Yama Fuji Blind Massage

Yama Fuji Blind Massage Yama Fuji Blind Massage- ယာမဖူဂျီ ဂျပန်- မြန်မာ မျက်? Yama Fuji Blind Massage- ယာမဖူဂ်ီ ဂျပန်- မြန်မာ မျက်မမြင် အကြော်ပြင် အနှိပ်ခန်းမ

 #သည်းခြေကျောက်တည်ခြင်း@@@@@@@@@@@@@သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်း...
20/05/2025

#သည်းခြေကျောက်တည်ခြင်း
@@@@@@@@@@@@@

သည်းခြေဆိုတာ လူတိုင်းမှာရှိပါတယ်။ ဝမ်းဗိုက်ရဲ့ညာဖက် အသည်းရဲ့အောက်ခြေမှာရှိတယ်။ အသည်းရဲ့ အခြေမှာ ရှိတဲ့အိတ်မို့လို့ သည်းခြေအိတ်(gallbladder)လို့ခေါ်ပါတယ်။ သူ့တာဝန်က အသည်းကထွက်လာတဲ့သည်းခြေရည်(bile)တွေကို သိုလှောင်ထားဖို့ပါ။ အသည်းဆိုတာ ခန္ဓာကိုယ်မှာ အကြီးဆုံးပဲ။ အဲဒီကနေ သည်းခြေရည်ဆိုတာ ထုတ်ပေးနေတယ်။ ထွက်လာတဲ့ သည်းခြေရည်က hepatic ductကတဆင့် သည်းခြေအိတ်ထဲရောက်ပြီး သိုလှောင်ထားတယ်။ လိုအပ်တဲ့အခါ common bile ductဆိုတဲ့ ပြွန်မကြီးကတဆင့် အူသိမ်ထဲဝင်ပြီး အဆီကို ခြေဖျက်ပေးပါတယ်။

အစားအသောက်ထဲမှာပါတဲ့ အဆီကို ခြေဖျက်ဖို့ သည်းခြေရည်လိုအပ်တယ်။ အဆီတခုစားလိုကိတာနဲ့ သည်းခြေအိတ်ထဲမှာ သိုလှောင်ထားတဲ့အရည်က ထွက်လာပြီး အဆီကို ခြေဖျက်ပေးတယ်။ သည်းခြေရည်(bile)ရဲ့ တာဝန်က အသားအသောက်မှာပါတဲ့ အဆီ(fat)ကို ချေဖျက်ဖို့ ဖြစ်ပါတယ်။ သည်းခြေရည်ထဲမှာ ရေဓာတ်၊ကိုလက်စတော(cholesterol)၊ဘီလီရူဘင်(bilirubin) နဲ့ သည်းခြေ ဆားဓာတ်(bile salts)တွေ ပါဝင်တယ်။ ဒီဓာတ်တွေ ပေါင်းစုနေလို့ သည်းခြေရည်က စိမ်းဝါရောင်ရှိတယ်။ အရသာက ခါးသက်သက်ရှိတယ်။ဒီဓာတ်ချို့တဲ့ရင် အစာမကြေ၊ရင်ပြည့်ရင်ကယ်ဖြစ်တတ်တယ်။

သည်းခြေအိတ်တခုရဲ့ အရွယ်ဟာ အချင်း ၁လက်မခွဲ၊အရှည် ၃လက်မလောက် ရှိတယ်။ သစ်တော်သီးလို ရှည်မျောမျော ပုံစံရှိတယ်။ ပူဖောင်းကို လေလျှော့ထားတာနဲ့ တူတယ်။ သည်းခြေပြွန်(Common bile duct)က ၆မီလီမီတာ အချင်းရှိပြီး ၆စင်တီမီတာရှည်တယ်။ ဒါ့ကြောင့် ၆မီလီမီတာအောက် အရွယ်ရှိကျောက်တွေဟာ သူဘာသာကျသွားနိုင်တယ်။

ယူကေမှာ စာရင်းတွေအရ လူကြီး ၁၀ယောက်မှာ တယောက်ဟာ သည်းခြေကျောက်ရှိနေပါတယ်။ ဒါပေမယ့် အများစုက ဝေဒနာမခံစားရဘူး။ အဝလွန်သူ၊အဆီများသူ၊အသက်(၄၀)အထက်တွေမှာ ပိုတွေ့ရတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် သုံးဆလောက်ပိုဖြစ်တယ်။ ထပ်တွေ့တာက ကလေးမွေးဖူးတဲ့မိခင်တွေဟာ ပိုဖြစိနိုင်တယ်ဆိုတာပါ။ ကလေးမွေးတုန်း ဟော်မုန်းအပြောင်းအလဲက ကိုလက်စတောကို များသွားစေတယ်။ နောက်ပြီး ဗိုက်အဆီပြင်များသူတွေမှာ ပိုတွေ့ရတယ်။ ဝိတ်အမြန်ချတာကလည်း အသည်းက ကိုလက်စတော ပိုထုတ်ရလို့ သည်းခြေကျောက်ကု ဖြစ်စေနိုင်တယ်။သက်သက်လွတ်စားသူ၊အရက်ကို တော်သင့်ရုံသောက်သူတွေမှာ သည်းခြေကျောက်ရောဂါ အဖြစ်နည်းတာ တွေ့ရတယ်။

သည်းခြေရည်ထဲမှာရှိတဲ့ ကိုလက်စတောက ကြာတဲ့အခါ အနည်ကျ ချိုးကပ်လာရာက သည်းခြေကျောက်ဆိုတာ ဖြစ်လာပါတယ်။ သည်းခြေကျောက်အများစု (၈၀ရာခိုင်နှုန်း)က ကိုလက်စတောကျောက်(cholesterol stone)တွေ ဖြစ်ပါတယ်။ တချို့မှာ ကယ်လ်စီယမ်ကျောက်(calcium stone)လည်း ဖြစ်နိုင်တယ်။ ပေါင်းစပ်ကျောက်(mixed stone)လည်း ရှိဦးမယ်။အရွယ်အစားက ရွေးစေ့ကနေ ဂေါက်သီးလုံးအထိအမျိုးမျိုး ဖြစ်နိုင်တယ်။ အရေအတွက်ကလည်း မတူညီကြဘူး။ကျောက်သေးသေးလေးတွေဖြစ်နိုင်သလို တလုံးတည်း ကျောက်တည်တာလဲ ရှိတယ်။ ပုံမှန်အားဖြင့် သည်းခြေအိတ်ထဲ ကျောက်ရှိတာမျိုးက လူကို ဘာမှဒုက္ခမပေးဘူး။

ဘယ်အချိန်မှာ ကုဖို့လိုလဲ
သည်းခြေကျောက်က သည်းခြေပြွန်မှာ သွားပိတ်ရင်တော့ လူကို ဒုက္ခပေးလာတယ်။ ကုဖို့လိုပါပြီ။ အရင်ဆုံး လက္ခဏာတွေ ပြလာတယ်။ အစာမကြေတာရှိမယ်။ ဗိုက်ညာဖက်ခြမ်း ချွေးဒီးဒီးကျအောင် နာကျင်ခံစားရတယ်။ နာတာက ဆက်တိုက်နာတာ။ ဗိုက်တပြင်လုံးနာတာလည်း ရှိနိုင်တယ်။ ဒီလက္ခဏာနဲ့ အတူ အဖျားကြီးတာ၊အသားဝါ၊မျက်လုံးဝါ၊ဝမ်းရောင်ဖျော့သွားတာ ရှိတယ်။ သည်းခြေကျောက်က အငြိမ်မနေပဲ အောက်မှာရှိတဲ့ ပန်ကရိယကို သွားပိတ်ရင် ပန်ကရိယရောင်ဦးမယ်။ အရေးပေါ်ကုသရပါတယ်။ ပန်ကရိယ(pancreas)ကို မြန်မာတွေက မုန့်ချိုအိတ်လို့ ဘာသာပြန်ပါတယ်။ သရက်ရွက်(spleen)နဲ့ မတူဘူး။ မုန့်ချိုအိတ်ဆိုတာ ဗိုက်ညာဘက်၊သရက်ရွက်က ဘယ်ဖက်မှာရှိတယ်။ သရက်ရွက်(spleen)ကြီးတာကို ဘေလုံးကြီးတာလို့ ခေါ်ပြန်တယ်။

သည်းခြေကျောက်ရှိ၊မရှိ အက်ထရာဆောင်း(ultrasound)ရိုက်ပြီး သိနိုင်တယ်။ လူအများစုက ဆေးစစ်ရင်း အမှတ်မထင်တွေ့တာ။ကံကောင်းတာက လူသုံးယောက်မှာ နှစ်ယောက်ဟာ ဘာလက္ခဏာမှ မပြလို့ ကုသဖို့မလိုအပ်ဘူး။ အကယ်၍ မခံမရပ်နိုင်အောင် ဗိုက်နာလာတဲ့အခြေအနေမျိုးမှာ ကုဖို့လိုတယ်။
အရေးပေါ်အခြေအနေမှာ ခွဲစိတ်ကုသဖို့ထိ လိုတယ်။ နည်းပညာမြင့်လာတော့ keyhole surgeryဆိုတဲ့နည်းနဲ့ ခွဲလာကြတယ်။ ဗိုက်မှာ အပေါက်လေးဖောက် ပြွန်ထိုးပြီး သည်းခြေအိတိကို ဖြတ်ထုတ်ယူရတယ်။ သည်းခြေအိတ်ထုတ် လိုက်တဲ့အတွက် ပြဿနာကြီးကြီးမားမားမရှိပါဘူး။ သည်းခြေရည်တွေကတော့ အစာရှိရှိ၊မရှိရှိ အူထဲကို အဆက်မပြတ်ထွက်နေတာကြောင့် အဆီစားများရင် အစာမကြေ၊ဝမ်းပျက်တာမျိုးခံစားရနိုင်တယ်။

သည်းခြေကျောက်တိုင်း ခွဲဖို့မလိုဘူး။ သိပ်မကြီးတဲ့ကျောက်တွေမှာ ပြင်ပကနေ လှိုင်းသုံးပြီး ကျောက်ခြေနိုင်တယ်။ ESWL(extracorporeal shock wave lithotripsy)လို့ခေါ်ပါတယ်။ စွမ်းအင်မြင့် အက်ထရာဆောင်းလှိုင်းကိုသုံးပြီး ကျောက်ခြေတဲ့နည်းပါ။ အရွယ်အစား ၂စင်တီမီတာအောက် တွေမှာ သုံးလို့ရတယ်။ ကောင်းတာက ခွဲစိတ်ဖို့ မလိုဘူး။ အသက်ကြီးသူတွေနဲ့ သင့်တော်တယ်။ တခြားနည်းက ကျောက်ပျော်ဆေး ပေးတာ။ သေးငယ်တဲ့ကိုလက်စတောကျောက်တွေမှာ ursodeoxycholic acid သောက်ဆေးပေးရင် ပျောက်ကင်းနိုင်တယ်။ အရွယ်အစား ၁စင်တီမီတာအောက်မှာ ၃၈ရာခိုင်နှုန်းအောင်မြင်ပြီး ပင်စိမ်းရွက်၊ပရုတ်အေးနဲ့ရောရင် ၅၃ရာခိုင်နှုန်းထိ အောင်မြင်တယ်။ ဆေးကို အနည်းဆုံး (၂)နှစ်လောက် သောက်ပေးရတယ်။ မကောင်းတာက ဆေးဖြတ်ပြီး ပြန်ဖြစ်နိုင်တယ်။

ကျောက်ရှိရင် ဘာတွေလုပ်သင့်လဲ
တရက်ကို အနည်းဆုံးရေ (၂)လီတာသောက်ပါ။ ဖြစ်စ (၂)ပတ်အတွင်း ရှောင်ရမည့်အစားအစာတွေ ရှိတယ်။ ထောပတ်၊ဒိန်ခဲ၊နွားနို့၊ရေခဲမုန့်၊ဘီစကစ်၊အခွံမာသီး၊အမဲသား၊ဝက်သား၊ဆိတ်သား၊ငါးသေတ္တာတွေ မစားပါနဲ့။ပြန်ကြော်ဆီ၊တိရိစ္ဆာန်ဆီ လုံးဝရှောင်ပါ။ အဆီများတာ၊သကြားဓာတ်ကဲတာတွေ ရှောင်ပါ။နှမ်းဆီ၊မြေပဲဆီ သန့်သန့်ကိုသာ သုံးပါ။ တရက်ကို ဆီလက်ဖက်ရည်တဇွန်းထက် ပိုမစားမိစေနဲ့။အစားအသောက်ထဲမှာ အမျှင်ဓာတ်များပါစေ။ သား၊ငါးတွေ အစား လတ်ဆတ်တဲ့ အသီးအရွက်၊သစ်သီးဝလံကို အဓိကစားသုံးပေးသင့်တယ်။

အိမ်သုံးနည်းများ
(၁)
ပန်းသီးစိမ်းရည်က သည်းခြေကျောက်ကို အရည်ပျော်စေတယ်။
ပထမငါးရက်အတွင်း ပန်းသီးဖျော်ရည် ၄ခွက်(သို့)ပန်းသီးစိမ်း ၄လုံးကို နေ့စဉ် အချိန်မှန် စားရမှာဖြစ်တယ်။ ရေများများသောက်၊အဖတ် တတ်နိုင်သမျှ လျှော့ရမယ်။၆ရက်မြောက်နေ့မှာ ညစာမစားပဲ Epsom salt (ဆားခါး) လက်ဖက်ရည်ဇွန်းတဇွန်းကို ရေနွေးတခွက်နဲ့ ရောသောက်ပါ။ ဆားခါးက သည်းခြေပြွန်ကို ပွင့်စေတယ်။ည(၈)နာရီမှာ နောက်တကြိမ်ဆက်သောက်ပါ။ ည(၁၀)နာရီမှာ သံလွင်ဆီ ခွက်တဝက်စာကို ရှောက်ရည်ခွက် တဝက်နဲ့ရောပြီး သောက်ရမှာ ဖြစ်ပါတယ်။ သံလွင်ဆီက ကျောက်ထွက်တဲ့လမ်းကြောင်းကို ချောမွေ့စေတယ်။ ဒါပေမယ့် ဒီနည်းသုံးတဲ့အခါ ဝမ်းလွယ်သူ၊ဆားခါးမတဲ့သူတွေ သတိထားရမယ်။ သုံးစွဲသူအချို့က နောက်ရက်မှာ ဝမ်းနဲ့အတူ အစိမ်းရောင်ကျောက်တွေ ပါလာတာ တွေ့ရသတဲ့။

(၂)
နောက်တနည်းက သည်းခြေနေရာကို ကြက်ဆူဆီအဝတ် တင်ပေးရတာပါ။ ကြက်ဆူဆီကို ဒယ်အိုးတလုံးနဲ့ အပူပေး၊ ပြီးရင် သန့်တဲ့အဝတ်စတခုကို ယူပြီး ကြက်ဆူဆီထဲစိမ်ပါ။ စိမ်ထားတဲ့ အဝတ်ကို ဝမ်းဗိုက်ညာဖက်ခြမ်းမှာ တင်ထားပါ။ အဝတ်စပေါ် ပလတ်စတစ်တထပ်အုပ်ပြီး ရေနွေးအိတ်ကပ်ပေးပါ။အပူလျှော့သွားတိုင်း အသစ်လဲပါ။ ဒီအတိုင်း နာရီဝက်လောက် ကပ်ပေးထားရမှာဖြစ်ပါတယ်။ ဒီလိုနေ့စဉ်လုပ်ပြီး (၃)ပတ်လောက်အကြာ ကောင်းသွားတဲ့လူနာတွေလည်း ရှိတယ်။

(၃)
သည်းခြေကျောက်ပျော်နည်းအများစုမှာ သံလွင်ဆီကို သုံးတာတွေ့တယ်။ တချို့က ပန်းသီးဖျော်ရည်၊ရှောက်သီးဖျော်ရည်နဲ့ ရောသောက်တယ်။ အနောက်နိုင်ငံတွေမှာ apple cigar vinegarကို နေ့စဉ် နည်းနည်းစီသောက်ခိုင်းတယ်။ဝိုင်သောက်တာလည်း ကောင်းသတဲ့။East Anglia တက္ကသိုလ်က လူပေါင်း ၂၅၆၃၉ ယောက်ကို ၁၀နှစ်ကြာလေ့လာတဲ့အခါ ဝိုင် ၂ယူနစ် နေ့စဉ်သောက်သုံးသူဟာ သည်းခြေကျောက်ဖြစ်နိုင်ချေ သုံးပုံတပုံထိ ကျဆင်းစေတယ်။ ဝိုင် ခွက်သေး တဝက်စာကို နေ့စဉ်သောက်သုံးခြင်းက ကျောက်မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခံစားရသူ ၄၀ရာခိုင်နှုန်း သက်သာစေတယ်။

(၄)
သည်းခြေသမား သစ်တော်သီး စားဖို့ အကြံပြုပါတယ်။ သစ်တော်သီးမှာပါတဲ့ pectinဓာတ်က သည်းခြေကျောက်ကို ပျော့သွားစေတယ်။ သစ်တော်သီးအရည် ခွက်တဝက်စာကို ရေနွေးနဲ့ရောပါ။ ပျားရည် ထမင်းစားဇွန်း(၂)ဇွန်း ရောပြီး တနေ့သုံးကြိမ်သောက်ပါ။ အခွံခွာ၊ပါးပါးလှီးပြီး ရေနဲ့ မိနစ်(၂၀)ခန့် ပြတ်ပြီး ပန်းကန်လုံးတလုံးစာ တနေ့နှစ်ကြိမ် (၂)ပတ်သောက်လို့လည်း ရတာပဲ။

(၅)
Psyllium ဆိုတာ အမျှင်ပါတဲ့ ဝမ်းပျော့ဆေးတမျိုးပါ။အူလမ်းကြောင်းကို သန့်စင်စေပြီး ကိုလက်စတောကို ချပေးတယ်။ သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ပေးတယ်။ Psylliumအထုပ်ကို ရေများများနဲ့ဖျော်၊တနေ့(၂)ကြိမ်သောက်ရင် ကျောက်ပျော်စေသတဲ့။နနွင်းထည့်ရင် သည်းခြေရည်ရဲ့ပျော်ဝင်မှုကို အားကောင်းစေတယ်။

(၆)
Milk thistleဆိုတာ အသည်းရောဂါတွေမှာသုံးတယ်။ ဒီထဲမှာပါတဲ့ silymarinဓာတ်က ခါးသက်သက်အရသာရှိတယ်။ သည်းခြေရည်ကို ပိုထုတ်လုပ်ပေးလို့ သည်းခြေကျောက်တွေ ကျသွားနိုင်တယ်။milk thistleအစေ့ တဇွနိးစာကို ကြိတ်၊ရလာတာကို ရေနဲ့ရော အပူပေးပြီး မိနစ်(၂၀)နပ်ထား၊အရသာကောင်းအောင် ပျားရည်တဇွန်းထည့် တနေ့(၂)ကြိမ်သောက် ရင် သည်းခြေကျောက်ကျစေတယ်။ အသည်းအားဆေးတွေထဲမှာ ပါတဲ့ phosphatidylcholine 100mg တနေ့သုံးကြိမ်သောက်လို့လည်း ရတယ်။

(၇)
အသည်းအဆီဖုံးသူတွေ ရှောက်ရည်နေ့စဉ်သောက်ပေးပါ။ ရှောက်သီးမှာပါတဲ့ ဗီတာမင်စီက ကိုလက်စတောကို ရေထဲမှာ ပျော်ဝင်စေမယ်။အသည်းမှာရှိတဲ့ ကိုလက်စတောတွေကို ကျဆင်းစေတယ်။ ရှောက်သီးကို အခွံမခွာ၊သကြားမထည့်ပဲ အစိမ်းလိုက်ဝါးစားနိုင်တယ်။ နောက်တနည်းက ရှောက်ရည်ထမင်းစားဇွန်း (၄)ဇွန်းကို ရေတဖန်ခွက်နဲ့ရောပြီး မနက်အိပ်ရာထ အစာမရှိခင်သောက်ပါ။ (၆)လနေတဲ့အခါ ဓာတ်မှန်ရိုက်ကြည့်ပါ။ အသည်းအဆီဖုံးတာ သိသိသာသာသက်သာလာလိမ့်မယ်။

#ကျန်းမာ​ရေးဗဟုသုတရကြပါ​စေ🙏🙏🙏

ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ(၉.၃.၁၅)

17/04/2025
06/04/2025

ငလျင်ဘေးဒဏ်သင့် မြန်မာပြည်သူတွေအတွက် ကူညီကယ်တင်ပေးကြသူတွေအားလုံးကို မြန်မာတစ်နိုင်ငံလုံးပြည်သူလူထု တစ်ရပ်လုံး က ဒီကျေးဇူးတရားတွေကို ထာဝရ စွဲမြဲစွာ မှတ်မိနေတော့မှာပါ .....

ဘယ်တော့မှလည်း မေ့မရနိုင်ပါဘူး .....

ကျေးဇူးအများကြီးတင်ရပါတယ် ခင်ဗျာ 🙏

The entire Myanmar people will remember these acts of kindness forever for all those who helped and rescued the people of Myanmar who were affected by the earthquake.

We will never forget them.

Thank you very much. 🙏

對於所有幫助和拯救緬甸地震災區人民的人們,整個緬甸人民將永遠銘記這份感激之情…

我永遠不會忘記......非常感謝 🙏

ถึงทุกคนที่ช่วยเหลือและช่วยชีวิตชาวพม่าที่ได้รับผลกระทบจากแผ่นดินไหว ชาวเมียนมาร์ทั้งหมดจะจดจำความกตัญญูนี้ตลอดไป.....

ผมจะไม่มีวันลืมมันเลย.....

ขอบคุณมากครับ 🙏

Всем тем, кто помог и спас народу Бирмы, пострадавшему от землетрясения, весь народ Мьянмы навсегда запомнит эту благодарность.....

Я никогда этого не забуду.....

Спасибо большое 🙏

지진으로 피해를 입은 버마 국민들을 돕고 구해주신 모든 분들께, 미얀마 전 국민은 이 감사의 마음을 영원히 기억할 것입니다....

절대 잊지 않을게요.....

정말 감사합니다 🙏

地震で被害を受けたビルマの人々を助け、救ってくれたすべての人々へ、ミャンマー国民全員がこの感謝の気持ちを永遠に忘れないでしょう。

決して忘れません....本当にありがとう 🙏

Kepada semua pihak yang telah membantu dan menyelamatkan masyarakat Burma yang terkena dampak gempa, seluruh rakyat Myanmar akan selalu mengingat rasa terima kasih ini.....

Saya tidak akan pernah melupakannya..... Terima kasih banyak 🙏

Kepada semua pihak yang membantu dan menyelamatkan rakyat Burma yang dilanda gempa bumi, seluruh rakyat Myanmar akan mengenang budi ini sampai bila-bila.....

Saya tidak akan melupakannya..... Terima kasih banyak-banyak 🙏

Đối với tất cả những người đã giúp đỡ và cứu người dân Miến Điện bị ảnh hưởng bởi trận động đất, toàn thể người dân Myanmar sẽ mãi mãi ghi nhớ lòng biết ơn này.....

Tôi sẽ không bao giờ quên nó..... Cảm ơn bạn rất nhiều 🙏

26/02/2025

လာမယ့်နှစ်(၂၀)မှာလူတိုင်းနီးပါးဖြစ်လာမယ့်ကုမရတဲ့(Autoimmune Diseases)ခေါ်ရောဂါဆိုးများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာရှည်တယ်ဆိုပြီးတော့ကျော်မသွားကြပါနဲ့၊အစအဆုံးနားလည်အောင်သေချာဖတ်ပါ၊ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ဗဟုသုတကတနေ့ခင်ဗျားတို့အသက်ကိုကယ်တင်ပေးလိမ့်မယ်။ကျော်သွားရင်တော့တနေ့နောင်တရလိမ့်မယ်။အသိနောက်ကျသွားရင်ခင်ဗျားတို့အသက်ကိုဘယ်သူမှမကယ်နိုင်ဘူး။ကင်ဆာရောဂါအကြောင်းကိုတော့လူတိုင်းသိပြီးသား၊ကင်ဆာဖြစ်မှာလဲလူတိုင်းကြောက်ကြပြီးသားပါ။ဒါပေမဲ့ဒီနေ့ကမ္ဘာမှာကင်ဆာထက်ပိုကြောက်စရာကောင်းတဲ့အမည်ဖေါ်မပြနိုင်သေးတဲ့ရောဂါဆန်းတွေအမျိုးမျိုးဖြစ်နေတာကိုတော့လူတွေစိတ်ဝင်စားပုံမရဘူး၊လေ့လာပုံလဲမရဘူး။မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့စကားအတိုင်းကြောက်လဲမကြောက်တတ်ကြဘူး၊ဘယ်ကြောက်မှာလဲသိမှမသိကြတာ။ဘယ်သိမှာလဲလေ့မှမလေ့လာကြတာ။မြန်မာလူမျိုးဆိုတာကလဲသိပ်ခက်တယ်၊ရောဂါတမျိုးမျိုးဖြစ်လာရင်ဆရာဝန်တွေဆီသွားပြီးမိမိကိုယ်ကိုပုံအပ်လိုက်ရင်ကောင်းသွားမယ်လို့တထစ်ချယုံကြည်ထားကြတာ။ဒါပေမဲ့ခက်တာကယနေ့ခေတ်မှာဖြစ်နေတဲ့နာတာရှည်ရောဂါ(Chronic-Diseases)တွေဆိုတာကမြန်မာပြည်ကလိုဆရာဝန်တွေမပြောပါနဲ့ကမ္ဘာ့ဆေးပညာမှာထိပ်ဆုံးရောက်နေတဲ့အမေရိကန်ကဆရာဝန်တွေ၊ဆေးရုံတွေတောင်ကုသလို့မပျောက်ကင်းနိုင်သေးပါဘူး။အမေရိကန်ကဆရာဝန်တွေကိုယ်တိုင်သူများကိုကုပေးဖို့မပြောပါနဲ့၊သူတို့ကိုယ်တိုင်တောင်အဲဒီရောဂါဆိုးတွေနဲ့ပဲနေ့တိုင်းသေနေကြရပါတယ်။အသက်ဆိုတာဥာဏ်စောင့်ပါတယ်။မိမိမှာရောဂါဆိုးတွေမဖြစ်လာဖို့ကဆရာဝန်တွေရဲ့တာဝန်မဟုတ်ဘူး၊မိမိရဲ့တာဝန်ဆိုတာလူတိုင်းနားလည်ဖို့လိုနေပါပြီ။ဆရာဝန်တွေကိုပဲထိုင်အားကိုးနေရင်တော့ဘယ်တော့မှအသက်မရှည်နိုင်ဘူး။ရောဂါဝေဒနာဆိုးတွေနှိပ်စက်မှု့ကိုလဲမသေခင်အလူးအလဲခံစားရဦးမယ်။ခင်ဗျားတို့အသက်ရှည်ကျန်းမာဖို့အသက်ရှည်ဖို့ကဆရာဝန်တွေဆီမှာတာဝန်မရှိပါဘူး၊ခင်ဗျားတို့ကိုယ်တိုင်မှာပဲတာဝန်ရှိနေတာပါ။ဆရာဝန်အများစုကတော့ခင်ဗျားတို့ကျန်းမာဖို့ထက်သူ့မိသားစုကျန်းမာဖို့၊သူ့မိသားစုပိုက်ဆံဖေါဖေါသီသီသုံးနိုင်အောင်ငွေများများရှာပေးနိုင်ဖို့တာဝန်ကပိုပြီးအရေးကြီးနေတယ်ဗျ။ဒီလောက်ပြောရင်သဘောပေါက်ကြမှာပါ။
-------
အခုခေတ်မှာအလွန်ကြောက်စရာကောင်းပြီးကုလို့မရတဲ့၊ရောဂါဆိုးပေါင်းရာနဲ့ချီဖြစ်နေကြပါတယ်။တချို့ကိုတော့အမည်တပ်ပြောနိုင်တယ်။တချို့ကိုတော့ဘာရောဂါမှန်းကိုမသိလို့အမည်တပ်မပြောနိုင်သေးဘူး။အားလုံးကိုခြုံပြီးပြောလိုက်ရင်(Autoimmune Diseases)ဆိုရင်မမှားပါဘူး။(Autoimmune Diseases)ဆိုတာကတမျိုးတည်းလဲမဟုတ်ပါဘူး၊အမျိုးပေါင်းရာနဲ့ချီဖြစ်နေကြတာပါ။မိမိခန္ဓာကိုယ်ရဲ့ရောဂါခုခံကာကွယ်တိုက်ခိုက်မှုစနစ်(Immune System)ကဖောက်ပြန်ပျက်စီးသွားပြီး၊ရောဂါတွေကိုခုခံတိုက်ခိုက်ရမဲ့အစားမိမိခန္ဓာကိုယ်ကအရေးကြီးတဲ့အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်ပြန်လည်တိုက်ခိုက်လာတာပါ။
-------

မြန်မာလိုဆိုရင်တော့(ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွား)တဲ့ရောဂါတွေပေါ့ဗျာ။ယနေ့ကမ္ဘာမှာ(Autoimmune Diseases)အမျိုးပေါင်းအမည်တပ်လို့ရတာက(၈၀)ကျော်၊အမည်တပ်လို့မရနိုင်သေးတာတွေနဲ့ပေါင်းလိုက်ရင်ရာနဲ့ချီဖြစ်နေကြပြီ။အဲဒီရောဂါတွေကိုတမျိုးစီအမည်တပ်နေတာကလဲ၊ခန္ဓာကိုယ်ကဘယ်လိုအစိတ်အပိုင်းကိုပြန်တိုက်ခိုက်ဖျက်ဆီးရင်ဘာရောဂါ၊ဘာလက္ခဏာရှိရင်ဘာရောဂါဆိုပြီးအမည်တပ်ပြောနေကြတာပါပဲ။ဦးနှောဏ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊ပန်ကရိယကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆစ်အမြစ်တွေကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊အဆုတ်ကိုတိုက်ခိုက်ဖျက်ဆီးနေသလား၊သိုင်းရိုက်ကိုတိုက်ခိုက်ဖျက်ဆီးနေတာလား၊စသည်ဖြင့်ဘယ်အင်္ဂါအစိတ်အပိုင်းကိုတိုက်ခိုက်ဖျက်ဆီးနေတာလဲဆိုတာကိုကြည့်ပြီးအမည်အမျိုးမျိုးပေးနေရင်တော့ကုန်မှာမဟုတ်ပါဘူး။ဒီလိုရာနဲ့ချီရှိတဲ့ရောဂါတွေကိုနာမည်လိုက်ပေးနေမဲ့အစား၊ရောဂါတွေစဖြစ်ရခြင်းရဲ့အဓိကအကြောင်းတရားဇစ်မြစ်ကိုသိဖို့ကပိုပြီးအရေးကြီးပါတယ်။ဒါဆိုရင်ရောဂါတခုတည်းတင်မဟုတ်ဘူး၊ရာနဲ့ချီနေတဲ့ရောဂါအားလုံးကနေတပြိုင်တည်းကာကွယ်ပြီးသားဖြစ်မှာပေါ့။
-------
ခင်ဗျားတို့ခန္ဓာကိုယ်ကိုပြင်ပကရောဂါပိုးအမျိုးမျိုးတွေကနေ့စဉ်နေ့တိုင်းတိုက်ခိုက်နေတယ်။ဒါပေမဲ့ခင်ဗျားတို့နေ့တိုင်းရောဂါတွေမဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)ကအချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းခင်ဗျားတို့ကိုခုခံကာကွယ်ပေးနေလို့ပါ။ရောဂါခုခံမှုစနစ်(Immune System)ကပိုးမွှားတွေသိပ်ပွားများတာမြန်လွန်းလို့မနိုင်တော့ပဲစစ်ကူတောင်းရင်ခင်ဗျားတို့က(antibiotics)လို့ခေါ်တဲ့ပိုးသတ်ဆေးတွေနဲ့(Immune System)ကိုစစ်ကူပေးလိုက်ရင်မကြာခင်ရောဂါတွေပျောက်ကင်းသွားတာပါပဲ။
ခင်ဗျားတို့ခန္ဓာကိုယ်မှာနေ့စဉ်သန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အဟောင်းတွေသေဆုံးနေကြပြီးသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေမွေးဖွားပေါက်ပွားနေကြတယ်။ဒီလိုသန်းထောင်နဲ့ချီနေတဲ့ဆဲလ်အသစ်တွေထုတ်လုပ်နေတာဟာဘယ်လိုလုပ်ပြီးရာနုန်းပြည့်မှန်ကန်စွာထုတ်လုပ်နိုင်မှာလဲ။အနည်းငယ်မှားယွင်းမှု၊ပျက်စီးမှု့ရှိတယ်ဆိုတာသဘာဝတရားပဲလေ။နေ့စဉ်နေ့တိုင်းသန်းပေါင်းထောင်နဲ့ချီတဲ့ဆဲလ်အသစ်တွေထဲမှာမှထောင်ပေါင်းများစွာဟာ(DNA)လို့ခေါ်တဲ့မျိုးရိုးဗီဇမှားယွင်းပျက်စီးနေတဲ့ကင်ဆာဆဲလ်တွေမှားယွင်းပြီးပွားများထုတ်လုပ်မိနေတယ်ဗျ။ဒါမေမဲ့လူတိုင်းနေ့တိုင်းကင်ဆာလို့သတ်မှတ်နိုင်တဲ့အဖုအကြိတ်ကြီးတွေထွက်လာပြီးကင်ဆာရောဂါဖြစ်ပြီးသေမသွားကြဘူး၊ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့ရဲ့ရောဂါခုခံမှုစနစ်(Immune System)က အချိန်တိုင်း၊မိနစ်စက္ကန့်တိုင်းစောင့်ကြည့်နေပြီးမှားယွင်းထုတ်လုပ်မိနေတဲ့ကင်ဆာဆဲလ်တွေကိုမပွားနိုင်ခင်၊ချက်ချင်းသတ်ဖြတ်ဖျက်ဆီးပြစ်နိုင်လို့ပါ။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကတခုခုမှားယွင်းသွားပြီး၊ ရောဂါခုခံမှုစနစ်(Immune System)ကဖျက်ဆီးပြစ်နိုင်လောက်တဲ့အရေအတွက်ထက်အဆပေါင်းများစွာပိုများတဲ့ကင်ဆာဆဲလ်တွေကိုမှားပြီးထုတ်လုပ်မိမယ်ဆိုရင်တော့အဖုအကြိတ်တွေထွက်ပေါ်လာပြီးကင်ဆာရောဂါစဖြစ်လာရတော့တာပေါ့။ကင်ဆာရောဂါကိုလဲအမျိးမျိုးကုသနေကြပါတယ်။ဓါတ်ရောင်ခြည်နဲ့ကုတာ(Radiation Therapy)တို့၊ကီမိုသရဖီ(Chemotherapy)စသည်တို့ပေါ့၊တခုမှမအောင်မြင်ကြပါဘူး။နောက်ပိုင်းမှာတော့ရောဂါခုခံမှုစနစ်(Immune System)ကိုအားကောင်းအောင်လုပ်ပေးပြီးကုသတဲ့(Immunotherapy)ဆိုတာကပိုပြီးတော့ထိရောက်ပါတယ်။ဒါပေမဲ့ခက်တာကစျေးအလွန်ကြီးပါတယ်။
ဒီနေရာမှာအဓိကပြောချင်တာကခုခံအားစနစ်(Immune System)ဆိုတာကပြင်ပကရောဂါတွေဝင်လာရင်လဲခုခံတိုက်ခိုက်ပေးနိုင်သလို၊သူအားကောင်းရင်လဲကောင်းသလိုကင်ဆာဆဲလ်တွေကိုလဲတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်တယ်ဆိုတာပါပဲ။ဒါပေမဲ့အဆိုးဆုံးအခြေအနေတခုကအဲဒီပြင်ပကရောဂါတွေ၊ကင်ဆာရောဂါတွေကိုကာကွယ်တိုက်ခိုက်ပေးနေတဲ့
ခင်ဗျားတို့ရဲ့ခုခံအားစနစ်(Immune System)ကတခြားရောဂါတွေရန်က၊နေကာကွယ်ပေးနေမဲ့အစားခင်ဗျာခန္ဓာကိုယ်ကအင်္ဂါအစိတ်အပိုင်းတွေကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးလာပြီဆိုရင်တော့၊ခင်ဗျာသိပ်ကံဆိုးသွားပြီ၊ဒါဘယ်လိုမှကုမရတော့ဘူး။တခြားရောဂါတွေဖြစ်ရင်၊ဒါမှမဟုတ်ကင်ဆာဖြစ်ရင်၊ခုခံအားစနစ်(Immune System)ကကာကွယ်တိုက်ခိုက်ပေးနိုင်တယ်။သူကိုယ်တိုင်ဖေါက်ပြန်ပျက်စီးသွားပြီးကိုယ့်ကိုပြန်ပြီးတိုက်ခိုက်လာရင်တော့ဘယ်သူကကာကွယ်ပေးနိုင်တော့မှာလဲ။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့ပြောတာပေါ့။ဥပမာတစ်ခုပြောရရင်မိမိခုခံအားစနစ်ကမိမိရဲ့အဆုတ်ကိုမှားယွင်းပြီးတိုက်ခိုက်လို့အဆုတ်၊လေအိတ်တွေအတွင်းနံရံမှာအမာရွတ်တွေတက်လာတဲ့ရောဂါဖြစ်ပြီဆိုရင်သေတာပဲ။ဒီခေတ်ဆေးပညာနဲ့လဲဘယ်လိုမှကုလို့မရဘူး။အမေရိကန်မှာတော့အဲဒီရောဂါဖြစ်လာရင်ဆရာဝန်တွေကသားတွေသမီးတွေဆွေမျိုးတွေကိုမှာစရာရှိတာမှာကြားထားပြီးတော့၊သုသာန်မှာမိမိအတွက်မြေနေရာကြိုတင်ဝယ်ထားဖို့ပဲအကြံပေးပါတယ်။ဒါကြောင့်ကင်ဆာထက်ပိုပြီးကြောက်စရာကောင်းတယ်လို့်ပြာနေတာပေါ့။ပြင်ပကရောဂါပိုးမွှားတွေကြောင့်ဖြစ်တဲ့ရောဂါတွေဆိုရင်ပိုးသတ်ဆေး(Antibiotics)တွေနဲ့ကုသလို့ပျောက်ကင်းနိုင်ပါတယ်။မိမိရဲ့ရောဂါခုခံမှုစနစ်ကမိမိကိုပြန်ပြီးတိုက်ခိုက်ဖျက်ဆီးနေပြီဆိုရင်တော့ဘယ်ရောဂါပိုးသတ်ဆေး(Antibiotic )တွေနဲ့မှလဲကုသလို့မရပါဘူး။ကုရာနတ္တိဆေးမရှိပါ။အဆိုးဆုံးကခုခံမှုစနစ်ရဲ့ဆဲလ်တစ်ခုစီတွေထဲမှာမှတ်ဥာဏ်စနစ်(Memory)ပါနေတာပါပဲ။မိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေကိုတခါတလေလောက်မှားယွင်းတိုက်ခိုက်ခဲ့ဖူးရင်မှတ်ဥာဏ်တွေမှာအမှားကိုအမှန်အဖြစ်အသေမှတ်ထားလိုက်တော့နောက်ပိုင်းမှာမှတ်ထားတဲ့အတိုင်းမိမိရဲ့အင်္ဂါအစိတ်အပိုင်းတွေအမျိုးမျိုးကိုဆက်ပြီးတိုက်ခိုက်နေတော့တာပါပဲ။ဒီလိုဆိုတော့ဒီရောဂါမျိုးဖြစ်လာပြီဆိုရင်ဘယ်လိုကုမှာလဲ?ခုခံမှုဆဲလ်တလုံးခြင်းဆီကမှတ်ဥာဏ်အမှားကြီးတွေကိုဘယ်လိုလိုက်ပြီးဖျက်ပြစ်လို့ရနိုင်မှာလဲ?ဒီဆဲလ်တွေသက်တန်းစေ့လို့သေသွားရင်လဲနောက်မျိုးဆက်သစ်ဆဲလ်အသစ်တွေကိုထပ်ပြီးမှတ်ဥာဏ်အမှားကြီးတွေလက်ဆင့်ကမ်းခဲ့ကြသေးတယ်။မိမိခုခံမှုဆဲလ်တွေကိုပိုးသတ်ဆေးတွေနဲ့အကုန်သတ်ပြစ်လို့ကောရနိုင်မှာတဲ့လား?အဲဒါဆိုရင်တော့မိမိကခုခံမှုစနစ်မရှိတော့ပဲ(AIDS)သို့(HIV)ရောဂါသယ်တွေထက်ပိုဆိုးသွားလိမ့်မယ်၊ဘာရောဂါဝင်လာဝင်လာမကာကွယ်နိုင်တော့ဘူး၊သေမှာပဲ။(Autoimmune Diseases)ဆိုတာကကုရာနတ္တိဆေးမရှိပါ။အမေရိကန်မှာလဲမရှိပါဘူး၊ကမ္ဘာပေါ်မှာလဲမရှိပါဘူးနောက်လဲဘယ်တော့မှရှိလာမယ်မထင်ပါဘူး။အကောင်းဆုံးနည်းကတော့ကြိုတင်ကာကွယ်ဖို့ပဲရှိပါတယ်။ဘယ်လိုကာကွယ်ရမှာလဲ?ဒီအဖြေကသိရင်လွယ်လွယ်လေးပါ၊ဒါဟာလူတိုင်းအတွက်တကယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့အသိထူးပါ။

-------
အရင်ဦးဆုံးဘာကြောင့်မိမိကိုယ်ကိုယ်ပြန်တိုက်ခိုက်တဲ့ရောဂါ(Autoimmune Diseases)ဖြစ်ရတယ်ဆိုတဲ့အကြောင်းတရားအစစ်အမှန်ကိုသိဖို့တော့လိုအပ်ပါတယ်။ဒါမှကာကွယ်နိုင်မှာလေ။
ဘာကြောင့်ဒီလိုမိမိရဲ့ခုခံမှုစနစ်ကဖောက်ပြန်သွားပြီးမိမိကိုလွဲမှားတိုက်ခိုက်မှု(Immune system malfunction)ဖြစ်ရသလဲလို့မေးရင်အကြောင်းရင်းအမှန်ကတော့(Inflammation)လို့ခေါ်တဲ့ကိုယ်အတွင်းပိုင်းရောင်ရမ်းမှုကြောင့်ပါပဲ။ဒီနေရာမှာရောင်ရမ်းတယ်ဆိုတာခြေတွေလက်တွေတုတ်ခိုင်ပြီးဖေါသွပ်ယောင်ကိုင်းလာတာကိုဆိုလိုချင်တာမဟုတ်ပါဘူး။ယောင်ရမ်းတယ်ဆိုတာဆံခြည်မျှင်သွေးကြောနံရံမှာရှိတဲ့သေးငယ်တဲ့ဆဲလ်လေးတွေ၊ပြီးတော့ခန္ဒာကိုယ်အစိတ်အပိုင်းအသီးသီးမှာရှိနေကြတဲ့အသေးငယ်ဆုံးဆဲလ်တွေထဲမှာရောင်ရမ်းတာ(Cellular level inflammation)ကိုဆိုလိုတာပါ။ဒီနေရာမှာမိမိခြေတွေလက်တွေဖေါသွတ်ယောင်ကိုင်းမှုမရှိတာကိုကြည့်ပြီးတော့ကိုယ်ကတော့(Inflammation)မဖြစ်ဘူးလို့မှားယွင်းပြီးမယူဆလိုက်မိဖို့အလွန်အရေးကြီးပါတယ်။ဒီခေတ်မှာဆရာဝန်တွေအပါအဝင်လူတိုင်းအကုန်လုံးယောင်ရမ်းမှု(Inflamation)ဖြစ်နေကြတာကြီးပါပဲ။မဖြစ်တဲ့လူဆိုတာတစ်ယောက်မှကိုမရှိပါဘူး။သိတာနဲ့မသိတာပဲကွာတာပါ။လူတိုင်း၊လူတိုင်းမှာရောင်ရမ်းမှု(Inflammation)တွေဆက်တိုက်၊ဆက်တိုက်နေ့စဉ်ဖြစ်နေတာပါပဲ။ဘာကြောင့်လဲဆိုတော့(Inflammation)ဆိုတာက(Immune system)ရဲ့အလုပ်လုပ်ပုံအစိတ်အပိုင်းတခုပဲလေ။ပြင်ပကရောဂါပိုးမွားတွေမိမိခန္ဓာကိုယ်ကိုဝင်ရောက်တိုက်ခိုက်ရင်မိမိခန္ဓာကိုယ်ကပထမဆုံးတုန်ြ့ပန်တာကယောင်ရမ်းမှုပါပဲ။ယောင်ရမ်းပြီဆိုတော့မှမိမိရဲ့ခုခံအားစနစ်(Immune System)ကရောဂါပိုးတွေကိုစတင်တိုက်ခိုက်ဖို့အသက်ဝင်လာရတာပါ။ဒီလိုသဘာဝအတိုင်းရောဂါခုခံကာကွယ်ဖို့ယောင်ရမ်းတာကိုယာယီယောင်ရမ်းမှု(Acute Inflammation)လို့ခေါ်ပါတယ်။အန္တရာယ်မရှိတဲ့သဘာဝရောဂါခုခံမှုစနစ်ပါ။ဒီလိုယာယီယောင်ရမ်းမှုမရှိရင်ရောဂါတွေကိုလဲမခုခံမကာကွယ်နိုင်ပါဘူး။ဒါပေမဲ့ဆိုးတာကတစ်ပါတ်၊နှစ်ပါတ်လောက်ကြာရင်အဲဒီယောင်ရမ်းမှုတွေကပပျောက်သွားရမှာမပျောက်သွားပဲဆက်ကျန်ရှိနေတာကအဆိုးဆုံးပါပဲ။အဲဒါကိုအလွန်ကြောက်စရာကောင်းတဲ့ရေရှည်ယောင်ရမ်းးမှု(Chronic Inflammation)လို့ခေါ်ပါတယ်။ရောဂါပိုးတွေကုန်သွားပြီးတဲ့အချိန်မှာအရောင်ကျသွားရမှာမကျပဲဆက်ယောင်နေတော့(Immune System)ကရောဂါပိုးတွေတိုက်စရာမရှိတော့လို့မိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူထင်ပြီးဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်နေတော့တာပေါ့။မိမိ၏ခုခံမှုစနစ်ကမိမိအင်္ဂါအစိတ်အပိုင်းတွေကိုဆက်ပြီးတိုက်ခိုက်ဖျက်ဆီးပြစ်တာကြိမ်ဖန်များလာတော့ခုခံမှုစနစ်ရဲ့မှတ်ဥာဏ်စနစ်တွေထဲမှာမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုရန်သူတွေလို့မှားယွင်းပြီးအသေမြုတ်နှံမှတ်သားထားလိုက်ကြပါတယ်။နောင်အခါမှာမိမိအင်္ဂါအစိတ်အပိုင်းလား၊ပြင်ပကဝင်လာတဲ့ပိုးမွှားလားဆိုတာကောင်းကောင်းမခွဲခြားတတ်တော့ဘူးပေါ့။နောက်ပိုင်းမှာရေရှည်ရောင်ကိုင်းမှု(Chronic Inflammation)ကြောင့်ခုခံမှုစနစ်(Immuse System)ဟာဖေါက်ပြန်ပျက်စီးးသွားပြီး၊ရောဂါပိုးမွှားတွေကိုတိုက်ခိုက်ရမဲ့အစားမိမိကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုတမျိုးပြီးတမျိုးမရိုးရအောင်လိုက်ပြီးတိုက်ခိုက်၊ဒုက္ခပေးနေတော့တာပါပဲ။အဲဒီလိုဆိုတော့မိမိမှာအမည်မဖေါ်နိုင်တဲ့ရောဂါဆန်းတွေတခုပြီးတခုအဆက်မပြတ်ဖြစ်နေတော့တာပေါ့။
-----
ခက်တာကဒီလိုအလွန်ကြောက်စရာကောင်းပြီးကုသလို့မရနိုင်တဲ့အမျိုးပေါင်းရာနဲ့ချီတဲ့(Autoimmune Diseases)ကဒီ(၂၁)ရာစုခေတ်မှာကြိုတင်မကာကွယ်ထားတဲ့လူတိုင်းမှာတနေ့ဖြစ်ကိုဖြစ်လာရမှာရာနုန်းပြည့်နီးပါးကိုသေချာနေပါတယ်
။ခြိမ်းခြောက်နေတာလုံးဝမဟုတ်ပါဘူး၊အမှန်တရားပါ။ကြိုတင်ကာကွယ်ထားတဲ့လူအနည်းစုလေးကလွဲရင်လူတိုင်းလူတိုင်းမှာရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်တဲ့ကိုယ်တွင်းယောင်ရမ်းမှုလက္ခဏာ(inflammation marker)ကလူတွေအားလုံးနီးပါးမှာတွေ့နေရပါပြီ။ခင်ဗျားတို့မယုံရင်(hs-CRP-blood-test)လုပ်ကြည့်နိုင်ပါတယ်။တကယ်လို့(hs-CRP)တန်ဖိုး(1.0)အောက်ရောက်နေရင်တော့ခင်ဗျားတို့ကိုယ်မှာ(Inflammation)မဖြစ်ပါဘူးလို့ဆိုချင်ဆိုနိုင်ပါတယ်။ဒါပေမဲ့(hs-CRP)တန်ဖိုးဆိုတာကတမင်ကြိုတင်မကာကွယ်၊မလုပ်ယူထားပဲနဲ့(1.0)အောက်ရောက်နေတဲ့ပုဂ္ဂိုလ်ဆိုတာအလွန်ကိုရှားပါးလှပါတယ်။လူတိုင်းလူတိုင်းက(1.0)ထက်များနေကြတာပါပဲ။တချို့(Inflammation)အမျိုးအစားတွေက(hs-CRP-marker)မှာမပေါ်လို့တိုင်းတာလို့မရသေးပါဘူး။အကောင်းဆုံးတိုင်းတာနည်းကတော့အိုမီဂါ(၆)နဲ့အိုမီဂါ(၃)အချိုးအစား(Omega6 to Omega3 ratio)ကိုတိုင်းကြည့်ရင်ပိုပြီးသေချာသိနိုင်ပါတယ်။(OMG-6 to OMG-3 ratio)ဟာ(3.0)အောက်မှာပဲရှိနေမယ်ဆိုရင်တော့ခင်ဗျာ(inflammation)မဖြစ်သလို(autoimmune diseases)လဲမဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့ဒီခေတ်ကြီးမှာတမင်မကာကွယ်၊မလုပ်ယူထားပဲနဲ့အဲဒီလိုလူမျိုးဆိုတာလူတစ်သောင်းမှာတယောက်တောင်မရှိနိုင်ပါဘူး၊အလွန်ရှားပါးပါတယ်။အဟာရပညာ(Nutrition knowledge)တွေအလွန်ထွန်းကားတိုးတက်နေတဲ့အမေရိကန်လိုတိုးတက်တဲ့နိုင်ငံကြီးမှာတောင်ပျှမ်းမျှအားဖြင့်(OMG-6 to OMG-3 ratio)ဟာ(15)ကနေ (25)လောက်အထိကိုမြင့်တက်နေကြပါပြီ။မြန်မာပြည်ဆိုရင်တော့ပိုဆိုးမှာပေါ့။အခုချိန်အထိလဲမြန်မာပြည်မှာ(OMG-6 to OMG-3 ratio)ဆိုတာကိုဆရာဝန်တွေအားလုံးတောင်မသိကြ၊သတိမထားမိကြသေးပါဘူး၊သေချာလဲနားမလည်ကြသေးပါဘူး။တိုင်းပေးနိုင်တဲ့ဓါတ်ခွဲခန်း
လဲရှိပုံမရသေးပါဘူး။စိတ်မကောင်းစရာပါ။
--------
အဆိုးဆုံးကကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ဆီတွေ၊အကြော်၊အချက်တွေအားလုံးထဲမှာ(OMG-6)တွေပဲ(90%)ကျော်လောက်အဓိကပါဝင်နေပြီး၊(OMG-3)ကြတော့(1%)တောင်မပါဘူးဖြစ်နေတယ်။အဲဒီတော့(OMG-6 to OMG-3 ratio)ကကြာလေမြင့်တက်လာလေဖြစ်တော့တာပေါ့။တိုတိုနဲ့လိုရင်းပြောရရင်တော့(OMG-6)ကယောင်ရမ်းမှု(Inflammation)ဖြစ်စေတဲ့အဓိကတရားခံပါပဲ။တဖက်မှာတော့(OMG-3)ကတော့ယောင်ရမ်းမှု့ကိုပပျောက်စေပါတယ်။ပိုနားလည်လွယ်အောင်ပြောရရင်(OMG-6)ကမိမိခုခံမှုစနစ်ကမိမိကိုပြန်မတိုက်တိုက်အောင်၊ခုခံမှုစနစ်ဖေါက်ပြန်ပျက်စီးသွားအောင်ပြုလုပ်ပေးတယ်။(OMG-3)ကကြတော့မိမိခုခံမှုစနစ်ကမိမိကိုပြန်မတိုက်အောင်ရောဂါပိုးတွေကိုပဲတိုက်ခိုက်အောင်ထိန်းသိမ်းပေးတယ်။ယနေ့(Supermarkets)တွေကဆီတွေရဲ့(99%)က(OMG-6)တွေပဲအဓိကပါဝင်နေကြတာပါ။(OMG-3)ဆိုတာမရှိသလောက်ရှားသွားပါပြီ။(OMG-3)ကိုလိုချင်ရင်ငါးကြီးဆီသောက်မှကိုရမှာ။ဒါကိုနားမလည်လို့မသောက်ရင်တော့မကြာခင်(Autoimmune Disease)တခုခုကိုကိုယ်ပိုင်ရောဂါအဖြစ်နဲ့ပိုင်ဆိုင်လာပါလိမ့်မယ်။ခက်တာက
မြန်မာပြည်ကဆိုင်တွေမှာရောင်းနေတဲ့ငါးကြီးဆီတော်တော်များများကလဲအာရုံကြောစနစ်ကိုအဆိပ်အတောက်ဖြစ်စေနိုင်တဲ့ပြဒါးဓါတ်(Mercury)သန့်စင်မထားကြပါဘူး။ (Mercury) မသန့်စင်ထားရင်တော့့ဦးဏှောက်နှင့်အာရုံကြောစနစ်အတွက်အလွန်အန္တရာယ်ကြီးမားပါတယ်။ငါးကြီးဆီဝယ်ရင်(Mercury)ထုတ်ထားပြီးသားဖြစ်ရပါမယ်။တချို့သေချာနားမလည်တဲ့လူတွေကရှိသေးတယ်။(Omega-3-6-9)ဆိုတဲ့ဆေးကို(၃)မျိုးတောင်ပါတော့ပိုကောင်းတာပေါ့ကွာဆိုပြီးတော့ဝယ်စားကြတဲ့လူပိန်းတွေကရှိသေးတယ်။ဘာကြောင့်လဲဆိုတော့သူများကသောက်ဆိုလို့တာလိုက်သောက်နေကြတာသူတို့ကိုယ်တိုင်ဘာကြောင့်(Omega-3)ခေါ်ငါးကြီးဆီကိုဘာလို့၊ဘာကြောင့်သောက်တာလဲဆိုတာသေချာနားမလည်ကြဘူးဖြစ်နေကြတယ်။(Omega-3)ခေါ်ငါးကြီးဆီကိုသောက်တာမိမိခန္ဓာကိုယ်ထဲမှာအလွန်ကြောက်စရာကောင်းတဲ့(Omega-6)သိပ်များနေလို့(OMG-6)ကို(OMG-3)နဲ့ပြန်ပြီးချေပပြစ်ချင်လို့သောက်နေရတာပါ။အဲဒါကိုနားမလည်ပဲ(OMG-3)တခုတည်းပါတဲ့ငါးကြီးဆီကိုမသောက်ပဲ(OMG-3-6-9)ပါတဲ့ပစ္စည်းတွေကိုဝယ်သောက်မှတော့သွားပြီးပေါ့ဗျာ။မစင်ကြောက်ပါတယ်ဆိုပြီး၊မစင်ကိုပဲပြန်ဝယ်စားသလိုဖြစ်မနေဘူးလား?။ခင်ဗျားတို့ကိုယ်မှာဒီလိုရောဂါဆိုးတွေမဖြစ်စေချင်ရင်အိုမီဂါ(6)ကိုတတ်နိုင်သလောက်လျှော့ချပြီးတော့၊အိုမီဂါ(3)ကိုပိုပြီးတော့စားပေးဖို့လိုတာပေါ့။
------------
Omega-3 က(inflammation)အပြင်တစ်ခြားအရာတွေအတွက်လဲအလွန်ကောင်းပါတယ်။မိမိခန္ဓာကိုယ်၏ရောဂါခုခံကာကွယ်မှုစနစ်ကမှားယွင်းဖေါက်ပြန်ပျက်စီးသွားပြီး၊မိမိခန္ဓာကိုယ်ကိုပြန်လည်တိုက်ခိုက်မှုရောဂါ( Autoimmune diseases) အမျိုးမျိူးမှအကာအကွယ်ပေးရုံတင်မကပါဘူး၊ခန္ဓာကိုယ်၏ရောဂါခုခံအားစနစ်ကိုအားကောင်းစေပြီးကူးစက်ရောဂါအမျိုးမျိူးမှလဲအကာအကွယ်ပေးပါတယ်၊အကယ်၍ဝင်ရောက်လာရင်လဲရက်အနည်းငယ်အတွင်းသက်သာပျောက်ကင်းစေနိုင်တယ်။ဦးဏှောက်နင့်အာရုံကြောစနစ်ကိုအထောက်အပံ့ပေးတယ်။အသိဥာဏ်ဆုတ်ယုတ်လာမှုနှင့်ဦးဏှောက်ကြုံ့ခြငိး၊ဦးဏှောက်သိပ်ဖျင်းသွားခြင်းမေ့လျှော့ခြင်းရောဂါတို့မှလဲအကာအကွယ်ပေးတယ်။မှတ်ဥာဏ်ကိုလဲပိုမိုကောင်းမွန်လာစေတယ်။စိတ်ဓါတ်ကျဆင်းမှု့(Depression)နှင့်အခြားသောစိတ်ရောဂါများမဖြစ်အောင်အကာအကွယ်ပေးတယ်။အလိုလိုနေရင်းစိတ်ဓါတ်ကျဆင်းမှု၊စိတ်အားငယ်ကြောက်ရွံ့မှု၊စိတ်ဖိစီးမှု့နှင့်စိုးရိမ်ပူပန်မှု(Stress)များလျှော့နည်းသွားအောင်လဲဆောင်ရွက်ပေးတယ်။အာရုံကြောအားနည်း၍ကိုယ်လက်အင်္ဂါထိမ်းမရသောအရုံကြောရောဂါအမျိုးမျိုးမှလည်းအကာအကွယ်ပေးတယ်။နှလုံးနှင့်သွေးလည်ပါတ်မှုစနစ်ကိုကောင်းမွန်စေပြီး၊နှလုံးရောဂါမဖြစ်စေရန်၊နှလုံးသွေးကြောများမရောင်ရမ်းမပိတ်ဆို့စေရန်၊ရုတ်တရက်နှလုံးသွေးကြောပိတ်ပြီးမသေဆုံးနိုင်စေရန်အကာကွယ်အကွယ်ပေးတယ်။အဆုတ်၏ပုံမှန်အလုပ်လုပ်မှုကိုကောင်းမွန်စေတယ်၊အဆုတ်အမာရွတ်တက်ခြင်းရောဂါမှလဲအကာအကွယ်ပေးတယ်။ကင်ဆာရောဂါဆိုးအမျိုးမျိုးမဖြစ်ပွားအောင်လဲအကာအကွယ်ပေးနိုင်တယ်။သွေးကြောများကိုအတွင်းပိုင်းမှမပိတ်ဆို့စေရန်တိုးချဲ့ပေးတယ့်အတွက်သွေးတိုးရောဂါကိုသက်သာပျောက်ကင်းစေနိုင်တယ့်အပြင်၊ဦးဏှောက်သွေးကြောပိတ်ကာလေဖြတ်ခြင်းနှင့်ဦးနှောက်သွေးကြောပြတ်ပြီးရုတ်တရက်သေဆုံးမှုအန္တရာယ်မှလဲအကာအကွယ်ပေးတယ်။ယနေ့ကမ္ဘာတွင်အလွန်ကြောက်စရာကောင်းသောခန္ဓာကိုယ်အတွင်းပိုင်းအင်္ဂါများယောင်ရမ်းခြင်း၊နှလုံးသွေးကြော၊ဦးဏှောက်သွေးကြောများမှစ၍ခန္ဓာကိုယ်အစိတ်အပိုင်းများရှိသွေးကြောအားလုံးအတွင်းပိုင်းယောင်ရမ်းပိတ်ဆို့ချင်း၊အစရှိတယ့်ရေရှည်ယောင်ရမ်းခြင်း(Chronic Inflammation)အန္တရာယ်ဆိုးများမှလဲအကာအကွယ်ပေးတယ်။လူကြီးများတွင်သာမကပဲကလေးသူငယ်များအားလဲဦးဏှောက်နင့်အာရုံကြောစနစ်ကောင်းမွန်စေရန်၊ပုံမှန်ကြီးထွားစေရန်၊သန်မာဖြတ်လတ်စေရန်နှင့်ရောဂါအမျိုးမျိုးကင်းရှင်းစေရန်အထောက်အကူပြုပေးတယ်။ကိုယ်ဝန်ဆောင်မိခင်များအားလဲ၊သန္ဓေသားရောမိခင်ပါကျန်းမာသန်စွမ်းပြီးရောဂါကင်းရှင်းရန်၊မွေးဖွားရလွယ်ကူရန်အထူးအထောက်အကူပြုပါတယ်။အဝလွန်သူများကိုလဲဝိတ်ကျဖို့ကူညီပေးတဲ့အပြင်၊အသဲအဆီဖုံးခြင်းရောဂါမှလဲအကာအကွယ်ပေးပါတယ်။

Kelvin Albert Power
(Nutrition Specialist, Florida, USA)
Credit
-----------------------
------References--------
1. Vannice G, Rasmussen H. Position of the Academy of Nutrition and Dietetics: Dietary fatty acids for healthy adults. J Acad Nutr Diet. 2014;114: 136–153. 10.1016/j.jand.2013.11.001 [PubMed] [CrossRef] [Google Scholar]
2. Arterburn LM, Hall EB, Oken H. Distribution, interconversion, and dose response of n-3 fatty acids in humans. Am J Clin Nutr. 2006;83(suppl): 1467S–1476S. [PubMed] [Google Scholar]
3. Connor KM, SanGiovanni JP, Lofqvist C, Aderman CM, Chen J, Higuchi A, et al. Increased dietary intake of ω-3 polyunsaturated fatty acids reduces pathological retinal angiogenesis. Nat Med. 2007;13: 868–873. [PMC free article] [PubMed] [Google Scholar]
4. Kris-Etherton PM, Grieger JA, Etherton TD. Dietary reference intakes for DHA and EPA. Prost Leuk Ess Fatty Acids. 2009;81: 99–104. [PubMed] [Google Scholar]
5. Lavie CJ, Milani RV, Mehra MR, Ventura HO. Omega-3 polyunsaturated fatty acids and cardiovascular diseases. J Am Coll Cardiol. 2009;54: 585–594. 10.1016/j.jacc.2009.02.084 [PubMed] [CrossRef] [Google Scholar]
6. Szostak-Wegierek D, Klosiewicz-Latoszek L, Szostak WB, Cybulska B. The role of dietary fats for preventing cardiovascular disease. A review. Rocz Panstw Zakl Hig. 2013;64: 263–269. [PubMed] [Google Scholar]
7. Katakura M, Hashimoto M, Inoue T, Al Mamun Abdullah, Tanabe Y, Iwamoto R, et al. Omega-3 fatty acids protect renal functions by increasing docosahexaenoic acid-derived metabolite levels in SHR. Cg-Leprcp/NDmcr rats, a metabolic syndrome model. Molecules. 2014;19: 3247–3263. 10.3390/molecules19033247 [PMC free article] [PubMed] [CrossRef] [Google Scholar]
8. Wang JH, Eguchi K, Matsumoto S, Fujiu K, Komuro I, Nagai R, et al. The ω-3 polyunsaturated fatty acid, eicosapentaenoic acid, attenuates abdominal aortic aneurysm development via suppression of tissue remodeling. PLoS One. 2014;9: e96286 10.1371/journal.pone.0096286 [PMC free article] [PubMed] [CrossRef] [Google Scholar]
9. Simopoulos AP. Omega-3 fatty acids in inflammation and autoimmune diseases. J Am Coll Nutr. 2002;21: 495–505. [PubMed] [Google Scholar]
10. Suzuki M, Noda K, Kubota S, Hirasawa M, Ozawa Y, Tsubota K, et al. Eicosapentaenoic acid suppresses ocular inflammation in endotoxin-induced uveitis. Mol Vision. 2010;16: 1382–1388. [PMC free article] [PubMed] [Google Scholar]
11. Koto T, Nagai N, Mochimaru H, Kurihara T, Izumi-Nagai K, Satofuka S, et al. Eicosapentaenoic acid is anti-inflammatory in preventing choroidal neovascularization in mice. Invest Ophthalmol Vis Sci. 2007;48: 4328–4334. [PubMed] [Google Scholar]
12. Yanai R, Mulki L, Hasegawa E, Takeuchi K, Sweigard H, Suzuki J, et al. Cytochrome P450-generated metabolites derived from ω-3 fatty acids attenuate neovascularization. Proc Natl Acad Sci USA. 2014;111: 9603–9608. 10.1073/pnas.1401191111 [PMC free article] [PubMed] [CrossRef] [Google Scholar]
13. Al-Kharashi AS, Aldibhi H, Al-Fraykh H, Kangave D, Abu El-Asrar AM. Prognostic factors in Vogt-Koyanagi-Harada disease. Int Ophthalmol. 2007;27: 201–210. [PubMed] [Google Scholar]
14. Durrani OM, Meads CA, Murray PI. Uveitis: a potentially blinding disease. Ophthalmologica. 2004;218: 223–236. [PubMed] [Google Scholar]
15. Lobo A, Barton K, Minassian D, du Bois RM, Lightman S. Visual loss in sarcoid-related uveitis. Clin Exp Ophthalmol. 2003;31: 310–316. [PubMed] [Google Scholar]
16. Yang P, Fang W, Wang L, Wen F, Wu W, Kijlstra A. Study of macular function by multifocal electroretinography in patients with Vogt-Koyanagi-Harada syndrome. Am J Ophthalmol. 2008;146: 767–771. 10.1016/j.ajo.2008.05.044 [PubMed] [CrossRef] [Google Scholar]
17. Caspi RR. Animal models of autoimmune and immune-mediated uveitis. Drug Discov Today: Dis Models. 2006;3: 3–9. [Google Scholar]
18. Gasparin F, Takahashi BS, Scolari MR, Gasparin F, Pedral LS, Damico FM. Experimental models of autoimmune inflammatory ocular diseases. Arq Bras Oftalmol. 2012;75: 147–148. [PubMed] [Google Scholar]
19. Commodaro AG, Peron JP, Lopes CT, Arslanian C, Belfort R Jr, Rizzo LV, et al. Evaluation of experimental autoimmune uveitis in mice treated with FTY720. Invest Ophthalmol Vis Sci. 2010;51: 2568–2574. 10.1167/iovs.09-4769 [PubMed] [CrossRef] [Google Scholar]
20. Caspi RR, Sun B, Agarwal RK, Silver PB, Rizzo LV, Chan CC, et al. T cell mechanisms in experimental autoimmune uveoretinitis: Susceptibility is a function of the cytokine response profile. Eye (Lond). 1997;11: 209–212. [PubMed] [Google Scholar]
21. Agarwal RK, Silver PB, Caspi RR. Rodent models of experimental autoimmune uveitis. Methods Mol Biol. 2012;900: 443–469. 10.1007/978-1-60761-720-4_22 [PMC free article] [PubMed] [CrossRef] [Google Scholar]
22. Luger D, Silver PB, Tang J, Cua D, Chen Z, Iwakura Y, et al. Either a Th17 or a Th1 effector response can drive autoimmunity: Conditions of disease induction affect dominant effector category. J Exp Med. 2008;205: 799–810. 10.1084/jem.20071258 [PMC free article] [PubMed] [CrossRef] [Google Scholar]
23. Chong WP, Horai R, Mattapallil MJ, Silver PB, Chen J, Zhou R, et al. IL-27p28 inhibits central nervous system autoimmunity by concurrently antagonizing Th1 and Th17 responses. J Autoimmun. 2014;50: 12–22. 10.1016/j.jaut.2013.08.003 [PMC free article] [PubMed] [CrossRef] [Google Scholar]
24. Yoshimura T, Sonoda KH, Miyazaki Y, Iwakura Y, Ishibashi T, Yoshimura A, et al. Differential roles for IFN-γ and IL-17 in experimental autoimmune uveoretinitis. Int Immunol. 2008;20: 209–214. [PubMed] [Google Scholar]
25. Hibbeln JR, Levi RG, Nieminen, Blasbalg TL, Riggs JA, Lands WEM. Healthy intakes of n-3 and n-6 fatty acids: estimations considering worldwide diversity. Am J Clin Nutr. 2006;83 (suppl): 1483S–1493S. [PubMed] [Google Scholar]
26. Williams CM, Burdge G. Long-chain n-3 PUFA: plant v. marine sources. Proc Nutr Soc. 2006;65: 42–50. [PubMed] [Google Scholar]
27. Calder PC. n-3 Polyunsaturated fatty acids, inflammation, and inflammatory diseases. Am J Clin Nutr. 2006;83(suppl): 1505S–1519S. [PubMed] [Google Scholar]
28. Calder PC. Marine omega-3 fatty acids and inflammatory processes: effects, mechanisms and clinical relevance. Biochim Biophys Acta. 2015;1851: 469–484. 10.1016/j.bbalip.2014.08.010 [PubMed] [CrossRef] [Google Scholar]
29. Ferrante A. Polyunsaturated fatty acids and inflammatory diseases. Inflammatory diseases—a modern perspective. 2011. pp. 159–178. [Google Scholar]
30. Jing X, Liu A. The role of the tissue omega-6/omega-3 fatty acid ratio in regulating tumor angiogenesis. Cancer Metastas Rev. 2013;32: 201–210. [PubMed] [Google Scholar]
31. Bhargava R, Kumar P, Kumar M, Mehra N, Mishra A. A randomized controlled trial of omega-3 fatty acids in dry eye syndrome. Int J Ophthalmol. 2013;6: 811–816. 10.3980/j.issn.2222-3959.2013.06.13 [PMC free article] [PubMed] [CrossRef] [Google Scholar]
32. Takeda A, Sonoda KH, Ishibashi T. Regulation of Th1 and Th17 cell differentiation in uveitis. Inflamm Regen. 2013;33: 261–268. [Google Scholar]
33. Wang C, Tian Y, Lei B, Xiao X, Ye Z, Li F, et al. Decreased IL-27 expression in association with an increased Th17 response in Vogt-Koyanagi-Harada disease. Invest Ophthalmol Vis Sci. 2012;53: 4668–4675. 10.1167/iovs.12-9863 [PubMed] [CrossRef] [Google Scholar]
34. Huang H, Lu Z, Jiang C, Liu J, Wang Y, Xu Z. Imbalance between Th17 and regulatory T-cells in sarcoidosis. Int J Mol Sci. 2013;14: 21463–21473. 10.3390/ijms141121463 [PMC free article] [PubMed] [CrossRef] [Google Scholar]
35. Sugita S, Kawazoe Y, Imai A, Yamada Y, Horie S, Mochizuki M. Inhibition of Th17 differentiation by anti-TNF-alpha therapy in uveitis patients with Behçet’s disease. Arthr Res Ther. 2012;14: R99. [PMC free article] [PubMed] [Google Scholar]
36. Monk JM, Jia Q, Callaway E, Weeks B, Alaniz RC, McMurra DN, et al. Th17 cell accumulation is decreased during chronic experimental colitis by (n-3) PUFA in Fat-1 mice. J Nutr. 2012;142: 117–124. 10.3945/jn.111.147058 [PMC free article] [PubMed] [CrossRef] [Google Scholar]
37. Monk JM, Hou TY, Turk HF, Weeks B, Wu C, McMurray DN, et al. Dietary n-3 polyunsaturated fatty acids (PUFA) decrease obesity-associated Th17 cell-mediated inflammation during colitis. PLoS One. 2012;7: e49739 10.1371/journal.pone.0049739 [PMC free article] [PubMed] [CrossRef] [Google Scholar]
38. Sonoda KH, Sasa Y, Qiao H, Tsutsumi C, Hisatomi T, Komiyama S, et al. Immunoregulatory role of ocular macrophages: The macrophages produce RANTES to suppress experimental autoimmune uveitis. J Immunol. 2003;171: 2652–2659. [PubMed] [Google Scholar]
39. Jiang H- R, Lumsden L, Forrester JV. Macrophages and dendritic cells in IRBP-induced experimental autoimmune uveoretinitis in B10RIII mice. Invest Ophthalmol Vis Sci. 1999;40: 3177–3185. [PubMed] [Google Scholar]
40. Babcock TA, Helton WS, Hong D, Espat NJ. Omega-3 fatty acid lipid emulsion reduces LPS-stimulated macrophage TNF-alpha production. Surg Infect. 2002;3: 145–149. [PubMed] [Google Scholar]
41. Williams-Bey Y, Boularan C, Vural A, Huang NN, Hwang IY, Shan-Shi C, et al. Omega-3 free fatty acids suppress macrophage inflammasome activation by inhibiting NF-κB activation and enhancing autophagy. PLoS One. 2014;9: e97957 10.1371/journal.pone.0097957 [PMC free article] [PubMed] [CrossRef] [Google Scholar]
42. Khawaja OA, Gaziano JM, Djoussé L. N-3 Fatty acids for prevention of cardiovascular disease. Curr Atheroscler Rep. 2014;16: 450 10.1007/s11883-014-0450-0 [PubMed] [CrossRef] [Google Scholar]
43. Din JN, Newby DE, Flapan AD. Omega-3 fatty acids and cardiovascular disease—fishing for a natural treatment. Br Med J. 2004;328: 30–35. [PMC free article] [PubMed] [Google Scholar]

Address

14, Lanthit Road
Insein

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959403077718

Website

Alerts

Be the first to know and let us send you an email when Yama Fuji Blind Massage posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram