Pyi Gyi Khin- Karen State

Pyi Gyi Khin- Karen State HIV နှင့် ကာလသား ရောဂါ အခမဲ့ စစ်ဆေးကုသမှု စင်တာ

Counselor အလုပ်‌စိတ်ဝင်စားသောသူများလျှောက်ထားနိုင်ပါသည်
17/09/2025

Counselor အလုပ်‌စိတ်ဝင်စားသောသူများလျှောက်ထားနိုင်ပါသည်

04/08/2025
15/07/2025

လူအများမှာ LGBT တွေနဲ့ ပတ်သက်လို့ အခုထိ မှားယွင်းနေတဲ့ အယူအဆတစ်ခုရှိပါတယ်။ အဲဒါကတော့ LGBT ဆိုရင် HIV ရှိသူတွေလို့ ပုံသေသတ်မှတ်လိုက်တာပဲဖြစ်ပါတယ်။

ဒီပုံသေအတွေးအခေါ်ကြီးကို ဆုပ်ကိုင်ထားကြတာကြောင့် LGBT တွေဟာ HIV ပိုးဖြန့်သူတွေအဖြစ် လူအများကမြင်ကြပြီး LGBT တွေကို နှိမ်ချတာ၊ ပစ်ပယ်ထားကြတာတွေကို အခုချိန်ထိ မြင်တွေ့နေရပါတယ်။

တကယ်တော့ LGBT ဆိုတာနဲ့ HIV ရှိသူတွေလို့ ပြောလို့မရပါဘူး။ အကာအကွယ်မသုံးဘဲ အတူနေမယ်၊ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲမယ်ဆိုရင် LGBT ဖြစ်ဖြစ်၊ straight ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် ဘယ်သူမဆို HIV ပိုးကူးစက်နိုင်ပါတယ်။

ဒါကြောင့် LGBT တွေကို နှိမ့်ချတာ၊ ပစ်ပယ်တာတွေမလုပ်ကြဘဲ HIV ရောဂါမကူးစက်အောင် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လိုကာကွယ်ရမလဲစတာတွေကို ပြောပြပြီး ကူညီလိုက်ကြရအောင်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။
ေးခင့်ကိုမေး

11/07/2025

🚦 Red light or Green light
🚦 မိုကိုဝါးကူးချီ ဖီယားစမီသာ ဆိုတဲ့ မီးနီမီးစိမ်းဂိမ်းလေးကို Squid Game ကိုးရီးယားစီးရီးထဲမှာ ကြည့်ရင်း ဆိုမိနေကြတယ်မလား

🚥 HIV ပိုးရှိနေထိုင်သူတွေအတွက်လဲ လက်တွေ့ဘဝမှာ မီးနီမီးစိမ်းဂိမ်းရှိတယ်နော် Squid game မှာလိုပဲ မီးနီကိုဖြတ်မိရင် အသက်အန္တရာယ်ရှိတဲ့အကြောင်းလေးကို ခင်ကဒီနေ့ပြောပြချင်ပါတယ်
🚥 အေအာတီဆေးသောက်ပြီး ပိုး​ကောင်ရေ စစ်ဆေးမှုမှာ အဖြေကောင်းရင်(Not detected) မီးစိမ်းအခြေအနေလို့သတ်မှတ်နိုင်ပါတယ် ဆေးကိုဆက်လက်သောက်သုံးပြီးHIV ပိုးကိုထိန်းချုပ်ထားနိုင်ပါတယ်
🚥 ပိုးကောင်ရေ စစ်ဆေးတွေ့ရှိနေတဲ့အဖြေဖြစ်နေပြီး ၁၀၀၀ အောက်ဖြစ်နေရင်တော့ မီးဝါလို့သတ်မှတ်ရပါမယ် မိမိရဲ့ဆေးသောက်နည်းစနစ်တွေ အလေ့အကျင့်တွေနဲ့ပတ်သက်ပြီး ပြန်လည်ဆွေးနွေးတိုင်ပင်ဖို့လိုအပ်ပါတယ် Enhanced Adherence Counselling လုပ်ဖို့လိုအပ်တာမို့ဆေးခန်းကိုပြန်လည်သွားရောက်ရပါမယ်နော်
🚥 ပိုးကောင်ရေစစ်ဆေးမှုမှာ ၁၀၀၀ အထက်အဖြေဖြစ်နေရင်တော့ မီးနီအခြေအနေဖြစ်နေပြီမို့ မကြာခင်မှာကိုယ်ခံအားကျဆင်းလာတာတွေနဲ့အခွင့်အရေးယူရောဂါတွေဖြစ်လာတော့မှာပါ
🚥 ဒါကြောင့် အချိန်မီဆွေးနွေးတိုင်ပင်ပြီး မိမိရဲ့ဆေးသောက်နေတဲ့ နည်းစနစ်နဲ့အလေ့အကျင့်တွေကို ဆေးခန်းကဆရာဝန်၊ဆွေးနွေးသူတို့နဲ့ စနစ်တကျပြန်လည်ကုသတိုင်ပင်ဖို့အရေးကြီးပါပြီနော်
🚥 မိမိရဲ့ အခြေအနေက မီးနီနေလား မီးစိမ်းနေလားဆိုတာကို သိနိုင်ဖို့ ဆေးခန်းမှ ပိုးကောင်ရေစစ်ဆေးဖို့ချိန်းဆိုတဲ့အခါ သေချာပြန်လည်သွားရောက်ဖို့အရမ်းအရေးကြီးပါတယ်
🚥 တစ်သက်တာပိုးထိန်းဆေးကို မီးစိမ်းအခြေအနေမှာထိန်းထားပြီး မှန်မှန်ကန်ကန်သောက်နေရမှာမို့ ဒီဂိမ်းမှာ ခင်တို့အားလုံးအတူတူအောင်မြင်အောင်ကျော်ဖြတ်ကြစို့နော်။
ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ
ေးခင့်ကိုမေး

03/07/2025
25/06/2025

ခင့်မိတ်ဆွေတို့ရေ ဒီနေ့မှာတော့ ခင်က HIV ပိုးရှိသူတွေသောက်နေရတဲ့ TLD နဲ့ TLE ဆေးတွဲတွေအကြောင်းပြောပြပေးပါမယ်။

TLD နဲ့ TLE ဆိုတာ မတူညီတဲ့ ARV ပိုးထိန်းဆေး သုံးမျိုးစီကိုပေါင်းစပ်ထားတဲ့ ဆေးတွဲတွေဖြစ်ပြီး တစ်နေ့ကို တစ်ကြိမ်၊ တစ်ခါသောက်လျှင် တစ်လုံးစီ သောက်သုံးရပါတယ်။

✅ ဒီဆေးက မတူညီတဲ့ဆေးသုံးမျိုးကို ဆေးတစ်လုံးတည်းအဖြစ် ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်လို့ သောက်ရအဆင်ပြေတဲ့အပြင် အချိန်တိတိကျကျသောက်ရင် ပိုးထိန်းချုပ်မှုအားကောင်းပါတယ်။

သတိပြုရမှာကတော့ ဆေးသောက်သုံးစမှာ ဓာတ်မတည့်မှုလက္ခဏာတွေဖြစ်တဲ့
❗အရေပြားတွင် အင်ပျဥ်အပိန့်ထွက်ခြင်း၊
❗ယားခြင်း စတာတွေ ဖြစ်ရင် ART ဆေးခန်းမှာ ပြန်လည်ပြသဖို့လိုပါတယ်။

ဒါ့အပြင် ဒီဆေးတွဲတွေမှာ Tenofovir ပိုးထိန်းဆေးပါတာကြောင့် အသက် ၅၀အထက် လူကြီးတွေ၊ သွေးတိုးဆီးချိုရောဂါအခံရှိပြီး ကုသမှုမခံယူရသေးသူတွေအနေနဲ့
✔️ပုံမှန်ကျောက်ကပ်ဓာတ်စစ်ဆေးဖို့၊
✔️သွေးတိုးဆီးချိုရောဂါကို ထိန်းချုပ်ရန် ကုသမှုခံယူဖို့ လိုအပ်ပါတယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။
ေးခင့်ကိုမေး

17/06/2025

💙 ခင် တို့လူသားတွေဟာ နေ့စဉ်ဘဝရဲ့ ရည်ရွယ်ချက်တွေပန်းတိုင်တွေဆီ ဦးတည်ပြီး အသက်ရှင်နေထိုင်ကြတယ် မဟုတ်လား
💙 အိပ်ချ်အိုင်ဗွီပိုးရှိနေထိုင်သူတွေအတွက်လဲ အေအာတီကုထုံး( ပိုးထိန်းချုပ်မှုကုထုံး)ခံယူရင်းနဲ့ အခုဆိုရင် ကမ္ဘာနဲ့တစ်ဝှမ်းမှာ အိပ်ချ်အိုင်ဗွီပိုးကိုအပြီးတိုင်ကုသနိုင်မယ့် စမ်းသပ်မှုတွေကလဲ သတင်းကောင်းတွေကြားလာရပါတယ် 👍👍👍
💙၂၀၂၅ ခုနှစ် ဇွန်လ၆ရက်နေ့က Doherty Institute of Australia HIV Cure Research မှ ထုတ်ပြန်ကြေညာချက်အရ HIV ပိုးပုန်းခိုနေထိုင်နိုင်တဲ့ White Blood Cell ထဲကိုဝင်ရောက်ဖျက်ဆီးကုသနိုင်မယ့် LPN-X Formula စမ်းသပ်ချက်ကိုတီထွင်နိုင်ပြီလို့ဆိုပါတယ် ပိုးကိုထိန်းချုပ်ရုံတင်မဟုတ်ဘဲ အပြီးပိုင်တိုက်ထုတ်နိုင်တဲ့အထိ ရည်ရွယ်ထားပါတယ် ဒါကြောင့် ရောဂါပိုးကိုအမြစ်ပြတ်ကုသနိုင်တဲ့ ဆေးတွေပေါ်လာတဲ့ အထိ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ဖို့ အေအာတီကိုစနစ်တကျ ဆက်သောက်ပြီး အားတင်းထားကြမယ်နော်

💙 HIV အရေးသိလိုရာဆွေးနွေးပေးဖို့ ခင် ရှိနေပါမယ်
💙 Viber -09765203221 ကနေလဲ မေးမြန်းနိုင်ပါတယ်



reference - https://www.doherty.edu.au/news-events/news/world-first-discovery-harnesses-mrna-in-search-for-hiv-cure

https://www.facebook.com/share/p/1CUw37p562/?mibextid=oFDknk

11/06/2025

ART နဲ့ TB ဆေးကို ဘယ်လောက်ခြားပြီးသောက်ရမလဲ

တချို့မိတ်ဆွေတွေက အေအာတီဆေးနဲ့ TB ဆေးနှစ်ခုကို တပြိုင်တည်းသောက်ရင် အာနိသင်မရမှာစိုးလို့ ဘယ်လောက်ခြားသောက်ရမလဲ လာမေးတတ်ကြပါတယ်။

လေ့လာချက်တွေမှာတော့ ART နဲ့ TB ဆေးကို ဘယ်နှနာရီခြားသောက်ရမယ်ဆိုပြီး တိတိကျကျ ဖော်ပြထားတာတော့ မရှိပါဘူး။
ဒါပေမယ့် ခင့်မိတ်ဆွေတွေအနေနဲ့ HIV နဲ့ TB ရောဂါပိုးကူးစက်ခံနေရသူတွေမှာ ART ဆေးကိုရော၊ TB ဆေးကိုရော အချိန်မှန်သောက်ဖို့ လိုပါတယ်။ ဆေးတွေကို ဆရာဝန်ညွှန်ကြားထားတဲ့အချိန်တွေအတိုင်း အချိန်မှန်မှန်တဲ့တိတိကျကျသောက်သုံးဖို့လိုပါတယ်။

တီဘီဆေးနဲ့ ဓာတ်ပြုမှု ရှိတဲ့ Dolutegravir, Lopinavir, Ritonavir ပါဝင်တဲ့ဆေးတွဲသောက်သုံးသူတွေအနေနဲ့တော့ မိမိရဲ့ဆေးသောက်ရမယ့်အကြိမ်ရေ အလုံးရေ ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း မှတ်သားလိုက်နာပြီးသောက်ဖို့လိုအပ်ပါတယ်

အရေးကြီးတာက ဆေးသောက်လိုက်မသောက်လိုက် ခဏခဏဖြစ်ရင် ဆေးယဉ်ပါးတတ်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲတွေ ဖြစ်တတ်တာကြောင့် ဆေးနှစ်မျိုးလုံးကို မမေ့မလျော့သောက်သုံးကြဖို့တော့ လိုပါတယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။
ေးခင့်ကိုမေး

27/05/2025

ခင့်မိတ်ဆွေတို့ရေ

ဒီနေ့မှာတော့ ကွန်ဒုံးသုံးတဲ့အခါ လူသိနည်းတဲ့ သတိထားစရာအချက်တစ်ခုကို ပြောပြပေးပါမယ်နော်။

☂️ Latex သို့မဟုတ် Polyurethane နဲ့ပြုလုပ်ထားတဲ့ ကွန်ဒုံးတွေဟာ ဆက်ဆံချိန်ကြာတဲ့အခါ ပွတ်တိုက်မှုအားကြောင့် လျော့ရဲလာတတ်ပါတယ်။အဲဒီအခါ ကွန်ဒုံးပေါက်ပြဲပြီး ကိုယ်ဝန်ရတာ၊ HIV ပိုးကူးစက်တာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ကွန်ဒုံးသုံးတဲ့အခါ နာရီဝက်ထက်ပိုကြာလာပြီဆိုရင် ကွန်ဒုံးအသစ်ကို အသုံးပြုတာ စိတ်ချရပါတယ်နော်။ ဒါ့အပြင် ပွတ်တိုက်မှုအားကိုလျှော့ချပြီး ပေါက်ပြဲမှုတွေ မဖြစ်စေဖို့ ချောဆီ lubricant အသုံးပြုသင့်ပါတယ်။

ဒါပေမယ့် ၃ မိနစ်မပြည့်ခင် ကိစ္စပြီးသွားတတ်တဲ့ မိတ်ဆွေတွေကတော့ ကွန်ဒုံးအသစ်လဲစရာမလိုဘူးနော်။ 😜

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။
ေးခင့်ကိုမေး

21/05/2025

HIV (+) မိခင်တွေ နို့တိုက်လို့ရလား။

🤰HIV (+) ဖြစ်တဲ့ မိခင်တစ်ယောက် ကလေးရပြီးတဲ့အခါ မိခင်နို့တိုက်ရမလား၊ Formulaနို့ပဲတိုက်ရမလားဆိုတာ စဉ်းစားစရာအမြဲဖြစ်ရပါတယ်။

ပထမဦးဆုံးအနေနဲ့ HIV ရောဂါပိုးရှိတဲ့မေမေအနေနဲ့ မိမိရဲ့ပိုးကောင်ရေထိန်းချုပ်မှုရပြီးသားဖြစ်ဖို့ အေအာတီကိုစနစ်တကျသောက်သုံးထားပြီး ပိုးကောင်ရေထိန်းချုပ်မှုရထားပြီးသားဖြစ်ဖို့လိုပါမယ်
—-----------------

ပိုးကောင်ရေထိန်းချုပ်မှုရပြီးသား မေမေဆိုရင် ဆေးကိုလဲသေချာအချိန်တိကျစွာသောက်သုံးရင်းနဲ့ နို့တိုက်ဖို့ရွေးချယ်မယ်ဆိုရင်တော့အောက်ပါအတိုင်းစနစ်တကျလိုက်နာဖို့လိုပါမယ်

၁။ မွေးစ နို့ဦးရည်ကနေ ကလေးအသက်၆လထိ မိခင်နို့တစ်မျိုးတည်းပဲတိုက်ရပါမယ် ( ရေ၊ ဖျော်ရည်၊ အသီး၊ ပျားရည်နဲ့အခြားဘယ်အရည်ကလေးကိုဆရာဝန်ညွှန်ကြားတဲ့ကာကွယ်ဆေးကလွဲလို့မှ မတိုက်ရပါဘူး)

၂။ အေအာတီဆေးခန်းမှ ချိန်းဆိုတဲ့အတိုင်း ကလေးလေးကို သွေးစောစောစစ်ဖို့နဲ့ရက်ချိန်းအတိုင်းပြန်လည်စစ်ဆေးရပါမယ်။

၃။ မွေးစ တစ်ရက်သားကနေ ၆ပတ်အထိ HIV ကာကွယ်ဆေးအရည် ၂မျိုးကို အချိန်တိကျမှန်ကန်စွာတိုက်ရပါမယ်။

၄။ ကလေး အသက်၆ လကနေ စပြီး ဖြည့်စွက်စာ စကျွေးနိုင်ပါပြီ။ မိခင်နို့ကိုတော့ အသက်၆လမှာဖြစ်စေ အသက် ၁နှစ်ပြည့်မှာဖြစ်စေ ရပ်ရပါမယ်။ ကလေးကိုနို့ဖြတ်ပြီးရင်လဲ

၅။ အေအာတီဆေးခန်းကိုသေချာအကြောင်းကြားပြီးသွေးပြန်စစ်ဖို့အတွက် ရက်ချိန်းတိုင်ပင်ရပါမယ်။

—-----------------

Formula နို့တိုက်ဖို့ ​ရွေးချယ်မယ်ဆိုရင်​တော့ မဖြစ်မ​နေလိုက်နာရမယ့်အချက်​လေး​တွေရှိပါတယ်။

✅ က​လေးကြီးထွားဖွံ့ဖြိုးဖို့အတွက်လုံ​လောက်တဲ့ formula နို့ပမာဏကို စနစ်တကျတိုက်​ကျွေး​ပေးရပါမယ်။

✅ တိုက်​ကျွေးဖို့ပြင်ဆင်ရာမှာလည်း အသုံးပြုမယ့် နို့ဘူး/ဇွန်း​တွေသန့်ရှင်း​အောင် ဆေး​ကြောတာမျိုးအပြင် ​နို့​ဖျော်မယ့်ရေသန့်​အောင်လဲ အထူးဂရုစိုက်ရပါမယ်။

✅ အသက်၆လအထိ formula နို့တမျိုးကိုပဲတိုက်​ကျွေးရပါမယ်။

✅ မွေးစက​နေ ၆ပတ်အထိ HIV ကာကွယ်​ဆေးရည် ၂မျိုးတိုက်ဖို့လဲလိုအပ်ပါတယ်။

ခင့်မိတ်ဆွေတို့ တစ်ခုသတိပြုရမှာက မိခင်နို့ နဲ့ ဖြည့်စွက်နို့မှုန့် နှစ်မျိုးကို ရောနှောပြီး တိုက်မိခဲ့ရင် မိခင်မှ ကလေးဆီကို ရောဂါပိုးကူးစက်မှုမြင့်မားနိုင်လို့ ကိုယ်ဝန်ဆောင်ချိန်မှာကတည်းက အေအာတီဆေးခန်းမှာ သေချာတိုင်ပင်ပြီးရွေးချယ်ဖို့အရေးကြီးပါတယ်နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Linkhttps://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။
ေးခင့်ကိုမေး

05/05/2025

CD4 များရင် U=U ဖြစ်ပြီလား
ခင့်မိတ်ဆွေတချို့က မေးကြတာရှိပါတယ်။
“ကျွန်တော့်မှာ CD 4 count က များနေတယ်။ အဲတာ ကျွန်တော် U=U ဖြစ်နေပြီလား။” ဆိုတဲ့ မေးခွန်းပါ။

❌ တကယ်တမ်းတော့ CD 4 count နဲ့ U=U က မသက်ဆိုင်ပါဘူး။

✅ CD 4 ဆိုတာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကောင်းမကောင်းပဲ ပြပေးပြီး တကယ်လို့ CD 4 count နည်းနေရင် ပြင်ပက ပိုးမွှားတွေ အလွယ်တကူ ဝင်ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် CD 4 များတာက ကိုယ်ခံအားစနစ်ကောင်းမွန်တယ်လို့ ပြောနိုင်ပေမယ့် HIV ပိုးကောင်ရေမတွေ့တော့ဘူးလို့ မပြောနိုင်ပါဘူး။

U=U ဖြစ်မဖြစ်ဆိုတာ HIV ပိုးကောင်ရေ (viral load) နဲ့သာသိနိုင်ပြီး ပိုးကောင်ရေ undetectableဖြစ်မှသာ U=U ဖြစ်မှာပါ။ ဒါကြောင့် CD4 count များလည်း U=U ဆက်ဖြစ်ဖို့ ART ဆေးကို ပုံမှန်သောက်ကြဖို့ မမေ့ပါနဲ့နော်။

ယုံကြည်စိတ်ချနွေးထွေးစွာ ခင့်ဆီရင်ဖွင့်ပါ

"ခင့်" Viber နဲ့ Telegram Community Group
ကိုလည်း Joinထားဖို့ မမေ့နဲ့နော်။
Viber Link
https://invite.viber.com/…
Telegram Link
https://t.me/hivayaykhinkomayy

သိလိုရာဆွေးနွေးပေးဖို့ 'ခင် ' ရှိနေပါမယ်။
ေးခင့်ကိုမေး

Address

YONE KONE Road
Hpa-an

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959458490599

Website

Alerts

Be the first to know and let us send you an email when Pyi Gyi Khin- Karen State posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram