ဆေးမဟာဆေးဆိုင် Hpa-an

ဆေးမဟာဆေးဆိုင်  Hpa-an မြန်မာဆေး/အင်္ဂလိပ်ဆေးမျိုးစုံကိုစျေးနှုန်းချိုသာစွာဖြင့်လက်လီ/လက်ကားဝယ်ယူနိုင်ပါတယ်ရှင်❤️

26/01/2026

-သေနှုန်းမြင့်တဲ့ နီပါ (Nipah) ဗိုင်းရပ်စ်အကြောင်း သိထားသင့်တဲ့ (၅) ချက်�

- အိမ်နီးချင်းနိုင်ငံတွေမှာ ဖြစ်နေတဲ့ နီပါ (Nipah) ဗိုင်းရပ်စ် - မြန်မာတွေ ဘာတွေသတိထားရမလဲ? 🦇🚨

မင်္ဂလာပါ... ဒေါက်တာရဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်း သတင်းတွေမှာ အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ နီပါ (Nipah Virus) ပြန်တွေ့နေရသလို၊ ထိုင်းနိုင်ငံဘက်ကလည်း သတိပေးချက်တွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်မြန်မာနိုင်ငံက ပြည်သူတွေလည်း ကြိုတင်သတိထားနိုင်အောင် ဒီဗိုင်းရပ်စ်အကြောင်းလေး အရေးပေါ် မျှဝေပေးချင်ပါတယ်။

Nipah ဆိုတာက သာမန်တုပ်ကွေးလိုလိုနဲ့ အသက်အန္တရာယ်အထိ ပေးနိုင်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ ဒီရောဂါအတွက် အတိအကျ ကုသပျောက်ကင်းနိုင်တဲ့ ဆေးမရှိသေးသလို၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေး (Vaccine) လည်း ကမ္ဘာပေါ်မှာ မပေါ်သေးပါဘူး။
သေဆုံးနှုန်းက (၄၀% ကနေ ၇၅%) အထိ မြင့်မားနိုင်တာမို့ လုံးဝပေါ့ဆလို့ မရပါဘူး။

🔍 ဘယ်လိုကူးစက်နိုင်လဲ?
အဓိကကတော့ တိရစ္ဆာန်ကနေ လူကို ကူးစက်တာပါ။

(၁) လင်းနို့များ
လင်းနို့တွေက အသီးမှည့်ရင် အရမ်းကြိုက်ပါတယ်။ သရက်သီး၊ မာလကာသီး စတာတွေပေါ့။
* ❌ အပင်အောက် ပြုတ်ကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။
* ❌ ငှက်ဆိတ်ရာ၊ အကောင်ကိုက်ရာ ပါတဲ့ အသီးဆိုရင် နှမြောပြီး လှီးထုတ်စားတာမျိုး လုံးဝ မလုပ်ပါနဲ့။ တစ်လုံးလုံး လွှင့်ပစ်လိုက်ပါ။ အဲ့ဒီအသီးမှာ လင်းနို့တံတွေးကနေတဆင့် ဗိုင်းရပ်စ်ပါလာနိုင်ပါတယ်။

လင်းနို့တွေက ထန်းရည်အိုးတွေမှာ လာတွဲခိုတတ်သလို၊ အိုးထဲကို အညစ်အကြေးစွန့်တာတွေ ရှိနိုင်ပါတယ်။
* ❌ ထန်းရည်အိုးဖွင့်ထားတာတွေကို သောက်တာက အရမ်းအန္တရာယ်များပါတယ်။

(၂) ရောဂါပိုးရှိတဲ့ ဝက် တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။

(၃) ရောဂါပိုးရှိတဲ့ လူနာ ရဲ့ ခန္ဓာကိုယ်အရည် (တံတွေး၊ သွေး၊ ဆီး) နဲ့ အနီးကပ်ထိတွေ့မိရင်လည်း လူအချင်းချင်း ကူးစက်နိုင်ပါတယ်။

🚨 သတိထားရမည့် လက္ခဏာများ (Symptoms)
ဗိုင်းရပ်စ်ဝင်ပြီး (၄) ရက်ကနေ (၁၄) ရက်အတွင်းမှာ လက္ခဏာပြတတ်ပါတယ်။
1. ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း။
2. ကြွက်သားတွေ နာကျင်ကိုက်ခဲခြင်း။
3. အော့အန်ခြင်း၊ လည်ချောင်းနာခြင်း။
4. မောပန်းခြင်း၊ အသက်ရှူရခက်ခဲခြင်း
5. အရေးကြီးဆုံးအဆင့် - ရောဂါရင့်လာရင် ဦးနှောက်ရောင်ရမ်းခြင်း (Encephalitis) ဖြစ်လာမယ်။ ခေါင်းမူးဝေမယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ သတိလစ်မလိုဖြစ်မယ်။ ဒီအဆင့်ရောက်ရင် (၂၄) နာရီကနေ (၄၈) နာရီအတွင်း ကိုမာ (Coma) ဝင်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

-လောလောဆယ် နီပါဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသဆေးနဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ဒါကြောင့် ကာကွယ်ခြင်းကသာ အထိရောက်ဆုံး ကုသမှုပါ။

🛡️ ဘယ်လိုကာကွယ်ကြမလဲ?

✅ (၁) အသီးအနှံများကို သတိထားစားသုံးပါ - အသီးတွေကို ရေစင်စင်ဆေးပြီးမှ စားပါ။ အခွံနွှာစားပါ။ ငှက်/လင်းနို့ ကိုက်ရာပါတဲ့ အသီးတွေကို လုံးဝ(လုံးဝ) မစားပါနဲ့။ မြေကြီးပေါ် ကြွေကျနေတဲ့ အသီးတွေကို ကောက်မစားပါနဲ့။

✅ (၂) လက်သန့်ရှင်းရေး - ဆပ်ပြာနဲ့ ရေကိုသုံးပြီး မကြာခဏ လက်ဆေးပါ။ အထူးသဖြင့် အစားမစာခင်နဲ့ တိရစ္ဆာန်တွေနဲ့ ထိတွေ့ပြီးချိန်မှာ လက်ဆေးပါ။

✅ (၃) ထန်းရည် - ထန်းရည်အိုးတွေမှာ လင်းနို့တွေ လာပြီးတွဲခိုနေတတ်တာကြောင့် သတိထား သောက်သုံးပါ။

✅ (၄) လူနာနှင့် ထိတွေ့မှု - ဖျားနာနေတဲ့လူနာကို ပြုစုရမယ်ဆိုရင် Mask တပ်ပါ၊ လက်အိတ်စွပ်ပါ၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။

ဒီရောဂါက ကုဆေးမရှိပေမယ့် "ဆင်ခြင်မှု" နဲ့ ၁၀၀% ကာကွယ်လို့ ရပါတယ်။

ကျန်းမာရေးသတိ၊ အမျိုးသားသတိ ဆိုသလိုပဲ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်ကြပါခင်ဗျာ။

ဒီအကြောင်းအရာလေးကို ကိုယ်ချစ်ရတဲ့ သူတွေလည်း သိရအောင် Share လုပ်ပြီး သတိပေးလိုက်ကြပါဦးနော်။

(Update ဖြစ်သော ကျန်းမာရေးဗဟုသုတများကို နေ့စဉ်ဖတ်ရှုရန် Dr. Ye Page ကို See First လုပ်ထားပါ)

#နီပါဗိုင်းရပ်စ် #ကျန်းမာရေး
#နီပါဗိုင်းရပ်စ် #ကျန်းမာရေးဗဟုသုတ
#ဒေါက်တာရဲ

05/01/2026
03/12/2025
13/11/2025
29/09/2025

#ခြေမကြီးရောင်ကိုင်းနေတာပဲ
#လမ်းလျှောက်ဖို့မပြောနဲ့_အထိတောင်_မခံနိုင်ဘူး
#ထိမိခိုက်မိလည်း_မရှိပါဘူး

😰😰😰

Gout (ဂေါက်ရောဂါ) #ဒူလာရောဂါ လို့ခေါ်ကြတယ်

ဖြစ်ရတဲ့ အကြောင်းရင်း က Uric acid ဆိုတဲ့ ဓာတ်များလို့ဖြစ်ရတာ။

သူရဲ့ အဆစ်ရောင်တာက တခြားအဆစ်ရောင်ရောဂါတွေ နဲ့မတူပဲ အဆစ် တစ်ခု၊ ဒါမှာမဟုတ် (၂) ခု အဲ့လို အဆစ်နည်းနည်းပဲ ဖြစ်ပါတယ်။

အဖြစ်အများဆုံးက 🦶 ခြေမအရင်းနား နဲ့ ဒူးခေါင်း 🦵ပါ

👉👉👉

ဘာလို့အဲ့လို နာရတာလဲ !!!

👉 Uric acid က #အပ်သေးသေးလေးနဲ့ တူပါတယ်

👉 ကျွန်တော် တို့ရဲ့ အဆစ်ဆိုတာ အရိုးနှစ်ခုရဲ့ အဆုံးတွေကို အရွတ်တွေ ကြွက်သားတွေနဲ့ တွဲဆက်ထားပါတယ်။

Uric acid ဆိုတာက အဆစ်တွေမှာစုရတာကိုကြိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ Uric acid များလာတော့ အဆစ်တွေမှာ သွားစုပါတယ်။

#တပင်ရွှေထီး သူရဲကောင်းရွေးတုန်းက အပ်စိုက်ပြီး တူနဲ့ရိုက်ပြီး စမ်းသပ်ခဲ့တာ မှတ်မိကြမှာပေါ့ အပ်တစ်ချောင်းစိုက်ခံရရင် ဘယ်လောက်နာလဲဆိုတာ

အပ်သေးသေးလေးတွေ အများကြီးက အဆစ်မှာ လာစိုက်နေကြတာ ဆိုတော့ ဘယ်လောက် နာမလဲ စဉ်းစားကြည့်ကြပါ။
အပ်သေးသေးတွေလာစိုက်နေလို မခံရပ်နိုင်အောင်နာတဲ့ အပြင် အဲ့ဒီနားက ရောင်နေတော့ သွေးဖြူဥ (White Blood Cells) တွေကပါ ရန်သူလာတယ် ဆိုပြီး အဲ့ဒီအဆစ်ကို ဝိုင်းပြီးတိုက်ခိုက်ကြပါတယ်။

အဲ့တော့ အဆစ်က ရောင်သထက်ရောင် နာသထက်နာ နေပါတော့တယ်။

(လေတိုးရင်တောင် နာတယ် ပြောပါတယ် => ခံစားဖူးတဲ့သူတွေ သိကြပါလိမ့်မယ်)

- အဆစ်ကြီးက ရောင်ကိုင်း မခံရပ်နိုင်အောင်နာ
- လမ်းလျှောက်ဖို့မပြောနဲ့ လှုပ်တောင်မလှုပ်နိုင်
- ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုဖြစ်တော့ အဖျားနည်းနည်းရှိတတ်ပါတယ်

👉👉👉

🤔 ဘာလို့ Uric acid က များရတာလဲ !!!

၁။ စားတာများရင်
၂။ စွန့်ထုတ်တာ နည်းရင်

👉👉👉

၁။ Uric acid အနေနဲ့ တော့ ဘယ်သူမှ မစားပါဘူး (Nucleic acid) ဆိုတဲ့ Cells (အသားတွေပေါ့) တွေကိုတော့ စားကြပါတယ်

ငယ်ငယ်က သင်ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်၊ Cells တွေမှာ Nucleus ရှိတယ်လေ ။ အဲ့ဒီ Nucleus ထဲမှာ Nucleic acid ရှိတယ် အဲ့ဒီဟာတွေစားရင် ခန္ဓာကိုယ်က Uric acid အဖြစ်ပြောင်းပေးလိုက်ပါတယ်။

Cells များရင် Nucleus များမှာပေါ့

Cells များတဲ့ အစာတွေက
- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ
(ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ရင် Beer လေးကစ်ရင်း မြည်းလို့ကောင်းတာ မှန်သမျှ Beer အပါအဝင် Uric acid တက်စေပါတယ်)
၂။ Uric acid စွန့်ထုတ်တာနည်းရင်

ဥပမာ - ဆီးဆေးသောက်နေရတဲ့သူတွေပေါ့

အဲ့ဒီလူတွေမှာ Uric acid များပါတယ်။

အဲ့တော့ အပေါ်က လက္ခဏာတွေပေါ်ပါတယ်။

💉 ဆေးထိုး၊ 💊 ဆေးစားလိုက်ရင် သက်သာသွားပါတယ်။

အဲ့တော့ ပြန်စား ပြန်သောက်ကြပါတယ်
👉 ပြန်ဖြစ်ကြပါမယ်

ခဏ ခဏ ဖြစ်ရင် အဆစ်တွေပျက်စီးပါမယ်
ကျောက်ကပ်မှာကျောက်တည်ပါမယ် (ကျောက်ကပ်ပျက်ပါတယ်)

👉👉👉

Gout က ဖြစ်ဖူးထားရင် ကိုယ့် Life style ကို မပြင်ရင် ပြန်ဖြစ်တတ်ပါတယ်။

အကောင်းဆုံးက အစားအသောက် ဆင်ခြင်ကြဖို့ပါ

- Red meat (အမဲသား၊ ဝက်သား၊ဆိတ်သား)
- ဝမ်းတွင်းသား ကလီဆာတွေ
- အစေ့အဆံတွေ ၊ အညွန့်အငြှောင့်တွေ (ပဲပင်ပေါက်၊ပဲအမျိုးမျိုး)
- အရက်၊ Beer
- ငါးဥ ရှောင်ရပါမယ်။
- အညွန့်အငြှောင့်တွေ ရှောင်ရပါမယ်

***ဒီရောဂါကတော့ ဆိုင်ထိုင်တတ်တဲ့ ယောက်ျားသားများမှာ ပိုဖြစ်တတ်ပါတယ်

😀 ဒူလာဘေး ကင်းဝေးကြပါစေ 😀

ဒူးခေါင်း စတဲ့ အဆစ်တစ်ခုပဲ ရောင်ရင် တခြားဖြစ်တတ်တာ (၂) ခုရှိပါသေးတယ်
- Septic arthritis (အဆစ်ထဲပိုးဝင်တဲ့ရောဂါ)
- Hemarthrosis ( သွေးရောဂါတစ်မျိုး)

(Photo credit; MedicalNewstoday)

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

03/09/2025

✅ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ
စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ
မသိဘူးဆိုတဲ့သူတွေအတွက်_

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)

> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ်တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )

>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)

> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ

@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )

> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )

> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ်တာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ စစ်ဆေးခြင်း

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV - HIV ပိုးစစ္တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
ကိုင်းတာကို စစ်တာ

(ဗဟုသုတအဖြစ်သာ မျှဝေပါသည်)


Crd_

ဒညင်းသီးရာသီဆိုတော့
17/05/2025

ဒညင်းသီးရာသီဆိုတော့

30/04/2025

#ခန္ဓာကိုယ်ကပူကျွတ်နေတာပဲ
#ချွေးလည်းမထွက်တော့ဘူး
#အသက်ရှူတွေမြန်_သွေးပေါင်တွေကျပြီး_သတိလစ်သွားတယ်

#ရာသီဥတုပူပြင်းလာတာနဲ့အမျှ
သက်ကြီးရွယ်အိုများအတွက် အိမ်တွင်းမှာတောင် သင့်တင့်မျှတသော အပူချိန် မဖန်တီးနိုင်ကြသောအခါ
#အတွေ့အရမ်းများလာပါတယ်


( #အပူလေသင်တုန်းဖြတ်ခြင်း)

Stroke လို့ခေါ်ကြလို့ လေဖြတ်တာလို ကိုယ်တစ်ခြမ်းသေသွားတာ၊မျက်နှာရွဲ့သွားတာ ဖြစ်ပြီး နာတာရှည်ရောဂါသည်အနေနဲ့ နေသွားရတာ မဟုတ်ပါဘူး ဖြစ်ပြီဆိုရင် အရေးပေါ်ချက်ချင်းကုသမှုမခံယူလျှင် သေသွားနိုင်တာပါ

- ကိုယ်ခန္ဓာအပူချိန် ၁၀၄ Drgree Fahrenheit ကျော်ပူနေပြီး
- အသက်ရှူတွေမြန်၊ နှလုံးခုန်တွေမြန်၊ သွေးပေါင်တွေထိုးကျပြီး
- ကယောင်ကတမ်းတွေဖြစ်၊ သတိလစ်ရာကနေ၊ အသက်ဆုံးတဲ့အထိဖြစ်ရတာပါ။

ရာသီဥတုပူလွန်းအားကြီးလို့အဖြစ်များလာရတာပါ။
👉 ရာသီဥတုကပူ
👉 ရင်ထဲကအပူတွေကများ
👉 နေပူကြီးထဲတန်းတွေစည်
👉 ဆီး သွားရမှာစိုးပြီး ရေကမသောက်

အကြောင်းရင်းတွေစုပြီး အသက်ပါပေးရတတ်ပါတယ်။

လူကနုံးချိ၊ ပင်ပန်းနွမ်းနယ်နေပြီး၊ အာခေါင်တွေခြောက်၊ ခေါင်းတွေကိုက်ပြီး၊ ကြွက်တွေတက် ဆီးနည်းသွားတဲ့
Heat Stroke လောက်မဆိုးသေးတဲ့
- Heat cramp
- Heat Exhausation
စတာတွေတော့ အခုခံစားနေကြရလောက်ပါတယ်။

ခံစားနေကြရတယ် ဆိုရင်တော့ သတိကြီးကြီးထားကြပါ 👉 Heat Stroke ဖြစ်လာနိုင်ပါတယ်

👉👉👉
#ဘာလို့ဖြစ်ရတာလဲ ⁉️

ကျွန်တော်တို့ သွေးနွေးသတ္တဝါ (Warm blooded Animal) တွေက ခန္ဓာကိုယ်အပူချိန်တသတ်မှတ်တည်းဖြစ်ဖို့
အပူထုတ်လုပ်ခြင်း (Heat Gain) နှင့် အပူဆုံးရှုံးခြင်း (Heat Loss) က မျှခြေမှာရှိရပါတယ်။

အပူထုတ်လုပ်ခြင်း (Heat Gain)
- ဇီဝဖြစ်စဉ်တွေကနေ ဘေးထွက်အနေနဲ့ အပူစွမ်းအင်ကိုရပါတယ်
- ကြွက်သားတွေလှုပ်ရှားခြင်း ကနေလည်း အပူရသလို
- ပတ်ဝန်းကျင်က ကနေလည်း ရရှိပါတယ်

အပူဆုံးရှုံးခြင်း (Heat Loss)
- ရေငွေ့ပြန်ခြင်း၊ ချွေးထွက်ခြင်း (အရေပြားမှစွန့်ထုတ်ခြင်း)
- အသက်ရှူထုတ်ခြင်း
- ဆီး၊ ဝမ်းစွန့်ခြင်း အစရှိသည်တို့က နေ့ စွန့်ထုတ်ပါတယ်

အဲ့ဒီ 😰 အပူထုတ်လုပ်ခြင်း (Heat Gain) နှင့် အပူဆုံးရှုံးခြင်း (Heat Loss) က မျှခြေမှာ မရှိတော့လျှင်

ဖျားနာခြင်းကစလို့၊ Heat Cramp, Heat exhaustation မှ Heat Stroke အထိဖြစ်ပါတယ်။

ဖြစ်မှကုသရတာက ခက်ခဲပါတယ်
- ပန်ကာလေ/လေအေးပေးစက်တွေနဲ့ အေးနေအောင်လုပ်ရပါတယ်
- ရေပတ်တွေရွှဲရွှဲစိုအောင်တိုက်ရပြီး
- ရေဓာတ်တွေသွေးကြောမှအမြန်ပြန်သွင်းရပါတယ်

