Care and Counseling project, MIT

Care and Counseling project, MIT စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှု Dr. Khin Kyu Kyu, the Chaplain and professor at Myanmar Institute of Theology, with the support of Rev.

Care and Counseling Project - ဂရုပြုနှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာ စီမံကိန်း သည် Myanmar Institute of Theology - မြန်မာနိုင်ငံဓမ္မတက္ကသိုလ် ကျောင်းတော်ကြီး၏ လက်အောက်တွင် စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းသင်တန်းများကို အခမဲ့ ကြိုးစားလုပ်ဆောင်နေသော စီမံကိန်းတစ်ခု ဖြစ်ပါသည်။

History fo Charis Care and Counseling Center

The Charis Care and Counseling Center is originally brought up from the passion and empathy of the project Director Rev. Dr. Ursula Hecker, the retired hospital Chaplain from Germany. The project was born from the seed of the Chaplaincy seminars from 2010 to 2020. The Care and Counseling Project, MIT has been serving seminaries, conventions, churches, and communities by providing individuals and needy families with compassionate and comprehensive mental healthcare services, since 2018. On February 28, 2024, the project was announced to be an official center of the Myanmar Institute of Theology with the uphold valuable blessings of the Myanmar Baptist Convention (MBC) and named Charis Care and Counseling Center, MIT. Charis Care and Counseling Center aims to help and support Myanmar people with Mental Health care awareness, encouraging them to access mental health services and helping them restore their hope from helpless situations as well as providing training in psychological concerns based on current demand and situation.

ယခုလက်ရှိကာလတွင်လိုအပ်လျက်ရှိသည့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ် အတူလက်တွဲလုပ်ဆောင် နိုင်ရန်ရည်ရွယ်၍...
16/09/2025

ယခုလက်ရှိကာလတွင်လိုအပ်လျက်ရှိသည့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ် အတူလက်တွဲလုပ်ဆောင် နိုင်ရန်ရည်ရွယ်၍ Charis Care and Counseling Center, MIT မှ ကြီးမှုးကျင်းပသည့် ၂၀၂၅ ခုနှစ် Counseling Seminar နှင့် Christian Counselor Group Workshop ၅ရက်တာ အစီအစဉ်ကို စက်တင်ဘာလ ၉ရက်နေ့မှ ၁၃ရက်နေ့ အထိ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။
2025 World Mental Health Day theme ကိုအခြေခံ၍ ဦးဆောင်ဆွေးနွေးပေးကြသည့် ဆရာ/မများ၊ Therapy sessions များကို ဦးဆောင်ပေးသည့်ဆရာ/မများ၊ Workshop ဦးဆောင်ပေးသည့် Christian Counselor Teams၊ ရပ်နီးရပ်ဝေးမှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည့် ဆရာ/မများနှင့် အစီအစဉ် ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးကြသည့် သူများအားလုံးကို Charis Care and Counseling Center, MIT မှ အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းဓါတ်ပုံ နှင့်တကွ ဂုဏ်ပြုဖော်ပြအပ်ပါသည်။

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




“ Changing the narrative on suicide”World Su***de Prevention Day (WSPD) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် Internationa...
11/09/2025

“ Changing the narrative on suicide”

World Su***de Prevention Day (WSPD) ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် International Association for Su***de Prevention မှ ပူးပေါင်း၍ 2003 ခုနှစ်တွင် စတင်ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ ရပ်ရွာလူထုများ၊ အဖွဲ့အစည်းများနှင့် အစိုးရများ စည်းလုံးညီညွတ်စွာ ပူပေါင်းလုပ်ဆောင်ခြင်းဖြင့် မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်ဆောင်ခြင်းကို ကာကွယ်နိုင်မည်ဟု ယုံကြည်ချက်ဖြင့် နှစ်စဉ် စက်တင်ဘာလ 10 ရက်နေ့ကို World Su***de Prevention Day (WSPD) အဖြစ်သတ်မှတ်၍ ပြုလုပ်ကျင်းပနေခြင်းဖြစ်ပါသည်။

နှစ်စဉ် လူပေါင်း ၇၂၀,၀၀၀ ကျော် မိမိကိုယ်ကို အဆုံးစီရင်ခြင်း (ထိခိုက်နာကျင်အောင်လုပ်ဆောင်ခြင်း) သည် အများပြည်သူ့ကျန်းမာရေးအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါသည်။ ဆုံးရှုံးသွားသောဘဝ တစ်ခုစီတိုင်းသည် လေးနက်သော လူမှုရေးရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာများ၏ ပြင်းထန်သောရိုက်ခက်မှုများကြောင့်ဖြစ်ပြီး ထိုဆုံးရှုံးမှုသည် မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများ၊ အလုပ်ခွင်များနှင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းများအတွက်အလွန်ထိခိုက်နာကျင်ရ စေပါသည်။

World Su***de Prevention Day (2024-2026) အတွက် ဆောင်ပုဒ်မှာ " မိမိကိုယ်ကို အဆုံးစီရင်ခြင်းနှင့်ပတ်သက်သည့် အမြင်များကို ပြောင်းလဲရန်" ဖြစ်ပြီး ဥပါဒ်ဖြစ်စေနိုင်သည့် ဒဏ္ဍာရီပြောစကားများ၊ အရိုးစွဲအမြင်မှားယုံကြည်မှုများကို လျှော့ချရန်နှင့် မိမိကိုယ်ကို ထိခိုင်နာကျင်အောင်ပြုလုပ်ခြင်း ဆိုင်ရာများကို စာနာစိတ်များထားရှိခြင်းဖြင့် ပွင့်လင်းမြင်သာစွာ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် နှင့် အကူအညီတောင်းခံနိုင်သည့် ဝန်းကျင်များ ဖန်တီးနိုင်ရန် ရည်ရွယ်ပါသည်။

Are You Ok?
မိတ်ဆွေ သင်ဟာ သင့်မိသားစုနှင့် လူအဖွဲ့အစည်းအတွက် အရေးပါသည့်လူတစ်ယောက် ဖြစ်ပါတယ်။
သင်ရဲ့ အဆင်မပြေဖြစ်မှုများကို နားထောင်ပေးပြီး အတူတူကူညီအဖြေရှာဖို့ Charis Care and Counseling Center ကို ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ သင်ကြုံတွေ့နေရတဲ့ ခက်ခဲခြင်းတွေကို အတူဖြတ်ကျော်ဖို့ Charis Care and Counseling Team မှ အသင့်ရှိနေပါတယ်။

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/





Whisper of Silents -4မိသားစုတစ်စု၏ စိတ်ထားလေးစစ်ကိုင်းမြို့လေးသည် ရာသီဥတုအလွန်တရာမှ ပူပြင်းလှသော မြို့လေးဖြစ်ပါသည်။ မန္တ...
02/09/2025

Whisper of Silents -4

မိသားစုတစ်စု၏ စိတ်ထားလေး

စစ်ကိုင်းမြို့လေးသည် ရာသီဥတုအလွန်တရာမှ ပူပြင်းလှသော မြို့လေးဖြစ်ပါသည်။ မန္တလေးအခြေစိုက် ငလျင်ဘေးသင့်ကူညီရေး အဖွဲ့ဝင်များ စုစုပေါင်းအင်အား ၃၀ မှာ ၅၀ တို့သည် ထိခိုက်ခံစားရသည့် နေရာများသို့ သွားရောက်ကူညီရန် နေ့စဉ် မန္တလေးမှ စစ်ကိုင်း သို့ အသွားအပြန်လုပ်ကာ တတ်စွမ်းသမျှကူညီပေးနေကြသည်။ ကူညီကယ်ဆယ်ရေးအဖွဲ့သည် စစ်ကိုင်းရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် အခြေစိုက်ကာ စစ်ကိုင်းမြို့တွင်း မြို့ပြင်ကို ကူညီကယ်ဆယ်နိုင်ရန် ဝင်ထွက်သွားလာလှုပ်ရှားနေကြသည့် မြင်ကွင်းသည် ဝမ်းနည်းစရာ အပြည့် ဖြစ်နေခဲ့သည့် ထိုအချိန်တွင် ကြည်နူးပီတိဖြစ်စရာ အားတက်ဖွယ်မြင်ကွင်းဖြစ်ပါသည်။ အဖွဲ့သားများ ထမင်းစား နားသည့်သစ်ပင်အောက်ရှိ ကွပ်ပျစ်လေးပေါ်တွင် ရေခဲအပြည့်ထည့်ထားသည့် ရေခဲပုံးတစ်ပုံး၊ ကျွဲစိမ်းအားဖြည့် အချိုရည်စိမ်ထားသည့်ရေခဲပုံးတစ်ပုံးနှင့်ရေသန့်ဘူးကြီးတစ်ဘူးသည် အဖွဲ့သားများ အမောပြေသောက်သုံးနိုင်ရန် အမြဲအသင့်ရှိနေတတ်သည်။ အလုပ်ပြီးချိန် ညနေခင်းပိုင်း မန္တလေး ပြန်ဆင်းမည့်အချိန်ရောက်လာသည့်အခါ အသက်ငယ်ငယ် လင်မယားနှစ်ယောက် ကလေးငယ်တစ်ယောက်ကို လက်တွဲ၍ကျောင်းဝင်းအတွင်း ဝင်လာကာ “အကိုတို့ ရေခဲတွေလိုသေးလား၊ အအေးကတော့ ဆိုင်မှာကုန်သွားလို့ ဝယ်မရတော့ဘူး၊ ဘာတွေလိုသေးလဲ” စသည်ဖြင့် မေး၍ ရေခဲပုံးများလာသိမ်းတတ်သလို လိုအပ်လျှင်ရေခဲများထည့်ဖြည့်ပေးတတ်သေးသည်။
“အစ်မတို့က ဘယ်ကလဲ”ဟု မေးလိုက်သောအခါ ပြိုလဲပျက်စီးနေသောမူလတန်းကျောင်း ခြံစည်းရိုးအကျော်မှ နှစ်ထပ်အိမ် သေးသေးလေးတစ်လုံးကို လက်ညိုးညွှန်ပြသည်။ လူ့အမြင်အရ ကြွယ်ပိုးကြွယ်ဝသည့် လူတန်းစားတစ်ရပ် မဟုတ်သော်လည်း စေတနာသဒ္ဓါတရားထက်သန်သည့် ချစ်စရာ မြို့ခံမိသားစုလေးသည် စစ်ကိုင်းမြို့၏ ရပ်ကွက်ငယ်လေးတခုမှနေ၍ မြို့ခံလူထု၏ သန်မာသောစိတ်ဓာတ်အား တနည်းတဖုံ နှင့် ဖော်ပြလျက် ရှိနေပါသည်။ ငလျင်ကြောင့် ပြိုလဲပျက်စီးနေသည့် စစ်ကိုင်းမြို့ကြီးသည် ပြင်ပမှလာရောက်ကူညီသူများနှင့် နယ်ခံလူထုကြီး၏ အတူလက်တွဲ ကူညီဖေးမခြင်းအားဖြင့် ပြန်လည်ရုန်းထ နိုင်မည်ဖြစ်ပါသည်။

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/@



:Counseling Seminar – Open Invitation for Application Warm greetings from Charis Care and Counseling Center, Myanmar Ins...
25/08/2025

:Counseling Seminar – Open Invitation for Application

Warm greetings from Charis Care and Counseling Center, Myanmar Institute of Theology (MIT).

We are pleased to announce our upcoming Counseling Seminar, hosted by Charis Care and Counseling Center, MIT. The seminar will take place in Yangon, from September 9–13, 2025, (9:00 a.m. to 4:00 p.m.) at the Inya Lake Hotel.

This seminar is exclusively designed for professional counselors to provide professional enrichment and to foster dialogue on key issues in counseling, mental health, and pastoral care.

Seminar Topics and Speakers
1. Marriage and Family Counseling: “How do current crisis factors affect our marriage and family life?”
Speaker: Sayama Naw Moo Kho Paw (Director, Charis Care and Counseling Center, MIT)
2. World Mental Health Day 2025 Theme: "Access to Services – Mental Health in Catastrophes and Emergencies" Speaker: Dr. Cherish Puii (Senior Counselor, Counselling Corner, Myanmar)
3. Psychodrama Techniques & Creative Arts in Counseling Speaker: Sayama Hlaing Yadana Soe (Counselor, Charis Care and Counseling Center, MIT)
4. Effective Pastoral Care and Counseling Techniques: “A Practical Response to Youth Drug Addiction” Speaker: Dr. Nang Latt (Counselor, Charis Care and Counseling Center, MIT)

🧘 Additional Wellness Activities
• Yoga for Physical Wellbeing Instructor: Sayama Saw Thandar Kyaw (Content & Media Relations Coordinator, Charis Care and Counseling Center, MIT)
• Relaxing with Music Facilitator: Saya Solomon Van Biak Lian (PME Coordinator, Charis Care and Counseling Center, MIT)
• Planning Workshop led by: Christian Counselor Group (CCG)

📌 Important Information
• This seminar is intended for professional counselors only.
• Seats are very limited. Selection will be based on registration.
• Selected participants will be notified after September 1, 2025.
• Registration Fee: 50,000 MMK per participant.
• Registration Link: Counseling Seminar Registration Form is available in comments.
• Must submit Curriculum Vita (CV)

Contact Information
For inquiries and further details, please contact:
Naw Trezar Grace
Program Coordinator, Charis Care and Counseling Center, MIT
📞 09 655 219 86 | ✉️ pc.careandcounseling@gmail.com
Saw Thandar Kyaw
Content and Media Relation Coordinator, Charis Care and Counseling Center, MIT
📞 09 421160059 | ✉️ cmr.careandcounseling@gmail.com

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/



14/08/2025

🎉 Congratulations to our Basic Care and Counselling Skills Training – Batch 4! 🌟

Your commitment, compassion, and dedication have shone through each step of this journey. You are now better equipped to touch lives, bring hope, and make a difference in your communities. We are so proud of you – keep shining your light! 💙✨

🌸 Happy Blessed Birthday, Sayamagyi Rev. Dr. Khin Kyu Kyu! 🌸Today, we joyfully celebrate the life of an extraordinary le...
10/08/2025

🌸 Happy Blessed Birthday, Sayamagyi Rev. Dr. Khin Kyu Kyu! 🌸

Today, we joyfully celebrate the life of an extraordinary leader, visionary, and servant of God — the beloved founder of CHARIS Care and Counseling Center, MIT, and our very first Director.

Your dedication, compassion, and tireless work have been a blessing not only to this Center, but also to countless individuals and families who have found hope, healing, and guidance through your ministry.

On this special day, we pray for abundant blessings, good health, and endless joy for you and your precious family. May your future be filled with divine favor, unshakable strength, and beautiful moments.

We also pray for your ongoing ministry, that the Lord may continue to guide your path, bless your works, and multiply the impact of your service for His Kingdom.

💐 Happy Birthday once again, our beloved Sayamagyi!
You are an inspiration, and we thank God for you. ❤️

With love and gratitude,
CHARIS Care and Counseling Center Family

အပျော်မှအပျက် ယနေ့ခေတ်ကာလသည် လူတိုင်းအတွက် စိန်ခေါ်မှုများသည့် ကာလဖြစ်သကဲ့သို့ ထိုစိန်ခေါ်မှုများကြောင့် စိတ်ဖိစီးမှုမျာ...
08/08/2025

အပျော်မှအပျက်

ယနေ့ခေတ်ကာလသည် လူတိုင်းအတွက် စိန်ခေါ်မှုများသည့် ကာလဖြစ်သကဲ့သို့ ထိုစိန်ခေါ်မှုများကြောင့် စိတ်ဖိစီးမှုများ ကို ပို၍ခံစားလာကြရပါသည်။ ခေတ်ကာလ၏ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ရေစီးကြောင်း ကို လိုက်ပါစီးမြောနိုင်ရန် ကြိုးစားအားထုတ်ရသည်မှာလည်း လူကြီး၊ လူငယ်များ အားလုံးအတွက် ကြီးမားသည့်စိန်ခေါ်မှု တစ်ရပ်ဖြစ်လာပြီး ထိုမွန်းကြပ်မှုများကို ဖြေဖျောက်နိုင်ရန် သူငယ်ချင်းများနှင့် အပြင်ထွက်ရင်း party drugs (ပါတီသုံး မူးယစ်ဆေးဝါး) များသုံးစွဲခြင်းကလည်း ခေတ်စားလာသည့် ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာပါတော့သည်။

Party drugs (ပါတီသုံး မူးယစ်ဆေးဝါး) များနှင့် စိတ်ရောဂါအကြားဆက်စပ်မှု
Party Drugs ဆိုသည့်အတိုင်း၊ ဤဆေးအမျိုးစားများသည် လူမှုရေးပွဲများဖြစ်သည့် nightclubs, KTV, concerts, Bar ကဲ့သို့သော ပွဲများတွင် ယာယီပျော်ရွှင်မှုနှင့် စိတ်ခံစားမှုအရှိန်မြင့်စေရန်၊ ညလုံးပေါက်ကခုန်နိုင်ရန် သုံးစွဲကြသည့် ဆေးများ ဖြစ်ကြသည်။ တနည်းအားဖြင့် ခန္ဓာကိုယ်မှ ပုံမှန်ထုတ်ပေးသည့် ပျော်ရွှင်ခြင်းဟော်မုန်း (dopamine၊ serotonin နှင့် norepinephrine) တို့ကို ပုံမှန်ထက်ပိုထွက်အောင် ဆေးဖြင့်နှိုးဆွခြင်းဖြစ်ပါသည်။ အထက်ပါ ဟော်မုန်း များသည် ဦးနှောက်၏ ဆုပေးစနစ်၊ စိတ်ခံစားချက်များထိန်းညှိခြင်း၊ ပျော်ရွှင်စေခြင်းနှင့် နိုးကြားတက်ကြွမှုများအတွက် အဓိကအရေးပါသည့် ဟော်မုန်းများဖြစ်ကြပါသည်။ ဆေးများအသုံးပြုရာတွင် ပုံမှန်အားဖြင့် အငြိမ်လိုင်း၊ အကြွလိုင်း၊ အကွဲလိုင်း၊ အလွတ်လိုင်းနှင့် အလွင့်လိုင်း ဟူ၍ မိမိခံစားလိုသည့် ခံစားချက်ပေါ်မူတည်၍ မတူညီသည့် ဆေးများကို သုံးစွဲကြသည်။ နောက်တဆင့်တွင် ခံစားမှုမျိုးစုံ (လိုင်းပူးသည်ဟုခေါ်ကြသည်) ရရှိရန် happy water ကဲ့သို့သော ပေါင်းစပ်ဆေးများကိုပါ သုံးစွဲလာကြသည်။
Party Drugs (ပါတီသုံး မူးယစ်ဆေးဝါး) များထဲမှ လူသိများသည့် ဆေးအချို့မှာ-

Ketamine (K)
Ketamine (K) သည်ရေတွင်ပျော်ဝင်သည့်၊ တိရစ္ဆာန်ဆေးကုခန်းများတွင် စိတ်ငြိမ်ဆေးအဖြစ် ဆရာဝန်များ အသုံးပြု သော ဆေးဖြစ်ပါသည်။ လူငယ်များကြားတွင် အမှုန့်ကို ပိုက်ဖြင့် နှာခေါင်းမှ ရှိုက်သွင်းသုံးကြသည်။ ၎င်းဆေးသည် သုံးစွဲပြီး စက္ကန့် ၃၀မှ မိနစ် ၂၀ အတွင်း စတင်အစွမ်းပြပြီး ဆေး၏အာနိသင်မှာ မိနစ်၃၀ မှာ ၁နာရီကြာအောင် ပျော်ရွှင်မှု နှင့် ပေါ့ပါးမှု၊ နာကျင်မှုကင်းမဲ့ခြင်းများ (အသိစိတ်လွတ်နေပြီး ဟာလာဟင်းလင်းခံစားချက်) ကို ခံစားရစေပါသည်။ Ketamine (K) သုံးစွဲထားသူသည် စိတ်နှင့်လူမကပ်တော့ဘဲ လွင့်မျောနေသည့်ခံစားချက် (disassociated or unattached ဖြစ်ခြင်း “k-hole” ဖြစ်သည် ဟုလည်းခေါ်သည်) နှင့် ထင်ယောင်ထင်မှားဖြစ်ခြင်း (မရှိသည့် အသံ၊ အနံ့၊ အရသာများကို ခံစားရခြင်း) ကို ဖြစ်ပေါ်စေနိုင်ပါသည်။ K ဆက်တိုက်သုံးစွဲခြင်းမှ ရပ်ဆိုင်းလိုက်ပါက သုံးစွဲသူသည် စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အဖြစ်အပျက်များကို ပုံရိပ်များအဖြစ် ပြန်မြင်ယောင်ခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ နာကျင်ကိုက်ခဲခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် မငြိမ်မသက်ခံစားရခြင်းများကို ၄ရက်မှ ၆ရက်အထိ ခံစား ရနိုင်သည်။

M**A: 3,4-m**hylenedioxym**hamphetamine (E/Ecstasy/Molly)
M**A ဆေးများသည် အရောင်မျိုးစုံသည့်ဆေးပြားပုံစံ၊ အမှုန့် သို့မဟုတ် အရည်အဖြစ် တွေ့ရတတ်သည့် စမ်းသပ်ခန်း ထုတ် တရားမဝင် စိတ်ကြွ မူးယစ်ဆေးတစ်မျိုး ဖြစ်ပါသည်။ 15 မိနစ်မှ မိနစ် 30 အတွင်း အထွတ်အထိပ် ဖြစ်သည့် ခံစားချက်ကို ရရှိစေပြီး ပျမ်းမျှအားဖြင့် သုံးနာရီထိကြာခံနိုင်သည်။ M**A ၏အကျိုးသက်ရောက်မှုများမှာ အချိန်ကာလ ကို မေ့သွားပြီး ပျော်ရွှင်မှု၊ တက်ကြွမှု၊ နိုးကြားမှုနှင့် အခြားသူများနှင့် ပေါင်သင်းဆက်ဆံရေးကောင်းလာခြင်း(social ကောင်းလာခြင်း) စသည့်ခံစားချက်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးသည်။ M**A သည် အမြင်အာရုံ၊ အကြားအာရုံ၊ အထိအတွေ့၊ အနံ့ခံမှုအာရုံနှင့် အချိန်ကာလကို ပိုင်းခြားသိမြင်မှုကို လှုံ့ဆော်စေနိုင်သော ဆေးဖြစ်သည်။။ M**A ကို အလွဲ သုံးစွဲခြင်းသည် အပျက်လက္ခဏာဆောင်သော ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများစွာရှိနိုင်ပါသည်။ M**A အသုံးပြုခြင်းသည် စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် panic attacks (လန့်ဖြန့်ခြင်း) အပြင် အိပ်ရေးမဝခြင်း၊ အစာစားချင်စိတ် ကင်းမဲ့ခြင်း၊ စိတ်ရှုတ်ထွေးခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ကြောက်ရွံ့ခြင်းနှင့် မှတ်ဉာဏ် (သို့မဟုတ်) အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာများကို ကြုံတွေ့ရနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

GHB: (Gamma-hydroxybutyrate), also known as G and Liquid Ecstasy
အရည် သို့မဟုတ် ရေတွင်ပျော်ဝင်သည့် အဖြူရောင်အမှုန့် တစ်မျိုးဖြစ်သည်။ အရည်ပုံစံတွင်၊ GHB သည် ကြည်လင်ပြီး အရောင်မဲ့ပြီး အနည်းငယ်ငန်သည့်အရသာရှိသည်။ စိတ်ငြိမ်ဆေး သို့မဟုတ် သတိလစ်မေ့မြောခြင်းကို ဖြစ်စေနိုင်သော စိတ်ကျဆေး (“Date R**e drug” ဟုလည်း ခေါ်သည်) ဖြစ်ပါသည်။ ဆေးမိသွားသည့်သူသည် ရီဝေဝေဖြစ်ပြီး မည်သည့် အရာမျှ မမှတ်မိသည့်အတွက် ၎င်းဆေးကိုသုံးပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများလည်း လုပ်ဆောင်လာကြသည်။

M**hamphetamine စိတ်ကြွဆေး (Ice, Speed, M**h, Crystal)
“M**h” ကို သေးငယ်သောပုံဆောင်ခဲ (သို့မဟုတ်) အဖြူရောင်၊ အညိုရောင် သို့မဟုတ် အခြားအရောင်စုံ အမှုန့်များ အဖြစ် တွေ့ရနိုင်ပါသည်။ ပြင်းထန်သည့် အနံ့နှင့်ခါးသောအရသာရှိသော်လည်း အလွန်စွဲလမ်းလွယ်ပြီး ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ပတ်သက်သည့်နာတာရှည် ပြဿနာများဖြစ်နိုင်ပါသည်။ အများအားဖြင့် ဆေးလိပ်ကဲ့သို့ ရှိုက်သောက်ကြသော်လည်း၊ ခန္ဓာကိုယ်အတွင်း အပ်နှင့်ထိုးသွင်းခြင်း (သို့မဟုတ်) စားသုံးခြင်းများလဲရှိပါသည်။ ဆေးသုံးစွဲသူသည် နိုးကြားတက်ကြွခြင်း၊ စကားပြောသွက်လာခြင်း၊ အစာစားချင်စိတ်လျော့ကျခြင်းနှင့် ပျော်ရွှင်ခြင်း၊ လိင်စိတ်နိုးကြွလာခြင်း၊ ယုံကြည်မှုနှင့် ပျော်ရွှင်သုခကို ခံစားရစေပါသည်။ ဆေး၏ အာနိသင်မှာ သုံးစွဲပြီး မိနစ်၂၀အတွင်း ပြလာပြီး ၆နာရီမှ ၁၂နာရီကြာ ခံတတ်သည်။ ဆိုးကျိုးများအနေဖြင့် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ နှလုံးခုန်နှုန်း မြန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ လေဖြတ်ခြင်း၊ သွေးတိုးခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ပြင်းထန်သောဆေးလွန်ကဲမှု အပါ အဝင် အခြားသောကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်နိုင်သည်။

Happy Water
Happy water သည် မြန်မာနိုင်ငံအပါအဝင် ထိုင်းနိုင်ငံ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် တရုတ်နိုင်ငံတွင် ပေါပေါများများ တွေ့ရသည့် drug cocktail ဖြစ်ပါတယ်။ Happy water ထဲတွင်အများအားဖြင့် ecstasy, m**hamphetamine, caffeine, tramadol, diazepam, ketamine စသည့်ဆေးများ ပေါင်းစပ် ပါဝင်တတ်ပါတယ်။ Happy water ဆိုသည် မှာ အရောင်နဲ့ အနံ့မရှိသည့် အမှုန့်ထုပ်အနေဖြင့်သော်လည်းကောင်း၊ အရည်အနေဖြင့်သော်လည်းကောင်း တွေ့ရ တတ်ပါသည်။ ထိုအမှုန့်/အရည်အား ရေ၊ အချိုရည်၊ အရက် စသည်တို့နဲ့ ရောစပ်ပြီး သောက်သုံးကြပါသည်။ ၎င်း၏ အာနိသင်မှာ ကြွတက်လွင့်မျော “high” ဖြစ်လာပြီး ကဖင်းဓာတ်ပါသောကြောင့် စိတ်ရော လူရောလန်းဆန်း အားအင် များ ပြည့်နေတတ်ပြီး၊ tramadol ပါဝင်သောကြောင့် သာမန် နာကျင်မှု၊ ကိုက်ခဲမှုများကို မခံစားရတော့ဘဲ ပါတီများတွင် တစ်ညလုံး ကဲနိုင်၊ ခုန်နိုင်၊ ကနိုင်ကြခြင်းဖြစ်သည်။
ဆေးကို ရေရှည်စွဲသုံးပါက အိပ်မပျော်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ပျော်ရွှင်စရာမရှိတော့ခြင်းကဲ့သို့သော ခံစားချက်များ ခံစားလာရတတ်ပါသည်။ ဆေးသည် ဤကဲ့သို့သော စိတ်ကျန်းမာရေးကိုသာမက ခန္ဓာကျန်းမာရေး အတွက်လည်း ဆိုးကျိုးများစွာ ဖြစ်ပေါ်စေနိုင်ပါသည်။
လွယ်ကူစွာ ဝယ်ယူ၍ရနိုင်သော happy water များသည် မည်သည့်ဆေးများကို မည်သည့်အချိုးဖြင့် ရောစပ်ထား ကြောင်းသိနိုင်ရန် ခက်ခဲခြင်းများကြောင့် ဆေးလွန် (overdose) သွားပါကလည်း ဖြေရန် ခက်ခဲနိုင်ကြောင်း အတွေ့အကြုံရှိသူတစ်ဦးမှ ပြောပြချက်အရ သိရှိရပါသည်။

အထက်ပါဖော်ပြခဲ့သည့် ဆေးများသည် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေး (Psychoactive Substances) များဟုလည်း ခေါ်ဆိုကြသည်။ Party Drug များနှင့် စိတ်ကျန်းမာရေးအကြားတွင် ရှုပ်ထွေးသော ပတ်သက်ဆက်နွယ် မှုများရှိပါသည်။ အထက်ဖော်ပြပါ ဆေးအချို့ကို စိတ်ပိုင်းဆိုင်ရာဆေးရုံနှင့် ဆေးပေးခန်းများတွင် ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရောဂါများ ဖြစ်ကြသည့် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ဒဏ်ရာအလွန်စိတ်ရောဂါ (PTSD)၊ စိတ်ကစဉ့်ကလျားရောဂါ၊ လူမှုပေါင်းသင်းဆက်ဆံရေး အဆင်မပြေမှုများခံစားနေရသူများကို ပေးလေ့ရှိသော ဆေးများဖြစ်ကြသည်။ ခဏတာ ယာယီ ပျော်ရွှင်မှုများအတွက်သော်လည်းကောင်း၊ စိတ်ထွက်ပေါက် တစ်ခုအနေဖြင့် လည်းကောင်း၊ စိတ်ခံစားချက်များ ဖြေဖျောက်ရန်သော်လည်းကောင်း သုံးစွဲလာခြင်းများကြောင့် အသစ်သော စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြေရှိကြောင်း သိရသည်။

Party Drug များ အလွန်အကျွံသုံးစွဲမှုများကြောင့် ယေဘူယျအားဖြင့် အောက်ပါ ရေတိုရေရှည် စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာများ ခံစားရနိုင်ပါသည်။
• စိတ်ကျရောဂါ နှင့် စိုးရိမ်စိတ်လွန်ကဲသည့် စိတ်ရောဂါများ ခံစားလာရနိုင်ခြင်း
• ဆေးစွဲခြင်း - အထက်ပါ ဆေးများသည် စွဲလမ်းမှုပြဿနာများ ဖြစ်စေနိုင်ပါသည်။
• မှတ်ဉာဏ်နှင့် ဝေဖန်ပိုင်းခြားနိုင်မှုစွမ်းရည်ကျဆင်းခြင်း။
• စားမဝင်၊ အိပ်မပျော်ဖြစ်ခြင်း
• ထင်ယောင်ထင်မှားဖြစ်ခြင်း
• စိတ်အတက်အကျများခြင်း
• သတိလစ်ခြင်း
• မိမိကိုယ်ကို အဆုံးစီရင်ခြင်းများ

အထက်တွင် ဖော်ပြထားသည့် ဆေးများကို (Date r**e drugs) များဟုလည်း လူသိများသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆေးများသုံးစွဲပြီးသည့်အချိန် သို့မဟုတ် ဆေးခတ်ခံရပြီး အသိစိတ်လွတ်နေချိန်တွင် မလိုလားအပ်သည့် လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု၊ အမြတ်ထုတ်ခြင်းနှင့် စော်ကားမှုများ ဖြစ်ပွားလေ့ရှိသောကြောင့်ဖြစ်သည်။

သတိပြုရမည့်အချက်များ
• “လုံခြုံသည့်ဆေး” ဟူသည်မရှိပါ — မည်သည့်ပမာဏမျှဖြစ်စေ (brain chemistry) ကို ပြောင်းလဲနိုင်ကြောင်း သတိပြုရန်။
• တကြိမ်တခါ စမ်းသုံးကြည့်ခြင်းမှ စွဲလမ်းသည့်အထိဖြစ်နိုင်ကြောင်း သတိပြုရန်။
• စိတ်ကျန်းမာရေးအခြေအနေ မတည်ငြိမ်သူများအတွက် ဘဝသက်တမ်းတစ်လျှောက် သက်ရောက်မှုရှိနိုင်ကြောင်း သတိပြုရန်။
• ပွဲအတွင်း မိမိသောက်သုံးနေသော/ သောက်လက်စများကို မိမိယုံကြည်ရသည့်သူ မရှိဘဲထားခဲ့ခြင်းများကို ရှောင်ပါ။
• သူစိမ်းတိုက်ကျွေးသည့် အစား၊အသောက်များကို လွယ်လွယ်လက်မခံပါနှင့်
• သောက်စရာဘူး/ပုလင်းများကို ကိုယ်တိုင်ဖောက် သောက်သုံးပါ။
• စိတ်ချရသည့် သူငယ်ချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းများနှင့် သွားလာခြင်း၊ တစ်ဦးနှင့် တစ်ဦးစောင့်ရှောက်ကူညီပါ။

References:
https://medlineplus.gov/clubdrugs.html
https://www.facebook.com/photo.php?fbid=672168171611618&id=100064553237654&set=a.548160150679088
Ketamine | healthdirect
Date r**e drug နဲ့ ဆေးခတ်ခံရတဲ့အခါ - Hello Sayarwon
Happy water က တကယ်ပျော်စရာကောင်းသလား။ - Hello Sayarwon
M**hamphetamine | National Institute on Drug Abuse (NIDA)
M**A (Ecstasy/Molly) | National Institute on Drug Abuse (NIDA)
5 Common Types of Party Drugs | Newport Institute
Ice (crystal m**h) | healthdirect
M**A | Ecstasy | Effects of M**A | FRANK
Thein Han - K for ကက်တမင်း နှင့် သူ၏ အလွင့်များ . သူတို့အခေါ် K... | Facebook

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/



Good Night! ☺️☺️☺️☺️အိပ်ရေးဝဝအိပ်စက်ခြင်းသည် လူသားများ၏ နေ့စဉ် ပုံမှန်စားခြင်း၊ သောက်ခြင်းနှင့် အသက်ရှူခြင်းကဲ့သို့ သော ...
01/08/2025

Good Night! ☺️☺️☺️☺️

အိပ်ရေးဝဝအိပ်စက်ခြင်းသည် လူသားများ၏ နေ့စဉ် ပုံမှန်စားခြင်း၊ သောက်ခြင်းနှင့် အသက်ရှူခြင်းကဲ့သို့ သော အခြေခံကျသည့် လိုအပ်ချက်တစ်ခု ဖြစ်သကဲ့သို့ မိမိတို့၏ လုံးစုံသုခကျန်းမာခြင်း (wellbeing) အတွက် အလွန်ပင် အရေးပါလှသည်။

ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန၏ အဆိုအရ အမေရိကနိုင်ငံတွင် အရွယ်ရောက်ပြီးသူ ၃ယောက်တွင် ၁ယောက်သည် လုံလောက်သည့် အနားယူခြင်း သို့မဟုတ် အိပ်စက်ခြင်း မရှိသည်ကို တွေ့နေရကြောင်း သိရပါသည်။ အရွယ်ရောက်ပြီးသူ 40% နီးပါးသည် အနည်းဆုံး တစ်လလျှင် တစ်ကြိမ် နေရင်းထိုင်ရင်း နေ့ခင်းဘက်တွင် အိပ်ပျော်သွားခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြထားသည်။ ထို့အပြင် ခန့်မှန်းခြေအမေရိကန်လူမျိုး သန်း 50 မှ 70 ခန့်တွင် နာတာရှည် သို့မဟုတ် ဆက်တိုက် အိပ်မပျော်ခြင်းများ ကဲ့သို့သော အိပ်စက်ခြင်းဆိုင်ရာရောဂါများ ခံစားနေကြရပါသည်။

အိပ်ရေးပျက်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်မျိုးလုံးတွင် ကျန်းမာရေးပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။ စိတ်ရောဂါများဖြစ်သည့် စိတ်ကျရောဂါ၊ စိုးရိမ်စိတ်များသည့်စိတ်ရောဂါ၊ စိတ်အတက်အကျမြန်သည့် စိတ်ရောဂါများကြောင့်လည်း အိပ်မရခြင်း၊ အိပ်မပျော်ခြင်းများ ဖြစ်ပေါ်လေ့ ရှိပါသည်။ သို့သော်လည်း စိတ်ရောဂါနှင့် အိပ်စက်ခြင်း နှစ်ခုအကြား ဆက်စပ်မှုကိုမူ တိကျသည့် သုတေသနပြုချက်များ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း သုတေသနစာတမ်းများ အရသိရသည်။

အိပ်စက်ခြင်းသည် မိမိတို့ နေ့စဉ်ကြုံတွေ့ရသည့် ဖိစီးမှုများနှင့် လုပ်ငန်းဆောင်တာများကို စီမံဆောင်ရွက်နိုင်ရန် သာမက၊ အာရုံစူးစိုက်မှု၊ သင်ယူမှုနှင့် မှတ်ဉာဏ်၊ စိတ်ခံစားမှုများနှင့် အပြုအမူများကို ထိန်းညှိပေးသည့် ဦးနှောက်၏လုပ်ဆောင်မှုအတွက်လည်း အရေးကြီးကြောင်း သိရှိရန်လိုအပ်ပါသည်။

ပုံမှန် အသက်အရွယ်အလိုက် လိုအပ်သည့်အိပ်ချိန်ပမာဏများမှာ-
• မွေးခါစ (အသက် ၃ လအထိ) : ၁၄ နာရီမှ ၁၇ နာရီ။
• မွေးကင်းစ (၄လမှ ၁၂လအရွယ်) : ၁၂ နာရီမှ ၁၆နာရီ။
• ကလေးငယ်များ (အသက် ၁ နှစ်မှ ၅ နှစ်အထိ) : ၁၀ နာရီမှ ၁၄ နာရီ။
• ကျောင်းနေအရွယ် (၆ နှစ်မှ ၁၂ နှစ်ကြား) : ၉ နာရီမှ ၁၂ နာရီ။
• ဆယ်ကျော်သက် (အသက် ၁၃ မှ ၁၈ နှစ်အထိ) : ၈ နာရီမှ ၁၀ နာရီ။
• အရွယ်ရောက်ပြီးသူ (၁၈ နှစ်နှင့်အထက်) : ၇ နာရီမှ ၉ နာရီ။

အိပ်စက်ခြင်းနှင့် စားသောက်မှုပုံစံသည်လည်း ချိတ်ဆက်မှုရှိနေသည်။ သုတေသနများအရ မိမိရွေးချယ် စားသောက်သည့် အစားအစာ၏ အရည်အသွေး/ ပုံစံ သို့မဟုတ် အာဟာရပမာဏများသည် အိပ်စက်ခြင်းကို အကျိုးသက်ရောက်မှု များစွာရှိကြောင်းသိရပါသည်။ ဥပမာ- အချို့သောသူများသည် ကောင်းစွာအိပ်မပျော်ခြင်းကြောင့် အစားအလွန်အကျွံစားခြင်းဖြင့် ခန္ဓာကိုယ်မပြည့်ဝမှုကို ဖြည့်ဆည်းခြင်း ကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးလာခြင်းနှင့် အဝလွန်ရောဂါဖြစ်နိုင်သကဲ့သို့၊ ညအိပ်ယာမဝင်မီ coffee သောက်သုံးခြင်းကြောင့် အိပ်မပျော်ခြင်းများဖြစ်နိုင်သောကြောင့် ဂရုတစိုက် စားသုံးသင့်ကြောင်း သုတေသနပြုချက်များက အကြံပြုထားပါသည်။ တစ်နည်းအားဖြင့် အစားအသောက်ထဲတွင် ပါဝင်သော ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဗီတာမင် A၊ C၊ D၊ E နှင့် K တို့ကဲ့သို့သော အာဟာရများချို့တဲ့ခြင်းသည် မိမိတို့၏ အိပ်စက်ခြင်းကိုထိခိုက်စေနိုင်ပါသည်။

***အိပ်စက်ခြင်းသည် အလေ့အကျင့်တစ်ခုဖြစ်တာကြောင့် လေ့ကျင့်ယူနိုင်သည့် အရာတစ်ခုဖြစ်ပါသည်။

သတိပြုရမည့်အချက် ⚠️
အိပ်ရေးမဝခြင်း (sleep deprivation) နှင့် အိပ်စက်မှုချွတ်ယွင်းခြင်း (sleep deficiency) သည် မတူကွဲပြားသည့် ခန္ဓာနှင့်စိတ်ကို ထိခိုက်စေနိုင်သည့် အိပ်စက်ခြင်းဆိုင်ရာ လက္ခဏာများဖြစ်ကြသည်။ အိပ်စက်မှုချွတ်ယွင်းခြင်း (sleep deficiency) ခံစားလာရပါက ညအိပ်မပျော်သည့်အပြင်၊ မနက်အိပ်ယာ နိုးထချိန်တွင်လည်း မလန်းမဆန်းဖြစ်ခြင်းများခံစား ရနိုင်သလို၊ နေ့ခင်းပိုင်းတွင် ပင်ပန်းနေခြင်း၊ နေ့စဉ် လုပ်ငန်းဆောင်တာများလုပ်ဆောင်ခြင်း၊ သင်ယူခြင်း၊ ဆုံးဖြတ်ချက်ချခြင်း၊ ပြဿနာများကိုဖြေရှင်းခြင်း၊ မှတ်ဉာဏ်၊ စိတ်ခံစားမှုနှင့် အမူအကျင့်များကို စီမံခန့်ခွဲခြင်း၊ အာရုံစူးစိုက်နိုင်ခြင်းနှင့် အခက်အခဲ ပြဿနာများကို ဖြေရှင်းခြင်း၊ တုံ့ပြန်ခြင်းဆိုင်ရာများတွင် နှောင့်နှေးခြင်း၊ အဟန့်အတားနှင့် အနှောင့်အယှက် ဖြစ်စေပါသည်။ အလုပ်များပြီးမြောက်ရန် အချိန်ပိုကြာနိုင်သည်၊ တုံ့ပြန်မှုနှေးကွေးကာ အမှားအယွင်းများ ပိုများလာနိုင်သည်။

အိပ်ရေးပျက်ခြင်း၏ လက္ခဏာများသည် ကလေးများနှင့် လူကြီးများကြားတွင် ကွဲပြားနိုင်သည်။ အိပ်ရေးမဝသော ကလေးများသည် အလွန်တက်ကြွနေတတ်သော်လည်း အာရုံစူးစိုက်နိုင်မှုပိုင်းတွင်မူ ပြဿနာရှိနေနိုင်ပြီး၊ အမူအကျင့်ပိုင်းတွင်လည်း အပျက်သဘောဆောင်သည့် အပြောင်းအလဲရှိခြင်း၊ နှင့် ကျောင်းတွင်း သင်ယူနိုင်မှု စွမ်းဆောင်ရည်ကိုလည်း ထိခိုက်နိုင်ပါတယ်။

📌အကြံပြုချက်များ 📌
• မိမိခန္ဓာကိုယ်အား အိပ်ချိန်နှင့်နိုးချိန် တစ်သမတ်တည်းဖြစ်နိုင်ရန် လေ့ကျင့်နိုင်ပါသည်။ (Body clock) ပုံမှန်အိပ်ရာဝင်ချိန်ကို သတ်မှတ်ထားပါ။
• နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရန် အိပ်ယာဝင်ခါနီးတွင် ပေါ့ပါးသည့် အကြောလျှော့လေ့ကျင့်ခန်းလုပ်ပါ။ သို့သော် အိပ်ရာမဝင်မီ ပြင်းထန်သည့်လေ့ကျင့်ခန်းများ လုပ်ခြင်းကို ရှောင်ကြည်သင့်ပါသည်။
• အိပ်ပျော်ရန်ခက်ခဲနေပါက အိပ်ယာပေါ်တွင်လဲလျောင်း မနေဘဲ အိပ်ချင်လာသည်အထိ တစ်ခုခု ထလုပ်ရန် အကြံပြုလိုပါသည်။ (ဥပမာ- စာအုပ်ဖတ်ခြင်း၊ ပေါ့ပါးသည့်လေ့ကျင့်ခန်းလုပ်ခြင်း)
• ကျန်းမာသောအိပ်စက်ခြင်း ဝန်းကျင်ကိုဖန်တီးပါ (Sleep Hygiene) - တောက်ပသော အလင်းရောင်များနှင့် ကျယ်လောင်သောအသံများကို ရှောင်ကြဉ်ပါ၊ အခန်း၏ အပူချိန်ကို သင့်တင့်မျှတသော အပူချိန်တွင်ထားခြင်း၊ အိပ်ယာကို သန့်ရှင်းမွှေးပြန့်ကာ၊ နှစ်လိုဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း၊ အိပ်ယာခင်းခေါင်းအုံးစွပ်များ ပုံမှန်လဲလှယ်ပေးခြင်းများ ပြုလုပ်ပါ။
• ညနေခင်းတွင် ကဖိန်းဓာတ်နှင့် နီကိုဒင်းကိုသုံးစွဲခြင်းကို ရှောင်ကြဉ်ပြီး အိပ်ရာမဝင်မီ အရက်သောက်သုံးခြင်းပမာဏကို ကန့်သတ်ထားသင့်ပါသည်။
• ဖုန်းသုံးခြင်း (screen time) ကို ကန့်သတ်နိုင်ရန် ကြိုးစားပါ။
• စိတ်ပူစရာများ၊ အလုပ်ကိစ္စနှင့် နေ့ခင်းပိုင်းတွင်လုပ်ဆောင်ရမည့် လုပ်ငန်းကိစ္စရပ်များ စဥ်းစားခြင်းများကို ရှောင်ကြဉ်ပြီး စိတ်နှင့် ဦးနှောက်ကို ပြည့်ဝစွာအနားပေးပါ။
• နေ့ခင်းအချိန်ကြာကြာအိပ်စက်အနားယူခြင်းကို ရှောင်ကြဉ်ပါ။ (သုတေသနပြုချက်များအရ မှန်ကန်သောအချိန်(ည)တွင် အရည်အသွေးပြည့်ပြီး လုံလောက်သော အိပ်စက်ခြင်း သည်သာ စိတ်ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ဘဝအရည်အသွေးပြည့်ဝစွာရရှိခြင်းအတွက် အခရာကျကြောင်း သိရသည်။)

စာဖတ်သူအားလုံး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ကြပါစေ 🙏🙏🙏

References:
https://www.nhlbi.nih.gov/health/sleep-deprivation
https://www.sleepfoundation.org/mental-health
https://www.columbiapsychiatry.org/news/how-sleep-deprivation-affects-your-mental-health
https://www.nhlbi.nih.gov/health/sleep-deprivation/health-effects
https://www.mentalhealth.org.uk/explore-mental-health/a-z-topics/sleep-and-mental-health

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/




Whisper of Silents -3ဧည့်ရိပ်သာလေးအနေနှင့်ဖွင့်လှစ်ထားသည့် နေအိမ်သုံးထပ်တိုက်တစ်ခုလုံးကို ဆုံးရှုံးခဲ့ရသည့် ဆရာဝန်တစ်ဉီး...
15/07/2025

Whisper of Silents -3

ဧည့်ရိပ်သာလေးအနေနှင့်ဖွင့်လှစ်ထားသည့် နေအိမ်သုံးထပ်တိုက်တစ်ခုလုံးကို ဆုံးရှုံးခဲ့ရသည့် ဆရာဝန်တစ်ဉီး၏ တုံ့ပြန်မှုနှင့် ဆုံးရှူံးမှုကိုကုစားခြင်း။

“ကျနော်ငိုလို့မရသေးဘူး။ ကျနော့်ကိုကြည့်နေတဲ့ မိသားစုနဲ့ ကျနော်ကြည့်ပေးရမယ့်/ကူညီပေးရမယ့် ကျနော့်ထက် အခြေအနေဆိုးတဲ့သူတွေ ရှိနေသေးတယ်။ အခုကျနော့်ကို လိုအပ်နေသူတွေအတွက် အခမဲ့ကုသိုလ်ဖြစ်ဆေးခန်း ထိုင်ပေးနေရတယ်။ ဒါတွေပြီးရင်တော့ အိမ်ကိုဖျက်ဖို့ကိစ္စတွေလုပ်ရမယ်။ ဖြည်းဖြည်းချင်းလုပ်သွားရမှာပေါ့ဗျား...”

“ဆရာ အားတင်းထားပါနော်” ဆိုသည့် အားပေးဆုတောင်းစကားမှလွဲ၍ မိမိတို့မှာပြောစရာ စကားမဲ့နေခဲ့ရသည်...

Telegram Channel: https://t.me/chariscareandcounselingcenter
Viber Channel: https://invite.viber.com/...
YouTube Channel: www.youtube.com/@




Basic Care and Counseling Skills Training Batch – 4 (Module - 2) ဘုရားသခင် ကျေးဇူးတော်အားဖြင့် BCCT Batch – 4 (Module – ...
07/07/2025

Basic Care and Counseling Skills Training
Batch – 4 (Module - 2)

ဘုရားသခင် ကျေးဇူးတော်အားဖြင့် BCCT Batch – 4 (Module – 2) တစ်ပတ်တာ သင်တန်းကို June 30 မှ July 7 ရက်နေ့အထိ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ဤသင်တန်း ကောင်းမွန်စွာ ပြုလုပ်ပြီးစီးနိုင်စေရန် အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသည့် အလှူရှင်များ၊ သင်တန်းပို့ချပေးကြသည့် ဆရာမကြီးများ၊ Center အဖွဲ့သူ/သားများ နှင့် သင်တန်းတလျှောက် ကြိုးကြိုးစားစား တက်ရောက်သင်ယူခဲ့ကြသည့် သင်တန်းသူ/သား များအပေါ် အထူးကျေးဇူးတင်ရှိပါသည်။

ယခုသင်တန်းသည် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်နေကြသည့် ပြည်သူလူထုများ၏ စိတ်ကျန်းမာရေးကို တဒေါင့်တနေရာမှ ကူညီစောင့်ရှောက်ပေးမည့် Lay Counselor များကို စနစ်တကျ သင်ကြား မွေးထုတ်ပေး နေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။




Psychosocial Support Program  Charis Care and Counselling Center, MIT အဖွဲ့သားများမှ ဇွန်လ ၂၄ မှ ၂၈ ရက်၊ ၂၀၂၅ခုနှစ်တွင် ...
30/06/2025

Psychosocial Support Program

Charis Care and Counselling Center, MIT အဖွဲ့သားများမှ ဇွန်လ ၂၄ မှ ၂၈ ရက်၊ ၂၀၂၅ခုနှစ်တွင် အေးသာယာ၊ တောင်ကြီး၊ လွယ်ကောင်း၊ ကေလာရွာ (အင်းလေး)နှင့် ညောင်ရွှေရှိ ညီအကိုမောင်နှမများအား မေတ္တာပြခရီးစဉ်တွင် စိတ်ပိုင်းဆိုင်ရာ အသိပညာများဝေမျှခွင့် ရရှိခဲ့သည့် ဓာတ်ပုံအချို့ကိုမှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

ဤခရီးစဉ် ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ပါဝင်အားဖြည့် ကူညီပေးခဲ့ကြသူများအားလုံးကိုလဲ အထူးကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုဖော်ပြအပ်ပါသည်။

အားလုံးကိုဘုရားရှင်သာ၍ ကောင်းကြီးပေးပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

Address

Seminary Hill, Insein Yangon
Insein

Alerts

Be the first to know and let us send you an email when Care and Counseling project, MIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Care and Counseling project, MIT:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram