့ ခေါင်းအုံးဘက်ကို ခေါင်း နဲ့ ကိုယ်ကြီးယိုင်ပြီး နီးနီးသွားအောင်
ဖြည်းဖြည်း နှေးနှေးခြင်း
အားမရှိတဲ့လူမမာလို
အဆက်မပြတ် တရစပ် မှတ်ပြီးတော့ခါ
လှဲချတဲ့ အချိန်အခါ
ကိုယ်ဟာ အိပ်ရာခင်းဖျာပေါ် လှဲကျမသွားသေးဘူး ခေါင်းအုံးပေါ် လည်း ဦးခေါင်း မရောက် မထိသေး

ကိုယ်ဟာအိပ်ရာခင်းဖျာပြင်ပေါ်မှာ‘တုန်းလုန်းလှဲကျမသွားသေးဘူး။
ထောင်မှတ်လည်းမနေတော့ဘူး။

ထောင်မှတ်နေရင်ထိုင်နေတယ်လို့ဆိုရတယ်။

ခေါင်းအုံးပေါ်ဦးခေါင်းရောက်ပြီး တော့ခါ အိပ်ရာခင်းပေါ်မှာ ကိုယ် ဟာ လဲကျသွားရင်လည်း အိပ်တယ်လို့ခေါ်တယ်။

ထိုင်တဲ့အသွင်နှင့် လည်းမဟုတ်၊
အိပ်နေတဲ့အသွင်လည်းမဟုတ်ပဲ
ကြား ထိုင်နေတဲ့ ထောင်ထောင်ကိုယ် ၄၅ံ လောက်စောင်းယိုင်သွား တဲ့အချိန်
“လှဲတယ်”။ “လှဲတယ်” မှတ်ရင်း မှတ်ရင်းနှင့် အရှင် အာနန္ဒာ အရဟတ္တမဂ်ဉာဏ် ၊ အရဟတ္တဖိုလ်ဉာဏ် ၊ ဖြင့် စတုတ္ထအကြိမ် နိဗ္ဗာန်မျက်မှောက်သိ ရဟန္တာဖြစ်တယ်၊
ဒါကြောင့် သွားခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လျောင်းအိပ်ခြင်း ဆိုတဲ့အသွင်၊ ဣရိယာပထလေးမျိုး မှအလွတ် ရဟန္တာဖြစ်တဲ့ ပုဂ္ဂိုလ်ပြောပါဆိုရင်
အရှင်အာနန္ဒာကိုပြောရတယ်၊

လှိုင်မဟာစည် ဆရာတော်
🙏🙏🙏

သက်တမ်းကျော်တည် အသက်ရှည်နည်း - ယဿ ကဿစိ အာန္ဒ                                                 စတ္တာရော ဣဒ္ဓိပါဒါ         ...
26/08/2025

သက်တမ်းကျော်တည် အသက်ရှည်နည်း

- ယဿ ကဿစိ အာန္ဒ စတ္တာရော ဣဒ္ဓိပါဒါ ဘာဝိတာ ဗဟုလိကတာ ဃာနီကတာ ဝတ္ထုတာ အနုဋ္ဌိတာ ပရိစိတာသုသမာရဒ္ဓါ၊ သော အာကင်္ခမာနော ကပ္ပံ ဝါ
တိဋ္ဌေယျ ကပ္ပါဝါသေသံ ဝါ-တိ။
📙(ဒီ၊ ၂၊၈၆/မဟာပရိနိဗ္ဗာနသုတ်) ............................................
မြန်မာ။ ။
အာနန္ဒာ တစ်စုံတစ်ယောက်သောသူသည်
ပြီးစီးအောင်မြင်ခြင်း၏အခြေခံ ဆန္ဒ စိတ္တ ဝီရိယ ဝီမံသ ´ဟူသော ဣဒ္ဓိပါဒ်တရား လေးပါးတို့ကို ပွားများလေ့ကျင့်ထား၏၊ ယာဉ်ကဲ့သို့ တည်ရာကဲ့သို့ ပြုထားဆောက်တည်ထား၏။
ထိုသူသည် အလိုရှိခဲ့သော် အာယုကပ်ပတ်လုံး [အသက်တမ်းကုန်အောင် ]ဖြစ်စေ၊ အာယုကပ် [အသက်တမ်း] ထက်လွန်၍ဖြစ်စေ
အသက်မသေတည်နေနိုင်ပေ၏ ဟု ဗုဒ္ဓမိန့်တော်မူ၏။

- မဟာသတိပဋ္ဌာန် ဝိပဿနာ အားထုတ်သူ၌သာ ဣဒ္ဓိပါဒ်လေးပါး တိုးပွား ပြည့်စုံ၏။ဟု လှိုင်မဟာစည် ဆရာတော် ဘုရားကြီး ရေးသား ပူဇော်ထားသော
စတုရာရက္ခ သက်စောင့်တရားလေးပါး ကျမ်းစာအုပ်မှ ထုတ်နုတ် ပူဇော် မျှဝေပေးရင်း ကြိုးစား အားထုတ်ကြပါမည်၊

သက်စောင့်တရားလေးပါးပွား

စတုရာရက္ခာတိ
ဗုဒ္ဓါနုဿတိ ၊
မေတ္တောစ၊
အသုဘံ၊
မရဏဿတိ။

၁။ ဗုဒ္ဓါနုဿတိ-သက်စောင့်တရား

အောင်အရဟံ ဂုဏ်တော်ဖွင့်
(၁) အရဟံ-
နတ်လူဗြဟ္မာ ကောင်းစွာဦးတိုက် ပူဇော်
ထိုက်သော ဘုရားသခင်ကို ကြည်ညိုမြတ်နိုး ရှိခိုး
ပါ၏ဘုရား။🙏
(၂) အရ-ဟံ-
ကိလေသာရန်တော်လှန်ချေမှုန်းတော် မူ
နိုင်စွမ်းသော ဘုရားသခင်ကို ကြည်ညိုမြတ်နိုးရှိခိုး
ပါ၏ ဘုရား။🙏
(၃) အ-ရဟံ-
သူတပါး မသိအောင် မကောင်းမှုပြုလုပ်
ဖို့ လုံခြုံဆိတ်ကွယ်ရာ ရှိတော်မမူသော ဘုရားသခင်
ကို ကြည်ညိုမြတ်နိုး ရှိခိုးပါ၏ ဘုရား။🙏
(၄) ဣတိပိ သော ဘဂဝါ အရဟံ၊
အရဟံ ဝတ သော ဘဂဝါ ၊
အရဟန်တံ သရဏံ ဂစ်ဆာမိ၊
အရဟန်တံ သိရသာ နမာမိ၊
အရဟံ မေ သုခံ ဒေတု၊
အရဟံ မေ သီသေ တိဋ္ဌတု-ပါဘုရား။

မြန်မာ-
သော ဘဂဝါ-ဘုန်းတော်ပိုင်ရှင် ထိုဘုရားသခင်သည်
ဣတိပိ-နတ်လူဦးတိုက် ပူဇော်ထိုက်သော
ဤအကြော င်းကြောင့်လည်း၊
အရဟံ-အရဟံ ခေါ် အမည်မော်ကို ရှိတော်မူ ပါပေ၏။
သော ဘဂဝါ- ဘုန်းတော်ပိုင်ရှင် ထိုဘုရားသခင်သည်၊
ဝတ ဧကန္တေန- စင်စစ်ဧကန် -၊
အရဟံ- နတ် လူ ဦးတိုက် ပူဇော်ထိုက်ပါပေ၏။🙏

- အရဟန္တံ- နတ် လူ ဦးတိုက် ပူဇော်ထိုက်သော
ဘုရားသခင်ကို ၊
သရဏံ - ကိုးကွယ်ရာဟု ၊
ဂစ္ဆာမိ- သိမှတ် စိတ်စွဲ မှီဝဲစည်းကပ်ပါ၏ဘုရား။🙏

- အရဟန္တံ- နတ် လူ ဦးတိုက် ပူဇော်ထိုက်သော
ဘုရားသခင်ကို၊
သိရသာ- ဦးခေါင်းဖြင့် ၊နမာမိ- ရှိခိုးပါ၏ ဘုရား။🙏

-အရဟံ- နတ် လူဦးတိုက် ပူဇော်ထိုက်သော
ဘုရားသခင်သည် ၊
မေ -အကျွန်ုပ်အား၊
သုခံ - ချမ်းသာကို၊
ဒေတု- ပေးတော်မူပါဘုရား။
-အရဟံ- နတ်လူဦးတိုက် ပူဇော်ထိုက်သော
ဘုရားသခင်သည် ၊
မေ -အကျွန်ုပ်၏ ၊
သီသေ-ဦးခေါင်းထက်၌ ၊
တိဋ္ဌတု -သီတင်းသုံး တည်နေတော်မူပါဘုရား။🙏

အညွှန်း - `အောင်အရဟံ´´ကို အထူးရွတ်ပွားလျှင် စီးပွားရေး၊ပညာရေး၊ ရာထူးတိုးမြင့်တည်တံ့ရေး၊ အထွေထွေအရေးများ အောင်မြင်၍ (မီး၊ ရေ၊ လေ၊ လက်နက်၊ အဆိပ်၊ ရောဂါဘေး၊ အဏုမြူဘေး) စသော အန္တရာယ်ကင်းစင် နိဗ္ဗာန်တိုင် ဝင်နိုင်သည်။

၂။မေတ္တာသက်စောင့်တရား

မေတ္တာ သမထ ဘာဝနာ
မေတ္တာဗြူဟာ
လိင်မတူရာ သေသူမှာ မေတ္တာမပွားရ၊
မုန်း,လွန်ချစ်သူ၊လယ်လတ်ယူ၊ ရန်သူ မေတ္တာ မစရ၊
မိမိကိုရှေး ၊လေးစား ၊လွန်ချစ် ၊လယ်လတ်ဖြစ်သူ၊
ကိုယ်ရန်သူ၊ ပွားယူစဉ်တိုင်းပ။

မေတ္တာအကျိုး(၁၂)မျိုးအမွှန်း...
ငြိမ်သက်ချမ်းသာ၊ အိပ်ပျော် - နိုးလို့၊
အိပ်မက်ဆိုးလဲ မမက်ပေ၊
အများ နတ် ၊ လူ ချစ်ကြည်နူးလို့၊
နတ်များ အထူးစောင့်ရှောက်ပေ။
စိတ်တည်ငြိမ်ကာ၊ မျက်နှာလှလို့၊
တွေဝေ ကင်းပသေရပေ။
နိဗ္ဗာန်ရွေပြည် မစံရတောင် ၊ ဗြဟ္မာဘဝရောက်နိုင်ပေ။
လက်နက်မီးဘေး အဆိပ်ဘေး၊ ကင်းဝေးအမှန်ပေ။
အဲတာကြောင့် မေတ္တာစွမ်းအား ဆယ့်နှစ်ပါး ပွားများရယူလေ။
( အံ၊ ၃ ၊၅၄၂ / မေတ္တသုတ် )

မေတ္တာပွားရန်

မိမိကိုယ်ကို အလျင် မေတ္တာပွား
၁။အဟံ အဝေရော ဟောမိ။
ငါသည် တွင်း၊ ပြင် နှစ်တန် ဘေးရန်ကင်းရပါစေ။
၂။အဟံ အဗျာပဇ္ဇော ဟောမိ။
ငါသည် စိုးရိမ်ဝမ်နည်း စိတ်ဆင်းရဲ ကင်းရပါစေ။
၃။အဟံ အနီဃော ဟောမိ။
ငါသည် နာကျင်လွန်ကဲ ကိုယ်ဆင်းရဲ ကင်းရပါစေ။
၄။အဟံ သုခီ အတ်တာနံ ပရိဟရာမိ။
ငါသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့် မိမိခန္ဓာဝန်
ကို ရွက်ဆောင်နိုင်ရပါစေ။

မိမိ မှတစ်ပါး အများကို မေတ္တာပွား
၁။သဗ္ဗေ သတ္တာ အဝေရော ဟောန္တု။
အားလုံးသတ္တဝါတွေ တွင်း၊ ပြင် နှစ်တန်
ဘေးရန် ကင်းကြပါစေ။
၂။ သဗ္ဗေ သတ္တာ အဗျာပဇ္ဇော ဟောန္တု။
အားလုံးသတ္တဝါတွေ စိုးရိမ်ဝမ်နည်း စိတ်ဆင်းရဲ
ကင်းကြပါစေ။
၃။ သဗ္ဗေ သတ္တာ အနီဃော ဟောန္တု။
အားလုံးသတ္တဝါတွေ နာကျင်လွန်ကဲ ကိုယ်ဆင်းရဲ
ကင်းကြပါစေ။
၄။ သဗ်ဗေ သတ်တာ သုခီ အတ်တာနံ ပရိဟရန်တု။
အားလုံးသတ္တဝါတွေ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာနှင့်
မိမိခန္တာဝန် ကို ရွက်ဆောင်နိုင်ကြပါစေ။

အမှာစကား
ဤ၌ မေတ္တာပွားနည်းရရုံမျှသာ၊ ဩကာသ ကန်တော့ခန်းကြီးတွင် အကျယ်ပွားပုံ ရှုပါ ။ အချိန်ရလျှင် မေတ္တာပွားနည်း ရှိတိုင်းပွားရန်ဖြစ်၏။

၃။ အသုဘသက်စောင့်တရား
ရွံဘွယ်(၃၂)ခု ရှုပွား
၁။ ဆံပင် ၊အမွှေး ၊လက်သည်း-ခြေသည်း ၊သွား ၊
အရေပြား....၅-ခု
၂။ အသား ၊အကြော ၊အရိုး ၊ခြင်ဆီ ၊ အညှို့...၅-ခု
၃။ နှလုံး ၊ အသည်း ၊ အမှေး၊ အဖျဉ်း ၊အဆုတ်...၅ခု
၄။ အူမ ၊ အူသိမ် ၊ အစာသစ် ၊အစာဟောင်း ၊
ဦးနှောက်...၅-ခု
၅။သည်းခြေ ၊ သလိပ်၊ပြည် ၊ သွေး ၊ ချွေး ၊အဆီခဲ...၅-ခု
၆။ မျက်ရည်၊ဆီကြည် ၊ တံတွေး ၊နှပ် ၊ အစေး ၊
ကျင်ငယ်...၆ခု
ရွံဘွယ်များသာ ငါ့ကိုယ်မှာ ရှိကြပါတကား။

