Aye Thukha Child Clinic, Pharmacy and Child Accessories

Aye Thukha Child Clinic, Pharmacy and Child Accessories ကျန်းမာရေးနဲ့ပတ်သတ်၍မေးမြန်းနိုင်?

Dodo Love အသီးစုတ်ချိုလိမ်လေးတွေ ရပါပြီနော် 🍉🍇🍓🍌🍓အသီးလေးတွေစကျွေးရင် နင်မှာစိုးလို့ အသီးစုတ်ချိုလိမ်လေးထဲထည့်ကျွေးလို့ရတ...
10/02/2023

Dodo Love အသီးစုတ်ချိုလိမ်လေးတွေ ရပါပြီနော် 🍉🍇🍓🍌

🍓အသီးလေးတွေစကျွေးရင် နင်မှာစိုးလို့ အသီးစုတ်ချိုလိမ်လေးထဲထည့်ကျွေးလို့ရတယ်နော်😋

🍓အဖုံးလေးနဲ့မို့ အပြင်သွားလဲအိတ်ထဲထည့်သွားလို့ရတယ်

🍓အသီးလေးတွေကိုအအေးခံပြီးကျွေးရင် သွားပေါက်တဲ့အချိန်ဆိုအေးအေးလေးကိုက်လို့ကောင်း😋

🍓 BPA free မို့စိတ်ချကျွေးလို့ရပါတယ်ရှင့်

💰 5500/-

Dodolove child accessories ပစ္စည်း လေးများကို မှော်ဘီမြို့ #အေးသုခစတိုး တွင် ဝယ်ယူရရှိနိုင်ပါပြီရှင့်

နာမည်ကြီး  's Bed Time Lotion  ညဘက် Stress တွေပိပြီးအိပ်မပျော်ရင်ဒါလေး လူးအိပ်နော် အနံ့သင်းသင်းလေးနဲ့ ကလေးလူကြီးလိမ်းလို...
05/02/2023

နာမည်ကြီး 's Bed Time Lotion

ညဘက် Stress တွေပိပြီးအိပ်မပျော်ရင်
ဒါလေး လူးအိပ်နော်
အနံ့သင်းသင်းလေးနဲ့ ကလေးလူကြီးလိမ်းလို့ရပါတယ်
သားသားမီးမီးလေးတွေညဘက်ကိုယ်လက်သန့်စင်ပြီးလိမ်းပေး ကောင်းကောင်းလဲအိပ်ပျော်စေတယ်
မေမေတွေပါ ညဘက်လေးလိမ်းအိပ်နော်
အရမ်းကောင်းတာလေးပါရှင်
ကုန်တိုက်ပစ္စည်းစစ်စစ်လေး စျေးချတုန်း အမုန်းသုံးရတာလေးယူထားပါရှင်

500 ml တစ်ဘူး 17000

လေးဘက်တွားသွားတဲ့ဘေဘီလေး ဒူးတွေပွန်းမှာစိုးရိမ်နေပြီလား?ချောလဲမချောစေတဲ့အဖုလေးတွေပါတဲ့ဒူးကာလေးရှိတယ်နော်❣️❣️☁️ ချည်သားလေ...
04/02/2023

လေးဘက်တွားသွားတဲ့ဘေဘီလေး ဒူးတွေပွန်းမှာစိုးရိမ်နေပြီလား?
ချောလဲမချောစေတဲ့အဖုလေးတွေပါတဲ့ဒူးကာလေးရှိတယ်နော်❣️❣️

☁️ ချည်သားလေးနဲ့ ကပ်ခွာနဲ့မို့ ဘေဘီလေးရဲ့ပေါင်လုံးဆိဒ်အတိုင်းဝတ်ပေးလို့ရလို့သက်တောင့်သက်သာရှိစေမှာပါ

In Stock ❣️❣️
💰 7000 /- ( ၂ ခုပါ)
အပြာ, ပန်းရောင်ရပါမယ်

𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 thailand brand ကနေ product အစုံကို #အေးသုခစတိုး တွင် လက်လီလက္ကားအားပေးနိုင်ပါပြီရှင်🤗

ခြင်တွေတဝီဝီနဲ့ အနားမှာမဝဲနိုင်ပဲ ဝေးဝေးဒိုးရအောင် 𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 ခြင်မကိုက်စတစ်ကာလေး လာပြီနော် 🦟  🦟 🌿စပါးလင်အဆီနဲ့လုပ်ထားပြီ...
31/01/2023

ခြင်တွေတဝီဝီနဲ့ အနားမှာမဝဲနိုင်ပဲ ဝေးဝေးဒိုးရအောင် 𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 ခြင်မကိုက်စတစ်ကာလေး လာပြီနော် 🦟 🦟

🌿စပါးလင်အဆီနဲ့လုပ်ထားပြီး အနံ့ကအစ chemical လုံးဝမပါလို့ဘေဘီလေးတွေအတွက်စိတ်ချသုံးလို့ရပါတယ်

🌿ကပ်ခွာလေးကပ်ထားရုံနဲ့ ခြင်တွေအနားမလာအောင် ၆ နာရီကျော် ကာကွယ်ပေးမှာနော်

🌿အင်္ကျီ, မွေ့ယာ, stroller အစရှိတဲ့ ဘေဘီလေးအသုံးပြုတဲ့ပစ္စည်းတွေပေါ်မှာကပ်လို့ရပါတယ်

🌿အသားပေါ်မှာကပ်ရတာမဟုတ်လို့ sensitive ဘေဘီလေးတွေကအစ အိုကေတယ်နော်

🌿ခရီးသွားတဲ့အခါအတွက်ကော..နေ့စဥ်သုံးဖို့အတွက်ကော အရမ်းအသုံးဝင်တာလေးမို့ အခုပဲ အော်ဒါတင်လိုက်တော့မေမေရေ

💰5500/-
တဘူး မှာ ချစ်စရာ Dodo Love မိုမိုအရုပ်စတစ်ကာလေး ၆ ခုပါပါတယ်

𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 Thailand brand လေး တွေ ကို
#အေးသုခစတိုး မှာ ဝယ်ယူရရှိနိုင်ပါတယ် ရှင့်

Baby လေး တို့ အတွက် Babi Mild ရဲ့ Head to Toe Washရေချိုးဆပ်ပြာလိုရော ၊ ခေါင်းလျော်ရည် လိုရော အသုံးပြုလို့ရပါတယ် ရှင့် ဘ...
31/01/2023

Baby လေး တို့ အတွက် Babi Mild ရဲ့ Head to Toe Wash
ရေချိုးဆပ်ပြာလိုရော ၊ ခေါင်းလျော်ရည် လိုရော အသုံးပြုလို့ရပါတယ် ရှင့်

