23/04/2023
ဧကံ နဲ့ သွေးစစ်ခြင်း အကြောင်း တစေ့တစောင်း 🩸
ကျွန်မတို့ ခန္ဓာကိုယ်တွေဟာ Cell တွေနဲ့ ဖွဲ့စည်းထားသလို Blood Tissue တွေလည်း အများကြီး ပါဝင်ပါတယ်။
Blood Tissue ကို အခြေ ခံအားဖြင့် နှစ်မျိုးခွဲထားပြီး သွေးဖြူဥ များတာ သွေးနီဥ များတာ စသဖြင့် သိရှိနိုင်ပါတယ်။
ကျန်းမာနေတဲ့ လူတစ်ယောက်မှာဆိုရင် သွေးနီဥ တွေက သန်မာနေပြီး ကောင်းကောင်း အသက်ရှင်သန်ဖို့ တွန်းအားပေးနေပါတယ်။
သွေးဖြူဥ များလာပြီဆိုရင်တော့ အဆင်မပြေတော့ပါဘူး။ခေါင်းတွေမူးပြီး အန်ချင်လာတာ အစားစားချင်စိတ်ပျောက်ပြီး နုံးချည့်နေတာ။ဒါမျိုး တွေ ခံစားနေရပြီဆိုရင် Medical Check Up လေး လုပ်ဖို့ အကြံပေးပါရစေရှင့်❤
ဖြစ်နိုင်ရင် ကျွန်မတို့တွေဟာ လစဥ် မှန်မှန်လေး Medical Check Up လုပ်ပေးသင့်ပါတယ်။
ငွေတွေပဲ ရှာပြီး ကျန်းမာရေးကို လျစ်လျူရှုထားခြင်းက အရမ်းကိုအန္တရာယ်များလှပါတယ်။
ဒါကြောင့်မလို့ ကျန်းမာရေးကို လျစ်လျူရှုမထားဘဲ သေချာလေး ဂရုစိုက်သင့်ပါတယ်။ဒီလိုမျိုး ကျန်းမာရေးကို ဂရုစိုက်ခြင်းက သင့်စီးပွားရေးကို ရင်းနှီးမြှုပ်နှံတာနဲ့ညအတူတူပါပဲ။ဒီလိုမျိုး ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ချင်ရင်
ကျွန်မတို့ ဧကံ Health Care & Diagnostic Centre ကို လှမ်းလာခဲ့ဖို့ အကြံပြုပါရစေရှင့်။
ကျွန်မတို့ ဧကံ Health Care & Diagnostic Centre က ခုနှစ်ရက်သားသမီးများအားလုံး ကျန်းမာ ရွှင်လန်းစေရန် အဓိက ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
Centre တွင်လည်း ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများနဲ့အတူ ရောဂါ ဇစ်မြစ်ကို သေချာ သိရှိအောင် ဖော်ထုတ်ပြီး ပျောက်ကင်းအောင် ကုသပေးနေတာ ဖြစ်ပါတယ်။
ကျွန်မတို့ Centre တွင်ရရှိနိုင်တဲ့ ဝန်ဆောင်မှုများကိုလည်း အသေးစိတ် အခမဲ့ မေးမြန်းဆွေးနွေးနိုင်ပါတယ်။
ဆေးစစ်ရာတွင် အဓိက အခရာကျတာ သွေးစစ်ခြင်းဖြစ်လို့ သွေးစစ်ခြင်းနဲ့ ပတ်သက်ပြီး
သိသင့်တာလေးကို ဖော်ပြပေးလိုက်ပါတယ်နော်👇👇
✅ CP (Auto) ကတော့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုပါ။
✅ Creatinine ကတော့ ဆီးချိုရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ (Urea) လည်း တူပါတယ်။
✅ Electrolytes ကတော့ ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေအတွက် စစ်ဆေးတာပါ။
✅ HBA1c ကတော့ လွန်ခဲ့တဲ့ ၃ လအတွင်း ဆီးချို ရောဂါကို ထိန်းချုပ်နိုင်စွမ်း ရှိ မရှိ သိရှိနိုင်တဲ့ စစ်ဆေး
မှုပါ။
✅ Urine RE ကတော့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုပါ။
✅ FBS Fasting Blood Sugar) ကတော့ ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေး
မှုပါ။
✅ HbsAg ကတော့ အသားရောင်အသားဝါ B ပိုးစစ်တာပါ။
✅ Alkaline Phosphates ကတော့ အသည်းစစ်ဆေးတာပါ။
✅ AFP က အသည်းကင်ဆာ စစ်တာပါ။
✅ Lipid profile ကတော့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ (ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကို ကြည့်ပြီး နှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်) စစ်ဆေးတာပါ။
✅ VDRL ကတော့ Syphilis အတွက် စစ်ဆေးတာပါ။
✅ ECG ကတော့ နှလုံးစစ်ဆေးတာ နှလုံးကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာပါ။
✅ EST ကတော့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာပါ။
✅ Urine test ကတော့ ဆီးစစ်ဆေးတာပါ။ (ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန် မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ)
✅ Blood Sugar ကတော့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာပါ။(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ)
✅ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကို စစ်တာပါ။ (အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှုများ)
✅ BUN ကတော့ ကျောက်ကပ် စစ်တာပါ။
✅ Cholesterol ကတော့ သွေးထဲရှိ ကိုလက်စထရောစစ်တာပါ။
✅ HDL Cholesterol ကတော့ သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ်ကို စစ်တာပါ။
✅ LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကို စစ်တာပါ။
✅ Haemogram ကတော့ (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)ပါ။
✅ HBs Antigen ,HCV Antibody ကတော့ အသည်းရောင်အသားဝါ ဘီပိုး စီပိုး ရှိ မရှိ စစ်တာပါ။
✅ Anti HBS ကတော့ B ပိုး ကိုယ်ခံအားစစ်တာပါ။
✅ Anti HCV ကတော့ C ပိုး စစ်တာပါ။✅ X - ray ကတော့ ဓာတ်မှန်ရိုက်တာပါ။ (ရင်ဘတ်ဓာတ်မှန်နဲ့ အရိုး ကျိုး အက် စတာတွေအတွက် စစ်တာ)
✅ (Chest X-ray) ကတော့ ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါ ရှိ မရှိ စစ်ဆေးတာပါ။
✅ USG (Ultrasound) ကတော့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း
စသည့် ၀မ်းတွင်းအင်္ဂါများ ရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင်များအတွက် စစ်ဆေးတာပါ။
✅ Thyroid Function Test ကတော့ လည်ပင်းကြီးဟော်မုန်းစစ်တာပါ။
✅ T3,T4,TSH ကတော့ သိုင်းရွိုက် ဟော်မုန်းစစ်တာပါ။
✅ Vitamin D (Total) ကတော့ အရိုးပွရောဂါအတွက်စစ်တာပါ။
✅ Uric acid (Gout) ကတော့ အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာပါ။
✅ RA ကတော့ သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာပါ။
✅ ESR -ကတော့ သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ (သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် ) အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာပါ။
✅ PSA/CA 125/CA 153 ကတော့ ကင်ဆာဖြစ်နိုင်ခြေရှိ မရှိ စစ်ဆေးတာပါ။
✅ PSAကတော့ ဆီးကျိတ်ကင်ဆာ စစ်တာပါ။
✅ CEAကတော့ အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာပါ။
✅ Digital Mammogram ကတော့ ရင်သားဓာတ်မှန် ရိုက်တာပါ။
✅ CRP က သွေးကြောရောင်ကိုင်းတာကို စစ်တာပါ။
လူကြီးမင်းတို့ရဲ့ သာယာပျော်ရွှင်ဖွယ်နေ့ရက်တိုင်းကို ဖန်တီးနိုင်ဖို့က ကျန်းမာရေး ကောင်းနေမှ ဖြစ်တာမလို့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာပဲလိုလို ဧကံကိုသာ အရောက်လာလိုက်ပါ။🙏❤
အသေးစိတ် သိရှိလိုပါက
09- 883352844သို့ ဟယ်လို လိုက်ပါနော်✨😘
#သွေးစစ်ခြင်း
#ဧကံ