Medicine House Myanmar Pharmacy

Medicine House Myanmar Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Medicine House Myanmar Pharmacy, Medical and health, Insein.

ကြောက်စရာကြီး ဖတ်ကြည့်ကြနော်အလှပြင်မဲ့အမျိုးသမီးလေးတွေရေ
31/08/2023

ကြောက်စရာကြီး ဖတ်ကြည့်ကြနော်
အလှပြင်မဲ့အမျိုးသမီးလေးတွေရေ

အခုနာမည်ကြီး နေတဲ့ မမလင်းတင်ထားတဲ့ မျက်ရစ်အဆီအိတ်ခွဲစိတ်ရင်း မျက်စိကွယ်မတတ်ဖြစ်ခဲ့ရတဲ့အဖြစ်ကို
ဖတ်ရတဲ့အတွက်ဒီစာကို အမျိုးသမီးလေးများ သတိမူနိုင်ဖို့ ရေးပါတယ်ရှင်
မျက်ရစ်ဖော်ခြင်း
မျက်အိတ်အဆီထုတ်ခြင်းတွေဟာ ယနေ့ခေတ် အမျိုးသမီးထုကြားမှာ ရေပန်းစားလှပါတယ်
Blepharoplastyလို့ ခေါ်တဲ့
အပေါ်မျက်ရစ်ဖော် ခြင်းဖြင့် မျက်လုံးအိမ်ရဲ့အလှတရားဟာ ပိုမိုပြည့်စုံသွားတယ်လို့ ခံစားကြရပါတယ်
အောက် မျက်အိတ်အဆီထုတ်ခြင်းဖြင့်ငယ်ရွယ်နုပျိုတဲ့ lookကိုပြန်ရစေပါတယ်
ဒီလောက်ရေပန်းစားနေတဲ့ မျက်ရစ်ဖော်တာတွေ မျက်အိတ်အဆီထုတ်တာတွေကို
ဆရာဝန်တွေသာမက ဆရာဝန်မဟုတ်တဲ့အလှအပဆေးခန်းများကပါ
တွင်တွင်ကျယ်ကျယ် လုပ်လာကြပါတယ်
ဒါတွေက minor surgery ဆိုပြီးပေါ့ပေါ့တန်တန်တွေးပြီးလုပ်လာကြပါတယ်
အမှန်တော့ မျက်စိဟာ ခန္ဓာ ကိုယ်ရဲ့အနူးညံ့ဆုံး အစားထိုးဖို့ခက်ခဲတဲ့အစိတ်အပိုင်းဖြစ်လို့
Anatomy ခေါ် ခန္ဓာဗေဒကို တတ်ကျွမ်းနားလည်ရုံမျှမက
မျက်ရစ်နဲ့မျက်အိတ်ခွဲစိတ်ဖို့ အထူးသင်ကြားထားသူနဲ့မှသာ ခွဲစိတ်သင့်ပါတယ်ရှင်
အပေါ်ကပြောတဲ့ခွဲစိတ်မှုတွေရဲ့
9.5%လောက်က နောက်ဆက်တွဲပြသနာပေါ်တတ်လို့
မခွဲခင် သေသေချာချာဆေးခန်းရွေးချယ်
ဆိုးကျိုးတွေမေးသင့်ပါတယ်ရှင့်
ဆိုးကျိုးတွေအနေနဲ့
-ပိုးဝင်ခြင်း,သွေးထွက်လွန်ခြင်း
-အမာရွတ် အကြီးကျန်နိုင်ခြင်း
-မျက်စိခြောက်ခြင်း,ယားယံခြင်း
-မျက်စိကြွက်သားဒဏ်ဖြစ်ခြင်း
-အညိုအမဲဆွဲကျန်ခြင်း
-မျက်ရစ်အနေအထား ပုံမမှန်ချုပ်မိခြင်းကြောင့်မျက်လုံးအိမ်အနောက်ဘက်သွေးယိုခြင်းမှ မျက်စိကွယ်ခြင်း
အမြင်အာရုံဆုံးရှုံးခြင်း
အစ ရှိသည်တို့ဖြစ်တတ်ပါတယ်ရှင်
ကျွန်မကိုယ်တိုင်လည်း အရမ်းလှချင်တော့ လှချင်တဲ့ အမျိုးသမီးလေးတွေရဲ့စိတ်ကို နားလည်ပါတယ်ရှင်
ဒါဆိုရင် အရမ်းလည်းလှချင်တယ် လုပ်လည်းလုပ်ချင်တယ် ဘယ်လို precautions တွေယူပြီးလုပ်ကြမလဲ
-သေချာနားမလည် မတတ်ကျွမ်းတဲ့သူဆီကို ကိုယ့်မျက်နှာကို လုံးဝလုံးဝ ပုံမအပ်ပါနဲ့နော်
-ဆေးခန်းဆရာဝန်သေချာရွေးပါ စျေးသက်သာတာက ပေးဆပ်ရတာနဲ့မတန်ပါ
-ဆေးခန်း reviewတွေသေချာဖတ်ပါ တကယ်ခွဲထားတဲ့ပုံတွေယှဥ်ပြတာသေချာကြည့်ပါ
-လက်တို့ပြီးပြောတာတွေ ကို ချက်ချင်းမယုံပါနဲ့နော်
-ဆေးခန်းရောက်ရင် ကောင်းကျိုးဆိုးကျိုး သေချာမေးပါ ဖြစ်နိုင်ဖို့ဘယ်လောက်နည်းနည်း
အဲ့အနည်းဆုံးpercentageက ကိုယ်ဖြစ်သွားနိုင်တာ မမေ့ပါနဲ့နော်
-follow upကို ခွဲပေးထားတဲ့ဆရာကိုယ်တိုင်ကောင်းတဲ့ထိ ကြည့်ပေးနိုင်မလားမေးပါနော်
-အရေးကြီးဆုံး အချက် ဘယ်ဆေးခန်းသွားသွားEnglish လို ဗမာလို ရေးထားတဲ့
ဒီရောဂါ ဒီခွဲစိတ်မှုနဲ့ပတ်သတ်လို့ သဘောတူပါတယ်ဆိုတဲ့စာရွက်ကို ဒီတိုင်းလက်မှတ်မထိုးဘဲ
သေချာဖတ်ပါ အကယ်၍ဆိုးကျိုးဖြစ်လာခဲ့ရင် ဘယ်လိုထိ responsibility တာဝန်ယူမလဲ
အသေအချာမေးပါ
-အားလုံးစိတ်ချရလောက်ပြီဆိုမှ လုပ်ဖို့ အကြုံပြုချင်ပါတယ်ရှင့်
နောက်မှ ကျွန်မ ကိုယ်တိုင်လှချင်လို့ သွားလုပ်ပြီး ဆိုးကျိုးဖြစ်ခဲ့ရတဲ့cosmetic procedureလေးတွေအကြောင်းရယ်
သဘာဝနည်းလေးတွေနဲ့ မျက်အိတ်တွဲတာ ဘယ်လိုကာကွယ်ကြမလဲ ရေးပေးပါဦးမယ်
စောင့်မျှော်ဖတ်ရှု အားပေးကြပါဦးနော်...
မေတ္တာဖြင့်
Dr Evelyn

တောင်သူတို့ရဲ့ အားထားရာ E&SS Agriculture.....................................ဓါတု ပိုးသတ်ဆေးတွေက ကြွင်းကျန်ရစ်တဲ့ဓါတ်ကြွ...
16/07/2023

တောင်သူတို့ရဲ့ အားထားရာ E&SS Agriculture.....................................
ဓါတု ပိုးသတ်ဆေးတွေက ကြွင်းကျန်ရစ်တဲ့
ဓါတ်ကြွင်းတွေက
မြန်မာပြည်မှာ ကင်ဆာ rateတွေမြင့်မားနေကြတာဖြစ်ပါတယ်
တောင်သူဦးကြီးများကို
သဘာဝမြေသြဇာ ပြုလုပ်နည်းများ မျှဝေပေးနေတဲ့ပြင်
သဘာဝမြေသြဇာများကို
စျေးနှုန်းမှန်ကန် သက်သာစွာ E&SS Agriculture မှာရနိုင်ပါတယ်
တောင်သူဦးကြီးများရဲ့
အခက်အခဲများကို
ကူညီဖို့ အသင့်ရှိနေပါတယ်..

Urine collection bag လေဖြတ် ဝေဒနာရှင်များအိပ်ယာထဲမှာလဲနေသူများသက်ကြီးရွယ်အိုများဆီးမကြာခဏသွားသူများဆီးပိုက်ထည့်တာကြာရင်ဆ...
02/07/2023

Urine collection bag
လေဖြတ် ဝေဒနာရှင်များ
အိပ်ယာထဲမှာ
လဲနေသူများ
သက်ကြီးရွယ်အိုများ
ဆီးမကြာခဏသွားသူများ
ဆီးပိုက်ထည့်တာကြာရင်
ဆီးပိုးဝင်တတ်ပါတယ်
ဆီးပိုက်ဖြုတ်ဖို့
တတ်ကျွမ်းနားလည်တဲ့ဆရာ/ဆရာမ ရှာဖို့ခက်တဲ့ နေရာက လူကြီးသူမတွေတွက်
သင့်တော်ပါတယ်
ဆီးလမ်းကြောင်းထဲထိ ထည့်စရာမလို
ပိုးဝင်ရန် ကင်းဝေး
သန့်ရှင်းတဲ့
လွယ်ကူတဲ့
မိမိဘာသာအလွယ်တကူ
ဖြုတ်နိုင်တပ်နိုင်တဲ့
ဆီးအိတ်လေးတေွေ
သုံးချင်တယ်ဆိုရင်တော့
ကျွန်တော်တို့
Medicine House Myanmar Pharmacy Company Ltd ကို
Helloလိုက်ပါခင်မျ (9pm to 5pm)
09 785 54 54 65
Or cbကို လာခဲ့ပါ
Sizeလေးတွေနဲ့ပါ
Monsoon promotionကလည်းJuly, August 2 month _10% discountမို့
သက်ကြီး ရွယ်အိုတွေကို
ဂရုစိုက်ပြီး
ချစ်ခြင်း မေတ္တာကို
ပြသလိုက်ရအောင်
10ခုနှင့်အထက်
လက်ကားစျေးလေးလည်း
ရှိပါတယ် ခင်ဗျာ..
Feel free to enquire us.....

မင်္ဂလာပါရှင့် Give awayလေးပါလို့ ဒီ postလေးကိုMedicine House Myanmar Pharmacy လို့mentionလုပ်ပြီး publicနဲ့shareပေးတဲ့သ...
02/07/2023

မင်္ဂလာပါရှင့် Give awayလေးပါလို့
ဒီ postလေးကို
Medicine House Myanmar Pharmacy
လို့mentionလုပ်ပြီး publicနဲ့shareပေးတဲ့သူ၃ယောက်ကို
Aug ၃ရက်နေ့မှာphone bill၅၀၀၀ဆီထည့်ပေးပါ့မယ်ရှင့်
Screenshot လေးတွေမန့်ထားလို့ရပါတယ်ရှင့်
ကျွန်မတို့ Medicine House Myanmar Pharmacy Company limitedမှ
မိုးရာသီ အထူးအစီစဥ်အနေနဲ့ patient stretcherများကို အထူးpromotionနဲ့ရောင်းချပေးလျက်ရှိပါတယ်ရှင့်
Patient stretcher
လူနာများသက်ကြီးရွယ်အိုများအတွက် double bed fast delivery fabric patient liftဖြစ်ပါတယ်
သယ်ဆောင်ရတာလွယ်ကူပေါ့ပါးပြီးခေါက်သိမ်းလို့ရတဲ့အတွက် အရမ်းအဆင်ပြေပါတယ်ရှင့်
ပုံမှန်စျေး ကို ယခု julyနှင့်Augလတွင်း မှာယူပါက
1 item _5%discount
5 items _10% discount
10 items _20% discount
More than 10 items_ 30% discount(၈ သောင်း ကျော်ကို ၆ ​ေသာင်းေကျာ်ေကျာ်ေလးပဲကျမှာမို့ အရမ်းတန်)
ထိပေးသွားမှာဖြစ်ပြီး
လူမှုရေးအသင်းအဖွဲ့များနှင့် ဆေးရုံများကို လှူဒါန်းလိုပါက
အပိုဆောင်း5% discountရရှိမှာဖြစ် ပြီး
ရန်ကုန်မြို့တွင်းJuly, August _delivery free
နယ်၁၀ခုနှင့်အထက်တန်ဆာခ _free
ပို့ဆောင်ပေးမှာဖြစ်လို့
အမြန်ဆုံး မှာယူ လိုက်ရအောင်နော်
Dollarစျေးတွေတရိပ်ရိပ်တက်နေတဲ့ကြားမှာ
ကျွန်မတို့stockကုန်တဲ့ထိ
ဒီ discountနဲ့ရောင်းချပေးပါ့မယ်ရှင့်
ကြာချိန်၃ပတ်မှ၄ပတ်ပါ
သက်ကြီးရွယ်အို ရှိတဲ့အိမ်များ
လူမှူကူညီရေးအသင်းများ ဆေးရုံများကို ကုသိုလ်ပြု လှူဒါန်းလိုသူများ
09 785545465
ဒီနံပါတ်လေးကို
ရုံးချိန် 9pmမှ5pmအတွင်း ဟယ်လိုလိုက်ပါနော်
Cbကနေတော့ အချိန်မေရွးစံုစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေကြောင်း
Dr Hnin Rachael နဲ့ teamမှ ဆုမွန် ကောင်းတောင်းလိုက်ပါတယ်ရှင့်...

အတက်ရောဂါ ကူညီပါသင်နဲ့သင့်ပတ်ဝန်းကျင်မှာအတက်ရောဂါ တွေ့ဖူးပါသလား...အတက်ရောဂါလူနာတစ်ဦးတွေ့ရင်ဘယ်လိုကူညီမလဲအတက်ရောဂါဆိုတာဘ...
21/03/2023

အတက်ရောဂါ ကူညီပါ

သင်နဲ့သင့်ပတ်ဝန်းကျင်မှာ
အတက်ရောဂါ တွေ့ဖူးပါသလား...
အတက်ရောဂါလူနာတစ်ဦးတွေ့ရင်
ဘယ်လိုကူညီမလဲ
အတက်ရောဂါဆိုတာ
ဘာလဲ

ကျွန်မတို့ ကမ္ဘာပေါ်မှာ
လူပေါင်း၆၅သန်းလောက်ဟာ
အတက်ရောဂါကို
ခံစားနေရပါတယ်

အတက်ရောဂါ အရပ် အခေါ် ဝက်ရူးပြန်ရောဂါ(ဝက်ရူးပြန် ရောဂါမဟုတ်ပါ)
ဆိုတာဟာ ဦးဏှောက်ထဲမှာရှိတဲ့ လျှပ်စီးလမ်းကြောင်းလေးတွေဟာ
ရုတ်တရက်ပုံစံမမှန်ဘဲပြောင်းလဲမှုဖြစ်တဲ့အတွက် တကိုယ်လုံးတောင့်တင်းသွားပြီး
သတိလစ်စေနိုင်တဲ့ရောဂါဖြစ်ပါတယ်
ကလေးငယ်နှင့်သက်ကြီးပိုင်းတွေမှာ အဖြစ်များပေမဲ့
အသက်အရွယ်မရွေး
ကျား မ မရွေးဖြစ်နိုင်လို့ သတိပြုရမဲ့ရောဂါဖြစ်ပါတယ်

၁ကြိမ်ထဲတက်ဖူးရုံနဲ့အတက်ရောဂါလို့သတ်မှတ်ပြီလား???
ပုံမှန်အားဖြင့် ၁ရက်အတွင်း၂ကြိမ်နှင့် အထက် တင်ရင် အတက်ရောဂါလို့အလွယ်သတ်မှတ်နိုင်ပါတယ်

ရောဂါ လက္ခဏာတွေကဘာတွေဖြစ်မလဲ

လူတယောက်သတိလစ်မေ့မျောပြီးတက်သွားတာ
ခန္ဓာကိုယ်တခုလုံးပဲဖြစ်ဖြစ် တခြမ်းပဲဖြစ်ဖြစ် အကြောဆွဲနေတာ
ဆီးတွေဝမ်းတွေ ထွက်ကျတာ
ပါးစပ်ကနေအမြုပ်တွေထွက်နေတာ
မျက်လုံးသေကြီးနဲ့တဖက်ကိုစွေပြီးအဝေးကိုငြိမ်ပြီးကြည့်နေတာမျိုးတွေကိုRachaelတို့တွေ့ရတတ်ပါတယ်
တက်ပြီးရင် ခေါင်းအရမ်းကိုက်တာ မူးဝေထိုင်းမိှုင်းပြီး ကျန်ခဲ့တာမျိုးတွေရှိတတ်ပါတယ်

ဘာလို့အတက်ရောဂါ ဖြစ်ရတာလဲ

တော်တော်များများဖြစ်တဲ့သူတွေမှာ ခိုင်လုံတဲ့အကြောင်းရင်းမရှိပါဘူး
-တချို့တွေမှာတော့ ဦးဏှောက်နဲ့အာရုံကြောရောဂါရှိတဲ့သူတွေ
-မျိုးရိုးလိုက်တဲ့သူတွေ
-ဦးခေါင်းဒဏ်ရာရသူတွေ
-လေဖြတ်တဲ့သူတွေ
-ကလေးတွေမှာဆို ဦးေဏှက်ဖွံ့ဖြိုးမှုမမှန်တဲ့ဘေဘီလေးတွေမှာဖြစ်တတ်ပါတယ်

အတက်ရောဂါဟာ ကူးစက်တတ်တဲ့ရောဂါမဟုတ်တဲ့တွက်
မိမိဘေးမှာ
အတက်ရောဂါဖြစ်ပွားနေသူတွေ့ရင် ဒါမျိုးလေးတွေ ကူညီပေးနိုင်ပါတယ်ရှင်

_လူနာရဲ့ခေါင်းအောက်က
အန္တရာယ်ရှိနိုင်တာတွေဖယ်ပြီး အဝတ်တခုကိုခေါက်ပြီးထားပေး
-လူနာကိုဘေးစောင်း အနေထားဖြင့်ထားပေးပါ
-တင်းကျပ်သောအဝတ်အစားများဖြေလျော့ပါ
-အတက်ကျသည်အထိ လူနာနားတွင်ကူညီပါ
-လူနာတင်ကားခေါ်၍နီးစပ်ရာဆေးရုံဆေးခန်းသို့အမြန်သွားပါ

သတိပြုရန်မှာ
-အထိတ်တလန့်မဖြစ်ပွားအောင်ဂရုစိုက်ပါ
-တက်နေလျှင် ဝိုင်းဝန်း ချုပ်မထားပါနှင့်
-လူနာပါးစပ်ထဲသို့ ဇွန်းထည့်ခြင်းခြေမချိုးခြင်းများမပြုလုပ်ပါနဲ့နော်
လူနာကို ဆေးရုံဆေးခန်းရောက်သည်ထိဘေးစောင်းလေးခေါ်သွားပေးပါ

အတက်ရောဂါကုသမှုနှင့်ပတ်သတ်ပြီးတော့
မိမိတို့အနီးအနားမှာ အတက်ရောဂါလူနာရှိပါလျှင်
အတက်ကျဆေးကိုပုံမှန်သောက်သုံးဖို့ပြောပေးပါ
ဆေးသောက်ချိန်ကျော်သွားလျှင်သတိရတဲ့နာရီပိုင်းတွင်း
ပြန်သောက်ပါ
ပုံမှန်အတက်ကျဆေးများဟာ ကိုယ်ဝန်ဆောင်မိခင်တွေသောက်သုံးဖို့အဆင်မပြေတဲ့တွက်
ဆရာဝန်နှင့် တိုင်ပင်ပါ
ကလေးနို့တိုက်မိခင်တွေတွက်ကတော့
ပုံမှန်အတက်ကျဆေးဟာ နို့ထဲကိုအနည်းငယ်ပဲပါလာတဲ့တွက်
သတိပြုပြီးသောက်သုံးလိုကသောက်သုံးနိုင်ပါတယ်
မသေချာရင်ဆရာဝန်နှင့်တိုင်ပင်ပြသပါ
အသည်းရောဂါရှိသူတွေတွက်
သောက်သုံးရတဲ့အတက်ကျဆေးဟာ
ပုံမှန်အတက်ကျဆေးနဲ့မတူလို့
အသည်းရောဂါနဲ့တွဲနေတဲ့အတက်ရောဂါလူနာဟာ ဆရာဝန်နှင့်တိုင်ပင်ပါ

အတက်ရောဂါဟာ
လူနာတစ်ဦးတစ်ယောက်ထဲအတွက်အရေးကြီးတာမဟုတ်ဘဲ
အများပြည်သူပို့ဆောင်ရေးလုပ်နေရတဲ့
Bus ကားဆရာကြီးတွေTaxi driverကြီးတွေ
ဝန်ချီစက်မောင်းလုပ်သားတွေ
အမြင့်မှာအလုပ်လုပ်ရတဲ့ဆောက်လုပ်ရေးလုပ်သားတွေ
ရေထဲမှာအလုပ်လုပ်ရတဲ့သူတွေ အားလုံးတွက်
အန္တရာယ်ရှိနိုင်တဲ့ရောဂါဖြစ်တဲ့တွက်
သတိပြုနိုင်ဖို့
Rachaelကအတိုချုန်းလေးမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်

ကျန်းမာရွှင်လန်းကြပါစေ
မေတ္တာဖြင့်
Dr Hnin Rachael..
March,2023

HIVထိုးဆေး ပေါ်ပြီလား?????ပေါ်နေပြီလား???ခုတလောHIVပျောက်ဆေးထိုးဆေးပေါ်နေပြီဆိုပြီးခေတ်စားနေကြလို့HIVထိုးဆေးအကြောင်းသိသမျ...
28/02/2023

HIVထိုးဆေး ပေါ်ပြီလား?????ပေါ်နေပြီလား???
ခုတလော
HIVပျောက်ဆေး
ထိုးဆေးပေါ်နေပြီဆိုပြီး
ခေတ်စားနေကြလို့
HIVထိုးဆေးအကြောင်း
သိသမျှလေးဝေမျှချင်ပါတယ်....
ကျွန်မတို့ရဲ့
HIVလူနာတွေဆေးသောက်ဖို့
နှစ်သိမ့်ဆွေးနွေးပညာပေးကြတဲ့အခါ
ကိုယ်တသက်လုံးလက်တွဲမဲ့ အိမ်ထောင်ဖက်ကို
သစ္စာရှိဖို့မှာကြားသလိုပဲ
အချိန်မှန်မှန် နေ့စဥ်နေ့တိုင်းမပျက်မကွက်
သစ္စာရှိရှိသောက်ဖို့
အသေအချာမှာကြားကြပါတယ်
တသက်လုံးသောက်ရမယ်ဆိုတဲ့စကားက
ဟာသွားပြီဆိုပြီး
လူနာရဲ့မျှော်လင့်ချက်ကိုပျက်ပြားစေပါတယ်
ဒီမှာပဲHIVလူနာရဲ့ခရီးရှည် အိပ်မက်ဆိုးကြီးကို စတင်စေပါတယ်
ဒါ့ကြောင့် HIVပျောက်တဲ့ဆေးပေါ်တဲ့ထိသောက်ရမယ်ဆိုတဲ့
ရောင်နီသမ်းတဲ့စကားလေးနဲ့သောက်စေပါတယ်
အိပ်မက်ဆိုးကြီးကိုကွယ်လွင့်သွားစေတဲ့
HIVပျောက်ကင်းသက်သာစေတဲ့ဆေးယခုထိမပေါ်သေးပါ
HIVထိုးဆေးဆိုတာကရော
HIVထိုးဆေးတော့ပေါ်နေပါပြီ
ဘယ်လိုထိုးမှာလဲ
ဘယ်သူတွေကိုထိုးလို့ရလဲ
ဘာကောင်းကျိုးရမလဲ
အကျဥ်းချုံးလေး
ရှင်းပြချင်ပါတယ်

Long acting carbotegravirထိုးဆေးတွေကို2022ခုနှစ်မှာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကစတင် အသုံးပြုစေခဲ့ပါတယ်
နေ့စဥ်နေ့တိုင်း သောက်ရတဲ့ဆေးတွေဟာ
အချိန်ကြာလာတာနဲ့အမျှ
Pill fatigueဆိုတဲ့
ဆေးသောက်ရတာပင်ပန်းပြီးဆေးကိုမမြင်ချင်
ရောဂါကို စိတ်ကုန်
ဆေးသောက်ဖို့motivတွေကျလာ
စီးပွားရေးအခက်အခဲတွေကြောင့်
ဆေးလာထုတ်ဖို့ လမ်းစရိတ်တောင်မနိုင်
ဆေးရဲ့side effectတွေခံစားရ
အခက်အခဲအမျိုးမျိုးကြောင့်
ကျွန်မတို့ရဲ့
HIVလူနာလေးဟာခရီးပမ်းပြီးေဆးပြတ်ပါတော့တယ်
ဒီထိုးဆေးတွေကတော့ သောက်ဆေးအစားထိုးမဟုတ်ပေမဲ့
၁လ၁ကြိမ်၂လ၁ကြိမ် ထိုးရတော့
ဆေးပြတ်ဖို့ ခက်ပါတယ်

ကောင်းကျိုး
-ဆေးခန်းရက်ချိန်းဝေး
-နေ့တိုင်းသောက်စရာမလို
-ဆေးအများကြီးသောက်ရခြင်းမှကင်းဝေး
-အခြားဆီးချိုသွေးတိုးအခြားရောဂါသမားတွေတွက်ဆေးသောက်ရတာနည်း
-လခြားထိုးရ၍ဆေးဘေးထွက်ဆိုးကျိုးနည်း
-နေ့တိုင်းမ ​ေသာက်ရတော့ လူသိမခံချင်တဲ့HIV stigmataကိုေရှာင်ရှားနိုင်တယ်

ဆိုးကျိုး

-expensiveစျေးကြီး
-တချို့လူတွေ1to10%မှာဖျားတာမူးတာအနီစက်ထွက်တာဓါတ်မတည့်တာဖြစ်နိုင်ပါတယ်

ဘယ်လိုလူတွေပေးလို့ရလဲ

-ARTဆေးသောက်ပြီးတည်ငြိမ်လူနာများstable patient
-ပိုးကောင်ရေ၃လဆက်တိုက်50copiesနှင့်အောက် လူနာများ
-long acting carbotegravir resistanceမရှိသူ

လိုအပ်ချက်-ပိုးကောင်ရေပုံမှန် စစ်ပေးဖို့လိုအပ်ပါတယ်

အောက်ကပုံလေးကတော့
ကျွန်မတို့HIVလူနာလေးတွေ
ဘေးမသီရန်မခ သာမာန်လူတွေလို
အသက်ရှင်နိုင်မဲ့
HIV full package ရမဲ့အချိန်ဆီကူးခတ်သွားနေတာဖြစ်ပါတယ်ရှင်

အချိန်ပေးပီးဖတ်ပေးကြလို့ကျေးဇူးတင်ပါတယ်
ကျမ်းမာရွှင်လန်းကြပါစေ
မေတ္တာဖြင့်
DrHnin R W
1:00am
1.3.23
(မိမိနှင့် မိမိပတ်ဝန်းကျင်ရှိHIV positive လူနာများ
ကာလသားနှင့်အခြားကူးစက်လူနာများ
နေမကောင်းဖြစ်ပါက ရောဂါအ ခြေနေ နှစ်သိမ့်ဆွေးနွေးလိုပါက
ငွေကြေးမတတ်နိုင် ပါကဆရာဝန်နှင့် page messengerတွင်
အခမဲ့တိုင်ပင်ဆွေးနွှေးလွှဲပြောင်းကုရန်အကြံဥာဏ်တောင်းခံနိုင်ပါတယ်
မည်သည့်အဖွဲ့အစည်းမှမဟုတ်ပါ
မေတ္တာဖြင့်ူညီပေးခြင်းဖြစ်ပါတယ်
Page adminနည်းလို့ reply၂ရက်မှ၃ရက်ထိကြာနိုင်ပါတယ်)
အခြားသိလိုသောရောဂါများရှိပါကcommentတွင်မန့်ခဲ့ပါရန်

ECG  3 channel အားပေးသွားတဲ့ ဆရာဝန်မမချောလေးကိုကျွန်တော်တို့Medicine House Myanmarမှကျေးဇူးအထူးတင်ရှိပါတယ်ခင်မျာကျန်းမာခ...
25/01/2021

ECG 3 channel အားပေးသွားတဲ့ ဆရာဝန်မမချောလေးကို
ကျွန်တော်တို့Medicine House Myanmarမှ
ကျေးဇူးအထူးတင်ရှိပါတယ်ခင်မျာ
ကျန်းမာချမ်းသာပြီး
စီးပွားဥစ္စာများလည်းဒီရေအလားတိုးတက်ပါစေ....

credit Dr KhinKhin Gyi8:47 pm, 22/1/2021ဒီနေ့နေ့လယ်မှာ မြန်မာနိုင်ငံအတွက် Covishield ကာကွယ်ဆေးရောက်ပြီဆိုတော့ Covishield...
22/01/2021

credit Dr KhinKhin Gyi
8:47 pm, 22/1/2021ဒီနေ့နေ့လယ်မှာ မြန်မာနိုင်ငံအတွက် Covishield ကာကွယ်ဆေးရောက်ပြီဆိုတော့ Covishield ကာကွယ်ဆေးနဲ့ပတ်သက်လို့ ဘယ်သူတွေထိုးနှံသင့်သလဲဆိုတာကို ပို့စ်တင်လိုက်ပါတယ်

၁/ ဘယ်သူတွေကိုထိုးရမလဲ?

အသက် ၁၈ နှစ်အထက်သာထိုးနှံရပါမယ်

၂/ ဘယ်သူတွေကို မထိုးသင့်ဘူးလဲ?

⁃ ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ရှိနိုင်တဲ့သူတွေ နို့တိုက်မိခင်တွေအနေနဲ့ ယခုအချိန်မှာတော့ မထိုးသင့်သေးပါဘူး
⁃ ယခင်တခေါက်ကာကွယ်ဆေးထိုးစဉ်က ဓာတ်မတည့်ဖြစ်ခဲ့ဖူးသူများ မထိုးသင့်ပါ
⁃ ယခင်က ကိုဗစ်ကာကွယ်ဆေးထိုးခဲ့စဉ် ချက်ချင်း သို့ နောက်မှဆေးမတည့်ခြင်း, အစားအသောက်ဓာတ်မတည့်ခြင်း ဖြစ်ခဲ့ဖူးသူများ မထိုးသင့်ပါ

၃/ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိသင့်သည့်အချက်များ

⁃ ကိုဗစ်ကာကွယ်ဆေးနှင့်အခြားကာကွယ်ဆေးများကို အနည်းဆုံး ၁၄ ရက်ခြားရပါမည်
⁃ ကိုဗစ်ကာကွယ်ဆေးတစ်မျိုးထိုးပြီးနောက်အခြားတစ်မျိုးနှင့် လဲလှယ်ထိုးခြင်းခွင့်မပြုပါ ကာကွယ်ဆေးအမျိုးအစားချင်း တူရပါမည်

၄/ လောလောဆယ် ကာကွယ်ဆေးမထိုးသင့်သောသူများ

အောက်ပါအခြေအနေများရှိပါက လတ်တလောတွင် ကာကွယ်ဆေးထိုးခြင်းကို ဆိုင်းငံ့ထားသင့်ပါသည် ခဏတဖြုတ် မထိုးသင့်သေးပါ ကာကွယ်ဆေးထိုးခြင်းကို နေကောင်းပြီး ၄-၈ ပတ်အကြာမှ ပြန်ထိုးသင့်ပါသည်
⁃ လက်ရှိအချိန် ကိုဗစ်လက္ခဏာခံစားနေရသူများ
⁃ ကိုဗစ်ပိုးတွေ့လူနာဖြစ်ပြီး Monoclonal Antibodies နှင့်ကုသမှုခံယူနေသူများ, ပြန်ကောင်းလူနာ၏သွေးရည်ကြည်သွင်းပြီးကုသမှုခံယူနေသူများ
⁃ ရောဂါတစ်မျိုးမျိုးကြောင့် လောလောဆယ် နေမကောင်းဖြစ်နေပြီး ဆေးရုံတင်ကုသမှုခံယူနေသူများ

၅/ ကာကွယ်ဆေးနှင့် ပတ်သက်၍ အထူးသတိထားရမည့်အချက်များ
⁃ ကိုဗစ်ရှီးလ် ကာကွယ်ဆေးကို သွေးနှင့်ဆိုင်သောရောဂါတစ်မျိုးမျိုး သွေးမတိတ်ရောဂါခံစားနေရသူများ (သွေးခဲသည့်ဓာတ်ချို့ယွင်းနေသူ, သွေးခဲစနစ်တွင်ပြသနာရှိသူ, သွေးမွှားတွင်ချို့ယွင်းချက်ရှိသူ) များ ဂရုစိုက်၍ ဆေးထိုးရပါမည်

၆/ ကိုဗစ်ကာကွယ်ဆေး ထိုးနှံလို့ရသည့်အခြေအနေများ
⁃ ယခင်က ကိုဗစ်ကူးစက်ခံရသူများ
⁃ နာတာရှည်ရောဂါရှိသူများ
⁃ ကိုယ်ခံအားကျဆင်းသည့်ဝေဒနာခံစားနေရသူများ
⁃ HIV
⁃ အကြောင်းကြောင်းကြောင့် ကိုယ်ခံအားကို ဖိနှိပ်ထားရသူများ

၇/ Covishield ထိုးပြီးနောက် ဘယ်လိုမျိုး နောက်ဆက်တွဲဖြစ်ရပ်ဖြစ်တတ်ပါသလဲ
⁃ ဆေးထိုးသည့်နေရာနီနေခြင်း, နာကျင်ခြင်း, ခေါင်းကိုက်ခြင်း, မောပန်းခြင်း, ပျို့အန်ခြင်းတို့ ခံစားရနိုင်ပါသည်
⁃ အာရုံကြောအပေါ်လွှာတွင် ထိခိုက်မှု demyelinating disorders ကို အလွန်ရှားပါးစွာတွေ့ရနိုင်ပါသည်

အထက်ပါပို့စ်ကို India Today သတင်းစာ Jan 16 ရက်နေ့ထုတ်မှ ဘာသာပြန်တင်ပြအပ်ပါသည်

Link; https://www.indiatoday.in/coronavirus-outbreak/vaccine-updates/story/covid-19-vaccination-drive-india-do-s-don-ts-and-possible-side-effects-1760550-2021-01-19

As world's largest vaccination drive began in India on January 16, the Centre released a factsheet stating all do's, don'ts and possible side effects of the two vaccines -- Covishield and Covaxin -- approved for the emergency use in December.

Giveaway postချစ်ခင်လေးစားရတဲ့ Customerများခင်မျာမင်မင်တို့pageမှာအိမ်သုံး ဆေးခန်းသုံး ဆေးဝါးများအပြင်ဆေးရုံဆေးခန်းသုံးE...
20/01/2021

Giveaway post
ချစ်ခင်လေးစားရတဲ့ Customerများခင်မျာ
မင်မင်တို့
pageမှာ
အိမ်သုံး ဆေးခန်းသုံး ဆေးဝါးများအပြင်
ဆေးရုံဆေးခန်းသုံး
ECG 1channel 3 channel
Pulse oximeter
Glucometer
BP cuff အမျိုးမျိုး
Sterilizerအမိျုးမျိုး
ခွဲစိတ်ခန်းသုံးပစ္စည်းအမျိုးမျိုး
Nebulizer
mask
Alcohol spray အမျိုးမျိုး
BPI ဓါတ်ဆားကို အသက်သာဆုံးစျေးနှုန်းနဲ့
wholesaleရပါမယ်ခင်မျာ
Collagen drink ,powder,tabletအမျိုးမျိုးကို
အိမ်အရောက်ပို့
စနစ်ဖြင့် တနိုင်ငံလုံးပို့ဆောင်ပေးနေပါပြီ
အိမ်သုံးဆေးဝါးဝယ်ယူသူများကိုလည်း
တတ်ကျွမ်းနားလည် တဲ့ဆရာဝန်များက
သောက်ပုံသောက်နည်းတောင်ရန်ရှောင်ရန်များရှင်းပြပေးလို့
ဆေးလွဲမှာ expired dateလွဲမှာ
မပူရပါဘူးခင်ဗျာ
Covidကာလ အိမ်အပြင်မထွက်ချင်သူတွေတွက်
သတင်းကောင်းပါခင်ဗျာ
ဆေးခန်းများအတွက်လည်း
အထူးနှုန်းနဲ့ အိမ်အရောက်ပို့ဆောင်ပေးလို့
ဆရာတို့ဆရာမတို့အချိန်ကုန်သက်သာ
မြန်ဆန်စွာဆေးရရှိနိုင်ပါတယ်ခင်ဗျာ....
ကာကွယ်ဆေးအမျိုးမျိုးကို လည်း
ရေခဲပုံးနဲ့ အိမ်တိုင်ရာရောက်
ပို့ပေးတဲ့ဝန်ဆောင်မှုလေးလည်းရှိပါတယ်ခင်ဗျာ....
ကျွန်တော်တို့ရဲ့
နားလည်တတ်ကျွမ်းတဲ့ဆရာဝန်များဦးစီးတဲ့
ရန်ကုန်မြို့တွင်း
အိမ်အရောက်ပို့
နယ်ကားဂိတ်အရောက်ပို့
ဆေးဝါးဝန်ဆောင်မှုလေးကို
လိုအပ်ပါက အားပေးနိုင်ပါတယ်ခင်မျာ....
Januaryတလလုံး
၃၀၀၀၀ဖိုးနှင့်အထက်
ဝယ်ယူပါက
delivery freeပါခင်မျာ
ဒီPostလေးကို
like and shareလုပ်ပြီး အောက်မှာscreenshotရေးပေးထားခဲ့ရင် Febuaryဒုတိယပတ်အကုန်မှာ
Giveawayလေးပေးမှာဖြစ်ပါတယ်...
အားပေးကြပါဦးခင်မျာ....
ကျန်းမာချမ်းသာ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ ခင်မျာ......

50ml x 10 ဘူးပါCollagen
01/01/2021

50ml x 10 ဘူးပါ
Collagen

50ml x 10 ဘူးပါ1000 mgCollagen
01/01/2021

50ml x 10 ဘူးပါ
1000 mg
Collagen

ဗီတာမင် D ဟာ ကိုဗစ် ၁၉ ရောဂါမှာ တကယ်အကျိုးရှိသလား==================================ဗီတာမင် D ဆိုတာ အဆီပျော်ဝင်နိုင်တဲ့ ဗ...
01/01/2021

ဗီတာမင် D ဟာ ကိုဗစ် ၁၉ ရောဂါမှာ တကယ်အကျိုးရှိသလား
==================================

ဗီတာမင် D ဆိုတာ အဆီပျော်ဝင်နိုင်တဲ့ ဗိုက်တာမင် အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ဗီတာမင် D ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့. ဗီတာမင် တစ်မျိုးဆိုတာ လူတော်တော်များများသိလာကြပါပြီ။

အဲ့ဒီကပဲ စလို့ လူတချို့ဟာ ခု ကပ်ရောဂါသဖွယ်ဖြစ်ပွားနေတဲ့ ကိုဗစ် ၁၉ ရောဂါမှာ ဗီတာမင် D ဟာ အကျိုးပြုနိုင်တယ်ဆိုပြီး ဖြည့်စွက်စာ အနေနဲ့ သောက်သုံးနေကြတာကို တွေ့ရှိရပါတယ်။

ဒါပေမဲ့ ယနေ့ထိ ကမ္ဘာပေါ်က သုတေသနများနဲ့ ဆေးပညာရှင်များကတော့ "ဗီတာမင် D ဓာတ်ဟာ ကိုဗစ်ရောဂါပိုးကို ပျောက်ဖို့မစွမ်းဆောင်သလို ... ကိုဗစ် ၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုကို မလျော့ချပေးနိုင်ဘူး” လို့ ဆိုပါတယ် ။

ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားစဉ်ကာလမှာ ချမှတ်ထားတဲ့
- Maskတပ်ခြင်း
- လက်ဆေးခြင်း
- လူထူထပ်တဲ့နေရာရှောင်ကြဉ်ပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်း အစရှိတဲ့ နည်းလမ်းတွေကိုပဲ ပိုပြီးလိုက်နာသင့်ပါတယ်။

ဒါဆို ဗီတာမင် D က တကယ်ပဲအကျိုးမရှိတော့ဘူးလား?
အဲ့လိုတော့လည်း မဟုတ်ပါဘူး ။
ပုံမှန်အားဖြင့် သာမန်လူတွေမှာ ပုံမှန်ရှိသင့်ရှိထိုက်တဲ့ ဗီတာမင် D ပမာဏဆိုတာရှိပါတယ် ။

သုသေသနတွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ခံရတဲ့လူနာတွေကို လေ့လာကြည့်တဲ့အခါ ဗီတာမင် D ဓာတ် ချို့တဲ့နေတဲ့ လူတွေမှာ ကိုဗစ်ရောဂါပိုးရဲ့ ဆိုးကျိုးများကို ပိုမိုးဆိုးရွားစွာ ခံစားရလေ့ရှိတယ်လို့ တွေ့ရှိခဲ့ကြပါတယ် ။
ဒါကြောင့် ဗီတာမင် D သောက်သုံးခြင်းဟာ ဗီတာမင် D ဓာတ် ချို့တဲ့သော လူတွေမှာ အကျိုးကျေးဇူးရှိနိုင်တာ ဖြစ်ပါတယ်။

ဗီတာမင် D ဟာ ကိုယ်ခံအားစနစ်အတွက်အရေးပါတဲ့ နေရာမှာပံ့ပိုးပေးပါတယ် ။
ကိုယ်ခံအားစနစ်ဟာ ကျွန်တော်ကို ခန္ဓာကိုယ်ကို ပိုးမွှားတွေ ဝင်ရောက်လာတဲ့အခါ တိုက်ထုတ်ပေးတဲ့ နေရာကနေ လုပ်ဆောင်တာဖြစ်ပါတယ် ။

ဗီတာမင် D က အဓိက အကျိုးကျေးဇူး နှစ်ခုကတော့
၁- Anti-inflammatory လို့ ခေါ်တဲ့ ရောင်ရမ်းတဲ့ ဓာတ်တွေကိုကျဆင်းစေတဲ့ အစွမ်းနဲ့
၂- ကိုယ်ခံအားစနစ် တုံ့ပြန်ဖို့အဓိက ကူညီပေးတာဖြစ်ပါတယ်။
ကိုဗစ် ၁၉ ရောဂါပိုး ဝင်ရောက်လာတဲ့ အခါ ခန္ဓာကိုယ်နေရာ အနှံ့မှာ ရောင်ရမ်းစေတဲ့ Inflammatory Marker တွေအများကြီးထွက်လာပါတယ် ။
ဒါကြောင့် Vitamin D နည်းနေတဲ့ လူတွေမှာ အဆိုပါဓာတ်တွေကို တုံ့ပြန်နိုင်ဖို့အားနည်းသွားပါတယ် ။

ဒါ့အပြင် ကိုယ်ခံအားစနစ် လှုံ့ဆော်မှုကိုလည်း နောက်ကျစေတဲ့အတွက် ရောဂါပိုးရဲ့ဆိုးကျိုးသက်ရောက်မှုတွေ ပိုဆိုးသွားရတာဖြစ်ပါတယ်။
ကိုဗစ်ရောဂါပိုးမတိုင်ခင် လုပ်ခဲ့တဲ့ သုတေသနတွေမှာလည်း ဗီတာမင် D ချို့တဲ့တဲ့ လူနာတွေဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့
- တီဘီရောဂါ
- ပန်းနာရင်ကျပ်ရောဂါ
- နာတာရှည်အသက်ရှု လမ်းကြောင်းကျဉ်း ရောဂါ အစရှိတဲ့ရောဂါတွေအပြင် ဗိုင်းရပ်ပိုးနဲ့ ဘက်တီးရီးယားပိုးကူးစက်မှုကြောင့် ဖြစ်ပွားတဲ့ အသက်ရှုလမ်းကြောင်း ရောဂါအချို့လည်း ပိုမိုဖြစ်ပွားတယ်ဆိုတာ တွေ့ရှိထားပါတယ်။

ဒါကြောင့် ဗီတာမင် D ချို့တဲ့သော လူတွေမှာ အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း နှေးကွေးစေတဲ့အတွက် အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ကူးစက်မှု ပိုမိုဖြစ်ပွားနိုင်ချေရှိပါတယ်။
ဒါဆို ခန္ဓာကိုယ်မှာ ဗီတာမင် ဒီ ဓာတ် အနည်းဆုံး ဘယ်လောက်ပမာဏရှိသင့်လည်း ဆိုတာ သိဖို့လိုမယ်။
နောက်ဆုံးထွက်ရှိထားတဲ့ သုတေသနတွေအရတော့ သွေးတွင်း ဗီတာမင် D ပမာဏ 25-Hydroxyvitamin D ဓာတ်ဟာ အနည်းဆုံး "30 ng/ml " အောက် လျော့နည်းနေခဲ့မယ်ဆိုရင် ကိုဗစ် ၁၉ ရောဂါ ရောဂါပိုးရဲ့ နောက်ဆက်တွဲဆိုးကျိုးများ ဝင်ရောက်နိုင်ခြေ မြင့်မားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့်မို့ ဗီတာမင် D ကို ဖြည့်စွက်စာ အနေနဲ့ သောက်သုံးခြင်းဟာ ဗီတာမင် ဓာတ် ချို့တဲနေသူတွေမှာ အကျိုးကျေးဇူးရှနိုင်ပါတယ် ။

ဒါပေမဲ့ လူတိုင်းသောက်သုံးဖိုတော့ မလိုပါ သာမာန်လူတွေအနေနဲ့ ဗီတာမင် D ပါဝင်မှုများတဲ့
- ငါးများစားသုံးခြင်း
- အနီရောင်အသားများ စားသုံးခြင် း
- အသည်းအမြစ် ကြက်ဥအစရှိသည်တို့ စားသုံးပေးခြင်းဖြင့် လုံလောက်တဲ့ပမာဏရနိုင်ပါတယ်

ဒါ့အပြင်မြန်မာနိုင်ငံလို နေရောင်ကောင်းစွာရရှိတဲ့ နိုင်ငံမှာနေထိုင်သူတွေအဖို့ နေ့စဉ် မနက်တိုင်း နေရောင်ထဲခဏတာထိတွေ့ခြင်းဖြင့် Sunshine Vitamin လို့ခေါ်တဲ့ ဗီတာမင် D ဓာတ်ကို ရရှိနိုင်ပါတယ်လို့ အကြံပြုပြောကြားလိုပါတယ်

Credit:
Dr.T
#ဒေါက်တာဇီဝက #ဗီတာမင်ဒီ

31/12/2020
ImmunActiv လည်း ရရှိနိုင်ပါတယ်။ ImunActiv မှာပါဝင်တဲ့ ပါဝင်ပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်ImunActiv ဆေး ၂ လုံးတိ...
29/12/2020

ImmunActiv လည်း ရရှိနိုင်ပါတယ်။

ImunActiv မှာပါဝင်တဲ့ ပါဝင်ပစ္စည်းများ အကြောင်းကို ပြောပြချင်ပါတယ်

ImunActiv ဆေး ၂ လုံးတိုင်း မှာ
Betaglucan -337mg
Vitamin C -100mg
Zinc -15 mg
Bioflavonoids-50 mg ပါဝင်ပါတယ်

**Betaglucan က ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးလို့ မကြာခဏဖျားတတ်သူတွေ၊ရာသီတုပ်ကွေး နဲ့ကင်ဆာရောဂါတို့မှာ အသုံးပြုပါတယ်

ဒါ့ပြင်ကို 1997 ခုနှစ် US FDA က အတည်ပြုထားတဲ့ အချက်(၃)ချက်ကတော့

(၁)Cholesterol (ကိုလက်စရော)ကိုကျစေတယ်
(၂)သွေးတွင်းသကြားဓာတ်ကို ထိနျးညှိပေးတဲ့အပွငျ
(၃)နှလုံးရောဂါဖြစ်ခြင်းကို လျော့ကျစေပါတယ်

**Vitamin C ကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတယ်ဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်

**Zinc ကလည်း ခုနောက်ပိုင်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဓာတ်တစ်မျိုးအဖြစ် လူသိများ လာပါတယ်

**Bioflavonoid က သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် Antioxidants လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်သတ္တိရှိပါတယ်။Bioflavonoids ကို ဓာတ်မတည့်ရောဂါ၊ဗားရပ်စ်ကူးစက်ရောဂါတွေမှာ Vitamin C နဲ့အတူတွဲသုံးပါတယ်

ImunActiv သောက်သုံးပုံ

မနက်တကြိမ်၊ညတကြိမ်အစာနဲ့တွဲ၍သောက်သုံးနိုင်ပါတယ်။

Crd ( ImmunActiv စာမျက်နှာမှ)

28/12/2020
Oximeter ရပါပြီ။ Oximeter ဆိုတာ သွေးတွင်း oxygen ပမာဏ ကို လွယ်ကူ လျင်မြန်စွာ တိုင်းပေးသော စက်ဖြစ်ပါတယ်။လူတစ်ယောက်မှာ ပုံ...
28/12/2020

Oximeter ရပါပြီ။

Oximeter ဆိုတာ သွေးတွင်း oxygen ပမာဏ ကို လွယ်ကူ လျင်မြန်စွာ တိုင်းပေးသော စက်ဖြစ်ပါတယ်။

လူတစ်ယောက်မှာ ပုံမှန် သွေးတွင်း Oxygen ပမာဏ 95%မှ 100% ကြားရှိရမှာ ဖြစ်ပါတယ်။

Oxygen ပမာဏ 95% အောက်ကို ရောက်နေပါက သာမန် ထပ်ပို၍ oxygen လိုအပ်နေသဖြင့် စောစီးစွာ ဆရာဝန်နင့်ပြသပြီး ကုသမှုခံယူသင့်ပါတယ်ခင်ဗျ!

Chatbox မှာ မေးမြန်း နိုင်ပါတယ်။

Address

Insein

Website

Alerts

Be the first to know and let us send you an email when Medicine House Myanmar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram