11/10/2025
💌 - "12.10.2025.” တွင် တောင်ငူမြို့ နှင့် ပျဥ်းမနားမြို့
- "13.10.2025." တွင် မိတ္ထီလာမြို့ နှင့် ကျောက်ပန်းတောင်းမြို့ သို့
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ပါမည် 💌
🌸 သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော် နှင့်
မှော်ဘီ )
ဦးစီးပဓာနနာယက ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သီလရှင်ဆရာကြီး ၊ ဆရာလေး
🛑 အပါး ၉၀ ကျော် မှ
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်မည် ဖြစ်ပါသည်။
~ သုညတဓမ္မရံသီ တရားရိပ်သာ ( အင်းတကော်မြို့နယ် နှင့် မှော်ဘီမြို့နယ် ) တွင် သီတင်းသုံးနေထိုင်၍
သံသရာမှလွတ်မြောက်ကြောင်း တရားဘာဝနာ အားထုတ်နေကြကုန်သော
သံဃာတော်များ၊ သီလရှင်များ၊ ယောဂီများအတွက်နှင့်
~ ယခုကဲ့သို့ကြပ်တည်းသည့် ကာလအတွင်း စားဝတ်နေရေး အခက်အခဲအလွန်ဖြစ်ကြသော ရပ်ကွက်များသို့ အစားအသောက်များ တတ်အားသရွေ့ ပြန်လည်လှူဒါန်းကူညီနိုင်ရန်အတွက်
ဆရာလေးခေမာရံသီ မှ ဦးဆောင်၍
သုညတဓမ္မရံသီ တရားရိပ်သာမှ သီလရှင် ဆရာကြီး၊ ဆရာလေးများ
ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်မည် ဖြစ်ပါ၍
မိမိတို့လောင်းလှူလိုသော ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသော ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ကိုယ်တိုင်ကိုယ်ကျ လောင်းလှူနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။
🙏 ဓမ္မမိတ်ဆွေ ကုသိုလ်ရှင်အပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုအင်ဆန္ဒများ ပြည့်ဝကြပါစေ။ 🙏
📆 ဆွမ်းခံကြွရောက်မည့် နေ့ရက်၊ နေရာ နှင့် အချိန် ~
🎀 "12.10.2025" ရက် နေ့တွင်
~ နံနက် ၇ နာရီခွဲ မှ ၁၀ နာရီခွဲ အထိ
#တောင်ငူမြို့
ဆေးရုံဟောင်းလမ်း၊ ရတနာလမ်း၊ ကန်လမ်း၊ ဘုရားလမ်း၊ ၇လမ်း၊ ကုန်သည်ကြီးလမ်း၊ ၆လမ်း၊ စျေးလမ်း၊ ၄လမ်း၊ တပင်ရွှေထီးလမ်း၊ ၁၁လမ်း၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ နဂါးရုံဘုရားလမ်း၊ ပွဲစားလမ်း များသို့
အစဥ်လိုက် အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။
~ နေ့လည် ၁ နာရီခွဲ မှ ၆ နာရီ အထိ
#ပျဥ်းမနားမြို့
ဗိုလ်ချုပ်လမ်း၊ ဗိုလ်တာရာလမ်း၊ ဗိုလ်တောက်ထိန်လမ်း၊ ဗိုလ်လက်ျာလမ်း၊ မောင်ခင်လမ်း၊ အုတ်တံတားလမ်း၊ ၆,၇,၈,၉လမ်း၊ ရန်ကျော်လမ်း၊ ဗိုလ်အောင်ကျော်လမ်း၊ ဓမ္မာရုံကျောင်းလမ်း၊ ရန်ကုန်-မန္တလေးလမ်းမကြီး(ပေါင်းလောင်းလမ်း) များသို့
အစဥ်လိုက် အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။
🎀 "13.10.2025" ရက် နေ့တွင်
~ နံနက် ၇ နာရီခွဲ မှ ၁၀ နာရီခွဲ အထိ
#မိတ္ထီလာမြို့
မြို့မစျေးကြီး နှင့် စျေးပတ်လမ်းများ၊ ကန်သာယာလမ်း၊ ပွဲစားတန်းလမ်း၊ မိတ္ထီလာ-မြင်းခြံလမ်း၊ ဖောင်တော်ဦးဘုရားလမ်း (၂)၊ မြသုခလမ်း၊ မြစပယ်လမ်း၊ မြသီရိလမ်း၊ စာတိုက်လမ်း၊ ရုပ်ရှင်ရုံလမ်း၊ ဒုတိယလမ်းမတော်၊ ပထမလမ်းမတော်၊ ဘူတာလမ်း၊ နီလာလမ်း၊ ဆုတောင်းပြည့်ဘုရားလမ်း၊ လင်းဇင်းလမ်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း များသို့
အစဥ်လိုက် အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။
~ နေ့လည် ၁ နာရီခွဲ မှ ၆ နာရီ အထိ
#ကျောက်ပန်းတောင်းမြို့
မိတ္ထီလာ-ကျောက်ပန်းတောင်း အဝေးပြေးလမ်းမကြီးပေါ်ရှိ
မြို့တော်ခန်းမရှေ့မှစတင်၍ ဘောဂဗလလမ်း၊ မြို့မစျေးကြီးနှင့် စျေးပတ်လမ်းများ၊ နေဝင်းလမ်း၊ ဥာဏဗလလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဇောတိကလမ်း၊ အောင်ဇေယျလမ်း၊ အောင်သိဒ္ဓိလမ်း၊ အောင်ဇမ္ဗူလမ်း၊ အောင်ဘောဂလမ်း၊ သီရိရတနာလမ်း ၊ အနောက်မြို့ပတ်လမ်းနှင့် ရန်ပြည်မန်းလမ်းမကြီး အတွင်းရှိ အဝေရာလမ်း၊ အောင်မာဃလမ်း၊ ဓမ္မာရုံလမ်း၊ အတုလဝတီလမ်း၊ သုခဝတီလမ်း၊ သုဓမ္မစာရီလမ်း၊ ရေစင်လမ်း၊ နွယ်သာကီလမ်း၊ စပယ်မြိုင်လမ်း၊ ကံ့ကော်မြိုင်လမ်း၊ မြတ်လေးလမ်း၊ နှင်းဆီလမ်း၊ ရန်ပြည်မန်းလမ်းမကြီး၊ ကျောက်ပန်းတောင်း-ညောင်ဦးအဝေးပြေးလမ်းမကြီး များသို့
အစဥ်လိုက် အတိုင်း ကြွရောက်မည် ဖြစ်ပါသည်။
🛑 မှတ်ချက် ~ ဆရာလေးခေမာရံသီ ဟောကြားထားသော တရားတော်များ ပါဝင်သည့် တရား sd card နှင့် စာအုပ်များအလှူခံလိုပါက
ယခုဆွမ်းတန်းများသို့ လာရောက် ယူနိုင်ပါသည် ။
🛑 သုညတဓမ္မရံသီ တရားရိပ်သာ သည် အမြဲတမ်း ဖွင့်သည့်ရိပ်သာဖြစ်သည့်အတွက်
သံဃာ၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီးများ
ရက်တို / ရက်ရှည် အချိန်မရွေး တရားစခန်းဝင်၍ အားထုတ်နိုင်ပါသည်။
~ Posted by သုညတဓမ္မရံသီ တရားရိပ်သာ အကျိုးတော်ဆောင်အဖွဲ့
☎ ဖုန်းနံပါတ် ~ 09773989842..