23/03/2024
👉 နေလောင်ကာခရင်မ်လိမ်းပါ။
သင့်တော်တဲ့ SPF ပမာဏရှိတဲ့
နေလောင်ကာခရမ်ကို အပြင်မထွက်ခင်
နာရီဝက်တည်းက လိမ်းထားပါ။
အပြင်ရောက်ပြီး ၂နာရီခြားတစ်ခါ ထပ်လိမ်းပါ။
ချွေးထွက်များလာရင်လည်း ထပ်လိမ်းပါ။
အိမ်ပြန်ရောက်တဲ့အချိန်မှာ နေလောင်ထားတဲ့
နေရာတွေ ရှိရင် ရေခဲဝတ်လေး ကပ်ပေးပါ။
ရှားစောင်းလက်ပပ် အုံပေးပါ။
👉 စားစရာ တစ်ခုခု ဆောင်ထားပါ။
လမ်းလျှောက်နေရတဲ့အတွက်
မကြာခဏဆိုသလို ဗိုက်ဆာလာနိုင်ပါတယ်။
အိတ်ထဲမှာ အလွယ်စားစရာ
တစ်ခုခု ဆောင်ထားပါ။
နည်းနည်းနဲ့ ခဏခဏ စားပေးပါ။
တစ်ခါတည်း ဗိုက်အပြည့်စားပြီး
လမ်းလျှောက်ဖို့ မလွယ်ပါဘူး။
👉 မကြာခဏ အနားယူပါ။
ဆက်တိုက် လမ်းလျှောက်လာတဲ့အခါ
လူက ပန်းလာပါတယ်။
နေပူ ထဲမှာ လျှောက်ရတဲ့အခါ
အခန့်မသင့်ရင် ချွေးထွက်များပြီး
သတိလစ်သွားနိုင်ပါတယ်။
ဒါကြောင့် ပူလာရင်၊ ချွေးထွက်များလာရင်
အရိပ်တစ်ခုခုမှာ ခဏနားပါ။
ချွေးတိတ်ပြီး နည်းနည်းလန်းမှ
ဆက်လျှောက်ပါ။
လမ်းလျှောက်တဲ့အခါမှာလည်း
တတ်နိုင်သမျှ အရိပ်ထဲက လျှောက်ပါ။
👉 ချွေးစုပ်မယ့် အဝတ်အစားဝတ်ပါ။
လိုအပ်လို့ အပြင်က ခပ်ထူထူ
ဝတ်ရရင်တောင် အထဲက ချွေးစုပ်နိုင်မယ့်
အဝတ်အစား (ဥပမာ စွပ်ကျယ်လိုမျိုး)
ဝတ်ထားပါ။ အဝတ်အပိုလည်း ထည့်ထားပါ။
တစ်ခုခု စိုတာဖြစ်ဖြစ်၊ ချွေးတွေချွဲလာတာဖြစ်ဖြစ်
လဲလှယ်ဝတ်ဆင်လို့ ရပါတယ်။
👉 ဆီးချုပ်ဝမ်းချုပ် ဂရုစိုက်ပါ။
တစ်နေကုန် လျှောက်နေရတာကြောင့်
ကိုယ်မသိလိုက်ဘဲ ဆီးအောင့် ဝမ်းအောင့်
လုပ်မိတတ်ပါတယ်။
ဆီးကျဉ်တာ၊ ဆီးပူတာတွေ
ဖြစ်လာရင် ဒုက္ခများပါတယ်။
👉 အပူဒဏ်ကိုတတ်နိုင်သလောက်ကာကွယ်ပါ။
ထီးဆောင်းပါ။
အနားသတ်ကြီးပြီး မျက်နှာပေါ် အရိပ်ကျတဲ့
ဦးထုပ်မျိုး ဆောင်းပါ။
နေကာမျက်မှန်ကြီးကြီး တပ်ပါ။
အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပါ။
ဖိနပ်ကို ခြေထောက်လုံအောင် စီးပါ။
မူရင်းရေးသားသူအား လေးစားစွာ Credit ပေးပါသည်။
နွေမိုးဆောင်း ဆေးစတိုး # #