(၃၂)ကောဋ္ဌာသ စက်ဆုပ်ဘွယ် အသုဘ
သက်စောင့်တရားရှုပွားပုံ
အထက်ပါ``ဆံပင် - လ - ကျင်ငယ်´´ဟူသော(၃၂)မျိုးကို ရင်းပြန်-အဖျားပြန်အရ ကျက်မှတ်ပါ။ယင်းတို့၏ ပုံသဏ္ဌာန်(ပုံ)ကို မျက်စိဖွင့်ကြည့်စဉ် မြင်ရသည်သို့ စိတ်၌ မြင်အောင် ရွတ်ပွားပါ။
ဥပမာ...ဆံပင်ဟု စိတ်ညွတ်၍ မျက်စိဖြင့် မြင်သလို ဆံပင်ကို မြင်ရမည်။ဤသို့ စသည် သိပါလေ။
ယင်း(၃၂)မျိူးတွင် တစ်မျိုးမျိုးကို အထူးအာရုံထင်ပေါ်လာလျှင် ထိုထင်ပေါ်ရာကိုသာလျှင် ဆက်၍ စူးစူးစိုက်စိုက် ရှုပွားပါ။ဤသို့ကျင့်သော ယောဂီအား အမြင့်ဆုံး ရူပကုသိုလ် ပဌမဈာန်မျှကိုသာ ရသည်။ ယင်းကုသိုလ်က ဗြဟ္မာဘုံ (ဗကဗြဟ္မာကြီးတို့ နေရာဘုံ)ကိုသာ ပို့နိုင်မည်။ နိဗ္ဗာန် မပို့နိုင်သေးပါ။
ဆံပင် စသော ထို ရွံလွယ်အာရုံကို မြင်နေသော အမြင်စိတ်ကို `မြင်တယ် မြင်တယ်´ဟု စိတ်ကဆို၍ ရှုမှတ်လျက် ဝိပဿနာလိုင်း ပြောင်း၍ ကျင့်ပါမူ နာမရူပ ပရိစ္ဆေဒဉာဏ်စသော အစဉ်ဖြင့် သောတာပတ္တိမဂ် စိတ်လောကုတ္တရာ ကုသိုလ်ကိုရ၍ မဟာသောတာပန် ဖြစ်မည်။ အပါယ် တံခါးပိတ်ပြီတည်း။

၄။ မရဏဿတိ သက်စောင့်တရား
သေခြင်းတရား ရှုပွား
အဇ္ဇေဝ ကိစ္စမာတပံ ၊ ကော ဇညာ မရဏံ သုဝေ။
န ဟိ နော သင်္ဂရံ တေန ၊ မဟာ သေနေန ပစ္စုနာ။

သုဝေ-ခနက်ဖြန်ခါ ၊
ဇီဝိတံ ဝါ -အသက်မသေ ရှင်နေရအုံးမည်ကို လည်းကောင်း ၊ မရဏံ ဝါ -ဇီဝိန်ပျက်ကြွေ သေရမည်ကို လည်းကောင်း ၊ ကော ဇညာ -ဘယ်သူသိနိုင်ပါအံ့နည်း။
ဟိ -မသိနိုင်ခြင်း အကြောင်းကား၊
မဟာသေနေန -မီးဘေး ၊ ရေဘေး၊ လက်နက်ဘေး ၊ အဆိပ်
ဘေး ၊ ရောဂါဘေး၊ စသည် စစ်သည်ပေါင်း
များစွာရှိသော ၊
တေန မစ္စုနာ -သေခြင်းတရားဟူသော ထိုသေမင်းနှင့် ၊
နော -ငါတို့အား၊
သင်္ဂရံ -ရက်ချိန်းပေးထားခြင်း၊ နိုင်လောက်သော စစ်တပ်
အင်အားဖြင့် ပိတ်ဆို့ ဟန့်တား
ကာကွယ်ထားနိုင်ခြင်းသည်၊
န အတ္ထိ - မရှိပါချေ။
တသ္မာ -ထို့ကြောင့်၊
သုဝေ-နက်ဖြန် သေမည် ရှင်နေရဦးမည်ကို ၊
ကော ဇညာ-ဘယ်သူ သိနိုင်ပါအံ့နည်း။
ဣတိ -ဤသို့ စဉ်းစားလျက် ၊
အာတပံ -သေမင်းရန်ကို တွန်းလှန် ဖြိုခွင်းအပြတ်ရှင်းနိုင်
သော မဇ္စျိမပဋိပဒါ မဟာသတိပဋ္ဌာန် မိဂဒါဝုန်
ဝိပဿနာ အလုပ် အားထုတ်မှုကို ၊
အဇ္ဇေဝ-ဟိုလ ဟိုရက် ပြောင်းဖျက် မရွှေ့ ယခုနေ့ပင် ၊
ကိစ္စံ -မဆိုင်းမဖင့် ပြုလုပ်သင့်ပေ တော့သတည်း။🙏

ကြိုးစားပွားများ အားထုတ်နိုင်သော
လူဘဝ လူ့ခန္ဓာကိုယ်၊ သိနေသော စိတ် ရှင်သန်နေဆဲ မိမိတို့ နေမြဲ အိမ်ဂေဟာ ၊ ကျောင်း၊ အဆောင်၊ အလုပ်ရုံ ၊အစရှိသည်၌ အခါမလပ်

တရားအားထုတ် စိတ်အလုပ် အဟုတ်စွဲမှတ်ကာ
တရားစခန်းဝင်ဆဲပမာ အမှတ်ထား
အနှေးအမြန်သာ ကွာခြား
ဒွါရခြောက်ပါး အကြောင်းအားလျှော်စွာ
ထင်ပေါ်လာသမျှ သတိထား

မြတ်ဗုဒ္ဓအလိုကျ သတိပဋ္ဌာန် ဝိပဿနာ ပွားများအားထုတ်ကြပါကုန်စို့ ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့!
လှိုင်မဟာစည် ဆရာတော်

ပေါဋိရိယ ပုတ္တ အရှင်သောဏ လွှင့်ထူတော်မူတဲ့အာတာပ ဝီရိယ ပါရမီကုသိုလ်တော်ကြီး📙သာကီဝင် ဘဒ္ဒိယမင်းကြီးရဲ့ သေနာပတိဗိုလ်ချုပ်ကြ...
23/08/2025

ပေါဋိရိယ ပုတ္တ အရှင်သောဏ လွှင့်ထူတော်မူတဲ့
အာတာပ ဝီရိယ ပါရမီကုသိုလ်တော်ကြီး

📙သာကီဝင် ဘဒ္ဒိယမင်းကြီးရဲ့ သေနာပတိဗိုလ်ချုပ်ကြီး ပေါဋိရိယပုတ္တသောဏ သင်္ကန်းဝတ်လိုက်တယ်။

” ရိပ်သာသွား အိပ်ကာစား ” ဆိုတဲ့အတိုင်း
အရှင်ပေါဋိ ရိယပုတ္တသောဏဟာ ”
နိဒ္ဒါ ရမ္မတာ = အအိပ်မက်သူ ” ဖြစ်နေတယ်။
အနုပီယ သရက်တောဥယျာဉ်မှာ စံနေတော်မူတဲ့ ဗုဒ္ဓမြတ်စွာက - 🙏

📑📙ညဥ့်ရုံတော်
”နတွေဝ သုပိတုံ ဟောတိ၊ ရတ္တိ နက္ခတ္တမာလိနီ။
ပဋိဇဂ္ဂတု မေဝေသာ၊ ရတ္တိ ဟောတိ ဝိဇာနတံ ” လို့

📙ခုဒ္ဒနိကာယ် ထေရဂါတာ ပါဠိတော်ပုဒ်ရေ ၁၉၃ ဖြင့် ရောင်ခြည်တော်ပို့လွှတ်ပြီး
အိပ် စား
လုပ်နေတဲ့ အရှင်သောဏ ကို ဆုံးမတော်မူတယ်။

” ဘောန္တော - မိဂဒါဝုန်ဝိပဿနာ သင်တန်းသားသင်တန်းသူ ယောဂီအပေါင်း သူတော်ကောင်းတို့…

နက္ခတ္တမာလိနီ - နက္ခတ်ပန်းတို့ဖြင့် သပ်ရပ်ဆန်း ကြယ်လှပေသော၊
နက္ခတ္တမာလိနီ - ကတ္တီပါညိုလွင် စိန်ပြောက်တွေဆင်သလို ကြည်လင်လတ်ဆတ် ကြယ်ရောင်စုံဟပ်လို့မို့ သပ်ရပ်ဆန်းကြယ်လှပေသော၊
ရတ္တိ - ညအခါ ကာလကြီးသည်၊
ရတ္တိ - ငှက် တိရိစ္ဆာန် လူသံဆိတ်ငြိမ် အချိန်အေးမြ ညအခါကာလကြီးသည်၊
သုပိတုံ - အိပ်ရန်ဖို့ အလို့ငှာ၊
သုပိတုံ - ကာမဂုဏ် အရိပ်တောစမှာ အဖြာဖြာ အစုံစုံ စိတ်သောကတွေနှင့် အိပ်မောကျ၍နေခြင်းငှာ၊
နတွေဝ ဟောတိ - ဖြစ်ပေါ်၍လာခဲ့သည် မဟုတ်ပါချေတကား။
န တွေဝ ဟောတိ - ကမ္ဘာကို ဗြဟ္မာစ,စဉ်က
ဟေ-ဒါဟာ ပဋ္ဌမအကောင်းပဲဟဲ့ရယ်လို့
လျောင်းလှဲကာ ဇာခေါင်းအုံးတွေနှင့် မွေ့လျော်ရန် အများကို ငဲ့ပြီးတော့ထားခဲ့တာလဲ
မဟုတ်ပါချေတကား။

ဧသာရတ္တိ - ဤညအခါကာလကြီးသည်၊
ဧသာရတ္တိ - ရောင်းရေးဝယ်တာ အဖြာဖြာနှင့် လူ့ရွာကိစ္စအားလပ်ကြတဲ့ ဤညအခါကာလကြီးသည်၊

ဝိဇာနတံ - ဝိဇာ နန္တာနံ - လောကကိုထောက်တွေးတော့ ကြောက်သွေးစိမ့်စိမ့် ကျောတသိမ့်သိမ့်နှင့် အေးငြိမ်းစေရန် နိဗ္ဗာန်မြှော်ညောင်း ပညာရှိအပေါင်းသူေတော်ကောင်းတို့၏။
ပဋိဇဂ္ဂတု မေဝ - စက်ခန်းသဉ္ဇာညောင်မှာ အထက်တန်းလျင်စွာအောင်ရအောင်
မဂ်လမ်း တဒင်္ဂါဆာင်လို့မို့
( မဂ်လမ်း အစဉ်မကွာဆောင်လို့မို့ )
ပြောင်ပြောင်ကြီး ကြိုးစားအားထုတ် ကြရန်ဖို့
အလို့ငှာသာလျှင်၊
ပဋိဇဂ္ဂတုမေဝ - သစ္စာလေးပါးပိုင်ရှင်ဖြစ်၍ ဘဝပြည့်စုံကာ
အမတာဘုံစံစားပျိုးရန်ဖို့
ကာမဂုဏ် ဉာဏ်သမား
သူခိုးဓားပြတွေကြောင့်
မိဂဒါဝုန် ဝိပဿနာအမှတ်သတိဆိုတဲ့
ဓမ္မာရုံ ဒရဝမ် ကင်းသမားကို နှိုးနှိုးပြီးတော့ နိုးနိုးကြားကြားနှင့်
ကြိုးကြိုးစားစားကြီး
အားထုတ်ကြရန်ဖို့ အလို့ငှာသာလျှင်၊
ဟောတိ - စင်စစ် မသွေဖြစ်ပေါ်၍ လာခဲ့ပါပေ၏။

ဟောတိ - ညဉ့်ရုံတော်ဓမ္မာပြစေဖို့ အတင်းခုန်ကျော်ကာ
☀️နိဗ္ဗာန်ဆိုတဲ့ အမတာ နဂရကိုဖြင့်
မဇ္ဈိမပဋိပဒါ မဟာသတိဋ္ဌာန်မိဂဒါဝုန် ဝိပဿနာ နည်းဗျူဟာ အမြတ်တရားတွေနှင့်
တစ်ခါပျော်ရအောင်
ယောဂီအပေါင်း သူတော်ကောင်းတို့ကို
အကျိုးမျှော်နှိုးဆော်လိုက်ရပါလေတော့သတည်း။🌟

မှတ်ချက်။ ။ သောဏ ပေါဋိရိယ ပုတ္တတ္ထေရဂါထာ
( မုံရွာ - ဖိုလ်ဝင်တောင်၊ ဦးအောင်သာထံမှရသည်။)

ဒီဩဝါဒတော်ကို ကြားနာရပြီး
သံဝေဂဉာဏ်ထက်သန်စွာဖြင့်
အာတာပဝီရိယပါရမီ အောင်လံတော်လွှင့်ထူကာ ကြိုးစားအားထုတ်တော်မူတဲ့
ဗိုလ်ချုပ်ကြီး ဟောင်း ပေါဋိရိယပုတ္တအရှင်သောဏ လေးသစ္စာပိုင်ရှင် ဘဝပြည့်စုံသူ ရဟန္တာကြီးဖြစ်တော်မူသွားတယ်။
ဆင်းရဲအပေါင်းမှ လုံးဝလွတ်မြောက်တော်မူသွားပြီ။ 🌿🌕

ရဟန္တာဖြစ် မယ့် ပါရမီကုသိုလ်ရှင်ကြီး
အအိပ်မက်အိပ်စက်ပြီး အချိန်ဖြုန်းနေလို့
သစ္စာလေးပါးမပိုင် ဘဝမပြည့်စုံနိုင်ဖြစ်နေတယ်။

ဒါကိုသံဝေဂယူပြီး
” ငါတို့ အိပ်စက်ချိန် လေးနာရီထက် မပိုရဘူး ” လို့ အဓိဋ္ဌာန်ထား ကြိုးစားကြ။ 🙏
✍️✍️✍️
ဗိုလ်ချုပ်ကြီးဟောင်း အရှင်ပေါဋိရိယပုတ္တသောဏ မထေရ်မြတ် လွှင့်တော်မူတဲ့
အာတာပဝီရိယပါရမီ ကုသိုလ်တော် အောင်လံ တော်ကြီး ဆိုတာက ဒီလို -
✍️ကိလေသာထောင်ကျော်ရန်ကို စစ်ကျေညာစာတမ်းကြီး✍️
“ကာမံ တစောစ နှာရုစ အဋ္ဌိစ အဝသိဿတု သရီရေ ဥပသုဿတု မံသလောဟိတံ၊ ယံ တံ ပုရိသထာမေန ပုရိသဝီရိယေန ပုရိသပရက္ကမေန ပတ္တဗ္ဗံ၊ န တံ အပါပုဏိတွာ၊ ဝီရိယဿ သဏ္ဌာနံ ဘဝိဿတိ။”

မေ - ကိလေသာသေမင်းကို စစ်ခင်းကာအနိုင်ကြဲမည်ဟု
လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်ထဲ ရောက်၍လာသောငါ၏၊
ဝါ - ကိလေသာထောင်ကျော်ရန်ကို တော်လှန်ကာ စစ်ဆင်နွှဲမည်ဟု လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်ထဲရောက်၍လာသော ငါ၏၊
ဝါ - သေမင်းနှင့်ရင်ဆိုင် ယှဉ်ပြိုင်ကာ အနိုင်ခဲမည်ဟု လှိုင်မဟာစည် ဝိပဿနာကျောင်းတိုက်ထဲရောက်၍လာသော ငါ၏။

သရီရေ - ခြေဆုံး ခေါင်းဆုံးတကိုယ်လုံး၌ရှိသော၊ တစောစ - ယဉ်တကိုယ်လုံး အုပ်ဖုံးတည်နေ အပေါ်ခွံ အရေပြား သည်လည်းကောင်း၊

နှာရုစ - တစ်ကိုယ်လုံး ဝယ်ဖွဲ့တွယ်ယှက်မှေး ကြီးလတ်သေးငယ် အသွယ်သွယ်သော အကြောသည်လည်းကောင်း၊

အဋ္ဌိစ - ဦးခေါင်း၊ နဖူး၊ ဒူး တတောင်၊ ရင်၊ တင်၊ ပခုံး၊ လက်ခြေ အထွေထွေအမျိုးမျိုး များစွာသော အရိုးသည်လည်းကောင်း၊

အဝသိဿတု - မယွင်းအမှန်ကြွင်းလို့သာကျန်ပါစေတော့၊
မံသ လောဟိတံ - ရဲရဲနီတွေး သွေးနှင့်တတန် အသားတွေမှန်သမျှသည်၊
နိေဿသံ - အကြွင်းအကျန်မရှိ အကုန်လုံး၊
နိေဿသံ - အသားတစ်မျှင် နီလွင်ထွေးယှက် သွေးတစ် စက်မျှ မကျန်ရအောင်၊
ကာမံ - စကားအကျယ်ချဲ့ဖွယ်မလို တကယ့်ကို၊
ဥပသုဿတု - ပိန်ချုံးညှိုးနွမ်း ခြောက်ခမ်း၍သွားချင်သွားပါစေ။
ယံ - အကြင်နိဗ္ဗာန်မဂ်ဖိုလ် မဂ္ဂသစ္စာ၊ နိရောဓသစ္စာ တရားတော်မြတ်ကို။
ပုရိသထာမေန - တုံးတုံးတိုက်တိုက်၊ ကျားကိုက်ကိုက်၊ ကမ်းဆိုက်ဆိုက်၊ သောင်တင် တင်
အောင်မြင်ရန်ဦးတည် အာဇာနည်ထိပ်တန်း ယောဂီတို့အားအစွမ်းဖြင့်၊
ပုရိသဝီရိယေန - ရန်သူကိုအနိုင်လှဲ၍ အောင်ပွဲကို လက်ကိုင်တည် အာဇာနည်ထိပ်ထိပ်ကြဲ ယောဂီတို့ လုံ့လဇွဲဖြင့်၊
ပုရိသပရက္ကမေန - သေမင်းကိုခုခံ၍ အံတုရန် မကြောက်မရွံ့ နောက်မတွန့် ရဲဝံ့တည် အာဇာနည် ထိပ်တန်း ယောဂီတို့စွန့်စားခန်းဖြင့်၊
ပတ္တဗ္ဗံ - ရောက်နိုင် ရနိုင်၏။
ပတ္တဗ္ဗံ - ရုပ်နှင့် နာမ် ထိုနှစ်ဖြာ သူပေါ်ရာ စိတ်စိုက်၍ ရှုမှတ်ခိုက် ဉာဏ်မြင်ပိုင်သဖြင့် အမှန်ပင် ရနိုင်ရောက်နိုင်လေတော့၏။

တံ - အပူနှင့် ဝေး၍
အဆွေးနှင့်ကင်းကွာ
အလွမ်းနာ အကုန်ငြိမ်းလျှက်
ဆင်းရဲတွေတစ်ဇာတ်သိမ်းစေဖို့
အမြတ်ကိန်း ထုတ်ဖန်ဆင်တတ်သဖြင့်
အဟုတ် အမှန် ပင်လိုလားအပ်ပါသော
ထို နိဗ္ဗာန် မဂ် ဖိုလ်
မဂ္ဂသစ္စာ၊ နိရောဓသစ္စာ တရားတော်မြတ်ကို၊
အပါပုဏိတွာ - ရှုမှတ်ချက် ပညာပါရမီ ဉာဏ်မစုံ
ရှိန်အဟုန် နုံနှေး၍ မရသေး မရောက်သေးသည်ရှိသော်၊
ဝီရိယဿ - အဆက်မပြတ်နားမရပ်ဘဲ ရှုမှတ်အားထုတ်မှု ဝီရိယ၏၊
သဏ္ဌာနံ - ရှုမှတ်မှုကင်းရပ်တန့်၍ နားနေခြင်းသည်၊
သဏ္ဌာနံ - စကားကိုတွင်တွင်ပြော အိပ်မောကျ တခွီခွီ အမူသဘောမညီ ယောဂီစာရင်းဖျက်ရအောင်

အပျင်းဖက်ကာ တစ်မှတ်နှစ်မှတ်လောက်ကိုမှ
မပွားစေဘဲ ရပ်တန့်၍ နားနေခြင်းသည်၊

န ဘဝိဿတိ - မဖြစ်ရလတံ့သတည်း။
န ဘဝိဿတိ - နန်းနိဗ္ဗာန် မဂ်ဖိုလ်ကို သေမင်းရန်ဖျက်ဖြို ရက်တိုတိုအမြန်လှမ်းမည်ဟု ရည်စိတ်ကြံ အဓိဋ္ဌာန် မှန်းသောကြောင့်
တန်းပဋ္ဌမယောဂီငါသည်
ဇောအကြည်သဒ္ဓါ အရှိအမှန်ထား၍မို့
ဟောဒီ - မဇ္ဈိမပဋိပဒါ မဟာသတိပဋ္ဌာန် မိဂဒါဝုန် ဝိပဿနာအမှတ်တရားတို့ကို
ပုဗ္ဗဘာဂ မဂ္ဂသစ္စာ ပညာပါရမီတော် အသိဉာဏ်အထပ်ထပ် ပွားတဲ့အောင်၊
ဪ - မရပ်မနား ရိုးရိုးသားသား ကြိုးကြိုးစားစား ရှုမှတ်သွားပါတော့အံ့သတည်း။👌

👉အရေပြားသာ၊ ငါ့ကိုယ်မှာ၊ ကျန်ကာကြွင်းပါစေ။
👉အကြောတွေသာ၊ ငါ့ကိုယ်မှာ၊ ကျန်ကာကြွင်းပါစေ။
💀အရိုးတွေသာ၊ ငါ့ကိုယ်မှာ၊ ကျန်ကာကြွင်းပါစေ။
👉ငါ့သွေးအသား၊ လျော့နည်းပါး၊ ညှိုးသွားခန်းခြောက်ကုန်ပါစေ။
နိဗ္ဗာန်မရ သေးသမျှ၊ ပေါ့ဆရပ်နား ငါမနေ။

လျောင်းထိုင်သွားရပ်၊
နေ့ညဉ့်မှတ်၊
မလပ်အချိန်တွေ။

ရုပ်နာမ်နှစ်ရုပ်၊
ပေါ်ရာဓာတ်၊
ရှုမှတ်သွားကာလေ။

အားသစ်စိတ်သစ်၊
သေမင်းညစ်၊
ထိုးစစ်ဆင်မယ်လေ။

ထိပ်တန်းယောဂီ၊
ငါဇာနည်၊
စွမ်းရည်ပြကာပေ။

ဇွဲလုံ့လထား၊
တွန့်မသွား၊
စွန့်စားတော့မယ်လေ။

အို-အိုသေမင်း၊
မာရ်တစ်သင်း၊
ရှောင်ကွင်းပြေးပါလေ။

အဲဒါ ပေါဋိရိယ ပုတ္တ အရှင်သောဏ လွှင့်ထူတော်မူတဲ့
အာတာပ ဝီရိယ ပါရမီကုသိုလ်တော်ကြီးပေါ့။

ဗောဓိပင်အောက် ပလ္လင်ထက်
ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် လည်း
ဒီအာတာပဝီရိယ ပါရမီကုသိုလ်တော်ကြီး
လွှင့်ထူကာ
သေမင်းကိုစစ်ကြေငြာပြီး လွတ်မြောက်ရေးအတွက် ထိုးစစ်ဆင်နွှဲတိုက်ပွဲဝင် အောင်မြင်တော်မူခဲ့ကြောင်း
အင်္ဂုတ္တရ ဒုကနိပါတပါဠိ ဥပညာတသုတ်တော်ဖြင့် မှတ်တမ်းတင်ထားတယ်။

” မဟာ သတိပဋ္ဌာန် ဝိပဿနာအလုပ်အားထုတ်ပြီးမှ သင့်ဘဝပြည့်စုံမည် ” 🔔
Life attains perfection only by Mahā Satipatthānā Vipassanā.🔔

 #ဝိပသနာဥာဏ်၁။ဝိပသနာဥာဏ်ဆိုတာ ဘယ်ဟာရှု၍ဖြစ်သနည်း?၂။စွဲလမ်းနိုင်ရာငါးခန္ဓာမှန်စွာရှု၍ဖြစ်သတည်း။၃။ဘယ်အကျိုးငှာထိုခန္ဓာဘယ်ခ...
18/08/2025

#ဝိပသနာဥာဏ်
၁။ဝိပသနာဥာဏ်ဆိုတာ ဘယ်ဟာရှု၍ဖြစ်သနည်း?
၂။စွဲလမ်းနိုင်ရာငါးခန္ဓာမှန်စွာရှု၍
ဖြစ်သတည်း။
၃။ဘယ်အကျိုးငှာထိုခန္ဓာဘယ်ခါရှု
ရပါသနည်း။
၄။မစွဲဘို့ရာဖြစ်ဆဲမှာမှန်စွာရှု
ရပါသတည်း။
၅။ဖြစ်ခိုက်မရှုရုပ်နာမ်စုစွဲမှုဝင်ရောက်သည်။
၆။မြဲတယ်ကောင်းတယ်ငါကောင်း
တယ်ငါကောင်နှယ်တကယ်ထင်တတ်သည်။
၇။ဖြစ်တိုင်းမှတ်ရှုရုပ်နာမ်စုစွဲမှု
ကင်းပျောက်သည်။
၈။မမြဲဆင်းရဲသဘောပဲ
ဥာဏ်ထဲရှင်းတော့သည်။
၉။စွဲမှုကင်းပျောက်မဂ်လမ်းပေါက်ဆိုက်
ရောက် နိဗ္ဗာန်ပြည်။
#ဝိပသနာရှုနည်းမူသေစည်း
#သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်ကြီးတရားတော်မှ)
၁။ #သာသနာဖျက်သူ
#မဟာသတိပဋ္ဌာန်ဝိပဿနာအလုပ် #အားမထုတ်ပါမူ #ကိုယ့်သာသနာကို #ကိုယ်တိုင်ဖျက်ဆီးသူဟု #သံယုတ် #အမတသုတ်ဖြင့် #ဗုဒ္ဓမိန့်တော်မူပါသည်။
#

#မဟာသတိပဋ္ဌာန်ဝိပဿနာအလုပ်အားထုတ်၍
#သာသနာပြုအစစ် ဖြစ်နိုင်ကြပါစေကုန်သတည်း။

#နိမိတ်ကောင်း၊
ယခင်ဣရိယာပုတ်၄ပါးတွင်တပါးပါး၌ရှုမှတ်၍အကောင်းဆုံးအနေအထားအခြင်းအရာကိုမမေ့အောင်မှတ်ထားရမည်။နောက်၌ရှုမှတ်ကျင့်ပွားအားထုတ်သောအခါထိုရှု၍မှတ်၍ကျင့်၍ကောင်းနေခဲ့သောအနေအထားအခြင်းအရာအတိုင်းရှုမှတ်ကျင့်ပွားအားထုတ်ရမည်ဆို၏။
‌ #ဗောဇ္ဈင်မြတ်=ဗောဓိ+အင်ဂ
ဗောဓိ-သစ္စာလေးပါးကိုသိသောတရားအပေါင်း၏၊
အင်ဂ-အစိတ်အပိုင်းတရား။
#အစိတ်အပိုင်း= #ဗောဇ္ဈင်တရား၇ပါး
၁။သတိသမ္ဗောဇ္ဈင်=ရှုမှတ်စရာဝိပဿနာရုပ်နာမ်အာရုံ၌
ကျွံနစ်မြုပ်ဝင်နေအောင်အမှတ်ရမှု။
၂။ဓမ္မဝိစယသမ္ဗောဇ္ဈင်=ရှုမှတ်စရာအာရုံကိုကွဲပြားပီသစွာသိမှု
၃။ဝီရိယသမ္ဗောဇ္ဈင်=ကြိုးစားအားထုတ်မှုဝီရိယ၊
၄။ပီတိသ‌မ္ဗောဇ္ဈင်=နှစ်သိမ့်အားရမှု(-ပီတိ၅မျိုး)
၅။ပဿဒ္ဓိသ‌မ္ဗောဇ္ဈင်=ကိုယ်၊စိတ်ငြိမ်းအေးမှု၊အောင့်နာထုံကျင်စသောဝေဒနာဆိုးများငြိမ်းအေးနေမှု။
၆။သမာဓိသမ္ဗောဇ္ဈင်=ရှုမှတ်မိရာအာရုံ၌စူးစိုက်တည်နေမှု။
၇။ဥပေက္ခာသမ္ဗောဇ္ဈင်=အာရုံကောင်း၊အာရုံဆိုးတို့ကိုရှုမိရာတွင်လောဘဒေါသကင်းလျက်လျစ်လျူရှုမှု။
(လှိုင်မဟာစည်ဆရာတော်၏ #စတုရာရက္ခ-သက်စောင့်တရားလေးပါးပွားနည်းမှ)

အဂ္ဂမဟာပဏ္ဍိတ-ဆဌသင်္ဂီ တိ ပုစ္ဆက     ​ကျေးဇူးရှင် မဟာစည် ဆရာ​တော်ဘုရားကြီး၏ ဥပနိသျအတိုင်း                               ...
12/08/2025

အဂ္ဂမဟာပဏ္ဍိတ-ဆဌသင်္ဂီ တိ ပုစ္ဆက
​ကျေးဇူးရှင် မဟာစည် ဆရာ​တော်ဘုရားကြီး၏
ဥပနိသျအတိုင်း
ကိုယ်တိုင်တွေ့နှင့် တိုက်ဆိုင်၍ ကိုယ့်ဉာဏ်အဆင့်ကို

ကိုယ်တိုင်ပင် ဆုံးဖြတ်နိုင်ဖို့ရာ

အပြည့်အစုံ အားထုတ်ပြီးသော ယောဂီတို့အား

လှိုင်မဟာစည်ဆရာတော်ဘုရား ဟောကြားတော် မူသော

ဝိသုဒ္ဓိနှင့် ဉာဏ်စဥ် တရား​တော်
🛎️🛎️🛎️🛎️🛎️🕯️🕯️🕯️🕯️🕯️🙏🙏🙏
ဓမ္မာဒါသသုတ်
​သောတာပန်၏ ဂုဏ်အဂ်ါ ၄--ပါး

၁။ ဗုဒ္ဓစွမ်းရည်၊ ​တွေ့မြင်ပြီ၊ယုံ ကြည်မြဲလှစွာ။
မှန်၁ခု။
၂။ ဓမ္မစွမ်းရည်၊​တွေ့မြင်ပြီ၊ ယုံကြည်မြဲလှစွာ။
မှန် ၁ခု။
၃။ သံဃစွမ်းရည်၊​တွေ့ မြင်ပြီ၊ ယုံကြည်မြဲလှစွာ ။
မှန် ၁ ခု။
၄။ အရိကန္တ၊ ငါးသီလ ၊လုံး၀ပြည့်စုံရာ။
မှန် ၁-ခု။
၅။ မြတ်​သောတာပန်၊ တရားမှန်၊
လေးတန်စုံလင်ရာ။
၆။ ကိုယ့်ဉာဏ် အဆင့်၊ ကိုယ်တိုင်ချင့်၊
အသင့်ဆုံးဖြတ်ရာ။

မျက်မှောက်သိအပ်သော နိဗ္ဗာန်၏
လက္ခဏ, ရသ, ပစ္စုပဋ္ဌာန်

ရုပ်နာမ်ဖြစ်ပျက် ပြတ်လျက်ငြိမ်းသည်၊
(သန္တိလက္ခဏံ နိဗ္ဗာနံ)
​​ရွှေ့လျောသေခြင်း ကင်းရှင်းပေသည်။
(အစ္စု တိရသံ)
သဏ္ဌ န် နိမိတ် ကင်းဆိတ်ထင်သည်။
( အနိမိတ္တ ပစ္စုပဋ္ဌာနံ )
နိဗ္ဗာန ရောက်က သိမြင်သည်။

( ၄ ) သစ္စာ ၄-ပါးသရုပ်

ဒုက္ခသစ္စာ
၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာတည်း။
သမုဒယသစ္စာ
၂။ သင်္ခါရတွင်၊ အကောင်းထင်၊ ခင်မင် သမု တည်း။

နိရောသစ္စာ
၃။ ရုပ်နာမ်အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံးနိဗ္ဗာန်တည်း။

မဂ္ဂသစ္စာ
၄။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိမြင်မဂ်ပေတည်း။

🙏သစ္စာ ၄-ပါးကို တပြိုင်နက် သိပုံ

၁။ သစ္စာ ၄-ချက်၊ တပြိုင်နက်၊ သိချက် ဘယ်သို့နည်း။
၂။ နိဗ္ဗာန်မြင်ကာ၊ ကြွင်းသစ္စာ၊ မှန်စွာ သိမှုပြီး။
(တီသု ကိစ္စတော ပဋိဝေဓော၊
နိရောဓေ အာရမ္မဏပ္ပဋိဝေဓော။)

✍️🙏 ၀ိသုဒ္ဓိနှင့် ဉာဏ်စဉ်

(က)* ။ ဆောက်တည် စောင့်ထိန်းထားတဲ့
(လူရှင် ရဟန်းတို့ ၏) သီလ၊
မပျက်မပြယ်၊ စင်ကြယ်တာက၊
သီလဝိသုဒျဓိ။ ။

(ခ)* အာရုံတခြားသို့မလွ့င်ပါးပဲ၊
ရှူမှတ်ရာ၌သာကပ်လျက် တည်ကာ၊
မှတ် စိတ် ချည်း စင်ကြယ်တာက
စိတ်တဝိသုဒ်ဓိ။ ။

🙏✍️ခရေပွင့်နှင့် အက္ခရာဖြင့် ဝိသုဒ္ဓိကို ပြသည်။

၁။ ရှု မှတ် ဆဲတွင်၊ နာမ်ရုပ် ၂-ပါးကို ပိုင်းခြား၍
သိတာက နာမရူပ ပရိစ္ဆေဒဉာဏ်။

( ဂ)* မှတ်ချက်ထဲမှာ၊
ရုပ်တခြား+အသိတခြား ကွဲပြား၍
“ရုပ်နာမ်မျှသာရှိသည်။
အသက်ကောင်, သတ္တဝါကောင်ကား မရှိ”ဟု
အသိအမြင် စင်ကြယ်တာက ဒိဋ္ဌိဝိသုဒ္ဓိ။

၂။ ရှုမှတ်ဆဲတွင်၊
အကြောင်း အကျိုး ၂-ပါးကို ပိုင်းခြား၍
သိတာက ပစ္စယ ပရိဂ္ဂဟဉာဏ်။

🙏✍️ဂဏန်းဖြင့် ဉာဏ်စဉ်ကိုပြသည်။

(ဃ)* ရှုမှတ်ဆဲတွင် အကြောင်း အကျိုး ကိုသာ
တွေ့ရ၍၊
“ရှေးကလဲ ဒီလိုအကြောင်း အကျိုး မျှသာရှိခဲ့
သည်၊
နောင်လဲ ဒီလိုအကြောင်း အကျိုး မျှသာရှိမည်"ဟု
သဘောကျကာ
ယုံမှားကင်းလောက်အောင် အသိရှင်းတာက
ကင်္ခါဝိတရဏဝိသုဒ္ဓိ။

၃။ ရှုမှတ်ဆဲတွင်
ပေါ်လာပြီးနောက် ပျောက်ပျောက် သွားတာကိုတွေ့ရ၍၊
“မမြဲ ဆင်းရဲ ငါကောင် မဟုတ်”ဟု သဘောကျကာ၊
သုံးသပ် ဆင်ခြင်မိတာက
သမ္မသနဉာဏ်။

၄-က။ မဆင်ခြင်တော့ပဲ၊
မှတ်ရုံမျှသာ မှတ်နေရာတွင်
အလင်းရောင်,
ပီတိ,
ပဿဒ္ဓိ,
သုခ,
သဒ္ဓါစသော အရသာထူးများကိုလဲ တွေ့လျက်၊
ပေါ်မူ+ ပျောက်မှု = ဖြစ်မှု + ပျက်မှုကို
လွယ်ကူစွာ မှတ်သိနေတာက နုသော ဥဒယဗ္ဗယဉာဏ်၊

(င)* “အလင်းရောင် စသော အထူးအထွေ များကို
စဉ်းစားအားရ သဘောကျနေတာက
လမ်းမှားပဲ

မှတ်ရုံမျှသာ မပြက် မှတ်နေတာမှ
လမ်းမှန် ပဲ

မပြတ် မှတ်နေမှ ဉာဏ်တက်မည်” ဟု

လမ်းမှန် လမ်းမှားကို ပိုင်းခြားဝေဖန်ကာ
ဉာဏ်အမြင် စင် ကြယ်တာက
မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ။

၄-ခ။ အလင်းရောင်စသော အထူးအထွေများကို
မစဉ်း စားတော့ပဲ
မှတ်ရုံမျှသာ မပြတ် မှတ်နေသော အခါ၌
ပေါ်မှု + ပျောက်မှု = ဖြစ်မှု+ပျက်မှုကို
မှတ်ချက် တိုင်း၌
ပိုင်းပိုင်းခြားခြား ပြတ်သားစွာ သိတာက
ရင့်သော ဥဒယဗ္ဗယဉာဏ်။

(စ) * ရင့်သော ဥဒယဗ္ဗယဉာဏ်မှစ၍၊
အနုလောမဉာဏ် တိုင်အောင်
အကျင့် လမ်းစဉ် အသိ အမြင် စင်ကြယ်တာက
ပဋိပဒါဉာဏ ဒဿန ဝိသုဒ္ဓိ။

၅။ မှတ်တိုင်း မှတ်တိုင်း၊
အာရုံရော + မှတ်စိတ်ပါ၊
ပျောက်ပျက် သွားတာကို သိတာက ဘင်္ဂဉာဏ်။

၆။ မှတ်တိုင်း မှတ်တိုင်း၊
အပျက်ကိုသာ တွေ့ရ၍
ကြောက်ဖွယ်တင်တာက ဘယဉာဏ်။

၇။ မှတ်တိုင်း မှတ်တိုင်း၊
အပျက်ကိုသာ တွေ့ရ၍၊
မကောင်းဘူး ထင်တာက အာဒီနဝဉာဏ်။

၈။ မှတ်တိုင်း မှတ်တိုင်း၊
အပျက်ကိုသာ တွေ့ရ၍
ပျင်းရှိ ခြောက်သွေ့
ငြီးငွေ့ တာက နိဗ္ဗိဒါဉာဏ်၊

၉။ အပျက်နှင့် ဆင်းရဲကို၊
မှတ်ဆဲမှာ တွေ့ရ၍ လွတ် မြောက်ချင်တာက
မုဉ္စိတုကမျတာဉာဏ်။

၁၀။ လွတ်မြောက်စေရန် အထူးကြောင့်ကြပြု၍၊
တဖန်ရှုတာက ပဋိသင်္ခါဉာဏ်။( ၉ )

၁၁။ အထူးကြောင့်ကြမှု မပြုရတော့ပဲ၊
အလိုလို ထင်ပေါ်သော သင်္ခါရတို့ကို
အညီအမျှရှု တာက သင်္ခါရုပေက္ခာဉာဏ်။

🕯️🕯️🕯️🕯️🕯️
သင်္ခါရုပေက္ခာ၏ ဂုဏ် ( ၆ )’ပါး

(အ) ကြောက်-- နှစ်သက်ခြင်း၊ ကင်းရှင်းပေသည်၊
(ဘယဉ္စ နန္ဒိဉ္စ ဝိပ္ပဟာယ
သဗ္ဗေသင်္ခါရေသု ဥဒါသိနော)

ချမ်းသာ--ဆင်းရဲ၊ ရှုမြဲတူညီ၊
(နေဝ သုမနော ဟောတိ န ဒုမ္မနော)
ဥပေက္ခကော ဝိဟရတိ သတော သမ္မဇာနော။

ကြောင့်ကြမပြု၊ မှတ်ရှုလွယ်သည်၊
(သင်္ခါရ ဝိစိနနေ မဇ္ဈတ္တံ ဟုတွာ
သင်္ခါရေသု ဝိယ
တေသံ ဝိစိနနေ ပိ ဥဒါသိနံ ဟုတွာ)
သင်္ခါရု၊ ညီမှု ဂုဏ်သုံးမည်။

(အာ) ကြာရှည်စွာလဲ၊ တည်မြဲ သူတည် ၊
(သန်တိဌနာပညာ။
ဉာဏဿ သန်တာနဝသနေ ပဝတ်တိမာဟ)

ကြာလေ သာ၍၊ သိမ်မွေ့ လေသည်။
( သုပ္ပဂ္ဂ ပိဋ္ဌံ ဝန္ဒိယမာနံ ဝိယ)

အာရုံတခြား၊ ပြန့်သွားကင်းသည်၊
(ပဋိလီယတိ ပဋိကုဋတိ န သမ္မသာ
ရိယဘိ)

သင်္ခါရု ထူးမှု ဂုဏ်သုံးမည်။
🕯️🕯️🕯️🕯️🕯️

၁၂။ သူ့အရှိန်နှင့်သူ အမှတ်ကောင်းနေရာမှ၊
သွက်လက် ထင်ရှား ထူးခြားစွာဖြစ်သော
မှတ်သိမှုက ၀ုဌာနဂါမိနီ ဝိပဿနာဉာဏ်။
(မဂ်ဆီသို့ တရှိန်တည်း တက်သွားသော မှတ်သိ
မှုဉာဏ်)

၁၃။ ဤအသိထူးတို့တွင်၊
နောက်ဆုံးအသိက
အနုလောမဉာဏ်။

၁၄။ နောက်ဆုံး အသိပြတ်သည်နှင့် တပြိုင်နက်၊
မှတ်စိတ်နှင့် တကွ
သင်္ခါရခပ်သိမ်း ၏ ချုပ်ငြိမ်းရာသို့
ကျရောက် သွားတာက ဂေါတြဘူဉာဏ်၊

၁၅။ သင်္ခါရခပ်သိမ်း၏ ချုပ်ငြိမ်းရာသဘောတွင်
သက်ဝင်၍ တည်နေတာက
မဂ်ဉာဏ်-ဖိုလ်ဉာဏ်။

(ဆ) *ဤဉာဏ် ၂-ပါးတို့တွင်၊
မဂ်ဉာဏ်က ဉာဏဒဿန ဝိသုဒ္ဓိ။

(သစ္စာလေးပါးကို စင်ကြယ်စွာ
ပိုင်ပိုင်နိုင်နိုင်သိမြင်မှု)

၁၆။ ချုပ်ငြိမ်းရာသို့ ရောက်သွားပုံ ,ချုပ်ငြိမ်း ပုံများ
ကို ပြန်လှည့်၍ ဆင်ခြင်မိတာက
ပစ္စဝေက္ခဏာဉာဏ်။

၁၇။ အမှတ် ကောင်း မြဲကောင်းပြန်လျှင်
ချုပ် ငြိမ်း ရာသို့
ထပ်ကာ ထပ်ကာ ပြန်ရောက် နေတာက
ဖလသမာပတ်- ဖိုလ်ဉာဏ်။

🙏 သောတာပန်ပယ်သော သံယောဇဉ် ၅-ပါး

၁။ ရုပ်နာမ်အစု၊ ငါကောင်ဟု၊ ထင်မှုမရှိပါ။
(ဒိဋ္ဌိကင်းသည်)

၂။ ဘုရားတရား၊ သံဃာအား ယုံမှားမရှိပါ။
(ဝိစိကိစ္ဆာ ကင်းသည်)

၃။ သစ္စာမမြင်၊ မဂ္ဂင်မပါ၊ လေ့ကျင့်ကာဖြင့်
ချမ်းသာမြဲ မည်၊ မယုံကြည်၊
ကုန်ပြီ သီလဗ္ဗတာ။
(သီလဗ္ဗတပရာမာသ ကင်းသည်)

၄။ ဣဿာခေါ်ဆို၊ မနာလို၊ ဖြစ်ကို မဖြစ်လာ။
(ဣဿာ ကင်းသည်)

၅။ သူများကိုယ်လို၊ ကောင်းမည်ကို၊ ဝန်တိုမရှိပါ။
(မစ္ဆရိယ ကင်းသည်)

၆။ ဒိ-ဝိ-သီ-ဣ၊ မစ္ဆရိ၊ မရှိမြတ်သောတာ။

ဝိသုဒ္ဓိနှင့် ဉာဏ်စဉ်အကျဉ်းဆောင်ပုဒ်များပြီး၏။

🙏🙏🙏
လှိုင်-စည် ပဋိ-ပြန်ကြား ၃-၈၄ ၁၀၀၀

Address

Ward 11, Yogi Kyaung Street, Hlaing Township, Yangon
Hlaing
11051

Alerts

Be the first to know and let us send you an email when လှိုင်မဟာစည် တရားရိပ်သာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram