Tarot Reader Kʀᴇᴢᴘᴏ

Tarot Reader Kʀᴇᴢᴘᴏ မိမိ သိရှိလိုသမျှ သိရှိနိုင်ရန် ဆရာ?

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရု...
26/05/2023

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ် ဆိုရင် ဆေးထိုးအပ် ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့် တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Crd to Original uploader
ပြန်လည်မျှဝေပါသည်

Tarot မဟောဖြစ်သေးပါ စာတွေပဲရေးဖြစ်နေသေးပါတယ်
20/05/2023

Tarot မဟောဖြစ်သေးပါ
စာတွေပဲရေးဖြစ်နေသေးပါတယ်

Tears(မျက်ရည်)
Mar Co 1lt3u
-------------

i

မီးခိုးငွေ့တို့ ပြည့်ကြပ်သွားတယ် ၊ မူးယစ်ရည်ဝေ စွာနဲ့ ဆက်လက် ရည်ဝေနေခဲ့တာ
မီးသဂြိုလ်စက်ကဲ့သို့ အငွေ့တွေ လှိုင်လှိုင်ထ နေတာ ၊တခြားသူတော့ မသိ
မျက်လုံးထဲမှာ "ခနတာအတွက် မဟုတ်ဘူး ၊ တစ်ဘဝ စာ အတွက်"ဆိုပြီး
မာနရိုက်ချိုးသွားတဲ့ အပြုံးတွေနဲ့ ပြောခဲ့တဲ့ သူမ စကားပဲ မြင်ယောင်နေတာပေါ့

ii

"ချက်ချက်" သူ အသိစိတ်ဝင်တော့ မနက်ထိုးတော့မည့် နာရီကို ကြည့်မိတယ်
မအိပ်ရတာ (၄) ရက် ရှိပြီ။သူ့မျက်နှာက အာလူးဖုတ်သလို၊ငိုမိပြန်ပြီ မေ့နိုင်ဖို့
သူကြိုးစားခဲ့တာ ဒုက္ခစရိယသမား လိုပေါ့၊မလွယ်ပါဘူး သူအရှုံးပေးဖို့ ကြိုးစားရင်း မျက်ရည်ဝဲ လာပြန်တယ်၊ အပြုံးချိုချိုနဲ့ "သည်း"ရယ်။

iii

သူညာနေတာမှန်း သိရက် မိုက်ခဲ့မိတာ ပျော်ပါတယ်လေ။ဟို ဗေဒင်ဆရာ ဟောတာက
မှန်နေတာကို ၊ပထမဆုံးအကြိမ်ပြန်အိပ်ပျော်သွားသည် ။ဝိုးတိုးဝါးတား အတွေးများဖြင့် ခေတ္တခဏ ကွယ်လွန်သွားသည်။

iii

မျက်ရည်များ ပါးပြင်သို့ စီးကျလျှက်"

"...အာရုံမစိုက်နိုင်လို့ ပြတ်ရအောင်"
"ချစ်ပါတယ်လို့"
"ရော့ အာဘွား"
"ဟီး"

"ပြန်နိုးလာသည်

လက်ဖဝါး နုနုလေးဖြင့် ၊ Acid အပျော့စား အရည်လေးများကို သုတ်လိုက်သည်
သေချာတာ သေချင်တော့သည် ။

iv

ပြန်နိုးလာသည် အဖြစ်အပြတ်များက မြန်လွန်းသည် ။သူ လက်ခံဖို့ မလွယ်တာ သူသာသိပေမည်။နောက်နေ့များတွင် သူ မငိုတော့ပါ ၊
သို့သော် အတွေးလှောင်အိမ်က တစ်ချက် တစ်ချက် ထဖောက်သည် ။၅ မိနစ် သာ အိပ်ဖူးသေးသည် ။လက်ကို ဓါးဖြင့်လည်း မလှီးသာ
ဆေးသောက်ပြီးလည်း မကွယ်လွန်ချင် ၊သေချာတာ ဘဝမှာ
ပထမ တစ်ခေါက်တော့ သေဖူးချင်သည်၊ ၁၈ နှစ်မပြည့်သေးသော သူ့အတွက် ၂၇ နှစ်သား များကဲ့သို့ ခံစားနေရမှာ သူ့အတွက်မစမ်းတော့ပါ။အရှေ့ တွင်လည်း မိသားစုကိစ္စကြောင့် ခနခနငိုဖူးသူဖြစ်သည်။နိုးလာပြီ သူကျယ်လောင်စွာနှင့်

Next episode, next Saturday

အပိုင်း(၂)

https://m.facebook.com/story.php?story_fbid=165918693117433&id=100090979102957&mibextid=Nif5oz




#မျက်ရည်

ပျော်ရွှင်စရာ သင်္ကြန်ကာလလေး ပိုင်ဆိုင်နိုင်ကြပါစေဗျာ
13/04/2023

ပျော်ရွှင်စရာ သင်္ကြန်ကာလလေး ပိုင်ဆိုင်နိုင်ကြပါစေဗျာ

မင်္ဂလာပါKrezpo ပါပဲဗျလူတိုင်းကအချစ်ခံချင်ကြတယ်။ ဒါဟာလူတိုင်းဖြစ်နေကြတဲ့အမှန်တရား၊ အကြောင်းအရာဖြစ်တယ်။ ဒါ့ကြောင့်အချစ်အက...
05/05/2022

မင်္ဂလာပါ
Krezpo ပါပဲဗျ

လူတိုင်းကအချစ်ခံချင်ကြတယ်။ ဒါဟာလူတိုင်းဖြစ်နေကြတဲ့အမှန်တရား၊ အကြောင်းအရာဖြစ်တယ်။ ဒါ့ကြောင့်
အချစ်အကြောင်းသင်ပေးမယ်ဆိုတာမိတ်ဆွေတို့ကိုချစ်တတ်အောင်သင်ပေးမှာမဟုတ်ပါဘူး။အချစ်ရေးအဆင်ပြေအောင်နည်းလမ်းလေးပြောပြပေးမှာဖြစ်ပါတယ်။အဓိက က အချစ်ရေးဆိုတဲ့အတွက်အစွန်းမရောက်ဖို့လိုအပ်တယ်နော်။အရေးကြီးတယ်။အစွန်းနှစ်ဖက်မရောက်ဖို့အရေးကြီးပါတယ်။မိတ်ဆွေတို့အနေနဲ့အစွန်းနှစ်ဖက်ကိုအရမ်းရောက်သွားရင် အချစ်ရေးဟာ ကလေးကစားတဲ့ (ဆီးဆော)တစ်ခုနဲ့တူသွားလိမ့်မယ်။တစ်ဖက်ကနိမ့်ရင်တစ်ဖက်ကမြှောက်သွားမဲ့သဘောပေါ့။
ဒါ့ကြောင့် မိတ်ဆွေအနေနဲ့နှစ်ဦးနှစ်ဖက်နားလည်မှုနဲ့ညီတူမျှတတူရှိမှရမှာပါ။
မိတ်ဆွေတို့ကအလယ်မှာပဲရှိနေရမယ်။အလယ်လိုင်းမှာပဲနေမှအဆင်ပြေပါလိမ့်မယ်။တစ်ယောက်သစ္စာဖောက်ပြီဆိုတာနဲ့တစ်ယောက်ပျောက်ဖို့သေချာသွားလိမ့်မယ်။
မိတ်ဆွေကသစ္စာဖောက်ပြီဆိုတာနဲ့ မိတ်ဆွေကိုချစ်တဲ့သူကလိုက်လာကောင်းလိုက်လာလိမ့်မယ် လိုက်လာကောင်းလိုက်လာပါလိမ့်မယ်။မိတ်ဆွေအနေနဲ့ဒီလိုသစ္စာဖောက်လိုက်ရင်ခနကဆီးဆောလိုပြောရရင်တစ်ဖြည်းဖြည်းနိမ့်ရင်းနိမ့်ရင်းနဲ့မိတ်ဆွေတို့ချစ်သူတွေဟာပျောက်ကွယ်သွားလိမ့်မယ်။မျှော်လင့်ချက်တွေပျောက်ပြီးမိတ်ဆွေကိုမုန်းဖို့၊အဆင်မပြေဖို့၊မိတ်ဆွေကိုကန့်လန့်တိုက်တာတွေအရွဲ့တိုက်တာတွေဖြစ်လာလိမ့်မယ်။
အ့တာကြောင့်မိတ်ဆွေရော သူရောစိတ်ချမ်းသာမှာမဟုတ်ပါဘူးနော်။ထို့ကြောင့်အချစ်ရေးကလဲအဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကတော့ချစ်သူရည်းစားတေအတွက်ပြောတာပါ။

ကဲအခုလာပါပြီCrushရှိတဲ့Singleမိတ်ဆွေတွေအတွက် ကိုယ်ကကြိုက်နေတဲ့ကောင်လေး/ကောင်မလေးရှိမယ်။သူတို့နဲ့ကိုယ်ကဘယ်လိုရင်းနှီးအောင်လုပ်မလဲပေါ့။ ဒါမှမဟုတ် မိတ်ဆွေက Crushနဲ့သူငယ်ချင်းဖြစ်နေပြီ Friend Zoneထဲမရောင့်ရဲမတင်းတိမ်နိုင်မဲ့သူရှိမယ်။ တစ်နည်းအားဖြင့်Friend Zoneကျော်ချင်တယ်ပေါ့။ဟုတ်ကဲ့
Friend zoneကိုကျော်ချင်ရင်လွယ်လွယ်လေးပါ။မြန်မာမှုကိုသုံးပါမယ်။ကဲမြန်မာမှုကဘာလုပ်ရမလဲမေးကြမယ်။ ဟုတ်ကဲ့ ဖြေပါမယ် ဘုရားစာရွတ်ရမှာပါ။ ဒါကဗုဒ္ဓဘာသာ၀င်တွေအတွက်ပေါ့နော်။ကျန်တဲ့ဘာသာတွေကိုနောက်ပြီးရင်တစ်နည်းပြောပါမယ်။
ကဲဆက်လိုက်ရအောင်ဗုဒ္ဓဘာသာတွေအတွက်

*နည်းလမ်းကတော့ ဘုရားသောက်တော်ရေကပ်ပါမယ်။အမွှေးတိုင် ဖယောင်းတိုင် ဆီးမီးကပ်လှူပူဇော်မယ်။ပြီးရင်မေတ္တာသုတ်ရွတ်ပါမယ်။
Why? ဘာလို့မေတ္တာသုတ်ရွတ်ခိုင်းလဲဆိုရင်။မေတ္တာသုတ် ခေါင်းစဥ်ကိုကတည်းက"မေတ္တာသုတ်"
တဲ့မိတ်ဆွေသဘောကျတဲ့သူကိုမေတ္တာပြန်ရှိအောင်လုပ်တာ ကိုယ်မေတ္တာရှိသလိုပြန်ရှိအောင်လုပ်တာ။နားလည်လား နားလည်မယ်ထင်ပါတယ်

တခြားဗုဒ္ဓဘာသာမဟုတ်တဲ့တစ်ခြားဘာသာခရစ်ယာန် ၊ ဟိန္ဒူစသဖြင့်တခြားဘာသာ၀င်တွေရှိမယ်။ သူတို့အတွက်နည်းလေးကိုပြောပြပါရစေ။
ကျွန်နော် အမြဲသုံးတဲ့မန္တာန်လေးရှိတယ်။ချစ်သူနဲ့Dateရင်သုံးနေကြမန္တာန်လေး "လိုလာ"ဆိုတဲ့မန္တာန်လေးပါ။
* "လိုလာ"မန္တာန်ကို12ခေါက်ရွတ်ပေးပါ
မိတ်ဆွေချစ်တဲ့သူကပြန်ချစ်ပါတယ် ဂရုစိုက်ပါမယ်။ရွတ်တဲ့အချိန်မှာ သူ့မျက်နှာလေးကိုမြင်ယောင်ပြီးရွတ်ရမယ်။အတွေ့အကြုံအရဒီမန္တာန်လေးကိုရွတ်တာ သူသိသိသာသာကိုပြောင်းလဲလာတယ်။အရင်ကထက်ပိုချစ်ပိုဂရုစိုက်လာတယ်။အချစ်ကတိုးလာတယ် ။စိတ်ကထင်တာမဟုတ်ပါဘူးနော် ။တကယ်ကိုဖြစ်တာပါ။
"လိုလာ"လို့ရွတ်နေချိန်သူ့မျက်နှာကိုမြင်ယောင်ပြီးရွတ်တဲ့အတွက်ကိုယ့်အပေါ်ထားတဲ့စိတ်ကပြောင်းလဲလာတာကိုတွေ့ရမှာပါ။
အ့တာကြောင့်မိတ်ဆွေတို့အချစ်ရေးကံကောင်းဖို့အတွက်"လိုလာ" ၁၂ခေါက်ရွတ်ရပါမယ်။
ဒါကပုံမှန်လုပ်ရတဲ့လမ်းစဥ်ဖြစ်တယ်။

မြန်မာနည်း(ပထမနည်း)ကပိုပြီးထိရောက်တာမြန်ပါတယ်နော်။

လိုလာကဘာလို့မြန်မြန်မစွမ်းတာလဲဆိုတော့ဒါဟာရောမနည်းဖြစ်တယ်။ရောမအက္ခရာတွေက တစ်ဆင့်တစ်ဆင့်ပြောင်းလဲလာကိန်းရှိတယ်။ လိုလာ ဆိုပြီးသူတို့အရင်ကတည်းကရွတ်လာတာဟုတ်ချင်လဲဟုတ်မယ် အက္ခရာပြောင်းလဲသွားတာလဲဖြစ်လောက်တဲ့အတွက် အရမ်းထိထိရောက်ရောက်မဖြစ်တာပါ။အဓိက က အက္ခရာသဏ္ဍာန်ပြောင်းလဲသွားလို့ဖြစ်တာပါ။

မြန်မာနည်းမေတ္တာသုတ်သမှန်လိမ့်မယ်ထိရောက်မှုမြန်ဆန်လိမ့်မယ်။
ဗုဒ္ဓဘာသာ၀င်တွေကတော့ မေတ္တာသုတ်ကိုရွတ်ပါမယ်နော်။

ကဲလာပါပြီဒီထက်ပိုပြီးမြဲမဲ့အစီအစဥ်လုပ်ပါမယ်။
ကဲဘာလဲလိုမိတ်ဆွေတို့ကမေးကြမယ်။

မိတ်ဆွေချစ်ရတဲ့သူနဲ့ဖြစ်ချင်တာကိုရေးမယ်။
သူနဲ့ချစ်သူဖြစ်ချင်လား?
သူကပြန်ချစ်တာခဲချင်တာလား?လက်တွဲချင်တာလား?လက်ထပ်ချင်တာလား?စသဖြင့်ပေါ့

❌ဒီနည်းကိုအိမ်ထောင်သည်တွေနဲ့ စေ့စပ်ပီးသားလူတွေလုပ်ရင်အကျုံးမ၀င်ပါဘူးနော်။❌
Why? ဘ၀မှာတစ်ကြိမ်ပဲစေ့စပ်ခွင့်ရှိပါတယ်။ဘ၀မှာတစ်ကြိမ်ပဲအချစ်ကိုခံစားရမှာပါ။
Love of my lifeဆိုတာတစ်ဘ၀မှာတစ်ဦးပဲရှိတာပါမိတ်ဆွေဘယ်လောက်ပဲချစ်တဲ့သူများခဲ့များခဲ့
အဆုံးမှာတစ်ဦးတည်းသာပါ။

👉ကဲအစီအရင်ကိုပြောပါမယ်
မိတ်ဆွေချစ်နေတဲ့သူနဲ့ဖြစ်ချင်တာကိုစာရွက်ပေါ်ရေးပါ။ပီးရင်စာရွက်ကိုခေါက်မယ်။ခေါက်ပြီးရင်ချင်းတက်အကြီး(ဟင်းထည့်ချက်တဲ့အရာ)ထည့်ထားတဲ့ပန်ကန်ပြားရဲ့အောက်ကိုစာရွက်ကိုထည့်ပါ အ့ဒီပန်းကန်ထဲမှာရှိတဲ့ချင်းတက်ရဲ့အပေါ်ကိုဖယောင်းတိုင်းအဖြူထွန်းပါ။ အဖြူမရှိရင် ဖယောင်းတိုင်အနီနှစ်တိုင်ကို အပ်ချည်ကြိုးအနီနဲ့ မိတ်ဆွေချစ်ရတဲ့သူရဲ့သက်စေ့(ဥပမာ ၂၁ ဆို အပ်ချည်ကြိုးကို၂၁ပတ်ပတ်ပါ) ထိုသို့ပတ်နေချိန်အချိန်အတွင်းသူကကိုယ့်ကိုချစ်လာပြီ မေတ္တာရှိလာပြီဆိုတဲ့စိတ်နဲ့ သင့်ချစ်သူရဲ့သက်စေ့အလိုက် အပ်ချည်ကြိုးပတ်ပြီးထွန်းပါ။
ဖယောင်းတိုင်အဖြူဆို တစ်ခါတည်းထွန်းရုံပါပဲဗျ

ဒီနည်းဟာအလွယ်ဆုံးနဲ့အကောင်းဆုံးထဲကအကောင်းဆုံးနည်းလမ်းပါ။ယုံကြည်စွာလုပ်ပါ။


မင်္ဂလာပါ Krezpo ပါပဲ ဒီညမှာတော့ ကျနော် သိရှိခဲ့တဲ့ မန္တန်အချို့တွေထဲက အရမ်းကို အစွမ်းထက်တဲ့ မန္တန်ကိုပြောပြပါမယ်၊ ကျနော...
05/05/2022

မင်္ဂလာပါ
Krezpo ပါပဲ
ဒီညမှာတော့ ကျနော် သိရှိခဲ့တဲ့ မန္တန်အချို့တွေထဲက အရမ်းကို အစွမ်းထက်တဲ့ မန္တန်ကိုပြောပြပါမယ်၊ ကျနော်ကိုယ်တိုင်အသုံးပြုခဲ့တဲ့ မန္တန်လဲဖြစ်ပါတယ်

ကျနော်အလုပ်သွားဖို့ နောက်ကျတာပေါ့ ကျနော့်အလုပ်ရဲ့ ferry car အချိန်က ၈ နာရီခွဲပေါ့နော်
ကျနော် အဲ့နေ့က အိပ်ယာထနောက်ကျတာ၈ နာရီထိုးလောက်မှ နိုးတယ် ကျနော်ညဘက်က ၁နာရီ ၂ နာရီ ထိအလုပ်လုပ်တာများသွားတော့ နိုးချိန်က ၈ နာရီဖြစ်သွားတယ် အဲ့တော့ အလုပ်ကို ကျနော် မမှီတော့ဘူးလို့ထင်လိုက်တာပေါ့ ဒါပင်မဲ့ မျက်နှာသစ် သွားတိုက် မနက်ပိုင်းလုပ်စရာရှိတာတွေလုပ်ပြီးတော့ ၈ နာရီ ၂၅ ဖြစ်သွားတယ်
Ferry car မှီဖို့ ၅ မိနစ်ပဲလိုတော့တာပေါ့ ကျနော်တို့လမ်း လျှောက်သွားရမယ်ဆိုရင် ၁၅ မိနစ်လောက်တော့ ကြာတာပေါ့ ကျနော် လမ်းလျှောက်ရင်တော့ အဆင်မပြေဘူး အဲ့တော့ ကျနော် carry ငှားပြီး ကားဂိတ်ထိသွားရတယ် အဲ့ကနေမှ ferry စီးတာပေါ့
ဒါပင်မယ့် ကျနော် ၅ မိနစ်ကြာမယ့် ခရီးကို ၃ မိနစ်နဲ့ရောက်ချင်တယ် ကျနော်မျက်နှာသစ်နေရင်း စဥ်းစားတော့ ခေါင်းထဲကို ဖောင်းခနဲ ဝင်လာတာက "ဟင့်(ချ်)
ကျနော် ဟင့်(ချ်) ဆိုပြီးတော့ရွတ်တယ် ၈နာရီ ၁၅ ပင်မယ့် အချိန်တွေက သိပ်ပြီး မသိသာလိုက်ဘူးဗျ ကျနော် ပုံမှန်အတိုင်းဆို ၆ နာရီခွဲလောက် နိုးတယ် ၇ နာရီခွဲ ၈ နာရီဆို ကျနော် ဂိတ်မှာ ပုံမှန်စောင့်နေပြီ ကျနော် ဟင့်(ချ်) ဆိုပြီးတော့ ရွတ်တယ်ပေါ့ အဲ့လိုရွတ်ရင် အချိန်တွေက အရမ်းကြီး မြန်မနေတာ့ဘူး အချိန်ကုန်တဖြည်းဖြည်းနှေးသလို ခံစားရတယ်ပေါ့ဗျာ ၁ စက္ကန့်သွားရင် ၀.၅ စက္ကန့်လောက်ပဲကြာသလိုမျိုး ၁ မိနစ်ဆို မိနစ်ဝက်လောက်ကြာသလိုပေါ့ဗျာ အချိန်တွေကပိုသွားတာပေါ့ အချိန်စွဲလိုတဲ့ ကိစ္စတွေမှာသုံးရင် ဟင့်(ချ်) ကိုသုံးတယ် ယုံယုံကြည်ကြည်နဲ့ရွတ်ပေးပါ။ အခေါက်ရေကတော့
အရေးကြီးကိစ္စ၊ ပြာယာခပ်နေပြီဆိုရင် မလိုပါဘူး အမြန်ပေါ့ " ဟင့်(ချ်) " ဆိုပြီး ကျနော်ဆိုရင် တော့ရွတ်ပါတယ်။
ကျနော်ဆို ဆိုင်ကယ်လဲရောက် ကားကလဲ ထွက်ခံနီးဆိုတော့ ကွက်တိကျသွားတယ်ပေါ့ဗျာ
မမေ့ပါနဲ့ဗျာ ဟင့်(ချ်) နော်
သေသေချာချာလေးရွတ်ပေးမယ်ဆိုရင် အချိန်မမှီတဲ့ အရာတွေ အချိန်စွဲလိုတဲ့အရာတွေဆို အဆင်ပြေသွားပါလိမ့်မယ်
ဒါကျနော့်ရဲ့လက်တွေ့ဖြစ်သွားတဲ့အရာလဲဖြစ်ပါတယ်
ကျနော်က ကျနော် တင်ခံနီးကြရင် ကျနော်ကိုယ်တိုင်ယုံယုံကြည်ကြည်နဲ့လုပ်ကြည့်တယ်
ကျနော်လုပ်ကြည့်ပြီး အောင်မြင်တယ်ဆိုမှကျနော်က page မှာတင်ပေးတာပါဗျ အဲ့တော့ ဒီမနတန်လေးက
ဟင့်(ချ်) ပါ


မင်္ဂလာပါ🔮ကျွန်တော်ကတော့ Krezpo ပဲဖြစ်ပါတယ်ကျွန်တော်ပြောပြမဲ့အကြောင်းအရာကတော့ အခုကာလမှာ ဝင်ငွေထွက်ငွေ မမျှတဲ့သူတွေ ရှိပါ...
05/05/2022

မင်္ဂလာပါ🔮

ကျွန်တော်ကတော့ Krezpo ပဲဖြစ်ပါတယ်

ကျွန်တော်ပြောပြမဲ့အကြောင်းအရာကတော့ အခုကာလမှာ ဝင်ငွေထွက်ငွေ မမျှတဲ့သူတွေ ရှိပါတယ်။
အဲ့တော့ ဝင်ငွေ ၊ ထွက်ငွေ မျှအောင် ဝင်ငွေတွေ အများဆုံးကျန်ရှိနေအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်...

ဒီယတြာလေးမှာ လိုအပ်တာလေးတွေကတော့ လွယ်ပါတယ်
၁။ ငါးသေတ္တာတစ်ဗူးရယ်
၂။ဖယောင်းတိုင် တစ်တိုင်ရယ် ပဲဖြစ်ပါတယ်။

ပြုလုပ်ပုံ 💥

ငါးသေတ္တာဗူးပေါ်မှာ ဖယောင်းတိုင်းတစ်တိုင် နေ့တိုင်းထွန်းရပါမယ် ပြီးရင်တော့ ငါးသေတ္တာဗူးပေါ်မှာ
ငွေမြဲပါစေဆိုပြီး မှင်နဲ့ရေးရပါမယ် အဲ့ပေါ်မှာမှ ဖယောင်းတိုင်ထွန်းပြီးဆုတောင်းရမှာဖြစ်ပါတယ်... ။

အားလုံးငွေရေးကြေးရေး အဆင်ပြေကြပါစေ။❤

ထာဝရရှင်သန်နေမယ့် Abracadabra ပါ။💫

ဒီ လ အတွက် သင့်ရဲ့ အချစ်​ရေး ကံကြမ္မာ  အဆင်ပြေ​တဲ့ ကဒ် မဟုတ်ပဲ အာရုံထဲ ရှိတဲ့ကဒ်လေးကို ရွေးချယ်ပေးပါတစ်ယောက်နဲ့ တစ်ယောက်...
05/05/2022

ဒီ လ အတွက်
သင့်ရဲ့ အချစ်​ရေး ကံကြမ္မာ

အဆင်ပြေ​တဲ့ ကဒ် မဟုတ်ပဲ
အာရုံထဲ ရှိတဲ့ကဒ်လေးကို ရွေးချယ်ပေးပါ

တစ်ယောက်နဲ့ တစ်ယောက်က Energy ချင်း မတူလောက်ပါဘူး
အက်တော့ အဆင်ပြေကြပါစေဗျ

အချစ်ရေး၊စီးပွားရေး၊ ပညာရေး ၊ သိလိုသူများလည်း
Messenger မှ မေးမြန်နိုင်ပါပြီ


မင်္ဂလာပါခင်ဗျ ကျွန်တော်တို့  Tarot Reader Krezpo Page ကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ပျောက်နေတာကြာပါပြီ။လုပ်စရာလေးနည်းနည...
17/04/2022

မင်္ဂလာပါခင်ဗျ

ကျွန်တော်တို့ Tarot Reader Krezpo Page ကနေကြိုဆိုလိုက်ပါတယ်။

ကျွန်တော်ပျောက်နေတာကြာပါပြီ။
လုပ်စရာလေးနည်းနည်းရှိနေတာရော ကျွန်တော် အတွက် အခြေအနေသိပ်မကောင်းတာနဲ့ မတင်ဖြစ်တာပါ။
အခုနောက်ပိုင်း အရင်လို့ post လေးတွေ၊ pile လေးတွေ ၊တစ်ပတ်စာ ဟောစာတန်း လေးတွေပြန်တင်ပေးပါမယ်ဗျ။
ကျွန်တော့် Page ကို like and follow လုပ်ဖို့မမေ့ပါနဲ့ခင်ဗျ။

ဒီနှစ်သင်္ကြန်မှာ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပြီး ကောင်းကျိုးလိုရာဆန္ဒတစ်လုံးတစ်ဝပြည့်ပြီး အေးချမ်းတဲ့ နိုင်ငံတော်ကြီးကို ပိုင်ဆိုင်နိုင်ကြပါစေ လို့ နှစ်သစ်စုမွန်ကောင်းတောင်းလိုက်ပါတယ်။

19/03/2022
မင်္ဂလာပါ Krezpo Tarot Reader page ကနေကြိုဆိုလိုက်ပါတယ်ကျနော် personal အလုပ်ကိစ္စလေးတွေ ရှိနေလို့ ပျောက်နေတာပါ ခင်ဗျနောက...
18/11/2021

မင်္ဂလာပါ
Krezpo Tarot Reader page ကနေကြိုဆိုလိုက်ပါတယ်

ကျနော် personal အလုပ်ကိစ္စ
လေးတွေ ရှိနေလို့ ပျောက်နေတာပါ ခင်ဗျ

နောက်ပိုင်း အများကြီး လုပ်ပေးသွားမှာလေးတွေလဲ ရှိပါတယ်ခင်ဗျ။
ကျနော်ရဲ့ page ကို like and follow လုပ်ပေးဖို့ မမေ့ပါနဲ့ခင်ဗျ။
အားလုံးကို ကျေးဇူးတင်ပါတယ်။❤

Address

Hmawbi

Telephone

+959783455170

Website

Alerts

Be the first to know and let us send you an email when Tarot Reader Kʀᴇᴢᴘᴏ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram