Phyo Special Clinic & Diagnostic Centre

Phyo Special Clinic & Diagnostic Centre Phyo Diagnostic Centre & Specialist Clinic

20/07/2025

ဖြိုးစေတနာ အထွေထွေရောဂါရှာဖွေရေး ဆေးခန်း
ရွှေညောင်

09666635989

နေ့စဉ်နံနက် ၆:၃၀ မှ ည ၈:၃၀ ထိ

သမားတော် ပြရန် အင်္ဂါနေ့တိုင်း ညနေပိုင်း

USG တီဗွီဓာတ်မှန် စနေ ၊တနဂ်နွေ ၊ဗုဒဟူး ၊ ကြာသပတေး ၊သောကြာ

သွေးဆီး စစ်ဆေးခြင်းများ

Digital X-ray နေ့စဉ် နံနက် ၆:၃၀ မှ ည ၈:၃၀ ထိ

20/07/2025

20.7.25 အလုပ်ခေါ်စာပါရှင်

05/02/2025

ဖြိုးစေတနာ အထူးကု ဆေးခန်း ကလော /အောင်ပန်း တွက်
ဆေးခန်းအကူ အမျိုးသမီး ဝန်ထမ်း ခေါ်လို ပါသည်။
အသေးစိတ်မေးမြန်းရန်နှင့် CV form ပို့ရန်

၀၉၉၄၅၉၅၁၉၉၉ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဖြိုးအထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာ ကလော ဆေးခန်းတွင်ကလောပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်များ နှင့် နေ့စဉ် ပြသ...
25/01/2025

ဖြိုးအထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး စင်တာ ကလော ဆေးခန်းတွင်
ကလောပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်များ နှင့် နေ့စဉ် ပြသနိုင်ပါသည် ရှင်။
Echocardiogram နှလုံး ဓာတ်မှန်
USG တီဗွီ ဓာတ်မှန်
X-ray Digital ရင်ဘတ် နှင့် အရိုး ဓာတ်မှန် ဝန်ဆောင်မှု့များ
သွေးဆီးစစ်ဆေးခြင်း များကို
နေ့စဉ် နနက် ၇ နာရီမှ ည ၈:၃၀ နာရီ ထိ ရရှိပါသည်ရှင်။
ဆက်သွယ် စုံစမ်းရန်
၀၉-၂၅၁၀၀၄၄၄၂
၀၉-၉၄၅၉၅၁၉၉၉
၀၉ -၉၈၈၂၄၃၇၈၄

17/04/2023

“စိတ်သက်သာရာ ရစေတဲ့ အားထုတ်မှု ၄ မျိုး”

◾️တရားထိုင်ခြင်းက စိတ်တည်ငြိမ်စေတာ မှန်ပေမဲ့ လူတိုင်းအတွက် အဆင်မပြေဘူး။ တစ်ခါတလေမှာ နေ့စဉ်လုပ်နေတဲ့သူတောင် စိတ်တွေ တအားပျံ့လွင့်တဲ့ရက်တွေ၊ စိတ်ထိခိုက်စရာ များတဲ့နေ့တွေဆို ဘယ်လိုမှ အာရုံမစုစည်းနိုင်ဘူး။

အဲဒီလိုအခါမျိုးမှာ ကျွန်တော် လုပ်လေ့ရှိတဲ့ ဘာဝနာ အားထုတ်မှု ၄ မျိုးကို မျှဝေချင်တယ်။ ဝင်လေထွက်လေ မှတ်ရတာ ခက်တယ်၊ မလုပ်နိုင်ဘူး ဆိုသူတွေလည်း အသုံးတည့်နိုင်အောင်ပါ။

📌 ၁။ မေတ္တာပွားခြင်း

အသေးစိတ် နည်းလမ်းတွေတော့ ရှိတယ်။ ကိုယ်လုပ်ဖြစ်တာပဲ ပြောမယ်နော်။ ကိုယ့်ကို မကောင်းပြောထားတဲ့သူ၊ ကိုယ် ဒေါသဖြစ်နေတဲ့သူကို မေတ္တာပွားဖို့ကတော့ ဘယ်လိုမှ မလွယ်ဘူး။ ပွားနိုင်တယ်ဆိုလည်း အဲဒါ ကိုယ့်ကိုယ်ကိုယ် ညာနေတာပဲ ဖြစ်လိမ့်မယ်။ ဒီတော့ ချစ်တဲ့ခင်တဲ့သူ၊ တကယ်ကြီးကို ကိုယ့်စိတ်ထဲကနေ နှစ်သက်လိုလားတဲ့သူတွေကို အာရုံထဲ ပုံဖော်ပြီး မေတ္တာထားကြည့်။ သူတို့ ပျော်နေတာ၊ ရယ်နေတာကို မြင်ယောင်ကြည့်။ အဲဒီလိုပဲ အမြဲတမ်း နေနိုင်ပါစေလို့ စိတ်ထဲကနေ ဆုတောင်းပေး။

အဲဒါပြီးရင် ခက်ခဲနေတဲ့ လူတွေကို မေတ္တာပို့တယ်။ ဥပမာ စစ်ရှောင်ပြည်သူတွေပေါ့။ ကန့်ဘလူက ကျန်ရစ်သူတွေပေါ့။ ဘယ်လောက်တောင် ခံစားနေကြရမလဲ။ ခက်ခဲနေကြရှာမလဲ။ အဆင်ပြေကြပါစေ။ ဘေးကင်းကြပါစေ မေတ္တာပို့ပေး။

မနောကံဆိုတာ ကာယကံနဲ့ ဝစီကံရဲ့ ရေသောက်မြစ်ပဲမို့ စိတ်မှာသာ မေတ္တာဓါတ်တွေ တကယ်ကိန်းအောင်းလာရင် ကူညီချင်စိတ်တွေ၊ ပေးကမ်းလိုစိတ်တွေ၊ မျှဝေလိုစိတ်တွေ ဖြစ်လာတယ်။ လက်တွေ့လည်း တကယ်လုပ်ဖြစ်လာတယ်။ ပြောတဲ့ စကားတွေကအစ ငြင်သာလာတယ်။ နူးညံ့လာတယ်။

📌 ၂။ ကျေးဇူးတရားကို အသိအမှတ်ပြုခြင်း

ဘယ်သူတွေကြောင့် ကိုယ့်မှာ အဆင်ပြေခဲ့ရဖူးတာ ရှိသလဲ ပြန်စဉ်းစားကြည့်။ အဲဒါကို အသိအမှတ်ပြုပေး။ ကျေးဇူးတင်ပေး။ ဒီနေ့မှာရော ဘာတွေ အဆင်ပြေခဲ့သလဲ။ ဘယ်အရာတွေက ကျေးဇူးတင်စရာ ကောင်းသလဲ။ ကိုယ်စားချင်နေတဲ့ မုန့်လုံးရေပေါ်ကို ဘေးအိမ်က လာပို့ပေးတာ၊ ကိုယ်လိုအပ်နေတဲ့ ပစ္စည်းတစ်ခုကို အမေဖြစ်သူက စိတ်ရှည်လက်ရှည်နဲ့ ရှာဝယ်ပေးတာ၊ ကိုယ်ရင်ဖွင့်ချင်တာကို တစ်ယောက်ယောက်က အချိန်ပေးပြီး နားထောင်ပေးတာ စသဖြင့် စသဖြင့် ကျေးဇူးတင်တတ်မယ်ဆို တင်စရာတွေ အများကြီး ရှိတယ်။

အဲဒီအခါ လောကအပေါ်၊ လူတွေအပေါ် အဆိုးမြင်တာလည်း သက်သာသွားတယ်။ မေတ္တာထားနိုင်လာတယ်။ ကိုယ်လည်း သူများအပေါ် ကျေးဇူးပြုချင်စိတ်တွေ ဖြစ်လာတယ်။

