Dr. Care Your Health

Dr. Care Your Health Health care provider

14/01/2025

🔰 သွေးတိုးတာ ဘာမှ မဖြစ်ပါဘူး ဘာမှ မခံစားရပါဘူးလို့
မပေါ့ဆသင့်ပါ
🔰 အသိနောက်ကျတာ ရောဂါကြီးသွားတာမျိုးမဖြစ်ရအောင် စောစောသိ စောစောကုထားသင့်ပါတယ် ခင်ဗျာ

Dr. Wunna Kyaw Lwin

20/05/2024

စားချဉ့်ပြန်ရောဂါရှိနေတဲ့သူတွေက - ရင်ပူတယ် ၊ အစာစားပြီး ဗိုက်တင်းပြီးနေရခက်တယ် ၊ လည်ပင်းမှာ တစ်စို့တစ်စို့ဖြစ်နေတာ ခံစားရတယ် ၊ လေချဉ်တက်တယ် ၊ ပါးစပ်ထဲ သွားရည်တွေထွက်နေတတ်တယ် ၊ အစာမျိုရင် နာတာမျိုးဖြစ်တတ်ပါတယ် ခင်ဗျာ

25/04/2024

🔺 ဝမ်းခဏခဏ ချုပ်ခြင်း
🔺 ဝမ်းသွားပြီးလျှင် ဝမ်းကျန်သလိုဖြစ်ခြင်း ( ဝမ်းသွားရတာ မပြီးသလိုဖြစ် )
🔺 ဝမ်းအတုံး မသွားပဲ ဝမ်းအတုံးသေးသွားခြင်း
🔺 ဝမ်းလျှောသလို ဝမ်းအရည်ပဲသွားခြင်း
🔺 မနက်စောစော အိမ်သာတက်ချင်၍ အိမ်သာသွားသော်လည်း ဝမ်းမသွားပဲ အချွဲ ဝမ်းများသွားခြင်း
🔺 အစားအသောက်ပျက်ခြင်း
🔺 ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းလားခြင်းတို့
ကြုံတွေ့ခံစားနေရပါက ဆေးရုံ၊ ဆေးခန်းတွင် Ultrasound ရိုက်ခြင်း ၊ စအိုမှတဆင့် လက်ညှိုးထည့်၍ စမ်းသပ်ခြင်း ၊ မှန်ပြောင်းကြည့်ခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ပါသည်။

🔰 အသိစော၍ ရောဂါမကြီးရအောင် စောစောစီးစီးကုသခြင်းဖြင့် ပျောက်ကင်းနိုင်အောင် သတိထားကြပါစို့ ခင်ဗျာ

Dr. ဝဏ္ဏကျော်လွင် 🩺🩺

08/03/2024

🔰 သင့်မှာ ဆီးချိုရောဂါရှိနေပြီလား ❓
🔺 ဒီလို အောက်က Video လေးကြည့်လိုက်ပါ
🔺 မိတ်ဆွေအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အကူ တစုံတရာ ရတယ်ဆိုရင် မိတ်ဆွေရဲ့ သူငယ်ချင်း ၊ ဆွေမျိုး ၊ မိဘ ၊ မောင်နှမတွေကို ပြန်လည် မျှဝေပေးလိုက်ပါ

🩺 Dr. Wunna Kyaw Lwin

06/03/2024

သွေးအန်ခြင်း သွေးဝမ်းသွားနေပြီဆိုဘယ်လို သိနိုင်လဲ ❓❓ ဘာတွေ ဆက်လုပ်ရမလဲ ❓❓

12/02/2024

နှလုံးသွေးကြောကျဉ်း ၊ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါ ခံစားရပြီဆိုရင် ရင်ဘတ်အောင့်တာ အပြင် ဘယ်နေရာတွေ
အောင့်တာ/ နာတာဖြစ်တတ်သလဲ ❓

🔰 ဆီးချိုလိုရောဂါရှိတဲ့ သူတွေမှာ ရင်ဘတ်အောင့်တာကို မသိပဲ ဖြစ်နေတတ်ပါတယ်

🔰 နှလုံးအောက်ဖက် သွေးကြောထိခိုက်မှု ရှိတဲ့အခါ အစာမကြေသလို ရင်ပြည့်သလို ခံစားချက်မျိုးနဲ့ တွဲပြီးလာတတ်ပါတယ်
သို့ဖြစ်ပါ၍ အစာအိမ်ရောဂါဟု လွဲမှားကုသပြီး အန္တရာယ်ဖြစ်တတ်ပါတယ် ။

🩺 အားလုံး နေကောင်း ကျန်းမာ စိတ်ချမ်းသာနိုင်ကြပါစေ။

09/02/2024

ရင်ဘတ်အောင့်ပြီဆိုရင် ဘယ်အချိန်သတိထားသင့်လဲ ❓

🔰ကျန်းမာရေးနဲ့ ပတ်သက်တာလေးတွေ ဆွေးနွေးချင်ရင် Page messenger မှာ လာရောက်ဆွေးနွေးနိုင်ပါတယ်

🔰 လိုအပ်တဲ့ဆေးဝါးများရှိရင်လည်း မှာကြားနိုင်ပါတယ်

Viber phone: number - 095060533

07/02/2024

ဘီပိုး ဘယ်လိုကူးစက်တတ်လဲ ❓

🔰 ဒီ video ကြည့်တဲ့သူထဲမှာ ဘီပိုးအကြောင်းသိချင်တာလေးတွေရှိရင် Page Messenger မှာ လာရောက်မေးမြန်းဆွေးနွေးနိုင်ပါတယ် 🦠

06/02/2024

အသည်းရောင် အသားဝါ ဘီပိုး ဘယ်အချိန်ကုသကြမလဲ ❓

🔰 ဘယ်အချိန် သွေးတိုးရောဂါရှိပြီလို့ ယူဆမလဲ ❓🔺 မတူညီတဲ့ နေ့ / အချိန် တွေမှာ သွေးပေါင်ချိန်ကြည့်လိုက်လို့ 3️⃣ ခါဆက်တိုက် 👉...
05/02/2024

🔰 ဘယ်အချိန် သွေးတိုးရောဂါရှိပြီလို့ ယူဆမလဲ ❓

🔺 မတူညီတဲ့ နေ့ / အချိန် တွေမှာ သွေးပေါင်ချိန်ကြည့်လိုက်လို့ 3️⃣ ခါဆက်တိုက်
👉 အပေါ်သွေး > 140 ကျော်
👉 အောက်သွေး > 90 ကျော်
နေမယ်ဆိုရင် သွေးတွေးရောဂါရှိပြီလို့ အကြမ်းဖျဉ်း ယူဆလို့ရပါတယ်

🔰 သွေးတိုးရောဂါနောက်ဆက်တွဲ ခံစားနေရပြီလား သိရအောင် ဘာတွေလုပ်ဆောင်သင့်လဲ ❓

👉 နှလုံး ECG ရိုက်ခြင်း
👉 ရင်ဘတ် ဓါတ်မှန်ရိုက်ခြင်း
👉 မျက်လုံးမြင်လွှာ ဓါတ်ပုံရိုက်ခြင်း
👉 ဝမ်းဗိုက် တယ်လီဗီးရှင်း ဓါတ်မှန်ရိုက်ခြင်း
👉 ကျောက်ကပ် လုပ်ငန်းဆောင်တာကောင်းမကောင်း သွေးစစ်ခြင်း
👉 သွေးတွင်း ကိုလက်စထရော များမများသွေးစစ်ခြင်း စတာတွေ လုပ်ဆောင်လို့ရပါတယ် ။

🔰 ဘယ်အရာတွေက သွေးတိုးရောဂါပိုဆိုးစေလဲ ❓

🔺 အဝလွန်ခြင်း
🔺 အရက်အလွန်အကျွံသောက်သုံးခြင်း
🔺 ဆေးလိပ်သောက်ခြင်း
🔺 အထိုင်များသောအလုပ်များ ကြာရှည်စွာလုပ်ကိုင်ရခြင်း
🔺 မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးများသောက်သုံးခြင်း
🔺 အကိုက်အခဲပျောက်ဆေးများ ကာလကြာရှည်သောက်သုံးခြင်း
🔺 Steroid ဆေးများကြာရှည်စွာမှီဝဲခြင်း
🔺 ဟော်မုန်းဆေးများသောက်သုံးခြင်း
အစရှိတာတွေကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်သလို ၊ သွေးတိုးရောဂါလည်း ပိုဆိုးနိုင်ပါတယ် ။

ဒါကြောင့် အနာဂါတ်က မိမိကိုယ်ကို ကျန်းမာစေချင်တယ်ဆိုရင် သွေးတိုးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ရမှာဖြစ်သလို ၊ ဖြစ်လာပြီဆိုရင်လည်း ပိုမဆိုးလာအောင် ဂရုစိုက်သင့်တယ်ဆိုတာကို ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်

Dr. Wunna Kyaw Lwin

ကျန်းမာရေးအတွက် ဗဟုသုတလေးတွေ သိချင်တယ်ဆိုရင် Page ကို Like / Follow လုပ်ထားလို့ရပါတယ်။
မိတ်ဆွေတွေ အတွက်လည်း Share လေးလုပ်ပေးလို့ရပါတယ်

Photo credit to Pinterest

🔰 သွေးတိုးရောဂါ စောစောမကုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ ❓1️⃣ သွေးကြောကြီးများထိခိုက်၍ ခံစားရသော ရောဂါများ❤️ ရင်ဘတ်အေ...
03/02/2024

🔰 သွေးတိုးရောဂါ စောစောမကုရင် နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲ ❓

1️⃣ သွေးကြောကြီးများထိခိုက်၍ ခံစားရသော ရောဂါများ

❤️ ရင်ဘတ်အောင့်ခြင်း ၊ အသက်ရှူမဝဖြစ်ခြင်း ၊ လှဲအိပ်လျှင်မောခြင်း ၊ ညဘက်မော၍ထထိုင်ရခြင်း ၊ ခြေထောက်မျက်နှာတို့ ဖောယောင်ခြင်း ၊ နှလုံးအားနည်းခြင်း
🔺 သွေးကြောများထိခိုက်၍ ခြေလက်များအေးစက်ခြင်း ၊ လမ်းလျှောက်ရာတွင် ကောင်းစွာမလျှောက်နိုင်ပဲ နားနား၍လျှောက်ရခြင်း
🧠 အမြင်အာရုံဝေဝါးခြင်း ၊ အာရုံကြောဆိုင်ရာ ချို့ယွင်းမှုတို့ ဖြစ်စေနိုင်ပါသည်

2️⃣ သေးငယ်သော သွေးကြောများထိခိုက်၍ ခံစားရသော ရောဂါများ

👁️ မြင်လွှာအနောက်ဘက်ရှိ သေးငယ်သော သွေးကြောများထိခိုက် ၍ အမြင်အာရုံအားနည်းခြင်း
🔺 ကျောက်ကပ်သွေးကြောများထိခိုက်၍ ကျောက်ကပ်အားနည်းပြီး ဆီးသွားနည်းခြင်း ၊ ခြေထောက်များဖောယောင်ခြင်း ၊ ပျို့ချင် ၊ အန်ချင် စသော နောက်ဆက်တွဲရောဂါများ ဖြစ်ပေါ်ခံစားရနိုင်ပါသည်။

🔰 ထိုကဲ့သို့သော ရောဂါများမှာ နာတာရှည် ရောဂါများဖြစ်သည့်အပြင် ကုသရခက်ခဲသော
ရောဂါများဖြစ်ပါသည်။
သို့ပါ၍ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်မှသာလျှင် သက်တမ်းစေ့ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်နေထုင်နိုင်မှာ ဖြစ်ပါတယ်

🔰 သွေးတိုးရောဂါကုသရာတွင် ဆေးသောက်ရုံသာမက အစားအသောက် ၊ အနေအထိုင် ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများနှင့်ပါ ပူပေါင်းကုသရမှာဖြစ်ပါတယ် …

🔰 သွေးတိုးရောဂါရှိတယ် ဘာမှ မခံစားရဘူး ၊ ဘာမှ မဖြစ်လောက်ပါဘူးဟု ပေါ့ပေါဆဆ မနေဘဲ ရောဂါရှိမှန်း စသိကတဲက သေသေချာချာဂရုစိုက်ကုသလျှင် အထက်ပါနောက်ဆက်တွဲ ဝေဒနာများ မခံစားရဘဲ ကျန်းမာပျော်ရွှင်စွာ နေထိုင်သွာနိုင်မယ်ဆိုတာလေး ပြောကြားရင်း ကျန်းမာရေးဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ် …

Dr. Wunna Kyaw Lwin

❤️ကျန်းမာရေးဗဟုသုတလေးတွေ အခါအားလျှော်စွာ မျှဝေပေးသွားမှာ ဖြစ်တဲ့အတွက် Page ကို Like / Follow လုပ်ထားလို့ရပါတယ်
❤️ မိတ်ဆွေ အပေါင်းအသင်းတွေ သိရအောင်လည်း Share လုပ်ပေးသွားလို့ရပါတယ်

Photo credit to Pinterest

25/01/2024

Address

Ho-pong
06261

Telephone

+9595060533

Website

Alerts

Be the first to know and let us send you an email when Dr. Care Your Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Care Your Health:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category