Myat Pann Thitsar Specialist Clinic-မြတ်ပန်းသစ္စာအထူးကုဆေးခန်း

  • Home
  • Myanmar
  • Insein
  • Myat Pann Thitsar Specialist Clinic-မြတ်ပန်းသစ္စာအထူးကုဆေးခန်း

Myat Pann Thitsar Specialist Clinic-မြတ်ပန်းသစ္စာအထူးကုဆေးခန်း အရိုးအကြောအဆစ်၊ ပြန်လည်သန်စွမ်းရေးနှင့် အထွေထွေရောဂါအထူးကုဆေးခန်း

🙏မဂ်လာပါရှင်🙏👉👉👉လေ​မွေ့ယာ Airmatress ​လေး ​ကြော်ငြာ ပါရ​စေရှင့်♦️အ​ကြောင်း​ကြောင်း​ကြောင့် အိပ်ယာထဲ လှဲ​နေရ သူ​တွေ အတွက်...
08/07/2025

🙏မဂ်လာပါရှင်🙏

👉👉👉လေ​မွေ့ယာ Airmatress ​လေး ​ကြော်ငြာ ပါရ​စေရှင့်

♦️အ​ကြောင်း​ကြောင်း​ကြောင့် အိပ်ယာထဲ လှဲ​နေရ သူ​တွေ အတွက် အိပ်ယာနာ မဖြစ်​လေအောင်
😔တကယ်လို့ အိပ်ယာနာ ဖြစ်နေလျှင်လည်းအမြန်ဆုံးသက်သာ ပျောက်ကင်းစေနိုင် မယ့် anti bedsore mattress ခေါ် လေမွေ့ယာလေးကို
👉👉👉မြတ်ပန်းသစ္စာ အ​ထွေ​ထွေ​ရောဂါ အထူးကု ​ဆေးခန်းမှာ ဝယ်ယူ ရရှိနိုင်ပါတယ်ရှင့်

♦️ဒီလေမွေ့ရာလေးတွေက ရိုးရိုးလေမွေ့ရာလို စက်ကနေလေထိုးပေးရုံသက်သက်မဟုတ်ပဲ alternating pressure mattress ဖြစ်တယ့်အတွက် ၆ မိနစ်တခါ ပိန်ချည်ဖေါင်းချည်နဲ့ အသားကိုထိမယ့် မွေ့ရာအကွက်​လေးတွေက အလှည့်ကျပြောင်းပေးသွားမှာဖြစ်တယ့်အတွက် ဘယ်ညာလှည့်ပေး သလို ဖြစ်တဲ့ အတွက် ကျောမပူစေတော့ပါ ဘူး ရှင့်

♦️လူနာ ရဲ့ ကိုယ်အ​လေးချိန် က အိပ်ယာ ​ပေါ် တောက်လျှောက်ဖိထားခြင်း ကို သက်သာ​စေတဲ့ အတွက်ကိုယ်ကိုတိုင်ဘယ်ညာမလှည့်နိုင်သူတွေ အတွက်အရမ်းကောင်းပါတယ်

♦️အိပ်ယာနာ ဖြစ်နေသူများအတွက်သက်သာ​ပျောက်ကင်း​စေနိုင်ပြီး မဖြစ်သေးသူများကာကွယ်ရန် ​ အတွက် အလွန် အသုံးဝင်ပြီး အသုံးများတဲ့ မွေ့ရာဖြစ်ပါတယ်

♦️စက်တောက်လျှောက်ဖွင့်ပေးထားရမှာဖြစ်ပါတယ် ရှင့်

♦️Air mattress တွေက အ​လေးချိန် အများကြီး မခံနိုင်တဲ့အတွက်လူနာအား မ ရွေ့ရန်လိုပါက စက်ပိတ်ပြီးလေလျော့သွားမှ လူနာ​ရွေ့မည့် သူများ က ​မွေ့ယာ​ပေါ် နင်းပြီး အ​ရွေ့အ​ပြောင်း လုပ် သင့်ပါတယ်ရှင့်

♦️လေပေါက် ၂ ပေါက် မှာ ၁ ပေါက်ချင်းစီပဲ လေထွက်ပြီး အလှည့်ကျ ပြောင်းပေးမှာဖြစ်ပါတယ် ရှင့်

♦️မီးမလာရင် ​လေ​​လျော့ပြီး ပြန်ပြားသွား နိုင်ပါတယ်

👉မီးအား ၂၂၀ ရှိမှသာ သုံး လို့ အဆင်​ပြေ တာမို့ မီးအားနည်းလွန်းတာ မျိုး ဆို ခဏ ပိတ်ထား သင့်ပါတယ်

👉မီးစက် နဲ့ သုံး လို့ လည်း ရ​​ပါတယ် ရှင့်
inverter တော့သုံး လို့ အဆင်မ​ပြေ ပါဘူး ရှင့်😔

✅️ရန်ကုန်မြို့တွင်း အိမ်အ​ရောက် ​ငွေ​ချေ စနစ် နဲ့ ပို့​ပေးပါတယ် ရှင့်
✅️နယ်မြို့များ က မှာယူ လိုပါက
ကားဂိတ်တင်​ပေးပါတယ်ရှင့်

👉​လေ​မွေ့ယာ​လေး မှာယူ လိုပါက

🏡🏡🏡မြတ်ပန်းသစ္စာ
အ​ထွေ​ထွေ​ရောဂါ အထူးကု​ဆေးခန်း

အမှတ် ၄၃၇
မင်းကြီးလမ်း
ရွာမ အ​ရှေ့ရပ်ကွက်
အင်းစိန်

☎️☎️☎️09421558887


သို့ ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်


မဂ်လာပါ ရှင် ​ #အိမ်သာထိုင်ခုံအမျိုးမျိုးပါကိုယ်၊စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်း​မြေ့ပါ​စေရှင် အိမ်သာ commode cha...
05/07/2025

မဂ်လာပါ ရှင်

​ #အိမ်သာထိုင်ခုံအမျိုးမျိုးပါ

ကိုယ်၊စိတ် နှလုံး သုံးပါးလုံး ရွှင်လန်းချမ်း​မြေ့ပါ​စေရှင်

အိမ်သာ commode chair ​လေး​တွေ ​စုံစုံလင်လင် ​လေး ရလို့ အ​ရောင်းpost​ ​လေး တင်ပါရ​စေရှင့် ။

♦️♦️♦️အိမ်သာဘိုထိုင် ​လေး ​တွေ ကို အရမ်းဝတဲ့ လူ​တွေ အတွက် over size ​လေး​တွေ ​နှင့် ပုံမှန် size ​လေး​တွေ ​ ကို အမျိုး အစား စုံလင်​ စွာ မြတ်ပန်းသစ္စာ အထူးကု ​ဆေးခန်း ​လေးမှာ ရရှိနိုင်ပါတယ်ရှင့် ။

♦️♦️♦️Singapore made ​တွေ ပါ ရှင့်
In stock ရှိပါတယ် ရှင့်

🏡🏡🏡
မြတ်ပန်းသစ္စာ အ​ထွေ​ထွေ ​ရောဂါ အထူးကု ​ဆေးခန်း
အမှတ် ၄၃၇
မင်းကြီးလမ်း
ရွာမအ​ရှေ့ရပ်ကွက်
အင်းစိန် မြို့နယ်

👉👉👉(သရက်​တော မှတ်တိုင်အနီး
အင်းစိန်မြို့နယ် ခန်းမ​ရှေ့ )

☎️☎️☎️09421558887



#အိမ်သာထိုင်ခုံ

📣📣📣
04/07/2025

📣📣📣

မဂ်လာ ပါရှင်🙏🙏🙏              မြန်မာ ပြည်သူပြည်သားများ အားလုံး ကိုယ်စိတ်နှလုံး အေးချမ်းစွာ ရှင်သန် ခွင့် အမြန်ဆုံး ရရှိကြ...
04/03/2024

မဂ်လာ ပါရှင်🙏🙏🙏

မြန်မာ ပြည်သူပြည်သားများ အားလုံး ကိုယ်စိတ်နှလုံး အေးချမ်းစွာ ရှင်သန် ခွင့် အမြန်ဆုံး ရရှိကြပါစေ ရှင် 🙏🙏🙏

ကိုယ်ရောစိတ်ပါ သာယာ ချမ်းမြေ့ တဲ့ နေ့ရက် လေးတွေ ကို ပိုင်ဆိုင်ခွင့်ရရှိကြပါစေ လို့ ဆုတောင်း မေတ္တာ ပို့ သ အပ်ပါ တယ် ရှင့် 🙏🙏🙏

မြတ်ပန်းသစ္စာ အထွေထွေရောဂါ အထူးကု ဆေးခန်း ၌
ရရှိနိုင်သော ကျန်းမာရေး ဝန်ဆောင်မှု နှင့် ရရှိနိုင်သော ကျန်းမာရေး အထောက်အကူပြု ပစ္စည်း လေးများကို
မြတ်ပန်းသစ္စာ ရဲ့ customer များအတွက် လိုအပ် ရင်အလွယ်တကူ ရရှိအောင် တစုတစည်းတည်း တင်ပေး လိုက်ပါတယ်ရှင့် 😊😊😊

မြတ်ပန်းသစ္စာ ဆေးခန်း၌ ကျန်းမာရေး အထောက်အကူပြု ပစ္စည်း လေးတွေ ကို အရည်အသွေး မှန်ကန် ကောင်းမွန်ပြီး သင့်တင့်သောစျေးနှုန်းဖြင့် ရောင်းချ ပေးလျက်ရှိပါတယ်ရှင့်😊😊😊

ရန်ကုန်မြို့တွင်း ပစ္စည်းရောက် ငွေချေ စနစ်ဖြင့် အိမ် အရောက် ပို့ ပေးပါတယ်ရှင့်

နယ်မြို့ များ အတွက် လည်း ကားဂိတ် ချ အစီ အစဥ်ဖြင့်
ကားဂိတ်အရောက် ပို့ပေးပါတယ်ရှင့်

Ph
09421558887
09775010534

အမှတ်၄၃၇ မင်းကြီးလမ်း ရွာမ အရှေ့ရပ်ကွက်
အင်းစိန်

#မြတ်ပန်းသစ္စာအထွေထွေရောဂါအထူးကုဆေးခန်း

16/11/2023

ကျန်းမာ​ရေးဗဟုသုတ ​လေးပါ ရှင်
16/11/2023

ကျန်းမာ​ရေးဗဟုသုတ ​လေးပါ ရှင်

မဂ်လာပါ ရှင့် မြတ်ပန်းသစ္စာ အ​ထွေ​ထွေ​ရောဂါ အထူးကု ​ဆေးခန်းတွင် ၁။ပဋိသ​န္ဓေတား​ဆေး ကဒ် ၂။အ​ရေး​ပေါ်သုံး ၇၂ နာရီ ​ဆေး နှင...
07/11/2023

မဂ်လာပါ ရှင့်

မြတ်ပန်းသစ္စာ အ​ထွေ​ထွေ​ရောဂါ အထူးကု ​ဆေးခန်း
တွင်

၁။ပဋိသ​န္ဓေတား​ဆေး ကဒ်

၂။အ​ရေး​ပေါ်သုံး ၇၂ နာရီ ​ဆေး
နှင့်
၃။ အန္တရာယ် ကင်း​စေဖို့ ​ဆောင်းထားသင့်တဲ့ အ​ဖော်
တို့ကို အခမဲ့​ပေး​ဝေပါမည် ။

Tuesday , Friday , Sunday
ည​နေ ​လေးနာရီ မှ ​ခြောက်နာရီ အတွင်း

အမှတ် ၄၃၇
မင်းကြီးလမ်း
ရွာမ အ​ရှေ့ ရပ်ကွက်
အင်းစိန်
#မြတ်ပန်းသစ္စာအထွေထွေရောဂါအထူးကုဆေးခန်း

Ph-09421558887
09775010534

တွင်တစ်ဦးလျင် တစ်ကဒ် ကျ ​ပေး​ဝေပါမည် ရှင့်

PS (​ဆေးနှင့်ပတ်သက်​သော အ​ကြောင်းအရာ များကို ​ဆေးဝါးကျွမ်းကျင် ဆရာမ ​ဒေါ်ဖြူဖြူဝင်း၏ ရှင်းလင်းချက်များကို comment တွင် linkများ ချ​ပေးထားပါတယ်ရှင့် ။ ​သေချာစွာ ​လေ့လာ ပြီးမှ ​သောက်သုံး​စေချင်ပါတယ်)

 #အစာမျိုချရတာခက်_ခက်လာတယ် #နည်းနည်းစားပြီးတာနဲ့_ရင်ခေါင်းကြီးတောင့်နေရောပဲ #ကိုယ်အလေးချိန်ကလည်း_ပြုတ်ကြသွားတာ_အင်္ကျီတွ...
07/10/2023

#အစာမျိုချရတာခက်_ခက်လာတယ်
#နည်းနည်းစားပြီးတာနဲ့_ရင်ခေါင်းကြီးတောင့်နေရောပဲ
#ကိုယ်အလေးချိန်ကလည်း_ပြုတ်ကြသွားတာ_အင်္ကျီတွေအကုန်ခြောင်ကုန်ရောပဲ

#အစာအိမ်ကင်ဆာ ( )

ပါးစပ်ကနေ အစာတွေဝါးပြီး မျိုချလိုက်တာ နဲ့ အစာရေမျို (Oesophagus) ကိုဖြတ်ပြီး အစာအိမ်ထဲတန်းရောက်ပါတယ်။
အစာအိမ် မှာ ဒဏ်ရာရပြီ (အစာရောင်/အစာအိမ်အနာဖြစ်ပြီ) ဆိုတာ နဲ့
👉 ဗိုက်နာပါတယ် - ရင်ညွန့် နဲ့ ဗိုက်ဘယ်ဘက်နံရိုးနား
အစာခြေရည်တွေအပေါ်ပြန်တက်လာတော့
👉 လေချဉ်တွေတက်ပါတယ်
👉 ရင်ပူပါတယ်
👉 ပျို့ပါတယ်၊ အန်တတ်ပါတယ်
ဒီလက္ခဏာတွေရှိရင် အစာအိမ်ကင်ဆာဖြစ်ပြီ ဆိုပြီး မဟုတ်ပါဘူး (အစာအိမ် မှာ ဒဏ်ရာရနေတယ်လို့ပဲ ပြသတာပါ)
အဲ့ဒါတွေအပြင် (အန္တရာယ်ရှိတဲ့ လက္ခဏာတွေ)
🚨 အစာမျိုချရတာ ခက်ခက်လာတယ် (Dysphagia) (အစပိုင်းမှာ ထမင်းမျိုရခက်လို့ ဆန်ပြုတ်သောက်တယ်၊ တဖြည်းဖြည်း နဲ့ ဆန်ပြုတ်မျိုရခက်လာတယ်၊ ခုတော့ အရည်ပဲသောက်နိုင်တော့တယ် ဆိုတာမျိုးပေါ့)
❌ အစာမျိုရခက်တာ (Dysphagia) က အစာမစားချင်တာ နဲ့ မတူပါဘူး စားချင်နေရက်နဲ့ မျိုချလို့မရတာပါ။
🚨 ဗိုက်မှာ အလုံးစမ်းမိတယ် (Mass in Abdomen)
🚨 စားလိုက်ရင် ရင်ခေါင်းကြီးတောင့်နေပြီး (Fullness after meals) ညနေလောက်ကြရင် စားထားသမျှပြန်အန်ထွက်တယ် (GOO - gastric outlet obstruction)
🚨 အနာကကြီးလို့သွေးကြောတွေပါထိမိရင် သွေးအန်ပါတယ်၊ ကတ္တရာစေးလိုဝမ်းမည်းမည်း သွားပါတယ်
🚨🚨🚨 ဒီလက္ခဏာတွေဖြစ်ရင်တော့ အစာအိမ်ကင်ဆာ ဖြစ်ဖို့များနေပါပြီ 🚨🚨🚨

ဒီထက်ဆိုးလာတဲ့အခါ
👉 Anorexia စားချင်သောက်ချင်စိတ်မရှိတော့ဘူး
👉 Unintentional Weight loss ( Weight လျှော့ဖို့ ကြိုးစားမနေပဲ ပိန်ချုံးလာတယ်)
👉 အသားတွေဝါလာမယ် (Liver Secondary - အသည်းကိုပြန့်သွားတယ်)
___________
- အစာအိမ်ရောင်တာ နာတာ မဖြစ်ဖူးပဲ အသက် ၄၀ ကျော်မှ အစာအိမ်ရောင် လက္ခဏာပေါ်လာတဲ့သူတွေ
- Danger Signs တွေ ရှိတဲ့သူတွေအနေနဲ့

ဆရာဝန် အမြန်ဆုံးပြသင့်ပြီး စစ်ဆေးစမ်းသပ်ရောဂါရှာဖွေ ကုသမှုခံယူရပါမယ်။

❇️ ဓာတ်မှန်ရိုက်ခြင်း
❇️ Ultrasound ရိုက်ခြင်း
❇️ အစာအိမ်မှန်ပြောင်းကြည့်ရှုပြီး အသားစယူစစ်ဆေးခြင်း
❇️ ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း အစရှိသဖြင့်စစ်ဆေးမှုပြုလုပ်ပြီး ရောဂါသေချာပါက

👉 အဆင့်သတ်မှတ်ပြီး ကုသမှုပေးပါလိမ့်မည်။
__________
အစာအိမ်ကင်ဆာရောဂါဟာ အစာအိမ်ရှိတဲ့လူတိုင်းဖြစ်နိုင်ခြေရှိပေမယ့် #သတိထားရမယ့်သူတွေက

- ဆေးလိပ်သောက်ခြင်း
- ဆား၊ အချို ၊ အကင်အစားများပြီး အဝလွန်ခြင်း
- ဟင်းသီးဟင်းရွက် အသီးအနှံ အစားနည်းခြင်း
- အစာအိမ်ရောဂါအခံရှိခြင်း
1. အစာအိမ်တွင် အလုံးရှိခြင်း (Gastric polyp)
2. အစာအိမ်ရောင်ရမ်းမှု ကာလရှည်ကြာစွာဖြစ်ခြင်း
3. အစာအိမ်အချဉ်ပြန်ရောဂါ (GERD) ကာလရှည်ကြာစွာဖြစ်ခြင်း
4. အစာအိမ်ပိုးရှိခြင်း
- မိသားစုထဲတွင် အစာအိမ်ကင်ဆာရောဂါ မျိုးရိုးရှိခြင်း တို့ဖြစ်ပါတယ်။

__________
ရောဂါတိုင်းဟာ ဖြစ်ပြီးမှ ကုသတာထက် မဖြစ်အောင် ကာကွယ်ကြရမှာပါ။
အပေါ်က Risk factors တွေ လျှော့ကြရမှာပေါ့

✳️ ကိုယ်အလေးချိန် ထိန်းသိမ်းရပါမယ် (အဝလွန်နေက ကျန်းမာသောနည်းလမ်းတွေသုံးပြီး ကိုယ်အလေးချိန်ချရပါမယ်)
ကဆီဓာတ်၊ အချို၊ သကြား၊ အဆီ လျှော့စားပြီး ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ရပါမယ်
✳️ အငန်များသောအစာများ၊ တာရှည်ခံအောင်ပြုလုပ်ထားသောအစာများ၊ ဆိုးဆေးပါသောအစာများ၊ ဓာတ်မြေဩဇာ၊ပိုးသတ်ဆေးပါသောအစာများ၊ အကင်များကို တတ်နိုင်သမျှလျှော့စားရပါမယ်
✳️ ဟင်းသီးဟင်းရွက် အသီးအနှံ အများကြီးစားရပါမယ်
✳️ ဆေးလိပ် (လုံးဝ) လုံးဝ မသောက်ရပါဘူး
✳️ အစာအိမ်ရောဂါ အခံရှိပါက ဆရာဝန် နှင့်သေချာပြသပြီး ကုသမှုခံယူရပါမယ်
စိတ်ဖိစီးမှုဟာ အစာအိမ်ရောဂါ မပျောက်ရခြင်းရဲ့ အဓိက တရားခံဖြစ်လို့ (စိတ်ချမ်းသာအောင်နေကြပါ)
✳️ Risk factors တွေရှိပြီး Danger signs တွေပေါ်လာပါက ဆရာဝန် အမြန်ဆုံး ချက်ချင်း ပြပြီး စစ်ဆေးစမ်းသပ်ရောဂါရှာဖွေ ကုသမှုခံယူရပါမယ်

- ရောဂါဖြစ်နေပြီ ဆိုရင်တော့ ပြသနေတဲ့ ဆရာဝန်နဲ့ အမြဲတစေပြပြီး ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရပါမယ်။
- ရက်ချိန်းမှန်မှန်ပြပြီး၊ ပုံမှန်စစ်ဆေး မှုများပြုလုပ်နေရပါမယ်။
- ဝေဒနာရှင်ကို သူ့ရဲ့ရောဂါအမှန် ပေးသိပြီး (သူ့ရဲ့ဘဝ ၊ သူ့ရဲ့ အသက်၊ သူ့ရဲ့အချိန် ကို သူ့ဟာသူ ကိုယ်တိုင် ဆုံးဖြစ်စေတာ အကောင်းဆုံးဖြစ်မယ်လို့ မြင်ပါတယ်။
(Ref; Mayoclinic)
(Photo credit; affinitysurgery)
ကင်ဆာရောဂါကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
02:20 pm/06.01.2022

11/09/2023

ဗဟုသုတ လေး မျှဝေပါတယ်ရှင်

📌အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ 𝗜𝗿𝗿𝗶𝘁𝗮𝗯𝗹𝗲 𝗕𝗼𝘄𝗲𝗹 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 (𝗜𝗕𝗦)

👨‍⚕️အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး ပါမောက္ခသိန်းမြင့်မှ ပြောကြားထားသော အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ 𝗜𝗿𝗿𝗶𝘁𝗮𝗯𝗹𝗲 𝗕𝗼𝘄𝗲𝗹 𝗦𝘆𝗻𝗱𝗿𝗼𝗺𝗲 (𝗜𝗕𝗦) နှင့် ပတ်သက်သည့် ကျန်းမာ​ရေးအသိပညာပေး ဗီဒီယိုကို တင်ဆက်ပေးလိုက်ပါသည်။

16/07/2023

ဒီရက်ပိုင်း အထူးသဖြင့် လူငယ်တွေ မှာ အစာအိမ်ယောင်တာ၊ အစာအိမ် အနာဖြစ်တာတွေ ခဏ ခဏ တွေ့လာရပါတယ်။

ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့

1. အစာစားချိန်မမှန်ခြင်း
2. စိတ်ဖိစီးမှု့ များခြင်း
3. အကိုက်အခဲ ပျောက်ဆေး ကြာရှည်သောက်သုံးခြင်း
4. ဘတ်တီးရီးယား (H. pylori) ရောဂါပိုး
5. ဗိုင်းရပ်စ် ရောဂါပိုး
6. ဗိုက်အပေါ်ပိုင်း နှင့် ရင်ဘက် အောက်ပိုင်း ကို ဓါတ်ရောင်ခြည် ပေး၍ ကုသခြင်း
7. အရက်ပြန်၊ ဒီဇယ်၊ ဓါတ်ဆီ၊ ရေနံဆီ ကဲ့သို့သော အရည်များ အမှတ်မထင် ဖြစ်စေ၊ ရည်ရွယ်ချက် ရှိရှိ ဖြစ်စေ မျိုမိ၊ သောက်မိခြင်း။
8. အပြင်းအထန် နာမကျန်းဖြစ်ရင် stress များပြီး အစာအိမ်ယောင်ခြင်း အနာဖြစ်ခြင်း ဖြစ်တတ်ပါတယ်။
9. တချို့သော Autoimmune Disease များ
10. အစားအသောက် ဓါတ်မတည်တာ စားမိခြင်း စတာတွေက အစာအိမ်ယောင်၊ အစာအိမ် အနာဖြစ်စေပါနိုင်ပါတယ်။

ရှောင်ရှားသင့်တဲ့ အစားအစာများ

1. အရက်၊ ဘီယာ၊ gin၊ vodka
2. ကော်ဖီ၊ လက်ဖက်ရည်
3. အသင့်သောက် အချိုရည်များ
4. ဆီပြန်ပာင်း များ
5. ထပ်ခါထပ်ခါ ပြန်ကြော်ထားတဲ့ အစားအစာ များ
6. ဆီအများကြီး နှစ်ပြီး ကြော်ထားသော အစားအစာ များ
7. အလွန်အမင်း စပ်သော အစားအစာများ
8. အဆီများသော အသားများ၊ ဥပမာ - ဝက်သား၊ ဘဲအရေခွံ၊ ကြက်အရေခွံ၊ ဆီဗူး
9. မိမိ နှင့် ဓါတ်မတည့်သော အစား အစာ အမျိုးမျိုး။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#အစာအိမ်ယောင် #အစာအိမ်နာ

Credit   Dr Phone SiThu Lwinဆရာ့၏မူရင်း post ကို comment မှာ link ချ​ပေးထားပါတယ် ရှင့် #ဗိုက်ညာဘက်ဆီးစပ်ဘေးနာတယ် #ကိုယ်ပ...
11/07/2023

Credit
Dr Phone SiThu Lwin

ဆရာ့၏မူရင်း post ကို comment မှာ link
ချ​ပေးထားပါတယ် ရှင့်

#ဗိုက်ညာဘက်ဆီးစပ်ဘေးနာတယ်
#ကိုယ်ပူလာတယ်
#ပျို့တယ်_အန်တယ်

(အူအတက်ရောင်ခြင်း)

အူအတက်ပေါက်လို့ ဆေးရုံတက်ရတယ်၊ ဗိုက်ခွဲလိုက်ရတယ်။
ကြားနေကျဖြစ်တော့ ဗိုက်အောင့်တဲ့ အခါမှာ အူအတက်ပေါက်တာဖြစ်မှာကြောက်ကြပါတယ်။

👉👉👉
အူအတက် ဆိုတာက အူသိမ်ပိုင်း (small intestine ) နဲ့ အူမကြီး (Large intestine) ဆက်တဲ့နားမှာရှိပါတယ်၊
အပြင်ကနေ (ဗိုက်ပေါ်ကနေဆို) ချက်နဲ့ ညာဘက်ခါးရိုးကြား ဆီးစပ်ဘေးမှာ ရှိပါတယ်။
လက်သန်းလောက်ရှိတဲ့ တစ်ဖက်ပိတ်အူလေးဆိုတော့ သူ့ထဲကို မတော်တဆ အစာဝင်ပြီး ပြန်မထွက်တာဖြစ်ဖြစ် ၊ ပိုးဝင်တာ ဖြစ်ဖြစ် ဖြစ်ရင် => အူအတက်ရောင်ပါတယ်။

အူအတက်က ဗိုက်အတွင်းပိုင်းမှာရှိတဲ့အတွက် နာနေကျနေရာမဟုတ်ပါဘူး၊
သူစရောင်လာလို့ နာရင် #ထူးဆန်းစွာနဲ့ အဲ့ဒီနေရာက မနာပါဘူး
- အစာအိမ်ရောင်နေကျလူက အစာအိမ်နားကနာပါတယ်၊
- ဗိုက်အောင့်နေကျလူက ဗိုက်အလယ်ခေါင်လောက်ကနာတတ်ပါတယ်

(ဘာလို့ဖြစ်ရတာလဲဆိုတော့ ကိုယ်အတွင်းပိုင်းထဲမှာရှိတဲ့ နေရာတွေက ဒဏ်ရာ ရခဲပါတယ်၊
အခုလို ဒဏ်ဖြစ်ပြီး ရောင်နေပါပြီ ဆိုပြီး ဦးနှောက် ဆီ သတင်းပို့တဲ့အခါ ဦးနှောက်က အူအတက်နာနေတယ်ဆိုပြီး မသိသေးပဲ အရင်နာနေကျနေရာတွေ နာတာပါ ဆိုပြီး ပို့လိုက်တဲ့ သတင်းကိုမှားဖတ်ပါတယ်) {Refer pain လို့ခေါ်ပါတယ်}

အဲ့ဒါကြောင့် ရောင်နေတာက အူအတက်ပေမယ့် နာတဲ့နေရာ ရင်ညွန့်တို့ ၊ ချက်နားတို့ ကစနာပါတယ်။

ရောင်တာပိုပို ဆိုးလာမှ သူရှိတဲ့နေရာ၊ ဗိုက်ညာဘက်
ဆီးစပ်ဘေးကို ရောက်သွားတာပါ။ (Shifting pain လို့ခေါ်ပါတယ် )

အဲ့နေရာကိုဖိရင် အထိမခံနိုင်အောင်နာပါတယ်။ (Tenderness)

နောက်ပိုင်း ကျွန်တော်တို့တွေ ဗိုက်ဘယ်ဘက်ကိုဖိပြီး စမ်းတဲ့အခါ၊ အူအတက်နေရာကနာပါတယ် (Cross tenderness)

အူက သူ့အစိတ်အပိုင်းတစ်ခု ရောင်နေတဲ့ အတွက် နာတာသက်သာအောင် အူလမ်းကြောင်းတောက်လျှောက် အစာတို့၊ ဝမ်းတို့ရှိမနေအောင် တွန်းထုတ်ပါတယ်။ 👉 အန်ပါတယ်၊
👉 ဝမ်း (၂-၃) ကြိမ်လောက်သွားပါတယ်။

ခန္ဓာကိုယ်အစိတ်ပိုင်း တစ်ခုရောင်တဲ့အတွက် ခန္ဓာကိုယ် ကတုန့်ပြန်မှု (Acute Inflammatory Response ) အနေနဲ့ 👉 ဖျား ပါတယ်။

{Pain + Fever + Vomiting} Classical Triad ပါ။

👉👉👉
အပေါ်က လက္ခဏာတွေ ရှိရင်။

Ultrasound ရိုက်ပါတယ်၊
{ဒီနေရာမှာ သိထားရမှာက Ultrasound ရိုက်တယ်ဆိုတာ အူအတက်ရောင်တာလား ဆိုတာ #သိချငိတာမဟုတ်ပါဘူး}
ဗိုက်ညာဘက်မှာက ကျောက်ကပ်ရှိသလို ၊ အမျိုးသမီးတွေမှာ မျိုးဥအိမ်ရှိတဲ့ အတွက် အဲ့ဒီနေရာက ရောဂါတွေ ဟုတ်/မဟုတ် စစ်ကြည့်တာပါ

Ultrasound မှာ ကျောက်ကပ်ရော၊ မျိုးဥအိမ်ရော ကောင်းတယ်ဆိုရင် ခွဲစိတ်မှုခံယူရပါတယ်။

Ultrasound က တခါတလေ Normal scan ဆိုပြီး ထွက်တတ်ပါတယ်၊ (အဲ့ဒီမှာ ပြဿနာတတ်တာပါ 👉 Ultrasound က Normal လို့ ထွက်တာကို ဆရာဝန်က ပိုက်ဆံလိုချင်လို့ခွဲတယ်ဆိုပြီး)

အပေါ်မှာရှင်းပြထားသလို Ultrasound ရိုက်လိုက်တာက တခြားဖြစ်နိုင်တာတွေကို ဖယ်လိုက်တာပါ
👉 Ultrasound က ရေအိတ်တို့၊ အသည်း၊ကျောက်ကပ် စတဲ့ အစိုင်အခဲတွေကရောဂါကိုပဲမြင်ရတာပါ 🤷‍♂️ အူက အခေါင်းဖြစ်တဲ့ အတွက် Ultrasound မှာ #စောသေးရင် ထူးထူးခြားခြား မပေါ်ပါဘူး။
အရမ်းကြီးရောင်နေမှသာ အူအတက်ပတ်ဝန်းကျင်မှာ အရည်တွေစုနေတတ်တဲ့အတွက် အူအတက်ရောင်တယ်လို့ အဖြေထွက်တာပါ။

နားလည်ကြမယ်ထင်ပါတယ်။

👉👉👉
ကုသတာကတော့
- ပိုးသတ်ဆေးပေးတယ်
- အနာသက်သာတဲ့ဆေး
- အရောင်ကျဆေးပေးတယ်
- အစာမစားခိုင်းဘူး
- ​သတ်မှတ်ချိန်ရောက်တာနဲ့ခွဲပါတယ်။

အူအတက်ရောင်တာရဲ့ ကုသမှုက 🔪 ခွဲစိတ်တာပါ။

ကျွန်တော်က မခွဲဘူးဆေးနဲ့ပဲကောင်းသွားတာ၊ အဲ့လိုမျိုးကောမရှိဘူးလားဆိုတော့ ရှိတတ်ပါတယ်။

တချို့လူတွေမှာ ပိုးသတ်ဆေးတွေ၊ အရောင်ကျဆေးတွေကြောင့် အူအတက်ရောင်တာကျသွားရင် အနာသက်သာသွားပါတယ်၊ လူနာက ခွဲစိတ်ဖို့ငြင်းဆန်ပြီး ဆေးရုံဆင်းလေ့ရှိကြပါတယ်။

ပြဿနာက အခုသက်သာသွားပေမယ့်၊ အူအတက်က ဒဏ်ဖြစ်သွားတဲ့ အတွက်ပုံမှန်နဲ့မတူတော့ပါဘူး၊ နောက်တစ်ကြိမ်အခန့်မသင့်လို့ ပြန်ဖြစ်ရင် အူအတက်က ရောင်တာနဲ့ ချက်ချင်းပေါက်ပြီး အစာတွေ ဗိုက်ထဲ ထွက်ကျကုန်တတ်ပါတယ်၊ ခွဲစိတ်မှုကြီးသလို ၊ အသက်အန္တရာယ်ပိုကြီးပါတယ်။

👉👉👉
ဒီလောက်ဆို
1. အူအတက်က ဗိုက်မှာ ဟိုနေရာနာ၊ ဒီနေရာနာ ဘာလို့ဖြစ်ရတာလဲ ❓
2. Ultrasound မှာ Normal ထွက်လဲ ဘာလို့ခွဲတာလဲ ❓
3. ခွဲဖို့သင့်တာကို မခွဲပဲနေရင် ဘာအန္တရာယ်ကြုံနိုင်လဲ ❓ သိကြပြီထင်ပါတယ်။

ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
(Photo credit; iStoke)
(Original post; Nov,2020 👉 https://www.facebook.com/104993831383029/posts/128820412333704/)
Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

Address

No./437, Min Gyi Road, East Ywarma Quarter
Insein
11011

Telephone

+959421558887

Website

Alerts

Be the first to know and let us send you an email when Myat Pann Thitsar Specialist Clinic-မြတ်ပန်းသစ္စာအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myat Pann Thitsar Specialist Clinic-မြတ်ပန်းသစ္စာအထူးကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram