နေမင်းအလင်း အပ်စိုက်ကုထုံးနှင့်အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

  • Home
  • Myanmar
  • Hpa-an
  • နေမင်းအလင်း အပ်စိုက်ကုထုံးနှင့်အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

နေမင်းအလင်း အပ်စိုက်ကုထုံးနှင့်အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း Practitioner by DAW HSU PO MAY, Acupuncturist(BMTM, MSc in Acupuncture,moxibustion & tuina at TUTCM)

နှစ်သစ်မှာ ဘေးဘယများကင်းဝေးကြပြီး၊ စိတ်၏ျမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေလို့ နေမင်းအလင်း မိသားစုမ...
17/04/2025

နှစ်သစ်မှာ ဘေးဘယများကင်းဝေးကြပြီး၊ စိတ်၏ျမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံကြပါစေလို့ နေမင်းအလင်း မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့် 🤗🤗
Happy Myanmar New Year💦💦

ညဘက် အိပ်မပျော်ခဲ့လျှင်၁. ဖီးကြမ်းငှက်ပျောသီးမှည့်စားပါ။ အိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။၂. နွားနို့သောက်...
21/01/2025

ညဘက် အိပ်မပျော်ခဲ့လျှင်

၁. ဖီးကြမ်းငှက်ပျောသီးမှည့်စားပါ။ အိပ်စက်ခြင်းတွက် အထူးကောင်းမွန်းပြီး အားရှိသည်။

၂. နွားနို့သောက်ခြင်းက အရိုးအဆစ်သန်မာသည့် အပြင် အိပ်စက်ခြင်းကို မြန်ဆန်စေပါသည် ။

၃.ကြက်သွန်ဖြူ ခေါင်းအုံးအောက် ၃ တပ်ထားအိပ် ပါ ။ဦးနှောက်မှ အဆိပ်အတောက်များကို ဖယ်ရှား ပေးပြီး အိပ်စက်မှုကို မြန်ဆန်စေသည် ။

၄. ကြက်သွန်နီ ထပ်ခြမ်း ခွဲပြီး ခြေဖဝါး အလည်တည့်တည့်ကပ်အိပ်ပါ ။ တစ် ကိုယ်လုံးမှ အဆိပ်အတောက်များကို စုပ်ယူပါလိမ့် မယ်။

အအေးမိနာစေးသူ ကလေး လူကြီးမရွေး လုပ်ပေး ပါက သက်သာပျောက်ကင်းစေပါမည် ။

၅. ရေနွေးထဲကို ပူစီနံအရွက် ၅ ရွက် ၆ရွက်ကိုထည့်ပြီး ခပ်နွေးနွေးလေးအနေအထား ရောက်ရင်သောက်ပြီး အိပ်ယာထဲဝင်လိုက်ပါ။ ခဏနေရင် အိပ်ပျော်သွားပါလိမ့်မည်။
Crd

ရာသီလာချိန် လက်ဖက်စားလို့ရလား ???လက်ဖက်စားလိုက်တာ ရာသီလာရင်း ရပ်သွားလို့တို့၊ လက်ဖက်စားလို့ ရာသီချုပ်သွားတယ်တို့ ပြောတာ ...
20/01/2025

ရာသီလာချိန် လက်ဖက်စားလို့ရလား ???

လက်ဖက်စားလိုက်တာ ရာသီလာရင်း ရပ်သွားလို့တို့၊ လက်ဖက်စားလို့ ရာသီချုပ်သွားတယ်တို့ ပြောတာ ကြားဖူးမှာပါ။ လက်ဖက်စားရင် ရာသီရပ် တယ်ဆိုတာ တကယ်ပဲလား။ အမျိုးသမီးတွေက လက်ဖက်စားဖို့ မသင့်တော်ဘူးလား။

လက်ဖက်စားရင် ရာသီရပ် တတ်သလား
ဆေးပညာမှာတော့ လက်ဖက်နဲ့ ရာသီနဲ့က သက်ဆိုင်မှု မရှိပါ။ လက်ဖက်စားတာက ရာသီလာတာ၊ ရပ်တာကို ဖြစ်စေတာမျိုး မရှိပါဘူး။ လက်ဖက်စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ရာသီက သူ့ဟာသူ လာနေမှာပါပဲ။

မြန်မာနိုင်ငံမှာ လက်ဖက်မစားတဲ့ အမျိုးသမီးဆိုတာ မရှိသလောက်ပါလဲ။ တချို့အမျိုးသမီးများဆို ရာသီလာနေတာလည်း စားနေကြတာပါပဲ။ ဒါပေမယ့် သူတို့တွေ ရာသီမရပ်ကြပါဘူး။

ဒါဆို တချို့တွေ လက်ဖက်စားရင် ရာသီရပ် တာ ဘာကြောင့်လဲ
ဘာကြောင့်လဲ မသိပေမယ့် လူကြီးတွေက လက်ဖက်ကို ချုပ်စာလို့ ခေါ်ကြပါတယ်။ လက်ဖက်စားရင် လေချုပ် ဝမ်းချုပ်ဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ပါ။ ဒီအယူအဆကနေ ရာသီလာချိန် လက်ဖက်စားလိုက်ရင် သွေးချုပ်တတ်တယ်၊ ဆက်မဆင်းတော့ဘူးလို့ ယူဆကြတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တချို့တွေကလည်း “မဟုတ်ဘူး လက်ဖက်စားလိုက်တာ နောက်ရက်က ဆက်မလာတော့ဘူး”လို့ ပြောကြပါတယ်။ ဖြစ်နိုင်တာကတော့ လက်ဖက်စားတာက တိုက်ဆိုင်သွားပြီး တခြားအကြောင်းကြောင့် ရပ်သွားတာ ဖြစ်နိုင်ပါတယ်။
ဥပမာ -
တချို့ အမျိုးသမီးတွေက မနက်နိုးနိုးချင်းဆို ရာသီသွေး မဆင်းတတ်ပါဘူး။ အထူးသဖြင့် ရာသီနောက်ပိုင်းရက်တွေမှာပေါ့။ ရာသီသွေးက နည်းလာသလို တစ်ညလုံး လှဲနေတာကြောင့် ဆင်းလာဖို့ ကြာနေတာပါ။ ဒါကို ရပ်သွားတယ်လို့ ထင်နေတာလည်း ရှိပါတယ်။
နောက်ပြီး သွေးဆင်းတဲ့အခါ သွေးခဲတွေ ပါလာတတ်ပါတယ်။ သွေးခဲတွေက မိန်းမကိုယ်အဝမှာ ပိတ်နေရင် မဆင်းဘဲ ရေဆေးပြီး ဖယ်လိုက်မှ အထဲက ရာသီသွေးတွေ အပြင်ကို ထွက်လာတာပါ။
ဒါ့ပြင် ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ ဥပမာ ရာသီလာနေတုန်း စိတ်ဖိစီးတာ၊ ဖျားနာတာ ဒီလိုအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

- ဒါဆို ရာသီလာနေတုန်း လက်ဖက်စားလို့ ရလား

လက်ဖက်စားတာက ရာသီကို မရပ်စေဘူးဆိုတော့ ရာသီလာနေတုန်း လက်ဖက်စားလို့ ရတယ်ပေါ့။ ဒါက ဒီလောက်လည်း မရိုးရှင်းပါဘူး။

လက်ဖက်မှာ ပါတဲ့ Tanninsတို့၊ ကဖင်းတို့က သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ရာသီလာနေချိန်ဆိုတာ သွေးဆင်းနေတာကြောင့် သံဓာတ်ဆုံးရှုံးမှု များနေတဲ့အချိန်မလား။ ဒီချိန်မှာ လက်ဖက်စားမယ်ဆိုရင် ကိုယ်နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေထဲက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်ပြီး သွေးအားနည်းတတ်ပါတယ်။

ဒါကြောင့်ပဲ လူကြီးတွေက သွေးအားနည်းမှာစိုးလို့ ရာသီလာချိန်မှာ လက်ဖက်စားရင် ချုပ်တတ်တယ်ဆိုပြီး ခြောက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ရာသီလာချိန် လက်ဖက်စားရမလားဆိုရင် မစားတာ ဒါမှမဟုတ် စားချင်ရင်လည်း လျှော့စားတာက ပိုကောင်းပါတယ်။ ရာသီရပ်သွားမှာစိုးလို့ မဟုတ်ပါ။ ရာသီလည်း မရပ်ပါ။ လက်ဖက်က သံဓာတ်စုပ်ယူမှုကို တားနိုင်လို့ပါ။ အထူးသဖြင့် ထမင်း၊ ဟင်းနဲ့ တွဲစားတာမျိုး မလုပ်ဖို့ လိုပါတယ်။

စားချင်တယ်ဆိုရင်လည်း လက်ဖက်လျှော့ပြီး အာသာပြေရုံ စားပါ။ ထမင်းစားချိန်နဲ့ ခွာစားပါ။ ရာသီလာချိန်မှာ လက်ဖက်သုပ်တင်မကပါဘူး။ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်တွေပါ လျှော့ဖို့ လိုပါတယ်။ သူတို့အားလုံးက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေလို့ပါ။

**မှတ်ချက်**
ရာသီလာချိန်မှာ လက်ဖက်စားလို့ ရာသီမရပ်ပါ။ ဒါပေမယ့် သံဓာတ်စုပ်ယူမှု အားနည်းနိုင်တာကို သိထားဖို့ လိုပါတယ်။ ရာသီလာချိန်မှာ လက်ဖက်ကို မစားတာ ဒါမှမဟုတ် လျှော့စားတာ အကောင်းဆုံးပါ။crdhellosayarwon

ယနေ့ကျရောက်တဲ့ အမျိုးသားနေ့ကို နေမင်းအလင်းတိုင်းရင်းဆေးခန်းမှ ဂုဏ်ပြုကြိုဆိုပါ၏🇲🇲🇲🇲
25/11/2024

ယနေ့ကျရောက်တဲ့ အမျိုးသားနေ့ကို နေမင်းအလင်းတိုင်းရင်းဆေးခန်းမှ ဂုဏ်ပြုကြိုဆိုပါ၏🇲🇲🇲🇲

ဝါတွင်းကင်းလွှတ်သီတင်းကျွတ်ချိန်ခါသမယမှာ ကိုယ်စိတ်နှစ်ဖျာရွင်လန်းပြီး၊ စီးပွါးလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေကြောင်း ...
17/10/2024

ဝါတွင်းကင်းလွှတ်သီတင်းကျွတ်ချိန်ခါသမယမှာ ကိုယ်စိတ်နှစ်ဖျာရွင်လန်းပြီး၊ စီးပွါးလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေကြောင်း နေမင်းအလင်း မိသားစုက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🤗🏵

16/09/2024

#ရေကျချိန်ဘာတွေသတိထားရမလဲ 🤔

ရေမတက်ခင်အချိန်တွေက အရေးကြီးသလို ရေကျသွားချိန်မှာ ဆောင်ရန် ရှောင်ရန်တွေကလည်းအထူးသတိထားလုပ်ဆောင်ရမှာဖြစ်ပါတယ်။

🔺 ရေကျသွားတာနဲ့ လမ်းပေါ်ချက်ချင်းထွက်တာကိုလည်းရှောင်ရပါမယ်။ ဓာတ်တိုင်တွေလဲတာနဲ့ ကျိုးကျနေတာတွေကနေ လျှပ်စစ်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါအပြင် ရေကြီးခဲ့တဲ့အချိန်ကြောင့် မြေသားတွေ ပျော့ပြီး မြေပြိုမှု ဒါမှမဟုတ် အဆောက်အဦးပြိုကျမှုတွေ ဖြစ်နိုင်လို့ပါ။

🔺 နောက်ထပ်အထူးသတိထားရမှာက မြွေအန္တရာယ်ပါ။ ရေကြီးချိန်မှာ မြွေနဲ့ အခြားအဆိပ်ရှိတဲ့ သတ္တဝါတွေထွက်လာနိုင်တာကြောင့် ရေကျချိန်က အန္တရာယ်ရှိပါတယ်။ ဒါအပြင် မြွေခိုအောင်းနိုင်တဲ့နေရာတွေနဲ့ ပစ္စည်းတွေကိုကိုင်တွယ်တာကိုလည်းသတိထားရမှာပါ။

🔺 ရေကြီးမှုကြောင့် သေဆုံးသွားတဲ့ တိရစ္ဆာန်သေတွေကို စနစ်တကျရှင်းလင်းပြီး မြေမြုပ်မီးရှို့တာတွေလုပ်ရမှာပါ။ ဒါတွေအပြင် အမှိုက်သရိုက်တွေကိုလည်း စနစ်တကျရှင်းလင်းရမှာပါ။ဘာကြောင့်လဲဆိုရင် ဒါတွေကနေ မလိုလားအပ်တဲ့ ကူးစက်ရောဂါတွေ ဖြစ်လာနိုင်လို့ပါ။

🔺 ရေကြီးပြီးတဲ့နောက် ရေကို ကြိုချက်သောက်တာအကောင်းဆုံးပါ။ ရေစိုပြီးကျန်ခဲ့တဲ့ အစားအ‌သောက်တွေကိုလည်း မစားသင့်ပါဘူး။ ဝမ်းရောဂါလိုကူးစက်ရောဂါတွေဖြစ်နိုင်ခြေများတာကြောင့်ပါ။

🔺 ‌ရေကျပြီးတဲ့နောက် အပြင်ထွက်သွားလာတဲ့အခါ အတတ်နိုင်ဆုံး ဖိနပ်မပါဘဲ လမ်းမလျှောက်သင့်ပါဘူး။ ထိခိုက်ဒဏ်ရာတွေရနိုင်တာကြောင့်ပါ။

🔺 ရေကြီးချိန်က ရေဝင်ထားတဲ့ ရေအရင်းအမြစ်တွေကို ပြန်မသုံးပါနဲ့။ ကုန်စင်အောင်သွန်ပစ်ပြီး အသစ်လဲပေးပါ။ သောက်ရေနဲ့ ချက်ပြုတ်ဖို့ကိုတော့ ရေသန့်ကိုပဲ အသုံးပြုသင့်ပါတယ်။

🔺 မတော်တဆ ထိခိုက်မိခဲ့တာရှိရင် မသန့်ရှင်းတဲ့ ရေတွေကတဆင့် ဘက်တီးရီးယားတွေဝင်ပြီးအနာရင်းတာတွေဖြစ်နိုင်တာကြောင့် ပလာစတာကပ်တာ၊ ပတ်တီးစည်းတာမျိုးတွေ လုပ်ဆောင်ပေးဖို့လိုပါတယ်။

🔺 ရေကျသွားတာ မိုးရပ်သွားတာနဲ့ စိတ်ချရတဲ့မိုးလေဝသအခြေအနေလို့ ယူဆလို့မရဘဲ နောက်ထပ်မိုးလေဝသသတင်းတွေကို နားစွင့်ရမှာပါ။ ဒါမှ နောက်ဆက်တွဲ ကောလာဟာလသတင်းတွေကို ရှောင်ရှားနိုင်မှာပါ။

#မွန်ပြည်နယ်_ကရင်ပြည်နယ်_မိုးလေဝသ_သတိပေးထုတ်ပြန်ချက်

 #ဇတ်ကြောတင်းတယ်_ခေါင်းအုံတယ် #နားထင်ကလည်းတဒိန်းဒိန်းနဲ့_သွေးတိုးနေတာသိနေတယ် #မနက်ကသွေးကျဆေးသောက်ဖို့မေ့နေတယ်_တက်စာတွေလည...
12/08/2024

#ဇတ်ကြောတင်းတယ်_ခေါင်းအုံတယ်
#နားထင်ကလည်းတဒိန်းဒိန်းနဲ့_သွေးတိုးနေတာသိနေတယ်
#မနက်ကသွေးကျဆေးသောက်ဖို့မေ့နေတယ်_တက်စာတွေလည်းစားလိုက်မိတယ်

( #သွေးပေါင်တက်ခြင်း)

ယေဘူရအားဖြင့်တော့ အပေါ်သွေး ၁၄၀ အောက်သွေး ၉၀ ကျော်နေရင် သွေးတက်တယ်ပေါ့။

သွေးတိုးရောဂါရှိလို့ #သွေးပေါင်ကျဆေး သောက်နေရတဲ့ ကျွန်တော်တို့တတွေဟာ
- ရက်ချိန်းမှာ ဆရာဝန်ပြန်ပြလည်း ဒီဆေးတွေပဲ ဆက်ပေးတတ်တယ် ဆိုပြီး
😅 ပြန်မပြကြတော့ပဲ ပေးထားတဲ့ဆေး တွေကိုပဲ ဆက်သောက်နေတတ်ကြပါတယ်
- သွေးပေါင်တိုင်းတဲ့စက်ရှိနေပေမယ့် နေ့တိုင်း ပုံမှန်သွေးပေါင် တိုင်းလေ့ မရှိပါဘူး
ခေါင်းနည်းနည်း နောက်မှ တခါတလေ ဇတ်ကြောလေးတင်းမှ ဖုံတက်နေတဲ့ စက်လေး ဖုံခါပြီး သွေးပေါင်တိုင်းကြည့်တတ်ပါတယ်
(တခါတလေ ပစ်ထားတာကြာတော့ ဓာတ်ခဲတောင်အားမရှိလို့ ချိန်မရတတ်ပါဘူး)
- နှစ်ပေါင်းများစွာ သွေးတိုးဖြစ်လာတာဆိုတော့ ဒီလို ဇတ်ကြောတင်းရင် ခေါင်းအုံရင် သွေးတက်တာပဲ ဆိုတဲ့ ဆဌမအာရုံ ရနေကြတာဆိုတော့
သွေးပေါင်မတိုင်းရလည်း သွေးကျဆေး ရမ်းသောက်တက်ကြပါတယ်
မသက်သာရင် ထပ်ခါ ထပ်ခါ သောက်ကြတာပေါ့။

___________
ပထမဆုံးပြောချင်တာက

ဇတ်ကြောတက်တာ၊ ခေါင်းအုံတာက

- အလုပ်အရမ်းရှုပ်ပြီး ပင်ပန်းရင်
- အလုပ်မှာ အဆင်မပြေရင်
- မိသားစုပြဿနာ၊ ချစ်ရေးချစ်ရာ
- စိတ်အလိုမကျရင်

Physical Stress, Mental Stress တွေကြောင့် ကြွက်သားတွေ တင်းပြီး အကြောတက်
စိတ်မကြည်လို့ ခေါင်းအုံတတ်ပါတယ်။

ဖိစီးမှုတွေကြောင့် သွေးပေါင်လည်းတက်တတ်ပါတယ်။

အဲ့ချိန်မှ လေဖြတ်မှာ စိတ်ပူပြီး
- သွေးကျဆေးတွေ သောက်ပါတော့တယ်
- သွေးပေါင်ကို (၅) မိနစ်တစ်ခါတိုင်းပါတယ်
- မကျသေးရင် သွေးကျဆေးထပ်သောက်ပါတယ်
- ဖိစီးမှုကပိုများလာတော့ သွေးကျဆေးသောက်သော်လည်း သွေးပေါင်က ပိုတက်တာပေါ့

ပိုပို စိတ်ပူပြီး ဆေးရုံပြေးရတဲ့ အဖြစ်ရောက်ရပါတယ်။

#ဘာလို့အဲ့လိုဖြစ်ရတာလဲ ⁉️

1. နေ့စဉ်သွေးပေါင် မတိုင်းတဲ့အတွက် မိမိသွေးပေါင်က ပုံမှန်ဆို ဘယ်လောက်ရှိတတ်လဲ မသိတဲ့အတွက် #သွေးတက်နေတာလား ဖြစ်နေကြလား မသိနိုင်တာပါ
✳️ သွေးတိုးရှိပြီး သွေးပေါင်ကျဆေး သောက်နေရပါက နေ့တိုင်း သွေးပေါင် မှန်မှန်ချိန်ပါ
2. Tension တွေကြောင့် ဇက်ကြောတက်ဘာညာဖြစ်တဲ့အခါ Tension တွေကြောင့် သွေးပေါင်တက်ပါတယ်
✳️ Tension ဖိအားတွေလျော့အောင်လုပ်ရမှာပါ။
ဆိုလိုတာက #စိတ်အေးအေးထားရမှာပါ။
3. သွေးကျဆေး သောက်ဆေးတွေက အခုသောက်အခုသွေးပေါင် #ချက်ချင်းမကျပါဘူး
✳️ ဆေးသောက်လိုက် ၅-၁၀ မိနစ်ကြာသွေးပြန်ချိန်လိုက် မလုပ်သင့်ပါဘူး
✳️ နောက်ထပ်သောက်လည်း ချက်ချင်းထူးမှာ မဟုတ်တဲ့အတွက် ဆေးတွေ ထပ်ခါထပ်ခါ မသောက်ရပါဘူး
🚨 ကျတဲ့အခါမှ ဆေးအရှိန်တွေ စုပြီး ပြုတ်ကျရင် အဲ့ဒီအချိန်မှ ဒုက္ခကြီးမှာပါ။

အဲ့ဒါကြောင့်

👉 သွေးတိုးရှိပြီး သွေးပေါင်ကျဆေး သောက်နေရပါက နေ့တိုင်း သွေးပေါင် မှန်မှန်ချိန်ပါ
👉 Tension ဖိအားတွေလျော့အောင် စိတ်အေးအေးထားပါ
❌ ဆေးသောက်လိုက် ၅-၁၀ မိနစ်ကြာသွေးပြန်ချိန်လိုက် မလုပ်သင့်ပါဘူး
❌ နောက်ထပ်သောက်လည်း ချက်ချင်းထူးမှာ မဟုတ်တဲ့အတွက် ဆေးတွေ ထပ်ခါထပ်ခါ မသောက်ရပါဘူး
✅ ပြနေကြ ဆရာဝန် နဲ့ ရက်ချိန်းမှန်မှန်ပြပါ။ ၃-၆ လ တစ်ခါ အနည်းဆုံးပြသ သင့်ပါတယ်။
✅ ဆေးလိပ် ၊ အရက်ဖြတ်ပါ
✅ ကိုယ်အလေးချိန် ထိန်းသိမ်းပါ
✅ အသီးအရွက်များများစားပါ
✅ လမ်းလျှောက်ပါ

✳️ ဆေးရုံ ဆေးခန်းပြလျှင် သောက်နေကြဆေး ယူသွားကြပါ (မှတ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ) ✳️
___________

ခေါင်းမူး ခေါင်းကိုက် ဇတ်ကြောတက်တာအပြင်

🚨 ခြေလက် လေးသွားလျှင်
🚨 လျှာလေး အာလေးဖြစ်လာလျှင်
🚨 ရေမျို အစာမျို သီးလျှင်
🚨 တက်လျှင် သတိလစ်သွားလျှင်
🚨 ဆီး ဝမ်း မထိန်းနိုင်ပဲ ထွက်ကျလျှင်တော့

( ဟိုခြေချောင်းချိုး၊ လက်ချောင်းချိုး၊ နားရွက်သွေးဖောက် ၊ လက်ထိပ်သွေးဖောက်တာတွေ မလုပ်ပဲ)
#နီးစပ်ရာ_ဆေးရုံ 🏥 #အမြန်သွားပါ

(Photo credit; clevelandclinic)
(Original Post; Oct,2021 👉 https://www.facebook.com/104993831383029/posts/352280636654346/?d=n)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

⚜️ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး ဘူဖေးဆိုတာ ကိုယ့်လောဘနဲ့ ကိုယ့်ကို ပြန်သတ်တဲ့ စားသောက်နည်းပါ။ဘူဖေးဆိုင်မှာ ကိုယ်ကြိုက်တ...
28/07/2024

⚜️ ဟော့ပေါ့၊ ဘူဖေး နဲ့ကျန်းမာရေး

ဘူဖေးဆိုတာ ကိုယ့်လောဘနဲ့ ကိုယ့်ကို ပြန်သတ်တဲ့ စားသောက်နည်းပါ။
ဘူဖေးဆိုင်မှာ ကိုယ်ကြိုက်တာကို လိုသလောက်ပဲရွေးပြီး ချင့်ချိန်စားတယ်ဆိုတာ တစ် ရာခိုင်နှုန်းတောင်ရှိမယ်မထင်ပါ။
ဒီဖက်ခေတ်မှာ မြို့ကြီးတွေသာမက မြို့အလတ်စားတွေမှာပါ ဟော့ပေါ့ ဘူဖေးတွေ အလျှိုလျှိုပေါ်လာပါတယ်၊

မန်ဘာကဒ်နဲ့ မန်ဘာဒစ်စကောင့်၊ နေ့လည်စာအထူး စသည်ဖြင့်နည်းမျိုးစုံ ပရိုမိုးရှင်းလုပ်ကြပါတယ်။
မကြာမကြာလာစားဖြစ်အောင် နည်းမျိုးစုံနဲ့ဆွယ်ပါတယ်။

ဟော့ပေါ့ဘူဖေးတွေရဲ့ ယေဘူရ အကောင်းအဆိုးများ-

ဆွေမျိုးတွေ မိသားစုတွေ ဆုံလို့၊ မိတ်ဆွေ အပေါင်းအသင်းတွေဆုံလို့၊ အထိမ်းအမှတ်ပွဲတခုခု စုစားချင်လို့ ဆိုတာမျိုး လူအများစုစားတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက် ပြသနာမရှိတော့ပါ။ စားသူက ကိုယ်ကြိုက်တာကိုယ်ယူစားရုံပါ။
ကျွေးသူက မှာထားတာ မလောက်မှာမပူရသလို ပိုလျှံမှာလည်း ပူစရာမလိုပါ။
အစားကြီးသူများအတွက် တွက်ခြေကိုက်ပါတယ်။

အစားနည်းသူများအတွက် စားနိုင်တာထက်ပိုပေးရလို့ ပေးရတာမတန်ပါ၊ ဈေးများပါတယ်။
အပြုတ်မကြိုက်သူများအတွက် ရွေးစရာနည်းပါတယ်။
အရေးအကြီးဆုံးကတော့ ကျန်းမာရေးနဲ့ လုံးမညီညွတ်ပါ။

ကျန်းမာရေးအတွက် မကောင်းတဲ့ ချက်တွေကတော့...
၁၊ ပမာဏ
ဘူဖေးဖြစ်လို့ အများစုက ပေးထားတာ တန်အောင် စားနိုင်သမျှစားကြပါတယ်။ ပုံမှန်ထက်များစွာ (နှစ်ဆမက) ပိုစားပါတယ်။
၂၊ ကိုလက်စထရော
ဈေးကြီးသောပင်လယ်စာကို များများစားတတ်ကြပါတယ်၊ ဂဏန်း ပုဇွန် ကမာ ဆိတ်၊ အမဲ၊ ဝက်သား စသည်တို့မှာ ကိုလက်စထရောအလွန်များသဖြင့် ဆင်ဆင်ခြင်ခြင် စားရမည့် အမျိုးအစားထဲတွင်ပါသော်လည်း ဘူဖေးဖြစ်လို့ ပေးရတာတန်အောင် အဲဒါတွေများများစားကြ။

၃။ ဆား နဲ့ အချိုမှုန့်
သထူးသဖြင့် အသားတွေမှာ အလွန်များပါတယ်။ ပုံမှန်အစားအသောက်တွေမှာထက်ပိုငံပါတယ်။
ဆားနဲ့ အချို့မှုန့်ပါ ဆိုဒီယံကြောင့် သွေးပေါင်ချိန်တက်ပါတယ်။ ကျောက်ကပ်မကောင်းလျင် ဖောယောင်ပါတယ်၊
နှလုံးအားနည်းလျင် မညှစ်နိုင်ပဲ အမောဖေါက်နိုင်ပါတယ်။ ပြုတ်ရည်ကို နည်းနည်းကြာလျင် ရေနွေးရော (သို့) အသစ်လဲသင့်ပါတယ်။
မသောက်သင့်ပါ။
အသားငါးတွေကို အချည်ရည်မျိုးစုံနဲ့ တို့စားလို့ အဲဒီဆော့စ် တွေထဲကအငံဓါတ်တွေကို ပိုစားမိကြပြန်ပါတယ်။

၄၊ အသား
ဟော့ပေါ့စားသူတွေက အသားတွေကိုအစားများပါတယ် အသားတွေမှာ ပြည့်ဝအဆီတွေများသလို အမဲသားဆိတ်သားတွေက ယူရစ်အက်ဆစ်လည်း များပါတယ်၊ အသားပရိုတိန်းကို တခြားအစားတွေနဲ့ အချိုးမမျှအောင်များများစားလျင် ဝမ်းလည်းချုပ်ပါတယ်၊ ကျောက်ကပ်လည်း ဝန်ပိပါတယ်။

၅၊ ကြာရှည်ခံအောင်လုပ်ထားသောအစာများ
အသားလုံး ငါးလုံး ဂဏန်းလိပ် ပုဇွန်လိပ် ဖက်ထုပ် ခဲပြီးလွှာထားသော အသားတွေမှာ ကျန်းမာရေးထိခိုက်စေတဲ့ ကြာရှည်ခံစေတဲ့ ဓါတုပစ္စည်းတွေပါပါတယ်။
နည်းနည်းပါးပါးက သိပ်မသိသာပေမဲ့ အများကြီး မစားသင့်ပါ။
မကြာမကြာစားသူများ ကင်ဆာရောဂါဖြစ်ဖို့ အန္တရာယ်ပိုများလာစေပါတယ်။

အသားငါးသာမက ဂျုံလိုကစီဓါတ်များတဲ့ ပစ္စည်းတွေပါလို့ အစာခြေပြီးလျင် သွေးထဲမှာ သကြားဓါတ်တက်ပါတယ်။
ကိုယ်က ခေါက်ဆွဲ ကြာဇံထည့်မစားတောင် အဲဒီ အသားလုံး ဂဏန်းလိပ်တွေကနေ ကာဗိုဟိုက်ဒြိတ်တွေ အများကြီး ဝင်ပါတယ်။
ဆီးချိုသမားများ သတိထားစရာပါ။
အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာအပါအဝင်ကင်ဆာမျိုးစုံကို ဖြစ်စေနိုင်ပါတယ်။

၅၊ အရွက်
ဘူဖေးစားတာဖြစ်လို့ လူအများက
အလွယ်တကူ ဗိုက်ပြည့်စေတဲ့ ကျန်းမာရေးအတွက် တန်ဖိုးရှိတဲ့ ဈေးပေါတဲ့ အရွက်တွေကို သိပ်မယူတတ်ကြပါ။ အသားကိုပိုစားကြတာများပါတယ်။

၆၊ အချိုပွဲ
ဘူဖေးဖြစ်လို့ အကန့်သတ်မရှိတဲ့ အချိုရည်တွေများများသောက်တတ်ကြသလို ရေခဲမုန့်တွေ အမျိုးကလည်းစုံတော့ အများကြီးစားတတ်ကြပါတယ် ။

အချိုများသလို ရေခဲမုန့်မှာ အဆီဓါတ်လည်းများပါတယ်။ မခြားအချိုမျိုးစုံလည်းရတော့ ပုံမှန် စားနေကျအချိုထက် အဆများစွာပိုစားပါတယ်။

သကြားဓါတ်များလို့ ဆီးချို သွေးချိုတက်သလို အဝလွန်စေပါတယ်။

၇။ ရေ
ဗိုက်မဆံ့မှာစိုးလို့ ရေအသောက်နည်းတတ်ကြပါတယ်။

၈။ အစားအသောက် သန့်ရှင်းမှူ
အသုတ်နဲ့ အထူးသဖြင့် အချည်ရည်မျိုးစုံတို့ဟာ သေချာချက်ပြုတ်ထားတာမရှိလို့ မသန့်လျင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။

၉။ ချုပ်ရလျင်တော့ ဒီလို ဘူဖေးဟော့ပေါ့တွေကို
သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်နဲ့ ဆီးရောဂါရှိသူ၊ အစာအိမ်ရောဂါရှိသူ၊ အစာအိမ်အက်ဆစ် အထက်ကို ပြန်ဆန်တတ်တဲ့ ရီဖလက်ရှိသူ၊ သည်းခြေကျောက်ရှိသူ သည်းခြေအိတ်ထုတ်ထားသူ၊ အဝလွန်သူတို့အတွက်တော့ ဝေးဝေးကရှောင်သင့်ပါတယ်။

ရှားရှားပါးပါး_တနှစ်မှတခေါက်နှစ်ခေါက်လောက်သွားစားသူတွေအတွက်သိပ်မဆိုးပေမဲ့_မကြာခဏသွားစားဖြစ်နေရင်တော့ ဆေးဖိုးလည်း စုသာထားဖို့ လိုနိုင်ပါကြောင်း အသိပေးရပါတယ် အမျိုးတို့ခင်ဗျား။

၂၀၁၈ သံလွင်မြစ်ရေကြီးမှု ရေမှတ် ၉၃၈ စင်တီမီတာ အမြင့်ဆုံး ဖြစ်ပါတယ်။ 💢 ၂၀၂၄ လက်ရှိမှာတော့ ၉၃၀ စင်တီမီတာနားကပ်လာနေပြီဖြစ်ပ...
27/07/2024

၂၀၁၈ သံလွင်မြစ်ရေကြီးမှု ရေမှတ် ၉၃၈ စင်တီမီတာ အမြင့်ဆုံး ဖြစ်ပါတယ်။

💢 ၂၀၂၄ လက်ရှိမှာတော့ ၉၃၀ စင်တီမီတာနား
ကပ်လာနေပြီဖြစ်ပြီး 💢 ခန့်မှန်းချက်အရ ၁၀၅၀ စင်တီမီတာ လောက်အထိ တက်နိုင်ပါတယ်။

💥 ၂၁၀၈ ထက်ကို ပိုကြီးလာနိုင်တာပါ 💥

ကရင်ပြည်နယ် ရေဘေးအတွက် ပူးပေါင်းပါဝင်
ကူညီပေးကြပါ။
( အနိမ့်ပိုင်းမှာနေသူများ ပြောင်းရွေ့သင့်ပါတယ်နော် )
( ညပိုင်းအချိန်တွေ ရေပိုတတ်တာမို့ သက်ကြီးရွယ်အိုတွေကို ဘေးလွတ်ရာပြောင်းရွေးထားကြပါ )

( 27/7/2024 )
စာရောပုံရော crd ပါ

အာဇာနည်နေ့" တို့မမေ့ " ••••••••••••••••••••••••••••••••"19 July မမေ့နိုင်"မျက်ရည်သွန်လို့ ဘဝင်ညိုး ဇူလိုင် တစ်ဆယ့်ကိုး၁၉...
19/07/2024

အာဇာနည်နေ့" တို့မမေ့ "
••••••••••••••••••••••••••••••••
"19 July မမေ့နိုင်"
မျက်ရည်သွန်လို့ ဘဝင်ညိုး
ဇူလိုင် တစ်ဆယ့်ကိုး

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ (၁၉) ရက်နေ့၊
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးသွားသော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ
အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ ဦးညွှတ် ဂါရဝ ပြုအပ်ပါသည်။
🙏🙏🙏

နေမင်းအလင်း အပ်စိုက်ကုထုံးနှင့်အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း  ရဲ့ လူနာများအ‌နေဖြင့် နေမင်းအလင်းဆေးခန်း ၏ ပဲ့ကိုင်ရှင်ဖ...
16/06/2024

နေမင်းအလင်း အပ်စိုက်ကုထုံးနှင့်အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း ရဲ့ လူနာများအ‌နေဖြင့် နေမင်းအလင်းဆေးခန်း ၏ ပဲ့ကိုင်ရှင်ဖြစ်သော ဆရာမ ဒေါ်ဆုပိုမေသည် တရုတ်ပြည်သို့သွားရောက်၍ အပ်စိုက်ကုထုံးနှင့်ပတ်သတ်သည့် ဆွေးနွေးပွဲသို့ သွားရောက်ရမည်ဖြစ်၍ အပ်စိုက်ကုထုံး ဖြင့် ကုသပေးမှုကို ၁၈.၆.၂၀၂၄ ကနေစပြီး ၁၀ ရက်တိတိ ရက်နားမှာဖြစ်လို့ အပ်စိုက်ကုထုံးခံယူမည့် လူနာများအနေဖြင့် ဆရာမ မသွားခင်လေး အမြန်လာရောက် ကုသလို့ရပါတယ် ရှင့် ။ အပ်စိုက်ကုထုံးမှလွဲ၍ အခြားသောကုထုံးများကိုတော့ ဆေးခန်းရှိအခြားဆရာမတစ်ဦးမှ ပြုလုပ် ကုသပေးမည်ဖြစ်သဖြင့် ဆေးခန်းတော့မပိတ်ပါဘူးနော် 🥰

 #ကဆုန်လပြည့်၁။ နိယတဗျာဒိတ်ယူသည့်နေ့။       လေးသင်ချေကမ္ဘာတစ်သိန်းအစ       ကဆုန်လပြည့်နေ့။၂။ ဘုရားမွေးဖွားသည့်နေ့။      ...
22/05/2024

#ကဆုန်လပြည့်

၁။ နိယတဗျာဒိတ်ယူသည့်နေ့။
လေးသင်ချေကမ္ဘာတစ်သိန်းအစ
ကဆုန်လပြည့်နေ့။
၂။ ဘုရားမွေးဖွားသည့်နေ့။
မဟာသက္ကရာဇ်၆၈ခု ကဆုန်လပြည့်
(သောကြာနေ့)
၃။ ဘုရားဖြစ်သည့်နေ့။
မဟာသက္ကရာဇ် ၁၀၃ခု ကဆုန်လပြည့်
ဗုဒ္ဓဟူးနေ့။
၄။ ဗုဒ္ဓဝင်အကျဥ်းဟောသည့်နေ့။
မဟာသက္ကရာဇ် ၁၀၄ခု၊ကဆုန်လပြည့်နေ့။
၅။ ပရိနိဗ္ဗာန်စံသည့်နေ့။
မဟာသက္ကရာဇ် ၁၄၈ခု၊ကဆုန်လပြည့်
အင်္ဂါနေ့။
ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ မှတ်ရန်ကဆုန်လပြည့်နေ့။

ကဆုန်လပြည့် ဗုဒ္ဓနေ့

ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ကြီး ဖြစ်သောကဆုန်လပြည့်နေ့တွင် မိတ်ဆွေသင်္ဂဟများအားလုံး

ဘေးရန်ကင်းရှင်းကြပါစေ

ကျန်းမာချမ်းသာ ကြပါစေ

နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း

နေမင်းအလင်းမိသားစုမှ

ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ရှင်….🙏🏻

Address

Hpa-an

Opening Hours

Monday 09:00 - 13:00
15:00 - 19:00
Tuesday 09:00 - 13:00
15:00 - 19:00
Wednesday 09:00 - 13:00
15:00 - 19:00
Thursday 09:00 - 13:00
15:00 - 19:00
Saturday 09:00 - 13:00
15:00 - 19:00
Sunday 09:00 - 13:00
15:00 - 19:00

Telephone

+959429770621

Website

Alerts

Be the first to know and let us send you an email when နေမင်းအလင်း အပ်စိုက်ကုထုံးနှင့်အထွေထွေရောဂါကုတိုင်းရင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share