06/09/2025
"ဘာဖြစ်ဖြစ်အရှုံးမ ပေးနဲ့"
ဦး ကျော် (အမည်လွဲ) တစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် ခြေတုဌာနနဲ့ လက်လှမ်းမမှီ ခင်မှာ ကိုယ်နည်းကိုယ်ဟန်နဲ့ ပြန်လည်သန်စွမ်းဖို့ (လမ်းလျောက်လို့ရအောင်) PVC ခွက် ၊ PVC တိုင်၊ သစ်သားခြေဖဝါး လေးနဲ့ မိမိကိုယ်တိုင်ခြေတု ဖန်တီးထားပြီး ၊ မရှိတာထက်စာရင် ရှိတာလေးနဲ့ မိမိကိုယ်တိုင် ပြန်လည်သန်စွမ်းရေးကို ကနဦး အစပြုဖော်ဆောင် တာတွေ့ရ တော့ ကျွန်တော်တို့ ဘားအံခြေတုလက်တု ဌာနအနေနဲ့ သူကို လေးစားမိပြီး ခြေတုကောင်းရအောင် လုပ်ပေးဖို့ စိတ်အားထက်သန် ဖြစ်မိတယ်....
အခုတော့ ခြေတုဌာနက ပြုလုပ်ပေးတဲ့ ဘယ်ခြေတုကတစ်ဖက် ညာအားပြုကိရိယာကတစ်ဖက် နဲ့ တပ်ဆင်လိုက်တော့ လက်တောက်တွေ လွှတ်ပြီး ပုံမှန်လို လမ်းပြန်လျောက် နိုင်လို့ မိမိလုပ်လို့ ရမဲ့ အလုပ်တွေ ပြန်လုပ်ပါတော့မယ် ....
စိတ်ဆန္ဒ ရှိသလို ဆက်လျောက်ပါတော့ ဦးကျော်ရေ...
ဘားအံခြေတုလက်တု ဌာနကတော့ သင်တို့အတွက်အမြဲ အဆင်သင့် ရှိနေပါမယ်...