အဲ့ဒါကြောင့် မဖြစ်ရအောင်ပဲ #ကြိုတင်ကာကွယ် ကြရပါမယ်

- အပူရှောင်ပါ (အရိပ်ရသော၊ အေးမြသောနေရာများတွင်သာနေပါ)
- ရေများများသောက်ပါ (ရေကိုပုလင်းဖြင့် မှတ်မှတ်သားသား ဒီနေ့ (၃) ပုလင်းသောက်မယ် ဆိုပြီးသောက်ပါ၊ ရေဆာမှ၊အာခေါင်ခြောက်မှ မသောက်ပါနှင့်)
- ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုရှောင်ပါ (လက်လုပ်လက်စား အလုပ်သမားများအနေနဲ့မရှောင်လွှဲနိုင်သော်လည်း 👉 နေ့လည်ပိုင်း Gym သွားပြီး ပြင်းထန်သောလှုပ်ရှားမှုများ မလုပ်ကြပါနဲ့)

မရှောင်လွှဲနိုင်လို့အပြင်ထွက်ရလျှင်

- အင်္ကျီပွပွချောင်ချောင် ချည်ထည်များသာဝတ်ပါ၊
- အနက်ရောင်မဝတ်ပါနှင့် (ဝတ်ရဲကြမည်လည်း မထင်ပါ 😅)
- ထီးဆောင်းပါ
- အရိပ်ရသောနေရာများမှသာသွားပါ
- ရေများများပို၍သောက်ပါ (လမ်းတွင်ဆီးသွားချင်မည်ကိုမစိုးရိမ်ကြပါနှင့် ရေမသောက်ကဆီးမသွားနိုင်ပဲ ကျောက်ကပ်ပျက်တတ်ပါတယ်)
- လှုပ်ရှားမှုနည်းအောင်တတ်နိုင်သမျှ နေပါ

နေ့အချိန် အကာမရှိသောနေရာတွင်အလုပ်လုပ်ရသောလုပ်သားများအနေဖြင့်

- အင်္ကျီပွပွချောင်ချောင် ချည်ထည်များသာဝတ်ပါ၊
- အနက်ရောင်မဝတ်ပါနှင့်
- ရေအများကြီးသောက်ပါ (ဓာတ်ဆားရည်သောက်ပါ)
- အဆိုင်းခွဲပြီး နားချိန်ယူ၍အလုပ်လုပ်ပါ (အလုပ်ကြီးကြပ်သူများမှ သေသေချာချာစီစဉ်ပေးပါ) နားချိန်တွင် အရိပ်ကောင်းကောင်းရ၍အေးမြသောနေရာတွင်နားပါ
- ဆေးလိပ်မသောက်ပါနှင့်၊ အရက်မသောက်ပါနှင့်

👉👉👉
​😢 အရေပြားကြီးပူလောင်နေပြီး ချွေးမထွက်တော့လျှင်
😢 အာခေါင်တွေခြောက်ပြီး တံထွေးမထွက်တော့လျှင်
😢 မလှုပ်ရှားချင် နွမ်းနယ် နုံးချိကြွက်တက်လာလျှင်
😢 ခေါင်းအရမ်းကိုက်၊ မျက်စိပြာ သတိလစ်ချင်သလိုဖြစ်လာလျှင်
😢 အသက်ရှူကြပ်ပြီး မောလာလျှင်

ရေများများသောက်ပြီး နီးစပ်ရာ ဘေးမှလူများကိုအကူညီတောင်းပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်သွားကြပါ။
(Photo credit; SpectrumNews)
ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်

မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️

☎️ 01-8375222/01-8387721/09-886600300

📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။

30/04/2025

#မသိစိတ်

" အမလေး ကယ်ပါဦးဆရာရေ" လို့ အော်ဟစ်ပြီး ဆေးခန်းထဲဝင်လာတဲ့သူကတော့ ကျွန်တော့ရဲ့ ATM စက်ကြီး
( 😅 မဟုတ်ပါဘူး )
ကျွန်တော့ဆီ နေ့တိုင်းနီးပါး တစ်ခုမဟုတ်တစ်ခုဖြစ်ပြီး ရောက်လာနေကြ #ဒေါ်ချောချော ပါပဲ

" ကဲ ဘာဖြစ်လဲ မချော "

ထမင်းလေး စမ်းစားကြည့်မယ်ဆိုပြီး ထမင်းပျော့ပျော့လေး နဲ့ ကြက်သားပြုတ်လေး နဲ့ပဲ စားတာပါ ဆရာရယ် ဗိုက်က အစာဝင်တာနဲ့ကို အောင့်လာတာ
---
စမ်းသပ်ကြည့်လိုက်တော့ အူပေါက်တာ၊ အူပိတ်တာ မဖြစ်ဖို့များတာ နဲ့ အစာအိမ်ဆေးလေးထိုးပြီး အစာအိမ်ဆေးလေး သောက်ခိုင်းလိုက်ပါတယ်။

" အစာတော့ ပျော့ပျော့လေး ကို နည်းနည်း နဲ့ ခဏ ခဏ စားပါ ၊ ကျွန်တော်ကတော့ ဆန်ပြုတ်ချည်းသောက်နေတာ အားမရဘူး ညီမရေ"

" မစားရဲပါဘူး ဆရာရယ် အခုတောင် သေလောက်အောင်ခံရတာ ဆေးလေးဝင်သွားမှ သက်သာသွားတာ ကျေးဇူးပါပဲ ဆရာ နက်ဖြန်ပြန်လာပြမယ် နော် "
ဆေးတော့ အကောင်းစားတွေပဲ ပေးပါဆရာ
---------
😅 ကျွန်တော့ လူနာတွေက ကျွန်တော့စကား ဆို အဲ့လို နားထောင်ကြပြီး ရက်ချိန်းလည်း သူတို့ဟာ သူတို့လာချင်သလိုလာကြတာ ချည်းပါပဲ 😅
#အာစလျှာစ_ရှိတယ်ပေါ့ 😁
ဆေးခန်းသေးသေးလေးဆိုတော့ အထင်လည်းကြီးကြတာပေါ့ 😅

👉 ဟုတ်ကဲ့ပါ

ဆန်ပြုတ်သောက်ချင်သပ ဆိုရင်တော့ သောက်ပေါ့ ဒါပေမယ့် ဒါတွေတော့ သေသေချာချာ ရှောင်ပါ

🚨🚨🚨
👉 အပူ၊ အစပ်၊ အချဉ် ရှောင်ပါ
- ငရုတ်သီး၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း (ဒီတိုင်းစားခြင်း/အလွန်အကျွံစားခြင်း)
- ရှောက်သီး၊ သံပရာသီး၊သံပယိုသီး၊ ဇီးသီး၊ ရှာလကာရည်
- (မာလာဟင်း၊မာလာရှမ်းကော)

👉 #အရက်၊ ဘီယာ၊ Coffee၊ Tea ၊ Gas ပါတဲ့အချိုရည်
👉 အစာကြေမလွယ်တဲ့အစာများရှောင်ပါ
- ကောက်ညှင်းပေါင်း၊ ဆီထမင်း၊ ထမနဲ
- ဆီကြော် ( ခေါက်ဆွဲကြော်၊ကြာဆံကြော်၊ထမင်းကြော်၊ ကြေးအိုးဆီချက်၊ အကြော်စုံ)
- ဒန်ပေါက်
👉 လေပွစာများရှောင်ပါ
- လက်ဖက်၊ သခွါးသီး
👉 အဆီများလွန်းတဲ့ အစာများမရပါ
- ရေခဲမုန့် ၊ Chocolate (( Keto Diet ))
👉 အကိုက်အခဲပျောက်ဆေး (NSAIDs)၊ စပ်ဆေး မသောက်ပါနှင့် (လိုအပ်ပါက ဆရာဝန်နှင့်တိုင်ပင်ပြီးမှ အနည်းဆုံးလိုအပ်တဲ့ဆေးဝါးကိုသောက်ပါ)

👉 ဆေးလိပ် (လုံးဝ) မသောက်ရပါဘူး
------------

😑😑😏
အမလေး ဆရာရယ် #ဒီလောက်တောင်ရှောင် နေရရင် ဘာစားစရာကျန်သေးလို့လဲ ⁉️

👉 အဆီပါဝင်မှုနည်းတဲ့ အစားအစာတွေ
- ငါး၊ အသား (အရေခွံမစားသင့်ပါ)
👉 အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ
- ဟင်းသီးဟင်းရွက်
- အသီး ( ပန်းသီး၊ ဖရဲသီး၊ ငှက်ပျောသီး)
- ပဲအမျိုးမျိုး

👉 နို့ သောက်လို့ရပါတယ်၊
👉 ( ဒိန်ချဉ်ရတယ်လို့ ညွှန်းထားပါတယ် ဒါပေမယ့် ဝယ်တဲ့ဆိုင်က မသန့်ရင်တော့ Acid ထွက်တာနည်းစေတဲ့ဆေးတွေသောက်ထားတဲ့ အတွက် ဝမ်းလျှောပါလိမ့်မယ်)
👉 Probiotic ဆိုတာ ဒိန်ချဉ်ပါပဲ

😑 ဆရာ့ဟာကလည်း များလိုက်တာ မမှတ်မိတော့ဘူး

ရော့ပါဗျာ စာနဲ့ရိုက်ပြီး Print ထုတ်ထားပါတယ် ယူသွားပါဗျာ

_________

"ဒေါ်ချောချော" ဆိုတာက အသက် ၃၅ ဝန်းကျင် ပညာတတ် ရုပ်ရည်ရှိတဲ့အမျိုးသမီးပါ အမျိုးသားကလည်း ကုမ္ပဏီတစ်ခုက အကြီးပိုင်းရာထူးရထားပြီး ဝင်ငွေကောင်းတဲ့ မိသားစုပါပဲ

မိသားစု ဆိုပေမယ့် သူတို့မှာ သားသမီးတော့ မထွန်းကား သေးပါဘူး။

ဒေါ်ချောချော က ကျွန်တော် နဲ့ ပြနေတာ ၂ လလောက်တော့ ရှိပြီ "သူ့မှာ ခံစားရတဲ့ ရောဂါကတော်တော်စုံတာဗျ"
ရှေ့မှာ လည်း ကျွန်တော်နဲ့ မပြခင် နှလုံးအထူးကုဆရာဝန် ၊ ဦးနှောက်အာရုံကြောအထူးကုဆရာဝန်၊ အဆုတ်ရောဂါအထူးကုဆရာဝန်၊ အစာအိမ်နဲ့အူလမ်းကြောင်းအထူးကုဆရာဝန် မြောက်မြားစွာကို နှစ်နဲ့ချီပြီး ပြသခဲ့ပါတယ်။

- ခေါင်းမူးတယ်
- ဗိုက်အောင့်တယ်
- ဝမ်းပျက်တယ်
- အားနည်းတယ်
- ရင်တုန်တယ် မောတယ် ရင်ပတ်အောင့်တယ်
- အစာမစားချင်ဘူး
- တခါတလေ လှုပ်တောင်မလှုပ်နိုင်အောင်မောတယ်

အထူးကုပေါင်းများစွာ နဲ့ပြပြီး လဲ ရောဂါမတွေ့တော့ ဆရာဝန်ပေါင်းများစွာ ပတ်ပြနေတာ ဘယ်သူမှလည်း မယုံဘူးလေ

ကျွန်တော်နဲ့တော့ (၂) လ ရှိနေပြီ ပြတာ ကျွန်တော့ကို ယုံကြည်လို့ မဟုတ်ဘူး သူနဲ့လေကြောတည့်နေလို့ပါ 😁😅

အစာအိမ်ရောဂါသာဖြစ်နေတာ ပုံသဏ္ဍာန်ကတော့
- ပြည့်ပြည့်ပါပဲ ၅ပေ ၄ လက်မ ကို ပေါင် ၁၄၀ ဝန်းကျင်ပေါ့ ၊
- နေမကောင်းလို့ ဆေးခန်းလာတာတောင် Make up တွေများများလိမ်းပြီး
- ရေမွှေးတွေဆွတ်ထားတယ် ဆိုတော့ တော်တော်ကို ပြင်ပြင်ဆင်ဆင် နေပုံပါပဲ။
_________
ကျွန်တော်တို့ မိသားစုကျန်းမာရေးစောင့်ရှောက်မှု နှင့် အထွေထွေရောဂါကု ဆရာဝန် ဆိုတာ (Family Doctor) ပေါ့ M.B.,B.S. ကို နောက်ထပ် (Family Medicine) ဆိုတာ ထပ်တက်ထားကြတဲ့ သူတွေပါ

အရပ်အခေါ်ကတော့ GP ပေါ့၊

ကြီးကြီးကျယ်ကျယ် ပြောရရင် ကျွန်တော်တို့ GP တွေက ရောဂါကိုကုကြတာမဟုတ်ပါဘူး ရောဂါဖြစ်နေတဲ့လူကို ဘက်ပေါင်းစုံ (ရောဂါတင်မကပဲ လူနာရဲ့စီးပွားရေး လူမှုရေး ပေါင်းသင်းဆက်ဆံရေး) ကနေ စဉ်းစားတွေးခေါ်ပြီး လူနာတစ်ယောက်စီ တစ်ယောက်စီ တိုင်းကို မတူညီတဲ့ ရှူထောင့်ပေါင်းစုံကနေ ကြည့်ပြီး #ကိုယ်၏ကျန်းမာခြင်း_စိတ်၏ချမ်းသာခြင်း ဖြစ်အောင် ကုပေးကြရတာပါ။
________
လူနာတွေ မလာတုန်းတွေးမိတာက လက္ခဏာတွေအစုံခံစား နေရပေမယ့် ရောဂါရှာမရတာဟာ ရောဂါရှာလို့မတွေ့တာ မဟုတ်ပဲ #ရောဂါမရှိတာ ဖြစ်နေနိုင် တာပါပဲ

#ရောဂါမရှိရင်_ဒီလက္ခဏာတွေက_ဘာလို့ခံစားရတာလဲ ❓

Somatization Disorders လို့ခေါ်ပါတယ်။

- စိတ်ဖိစီးတာ
- စိတ်ကျဉ်းကျပ်တာ
- စိတ်အလိုမကျတာ
- စိတ်ဓာတ်ကျတာ ကနေ ရတဲ့ စိတ်ဒဏ်ရာကို ခန္ဓာကိုယ်ဆီသို့ လွှဲပြောင်းပေးလိုက်တော့ ရောဂါလက္ခဏာတွေ အနေနဲ့ တကယ်ကြီးခံစားလာကြရတာပါ။

#စိတ်ကြောင့်ဖြစ်တဲ့ရောဂါပေါ့

ကျွန်တော်တို့ ရွှေမြန်မာတွေက #စိတ်ကြောင့်ဖြစ်တဲ့ရောဂါ ပါလို့ပြောလိုက်ရင်

- လူနာ က သူ့ကို အရူးပါ လို့ စွပ်စွဲတယ် ဆိုပြီး မကျေနပ်သလို
- လူနာရှင်တွေကလည်း နင့်မှာ ရောဂါတကယ်မရှိပဲ စိတ်ကဖြစ်နေတာ အပိုတွေလုပ်မနေနဲ့ ဆိုပြီး ဂရုမစိုက်ကြတော့ပါဘူး

အဲ့လို လုံးဝ မဟုတ်ပါဘူး

စိတ်ကြောင့်ဖြစ်တယ် ဆိုတာ အပေါ်မှာပြောသလို စိတ်ဒဏ်ရာတွေကြောင် ခန္ဓာကိုယ်က Stress Hormones တွေထွက်တဲ့အတွက်

👉 နှလုံးပေါ်ကို သက်ရောက်တဲ့အတွက် ရင်တုန်ပါတယ် ၊ မောတတ်ပါတယ်၊ ရင်ပတ်အောင့်ပါတယ်
👉 နှလုံးခုန်နှုန်းမြန်တဲ့အတွက် သွေးပေါင်တက်ပါတယ်
👉 Smooth muscle လို့ခေါ်တဲ့ ကြွက်သားလေးတွေပေါ်သက်ရောက်မှုရှိလို့ လည်ပင်းထဲ တစ်စို့စို့ နင်တင်တင် ကြပ်တပ်တပ် ဖြစ်တတ်ပါတယ်
👉 အဆုတ်ပေါ်ကို သက်ရောက်မှုရှိလို့ မောတယ်ဆိုတဲ့ ခံစားချက်ဖြစ်ပေါ်လာပြီး အသက်ရှူမြန်ပါတယ်
အသက်ရှူမြန်ရာကနေ လက်ထိပ်လေးတွေ/ခြေထိပ်လေးတွေ ကျဉ်လာတတ်ပါတယ် ဒီထက် ထပ်ရှူနေရင် လက်ကပ် ခြေကပ်တွေ ဖြစ်ကုန်ပါတယ် (တကယ်က အသက်အရမ်းရှူလို့ဖြစ်ရတာပါ (Hyperventilation) ရောဂါမဟုတ်ပါဘူး)
---------
👉 စိတ်ဖိစီးမှုကြောင့် အစာချေရည်ထွက်တာ များတဲ့အတွက် အစာအိမ်ရောင်တတ်ပါတယ်
👉 စားချိန်သောက်ချိန်မမှန် တဲ့အတွက် ရောင်နေတဲ့ အစာအိမ်ကို ဒဏ်ဖြစ်စေပြီး အစာအိမ်အနာဖြစ်ပါတယ်
👉 အစာအိမ်နာတော့ ဆန်ပြုတ်ပဲ သောက်တဲ့အတွက် အာဟာရချို့တဲ့ပြီး အနာက မကျက်ပါဘူး
👉 ဖိစီးမှုကလည်း လျော့မသွားတော့ ဆေးတွေသောက်နေလည်း အစာချေရည်က ထွက်နေသေးတော့ အနာကိုလောင်ပြီး လုံးလည်ချာလည် လိုက်နေတော့တာပါပဲ
---------
👉 အူပေါ်မှာလည်း သက်ရောက်မှုရှိတော့ ဘာစားစား မတည့်ဘူး ဝမ်းပဲပျက်နေတတ်တာ
👉 နေရာတစ်ခုရော​က်ရင် အိမ်သာရှာထားရတယ်
--------
👉 နှစ်နဲ့ချီပြီး နေတိုင်းနီးပါး ခေါင်းကိုက်နေတာ ဦးနှောက်ကင်ဆာပဲ ဆိုပြီး CT ရော MRI ပါရိုက်ပြီးပြီ ဘာမှ မတွေ့ဘူး အဲ့လိုပဲ #ခေါင်းကိုက်ကလဲ_မပျောက်ဘူး
---------
👉 အားလုံးစုပေါင်းပြီးတော့ ညဘက်ကြရင် အိပ်မပျော်တော့ပါဘူး
👉 ည အိပ်မပျော်တော့ အစာကမရှိတာနဲ့ပေါင်းပြီး နောက်နေ့တွေမှာ နုံးချိနေရောပေါ့

အိမ်သားတွေရော လူနာရောသိဖို့က

အပေါ်ကပြောတဲ့ လက္ခဏာတွေက တကယ်ခံစားနေရတာ တကယ်ဖြစ်နေတာပါ ( #စိတ်ကထင်နေတာ မဟုတ်ပါဘူး)

စိတ်ကြောင့်ဖြစ်တယ် ဆိုတာ စိတ်ဖိစီးမှုကြောင့် 👉 Stress Hormones တွေထွက်ပြီး 👉 အပေါ်ကပြောတဲ့လက္ခဏာတွေခံစားရတာကို ပြောတာပါ။

🚨 အဲ့လိုတွေ ခံစားနေရတယ် ဆိုပြီး #စိတ်ကထင်နေတာ_မဟုတ်ပါဘူး 🚨

တကယ်ဖြစ်နေတာပါ

အဲ့ဒါဆို ဆေးတွေသောက်နေရဲ့နဲ့ ဘာလို့ မပျောက်ရတာလဲ ❓

ဆေး 💊 ဆိုတာက

- ဗိုက်အောင့်ရင် ဗိုက်အောင့်ပျောက်ဆေး သောက်တယ်
- ခေါင်းကိုက်ရင် အကိုက်ခဲပျောက်ဆေးသောက်တယ်
- အိပ်မပျော်ရင် အိပ်ဆေးသောက်တယ်
- မောတယ်ဆို Ventolin သောက်တယ် အဲ့ကနေ ရင်တုန်လာရော
- ရင်တုန်တော့ နှလုံးငြိမ်ဆေးသောက်တယ်
- နှလုံးဆေးတွေလျှောက်သောက်တော့ နှလုံးခုန်နှုန်းတွေ နှေးပြီး မူးလဲရော
- မူးလဲတော့ ရောဂါကကြီးရော ဘာမှန်းလဲကို မသိတော့တာ

ပြောရရင် ခေါင်မိုးပေါက်လို့ မိုးယိုနေတာကို
- ဟိုနေရာယို ရေလိုက်သုတ်
- ဒီနေရာယို ရေပုံးခံ
- ရေသုတ်လိုက် ရေပုံးခံလိုက်နဲ့က ဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး

တကယ်လုပ်ရမယ့်အလုပ်က

🚨 #ခေါင်းမိုးပေါက်_ကို_ဖာလိုက်ရမှာပါ 🚨
__________
စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို လျောက်ကုနေမယ့် အစား စိတ်ဘာလို့ဖိစီးရတာလဲ ဆိုတာရှာပြီးတော့ ဖြေရှင်းလိုက်တာက #မချော_ပုစ္ဆာရဲ့အဖြေပါပဲ

ကဲ ••• နောက်နေ့ကြရင် ကိုယ်လည်းလူနာ မများ သူလည်းအချိန်ရရင်တော့ 🧐 #မရွှေချော ကို သေသေချာချာ အချိန်ယူမေးမြန်းပြီး အကြောင်းရင်း ရှာကြည့်တာပေါ့
_________
" သက်သာလား အမ-လေး "

ဆန်ပြုတ်ပဲသောက်တော့ မနာဘူးဆရာ ဒီလိုပဲ တစ်သက်လုံးဆန်ပြုတ်ပဲ သောက်နေရတော့မယ် ထင်ပါတယ်

မနက်စာဘာစားလဲ ❓

💁‍♀️ ကော်ဖီ ၊ ကောက်ညှင်းပေါင်း နဲ့ ပဲပြုတ်

😳 အဲ့ဒါစားတော့ မနာဘူးပေါ့

💁‍♀️ ဟုတ်တယ် ဆရာ နည်းနည်းတော့ထူးဆန်းတယ် သမီးကြိုက်တာ စားရင်တော့ မနာတတ်ဘူး 😬

" အင်း ထမင်းစားရင် နာတယ် ကောက်ညှင်းပေါင်းစားရင် မနာဘူး " ထားလိုက်ပါတော့

ဒီလို ရောဂါလက္ခဏာ အစုံခံစားနေရတာ နှစ်ချီနေပြီ ရောဂါလည်းရှာမတွေ့ဘူး ဘာလို့ဖြစ်ရတာလဲ မသိချင်ဘူးလား
" ဒီနေ့ ကျွန်တော် လူနာ မရှိဘူး ၊ ညီမ အချိန်ရလား ရရင် စကားနည်းနည်း ပြောကြည့်ကြတာပေါ့ "

ကျွန်တော့ ဆရာမလေးကလည်း ကျန်းမာရေးဝန်ထမ်းပဲ မို့ ညီမရဲ့ Personal Information တွေ အပြင်ရောက်သွားမှာ စိတ်မပူပါ နဲ့

သဘောတူတယ် ဆိုရင် ကျွန်တော်မေးတာလေးတွေ ဖြေကြည့်ရင်း ညီမပြောချင်တာလေးတွေလည်း ပြောကြည့်ပေါ့။
-----------
အခု ညီမခံစားနေရတဲ့ ဗိုက်နာ၊ ခေါင်းကိုက်၊ ရင်တုန် မော အိပ်မပျော် စတာတွေအပြင်

❓ အလိုလို လန့် လန့် နေတာ
❓ ပြောလက်စ စကားမေ့ မေ့သွားတာ
❓ တစ်ယောက်ထဲနေရင် အားငယ်ပြီး အလိုလို ငိုချင်နေတာ
❓ အသံတစ်ခုခု ကြားလိုက်ရင် လန့်ပြီး ရင်တုန်တာ မရပ်တော့တာ
❓ လူတွေ နဲ့ စကားပြောရတာ သိပ်အဆင်မပြေတော့တာ
❓ လူတွေက ကိုယ့်ကို ပစ်ထားတယ်လို့ ထင်နေတာတွေရှိလား

😀😀😀 ရှိတယ် ဆရာ အဲ့လိုတွေလည်း ဖြစ်တယ် 😀😀😀

ဟုတ်ပြီ ၊ အဲ့ဒါဆိုရင် Somatization Disorder ဆိုတာ အကြောင်း ကျွန်တော်ရှင်းပြမယ်

" •••••••••••••• "

အချုပ်ပြောရရင်တော့ ခံစားရသမျှက စိတ်ကြောင့် ဖြစ်လာရတာပေါ့
ခံစားနေရတယ်လို့ စိတ်ကထင်နေတယ် ပြောတာမဟုတ်ဘူးနော်

" အဲ့နှစ်ခွန်းက တော်တော်တိုင်ပတ်တာ"
_________
ဆရာပြောတာ တွေ သမီးအကုန်ဖြစ်တော့ ဆရာပြောသလို စိတ်ဖိစီးနေတယ် ထင်တယ်
သမီးလည်း ပျော်နေတာပါပဲ

ဘာက ဖိစီးနေလဲ မသိရင်ရှာရခက်ပါတယ်

ညီမက
- စီးပွားရေးအဆင်ပြေတယ် (ငွေရေးကြေးရေး စိတ်ပူစရာ မရှိဘူး)
- ကျောင်းလည်းပြီး ဘွဲ့ရပြီးပြီ (ပညာရေးလည်း ပြည့်စုံတယ်)
- သားသမီး မရှိတော့ (ကလေးအတွက်လည်းပူစရာမရှိဘူး) တွေးစရာလေး ကတော့
သားသမီး မရမှာ စိတ်ပူနေတာလား ❓ (တစ်ချက်)
- မိဘ ညီအကိုမောင်နှမတွေကလည်း ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ပဲ ဆိုတော့ ပူစရာမရှိဘူး

အဲ့တော့ ပူစရာ #ဘဲ_ဘဲ ပဲ ကျန်တော့တာပေါ့ 😅

ညီမက အလုပ်မလုပ်ဘူး အိမ်မှာကျန်ခဲ့တယ်
သူက အလုပ်သွားတယ် 👉 ညပြန်လာတယ်

အဲ့ဒီအပိုင်းမှာ ဘာပြောချင်တာရှိလဲ ❓

👩 ကျွန်မတို့က ငယ်ချစ်တွေပါ ဆရာ သူကလည်း သမီးကို ချစ်ပါတယ်

ဒါပေမယ့် #သူအပြင်တွေထွက်တယ် ဆရာ ၊ အလုပ်ကိစ္စ အလုပ်က လူတွေ နဲ့ Relaxation တွေလုပ်ကြတယ်
သူကတော့ သမီးကို လိုက်ဖို့ ခေါ်ပါတယ် သမီးပါရင် သူမပျော်မှာ စိုးတာရယ်၊ တကယ်လိုက်စေချင်တာ ဟုတ်မဟုတ် မသိတာရယ်ကြောင့် မလိုက်သွားဖြစ်ဘူး
သွားတဲ့ ရက်တွေ အရမ်းစိပ်လာရင် လည်း မသွားစေချင်ဘူးဆရာ (ဒါပေမယ့် စိတ်မကောင်းဖြစ်မှာ စိုးလို့ မပြောမိဘူး)
ပြီးတော့ သမီးက သူ့ရဲ့ Privacy ဆိုတာကို အလေးထားပြီး သူ့ဖုန်းတွေ Computer တွေ ပိုက်ဆံအိတ်တွေ ဖွင့်မကြည့်ဘူး ဆရာ ဒါပေမယ့် သူက နေ့တိုင်း ဖုန်းကို တချိန်လုံးတတောက်တောက်နဲ့ ရိုက်နေတာတွေ က ဘယ်သူတွေ နဲ့ပြောနေတာလဲ ရိုးကောရိုးရဲ့လားဆိုတာ တွေးနေမိတယ်။

ည အပြန်နောက်ကျရင်လည်း ဘယ်ရောက်နေလဲ စိတ်ပူရသလို ပြန်ရောက်လာရင်လည်း ဘယ်သူတွေနဲ့ ဘာတွေ လုပ်ခဲ့လည်းတွေးရင်း အိပ်မပျော်တာများတယ် ဆရာ

အင်း •••••• ညီမက ဖိစီးမှုတွေက ရှိနေတာပဲကိုး

ပြဿနာက အကြီးကြီး မဟုတ်ဘူး ဒါပေမယ့် နေ့တိုင်းနည်းနည်း နည်းနည်း နဲ့ ခံစားနေရတော့ ကြာလာတော့ တော်တော်အဆင်မပြေ ဖြစ်လာတာပေါ့။

ကျွန်တော်က စိတ်ကျန်းမာရေးအထူးကုဆရာဝန် တော့ မဟုတ်ဘူး ဒါပေမယ့် ကျွန်တော် အကြံပေးကြည့်မယ်

ကျွန်တော်ဖခင် ကျွန်တော့အမျိုးသမီး ကိုပေးတဲ့ အကြံ နဲ့ ကျွန်တော့ အမျိုးသမီး ကျင့်သုံးတဲ့ နည်းလမ်း ကို ပြောပြပေးမယ်။

လိုက်လုပ်တာ မလုပ်တာက ကိုယ့်သဘောပေါ့

(ကိုယ်လူနာ နေကောင်းဖို့အရေး အမျိုးသားထုကြီး ကို သစ္စာဖောက်ရတော့တာပေါ့ 😁)

ကျွန်တော့ ဖခင်ဆုံးမတာကတော့ ရှင်းရှင်းလေးပါပဲ

" သမီး ကိုယ် မကြိုက်တာ ဆိုရင် မကြိုက်ကြောင်းပြော ၊ ကိုယ်လုပ်ချင်တာ ဆိုရင် လုပ်ချင်တယ် လို့ ပွင့်ပွင့်လင်းလင်း ပြော" ဆိုတာပါပဲ

လိုက်နာလိုက်ပုံများ
- ဟိုဟာ မကြိုက်ဘူး မလုပ်နဲ့
- ဟို မသွားနဲ့ ဒီမလာ နဲ့
- သွားစရာရှိလဲ အချိန်နဲ့ ပြန်

အဲ့လိုပါဗျာ " ကျွန်တော့ အမျိုးသမီးလည်း အရင်က အစာအိမ်ရောင်တာရှိတယ် သူကတော့ ခေါင်းကိုက်တော့ အကိုက်ခဲပျောက်ဆေးတွေသောက်ပြီး အစာအိမ်ရောင်တာပါ။"

ဘာပဲဖြစ်ဖြစ် သူလုပ်ချင်ရာလုပ်ပြီး အစာအိမ်ရောဂါပျောက်ကင်းပြီး ကျန်းမာပြည့်ဖြိုး နေပါရော

သူရဲ့ Theory က လင်မယားမှာ Privacy ဆိုတာ မရှိဘူးပဲ သူကြည့်ချင်တာ ကြည့်တာ
ကျွန်တော့ ဘော်ဒါတွေလဲ သူအကုန်သိတယ်
သူလိုက်ချင်တဲ့ နေရာဆိုလိုက်တယ် (ကျွန်တော့ ဘော်ဒါတွေကလည်း သူနဲ့ရင်းနှီးနေပြီဆိုတော့ ကြောင်မနေဘူးပေါ့)
ပေါင်းသင်းတတ်ပုံများတော့ ခုဆေးခန်းက ဆရာမတောင်သူ့ဒလန် ဖြစ်မယ် 😁
(အဲ့လို ပြောလို့ ဘယ်သွားသွား နော​က်က တကောက်ကောက် လိုက်နေတာ မဟုတ်ဘူးနော်)

သူလိုက်ချင်တဲ့ အခါ လိုက်တယ်

" အချုပ်ပြောရရင် စိတ်ထဲမှာ တကယ်ဖြစ်ချင်တဲ့ အတိုင်း အကုန်လုပ်တယ်"

ဆိုတော့ကာ ကျွန်တော်ပြောချင်တာက စိတ်ထဲရှိတဲ့ အတိုင်း #ပွင့်ပွင့်လင်းလင်းဆက်ဆံပါ
" လင်မယား ဆိုတာ မိဘ တွေပြီးရင် အရင်းနှီးဆုံးတွေပဲ မလား"

" ဟုတ်ကဲ့ပါ ဆရာ ကျွန်မ ကြိုးစားကြည့်ပါမယ် " ဆိုပြီး ပြန်သွားပါတယ်ဗျာ

ကဲ အကျိုးကျေးဇူးပဲ ရမလား ကတော့ •••••••••

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

Address

Hpa-an

Telephone

+959791563980

Website

Alerts

Be the first to know and let us send you an email when ဆေးမဟာဆေးဆိုင် Hpa-an posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆေးမဟာဆေးဆိုင် Hpa-an:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram