မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ

  • Home
  • Myanmar
  • Hmawbi
  • မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ

မြနန်းစံ အထွေထွေရောဂါကုဆေးခန်း  နှင့် ရောဂါရှာဖွေရေးစင်တာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ, Pharmacy / Drugstore, Yangon/Pyay Road, Hmawbi.

🍀🍀မြနန်းစံ အထွေထွေရောဂါကုဆေးခန်း🍀🍀

မြတ်နိုးတန်ဖိုးထားရပါသော မိဘပြည်သူများ၏ကျန်းမာရေးအတွက် အရည်အသွေးပြည့်ဝသောဆရာဝန်များမှ အရည်အသွေးပြည့်မီသော(Qualityအကောင်းဆုံး)ဆေးဝါးများအသုံးပြုကာ ပြုစုကုသပေးနေပါသည်။ မြနန်းစံဆေးကုခန်းအား ၂၀၀၉ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပါသည်။

“””မြနန်းစံ အထွေထွေရောဂါကုဆေးခန်း”””

ဆေးခန်းဖွင့်ချိန်။ ။ မနက် ၈ နာရီ မှ ၁၂ နာရီ

ညနေ (၃)နာရီ မှ ည (၈)နာ

ရီ။

ဆေးခန်း အတွင်းသို့ မဝင်မှီ Maskတပ်ရပါမည်။

မပါလျှင် ဆေးခန်းမှ ပေးပါမည်။

Hand Dispenser ၊Hand gel သုံး ရပါမည်။

လူနာ နှင့် လူနာစောင့် တဦးသာ ဝင်ရပါမည်။(ကလေးငယ်နှင့် တခြားသူအကူအညီယူရန်လိုသောလူနာများမှ လွဲ၍)

ဆေးခန်းစည်းကမ်းကို သေချာတိကျစွာလိုက်နာပေးကြသော လူနာများအားလုံးကို ကျေးဇူး အထူးတင်ပါသည်။

🍀22.4.2026 ညနေ မှ Skycell flu vaccine ပြင်းထန်ရာသီတုပ်ကွေးကာကွယ်ဆေး ဒုတိယအသုတ် ထပ်ရောက်ပါမယ်ရှင့်။🍀23.4.2026 ဗုဒ္ဓဟူးနေ့...
20/04/2026

🍀22.4.2026 ညနေ မှ Skycell flu vaccine ပြင်းထန်ရာသီတုပ်ကွေးကာကွယ်ဆေး ဒုတိယအသုတ် ထပ်ရောက်ပါမယ်ရှင့်။

🍀23.4.2026 ဗုဒ္ဓဟူးနေ့ မနက်တွင်
ဒုတိယအသုတ်စာရင်းပေးထားသူများ
လာရောက်ထိုးနှံနိုင်ပါပြီရှင့်။

🍀 မြနန်းစံဆေးခန်း 🍀ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါပြီရှင်သင်္ကြန်ပိတ်ရက်များအပြီးနှစ်ဆန်း (၂) ရက်နေ့ (၁၈.၄.၂၀၂၆ စနေနေ့...
17/04/2026

🍀 မြနန်းစံဆေးခန်း 🍀
ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါပြီရှင်

သင်္ကြန်ပိတ်ရက်များအပြီး
နှစ်ဆန်း (၂) ရက်နေ့ (၁၈.၄.၂၀၂၆ စနေနေ့) မှစတင်၍
ဆေးခန်းဝန်ဆောင်မှုများကို ပုံမှန်အချိန်ဇယားအတိုင်း
ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

🕒 ဆေးခန်းဖွင့်ချိန်
• နံနက် ၈:၀၀ နာရီ မှ ၁၂:၀၀ နာရီ
• နေ့လည် ၃:၀၀ နာရီ မှ ၇:၀၀ နာရီ

💚 လူနာတိုင်း၏ ကျန်းမာရေးကို အစဉ်အလေးထားလျက်
အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်သွားမည်ဖြစ်ပါသည်။

🍀🍀🍀 မြနန်းစံဆေးခန်း 🍀🍀🍀

၁၇.၄.၂၀၂၆
မြန်မာနှစ်ဆန်း (၁) ရက်နေ့ (သောကြာနေ့)

နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတ...
17/04/2026

နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတယ်။

မိမိတို့ရဲ့ ဘဝခရီးကို ဖြတ်သန်းတဲ့အခါမှာလည်း လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူတရားတွေ လွှမ်းမိုးခြင်းမခံရဘဲ အသိဉာဏ် (ပညာ) ကို ရှေ့ထားပြီး ဆင်ခြင်တုံတရားနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။

နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး ဘယ်လိုလောကဓံမျိုးနဲ့ ကြုံရပါစေ၊ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ စိတ်နဲ့ ကျော်ဖြတ်နိုင်ကြပါစေ။

မိမိတို့ ပြုလုပ်သမျှသော အလုပ်ကိစ္စတိုင်းမှာလည်း အတ္တကို ရှေ့မထားဘဲ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် စေတနာကောင်းတွေနဲ့ အောင်မြင်မှုကို ရယူနိုင်ကြပါစေ။

အဓိကကတော့ မိမိတို့ရဲ့ အတွင်းသန္တာန်မှာ ရှိတဲ့ ကိုယ်ကျင့်တရား (သီလ) ကို မြဲမြံအောင် ထိန်းသိမ်းခြင်းဖြင့် ဘေးကင်းလုံခြုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ငြိမ်းအေးစွာ အသက်ရှင်နေထိုင်နိုင်ကြပါစေလို့ အလေးအနက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ဆုတောင်း2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်ကူး #မေတ္တာ #အေးချမ်းမှု #တရားတော် #ဘဝခရီး #ဓမ္မရသ

"လောကမှာ သင်္ကြန်ရောက်ရင် လူတွေက ရေနဲ့ဆေးကြတယ်၊ ရေပက်ကြတယ်ဒါဟာ အညစ်အကြေးတွေကို ဆေးကြောတဲ့ သဘောလို့ ယူရေပက်ကြတယ်ဒါပေမဲ့ သ...
16/04/2026

"လောကမှာ သင်္ကြန်ရောက်ရင် လူတွေက
ရေနဲ့ဆေးကြတယ်၊ ရေပက်ကြတယ်
ဒါဟာ အညစ်အကြေးတွေကို ဆေးကြောတဲ့ သဘောလို့ ယူရေပက်ကြတယ်
ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင်
အပြင်ပန်းက ရေနဲ့ဆေးရုံနဲ့တော့ စိတ်ထဲက အညစ်အကြေးတွေက မပြောင်စင်သွားနိုင်ဘူး။

ခန္ဓာကိုယ်ပေါ်က အညစ်အကြေးတွေကတော့
ရေနဲ့ဆေးရင် ပြောင်သွားလိမ့်မယ်၊ ဒါပေမဲ့ နှလုံးသားထဲမှာ ကိန်းဝပ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ ဆိုတဲ့ အညစ်အကြေးတွေကတော့ ဘယ်လောက်ပဲ ရေနဲ့ပက်ပက်၊ ဘယ်လောက်ပဲ ရေချိုးချိုး လုံးဝ ပြောင်စင်သွားမှာ မဟုတ်ပါဘူး။

စိတ်ထဲက အညစ်အကြေးဆိုတာ
အသိဉာဏ်နဲ့မှ ဆေးလို့ရတာ။ သူတစ်ပါးအပေါ် ထားတဲ့ အာဃာတတွေ၊ မနာလိုတဲ့ စိတ်တွေ၊ မာန်မာနတွေဆိုတာ အပြင်က ရေအေးနဲ့ မငြိမ်းနိုင်ဘဲ တရားရေအေးနဲ့မှသာ ငြိမ်းအေးနိုင်တာ ဖြစ်ပါတယ်။

ဒါကြောင့် သင်္ကြန်မှာ ရေပက်ခံထွက်ပြီး
ပျော်တာထက် ကိုယ့်ရဲ့ စိတ်ထဲမှာ ဘယ်လို အညစ်အကြေးတွေ ရှိနေသလဲဆိုတာကို အရင်ဆန်းစစ်ကြည့်ရမယ်။

အဲ့ဒီ အညစ်အကြေးတွေကို မေတ္တာတရားနဲ့ ဆေးကြောမယ်၊ သည်းခံခြင်းနဲ့ ကုစားမယ်ဆိုရင်တော့ ရေနဲ့ဆေးတာထက် ပိုပြီး စင်ကြယ်တဲ့၊ ပိုပြီး အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ရမှာပါ။

စစ်မှန်တဲ့ သင်္ကြန်ဆိုတာ ကိုယ့်စိတ်ထဲက အညစ်အကြေးတွေကို အသိဉာဏ်နဲ့ ဆေးကြောတာကို ပြောတာဖြစ်ပါတယ်"

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏✨🍀🌿🍃
🙏🙏🙏🙏🙏

#ကောင်းခြင်းတွေနဲ့ပြည့်စုံပါစေ ✨🍀🌿🍃

"လောကမှာ မေတ္တာပို့တယ်ဆိုတာ သူတစ်ပါးကို အေးချမ်းစေချင်တဲ့ စေတနာကို ကိုယ့်နှလုံးသားထဲမှာ အရင်ဆုံး မွေးမြူတာပဲ။ လူတွေက 'ဘေ...
16/04/2026

"လောကမှာ မေတ္တာပို့တယ်ဆိုတာ သူတစ်ပါးကို အေးချမ်းစေချင်တဲ့ စေတနာကို ကိုယ့်နှလုံးသားထဲမှာ အရင်ဆုံး မွေးမြူတာပဲ။ လူတွေက 'ဘေးကင်းပါစေ၊ ရန်ကင်းပါစေ' လို့ နှုတ်ကသာ ရွတ်နေကြတာ၊ စိတ်ထဲမှာတော့ ဒေါသတွေ၊ အမုန်းတရားတွေ ကိန်းဝပ်နေရင် အဲ့ဒီမေတ္တာဟာ အစွမ်းမထက်နိုင်ဘူး။ စစ်မှန်တဲ့ မေတ္တာဆိုတာ ကိုယ့်ကို ဒုက္ခပေးတဲ့သူ၊ ကိုယ့်အပေါ် မကောင်းတဲ့သူကိုတောင်မှ 'သူလည်း သူ့အကြောင်းနဲ့သူမို့ မှားနေတာပဲ၊ သူလည်း အေးချမ်းပါစေ' လို့ ခွင့်လွှတ်နိုင်တဲ့ စိတ်ထားမျိုး ရှိမှသာ တကယ့်မေတ္တာ ဖြစ်မှာပါ။

မေတ္တာပို့တဲ့အခါ သူတစ်ပါး အေးချမ်းတာထက် အရင်ဆုံး ကိုယ်တိုင် အေးချမ်းသွားတာကို သတိပြုကြည့်ပါ။ မေတ္တာဓာတ်ဟာ ရေအေးနဲ့တူတယ်၊ ကိုယ့်နှလုံးသားထဲမှာ မေတ္တာရေစင်တွေ ပြည့်နေပြီဆိုရင် ဒေါသအပူတွေ ငြိမ်းသွားတော့တာပဲ။ ကိုယ်က အေးချမ်းနေမှ သူတစ်ပါးကိုလည်း အေးချမ်းမှုကို မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာပို့တဲ့အခါ 'အားလုံး အဆင်ပြေကြပါစေ၊ ဘေးကင်းကြပါစေ' ဆိုတဲ့ စေတနာကို စိတ်ရင်းနဲ့ ထားရှိပါ။ အဲ့ဒီလို မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့သူဟာ ဘယ်နေရာသွားသွား ဘေးကင်းတယ်၊ လူနတ်ချစ်ခင်တယ်၊ အိပ်ပျော်ရင်လည်း ချမ်းသာစွာ အိပ်ပျော်ပြီး နိုးလာရင်လည်း ချမ်းသာစွာ နိုးထရပါတယ်။ ဒါဟာ ဘဝအတွက် အမြတ်ဆုံးသော ကုသိုလ်ရိက္ခာပဲ ဖြစ်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ🙏🙏🙏🙏🙏

👉တချို့သူတွေကိုဆိုရင် ကျမနဲ့ဘယ်တော့မှ မဆုံခဲ့ဖူးဘူးလို့ အတွေးပြောင်းလိုက်ရင် အေးချမ်းသွားရောပဲ။ချစ်ခြင်းသံယောဇဉ်လဲပြတ် မုန်းခြင်းသံယောဇဉ်လဲကုန်။ သူတို့ပြုခဲ့တဲ့ကံ သူ့ဒါဏ်သူ့ဖာသာခံ ဆိုပြီးပဲတွေးလိုက်တယ်။ စိတ်ထဲအေးချမ်းသွားရောပဲ။

#မေတ္တာပို့ခြင်း #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #မေတ္တာရေစင် #အေးချမ်းမှု #တရားတော် #စိတ်ထား #ဓမ္မရသ

15/04/2026

ခင်ပွန်းကြီးဆယ်ပါးကန်တော့နည်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဘုရားတပည့်တော်သည် သံသရာမှစ၍ ယနေ့ထက်တိုင်
၁။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၂။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါရှင် ကိုယ်တော်မြတ်ကြီးတို့အပေါ်၌
၃။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂ္ဂသာ၀က၊ မဂာသာ၀က ရဂန္တာအရှင်မြတ်တို့အပေါိ၌
၄။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့အပေါ်၌
၅။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့အပေါ်၌
၆။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့အပေါ်၌
၇။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော ဆရာသမားတို့အပေါ်၌
၈။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖုည့်ကျင့်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်တို့ထက် သိက္ခာအရွယ်ကြီးမားသူတို့အပေါ်၌
၉။ ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မအား ဟော‌ပြဆုံးမတတ်သော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့အပေါ်၌
၁၀။ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်စသည်ဖြင့် ပေးကမ်းစွန့်ကြဲ ထောက်ပံ့ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့အပေါ်၌ ကာယကံ၊ ၀စီကံ၊ မနောကံ စသော ကံသုံးပါးတို့ဖြင့် ပြစ်မှားမိသည်ရှိပါသော် ထိုသို့သောအပြစ်တို့အား ပျောက်ပါစေခြင်းအကျိုးငှါ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ဤသိုရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ရသော ကောင်းမှုကံ စေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါအန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျင် ဘုရားရှင်ဟောကြားတော်မူသော သစ္စာလေးပါးမြတ်တရားကို ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ ၀င်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာအဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း၊ တောင့်တတိုင်း လွယ်ကူလျှင်မြန်စွာ ပြနည့်စုံ၍ နှလုံးစိတ်၀မ်း အေးချမ်းရပါလို၏ အရှင်ဘုရား။
ခင်ပွန်းပြီးဆယ်ပါးအား ဤသို့ ပူဇော်ရှိခိုးကန်တော့ရသည့်အကျိုးကြောင့် ခင်ပွန်းကြီးဆယ်ပါးပူဇော်ခြင်းအကျိုး(၁၀)ပါး ခံစားရမည်ဖြစ်သည်။
ယင်းတို့ကား

ခင်ပွန်းကြီးဆယ်ပါးပူဇော်ခြင်းအကျိုး
၁။ အစားအစာမရှားပါးခြင်း။
၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း။
၃။ ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း။
၄။ လူချစ်လူခင်ပေါများခြင်း။
၅။ ပရိတ်သတ်အလယ်၌ တင့်တယ်စွာနေနိုင်ခြင်း။
၆။ ကောင်းသတင်းဂုဏ်ကျော်စောခြင်း။
၇။ အခြွေအရံများခြင်း။
၈။ စီးပွားဥစ္စာဖွံ့ဖြိုးတိုးတတ်ခြင်း
၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း
၁၀။ သားကောင်းသမီးကောင်းရရှိခြင်း
စသည့်အကျိုးတို့အား ခံစားရမည်ဖြစ်သတည်း။

14/04/2026

ဘီပိုး
အသည်းရောင်အသားဝါဘီပိုးဟာ ကျနော်တို့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လိုက်တာနဲ့ တသက်လုံးပြန်မထွက်တော့ပါဘူး တနေရာရာမှာပုန်းနေတတ်တယ်

ခန္ဓာကိုယ်အတွင်း ဘီပိုးတကောင်မှမရှိအောင် တနေရာမှာမှမရှိအောင်ပျောက်သွားတာမျိုး ပျောက်သွားတဲ့ဆေး ယနေ့အထိလုံးဝမပေါ်သေးသလို နောက်လဲပေါ်လာဖို့မလွယ်ပါဘူး
ဘီပိုးဆိုတာကိုခနထားလို့
HBsAg ဆိုတာ သွေးစစ်လိုက်ရင် Negative ဖြစ်နေမှ ကျနော်တို့တွေ ပြည်ပမှာအလုပ်သွားလုပ်ကြတဲ့ခါ သွေးစစ်ချက်မှာ HBsAg Negative ဖြစ်ချင်တာလူတိုင်းပါဘဲ သမီးလေးကဂျပန်သွားချင်တာ စလုံးသွားချင်တာ
ဒီလိုလူတွေမှာ HBsAg Negative ဖြစ်ရင်ပီးရော သူတို့က ဒါကိုလိုချင်တာ
နောက်တခုက DNA
သွေးထဲကိုစစ်လိုက်ရင် DNAကမရှိတော့ဘူး
ဘီပိုးကသတ်ရတာဘာလို့ခက်နေလဲဆိုတော့ ဒီကောင်ကလူလည် သူကလူ့ခန္ဓာကိုယ်ထဲကိုဝင်လိုက်တာနဲ့ အခွံကိုချွတ်ပီးလူ့ခန္ဓာကိုယ်ရဲ့ အသည်းဆဲလ်ထဲမှာရှိတဲ့ DNA ထဲကိုဝင်ပလိုက်တယ် အသည်းဆဲလ်ထဲမှာရှိနေတုန်းမှာလည်းသူက ccc DNA ( Covalently closed circular DNA ) အဲဒီတော့ ccc DNA ဟာ ဘီပိုးသေဆေး သောက်ချင်သလောက်သောက် မပျောက်ဘူး
ဘီပိုးသေဆေးစားလို့ ဘီပိုးပျောက်တယ်ဆိုတာက
ဘီပိုးကပွားပြီး သွေးထဲကိုထွက်လာတဲ့ DNA ကတော့ ပျောက်မှာပါ DNA ကိုတော့ Negative ဖြစ်နိုင်တယ်

လူတယောက်ကိုစစ်လိုက်တော့ DNA က Negative ဟာ မင်းဆေးသောက်စရာမလိုတော့ဘူး ကုစရာမလိုတော့ဘူး ပျောက်သွားပီဆိုရင်တော့..ဒါဟာ အမှားဘဲ ဘာကြောင့်ဆိုရင် အသည်းထဲမှာ ccc DNA ကရှိနေလို့ဘဲ
ပျောက်ကို မပျောက်ပါဘူး

လူ့ခန္ဓာကိုယ်ထဲရဲ့ DNA ထဲကို ဘီပိုးရဲ့ DNA ကစိမ့်ဝင်ပီး အမြဲတမ်းကျန်နေခဲ့တော့ ဘီပိုးတခါဝင်ခဲ့ဘူးသူတိုင်းဟာ အမြဲတမ်း သတိထားနေရမယ် ဂရုစိုက်နေရပါမယ် ဉပမာ....
ကင်ဆာဆေးတွေသွင်းမယ် ကိုယ်ခံအားကိုကျစေမဲ့ဆေးတွေသွင်းလိုက်တာနဲ့ ဘီပိုးဟာ ချက်ခြင်းကြွတက်လာမယ်

စီပိုးကျတော့ရော လူ့ရဲ့ဆဲလ်ထဲကို
ဝင်တဲ့အခါ သူ DNA ထဲကိုမဝင်ဘူး စိုက်တိုပလာဇန် ထဲကိုဝင်တာ အနောက်တိုင်းဆေးနဲ့ တခါကုလိုက်တာနဲ့ ပျောက်တယ်ပေါဗျာ ဘီပိုးနဲ့စီပိုး အာ့လိုကွာတယ်

ဘီပိုးနဲ့စီပိုး နောက်ဆက်တွဲက ဆီးချိုပြဿနာဘဲ ဆီးချိုကိုသတိထားရမယ်
ဆရာအများစုကလဲသတိမထားမိကြပါဘူး
ဘီပိုးကလူ့ခန္ဓာကိုယ်ထဲကိုဝင်တယ် ဝင်ပီးတာနဲ့ အခွံကိုချွတ်ပစ်လိုက်တယ် ချွတ်ပီးတာနဲ့ ccc DNA ကိုပြောင်းပစ်လိုက်တယ် အဲဒီကနေမှသူက ပိုးတွေကိုပွားစေတယ် အခုသောက်နေကြတဲ့ ဘီပိုးသေဆေး TNF က ထွက်နေတဲ့ပိုးတွေကို မထွက်အောင်ဘဲလုပ်ပေးနိုင်တာ
သွေးထဲမှာ DNA စစ်လိုက်ရင် N ပြနေမယ် ccc DNA ကတော့မပျောက်ပါဘူး

အာ့တော့ HBsAg N ဖြစ်နေရင်တောင်မပေါ့ပါနဲ့ ပေါ့လို့မရပါဘူး အချိန်မရွေးပြန်ပေါ်လာပါမယ် ကျောက်ကပ်ဆဲလ်ထဲမှာလည်းခိုအောင်းနေတတ်တယ်
ဘီပိုးကတခါဝင်လိုက်တာနဲ့ ဘာလို့ ကယ်ရီယာဖြစ်သွားရလဲဆိုရင်
ဘီပိုးကိုတိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားကြောင့်ပါဘဲ ဘီပိုးဝင်ပီးသွားတာနဲ့ ကိုယ်ခံအားက 10% လောက်မှာ ဘီပိုးကို အပြတ်တိုက်မထုတ်နိုင်တဲ့လူတွေမှာ HBsAg ဆိုတာကျန်နေတတ်ပါတယ် ကိုယ်ခံအားကောင်းဖို့ အရေးကြီးပါတယ်

Dr....UKMW
အသည်းအထူးကု

ဆေးတွေအားလုံးထက် စိတ်ဓာတ်မကျဖို့ အိပ်ရေးဝဝအိပ်ဖို့ ကိုယ်ခံအားကောင်းဖို့လိုအပ်ပါတယ်

ဘီပိုးရှိတယ် စီပိုးရှိတယ် အသည်းခြောက်နေတယ် အသည်းကင်ဆာဖြစ်နေတယ်ဆိုပီး စိတ်ဓာတ်ကျနေလို့မရပါဘူး ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါးလေးနေမယ် ခေါင်းအေးအောင်ထားမယ် စားသမျှအစားတွေကို ဖြည်းဖြည်းစား ညက်အောင်ဝါး အစာအိမ်နဲ့အူလမ်းကြောင်းကိုဂရုစိုက်မယ်

ကိုယ်အလေးချိန်မကျဖို့ထိန်းရပါမယ် ရှောင်သင့်တဲ့အစားအသောက်တွေရှောင်ရပါမယ် ကိုယ်ကဝိတ်ချနေသူမဟုတ်ဘူးဗျာ ဘာရယ်မှန်းမသိ ကိုယ်အလေးချိန်ကျလာရင် သတိထားရပါမယ်
လူကအစားအသောက်မကောင်းဘူး နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးမရှိဘူး
ဖျားတာနာတာမရှိဘဲ လူက လေးလံထိုင်းမှိုင်းနေတယ်ဆိုရင် သတိထားရပါမယ်
ကင်ဆာလူနာတွေအနေနဲ့က မိမိမှာကင်ဆာရောဂါရှိနေပီဆိုရင် အဲဒီကင်ဆာကိုမိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားကပြန်လည်တိုက်ခိုက်ရတာဖြစ်တဲ့အတွက် အနည်းငယ်ဖျားနေသလိုခံစားရပါတယ် ဆေးထိုးဆေးသောက်သော်လည်း မသက်သာဘဲ အဖျားငွေ့ငွေ့လေးရှိနေတတ်တယ်ဆိုရင် သတိထားထားရပါမယ်
ကင်ဆာရောဂါလက္ခဏာ အလိုက်ပြတတ်ပါတယ် အ‌ဆုတ်ကင်ဆာဖြစ်တော့မယ်ဆိုရင် ချောင်းဆိုးမယ် မောမယ်
ရင်သားကင်ဆာလက္ခဏာဆိုရင် အလုံးအကျိတ်တွေကနေစတင်လေ့ရှိပါတယ် မီးယပ်ကင်ဆာတွေကြတော့ မျိုးဉအိမ်ကင်ဆာဆိုရင် ရေဖျင်းစွဲလာတာ ဗိုက်ထဲတင်းနေတာတွေဖြစ်တတ်ပါတယ်
ကျနော်တို့မြန်မာပြည်မှာအဖြစ်များနေတဲ့ အသည်းကင်ဆာဆိုရင်သိသာထူးခြားတဲ့ လက္ခဏာလေးတွေရှိပါတယ် ဝမ်းဗိုက်ညာဖက်အခြမ်းမှာ အောင့်သလို ထိုးသလို တင်းနေသလို ခုနေသလို နာနေသလို ကိုယ်အလေးချိန်ကျသွားမယ် အသားတွေကမွဲခြောက်ခြောက်ဖြစ်သွားမယ် ဆီးဝါမယ် ဆီးနီလာမယ် ဆီးနည်းမယ် ဝမ်းချုပ်မယ် ညဖက်အိပ်မပျော်တာ အကြောတက်တာ အစာမကျေသလိုဖြစ်တာ ပျို့အန်တာ နောက်ကြောဖက်ကထိုးတာတွေ သတိထားရပါမယ်

ဆရာဦးမိုးထက်
09793201990
ပုသိမ်မြို့

သင်္ကြန်မှာ  ပြုလုပ်ရမည့်အရာများ....🍀 အကြို နေ့မှာ  မိမိ နေအိမ်ရှိ ဘုရား ကို        ရေသပ္ပါယ်ပါ ။ ဘုရားကျောင်းဆောင်ပေါ်ရ...
13/04/2026

သင်္ကြန်မှာ ပြုလုပ်ရမည့်အရာများ....

🍀 အကြို နေ့မှာ မိမိ နေအိမ်ရှိ ဘုရား ကို
ရေသပ္ပါယ်ပါ ။ ဘုရားကျောင်းဆောင်ပေါ်ရှိ
မလိုအပ် သည့်ပစ္စည်းများနှင့် အမှိူက်များ
ရှင်းလင်းပြီး ဘုရားခန်းတခုလုံး
ကြည်ညိုစဖွယ် ဖြစ်အောင်ထားပါ...
(ထိုနေ့မှာ မေတ္တာသု တ် ရွတ်ပွားပါ)

🍀 သင်္ကြန်အကျနေ့မှာ နေအိမ်ဘုရားကို
သက်ရှိ ထင်ရှားရှိနေသကဲ့သို့
သဘောထား ပြီး ဆွမ်းကပ် ပေးပါ...
ထို့နည်းအတူ မြတ်စွာဘုရားရဲ့ သားတော်
များဖြစ်ကြတဲ့ ရဟန်းသံဃာတို့အား
ဆွမ်းဂျိုင့်ပို့ခြင်း ဆွမ်းစား ပင့်ခြင်း
စတဲ့ကောင်းမှူ ဒါနများ ပြုလုပ်ပေးပါ ။
(ထိုနေ့မှာ ရတန သုတ်ရွတ်ပါ)

🍀 သင်္ကြန် အကြတ်နေ့မှာ နေအိမ် သို့မဟုတ်
လမ်းထဲရပ်ကွက်ထဲရှိ အဖိုးအဖွား များကို
ခေါင်းဆေး မင်္ဂလာပြုပေးခြင်း လက်သည်း
ခြေသည်း ညှပ် ပေးခြင်းများ ပြုလုပ်ပေး
ပါ...... ထိုနေ့မှာဘဲ မိမိ ကိုယ်တိုင်ကလည်း
ဦးခေါင်းဆေး မင်္ဂလာ ပြုလုပ်ပေးပါ ။
(ps... တရော် ကင်ပွန်းဖြင့်သာ
ပြုလုပ်ပေးပါ)
(ထိုနေ့မှာ ဂုဏ်တော်(၉)ပါးရွတ်ပါ)

🍀 သင်္ကြန်အတက်နေ့မှာ တတ်နိုင်တဲ့
သူကလည်း စတုဒိသာ အကျွေး အမွေး
များ ဖြင့် ကုသိုလ် ယူနိုင်သလို
မတတ်နိုင်သော သူများကလည်း ..
သောက်ရေသန့် လှူပေးပါ
(ထိုနေ့မှာ မဟာသမယသုတ် ရွတ်ပါ)

🍀 နှစ်ဆန်း တရက်နေ့ရောက် ရင်တော့
ဥပုသ် သီတင်းသီလ ဆောက်တည်ပြီး
နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့
တရားဘာဝနာပွားများပါ(ထိုနေ့မှာ
ပဌာန်းအကျယ်ဖွင့် ရွတ်ပွားပါ
အရပ်၁၀မျက်နှာနဲ့ ၃၁ဘုံ
သားတို့အား မေတ္တာပို့ပါ အမျှ ဝေပါ)

မြန်မာ နှစ်ကူးမှ စ၍ စီးပွားဥစ္စာများ
တိုးတက်ကြဖို့ ဆုမွန်ကောင်း
တောင်းပေးလိုက်ပါတယ်ရှင်...

 ်နေ့မှApril17ရက်နေ့အထိသင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့အထိ     " မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် " 🙏🙏🙏နှစ်သစ်ပိတ်ရက်လေးမှာ အိ...
13/04/2026

်နေ့မှApril17ရက်နေ့အထိ
သင်္ကြန်အကြိုနေ့မှနှစ်ဆန်း၁ရက်နေ့အထိ
" မေတ္တသုတ်(၅) ရက်အဓိဋ္ဌာန် " 🙏🙏🙏

နှစ်သစ်ပိတ်ရက်လေးမှာ အိမ်တွင်းကုသိုလ်တွေ
ပြုလုပ်ရင်း မေတ္တာသုတ် အဓိဋ္ဌာန်ဝင်ကြရအောင်

၁။ နံနက်စောစောထ၍ ကိုယ်လက်သန့်စင်ပြီးလျှင်
ဘုရားရှင်ရှေ့တော်မှောက်၌ ငါးပါးသီလ ခံယူပါ။

၂။ ထို့နေ့အတွက် မေတ္တသုတ်ကို (၉)ခေါက်
အဓိဋ္ဌာန်ဝင်ခွင့်ပြုပါရန် ဘုရားရှင်ထံ
လျှောက်ထား ခွင့်ပန်ပါ။

၃။ ခွင့်ပန်ထားသည့်အတိုင်း အောင်မြင်အောင်
ကျင့်ဆောင်မည်ဖြစ်ပါကြောင်း ဘုရားရှင်ထံ၌
ကတိပေး လျှောက်ထားပါ။

၄။ သမန္တာ စက္ကဝါဠေသု မှစ၍ ရွတ်ဆိုပြီး
နတ်ဗြဟ္မာတို့အား ပရိတ္တရားနာ
ကြွပါရန် ဖိတ်ကြားပါ။

၅။ မေတ္တသုတ်ပရိတ်တော်ကို
စတင် ရွတ်ဖတ် ပူဇော်ပါ။

လိုက်နာ ဆောင်ရွက်ရန်
***************************
နေ့စဉ် (၉) ခေါက်နှုန်းဖြင့်
သင်္ကြန်ပိတ်ရက်(၅)ရက်
အဓိဋ္ဌာန် ဝင်ရပါမယ်

နေ့စဉ် (၉)ခေါက် အဓိဋ္ဌာန်
အောင်မြင်သွားတိုင်း မေတ္တာပို့ရပါမယ်

မေတ္တာပို့နည်း
******************
(၁) ဧတံ ပုညဘာဂံ ဤကဲ့သို့ ကျင့်ကြံပွားများအားထုတ် လှူဒါန်းပူဇော်ကန်တော့ရသော ကုသိုလ်ကောင်းမူကံစေတနာ အဖို့ဘာဂတို့အား အနန္တစကြဝဠာ အတွင်း၌ မှီတင်းဖြစ်ပေါ်နေထိုင်ကြကုန်သော အနတ္တလူနတ်ဗြဟ္မာ၊အနတ္တသတ္တဝါများအားလုံး ၊အရပ်လေးမျက်နာ ၊အရပ်ရှစ်မျက်နာ၊ အရပ်ဆယ္မ်က္နာ၌ ရှိကြကုန်သော အနန္တ နတ်၊ လူ ဗြဟ္မာ အနန္တသတ္တဝါအားလုံး မည်သို့သော ပုဂ္ဂိုလ် သတ္တဝါမျှမကျန်။

(၂) သာသနာတော်အား စောင့်ရှောက်
လျက်ရှိသော ဘိုးတော်သိကြားမင်းနှင့်တကွ
သာသနာစောင့်နတ်မင်းကြီး ၄ ပါး
အားလည်းကောင်း။

(၃) တောစောင့်နတ်၊ တောင်စောင့်နတ်၊
မြို့စောင့်နတ်၊ ရွာစောင့်နတ်၊အာကာသစိုး၊
ရုက်ခစိုး၊ဘုမ်မစိုး၊
သမုဒ္ဒရာစောင့်နတ်၊မီးစောင့်နတ်၊
ရေစောင့်နတ်၊လေစောင့်နတ်၊နေစောင့်နတ်၊
လစောင့်နတ်၊နတ်မင်းအပေါင်းနှင့်
ကျွနုပ် ၏ကိုယ်စောင့်နတ်တို့အားလည်းကောင်း၊
သာသနာတော်အား
စောင့်ရှောက်လျက်ရှိကြကုန်သော
နတ်မင်းအပေါင်းတို့အားလည်းကောင်း။

(၄) ဝိရူပက္ခမြွေနတ်နဂါးမင်း၊
ဆဗျာပုတ္တမြွေနတ်နဂါးမင်းနှင့်တကွ
နတ်နဂါးမင်းအပေါင်းတို့အားလည်းကောင်း။

(၅) ဘုရားသိုက်၊နဂါးသိုက်၊ကုလားသိုက်၊
ရှမ်းသိုက်၊ဘီလူးသိုက် အစရှိသဖြင့် သိုက်နန်းရှင်၊
သိုက်ချုပ်၊ သိုက်ဝင်အပေါင်းတို့နှင့်တကွ
နဂါး ဂဠုန် ကု မ်ဘဏ် ယက္ခ၊ဂန္ဓဗ္ဗ
နတ်အပေါင်းတို့အားလည်းကောင်း။

(၆) ဘုရားတပည့်တော်ဘဝအဆက်ဆက်
သံသရာ၌ တော်စပ်ခဲ့သော မိခင်၊ဖခင်၊ဆရာသခင်၊
ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အားလည်းကောင်း၊
ယခုဘဝတော်စပ်ကြကုန်သော
မိခင်၊ဖခင်၊ဆရာသခင်၊ကျေးဇူးရှင်များနှင့်
ဆွေတော်အပေါင်း
မျိုးတော်ရှစ်သောင်းတို့အား လည်းကောင်း၊၊

(၇) ပထဝီ၊တေဇော၊အာဘော၊ဝါယော
ဓာတ်အကြီးလေးပါးကို မြီ၍ ဖြစ်ပေါ်
ကြကုန်သော အနန္တ နတ် လူ ဗြဟ္မာ
အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊
သြကာသလောက၊သင်္ခါရလောက၊သတ္တလောက
လောကသုံးပါး ကိုမှီ၍ ဖြစ်ပေါ်ကြကုန်သော
အနန္တ နတ် လူ ဗြမ္မာ အနန္တသတ္တဝါအားလုံးတို့အား လည်းကောင်း ၊ ယမမင်းနှင့်တကွ ငရဲသူ ငရဲသားတို့အားလည်းကောင်း။

ဘေးရန် ခပ်သိမ်း ကင်းငြိမ်း ချမ်းသာကြပါစေ၊
ဒေါသ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ကြပါစေ၊
ဆင်းရဲ ခပ်သိမ်း ကင်းငြိမ်း ချမ်းသာ ကြပါစေ၊
နှလုံးစိတ်ဝမ်းငြိမ်းချမ်း သာယာ ကြပါစေ ကုန်သတည်း။

တပည့်တော်-
ပြုခဲ့သော ကုသိုလ် ကောင်းမူကံ
စေတနာ ၊ ဒါနကုသိုလ် ၊ သီလ ကုသိုလ်၊
ဘာဝနာကုသိုလ်၊ သစ္စာကုသိုလ်
မေတ္တာ ကုသိုလ် အစုစုတို့အား
ဝသုန္ဓရေ မြေနတ်သားအား
သက်သေအရာထား၍ လည်းကောင်း
အမျှအတန်းပေးဝေပါ၏။

တပည့်တော်နှင့် ထပ်တူထပ်မျှရ၍
သာဓု အနုမောဒနာ ခေါ်ဆိုနိုင်ကြပါစေ။

ကျွတ်နိုင် လွတ်နိုင် နိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ။

အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
အမျှ အမျှ အမျှ ၊
ယူတော်မူကြပါကုန်လော့ 🙏🙏🙏

သူတော်ကောင်း သူတော်မြတ် အပေါင်းတို့၏ ပြု ပြုသမျှ ကောင်းမူကုသိုလ် အစုစုတို့အားလည်း ကြှနျုပျမှ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာ ခေါ်ဆိုပါ၏။ ထပ်တူ ထပ်မျှ ရ ရပါလို၏။

သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။
သာဓု သာဓု သာဓု ။

၆။ ထို့ကဲ့သို့ အမျှပေးဝေပြီး နောက်ဆုံး၌
မိမိအဓိဋ္ဌာန်ကို သစ္စာပြု၍ လိုရာဆုကို
တောင်းရမည်။
( အဓိဋ္ဌာန်ကာလအတွင်း တစ်မျိုးတည်းသော
ဆုကိုသာ တောင်းရမည်)

အချိန်မပေးနိုင်သူများ အလုပ်မအားလပ်သူများ
မေတ္တာသုတ်ပရိတ်တော်ကို နေ့စဉ်
(၉) ခေါက် အဓိဋ္ဌာန်ဖြင့် ပုံမှန် ရွတ်ဖတ်
ပူဇော်နိုင်ပါက အကျိုးထူးများ
ရစေနိုင်မည် ဖြစ်ပါတယ်🙏🙏🙏

🍀🍀🍀ကျမတို့၏ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီညီအမများအတွက် 🍀🍀🍀ကျမကအလုပ်ရှင်မို့ တခြားသူက ဝန်ထမ်းမို့လို့ ဆိုပြီး ဘယ်သောအခါ...
12/04/2026

🍀🍀🍀ကျမတို့၏ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီညီအမများအတွက် 🍀🍀🍀

ကျမကအလုပ်ရှင်မို့ တခြားသူက ဝန်ထမ်းမို့လို့ ဆိုပြီး ဘယ်သောအခါမှ ခွဲခြားဆက်ဆံတာမျိုးမရှိခဲ့ပါဘူး ။

မတတ်ရင် သင်ပေးတယ် ။ မှားနေရင်ထောက်ပြတယ် ။ စည်းကမ်းနဲ့ထိန်းသိမ်းတယ် ။ system နဲ့ လည်ပတ်နိုင်အောင်ကြိုးစားတယ် ။ ဘာတွေထပ်လုပ်ပေးရင် ကျမဝန်ထမ်းတွေ အလုပ်ပိုတွင်ပြီး ပင်ပန်းတာလျော့ကျမလဲ အမြဲတွေးတယ် ။

ဆေးခန်းတိုးတက်ဖို့ ၊ လူနာတွေ အဆင်ပြေဖို့

သူလုပ်မှငါလုပ်မှဆိုပြီး မခွဲခြားဘဲ “””ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ””” မခိုမကပ်တဲ့ ကျမတို့ရဲ့ အမများ ညီမများအတွက် ဆန်ဆီဆားပဲကြက်ဥကို မေတ္တာဖြင့် ကျမတို့တတ်အားသရွေ့ မျှဝေလှူဒါန်းခဲ့ပါသည်။

“လိုအပ်သူကိုကူ “ပရဟိတ အလှူများလဲ ထုတ်ဖော်မချပြပေမဲ့ အလျဉ်းသင့်သလို ဒိထက်မက လှူနိုင်အောင် ကြိုးစားပါဦးမယ်။

စေတနာတန်ဖိုးက အရာအားလုံးထက် အမြင့်ဆုံးဖြစ်ပါသည်။

🍀🍀🍀🍀🍀DrATP🍀🍀🍀🍀🍀

🍀🍀🍀🍀မြနန်းစံဆေးခန်း🍀🍀🍀

12/04/2026

“ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” ဆိုသလို
အပြန်အလှန် ထောက်ပံ့ကူညီတတ်ကြတဲ့ စိတ်ထားလေးများရှိတဲ့

ကျမတို့ ဝန်ထမ်းမိသားစုများအတွက်
ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်ဥများကို
နှစ်သစ်ရဲ့ အစမှာ စေတနာပြည့်ဝစွာ လှူဒါန်းပေးနိုင်ခဲ့ပါတယ်။

နေ့စဉ်ဘဝအတွက် ဂုဏ်သိက္ခာရှိရှိ သမာသမတ်ရှိရှိ ကြိုးစားနေကြတဲ့ လက်ကလေးများကို
အနည်းငယ်ပဲဖြစ်ဖြစ် အားပေးနိုင်ခြင်းဟာ
အလွန်တန်ဖိုးရှိတဲ့ လှူဒါန်းမှုတစ်ခုပါ။

ပေးကမ်းခြင်းဟာ လျော့နည်းသွားခြင်းမဟုတ်ပဲ
ပိုမိုပြည့်စုံလာခြင်းဖြစ်ပြီး
မျှဝေခြင်းဟာ မေတ္တာကို ပိုမိုကြီးထွားစေပါတယ်။

ကျမတို့ 🍀မြနန်းစံဆေးခန်းမိသားစု🍀၏

ဒီလိုအလှူလေးတွေကနေ
တစ်ယောက်ချင်းစီရဲ့ စိတ်နှလုံးထဲမှာ
နွေးထွေးမှု၊ အားတက်မှုတွေ ပိုမိုဖြစ်ပေါ်လာပြီး
သူတပါးများအတွက်လည်း
တစ်ဆင့်ဆင့် ကောင်းမှုများ ပျံ့နှံ့သွားနိုင်ပါစေ။

မိတ်ဆွေများအားလုံးအတွက်ရော ကျမတို့အားလုံးအတွက်ပါ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေရှင်🙏

✅သီချင်းစာသား၏မင်္ဂလာရှိမှုကို သဘောကျနှစ်ခြိုက်မိ၍ ထည့်သွင်းedit ပြုလုပ်ခဲ့ပါသည်။

11/04/2026

#အူမကြီးအသားပိုတွေကိုဖြတ်ထုပ်လိုက်ရင်အူမကြီးကင်ဆာကိုကာကွယ်ပေးပါတယ်။
အသားပိုတွေရှိရင်ဘာမှမခံစားရလို့ရှိ-မရှိမှန်ပြောင်းကြည့်မှသိပါမယ်။

Adenomatous colon polyp တစ်ခုကနေ အူမကြီးကင်ဆာ (Colorectal Cancer) အဖြစ် ပြောင်းလဲသွားဖို့အတွက် ပုံမှန်အားဖြင့် **၁၀ နှစ်ကနေ ၁၅ နှစ်ဝန်းကျင်** ကြာမြင့်တတ်ပါတယ်။

ဒါကို ဆေးပညာအရ **Adenoma-to-Carcinoma Sequence** လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အချိန်ကာလဟာ လူတစ်ဦးချင်းစီရဲ့ အခြေအနေနဲ့ အသားပို(Polyp) ရဲ့ အမျိုးအစားပေါ် မူတည်ပြီး ကွာခြားနိုင်ပါတယ်။

ပြောင်းလဲမှုကို မြန်ဆန်စေနိုင်တဲ့ အချက်အလက်အချို့မှာ-
* **ပိုလစ်အရွယ်အစား (Size):** အသားပိုက **၁ စင်တီမီတာ (10 mm)** ထက် ပိုကြီးရင် ကင်ဆာဖြစ်နိုင်ခြေ ပိုများသလို ပြောင်းလဲမှုနှုန်းလည်း ပိုမြန်နိုင်ပါတယ်။

* **ဆဲလ်အမျိုးအစား (Histology):** Villous adenoma လို့ခေါ်တဲ့ အမျိုးအစားဟာ tubular adenoma ထက် ကင်ဆာဖြစ်နှုန်း ပိုမြန်တတ်ပါတယ်။

* **High-grade dysplasia:** အသားပိုကို စစ်ဆေးတဲ့အခါ ပုံမှန်မဟုတ်တဲ့ ဆဲလ်ပြောင်းလဲမှု (Dysplasia) အဆင့် မြင့်နေရင် ကင်ဆာဖြစ်ဖို့ ပိုနီးစပ်နေပြီလို့ ဆိုလိုပါတယ်။

* **မျိုးရိုးဗီဇ (Genetics):** Lynch syndrome ဒါမှမဟုတ် FAP (Familial Adenomatous Polyposis) လိုမျိုး မျိုးရိုးဗီဇဆိုင်ရာ ရောဂါအခံရှိသူတွေမှာတော့ ဒီဖြစ်စဉ်ဟာ အများကြီးပိုမြန်တတ် (ဥပမာ - ၁ နှစ်ကနေ ၃ နှစ်အတွင်း) ပါတာကြောင့် ပိုမိုဂရုစိုက်ဖို့ လိုပါတယ်။

အူမကြီးမှန်ပြောင်းကြည့်ရှုစစ်ဆေးခြင်း (Colonoscopy) ပြုလုပ်တဲ့အခါ ဒီလို အသားပ်ုတွေကို တွေ့ရှိပြီး ချက်ချင်းဖယ်ရှားလိုက်ခြင်းက အူမကြီးကင်ဆာမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်နည်းပဲ ဖြစ်ပါတယ်။
Prof Thein Myint (GI)

Address

Yangon/Pyay Road
Hmawbi
NO.90,NO.1QUARTERMYAUNGTAGAR

Opening Hours

Monday 08:00 - 12:00
15:00 - 20:00
Tuesday 08:00 - 12:00
15:00 - 20:00
Wednesday 08:00 - 12:00
15:00 - 20:00
Thursday 08:00 - 12:00
15:00 - 20:00
Friday 08:00 - 12:00
15:00 - 20:00
Saturday 08:00 - 12:00
15:00 - 19:00
Sunday 08:00 - 12:00
15:00 - 20:00

Telephone

+9595140586

Website

Alerts

Be the first to know and let us send you an email when မြနန်းစံ အထွေထွေရောဂါကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share