ဘူးကြီး ကို မှ သောင်းမကျော်တဲ့ဈေး လေးနဲ့ တကယ်တန်တယ် နော်

အနံ့ 3 မျိုး ရနိုင်ပါမယ်
တစ်ဘူး 9500

Waiting for 5 days

20/08/2022

🥰 ပြသလိုသော ကလေးလူနာများအတွက် အဆင်ပြေစေရန် ပြောင်းလဲ ထားသော ဆေးခန်း ဖွင့်ချိန် နှင့် ပြသနိုင်သော ဆေးခန်း များအား အသိပေးထား လိုပါတယ် ရှင့်

#အေးသုခ ကလေး‌ ဆေးကုခန်း
အမှတ်(၄) ရပ်ကွက် ၊(၃) လမ်း
မှော်ဘီ
09421083174

နေ့စဉ် .. ညနေ (4) - (7) နာရီ

စနေ၊ တနင်္ဂနွေ .. မနက် (9) - (11) နာရီ

#တနင်္ဂနွေညနေပိုင်း_ဆေးခန်းပိတ်ပါသည်

အခြား ပြသနိုင်သောနေရာများ

👉အဓိကဆေးခန်း
ရုံးပေါက် လမ်း၊ တပ်ကြီးကုန်း
09780355355
စနေ၊ တနင်္ဂနွေ .. နေ့လည် ၁၁ နာရီ
အင်္ဂါ ၊ ကြာသပတေး .. ညနေ 3နာရီခွဲ

👉မှော်ဘီအထူးကုဆေးခန်း
ကား‌လေးဂိတ်
09401040835
စနေ၊ တနင်္ဂနွေ .. နေ့လည် ၁‌၁ နာရီ ခွဲ

😰သွေးလွန်တုပ်ကွေးတွေ လည်း နေ့စဉ် တွေ့နေရသလို 😰ရာသီတုပ်ကွေး ကလည်း ပြင်းထန်နေဆဲ ပါ😰ကလေးငယ် တွေ မှာ ချောင်းဆိုး ၊ရင်ကျပ် ၊ ...
28/06/2022

😰သွေးလွန်တုပ်ကွေးတွေ လည်း နေ့စဉ် တွေ့နေရသလို

😰ရာသီတုပ်ကွေး ကလည်း ပြင်းထန်နေဆဲ ပါ

😰ကလေးငယ် တွေ မှာ ချောင်းဆိုး ၊ရင်ကျပ် ၊ နမိုးနီးယား အဆုတ်ရောင် တွေ လည်း များလှ တဲ့ ရာသီ အကူးအပြောင်း အချိန် အခါမို့ မိမိ ကလေး ငယ်များကို အထူးဂရုစိုက်ကြပါနော်

💥💥အမေးများတဲ့မေးခွန်း >>>>COVID ကာကွယ်ဆေး နဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး ဘယ်လောက် ခြားပြီးထိုးရမလဲ ?✅အဖြေ >>> တချိန်တည်း ထိုး...
09/06/2022

💥💥အမေးများတဲ့မေးခွန်း >>>>
COVID ကာကွယ်ဆေး နဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး ဘယ်လောက် ခြားပြီး
ထိုးရမလဲ ?

✅အဖြေ >>> တချိန်တည်း ထိုးလျှင် Immunogenicity အရ safeဖြစ်သော်လည်း ကာကွယ်ဆေးထိုးပြီး ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြသနာများ ပိုမိုခံစားရမည် စိုး၍ အနည်းဆုံး (၁၄)ရက် ခြား၍ ထိုးသင့်ပါသည်။

Crd .. Dr Naw

⚠မိုးဦးကျ သွေးလွန်တုပ်ကွေးရောဂါ သတိထားကြပါ⚠သွေးလွန်တုပ်ကွေး ရောဂါအကြောင်း( Dengue Hemorrhagic Fever )===================...
23/05/2022

⚠မိုးဦးကျ သွေးလွန်တုပ်ကွေးရောဂါ သတိထားကြပါ⚠

သွေးလွန်တုပ်ကွေး ရောဂါအကြောင်း
( Dengue Hemorrhagic Fever )
=====================

▪️ သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ
ဘာလဲ ?

✅သွေးလွန်တုပ်ကွေးရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ် သည့် ရောဂါတစ်မျိူးဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိူးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။

▪️သွေးလွန်တုပ်ကွေးရောဂါဟာ
ဘာ့ကြောင့် ဖြစ်ရတာလဲ ?

✅သွေးလွန်တုပ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်ကိုက်​​ခြင်း မှတဆင့် လူ၏ သွေးထဲ သို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး virus အမျိူးအစား လေး မျိူးရှိပါသည်။

▪️ ဘယ်လိုနည်းတွေနဲ့ ကူးစက်တတ်ပါသလဲ.?

✅သွေးလွန်တုပ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။

▪️ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ
ပြတတ်ပါသလဲ?

✅သွေးလွန်တုပ်ကွေး ရောဂါတွင် အဆင့် (၄)ဆင့ ရှိပါသည်။

➡️ အဆင့်(၁) သည် သာမန် တုပ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။ လက်မောင်း တွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက် အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။

➡️ အဆင့်(၂) တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များအန်ခြင်း၊ သွားဖုံးသွေးယိုခြင်း ၊ နှာခေါင်းသွေး လျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။

➡️ အဆင့်(၃) တွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျား လက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။

➡️ အဆင့် (၄) တွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့် သို့ ရောက်သွား တတ်ပါသည်။

အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။

အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည် အထိ ဖြစ်တတ် ပါသည်။

အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။

ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ် ကို သေသေချာချာ ပြုစုစောင့် ကြည့် ရမည်ဖြစ် ပါသည်။

သွေးလွန်တုပ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။ ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုပ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့် ပေါ့ဆ သွားတတ်ရာ အန္တရာယ် များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ် ပါက ဆေးရုံ သို့သာခေါ်ဆောင်သွားစေလိုပါသည်။

💥💥💥ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို​​ဆေးရုံတင်သင့်​ပါသလဲ.?

✅ကလေးကိုယ် အရမ်းပူခြင်း – ကိုယ်ပူ ရှိန်ကြောင့် ကလေး တက်သွား တတ်ပါသည်။ ကလေး အရမ်းမှိန်းခြင်း – shock ရချင်သောလက္ခဏာဖြစ် ပါသည်။ ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း ဖျားပြီး သွားဖုန်းသွေးယို​ ခြင်း နှာခေါင်းသွေးလျှံခြင်း ...တို့ဖြစ်လျှင် ဆေးရုံ ပြသင့်ပါသည်။

💥💥ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ.?

၁/ ကလေးကိုယ်ပူနေပါက ထူထဲသော အ၀တ်အစားများကို ၀တ်ဆင်ပေးခြင်း – ကိုယ် ပိုပူလာတတ်သည်။

၂/ အာဟာရပြည့်ဝအောင်မကျွေးဘဲ ဆန်ပြုတ် ခေါက်ဆွဲပြုတ်သာ ကျွေးခြင်း။

၃/ မက်ကလောင်ဖောက်ခြင်း –
မက်ကလောင်ဖောက်သော နေရာမှ ရောဂါပိုး၀င်ပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် မသေဘဲ သွေးဆိပ်တက်သောကြောင့် သေရသော ကလေးပေါင်း များစွာ ရှိခဲ့ဖူး ပါသည်။

၄/ အညိုရောင် ရှိသော အစားအစာများ ဥပမာ coffee, milo, ovaltine တို့ကို မတိုက်ကျွေးပါနှင့် – ကလေးသွေးအန် ပါက သွေးအရောင်နှင့် ခွဲခြင်းရခက်ခြင်းကြောင့်ဖြစ်ပါသည်။

💥သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါသလား.?

✅"Dengue Vaccine" သွေးလွန်တုပ်ကွေးကာကွယ်ဆေး မြန်မာပြည်တွင် မရနိုင် သေးပါ.!

သို့ပါသောကြောင့် ကလေးငယ်များကို ခြင်မကိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ရ မည် ဖြစ်ပါသည်။

မိမိနေအိမ်နှင့်ပတ်ဝန်းကျင်ရှိ ရေတင်ကျန်နိုင်သောပစ္စည်း များကို ခြင်လောက်လန်းပေါက်ပွားမှုမရှိအောင် "ဖုံး၊ သွန်၊ လဲ၊ စစ်" လုပ်ပေးရပါမည်။

Credit #

အချိုမှုန့် အကြောင်း သိကောင်းစရာ 💥💥အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate (MSG) ဟုခေါ်သည့် ဒြပ်ပ...
06/05/2022

အချိုမှုန့် အကြောင်း သိကောင်းစရာ 💥💥

အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate (MSG) ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခု ဖြစ်သည်။ Glutamic Acid လို့ခေါ်သော Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်လျှင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းနှင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်း ဖြစ်သည်။

အချိုမှုန့် စားသုံးမှု ဆိုးကျိုး

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးသော အင်ဆူလင်ဟော်မုန်း (Insulin)၏ လုပ်ငန်းဆောင်တာတွင် အနှောင့်အယှက်တစ်ရပ် ဖြစ်၍ ဆီးချိုဖြစ်စေရန် ကောင်းကောင်း အထောက်အကူပြုပါသည်။

(၂) အစာ အလွန်အကျွံစားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို၊ အဝလွန်ခြင်းကို တားဆီးပေးသော ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖြစ်စေသည်။ အဝလွန်ခြင်း ဖြစ်လာလျှင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စသည့် ရောဂါများပါ ရလာနိုင်သည်။

(၃) ဦးနှောက်ဆဲလ်များကို မြန်မြန် ပျက်စီးယိုယွင်း စေပါသည်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်သော ရောဂါများ ဖြစ်စေရန် အလားအလာ အရမ်း များစေပါသည်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားသော ကလေးများမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါသည်။

(၄) ဂျာမနီနိုင်ငံတွင် အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်များ၊ ဥပဒေများ ထုတ်ခဲ့ရဖူးပါသည်။ အချိုမှုန့် စားသော ကိုယ်ဝန်ဆောင်များမှ မွေးလာသည့် ကလေးများသည် အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း၊ (Insulin-resistant) မွေးရာပါ ဖြစ်လာခြင်း တွေ့ရပါသည်။

ထို့ကြောင့် ထိုကလေးများသည် ကြီးလာလျှင် ဆီးချိုဖြစ်ရန် သေချာသလောက် ဖြစ်ပါသည်။ ထိုအချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေသော အချက်များထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။

(၅) အချိုမှုန့်စားသော ကိုယ်ဝန်ဆောင် မိခင်များမှ မွေးလာသော ကလေးများ၏ medulla oblongata, thalamus, or hypothalamus ဆိုသည့် ဦးနှောက် အစိတ်အပိုင်းများတွင် ရှိသော အာရုံကြောဆဲလ်များကို ပျက်စီးစေပါသည်။

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်း ဖြစ်နိုင်ပါသည်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါသည်။ ထိုရောဂါစုသည် အချိုမှုန့် လွန်ကဲစွာပါသော အစားအသောက် စားပြီးပြီးချင်းတွင် မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် အနီစက်များ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကျပ်စွာ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့် လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းများ ဖြစ်စေသည်။ အချိုမှုန့်နှင့် ဓာတ်မတည့်သည့် ရောဂါ ဖြစ်သည်။

(၇) ပန်ကရိယ ခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ယောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါသည်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

ဘယ်လို လျော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

09/04/2022

👍ကမ္ဘာကျန်းမာရေးအဖွဲ့ WHO မှ အသိအမှတ်ပြုထား‌ေသာ ပြင်သစ်နိုင်ငံ Sanofi Pasteur Company မှ ထုတ်တဲ့ မိုးရာသီ #တုပ်ကွေးကာကွယ်ဆေး 𝐕𝐚𝐱𝐢𝐠𝐫𝐢𝐩𝐓𝐞𝐭𝐫𝐚 𝟐𝟎𝟐𝟐 လက်လီ/ လက်ကားဝယ်ယူနိုင်ပါပြီရှင့်

🥰ဆေးရုံ ၊ ဆေးခန်းများ နှင့် ဆရာ ၊ ဆရာမများအတွက် လက်ကားဈေး သီးသန့်ရှိပါမယ်ရှင့်

🏭ကုမ္ပဏီများ ၊ စက်ရုံ ၊အလုပ်ရုံများအတွက်လည်း ဈေးနှုန်းသက်သာစွာနှင့် လိုက်လံထိုးနှံပေးမှာ ဖြစ်ပါတယ်ရှင့်

VAXIGRIP TETRA မှာ ပါဝင်တဲ့ strain အမျိုးအစားတွေကတော့

1. A/Victoria/2570/2019(H1N1)pdm09-like strain
2. A/Darwin/9/2021(H3N2)-like strain
3. B/Austria/1359417/2021 -like strain
4. B/Phuket/3073/2013-like strain စတဲ့ တုပ်ကွေး ပိုး (၄) မျိုး ကို ကာကွယ်နိုင်ပါတယ် ရှင့်

ရန်ကုန် မြို့တွင်း ၊ နယ်ဝေး များကို စိတ်ချရသော Cold chain စနစ်ဖြင့် ပို့ဆောင်ပေးလျက်ရှိပါတယ် ရှင့်

09421083174
09660050150
09448044997

Send a message to learn more

Crd .. Dr Khin Mg Lwin ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့်  အကြံပြုချက်များ✅ ရေများများသောက်ပါ။...
28/03/2022

Crd .. Dr Khin Mg Lwin

ဆီးကျောက်တည်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ် ဆောင်ရွက်သင့်သည့် အကြံပြုချက်များ

✅ ရေများများသောက်ပါ။ ရေကို သန့်စင်ပြီး (သို့မဟုတ်) ကျိုချက်ပြီးမှသောက်ပါ။

✅ ဗီတာမင်အေ ကြွယ်ဝသော အဝါရောင်အသီးအနှံ (ဥပမာ-သင်္ဘောသီး၊ သရက်သီး၊ မုန်လာဥနီ) များကို မကြာခဏစားပါ။

✅ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက် (ဥပမာ-ဟင်းနုနယ်၊ မုန်ညင်းစိမ်း၊ ဂေါ်ဖီထုပ်) များကို များများ စားပါ။

✅ အသား၊ ငါးတို့ကို ပုံမှန်သင့်တင့်စွာ စားပါ။ အသား၊ ငါးစားတိုင်း အသီးအရွက်နှင့် တွဲဖက်စားပါ။

✅ ဗီတာမင်စီ ကြွယ်ဝသည့် အရည်ရွှမ်းပြီး ချဉ်သောအသီး (ဥပမာ-သံပရာသီး၊ ရှောက်သီး၊ ပန်းသီး၊ လိမ္မော်သီး၊ ဆီးဖြူသီး) များကိုစားပါ။

✅ နွားနို့နှင့် ဒိန်ချဉ် တို့ကို ပုံမှန်သောက်ပါ။

✅ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ပါ။

✅ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု အနည်းဆုံး မိနစ် (၃၀) ခန့် ပြုလုပ်ပါ။

✅ ဝမ်းတွင်းကလီစာနှင့် အနီရောင်ရှိသော အသားများ (ဥပမာ-ဝက်သား၊ အမဲသား) ကို လျှော့စားပါ။

✅ အငန်ဓာတ်များသော အစားအစာ (ဥပမာ-ငါးပိရည်၊ ငံပြာရည်၊ ငါးခြောက်) များကို လျှော့စားပါ။

✅ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။

❌ အချိုမှုန့် (Monosodium glutamate) မသုံးပါနှင့်။

❌ အချိုဓာတ်များသည့် အချိုရည်၊ ဂလူးကို့စ်၊ သကြားစသည်တို့ကို ရှောင်ပါ။

❌ ကွမ်းယာစားသည့်အကျင့်ကို ရှောင်ကြဉ်ပါ။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "ဆီးကျောက်တည်ရောဂါ" စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/drkhinmaunglwin
👉https://t.me/drkhinmaunglwingroup

 #ကလေးကာကွယ်ဆေး🥰 ကလေးကာကွယ်ဆေးတွေက နောက်ကျလို့ စိတ်ညစ်နေတဲ့ မေမေ တွေ အတွက် တင်ပေးလိုက်ပါတယ် နော် ပုံထဲမှာပြထားသလိုပဲ 🟩အစ...
26/03/2022

#ကလေးကာကွယ်ဆေး

🥰 ကလေးကာကွယ်ဆေးတွေက နောက်ကျလို့ စိတ်ညစ်နေတဲ့ မေမေ တွေ အတွက် တင်ပေးလိုက်ပါတယ် နော်

ပုံထဲမှာပြထားသလိုပဲ

🟩အစိမ်းရောင်- ကာကွယ်ဆေးထိုး/တိုက်ဖို့ အသင့်တော်ဆုံး အသက်အရွယ်ဖြစ်ပါတယ်။
🟨အဝါရောင်- အသင့်တော်ဆုံးအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့်မထိုး/တိုက်လိုက်ရရင် ဒီအသက်အရွယ်အတွင်း ထိုး/တိုက်ပေးလို့ရပါတယ်။
⬜️ခဲရောင် - ဒီအရွယ်ကတော့ကာကွယ်ဆေးမထိုး/မတိုက်ရပါဘူး။

#ပုံမှန်ကာကွယ်ဆေးထိုးတိုက်ကျွေးခြင်းအစီအစဉ်

✔️မွေးမွေးချင်း
1. အသည်းရောင် အသားဝါ(ဘီ)
2. ဘီစီဂျီ (ပြင်းထန်တီဘီရောဂါ)

✔️အသက် (၂) လ
1. ဘီစီဂျီ (ပြင်းထန်တီဘီရောဂါ)
2. ပိုလီယို (ပထမအကြိမ်)
3. ရိုတာ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) (ပထမအကြိမ်)
4. ပီစီဗီ (ပြင်းထန်အဆုတ်ရောင်ရောဂါ) (ပထမအကြိမ်)
5. ငါးမျိုးစပ် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါ) (ပထမအကြိမ်)

✔️အသက် (၄) လ
1. ပိုလီယို (ဒုတိယအကြိမ်)
2. ရိုတာ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ) (ဒုတိယအကြိမ်)
3. ပီစီဗီ (ပြင်းထန်အဆုတ်ရောင်ရောဂါ) (ဒုတိယအကြိမ်)
4. ပိုလီယို ထိုးဆေး
5. ငါးမျိုးစပ် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါ) (ဒုတိယအကြိမ်)

✔️အသက် (၆) လ
1. ပိုလီယို (တတိယအကြိမ်)
2. ပီစီဗီ (ပြင်းထန်အဆုတ်ရောင်ရောဂါ) (တတိယအကြိမ်)
3. ငါးမျိုးစပ် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါ) (တတိယအကြိမ်)

✔️အသက် (၉) လ
1. ဝက်သက်-ဂျိုက်သိုး (ပထမအကြိမ်)
2. ဂျပန်ဦးနှောက်ရောင်

✔️အသက် (၁)နှစ်ခွဲ
1. ဝက်သက်-ဂျိုက်သိုး (ဒုတိယအကြိမ်)
2. ငါးမျိုးစပ် (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါ) (စတုတ္ထအကြိမ်)

✔️အသက် (၉) နှစ်
1. သားအိမ်ခေါင်းကင်ဆာ (ပထမအကြိမ်)

✔️အသက် (၁၀) နှစ်
1. သားအိမ်ခေါင်းကင်ဆာ (ဒုတိယအကြိမ်)

Photo credit
သက်စုဝင်း

#ဂျပန်ဦးနှောက်ရောင်_ကာကွယ်ဆေး ထိုးချင်တဲ့ မေမေ တွေလည်း ‌ဆေးခန်း မှာ ဆေးထိုးဖို့ ကြိုအော်ဒါတင်လို့ရပါတယ် ရှင့်
#အေးသုခဆေးခန်း

#ကလေးကာကွယ်ဆေး

21/03/2022

💥2022 ခုနှစ် အတွက် အသစ် ထွက်ရှိသော ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံ့ လိုသူများ ဆက်သွယ် စာရင်းပေးနိုင်ပါပြီ
💥ကာကွယ်ဆေး ဝယ်လိုသော ဆရာဝန် မိတ်ဆွေ များလည်း လက်လီ ၊ လက်ကား ရရှိနိုင်ပါတယ် ရှင့်

👉Exp Date .. Dec, 2022

👍Vaxigrip Tetra တုပ်ကွေးပိုး လေးမျိုး ကာကွယ်ဆေး

✅မိသားစု လိုက် ထိုးလိုသူများ ၊ စက်ရုံ ၊ အလုပ်ရုံ များ တွင် ထိုးနှံ့ လိုပါက လည်း Home Service ဆောင်ရွက်ပေးပါတယ် ရှင့်

✅ခု ချိန် လျှပ်စစ်မီး အခြေအနေ နဲ့ မို့ အပို ကြို ဝယ်ထားဖို့ အဆင်မပြေလို့ Pre order ကောက်ပြီး အော်ဒါ ရှိသလောက်ပဲ ဝယ်ထားမှာပါရှင့်
09421083174
09796066687

21/03/2022

ကြောက်စရာ ခွေးရူးရောဂါ


ဆရာ၀န်ဖြစ်ကတည်းက ခွေးရူးပြန်ရောဂါကို ၂ခါပဲတွေ့ဖူးသေးတယ်။ပထတစ်ခါက အလုပ်သင်ဆရာ၀န်ဘ၀တုန်းက ကလေးဆေးရုံမှာ...။ဒုတိယတစ်ခါကတော့ ဆေးခန်းမှာ....

အဲ့ဒီနေ့တော့ တော်တော်ကိုအမှတ်တရဖြစ်ခဲ့တဲ့နေ့...ဆေးခန်းမှာလူနာရှုပ်တဲ့နေ့၊လူနာများတာမဟုတ်ဘူး...။လာတဲ့လူနာတွေလည်းကြည့်လိုက်ဦး၊ဆိုင်ကယ်မှောက်တဲ့လူနာက၂ယောက်။တစ်ယောက်အနာကကြီးတော့ ချုပ်ပေးရမှာ။ခေါင်းပေါ်သစ်သားချောင်းပြုတ်ကျပြီး ခေါင်းပေါက်တဲ့ လက်သမားဆရာက တစ်ယောက်၊သူလည်းချုပ်ရမှာပဲ....အိမ်အောက်မှာက နှလုံးရောဂါနှင့်အမေကြီးကို oxygenပေးထားရတယ်။ခေါင်းချုပ်နေတုန်းမှာပဲ အဲ့လူနာရောက်လာတာ....ကိုယ်လည်းချုပ်ရင်းနှင့်ပဲ မေးရတယ်။

ဘာဖြစ်လို့လဲ ဦးလေး

ထွေထွေထူးထူးတော့ဟုတ်ပါဘူး လက်ကအနာလေးလာပြတာပါ ဆရာလေး....

အနာက ဘယ်လိုကနေဘယ်လိုဖြစ်တာတုန်း၊ဖြစ်တာရောဘယ်လောက်ကြာပြီလဲဗျ

ယားလို့ကုတ်တာကနေစပြီးဖြစ်သွားတာပါ ၂ပတ်လောက်တော့ရှိပြီ ဆရာလေးရေ အခုမှပိုဆိုးလာလို့လာပြတာပါ။

အနာကိုကြည့်လိုက်တော့ ဟုတ်ပါ့ဗျာ အသားနီလန်အောင်ကိုကုတ်ထားတာ အဆီတ၀င်း၀င်းကိုဖြစ်နေတယ်။တော်တော်ယားသလားဗျ...

ယားတာတော့မပြောပါနဲ့တော့ ကုတ်ထားတာသာကြည့်ပါတော့ ဆရာလေး

အမာရွတ်လေးက စယားပြီးကုတ်ရင်းကုတ်ရင်း ဒီလိုဖြစ်သွားတာပါဗျာ

နောက်ကော ဘာဖြစ်သေးလဲ၊ဘာလိုခံစားရသေးလဲ

လူကြီးကနူံးနေတယ်ဆရာ၊မနေ့ညကလည်းရေသောက်တာ နင်နေတယ် ဘယ်လိုမှသောက်မရဘူး....

ဘယ်လို ရေနင်တယ် ဟုတ်လား....?

ဟုတ်တယ် ဆရာလေး ရေနင်တာကတော့ ညတစ်ရေးနိူးလာမှဖြစ်နေတာ မနေ့က ရေခဲရေသောက်များသွားလို့လားနေမှာလည်ချောင်းတွေ နာနေသလိုပဲ

ဦးလေး တံတွေးမြိုချရင်ကော နာလား

မနာဘူး ဆရာလေး အစာစားလည်းမနာဘူး၊မနင်ဘူး ရေသောက်တာမှာပဲဖြစ်နေတာ

ဒါနဲ့ သူနှင့်ပါလာတဲ့သူ့သမီးကို မုန့်သွား၀ယ်ခိုင်းပြီး လူနာကို မုန့်စားခိုင်းကြည့်တော့ ဘာမှမဖြစ်ဘူး။ရေသောက်ခိုင်းတော့မှ စတော့တာပဲ...ရေခွက်ကိုယူပြီးပါးစပ်ကိုတေ့တဲ့အချိန်အထိအကောင်းပဲ၊ရေ၀င်တော့မှ ဖူးဖူးဆိုပြီး မှုတ်ထုတ်တယ်၊ရေခွက်ကလွတ်ကျသွားတယ်။လူကြည့်လိုက်တော့ ဝေဒနာတစ်ခုခုကို ခံစားလိုက်ရသလိုဖြစ်သွားတာကိုတွေ့ရတယ်...။

ဦးလေး ခွေးကိုက်ခံရဖူးသေးလား...?

ဟုတ် လွန်ခဲ့တဲ့၂လလောက်တော့ အကိုက်ခံရဖူးပါတယ်၊အကြီးကြီးတော့မဟုတ်ဘူး။ပေါက်သွားပြီးသွေးစို့ရုံလေးပဲဖြစ်တာဆရာလေး အခုလက်အနာဖြစ်တဲ့နေရာကို အဟပ်ခံရတာပါ....

ဘယ်ကခွေး အကိုက်ခံရတာလဲဗျ

အိမ်ကခွေးပါဗျာ အခြားခွေး၀င်ကိုက်ပြီး နေမကောင်းဖြစ်နေတာ၊သူ့ကိုထမင်းသွားကျွေးနေတုန်း ဗြုန်းခနဲ လက်ကိုဟပ်လိုက်တာပါ ဆရာလေး

အဲ့ခွေးရော အခုရှိသေးလား?နေရောကောင်းရဲ့လား?

သေပြီ ဆရာလေး

ဘယ်လိုဖြစ်ပြီးသေသွားတာလဲဗျ....

ကျွန်တော်သတ်လိုက်တာပါ၊ကျွန်တော့ကိုပြန်ကိုက်လို့သတ်လိုက်တာပါ၊စိတ်ဆိုးပြီးသာသတ်လိုက်ရတယ်၊ရင်ထဲတော့မကောင်းဘူး။အရမ်းလိမ္မာတဲ့ခွေးလေး၊အရင်ကဆို ဘာလုပ်လုပ်ပြန်မကိုက်တဲ့ခွေး အခုနေမကောင်းတော့ စိတ်မကြည့်လို့ထင်ပါရဲ့ဗျာ....

သေချာပြီ ခွေးရူးပြန်ရောဂါပဲ။ယားတယ်၊လူနူံးတယ်၊အသိသာဆုံးအချက်ကတော့ ရေကြောက်တာပဲ။ဒါနဲ့ လူနာသားသမီးတွေကိုပြောရတယ်။လူနာကဆေးထိုးစရာမလိုပါဘူး။သောက်ဆေး၊လိမ်းဆေးဆိုရပါတယ်။ဦးလေး အိမ်ပြန်နှင့် ကျွန်တော် သူတို့ကိုဆေးပေးလိုက်မယ်၊လိမ်းဆေးကတော့ ၀ယ်ရမှာ...

လူနာပြန်သွားမှ သူ့သားသမီးတွေပြောရတယ်၊ခင်ဗျားတို့အဖေကတော့ ခွေးရူးပြန်ရောဂါဖြစ်နေဖို့များတယ်။ဆေးရုံသွားပါ...

မဖြစ်နိူင်တာ ဆရာလေးရယ် ကျွန်မတို့အဖေက အစာရေမြိုကျဉ်းတာပါ။

ဘယ်သူကပြောတာလဲဗျ

ဟိုဆရာကြီးကပြောလိုက်တာ သူကုပေးမယ်တဲ့ လက်ကအနာကိုသာ ဆရာလေးဆီသွားပြဆိုလို့ လာပြတာပါ...

(သူတို့ပြောတဲ့ဆရာကြီးဆိုတဲ့လူက ရမ်းကုကြီး၊အဲ့ငနဲ တလွဲလုပ်သမျှကို ရွာထဲက ဆရာ၀န်တွေကခံနေရတာ ထားပါတော့ ဒီအကြောင်းကို သပ်သပ်ရေးမှာ)

သွေးထွက်၊အသားနီလန်လောက်အောင် ကုတ်ရတဲ့အယားမျိုးကရှားတယ်ဗျ၊ဒါဖြစ်စေတဲ့အကြောင်းတွေထဲမှာ ခွေးရူးပြန်ရောဂါလည်းပါတယ်။နောက်ပြီး အစာရေမြိုကျဉ်းရင်လည်း အစာစားရလည်းခက်တယ်။အခုခင်ဗျားဆို့အဖေက အစာစားတော့ ဘာမှမဖြစ်ဘူး၊ရေသောက်တော့မှဖြစ်နေတာ၊ရေနင်တာဆို ြေဖြေးဖြေးခြင်းသောက်ရင်ရကောင်းရနိူင်ဦးမယ်၊အခုဟာက ရေကိုကြောက်နေတာ...ဆေးရုံသွားပြပါဗျာ

ဒါနဲ့သူတို့ပြန်သွားကြတယ်။ဆေးခန်းကိုသူတို့လာတုန်းက မနက် ၁၀နာရီသာသာလောက်ပဲရှိသေးတာ နေ့လည်၁နာရီလောက်ကျတော့ လူနာကစပြီးဖောက်လာလို့ ဆေးရုံသွားကြပါတယ်။ဆေးရုံကလည်း ဒါခွေးရူးပြန်တာ၊ကုလို့တော့မရတော့ဘူး၊ဒါပေမယ့် လူနာစောင့်တွေက ဝိုင်းတောင်းဆိုမှုကြောင့် ခွေးရူးပြန်ရောဂါကုသဆေး တစ်လုံးတော့ထိုးပေးလိုက်ပါတယ်။ဒါနဲ့သူတို့အိမ်ပြန်လာတယ်။ညနေ၅နာရီမှာ လူနာဆုံးပါတယ်....အရမ်းကြောက်ဖို့ကောင်းတဲ့ရောဂါပါ။

အကယ်၍ခွေးအကိုက်ခံရလျှင် ခွေးကို မသတ်ပါနဲ့ ၊ခွေးကိုစောင့်ကြည့်ဖို့လိုအပ်ပါတယ်။ခွေးကိုက်ခံရတဲ့ ဒဏရာကို ရေများများနှင့် အနည်းဆုံး၁၅မိနစ်ခန့်ကြာအောင်ဆေးပါ၊ဆပ်ပြာသုံးစွဲနိူင်ပါတယ်။ရေဆေးပြီး အရက်ပြန်ဖြင့်သန့်စင်ပါ၊ပြီးရင် tincture of iodineနှင့်ထပ်မံ သန့်စင်ပါ၊နီးစပ်ရာဆေးရုံ၊ဆေးခန်းကိုအမြန်ဆုံးသွားပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို အဆင့်၃ဆင့်ခွဲပါတယ်။

အဆင့်၁.....ထိတွေ့ရုံ၊အရေပြားအကောင်းပေါ်ကိုလျှာဖြင့်အလျက်ခံရခြင်း။

အဆင့်၂.....အကိုက်မခံသော်လည်း ငုံခဲခံရခြင်း၊သွေးမထွက်ဘဲ ပွန်းရာခြစ်ရာရှိခြင်း

အဆင့်၃.....အရေပြားပေါက်ပြဲပြိ်းသွေးထွက်အောင် အကိုက်ခံရ၊အကုတ်ခံရခြင်း၊အနာပေါ်ကို လျှာဖြင့်အလျက်ခံရခြင်း

အဆင့်၁အတွက်ကတော့ ခွေးမရူးကြောင်းသေချာသိလျှင် ကုသရန်မလိုပါဘူး။

အဆင့်၂အတွက်မှာတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေး(eg verorab,ravibar)ထိုးဖို့ လိုအပ်လာပါပြီ။ကာကွယ်ဆေးထိုးရာမှာ ၂နည်းရှိပါတယ်။ပထမနည်းကတော့အကိုက်ခံရခြင်းတစ်လုံးထိုး၊နောက်၃ရက်မြောက်မှာတစ်လုံး၊နောက်၇ရက်မြောက်နေ့မှာတစ်လုံး၊နောက်၁၄ရက်မြောက်နေ့မှာတစ်လုံး၊နောက် ၂၈ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်း၅လုံးထိုးရပါမယ်။

နောက်တစ်နည်းက စစခြင်းကာကွယ်ဆေး၂လုံးကိုတစ်ခါတည်းထိုးရပါမယ်။နောက်၇ရက်မြောက်နေ့မှာ တစ်လုံး၊နောက်၂၁ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်းဆေး၄လုံးထိုးရပါတယ်။ကြိုက်တဲ့နည်းနှင့်ထိုးလို့ရပါတယ်။လူကြီးဆိုရင် လက်မောင်း၊ကလေးဆိုရင် ပေါင်အရှေ့ဘက်ထိုးရပါမယ်။ကာကွယ်ဆေးထိုးနေတုန်း ခွေးမရူးကြောင်းသေချာသိရင် ဆေးထိုးတာကို ရပ်ချင်ပါကရပ်နိူင်ပါတယ်။

အဆင့်၃အတွက်ကတော့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးရော၊ကုသဆေး(RIG) (eg favirab,equirab)ပါထိုးဖို့လိုအပ်လာပါတယ်။ကာကွယ်ဆေးကတော့အဆင့်၂အတိုင်းကလိုပါပဲ။ကုသဆေးကတော့ ကိုယ်အလေးချိန်နှင့်တွက်ပြီးမှထိုးရပါတယ်။human RIGဆိုရင် 20IU/kg of body weightပါ၊Equine RIGဆိုရင် 40IU/kg of body weightပါ။ပုံမှန်အားဖြင့်လူကြီးဆိုဆေးနှစ်လုံး၊ကလေးဆိုဆေးတစ်လုံးကုန်လေ့ရှိပါတယ်။ဆေးကို ဒဏ်အတွင်းနှင့် ဒဏ်ရာပတ်လည်ကိုထိုးရပါတယ်။ပိုတဲ့ဆေးတွေကို ကာကွယ်ဆေးထိုးတဲ့နေရာနှင့်ဝေးတဲ့နေရာမှာ အသားဆေးထိုးရပါတယ်။ကာကွယ်ဆေးထိုးတဲ့နေရာဆန့်ကျင်ဖက်မှာထိုးရမှာပါ။

ခွေးကိုက်ခံရတဲ့ ဒဏ်ရာကို မလိုအပ်ပဲချုပ်လေ့မရှိပါဘူး။ချုပ်ဖို့လိုအပ်လာရင်လည်း RIGဆေးအရင်ထိုးပြီး နာရီအနည်းငယ်ကြာမှချုပ်ပါတယ်။

အရင်က ကာကွယ်ဆေးအပြည့်ထိုးဖူးတဲ့သူများ ခွေးပြန်အကိုက်ခံရပါကကာကွယ်ဆေးပဲပြန်ထိုးဖို့လိုအပ်ပါတော့တယ်။ အကိုက်ခံရခြင်းတစ်လုံး၊နောက်၃ရက်မြောက်နေ့မှာတစ်လုံး စုစုပေါင်း ၂လုံးပဲထိုးရတော့မှာပါ။

ဆေးတွေအားလုံးရဲ့စုစုပေါင်းတန်ဖိုးက အများသောအားဖြင့်၁သိန်းနီးပါးပဲကျပါတယ်။ကလေးဆို ၆သောင်း၊၇သောင်းပါ။ကျွန်တော့ဆရာတွေပြောသလိုပဲ ခွေးရူးပြန်ရောဂါဆိုတာ ခွေးအကိုက်ခံရတာနဲ့ ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးထား၊မဟုတ်ရင် ခွေးရူးပြန်ရောဂါလက္ခဏာ တစ်ခုပေါ်လာတာနဲ့ ရာနှုန်းပြည့်သေပါတယ်၊ကုသလို့မရသေးပါဘူးတဲ့......ဒါကြောင့်ခွေးအကိုက်ခံရပါကငွေ၁သိန်းကိုမမြင်ကြဘဲ ကာကွယ်ဆေးထိုးကြပါလို့တိုက်တွန်းပါရစေ ‌..

Crd    AP  Dr Zaw Win Moe👉ဒီရက်ပိုင်း မွေးကင်းစကလေးအသားဝါလူနာအတွက်သွေးလဲလှယ် ကုသခြင်း Exchange transfusion case တွေများလ...
20/03/2022

Crd AP Dr Zaw Win Moe

👉ဒီရက်ပိုင်း မွေးကင်းစကလေးအသားဝါလူနာအတွက်သွေးလဲလှယ် ကုသခြင်း Exchange transfusion case တွေများလာပါတယ်၊ Acute Bilirubin encephalopathy cases တွေလည်းများလာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်
ကိုယ်ဝန်ဆောင်မိခင်တယောက်က
မွေးကင်းစ ကလေး အသားဝါ ခြင်း အကြောင်း ကို စိုးရိမ်စွာနဲ့ ဆေးခန်းမှာ လာမေးပါတယ်
ပထမ ကလေး မွေးတုန်းက မွေးကင်းစကလေး အသားဝါခဲ့ပြီ အဆင်မပြေတာတွေဖြစ်ခဲ့ဖူးတော့ ယခု
ဒုတိယကလေး အတွက် လွန်စွာကြောက်လန့်နေပါတယ်

မွေးကင်းစကလေး
အသားမဝါအောင်
ဘယ်လိုကာကွယ်ရမလည်း ?
ဘယ်မှာမွေးရမလည်း?
ဘယ်လို မွေးသင့်လည်း ?
ဘယ်လို ကုသမူ
ခံယူသင့်သလည်း?

ရှင်းပြ ပေးလိုက်တာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

• မွေးကင်းစလေးအသားဝါခြင်းက မွေးကင်းစ ကလေးတွေမှာအဖြစ်များပါတယ်။

• မွေးကင်းစကလေး အသားဝါခြင်းက ကလေးငယ် အများစုမှာဖြစ်တတ်တဲ့အတွက် လွန်စွာမစိုးရိမ်ရပါ။ သို့သော်စနစ်တကျ စောင့်ကြည့်ကုသဖို့လိုပါတယ်။

• မွေးကင်းစကလေး အသားဝါခြင်းက မကူးစက်တတ်ပါ။

• မွေးကင်းစ ကလေး အသားဝါခြင်း ကို ကာကွယ်ရန်အတွက် အကောင်းဆုံး နည်းလမ်းက မိခင်နိ့ အကြိမ် များများ တိုက်ပေးဖို့လိုပါတယ်။ နိ့မူန့် နိ့ဗူး ကူပေးရန် တိုက်ပေးရန် မလိုအပ်ပါ။ မိခင်နိ့အား ကလေးဆာတိုင်းမကြာခဏ တိုက်ပေးပါ။

• ကလေးငယ်မွေးဖွားရန် သင့် တော်သောနေရာမှာ မိခင်နဲ့ကလေးငယ်အတွက် ကျန်းမာရေးစောင့်ရှောက်မူ အပြည့် အဝရသောနေရာတွင် မွေးဖွားပါ။

•မွေးကင်းစကလေးအသားဝါခြင်းကိုစောစောစီးစီးသိရှိရန်လိုအပ်ပါသည်၊ နောက်ကျမှ သိရှိပါက အသားဝါခြင်းကြောင့် နောက်ဆက်တွဲ ဦးနှောက်ထိခိုက်ခြင်းကို ဖြစ်စေပါသည်။

💥💥သတိထားရန် အချက်များမှာ💥💥

💥မိခင်ဆေးရုံမှ ဆင်းခွင့် ရသော်လည်း ကလေးငယ် အခြေနေ စိတ်ချမှဆင်းသင့်ပါတယ်။

💥ဆေးရုံမှစောစောပေးဆင်းထားပါကဆင်းပြီး ၂ရက်ကြာမှပြန်ပြပေးဖို့လိုအပ်ပါတယ်။ ကလေးငယ် အသားဝါခြင်း ရှိမရှိ စစ်ဆေး ဖို့ လိုအပ်ပါတယ်။

💥ကလေးငယ်အား မွေးပြီး ၇၂ နာရီမတိုင်ခင်း ပေးဆင်းထားပါက ကလေးငယ်အား အသားဝါခြင်းရှိမရှိ ထပ်မံစစ်ဆေးရန်အတွက် ကလေး အသက် ၃ရက်၊ ၅ရက်၊၇ရက်တွင် ပြန်လည် ပြသဖို့ လိုအပ်ပါတယ်။

💥အကယ်၍ ကလေးငယ် ဆေးရုံမှမဆင်းခင် အသားဝါဓာတ်ရှိနေပါက ဆေးကုသမူ သေချာခံယူပြီးမှ ဆင်းပါ၊ ဆေးရုံမှ ဆင်းပြီးလျှင်လည်း close follw up လိုအပ်ပါတယ်။

💥 ကလေး အသက်(၅)ရက် ကျော်သွားလို့ ၁ပတ်ကျော်သွားလို့ အသားဝါခြင်း စိတ်ချရတယ် မရှိပါ၊ ကလေး အသက် ၁၄ ရက်မတိုင်ခင်မှာလို အပ်ရင် လိုအပ်သလို ကြည့်ပေး နိင်ရန်အတွက် ပြပေးဖို့လိုအပ်ပါတယ်။

👉သန္ဓေပတ်မစေ့သောကလေး၊
👉မိခင်က အနုတ်သွေးအုပ်စု ၊ ကလေး က အပေါင်းသွေးအုပ်စု (Rh incompatibility)၊
👉မိခင်က O သွေးအုပ်စု ကလေးက တခြားသွေးအုပ်စု (ABO incompatibility)၊
👉ကလေးငယ်တွင် G6PD enzyme ချို ့တဲ့ ခြင်း ရှိနေပါက အသားဝါ ခြင်း ပြင်းထန်ပါသည်၊
ထို့သို အခြေနေ များတွင် ထိရောက်သော ကုသမူကို ခံယူ ရန်လိုအပ်ပါသည်။ စိတ်ချရသော အခြေနေ ရောက်မှသာ လျှင် ဆေးရုံမှ ဆင်းရပါမည်။

•ABO မဟုတ်G6PD မဟုတ်တိုင်းစိတ်ချရတာမဟုတ်ပါ၊ မွေးကင်းစ ကလေး အသားဝါခြင်းကို ဖြစ်စေနိင်သော တခြား causes တွေရှိပါသည်ကို သတိထား ရန် လိုအပ်ပါသည်။

• အရေးပေါ်မဟုတ်ပဲ ရက်ချိန်းဖြင့် ခွဲမွေးပါက
(Elective LSCS ) Late Prematurity ဖြစ်ဖို့ အခွင့်ရေး
ရှိပါသည်။ ထိုကလေးငယ် များတွင် အသားဝါခြင်းဖြစ်ပါက သတိထား၍ ကုသမူခံယူရန်လိုအပ်ပါသည်။

• ဆေးရုံမှ ကလေး အသက် (၄)ရက်တွင် ဆင်းပြီး (၁)ပတ်အကြာမှ သွားရောက်ပြသပါက နောက်ကျ နိင်ပါသည်၊
ကလေးငယ် တွင် အသားဝါဓာတ်မြင့်မားနေသည် ကို နောက်ကျစွာ သိရှိနိင်မည်ဖြစ်ပါသည်၊ ဆေးရုံမှဆင်းပြီး စောစော ပြသပေးရန်လိုအပ်ပါ သည်။

• ကလေးငယ်တွင် အောက် ဖော်ပြပါ အခြေနေ ဖြစ်ပါက
ဆေးရုံသို့ ချက်ချင်းပြသ ပေးရန်လိုအပ်ပါသည်။

#ကလေးနိ့ကောင်းစွာမစို့လျှင်
#အသားဝါပိုလာသည်ဟုထင်လျှင်
#ကလေးမျက်စိဝါလျှင်
#ကလေး_ဗိုက်_လက်မောင်း_ခြေထောက်ထိဝါလျှင်
#ကလေးငိုသံပြောင်းပြီအာခေါင်းခြစ်ငိုလျှင်
#ကလေး_အခြေနေပုံမှန်မဟုတ်ဟုယူဆလျှင်
နီးစပ်ရာ ဆေးရုံသို့အမြန်ဆုံးပြပေးပါ။

🥰ကလေး လေး တွေ ကိုယ်ခံအား ကောင်းစေဖို့ အားဆေး လေးတွေ ရောက်ပါတယ် ရှင့်
23/02/2022

🥰ကလေး လေး တွေ ကိုယ်ခံအား ကောင်းစေဖို့ အားဆေး လေးတွေ ရောက်ပါတယ် ရှင့်

Address

Hmawbi

Telephone

+959760113685

Website

Alerts

Be the first to know and let us send you an email when Aye Thukha Child Clinic, Pharmacy and Child Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Thukha Child Clinic, Pharmacy and Child Accessories:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category