📌 ၃။ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်စဉ်းစားခြင်း

စိတ်ထဲ မှတ်မှတ်ထင်ထင် ဖြစ်နေတဲ့ လုပ်ရပ်တွေ၊ ပြန်တွေးလိုက်တိုင်း ပီတိဖြစ်ရတဲ့ ကုသိုလ်တွေပေါ့။ မိဘကို လုပ်ကျွေးတာ၊ ပြုစုတာ၊ လိုအပ်နေတဲ့ နေရာတွေဆီ ငွေကြေးလှူဒါန်းတာ၊ တစ်ဦးတစ်ယောက် အဆင်ပြေအောင် သေချာကူညီပေးဖူးတာ၊ ဆေးကုပေးဖူးတာ၊ ကျောင်းထားပေးတာ၊ အသိပညာ မျှဝေတာ စသဖြင့် ဖြစ်နိုင်ပါတယ်။

အကျိုးကျေးဇူးကတော့ ကိုယ့်ကိုယ်ကိုယ် အထင်သေးနေတာတွေ၊ အသုံးမကျဘူး ထင်နေတာတွေ၊ မလုပ်နိုင်ဘူး မြင်နေတာတွေ သက်သာသွားတာပါပဲ။

📌 ၄။ သဘာဝတရားများကို ပြန်လည်ဆင်ခြင်ခြင်း

သိပေမဲ့ မေ့မေ့နေတဲ့ အရာတွေပေါ့။

• တစ်နေ့အိုရမယ်။ နာရမယ်။ သေရမယ်။
• ချစ်တဲ့သူတွေနဲ့ ရှင်ကွဲသော်လည်းကောင်း၊ သေကွဲသော်လည်းကောင်း ခွဲခွာရမယ်။
• ပစ္စည်းဥစ္စာ၊ ရာထူး၊ အာဏာ ဆိုတာတွေဟာ မတည်မြဲတဲ့သဘော ရှိတယ်။
• လောကဓံ ၈ ပါးကို ဘယ်သူမဆို ရှောင်ရှားလို့ မရဘူး။

ဒီသဘာဝတရားတွေကို နှလုံးသွင်းနေခြင်းကလည်း စိတ်ကို အတော်သက်သာရာ ရစေတယ်။ ဒါတွေက ဘဝကို အဆိုးမြင်ဖို့၊ စိတ်ဓါတ်ကျနေဖို့၊ တောထွက်တရားကျင့်ဖို့ ပြောနေတာ မဟုတ်ဘူး။ အမှန်ကို အမှန်အတိုင်း ပြန်ပြန်သတိရနေဖို့ပဲ။

မိတ်ဆွေတစ်ယောက် ရေးသလိုပေါ့။

• အကောင်းဆုံးအချိန်က ဘယ်အချိန်လဲဆို အခုအချိန်။
• အကောင်းဆုံး လုပ်ရမဲ့အလုပ်က ဘယ်အလုပ်လဲ - အခုလက်ရှိ လုပ်နေတဲ့အလုပ်။
• အကောင်းဆုံး ဆက်ဆံပေးရမဲ့သူက ဘယ်သူလဲ - အခု ကိုယ့်ဘေးနားမှာ ရှိနေတဲ့လူ။

ဆိုလိုတာက အချိန်မရွေး ရောဂါဖြစ်နိုင်တယ်။ သေနိုင်တယ်။ ဒီတော့ ကျန်းမာတုန်း အကျိုးရှိတာတွေ လုပ်။ အချိန်မဖြုန်းနဲ့။

အချိန်မရွေး လူတွေနဲ့ ကွဲကွာသွားနိုင်တယ်။ ဒီတော့ အတူရှိနေတုန်း စိတ်ချမ်းသာအောင် ထား။

အချိန်မရွေး ပစ္စည်းဥစ္စာတွေ ဆုံးရှုံးသွားနိုင်တယ်။ ဒီတော့ လက်ထဲပိုင်ဆိုင်တုန်း လှူတန်း။ လိုအပ်နေတဲ့သူတွေဆီ မျှဝေ။ ရှာဖွေရင်လည်း သမ္မာအာဇီဝကျတဲ့ အလုပ်တွေလုပ်။

ကဲ့ရဲ့ခံရတာ၊ မကောင်းပြောခံရတာ ကိုယ်မှမဟုတ်ဘူး။ ဘယ်သူမဆိုပဲ။ ဒါကို တအားကြီး ခံစားမနေနဲ့။ ချီးကျူးခံရ၊ လာဘ်လာဘတွေ ရ၊ အခြွေအရံတွေ ပေါနေလို့လည်း မာန်မတက်နဲ့။ အဲဒါတွေကလည်း မြဲတာ မဟုတ်ဘူး။

ဒီလိုတွေ တွေးမိလာအောင်၊ ဘဝကို အကျိုးရှိရှိ ဖြတ်သန်းဖြစ်လာအောင် လောကသဘာဝတွေကို ပြန်ဆင်ခြင်ရတာသာ ဖြစ်ပါတယ်။

◾️ဒီ ၄ နည်းကတော့ တရားထိုင်ရ ခက်တဲ့နေ့တွေမှာ ကျွန်တော် လုပ်လေ့ရှိတာတွေပါ။ ၅ မိနစ်လုပ် ၅ မိနစ် သက်သာရာ ရပါတယ်။ ၁၀ မိနစ်လုပ် ၁၀ မိနစ် သက်သာရာ ရပါတယ်။ ဘာဝနာဆိုတာ စိတ်ကို လေ့ကျင့်ပေးတာ ဖြစ်လို့ မှန်မှန်သာ လုပ်သွားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

အဲဒီလိုသာဆို -

• မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ထားလို့ အဓိပ္ပါယ်ရတဲ့ မေတ္တာဓါတ်တွေ ကိုယ့်ဆီမှာ ကိန်းအောင်းလာမယ်။
• ကျေးဇူးတရားကို ပိုပြီး အသိအမှတ်ပြုတတ်လာမယ်။ နေပျော်လာမယ်။
• ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ ကိုယ့်ဘဝကို ကျေနပ်နှစ်သက်မှုလည်း မြင့်တက်လာမယ်။
• လောကဓံတရားတွေကိုလည်း ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်လာပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၁၆.၄.၂၀၂၃

Photo credit

17/04/2023

သေတတ်သည်၊ သတိထားကြပါ

ညနေကတောင်ဖြစ်သေးတယ်
တံတွေးခမ်းပြီး
လူက မိုက်ကနဲပဲ
ရေပြေးသောက်လိုက်မှ သက်သာတယ်
အယ်နီညိုမှာ ဒီရောဂါကြောင့်အများကြီးသေ
နိုင်ပါတယ်။

Heat Stroke အပူလျှပ်တဲ့ရောဂါ ...

ကျွန်တော် ဖြစ်ဖူးပါတယ် ကားစီးနေရင်း ခန္ဓာ ကိုယ်တစ်ခုလုံးပူလာပြီး ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့ ပြီးတော့ ဒီလောက်ပူနေတာ ချွေးမထွက်ဘူး ခေါင်းတွေမူး ခြေတွေလက်တွေတုန်တယ်။

ဖြစ်တာက ဥက္ကံမြို့အကျော်ဖလုံရွာနား Expressပေါ်မှာ နာရီတွက်ကြည့်မိတော့ နောက်မိနစ်၂၀မှတိုက်ကြီးရောက်တော့မယ်။ ရေသန့်ဗူးကိုသောက်ပါတယ် .. သို့ပေမဲ့ မရ ၊ သောက်ပြီးတာနဲ့ ပါးစပ်ထဲမှာ တံတွေးမရှိတော့ဘူး.. ခြောက်ကပ်သွားပါတယ်။

ရေလဲကုန်ပြီမို့ ကားစပါယ်ယာခေါ်ပြီး ဓာတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုပြီး အကူအညီတောင်းတော့ ဓာတ်ဆားနှစ်ထုပ်ရပါတယ်။

သောက်လိုက်တော့ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်...
မူးတာမပျောက် နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ်။

မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပဲ
တိုက်ကြီး မှာဆင်းပြီး အနီးဆုံးဆေးခန်းကို
ကျွန်တော်ပြေးပါတယ်။

ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပြီးသွေးချိန်တော့ ၅၀/၄၀ ကိုကျသွားပါပြီ။

ဆရာဝန် မလေးကချက်ချင်း ဒရစ်ချိတ်ပေးပါတယ်..
ရှင့်ဆုံးဖြတ်ချက်မှန်တယ် ... မဟုတ်ရင်
အသက်အန္တရာယ်နီးတယ်တဲ့။

ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။

သတိရှိလို့ပါ မဟုတ်ရင် သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲ တစ်ကိုယ်လုံး
ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။

ရှက်စရာမဟုတ်ပါ ရေ၊ ဖျော်ရည်၊ သကြားလုံး၊ဓာတ်ဆား ရရာသောက်။

အချိန်မဆွဲပါနဲ့ ရောက်တဲ့နေရာမှာ ဓာတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။
ချက်ချင်းသောက်ပါ...

အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာ...
မသိရင်ဒုက္ခလှလှတွေ့မှာပါ။
သတိထားပေးကြပါ ပေါ့လို့မရပါ။

၁၅ မိနစ်အတောအတွင်း
Body heat ကို ၄၀အောက်ပြန်မချနိင်ရင်
ဆိုးရွားသွားနိင်ပါတယ်။

ရေဖျော်ရည် ဓာတ်ဆားအဓိကပါ...
မဟုတ်တဲ့ ဆေးတွေ လျှောက်တိုက်ရင်
အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာ မဟုတ်ပါ။

ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။
ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။
နီးစပ်ရာလည်းသတိပေးပါ။

လာမှာနော်အယ်နီညိုနဲ့ အတူ Heat Stroke တဲ့

Credit Original Uploader

07/09/2022

ကိုယ်အလေးချိန် လျှော့ချ နေသူများ နှင့် ထိန်းချင်သူများ အတွက် အသုံးဝင်မည့် စိတ်ပိုင်းဆိုင်ရာ လှည့်စား နည်းလမ်းများ
Dr. Nutrition

ဝိတ်ချမယ် ဆိုတာနဲ့ လူအများသိထားကြတာတော့ အစားလျှော့စားတာပါပဲ။ ဒါပေမယ့် တကယ်တမ်း လျှော့စားဆိုရင် အရှိန်မသက်နိုင်ဘဲ စားစားမိသွားတတ်တာ လည်း တော်တော် များများဆီ ကနေ ပြန်ကြားနေရပါတယ်။ တကယ်တော့ ဒီလို လျှော့စားဖို့ဆိုတာ psychological approach (စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု့) တွေ အများကြီးလိုပါတယ်။ ဘယ်လိုမျိုးတွေလဲ ဆိုတော့

(A) မနက်စာ နေ့လည်စာ ညစာ စားတဲ့ အခါ မှာ အနည်းဆုံး ၁၅-၃၀ မိနစ်ကြာအောင် စားပေးပါ။ ဒါမှ ဦးနှောက်က စားတဲ့ အချိန်ကြာကြာ လေ ဗိုက်သွားပြီဆိုတဲ့ ခံစားချက် ဖြစ်လေ ဖြစ်တဲ့ အတွက် စားစရာ မကုန်သေးခင်မှာပဲ စားချင်စိတ် အလိုလို ပျောက်သွားတတ်ပါတယ်။ ကုန်သွားခဲ့ရင်တောင် တော်ရုံတန်ရုံ ထပ်မယူဖြစ်တော့ပါဘူး။

(B) ဇွန်း ခရင်း နဲ့ စားတတ်တဲ့ အကျင့် လုပ်ပါ။
ဇွန်း၊ခရင်း နဲ့ စားတတ်တဲ့ အကျင့်က လည်း ဝိတ်ချတဲ့ နေရာ မှာ အလွန် အသုံးဝင်ပါတယ်။ စားတဲ့ တလုပ်စာ က လည်း ပုံမှန်စားနေကျ တလုပ်စာ ပဲ ထည့်စား တတ်ဖို့ လိုပါတယ်။ တလုပ် စားပြီးတိုင်း ဇွန်းခရင်း ကို တစ်ခါချပြီး သေချာကျေညက်အောင် ဝါးစားပေးတာလဲ ဝိတ်ချတဲ့ နေရာမှာ အကျိုးရှိတဲ့ နည်းလမ်းကောင်းတစ်ခုပါ။

(C) ထမင်း မစားခင် ပာင်းချို တစ်ခွက် အရင်သောက်ပေးတဲ့ နည်းလမ်း ကလည်း စားရမယ့် အစာ ပမာဏ ကို သုံးပုံ တစ်ပုံလောက် အထိ လျှော့ချပေးနိုင်ပါတယ်။ ပာင်းချိုသောက်ပြီးရင် အရွက်ကြော်တစ်ခုခု ကို နှစ်ဇွန်း သုံးဇွန်း အရင်စားပါ။ ပြီးရင် အသားစစားပြီး နောက်ဆုံးမှာ ထမင်း ကို စစားပါ။ ဒါဆိုရင် ကယ်လိုရီ အများဆုံး ဖြစ်တဲ့ ထမင်း ကို စားတာ လည်း အလိုအလျောက် နည်းသွားပါတယ်။

(D) အသားစားတော့ မယ် ဆိုရင် လတ်လတ်ဆက်ဆက် မဟုတ်ပဲ ပြုပြင်ထားတဲ့ အသားချောင်း ကြက်အူချောင်း ဝက်အူချောင်း အသားလုံး စတာတွေ ကတော့ ရှောင်သင့်ပါတယ်။ ထို အသားချောင်း အသားလုံးတွေ မှာ တိရိစ္ဆာန် က ရတဲ့ အဆီ ပါဝင်မှု့ များတဲ့ အပြင် ဆား ပါဝင်မှု့ များတဲ့ အတွက် ကျန်းမာရေးအတွက် မသင့်တော်ပါ။ ကယ်လိုရီ ပါဝင်မှု့များလို့ ဝိတ်တက် စေတဲ့အပြင် ဆားပါဝင်မှု့ များတဲ့ အတွက် သွေးတိုးနှင့် အခြား ဆက်စပ်ရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အသားစား မယ်ဆိုရင် လတ်လတ်ဆက်ဆက် အသားငါး ကို ရွေးစားဖို့လိုတဲ့ အပြင် အသား စားရင်လည်း ဆီပါဝင်မှု့ နည်းအောင် အရေခွံ ကလီစာ သုံးထပ်သား အခေါက် စတာတွေ ကို လုံးဝရှောင်ဖို့လိုပါတယ်။
ဥပမာ - ဝက်သား စားမယ် ဆိုရင် အသားချည်း စားပြီး အဆီတုံးတွေ ဖယ်ပစ်လိုက်တာမျိုး။
ကြက်သားစားရင် အရေခွံ ဖယ်စားတာမျိုး၊ ကြက်ဆီဗူးစားတာ မျိုးရှောင်သင့်ပါတယ်။

အထူးသဖြင့် သွေးတွင်း ကိုလက်စထရော များသူတွေ ဆိုရင်တော့ ကိုလက်စထရော ပါဝင်မှု့များတဲ့ ဆိတ်သား၊ ဝမ်းတွင်း ကလီစာ၊ ကြက်အသည်း၊ အမဲ အသည်း၊ ဝက်အသည်း၊ ဝက်ဦးနှောက်၊ ဆိတ်ဦးနှောက်၊ ပုဇွန်ခေါင်း၊ ပုဇွန်ဆီ၊ အခြားသော seafood တွေကို ရှောင်ကြဉ်သင့်ပါတယ်။
ကယ်လိုရီ အပြင် ကိုလက်စထရော ပါများတဲ့ အတွက် သွေးတိုး နှလုံးဆီးချို စတဲ့ ရောဂါ တွေ ဖြစ်ပွားစေပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

08/08/2022

ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ မထင်မှတ်ထားလောက်အောင် တေးဂီတတွေရဲ့ အရေးပါမှု....

မေမေတို့အနေနဲ့ တေးဂီတ ဆိုတာကို ကလေးတွေကို ငြိမ်အောင်လုပ်တဲ့အရာ၊ အိပ်ပျော်အောင် ချော့သိပ်တဲ့အရာလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။

တကယ်တော့ မဟုတ်ပါဘူး။ တေးဂီတတွေ ဆိုတာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ မေမေတို့ မထင်မှတ်ထားလောက်‌အောင် ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ ကူညီပေးနိုင်တဲ့ အရာပါ။

ကယ်လီဖိုးနီးယား တောင်ပိုင်းမှာရှိတဲ့ Brain and Creativity Institute က လေ့လာထားတဲ့ သုတေသန မှာဆိုရင် ငယ်ငယ်ကတည်းက ကလေးတွေကို တေးဂီတတွေနဲ့ ထိတွေ့‌စေခြင်းက ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို မြန်ဆန်စေပြီး အထူးသဖြင့် ဘာသာစကား လေ့လာသင်ယူခြင်းနဲ့ စာဖတ်တတ်မြောက်မှုတွေမှာ အခြားကလေးတွေထက် ပိုပြီးမြန်ဆန်စေတယ်လို့ ဆိုပါတယ်။

ဒီလိုပြောလို့ တေးဂီတ ဆိုတာ ပညာရပ်ပိုင်းဆိုင်ရာတွေကိုပဲ ဖွံ့ဖြိုးတိုးတက်စေတာ မဟုတ်ပါဘူး။ ကလေးတွေ ကျောင်းတက်တဲ့အခါ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေဖြစ်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ တတ်မြောက်ဖို့၊ ဘာသာစကား တတ်မြောက်ဖို့၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းဖို့၊ စဥ်းစားဆုံးဖြတ်နိုင်စွမ်း မြင့်မားဖို့ကိုလည်း ကူညီပေးပါတယ်။

ကလေးတွေကို ငယ်ငယ်ကတည်းကသာ တေးဂီတနဲ့ ထိတွေ့ပေးထားမယ်ဆိုရင် အသံတွေနဲ့ စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေကို‌ လေ့လာနိုင်ပြီး ဘာသာစကားကို လွယ်လွယ်ကူကူ တတ်မြောက်စေမှာပါ။

ပြီးတော့ တေးဂီတနဲ့အတူ ကခုန်ခြင်းဖြင့် စိတ်နဲ့ခန္ဓာကိုယ်ကို တစ်သားတည်းကျအောင် လုပ်ဆောင်ပေးပြီး ကြွက်သားတွေနဲ့ အရိုးအဆစ်တွေကို သန်မာစေမှာပါ။ ဒါ့အပြင် ကလေးတွေ အရွယ်ရောက်လာတဲ့ အခါမှာလည်း မှတ်ဥာဏ်စွမ်းရည် အားကောင်းဖို့ ကူညီပေးပါတယ်။

ဒီနေ့ပြောပြခဲ့တာကတော့ ကလေးတွေရဲ့ ဖွံ့ဖြိုတိုးတက်မှုမှာ ထိ‌ရောက်တဲ့ တေးဂီတတွေရဲ့ အရေးပါမှုအကြောင်းပဲ ဖြစ်ပါတယ်။ မေမေတို့အတွက် အကျိုးတစ်ခုခု ရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ChitBaby
ငါးနှစ်အောက်ကလေး ပြုစုပျိုးထောင်ရေး

Address

Union Street
Kalaw

Opening Hours

Monday 06:30 - 19:30
Tuesday 06:30 - 19:30
Wednesday 06:30 - 19:30
Thursday 06:30 - 19:30
Friday 06:30 - 19:30
Saturday 06:30 - 19:30
Sunday 06:30 - 19:30

Website

Alerts

Be the first to know and let us send you an email when Phyo Special Clinic & Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram