Aye Thukha Child Clinic, Pharmacy and Child Accessories

Aye Thukha Child Clinic, Pharmacy and Child Accessories ကျန်းမာရေးနဲ့ပတ်သတ်၍မေးမြန်းနိုင်?

Dodo Love အသီးစုတ်ချိုလိမ်လေးတွေ ရပါပြီနော် 🍉🍇🍓🍌🍓အသီးလေးတွေစကျွေးရင် နင်မှာစိုးလို့ အသီးစုတ်ချိုလိမ်လေးထဲထည့်ကျွေးလို့ရတ...
10/02/2023

Dodo Love အသီးစုတ်ချိုလိမ်လေးတွေ ရပါပြီနော် 🍉🍇🍓🍌

🍓အသီးလေးတွေစကျွေးရင် နင်မှာစိုးလို့ အသီးစုတ်ချိုလိမ်လေးထဲထည့်ကျွေးလို့ရတယ်နော်😋

🍓အဖုံးလေးနဲ့မို့ အပြင်သွားလဲအိတ်ထဲထည့်သွားလို့ရတယ်

🍓အသီးလေးတွေကိုအအေးခံပြီးကျွေးရင် သွားပေါက်တဲ့အချိန်ဆိုအေးအေးလေးကိုက်လို့ကောင်း😋

🍓 BPA free မို့စိတ်ချကျွေးလို့ရပါတယ်ရှင့်

💰 5500/-

Dodolove child accessories ပစ္စည်း လေးများကို မှော်ဘီမြို့ #အေးသုခစတိုး တွင် ဝယ်ယူရရှိနိုင်ပါပြီရှင့်

နာမည်ကြီး  's Bed Time Lotion  ညဘက် Stress တွေပိပြီးအိပ်မပျော်ရင်ဒါလေး လူးအိပ်နော် အနံ့သင်းသင်းလေးနဲ့ ကလေးလူကြီးလိမ်းလို...
05/02/2023

နာမည်ကြီး 's Bed Time Lotion

ညဘက် Stress တွေပိပြီးအိပ်မပျော်ရင်
ဒါလေး လူးအိပ်နော်
အနံ့သင်းသင်းလေးနဲ့ ကလေးလူကြီးလိမ်းလို့ရပါတယ်
သားသားမီးမီးလေးတွေညဘက်ကိုယ်လက်သန့်စင်ပြီးလိမ်းပေး ကောင်းကောင်းလဲအိပ်ပျော်စေတယ်
မေမေတွေပါ ညဘက်လေးလိမ်းအိပ်နော်
အရမ်းကောင်းတာလေးပါရှင်
ကုန်တိုက်ပစ္စည်းစစ်စစ်လေး စျေးချတုန်း အမုန်းသုံးရတာလေးယူထားပါရှင်

500 ml တစ်ဘူး 17000

လေးဘက်တွားသွားတဲ့ဘေဘီလေး ဒူးတွေပွန်းမှာစိုးရိမ်နေပြီလား?ချောလဲမချောစေတဲ့အဖုလေးတွေပါတဲ့ဒူးကာလေးရှိတယ်နော်❣️❣️☁️ ချည်သားလေ...
04/02/2023

လေးဘက်တွားသွားတဲ့ဘေဘီလေး ဒူးတွေပွန်းမှာစိုးရိမ်နေပြီလား?
ချောလဲမချောစေတဲ့အဖုလေးတွေပါတဲ့ဒူးကာလေးရှိတယ်နော်❣️❣️

☁️ ချည်သားလေးနဲ့ ကပ်ခွာနဲ့မို့ ဘေဘီလေးရဲ့ပေါင်လုံးဆိဒ်အတိုင်းဝတ်ပေးလို့ရလို့သက်တောင့်သက်သာရှိစေမှာပါ

In Stock ❣️❣️
💰 7000 /- ( ၂ ခုပါ)
အပြာ, ပန်းရောင်ရပါမယ်

𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 thailand brand ကနေ product အစုံကို #အေးသုခစတိုး တွင် လက်လီလက္ကားအားပေးနိုင်ပါပြီရှင်🤗

ခြင်တွေတဝီဝီနဲ့ အနားမှာမဝဲနိုင်ပဲ ဝေးဝေးဒိုးရအောင် 𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 ခြင်မကိုက်စတစ်ကာလေး လာပြီနော် 🦟  🦟 🌿စပါးလင်အဆီနဲ့လုပ်ထားပြီ...
31/01/2023

ခြင်တွေတဝီဝီနဲ့ အနားမှာမဝဲနိုင်ပဲ ဝေးဝေးဒိုးရအောင် 𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 ခြင်မကိုက်စတစ်ကာလေး လာပြီနော် 🦟 🦟

🌿စပါးလင်အဆီနဲ့လုပ်ထားပြီး အနံ့ကအစ chemical လုံးဝမပါလို့ဘေဘီလေးတွေအတွက်စိတ်ချသုံးလို့ရပါတယ်

🌿ကပ်ခွာလေးကပ်ထားရုံနဲ့ ခြင်တွေအနားမလာအောင် ၆ နာရီကျော် ကာကွယ်ပေးမှာနော်

🌿အင်္ကျီ, မွေ့ယာ, stroller အစရှိတဲ့ ဘေဘီလေးအသုံးပြုတဲ့ပစ္စည်းတွေပေါ်မှာကပ်လို့ရပါတယ်

🌿အသားပေါ်မှာကပ်ရတာမဟုတ်လို့ sensitive ဘေဘီလေးတွေကအစ အိုကေတယ်နော်

🌿ခရီးသွားတဲ့အခါအတွက်ကော..နေ့စဥ်သုံးဖို့အတွက်ကော အရမ်းအသုံးဝင်တာလေးမို့ အခုပဲ အော်ဒါတင်လိုက်တော့မေမေရေ

💰5500/-
တဘူး မှာ ချစ်စရာ Dodo Love မိုမိုအရုပ်စတစ်ကာလေး ၆ ခုပါပါတယ်

𝐃𝐨𝐝𝐨 𝐋𝐨𝐯𝐞 Thailand brand လေး တွေ ကို
#အေးသုခစတိုး မှာ ဝယ်ယူရရှိနိုင်ပါတယ် ရှင့်

Baby လေး တို့ အတွက် Babi Mild ရဲ့ Head to Toe Washရေချိုးဆပ်ပြာလိုရော ၊ ခေါင်းလျော်ရည် လိုရော အသုံးပြုလို့ရပါတယ် ရှင့် ဘ...
31/01/2023

Baby လေး တို့ အတွက် Babi Mild ရဲ့ Head to Toe Wash
ရေချိုးဆပ်ပြာလိုရော ၊ ခေါင်းလျော်ရည် လိုရော အသုံးပြုလို့ရပါတယ် ရှင့်

ဘူးကြီး ကို မှ သောင်းမကျော်တဲ့ဈေး လေးနဲ့ တကယ်တန်တယ် နော်

အနံ့ 3 မျိုး ရနိုင်ပါမယ်
တစ်ဘူး 9500

Waiting for 5 days

20/08/2022

🥰 ပြသလိုသော ကလေးလူနာများအတွက် အဆင်ပြေစေရန် ပြောင်းလဲ ထားသော ဆေးခန်း ဖွင့်ချိန် နှင့် ပြသနိုင်သော ဆေးခန်း များအား အသိပေးထား လိုပါတယ် ရှင့်

#အေးသုခ ကလေး‌ ဆေးကုခန်း
အမှတ်(၄) ရပ်ကွက် ၊(၃) လမ်း
မှော်ဘီ
09421083174

နေ့စဉ် .. ညနေ (4) - (7) နာရီ

စနေ၊ တနင်္ဂနွေ .. မနက် (9) - (11) နာရီ

#တနင်္ဂနွေညနေပိုင်း_ဆေးခန်းပိတ်ပါသည်

အခြား ပြသနိုင်သောနေရာများ

👉အဓိကဆေးခန်း
ရုံးပေါက် လမ်း၊ တပ်ကြီးကုန်း
09780355355
စနေ၊ တနင်္ဂနွေ .. နေ့လည် ၁၁ နာရီ
အင်္ဂါ ၊ ကြာသပတေး .. ညနေ 3နာရီခွဲ

👉မှော်ဘီအထူးကုဆေးခန်း
ကား‌လေးဂိတ်
09401040835
စနေ၊ တနင်္ဂနွေ .. နေ့လည် ၁‌၁ နာရီ ခွဲ

😰သွေးလွန်တုပ်ကွေးတွေ လည်း နေ့စဉ် တွေ့နေရသလို 😰ရာသီတုပ်ကွေး ကလည်း ပြင်းထန်နေဆဲ ပါ😰ကလေးငယ် တွေ မှာ ချောင်းဆိုး ၊ရင်ကျပ် ၊ ...
28/06/2022

😰သွေးလွန်တုပ်ကွေးတွေ လည်း နေ့စဉ် တွေ့နေရသလို

😰ရာသီတုပ်ကွေး ကလည်း ပြင်းထန်နေဆဲ ပါ

😰ကလေးငယ် တွေ မှာ ချောင်းဆိုး ၊ရင်ကျပ် ၊ နမိုးနီးယား အဆုတ်ရောင် တွေ လည်း များလှ တဲ့ ရာသီ အကူးအပြောင်း အချိန် အခါမို့ မိမိ ကလေး ငယ်များကို အထူးဂရုစိုက်ကြပါနော်

💥💥အမေးများတဲ့မေးခွန်း >>>>COVID ကာကွယ်ဆေး နဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး ဘယ်လောက် ခြားပြီးထိုးရမလဲ ?✅အဖြေ >>> တချိန်တည်း ထိုး...
09/06/2022

💥💥အမေးများတဲ့မေးခွန်း >>>>
COVID ကာကွယ်ဆေး နဲ့ ရာသီတုပ်ကွေးကာကွယ်ဆေး ဘယ်လောက် ခြားပြီး
ထိုးရမလဲ ?

✅အဖြေ >>> တချိန်တည်း ထိုးလျှင် Immunogenicity အရ safeဖြစ်သော်လည်း ကာကွယ်ဆေးထိုးပြီး ဖြစ်နိုင်ခြေရှိသော နောက်ဆက်တွဲပြသနာများ ပိုမိုခံစားရမည် စိုး၍ အနည်းဆုံး (၁၄)ရက် ခြား၍ ထိုးသင့်ပါသည်။

Crd .. Dr Naw

⚠မိုးဦးကျ သွေးလွန်တုပ်ကွေးရောဂါ သတိထားကြပါ⚠သွေးလွန်တုပ်ကွေး ရောဂါအကြောင်း( Dengue Hemorrhagic Fever )===================...
23/05/2022

⚠မိုးဦးကျ သွေးလွန်တုပ်ကွေးရောဂါ သတိထားကြပါ⚠

သွေးလွန်တုပ်ကွေး ရောဂါအကြောင်း
( Dengue Hemorrhagic Fever )
=====================

▪️ သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ
ဘာလဲ ?

✅သွေးလွန်တုပ်ကွေးရောဂါဆိုသည်မှာ ကလေးများတွင်အဖြစ်များသော ခြင်မှတဆင့် ကူးစက်တတ် သည့် ရောဂါတစ်မျိူးဖြစ်ပါသည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ကလေးများ၏အသက်ကိုအဓိက ဒုက္ခပေးနေသော ရောဂါ တစ်မျိူးလည်း ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်မူ ခြင်မရှိသောကြောင့် မတွေ့ရတော့ပါ။

▪️သွေးလွန်တုပ်ကွေးရောဂါဟာ
ဘာ့ကြောင့် ဖြစ်ရတာလဲ ?

✅သွေးလွန်တုပ်ကွေး virus ကြောင့်ဖြစ်ပါသည်။ ယင်း virus သည် ခြင်ကိုက်​​ခြင်း မှတဆင့် လူ၏ သွေးထဲ သို့ကူးစက်ခြင်းဖြစ်ပါသည်။ သွေးလွန်တုပ်ကွေး virus အမျိူးအစား လေး မျိူးရှိပါသည်။

▪️ ဘယ်လိုနည်းတွေနဲ့ ကူးစက်တတ်ပါသလဲ.?

✅သွေးလွန်တုပ်ကွေး ရောဂါပိုးကို သယ်ဆောင်ထားသော ခြင်ကိုက်သောကြောင့် ဖြစ်ပါသည်။ Aedes ခြင် အမျိုးအစားဖြစ်ပါသည်။ နေ့ဘက်တွင်ကိုက်တတ်ပြီး နေအိမ်ရှိ အလင်းရောင်ကွယ်သော နေရာများတွင် ပုန်းခိုနေတတ်ပါသည်။

▪️ရောဂါဖြစ်လာရင် ဘာလက္ခဏာတွေ
ပြတတ်ပါသလဲ?

✅သွေးလွန်တုပ်ကွေး ရောဂါတွင် အဆင့် (၄)ဆင့ ရှိပါသည်။

➡️ အဆင့်(၁) သည် သာမန် တုပ်ကွေးမိသကဲ့သို့သာ ဖျားပြီး နေပြန်ကောင်းသွားတတ်သည်။ လက်မောင်း တွင် သွေးပေါင်ချိန်တိုင်းသော ကိရိယာဖြင့် ငါးမိနစ်ခန့် ခပ်တင်းတင်း စည်းထားပါက အနီအစက် အပျောက်များ ပေါ်လာသည်ကိုတွေ့ရတတ်ပါသည်။ ၎င်းကို Hess test ဟုခေါ်ပါသည်။

➡️ အဆင့်(၂) တွင် အဖျားပိုကြီးလာသည့်အပြင် coffee ရောင်များအန်ခြင်း၊ သွားဖုံးသွေးယိုခြင်း ၊ နှာခေါင်းသွေး လျှံခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း များဖြစ်တတ်ပါသည်။

➡️ အဆင့်(၃) တွင် အထက်ပါ လက္ခဏာများအပြင် ကလေးအရမ်းမှိန်းလာခြင်း၊ သတိလစ်သွားခြင်း၊ ခြေဖျား လက်ဖျားများ အေးစက်လာခြင်း များဖြစ်တတ်ပါသည်။ ၎င်း လက္ခဏာများသည် ကလေးတွင် shock (သွေးလန့်ခြင်း) ရတော့မည့် လက္ခဏာများဖြစ်ပါသည်။

➡️ အဆင့် (၄) တွင် သွေးပေါင်ချိန်နှင့်သွေးခုန်နှုန်း တိုင်းလို့မရတော့ဘဲ သွေးလန့်ခြင်းအဆင့် သို့ ရောက်သွား တတ်ပါသည်။

အဆင့်လေးဆင့်ရှိသော်လည်း ကလေးတိုင်းတွင် အဆင့်တစ်မှ လေးအထိဖြစ်မည်ဟု မဆိုလိုပါ။

အချို့ကလေးများတွင် အဆင့်တစ်သာဖြစ်၍ အချို့ ကလေးများတွင် အသက်သေဆုံးသည် အထိ ဖြစ်တတ် ပါသည်။

အဆင့်တစ်ရောဂါရှိသောကလေးသည် ရုတ်တရက် အဆင့်သုံး/လေးသို့ ခုန်သွားတတ်ပါသည်။

ထို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပါက မပေါ့ဆသင့်ဘဲကလေးငယ် ကို သေသေချာချာ ပြုစုစောင့် ကြည့် ရမည်ဖြစ် ပါသည်။

သွေးလွန်တုပ်ကွေးရောဂါတွင် ကြောက်စရာအကောင်းဆုံးမှာ shock ပင် ဖြစ်ပါသည်။ ကလေးသည် ၅ ရက်မှ ၇ ရက် အထိ ဖျားတတ်ပြီး တုပ်ကွေး၏လက္ခဏာများကို ပြသပါလိမ့်မည်။ shock ရပါက ၃ ရက် မှ ၅ ရက် အတွင်းရတတ်ပြီး မိဘများက ကလေးကိုယ်ပူကျသွားသောကြောင့် ပေါ့ဆ သွားတတ်ရာ အန္တရာယ် များလှပါသည်။ ကလေးမှာ အမှန်စင်စစ် ကိုယ်ပူကျသွားခြင်းမဟုတ်ဘဲ shock ရသွားခြင်းဖြစ်သောကြောင့် ထိုရက်များတွင် ကလေးကို အထူးဂရုစိုက်ရမည် ဖြစ်ပါသည်။ ကလေးကို စောင့်မကြည့်တတ် ပါက ဆေးရုံ သို့သာခေါ်ဆောင်သွားစေလိုပါသည်။

💥💥💥ဘယ်လိုလက္ခဏာတွေပြရင် ကလေးကို​​ဆေးရုံတင်သင့်​ပါသလဲ.?

✅ကလေးကိုယ် အရမ်းပူခြင်း – ကိုယ်ပူ ရှိန်ကြောင့် ကလေး တက်သွား တတ်ပါသည်။ ကလေး အရမ်းမှိန်းခြင်း – shock ရချင်သောလက္ခဏာဖြစ် ပါသည်။ ကလေးက ကော်ဖီရောင်များအန်ခြင်း၊ ၀မ်းမည်းမည်းများသွားခြင်း ဖျားပြီး သွားဖုန်းသွေးယို​ ခြင်း နှာခေါင်းသွေးလျှံခြင်း ...တို့ဖြစ်လျှင် ဆေးရုံ ပြသင့်ပါသည်။

💥💥ဘယ်အချက်တွေကို ရှောင်ကြဉ်သင့်ပါသလဲ.?

၁/ ကလေးကိုယ်ပူနေပါက ထူထဲသော အ၀တ်အစားများကို ၀တ်ဆင်ပေးခြင်း – ကိုယ် ပိုပူလာတတ်သည်။

၂/ အာဟာရပြည့်ဝအောင်မကျွေးဘဲ ဆန်ပြုတ် ခေါက်ဆွဲပြုတ်သာ ကျွေးခြင်း။

၃/ မက်ကလောင်ဖောက်ခြင်း –
မက်ကလောင်ဖောက်သော နေရာမှ ရောဂါပိုး၀င်ပြီး သွေးလွန်တုပ်ကွေးရောဂါနှင့် မသေဘဲ သွေးဆိပ်တက်သောကြောင့် သေရသော ကလေးပေါင်း များစွာ ရှိခဲ့ဖူး ပါသည်။

၄/ အညိုရောင် ရှိသော အစားအစာများ ဥပမာ coffee, milo, ovaltine တို့ကို မတိုက်ကျွေးပါနှင့် – ကလေးသွေးအန် ပါက သွေးအရောင်နှင့် ခွဲခြင်းရခက်ခြင်းကြောင့်ဖြစ်ပါသည်။

💥သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင်ကာကွယ်နိုင်ပါသလား.?

✅"Dengue Vaccine" သွေးလွန်တုပ်ကွေးကာကွယ်ဆေး မြန်မာပြည်တွင် မရနိုင် သေးပါ.!

သို့ပါသောကြောင့် ကလေးငယ်များကို ခြင်မကိုက်အောင် အတတ်နိုင်ဆုံး ကာကွယ်ရ မည် ဖြစ်ပါသည်။

မိမိနေအိမ်နှင့်ပတ်ဝန်းကျင်ရှိ ရေတင်ကျန်နိုင်သောပစ္စည်း များကို ခြင်လောက်လန်းပေါက်ပွားမှုမရှိအောင် "ဖုံး၊ သွန်၊ လဲ၊ စစ်" လုပ်ပေးရပါမည်။

Credit #

အချိုမှုန့် အကြောင်း သိကောင်းစရာ 💥💥အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate (MSG) ဟုခေါ်သည့် ဒြပ်ပ...
06/05/2022

အချိုမှုန့် အကြောင်း သိကောင်းစရာ 💥💥

အချိုမှုန့်ဆိုသည်မှာ ဓာတုဗေဒနာမည်အားဖြင့် Monosodium glutamate (MSG) ဟုခေါ်သည့် ဒြပ်ပေါင်းတစ်ခု ဖြစ်သည်။ Glutamic Acid လို့ခေါ်သော Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်လျှင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်များ၏ အရသာကို ဓာတုနည်းနှင့် လျှာပေါ်တွင် ဆပွားတိုးပေးလိုက်ခြင်း ဖြစ်သည်။

အချိုမှုန့် စားသုံးမှု ဆိုးကျိုး

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးသော အင်ဆူလင်ဟော်မုန်း (Insulin)၏ လုပ်ငန်းဆောင်တာတွင် အနှောင့်အယှက်တစ်ရပ် ဖြစ်၍ ဆီးချိုဖြစ်စေရန် ကောင်းကောင်း အထောက်အကူပြုပါသည်။

(၂) အစာ အလွန်အကျွံစားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို၊ အဝလွန်ခြင်းကို တားဆီးပေးသော ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖြစ်စေသည်။ အဝလွန်ခြင်း ဖြစ်လာလျှင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စသည့် ရောဂါများပါ ရလာနိုင်သည်။

(၃) ဦးနှောက်ဆဲလ်များကို မြန်မြန် ပျက်စီးယိုယွင်း စေပါသည်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်သော ရောဂါများ ဖြစ်စေရန် အလားအလာ အရမ်း များစေပါသည်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားသော ကလေးများမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါသည်။

(၄) ဂျာမနီနိုင်ငံတွင် အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်များ၊ ဥပဒေများ ထုတ်ခဲ့ရဖူးပါသည်။ အချိုမှုန့် စားသော ကိုယ်ဝန်ဆောင်များမှ မွေးလာသည့် ကလေးများသည် အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း၊ (Insulin-resistant) မွေးရာပါ ဖြစ်လာခြင်း တွေ့ရပါသည်။

ထို့ကြောင့် ထိုကလေးများသည် ကြီးလာလျှင် ဆီးချိုဖြစ်ရန် သေချာသလောက် ဖြစ်ပါသည်။ ထိုအချက်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေသော အချက်များထဲမှ တစ်ခု အပါအဝင် ဖြစ်သည်။

(၅) အချိုမှုန့်စားသော ကိုယ်ဝန်ဆောင် မိခင်များမှ မွေးလာသော ကလေးများ၏ medulla oblongata, thalamus, or hypothalamus ဆိုသည့် ဦးနှောက် အစိတ်အပိုင်းများတွင် ရှိသော အာရုံကြောဆဲလ်များကို ပျက်စီးစေပါသည်။

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်း ဖြစ်နိုင်ပါသည်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါသည်။ ထိုရောဂါစုသည် အချိုမှုန့် လွန်ကဲစွာပါသော အစားအသောက် စားပြီးပြီးချင်းတွင် မျက်နှာ၊ လည်ပင်းနှင့် တစ်ကိုယ်လုံးတွင် အနီစက်များ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာတွင် တင်းကျပ်စွာ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့် လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်းများ ဖြစ်စေသည်။ အချိုမှုန့်နှင့် ဓာတ်မတည့်သည့် ရောဂါ ဖြစ်သည်။

(၇) ပန်ကရိယ ခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်းကလီစာ တစ်ခုခု ယောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါသည်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

ဘယ်လို လျော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ဝယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

09/04/2022

👍ကမ္ဘာကျန်းမာရေးအဖွဲ့ WHO မှ အသိအမှတ်ပြုထား‌ေသာ ပြင်သစ်နိုင်ငံ Sanofi Pasteur Company မှ ထုတ်တဲ့ မိုးရာသီ #တုပ်ကွေးကာကွယ်ဆေး 𝐕𝐚𝐱𝐢𝐠𝐫𝐢𝐩𝐓𝐞𝐭𝐫𝐚 𝟐𝟎𝟐𝟐 လက်လီ/ လက်ကားဝယ်ယူနိုင်ပါပြီရှင့်

🥰ဆေးရုံ ၊ ဆေးခန်းများ နှင့် ဆရာ ၊ ဆရာမများအတွက် လက်ကားဈေး သီးသန့်ရှိပါမယ်ရှင့်

🏭ကုမ္ပဏီများ ၊ စက်ရုံ ၊အလုပ်ရုံများအတွက်လည်း ဈေးနှုန်းသက်သာစွာနှင့် လိုက်လံထိုးနှံပေးမှာ ဖြစ်ပါတယ်ရှင့်

VAXIGRIP TETRA မှာ ပါဝင်တဲ့ strain အမျိုးအစားတွေကတော့

1. A/Victoria/2570/2019(H1N1)pdm09-like strain
2. A/Darwin/9/2021(H3N2)-like strain
3. B/Austria/1359417/2021 -like strain
4. B/Phuket/3073/2013-like strain စတဲ့ တုပ်ကွေး ပိုး (၄) မျိုး ကို ကာကွယ်နိုင်ပါတယ် ရှင့်

ရန်ကုန် မြို့တွင်း ၊ နယ်ဝေး များကို စိတ်ချရသော Cold chain စနစ်ဖြင့် ပို့ဆောင်ပေးလျက်ရှိပါတယ် ရှင့်

09421083174
09660050150
09448044997

Send a message to learn more

Address

Hmawbi

Telephone

+959760113685

Website

Alerts

Be the first to know and let us send you an email when Aye Thukha Child Clinic, Pharmacy and Child Accessories posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Thukha Child Clinic, Pharmacy and Child Accessories:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category