မင်းသုခ ဆေးခန်းနှင့်ဆေးဆိုင်

  • Home
  • Myanmar
  • Hmawbi
  • မင်းသုခ ဆေးခန်းနှင့်ဆေးဆိုင်

မင်းသုခ ဆေးခန်းနှင့်ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မင်းသုခ ဆေးခန်းနှင့်ဆေးဆိုင်, Medical and health, ညောင်နှစ်ပင်လမ်း, Hmawbi.

📌"တနင်္ဂနွေနေ့တိုင်း ဆေးအလှူ"📌🌟 ယခုလာမည့် တနင်္ဂနွေနေ့မှ စတင်၍ "မင်းသုခဆေးခန်း" တွင် ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် နွမ်းပါး...
18/09/2024

📌"တနင်္ဂနွေနေ့တိုင်း ဆေးအလှူ"📌

🌟 ယခုလာမည့် တနင်္ဂနွေနေ့မှ စတင်၍ "မင်းသုခဆေးခန်း" တွင် ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် နွမ်းပါးလူနာတို့အား အခမဲ့ဆေးကုသပေးခြင်း၊ ဆီးချို‌၊သွေးချိုစစ်ဆေးပေးခြင်းနှင့် ဆေးဝါးလှူဒါန်းခြင်း ကုသိုလ်တို့ကို အပတ်စဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးလိုက်ရပါတယ်ရှင့်....
🩺💊💉

🚨 အခုအချိန်ဟာ ရာသီအကူးအပြောင်းမို့ တုပ်ကွေးအဖြစ်များတဲ့ကာလ ဖြစ်‌ပါသည်။ ထို့ကြောင့် ကိုယ်ခံအားတက်စေသော Vitamin C 500mg ပါ၀င်သည့် Novacee အားဆေးအား 29.9.24 ရက်နေ့ မနက်8နာရီမှ ညနေ6နာရီအတွင်း လူနာတဦးလျှင် 5လုံးစီ ပေးလှူသွားပါမည် 👍👍👍

✨အလှူပေးသူ၊ အလှူခံသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင်….🙏🙏🙏
#မင်းသုခဆေးခန်း
#မှော်ဘီမြို့

🙏 ဝါတွင်းကာလ ဆေးအလှူ 🙏ခုတစ်လော ဆေးပြတ်နေလို့ ၀ယ်ရခက်တဲ့အပြင် ဈေးကြီးပေး၀ယ်ရတဲ့ AnNa တကတ်လှူပါမယ်။ စက္ကူဘူးခွံမရှိတော့ပါ။...
11/08/2024

🙏 ဝါတွင်းကာလ ဆေးအလှူ 🙏

ခုတစ်လော ဆေးပြတ်နေလို့ ၀ယ်ရခက်တဲ့အပြင် ဈေးကြီးပေး၀ယ်ရတဲ့ AnNa တကတ်လှူပါမယ်။ စက္ကူဘူးခွံမရှိတော့ပါ။ Date လည်းကောင်းပါတယ်။ နို့တိုက်မိခင် သောက်လို့မရပါဘူးရှင့်။

✨ လိုအပ်သူများ သောက်လက်စဆေးပုံကို ရိုက်ပြီး Page messagerမှာ ပေးပို့၍ အလှူခံနိုင်ပါတယ်ရှင့်။ (Privacy အတွက်ပါရှင့်)***

🌟 တကယ်လိုအပ်သူများ သိနိုင်အောင်လို့ Postကို Share ပေးကြပါအုံးနော် 😍

15.8.24 (ကြာသပတေး) နေ့မှာ လိုအပ်သူတွေထဲက တစ်ယောက်ကို Random ရွေးပြီး လှူပေးပါမယ်။
အားလုံးကျန်းမာပျော်ရွင်ကြပါစေ ♥️♥️♥️

#မင်းသုခဆေးခန်း
#မှော်ဘီ
pills

  ဆေးကုန်သွားပါပြီ✨ဒီPage လေးကို ပြန်စသုံးဖြစ်တဲ့အနေနဲ့ Promotion လေးလုပ်ပေးပါရစေ🎉💊" ဘယ်ဆိုင်မှာမှ ရှာမရဘူး။ ပစ္စည်းပြတ်...
09/08/2024

ဆေးကုန်သွားပါပြီ

✨ဒီPage လေးကို ပြန်စသုံးဖြစ်တဲ့အနေနဲ့ Promotion လေးလုပ်ပေးပါရစေ🎉

💊" ဘယ်ဆိုင်မှာမှ ရှာမရဘူး။ ပစ္စည်းပြတ်နေလို့" ဆိုတဲ့အသံပဲကြားနေရတဲ့ Lydia Lacta နဲ့ Lydia fine ဆေးလေးတွေကို တကတ်လျှင် 2500ကျပ်နဲ့ ယူပါနော်။ တယောက်လျှင် တဘူးနှုန်းဖြင့် စုစုပေါင်း ၁၀ယောက်ရောင်းပေးပါမယ်ရှင့်...တချို့ဆိုင်တွေမှာ တကတ်ကို၅၀၀၀ကနေ ၁၄၀၀၀အထိ ရောင်းကြပါတယ်နော်...

🌟 ဆေးခန်း Page လေးကိုတော့ like & share လေးတော့ လုပ်ထားပေးရပါမယ်ရှင့် 👍

🌟 အကုန်မြန်လို့ cb မှာ မြန်မြန်လာဦးထားလိုက်တော့နော် ....

ဆိုင်လိပ်စာ - သံသရာငြိမ်းအေးဘုရားအနီး၊ ညောင်နှစ်ပင်လမ်း၊ ဆပ်သွားတောအုပ်စု၊ မှော်ဘီမြို့

အစားအသောက်ရွေးစားတဲ့အခါ  calorie ကိုတွက်ချက်စားပါ။🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။စမူဆ...
23/08/2023

အစားအသောက်ရွေးစားတဲ့အခါ calorie ကို
တွက်ချက်စားပါ။
🥚ကြက်ဥပြုတ်က 80 cal ပဲရှိပေမယ့်
🍳ကြက်ဥကြော်ကြတော့ 219 cal ရှိပါတယ်။
စမူဆာ ၃ခုမှ 91 cal ရှိပေမယ့်
အီကြာကွေးကြတော့ 314 cal ပါ။

စားတော့မယ်ဆို ဒီ ဇယားလေး ကြည့်ကြည့်ပီး
cal တွက်ချက်စားပါ 😊😊😊

ဥပမာ- လူတယောက်က ပေါင် ၁၅၀ ရှိတယ်ဆိုရင်
သူစားဖို့ လိုအပၲတဲ့ cal က 3000 cal ပါ။
အဲ့ လိုအပ်တဲ့ 3000 cal အစား 1000 cal လျှော့ပီးတစ်ရက် 2000 cal တွက်ချက်စားရင် weight က တဖြေးဖြေး ကျကို ကျပါတယ်။
ကိုယ်စားတဲ့ အစားအသောက်ကို
cal တွက်ချက်စားခြင်းဖြင့်
ဝိတ်လျှော့ကြရအောင် 😍

ကယ်လိုရီတန်ဖိုးများ
----------------------
🍯🥔🍠ကစီဓာတ်( carbohydrate)🍠🥔🍯
ထမင်း(ပန်းကန်လုံးတလုံးစာ)- ၂၀၀ ကယ်လိုရီ
ခေါက်ဆွဲခြောက်တထုပ် - ၂၀၀ ကယ်လိုရီ
ပြောင်းဖူးတဖူး - ၁၃၀ ကယ်လိုရီ
အာလူးတလုံး - ၇၀ ကယ်လိုရီ
ပေါင်မုန့်တချပ် - ၃၀ ကယ်လိုရီ
ချပါတီတချပ် - ၈၀ ကယ်လိုရီ
နံပြားတချပ် - ၉၀ ကယ်လိုရီ
cracker - ၁၆ ကယ်လိုရီ
ကိတ်မုန့်တလုံး(အရှည်) - ၂၄၀ ကယ်လိုရီ
မုန့်တီတပွဲ - ၃၀၀ ကယ်လိုရီ
သကြား(လက်ဖက်ရည်တဇွန်း) - ၁၆ ကယ်လိုရီ
ပျားရည်(လက်ဖက်ရည်တဇွန်း)- ၂၁ ကယ်လိုရီ

🥩🍗🍖အသားဓာတ် (protein)🍖🍗🥩
ကြက်ပေါင် - ၁၃၅ ကယ်လ်ုရီ
ကြက်ရင်အုပ် - ၁၆၅ ကယ်လိုရီ
ဝက်သား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
အမဲသား(လက်တဖဝါးစာ) - ၂၅၀ ကယ်လိုရီ
ဘဲသား(လက်တဖဝါးစာ) - ၃၃၀ ကယ်လိုရီ
ဆိတ်သား(လက်တဖဝါးစာ) - ၂၁၀ ကယ်လိုရီ
ငါးကြင်းတကောင် - ၂၈၀ ကယ်လိုရီ
ငါးခူးတကောင် - ၁၁၀ ကယ်လိုရီ
ကြက်ဥတလုံး - ၈၀ ကယိလိုရီ
ငုံးဥတလုံး - ၁၅ ကယ်လိုရီ

🧀🧈အဆီဓာတ် (fat )🧈🧀
ဆီ(လက်ဖက်ရည်တဇွန်း) - ၄၀ ကယ်လိုရီ
ဆီ(ထမင်းစားဇွန်း တဇွန်း) - ၁၂၀ ကယ်လိုရီ
နေကြာစေ့(လက်ခုပ်တခုစာ) - ၁၈၀ ကယ်လိုရီ
သစ်ကြားသီးတလုံး - ၂၅ ကယ်လိုရီ

🥭🍇🥑သစ်သီး🍇🥭🥑
ပန်းသီး - ၉၀ ကယ်လိုရီ
လိမ္မော်သီး - ၆၀ ကယ်လိုရီ
ငှက်ပျောသီး - ၁၀၀ ကယ်လိုရီ
သစ်တော်သီး - ၁၀၀ ကယ်လိုရီ
သရက်သီး - ၁၃၀ ကယ်လိုရီ
သခွားသီး - ၄၅ ကယ်လိုရီ
နာနတ်သီး - ၄၅၀ ကယ်လိုရီ
စပျစ်သီး - ၃ ကယ်လိုရီ
စတော်ဘယ်ရီသီး - ၄ ကယ်လိုရီ
ကြက်မောက်သီး - ၇ ကယ်လိုရီ
ရှောက်သီး - ၂၅ ကယ်လိုရီ
သံပုရာသီး - ၂၀ ကယ်လိုရီ
ဖရဲသီး - ၁၃၇၀ ကယ်လိုရီ
ရွှေဖရုံသီး - ၃၀၀ ကယ်လိုရီ
ဂရိတ်ဖရု - ၁၀၀ ကယ်လိုရီ
သလဲသီး - ၇၀ ကယ်လိုရီ
မာလကာသီး - ၄၀ ကယ်လိုရီ
ထောပတ်သီး - ၂၄၀ ကယ်လိုရီ
(သစ်သီးတွေက အရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီတွေ မတူကြဘူး၊ ဥပမာ ခြောက်လက်မလောက်ပဲရ်ှတဲ့ ငှက်ပျော်သီးတလုံးဟာ ၇၀ ကယ်လိုရီလောက်ပဲရ်ှပြီး ကိုးလက်မကျော်အရွယ်စားရ်ှတဲ့ ငှက်ပျောသီးတလုံးဟာ ၁၃၀ ကယ်လိုရီလောက်ရှိတယ်။ ဖော်ပြထားတဲ့ ကယ်လိုရီတွေက ပျမ်းမျှအရွယ်အစားရှိတဲ့ သစ်သီးတွေရဲ့ ကယ်လိုရီပမာဏတွေ ဖြစ်ပါတယ်။ သစ်သီးတလုံးမြင်တာနဲ့ အနီးစပ်ဆုံး ခန့်မှန်းနိုင်ရင် လုံလောက်ပါပြီ)

🥬🍅ဟင်းသီးဟင်းရွက်🍅🥬
ခရမ်းချဉ်သီး - ၂၀ ကယ်လိုရီ
ကြက်သွန်ဖြူတစိတ် - ၄ ကယ်လိုရီ
ကြက်သွန်နီတလုံး - ၄၀ ကယ်လိုရီ
ခရမ်းသီး - ၃၅ ကယ်လိုရီ
မုန်လာဥနီတတောင့် - ၄၀ ကယ်လိုရီ
ပဲသီး၊ပဲတောင့်ရှည်(၁၀၀ဂရမ်) - ၈၀ ကယ်လိုရီ
ဟင်းနုနွယ်(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ပန်းမုံလာ(၁၀၀ဂရမ်) - ၂၅ ကယိလိုရီ
ကိုက်လန်(၁၀၀ဂရမ်)- ၅၀ ကယ်လိုရီ
ကညွတ်တချောင်း - ၃ ကယ်လိုရီ
(၁၀၀ ဂရမ်က လက်သီးဆုပ် သို့မဟုတ် လက်ဆုပ်တခုစာ ပမာဏနဲ့ ညီမျှတယ်လို့ အလွယ်မှတ်ပါ)

🍹🍻ဖျော်ရည်နဲ့ ယမကာ🍹🍻
နွားနို့တခွက် - ၁၂၀ ကယ်လိုရီ
ဒိန်ချဉ်တခွက် - ၁၄၀ ကယ်လိုရီ
ကိုလာ(သံဗူး) - ၁၄၀ ကယ်လိုရီ
ကိုလာဗူးကြီး(1.25L) - ၅၄၀ ကယ်လိုရီ
ရေခဲမုန့်တခွက် - ၁၃၀ ကယ်လိုရီ
အုန်းရည်တခွက် - ၅၀ ကယ်လိုရီ
ကော်ဖီမှုန့် ( 1 teaspoon) - ၄ ကယ်လိုရီ
ကော်ဖီတခွက် - ၅၀ ကယ်လိုရီ
လက်ဖက်ရည် - ၇၀ ကယ်လိုရီ
ကျွဲရိုင်းတဗူး - ၁၁၀ ကယ်လိုရီ
အရက်တခွက်(45ml) - ၁၀၀ ကယ်လိုရီ
ဘီယာတခွက် - ၂၀၀ ကယ်လိုရီ
ဘီယာသံဗူး - ၁၅၀ ကယ်လိုရီ
ဝိုင်တခွက်(150ml) - ၁၂၀ ကယ်လိုရီ

(🔺ဘီယာတခွက်ဟာ ထမင်းတပန်းကန်စာနဲ့ ကယ်လိုရီညီမျှတယ်ဆိုတာ အရင်မှတ်သားသင့်တယ်။
🔺ကော်ဖီ ☕️ ၊လက်ဖက်ရည်တွေကတော့ နို့ဆီ၊ သကြားထည့်တာပေါ်မူတည်ပြီး ကယ်လိုရီတွေကွာခြားသွားတယ်။
🔺ပြီးတော့ ရိုးရိုး နွားနို့နဲ့အဆီထုတ်ထားတဲ့ နွားနို့နဲ့ မတူပါဘူး၊ ကယ်လိုရီ ၃၀ လောက်ကွာတယ်။
🔺ဟင်းတခွက်ရဲ့ ကယ်လိုရီတန်ဖိုးကို တွက်မယ်ဆိုရင် ပါဝင်ပစ္စည်းတွေကို တစ်ခုချင်းကြည့်ပြီး ပြန်ပေါင်းလိုက်ရုံနဲ့ အလွယ်တကူ တွက်ချက်နိုင်မှာဖြစ်ပါတယ်။)

✨ အသည်းရောင်အသားဝါ ဘီပိုးဆေးရော၊ ခွေးရူးပြန်ကာကွယ်ဆေးရော  ထပ်ရောက်ပါပြီရှင့်။ ဈေးမတက်ခင် မြန်မြန်လာထိုးထားကြပါနော် 🥰💓✨ အ...
14/08/2023

✨ အသည်းရောင်အသားဝါ ဘီပိုးဆေးရော၊ ခွေးရူးပြန်ကာကွယ်ဆေးရော ထပ်ရောက်ပါပြီရှင့်။ ဈေးမတက်ခင် မြန်မြန်လာထိုးထားကြပါနော် 🥰💓
✨ အခုမှ စထိုးမဲ့သူများကတော့ ကြိုတင်၍ စာရင်းပေးရပါမယ်ရှင့်

✨ ဒီတခါမှာတော့ ကိုယ့်ကိုအလှဖျက်နေတဲ့မျက်နှာပေါ်က၀က်ခြံလေးတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အကြောင်းလေး ပြောပြချင်ပါတယ်။ ၀က်ခြ...
08/08/2023

✨ ဒီတခါမှာတော့ ကိုယ့်ကိုအလှဖျက်နေတဲ့မျက်နှာပေါ်က၀က်ခြံလေးတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အကြောင်းလေး ပြောပြချင်ပါတယ်။ ၀က်ခြံရဲ့ သဘောက ပျောက်ပြီးရင်လဲ ပြန်ပြန်ဖြစ်တတ်ပါတယ် 😪။ အဲ့ဒါကြောင့်
📌 အချို၊ ဆီကြော်စာနှင့် နို့ထွက်ပစ္စည်းများကို ရှောင်ကြဉ်ပါ။ ဟင်းသီးဟင်းရွက်များများစားပြီး ရေများများသောက်ပါ။
📌မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံးစွပ်တို့ကို မကြာခဏလျှော်ဖွပ်၊ လဲလှယ်ပြီးအသုံးပြုပါ။
📌 Break outဖြစ်နေတဲ့အချိန်မှာ နို့ရည်၊ မိတ်ကပ်၊အလှပြင်ပစ္စည်းအသစ်များကို တတ်နိုင်သမျှမသုံးပါနဲ့။
📌 စိတ်ဖိစီးမှုများခြင်းကလဲ ဟော်မုန်းထွက်စေတာမို့ စိတ်ဖိစီးမှုနည်းအောင် တရားထိုင်တာ၊ သီချင်းနားထောင်တာ စသည်ဖြင့်လုပ်ဆောင်သင့်ပါတယ်။
📌 နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတခုခုကို နာရီ၀က်/တနာရီခန့် လုပ်ပါ။

🌟 မင်မင်တို့ဆိုင်မှာ Clindawin gel (clindamycin 15g) လေးက ၀က်ခြံကုဖို့အတွက် ဆရာ၀န်တွေအများဆုံးညွှန်းလေ့ရှိတဲ့ ပဋီဇီဝ လိမ်းဆေးတစ်မျိုး ဖြစ်ပါတယ်။ သူ့ရဲ့အာနိသင်က အရေပြားပေါ်မှာရှိတဲ့ ဗက်တီးရီယားပိုးတွေ သေစေပါတယ်။ တော်ရုံ၀က်ခြံဖုလောက်ဆို ၃ရက်လောက်နဲ့ သက်သာတာမို့ ၀က်ခြံထွက်လွယ်တဲ့သူတွေအနေနဲ့ မရှိမဖြစ်ဆောင်ထားသင့်ပါတယ်ရှင့်။ Steroid မပါ၀င်တာမို့ စိတ်ချလက်ချသုံးစွဲနိုင်ပါတယ်နော် 🥰

မေမေတို့ရေ..... ခုတလော သားသား၊ မီးမီးလေးတို့မှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေ အဖြစ်များနေတယ်နော်။ ဆေးပြားတွေကို တိုက်...
02/08/2023

မေမေတို့ရေ..... ခုတလော သားသား၊ မီးမီးလေးတို့မှာ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေ အဖြစ်များနေတယ်နော်။ ဆေးပြားတွေကို တိုက်ရခက်တဲ့ ကလေးတွေဖျားနာတဲ့အခါ မေမေတို့ကြုံတွေ့ရတဲ့ အခက်အခဲတွေက ကူညီပေးဖို့ Adminတို့ အသင့်ရှိနေပါတယ်။ အဲဒါကြောင့် "အာရောဂျံ"မှာ ရနိုင်မယ့်ဆေးရည်လေးတွေကို တင်ပေးလိုက်ပါတယ်ရှင့် 🥰

✅ Renova ကလေးအဖျားကျဆေးရည်က မွေးကင်းစအရွယ်၊ လသားအရွယ်ကစပြီး တိုက်လို့ရပါတယ်။ ကလေးငယ်တွေရဲ့ ဖျားနာခြင်းတွေကို အထိရောက်ဆုံးနဲ့ အချိန်တိုအတွင်း သက်သာအောင် ကုသပေးနိုင်တဲ့ Paracetamol 80mg ပါဝင်ပါတယ်။ ဆေးတိုက်ရတာ လွယ်ကူစေဖို့ လိမ္မော်အရသာ ဆေးရည်ပုံစံလေးနဲ့ ထုတ်လုပ်ပေးထားပြီး အလွယ်တကူတိုက်ကျွေးနိုင်မယ့် ဆေးစက်ချပြွန်လေး ပါဝင်ပါတယ်။ ဒါကြောင့် မေမေတို့ ကလေးတွေဖျားတိုင်း ဆေးတိုက်ရခက်တဲ့ ပြဿနာတွေ မကြုံရတော့ဘူးပေါ့နော် 🌡️🤒

✅ အသက် တနှစ်ကျော်အရွယ်လောက်ဆိုရင်တော့ ဈေးနှုန်းသက်သာပြီး အာနိသင်ကောင်းမွန်တဲ့ Moniparလေးကို ရွေးချယ်သင့်ပါတယ်။ 👍👍
အသက် ၃နှစ်ကျော်ကစပြီးတိုက်လို့ရတဲ့ လိုင်ချီးနဲ့ဘယ်ရီအရသာလေးနဲ့မို့ ကလေးတို့အကြိုက် Para safe ဆေးရည်လေးကတော့ မေမေတို့သိပီးသားဖြစ်တဲ့ ကိုယ်ပူကျဆေးလေးပါရှင့် ✨

✅ Air -X drop လေးက (semithicone)ပါဝင်တာကြောင့် ကလေးငယ်တွေမှာ အဖြစ်များသော အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းနှင့် လေထိုးလေအောင့်ခြင်းတို့ကို သက်သာစေပါတယ် 🥰

✅ Mucodyl syrup လေးတွေက ချွဲကြပ်၊ လည်ချောင်းယား၊ ချောင်းဆိုးခြင်းကို သက်သာ‌စေတဲ့အပြင် Cetrizine ပါ၀င်လို့ နှာစေးတာကိုပါ ပျောက်ကင်းစေပါတယ်👍

✅ လသားကလေးငယ်တွေမှာ ချောင်းဆိုး၊ ချွဲသလိပ်ကပ်တာမျိုးဖြစ်လျှင် တိုက်ဖို့အတွက်ကတော့ Baby Cough(အနက်ရောင်) လေးလဲ ရှိပါတယ်ရှင့် 💕

for baby
#အာရောဂျံ ဆေးခန်း

📢💉ကာကွယ်ဆေးထိုးဖို့ စိတ်ချရတဲ့ဆေးခန်းရှာနေရင် "မင်းသုခ" ကို သတိရလိုက်ပါ 🌟🏥 ယခုလက်ရှိ ဆေးခန်းတွင်ထိုးနှံနိုင်သည့် Vaccine...
02/08/2023

📢💉ကာကွယ်ဆေးထိုးဖို့ စိတ်ချရတဲ့ဆေးခန်းရှာနေရင် "မင်းသုခ" ကို သတိရလိုက်ပါ 🌟
🏥 ယခုလက်ရှိ ဆေးခန်းတွင်ထိုးနှံနိုင်သည့် Vaccine များ

💉ရာသီတုပ်ကွေးကာကွယ်ဆေး (Vaxigrip Tetra)
💉အသည်းရောင်အသားဝါဘီပိုး ကာကွယ်ဆေး (Bevac)
💉မေးခိုင်ကာကွယ်ဆေး (Bio TT)
💉ခွေးရူးပြန်ကာကွယ်ဆေး (Indirab)
💉 သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (Gardasil)

🌟 Vaccineများကို cold chain system ဖြင့် စနစ်တကျသိမ်းဆည်းသိုလှောင်ထားပြီး ဆရာ၀န်ကိုယ်တိုင်ထိုးပေးတာမို့လို့ ယုံကြည်စိတ်ချစွာ လာရောက်ထိုးနှံနိုင်ပါတယ်ရှင့် 👩‍⚕️

⚡ ကာကွယ်ဆေးနဲ့ပတ်သက်သော မေးခွန်းများ၊ ဗဟုသုတများအား အခမဲ့ဆွေးနွေးဖြေကြားပေးနေတာမို့ သိချင်တာရှိလျှင် Messenger ကတဆင့် မေးမြန်းနိုင်ပါသည် 👍

✍️Booking တင်ရန်
☎️ Page messenger or Viber 09971486131

🏥 "မင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဆေးဆိုင်

& Pharmacy

✨ 1.8.2023✨🌕 ဝါဆိုလပြည့်နေ့ 🌕🙏 ဓမ္မစင်္ကြာအခါတော်နေ့🙏🌟 မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၆၇ ခုနှစ်  ဝါဆိုလပြည့...
01/08/2023

✨ 1.8.2023✨
🌕 ဝါဆိုလပြည့်နေ့ 🌕
🙏 ဓမ္မစင်္ကြာအခါတော်နေ့🙏

🌟 မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ သာသနာတော်နှစ် ၂၅၆၇ ခုနှစ် ဝါဆိုလပြည့် အခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ ကပ်ဘေးအန္တရာယ်များမှကင်းဝေးပြီး လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင့် 🙏🥰🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစင်္ကြာအခါတော်နေ့

 #ဈေးမတက်ခင် မြန်မြန်ထိုးထားမှ စိတ်ချရမယ်နော်👍📌 အသည်းရောင်အသားဝါရောဂါကို အများဆုံးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေက Hepatiti...
01/08/2023

#ဈေးမတက်ခင် မြန်မြန်ထိုးထားမှ စိတ်ချရမယ်နော်👍

📌 အသည်းရောင်အသားဝါရောဂါကို အများဆုံးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေက Hepatitis Virus A,B,C,D,E ဆိုပြီး ငါးမျိုးရှိပါတယ်။

💢WHO မှတ်တမ်းများအရ Hepatitis B နှင့် C ဟာ သေဆုံးမှုအများဆုံးဖြစ်စေပြီး နှစ်စဉ် အသက်ပေါင်း (၁.၄)သန်းဆုံးရှုံးနေရပါတယ်။ အသည်းရောင်အသားဝါ Bပိုးဟာ Cပိုးကဲ့သို့ အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်တဲ့ဆေး မရှိသေးပါ။ ထို့အပြင် Bပိုးသည် အသည်းခြောက်တဲ့အဆင့်ကိုကျော်ကာ အသည်းကင်ဆာအဆင့်သို့ တခါတည်းတန်းပြီးပြောင်းလဲနိုင်တာမို့ ကာကွယ်ဆေးထိုးဖို့ နှင့်ကုသမှုခံယူဖို့အတွက် အချိန်မဆွဲသင့်ပါဘူး‌နော် 👍

🌟 ဒီနှစ်ရဲ့ဆောင်ပုဒ်ကတော့ "We aren't waiting" ပါ။

✨ သင်နှင့် သင့်မိသားစု အသည်းရောင်အသားဝါB ပိုး နှင့် C ပိုးရှိ/မရှိ စစ်ဆေးရန် စောင့်မနေပါနှင့်။
✨ ရောဂါပိုးရှိလျှင် ဆေးကုသမူခံယူရန် စောင့်မနေပါနှင့်။
✨ ရောဂါပိုးများကို ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးထိုးနှံရန် စောင့်မနေပါနှင့်။

💛 Promotion အနေဖြင့် "အာရောဂျံ"ဆေးခန်းတွင် 1.8.2023မှ 10.8.2023 အတွင်း ကြိုတင်စာရင်းပေးသူများကို Bပိုး၊ Cပိုးသွေးစစ်ဆေးခြင်းနှင့် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအတွက် စုစုပေါင်း 15000ကျပ်သာ ကျသင့်ပါမယ်ရှင့် 👍
💛 သွေးစစ်ပြီးသားအဖြေပါသူများ နှင့် Booster dose လာထိုးလိုသူများအတွက် ကာကွယ်ဆေးဖိုး 10000 ကျပ်ပဲ ကျသင့်ပါမည် 🥰

🌟 လက်ရှိဆေး instock ရှိသလောက်ပဲ ဒီဈေးနဲ့ရမှာမို့ Messenger သို့မဟုတ် Viber (09971486131)မှာ မြန်မြန် booking လာတင်လိုက်တော့နော် 🥰


vaccine

💛 ယနေ့ 28.7.2023 နေ့ဟာ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ ( World Hepatitis Day) ဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါကို အများဆုံးဖြစ...
28/07/2023

💛 ယနေ့ 28.7.2023 နေ့ဟာ ကမ္ဘာ့အသည်းရောင်အသားဝါနေ့ ( World Hepatitis Day) ဖြစ်ပါတယ်။ အသည်းရောင်အသားဝါရောဂါကို အများဆုံးဖြစ်စေတဲ့ ဘီပိုး (Hepatitis B Virus) နှင့် စီပိုး (Hepatitis C virus) အကြောင်းလေး ပြောပြပေးချင်ပါတယ်။

💢 ကူးစက်နိုင်တဲ့ နည်းလမ်းများကတော့

⚡ ရောဂါပိုးရှိသူ၏ သွေးမှတစ်ဆင့် ကူးစက်နိုင်ခြင်း၊
⚡ အသည်းရောင်အသားဝါ ဘီပိုး နှင့် စီပိုးရှိသူ မိခင်မှတစ်ဆင့် ကလေးသို့ကူးစက်နိုင်ခြင်း
⚡ လိင်ဆက်ဆံခြင်းမှ တစ်ဆင့်ကူးစက်နိုင်ခြင်းအပြင်

💥 အသည်းရောင်အသားဝါ ဘီပိုးဟာ ရောဂါပိုးရှိသူ​၏ ချွေး၊ သွေး၊ တံတွေး နှင့် အသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှလဲ ကူးစက်နိုင်ပါသည်။

📌 အာရောဂျံဆေးခန်းတွင် အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးရှိ၊ မရှိကို ချက်ချင်းစစ်ဆေးပေးပြီး ရောဂါပိုးကင်းစင်ပါက ကာကွယ်ဆေး တခါတည်းထိုးသွားနိုင်ပါသည်။ အကယ်၍ ရောဂါပိုးတွေ့ရှိပါက သမားတော်နှင့် ဆက်လက်ပြသ၍ကုသမှုခံယူရမှာ လမ်းညွှန်ပေးမှာဖြစ်ပါတယ်ရှင့် 🚨

🌟 လူတိုင်း ဈေးနှုန်းသက်သာစွာနှင့် အသည်းရောင်အသားဝါ ဘီပိုးကိုကာကွယ်နိုင်ရန်အတွက် သွေးစစ်ဆေးခြင်း + Hepatitis B Vaccine (ပထမအကြိမ်ကာကွယ်ဆေးထိုးခြင်း)ကို 💥15000 ကျပ်💥ဖြင့် စီစဉ်ထားပေးပါတယ်ရှင့်။ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တွင် ကာကွယ်ဆေးဖိုး 11000ကျပ်သာကျသင့်ပါမည်။ 💉💉💉 ဆေးInstock ရှိသလောက် လူဦးရေသာလက်ခံမှာမို့ မြန်မြန်booking တင်ထားမှ စိတ်ချရမယ်နော် 😊👍

☎️ Page Messenger မှဖြစ်စေ၊ 09255809719 ကို ဖုန်းခေါ်ဆို၍ဖြစ်စေ ကြိုတင်စာရင်းပေးနိုင်ပါသည်။ ✅

✨ "Prevention is better than cure" ဆိုတဲ့အတိုင်း ရောဂါကူးစက်မခံရခင် ကာကွယ်ဆေးထိုးခြင်းဖြင့် ကြိုတင်ကာကွယ်ကြပါစို့ 👍


Address

ညောင်နှစ်ပင်လမ်း
Hmawbi

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959971486131

Website

Alerts

Be the first to know and let us send you an email when မင်းသုခ ဆေးခန်းနှင့်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မင်းသုခ ဆေးခန်းနှင့်ဆေးဆိုင်:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram