
26/04/2022
သင်တစ်ခါမှ မကြားဖူးသေးသော ဓာတ်ဆားရေသောက်ခြင်းရဲ့ကောင်းကျိုးများ
အခုချိန်က အရမ်းပူပြင်းတဲ့ နွေရာသီကာလကို အဆုံးထိဖြတ်သန်းကြရတော့မှာဖြစ်တဲ့အတွက် သာမန်လူတွေအတွက်ကတော့ ဘာမှမသိသာပေမယ့် Workoutလုပ်နေတဲ့ သူတွေ၊ ေချွးထွက် များတဲ့ သူတွေ၊ အရမ်းပူပြင်းတဲ့နေရာမှာ အလုပ်လုပ်တဲ့သူတွေ အတွက်ကတော့ အရမ်းစိတ်အနှောင့်ယှက်ဖြစ်စရာကောင်းတဲ့ အချိန်ကာလတစ်ခုဖြစ်မှာပါ။
Topic: ရေဓာတ်ဆုံးရှုံးခြင်းကို ရေဖြင့်ပြန်လည်အစားထိုးခြင်းသည် မလုံလောက်ပါ
အထူးသဖြင့်အရမ်းပူပြင်းတဲ့ အခြေအနေမှာ ကိုယ်လက်လှုပ်ရှားလုပ်နေခဲ့တယ်ဆိုရင် ခန္ဓာကိုယ်ဟာရေဓာတ်တွေဆုံးရှုံးလာတတ်ပါတယ်။ အာခြောက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွယ်နမ်းခြင်း၊ စိတ်ရှုပ်ခြင်း များက မိမိခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးနေတဲ့ လက္ခဏာများဖြစ်ပါတယ်။
ရေကိုသာ သောက်သုံးပီး ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းက သွေးတွင်းမှာရှိတဲ့ sodium များကိုအရည်ပျော်စေပီး hyponatremiaခေါ်တဲ့ သွေးတွင်းဆားဓာတ်လျော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
Sodium က ေချွးထွက်ခြင်းနဲ့ အခြားအရည်များ ဆုံးရှုံးခြင်းများအများအားဖြင့်ပါဝင်သွားလေ့ရှိပါတယ်။ အဲ့တာကြောင့် ပြီးပြည့်စုံသော ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသည် ရေသာမက electrolyes ခေါ် Minerals (သတ္တုဓာတ်များ) ကိုပါ လိုအပ်တာဖြစ်ပါတယ်။
ဒါ့အပြင်လေ့ကျင့်ခန်းတစ်နာရီအထိလုပ်ပီးသူတိုင်း မိမိခန္ဓာကိုယ်အတွင်းမှ Electrolytesများကို ပြန်လည်ဖြည့်တင်းရန်လိုအပ်ကြောင်းအမေရိကန် အားကစားနဲ့ ဆေးဝါးသိပ္ပံရဲ့ ေလ့လာတွေ့ရှိချက်များမှာ အတိကျဖော်ပြထားပါတယ်။
Treatment
ခန္ဓာကိုယ်တွင်းမှာစီးဆင်းနေတဲ့သွေးတွေ၊ ကိုယ်တွင်းအင်္ဂါတွေ၊ တစ်ရှူးတွေနဲ့ ကိုယ်တွင်းအရည်ဓာတ်တွေမှာ electrolytesဆိုတဲ့ လျှပ်စစ်စီးဆင်းနိုင်တဲ့ ဒြပ်သတ္တုအရည်လေးတွေရှိပါတယ်။ Sodium electrolyteက သွေးတွင်းနဲ့ ဆဲလ်တွင်းအပြင်အနီးတဝိုက် မှ ရေဓာတ်များကို ထိန်းညှိပေးခြင်းမှာပါ ကူညီပေးပါတယ်။
Electrolytesများပါဝင်သော ဓာတ်ဆားရေကို သောက်သုံးပြီး ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသည် ခန္ဓာကိုယ်ရဲ့ဆုံးရှုံးသွားတဲ့ sodiumပမာဏနဲ့အခြားသောအရည်ဓာတ်များကို ပြန်လည်အစားထိုးဖြည့်တင်းပေးပါတယ်။
လိုအပ်သောဓာတ်ဆားရည်အမျိုးစားကိုလိုက်ပီး မိမိ နှစ်သက်ရာအနံ့အရသာနဲ့ ပြည့်စုံသော သောက်ဖွယ်ရာလေးများကို ဘဝမီးအိမ်ဆေးဆိုင်မှ ဝယ်ယူရရှိနိုင်ပါပြီခင်ဗျားး..
ပုံအောက်တွင်စျေးနှင့် အရသာ ထည့်သွင်းဖော်ပြထားပါတယ်ခင်ဗျာ။..Onlineမှ မှာယူမည်ဆိုအနည်းဆုံးဆယ်ထုတ်မှ စတင်ပီး မှာယူရပါမယ်ခင်ဗျာ။
ဆိုင်တွင်လည်း လူကိုယ်တိုင်လာရောက်ဝယ်ယူအားပေးနေကြသော မိဘပြည်သူများကို စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ နွေရာသီရဲ့ အကောင်းဆုံးအချိန်လေးများကို ချစ်ခင်ရသူများနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက်...
ဆက်သွယ်ရန်☎
ဘဝမီးအိမ်-(၁)
ဆရာတော်ကြီးကျောင်းအနီး၊ ဘုရင့်နောင်လမ်းမကြီး၊ ရွာမအနောက်ရပ်ကွက်၊ အင်းစိန်မြို့နယ်။
📞09799706286, 09252292629.
ဘဝမီးအိမ်-(၂)
မင်းစေတီဘုရားအနီး၊ အင်းစိန်မြို့နယ်။
📞095166959, 09955166959.
သိရှိလိုသည်များကိုမေးမြန်းလိုပါက Page Chat boxဆီသို့ တိုက်ရိုက်လာရောက်မေးမြန်းနိုင်ပါတယ်။ဝယ်ယူအားပေးသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။...💁♂️❤
*အချိန်ကာလပေါ်မူတည်၍ စျေးနှုန်းအပြောင်းအလဲရှိနိုင်သည်*
စျေးနှုန်းနှင့်အရသာကို ပုံကိုထောက်၍ဖတ်ရှုပါ။