Summer D. Scents

Summer D. Scents Summer D. Scents is a Kalaw-based platform dedicated to sharing honest perfume reviews, selling authentic perfumes, and offering decants.

Authenticity is our top priority.

Summer's Edit: Vol. 01May လ အတွက်ကိုယ့်မှာ ဝယ်ယူရရှိနိုင်တဲ့ Decant List ပါ။ဒီလအတွက် ဘာဖြစ်လို့ ဒီရနံ့တွေကို ရွေးဖြစ်သွာ...
01/05/2026

Summer's Edit: Vol. 01

May လ အတွက်ကိုယ့်မှာ ဝယ်ယူရရှိနိုင်တဲ့ Decant List ပါ။

ဒီလအတွက် ဘာဖြစ်လို့ ဒီရနံ့တွေကို ရွေးဖြစ်သွားလဲဆိုတဲ့ အသေးစိတ်ကိုတော့ နောက်ထပ်လုပ်မဲ့ content တွေမှာ မြင်ရပါမယ်ရှင်။

လောလောဆယ်က အိမ်ပြောင်းဖို့ကိစ္စနဲ့ရှုပ်နေလို့ မအားသေးလို့ရယ်။ ဟီး။

ရေမွှေးအမှာတွေကိုလည်း ၈ ရက်နေ့လောက်မှ စပို့မယ်နော်။ ဒီတစ်ပတ်လောက်က တော်တော်ရှုပ်ဦးမှာမို့ပါ။ စောင့်ပေးကြပါဦးနော်။

ဒါနဲ့လေ ကိုယ့် customer တွေက မိုက်တယ်ရှင်။ ရေမွှေး decant တွေနဲ့ Summer's Farmstead - ဆမ်းမားရဲ့ကျေးလက်ခြံ က မင်းကွတ်သီးတွေကို တွဲဝယ်ချတာ။
Musk Therapy 10ml နဲ့ မင်းကွတ်သီး အလုံး 100 တို့ဘာတို့။ 😂

ဘာလေးပဲ ရောင်းရောင်း ယုံယုံကြည်ကြည်နဲ့အားပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ် နော်။ 💚





Disclaimer: This is an authentic product offered for resale by an independent seller. All trademarks and brand names are the property of their respective owners and are used for identification purposes only. This sale complies with all applicable laws and Facebook's Terms and Conditions, including Commerce Policies.

Musk Therapy လေး Decant ပြန်ရပါမယ်ရှင်။ 🤍သူက အခုချိန်ထိ ဘဝမှာ အကြိုက်ဆုံးရေမွှေးတစ်လုံး ဖြစ်နေဆဲပဲ။ ကိုယ်က ရနံ့တွေကို ရန...
30/04/2026

Musk Therapy လေး Decant ပြန်ရပါမယ်ရှင်။ 🤍

သူက အခုချိန်ထိ ဘဝမှာ အကြိုက်ဆုံးရေမွှေးတစ်လုံး ဖြစ်နေဆဲပဲ။

ကိုယ်က ရနံ့တွေကို ရနံ့ချည်းသက်သက်မဟုတ်ဘဲ အမှတ်တရတွေ ခံစားချက်တွေနဲ့ပါ တွဲပြီး ခံစားမှတ်မိနေတတ်လို့နဲ့ တူတယ်။ နောက်ထပ် သိပ်ကောင်းတဲ့ ရနံ့တွေ အများကြီးထပ်စမ်းခဲ့ဖူးပေမဲ့ Musk Therapy ကို sentimental value အရ ဘယ်ရနံ့ကမှ ကျော်မသွားနိုင်ခဲ့ဘူးရယ်။

အခုလည်း ကိုယ့်ရဲ့ Signature Scent ကို နှစ်တွေအကြာကြီးအထိ Musk Therapy ကိုပဲ ပြန်ထားတော့ဖို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ်တိုင်က သိပ်ကြိုက်ရသလို အနီးနားကသူတွေက ကိုယ်နဲ့လိုက်တယ်ဆိုပြီး တညီတညွတ်တည်း မှတ်ချက်ပေးတတ်ကြတာမို့လေ။ လက်ကျန်သက်တမ်းတစ်လျှောက်လုံးအတွက် ရေမွှေးတစ်လုံးကိုပဲ ဆွတ်ရတော့မယ်ဆိုရင်တောင် အခုချိန်မှာတော့ ဒီရေမွှေးကိုပဲ ရွေးချင်ပါတယ်။

𝐌𝐮𝐬𝐤 𝐓𝐡𝐞𝐫𝐚𝐩𝐲 𝐛𝐲 𝐈𝐧𝐢𝐭𝐢𝐨 𝐏𝐚𝐫𝐟𝐮𝐦𝐬 𝐏𝐫𝐢𝐯𝐞
———————————————————————

ကိုယ့်ဆီမှာ စုထားတဲ့ပုလင်းတွေများတာနဲ့အမျှ ကြိုက်တာတွေလည်းများပါတယ်။ ဒါပေမယ့်အကြိုက်ဆုံးတွေကတော့နည်းတယ်ပေါ့။Musk Therapy ကတော့ မများလှတဲ့ အကြိုက်ဆုံးတွေထဲတစ်ခုပါ။ဘယ်လောက်တောင်ကြိုက်သလဲဆို ဘဝတစ်လျှောက်လုံးဆွတ်ဖို့ လက်ရှိ စုထားတဲ့အထဲကတစ်မျိုးပဲရွေးလို့ရမယ်လို့ပြောလာခဲ့ရင် ကိုယ့်ရဲ့ ရွေးချယ်မှုဟာ Initio Parfums Prive ရဲ့ Musk Therapy ပဲဖြစ်ပါလိမ့်မယ်။

သူက Initio ရဲ့ Hedonist Collection ထဲကပါ။ 2021 ကမှလောလောလတ်လတ်ထွက်ထားတာ။
နာမည်နဲ့လိုက်အောင်ပဲ ရနံ့ကုထုံးတစ်ခုနဲ့တူတဲ့ ဒီကောင်လေးက အခုချိန်ထိသုံးဖူးသမျှထဲမှာ Cozy & Comforting အဖြစ်ဆုံးပဲ။ သူ့ရဲ့ Milky & Creamy ဖြစ်ပုံဟာ ဆွဲဆောင်မှုသိပ်ကောင်းလွန်းလို့ အမြဲတမ်းနေနေကျ Fresh Zone ထဲကနေထွက်ပြီး Milky/Creamy/ Velvety Zone ထဲကို တစ်ခေါက်လောက်ဖြစ်ဖြစ်အလည်သွားချင်စိတ်ပေါ်လာစေတော့တာ။ မလိုင်များများနဲ့ သကြားမပါတဲ့ နွားနို့ဆိမ့်ဆိမ့်လေးတစ်ခွက်သောက်ရသလိုခံစားချက်မျိုးပဲ။ အရမ်းကိုလှတယ်။

ချိုချိုချဉ်ချဉ်ဖြစ်တာလည်းမဟုတ်ဘူး။ အီစိမ့်နေတာလည်းမဟုတ်ဘူး။
Soft Citrus
Clean
Creamy
အဲ့သုံးခုပေါင်းထားတဲ့ရနံ့ပဲ။ Citrus Note တွေတဖြည်းဖြည်းပျောက်သွားပြီးတဲ့နောက်ပိုင်း ကျန်ခဲ့တဲ့ Scent ကိုလေ တော်တော်လေးကြိုက်တယ်။ ရှူပြီးရင်ထပ်ရှုချင်ပဲ။ ရှူလို့ကိုမဝနိုင်ဘူးရယ်။တအားကြိုက်တာပဲ။ 🥺🤍

နူးညံ့ငြိမ်းချမ်းလွန်းတယ်။ နောက်ပြီး သိပ်ချစ်စရာကောင်းတယ်။ရင့်ကျက်တည်ငြိမ်တဲ့အမျိုးသမီးအသွင်ဆောင်စေတာနဲ့တပြိုင်နက် ညှို့ငင်အားပြင်းတဲ့ သူသဏ္ဍာန်လည်း ပေါ်စေပါသေးတယ်။ အံ့ဩဖို့မကောင်းဘူးလား။
ဪ သူက Unisex နော်။ ကိုယ်ကမိန်းကလေးမို့ သုံးကြည့်ပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ခံစားရတာကိုရေးထားတာ။ Feminine ဘက်ကိုအလစ်တဲလေး leaning ဖြစ်ပေမယ့် Creamy Scent ကိုကြိုက်တဲ့အမျိုးသားတွေလည်းစမ်းကြည့်သင့်တယ်။ကောင်လေးတွေနဲ့လည်းလိုက်မှာရယ်။

တကယ်တော့လေ။ ဘာဖြစ်နေလဲဆိုတော့ အပေါ်မှာဒီလောက်စာအရှည်ကြီးရေးခဲ့ပြီးတာတောင် သူ့အလှကို ပုံဖော်ပြဖို့မလုံလောက်သေးဘူးလို့ ခံစားနေရတယ်။ ဒီတော့ကွာ သူ့အလှကိုသေချာသိချင်တယ်ဆိုရင် ကိုယ့်ဆီက decant ဝယ်ပြီးသာစမ်းချလိုက်ပါတော့ချစ်တို့ရေ။ အတည်အဟုတ်ပြောတာ။ ဒီနည်းလမ်းပဲရှိတော့မှာ။ အဟဲ။ ^^

Performance ကလည်းဂွတ်ရှယ်ပဲ။ Longevity , Projection , Sillage အကုန်မိုက်။ Beast Mode မဟုတ်ပေမယ့် တော်တော်ကြီးကောင်းတဲ့အထဲပါပါတယ်။ဆိုတော့ ဘာလိုသေးလဲ ဝယ်ဖို့ပဲကျန်ပါတော့တယ်ပေါ့။

စမ်းကြည့်ပါ။ သိပ်ကြိုက်သွားပြီး Full Bottle လိုချင်သွားပါလိမ့်မယ်။အဲ့အခါကျမှ စျေးမနည်းတဲ့ ဒီကောင်လေးကိုမှကြိုက်ရကောင်းလားဆိုပြီးအတူတူငိုကြတာပေါ့။ 🤍




ရှေ့လျှောက် ခြံထွက်အသီးအနှံတွေ၊ အိမ်ချက်အစားအသောက်တွေကို Summer's Farmstead - ဆမ်းမားရဲ့ကျေးလက်ခြံ  မှာရောင်းပါမယ်နော်။ ...
30/04/2026

ရှေ့လျှောက် ခြံထွက်အသီးအနှံတွေ၊ အိမ်ချက်အစားအသောက်တွေကို Summer's Farmstead - ဆမ်းမားရဲ့ကျေးလက်ခြံ မှာရောင်းပါမယ်နော်။ ဝယ်ယူ အားပေးကြပါဦးရှင်။

ဒီလုပ်ငန်းလေးကတော့ ကိုယ့်တစ်ယောက်တည်းလုပ်ငန်းမဟုတ်ဘဲ မိသားစုလုပ်ငန်းဖြစ်မှာပါ။ ခြံထဲမှာအသီးအနှံတွေကထွက်ပြီး ယောင်းမက ဟင်းချက်ကောင်းတယ် ကိုယ်ကကျ ဈေးရောင်းချင်တယ် အဲ့ဒါနဲ့ပဲ အမေတို့ ကိုကြီးတို့ ယောင်းမတို့နဲ့ collaboration လုပ်ဖြစ်သွားပြီး ရှယ်ယာစပ်တူထည့်ဖြစ်သွားကြတယ်ဆိုပါတော့။ 😂😂

အိပ်မပျော်တာနဲ့ အလုပ်လျှောက်ဖို့  portfolio ပြင်မယ်ဆိုပြီး page ထဲဝင်ပြီး စာတွေပြန်ဝင်ဖတ်မိတာ ဒီစာလေးပြန်မြင်တော့ စိတ်ထဲ...
29/04/2026

အိပ်မပျော်တာနဲ့ အလုပ်လျှောက်ဖို့ portfolio ပြင်မယ်ဆိုပြီး page ထဲဝင်ပြီး စာတွေပြန်ဝင်ဖတ်မိတာ ဒီစာလေးပြန်မြင်တော့ စိတ်ထဲ ဘယ်လိုထိထိခိုက်ခိုက်ကြီး ဝမ်းနည်းမိသွားမှန်းမသိဘူး။

ကိုယ်ဟာ အဲ့ဒီလို ကာလတွေမှာတောင် ရနံ့တွေနဲ့ အလုပ်အပေါ် ရူးသွပ်ချစ်မြတ်နိုးတဲ့စိတ် ဘယ်လောက်ပြင်းပြခဲ့လဲဆိုတာကို ပြန်တွေးမိပြီး အဲ့ဒီအရာတွေနဲ့ ဝေးကွာနေတဲ့ အချိန်‌တွေကို ဘယ်လိုခက်ခက်ခဲခဲဖြတ်ကျော်နေခဲ့ရလဲဆိုတာကို ပြန်တွေးမိသွားလို့။

အမှန်အတိုင်းဝန်ခံရရင် အထဲကအကြောင်းတွေ ပြန်မတွေး‌မိအောင် နေတယ်။ မိသားစုလိုနေခဲ့ကြတဲ့ ကိုယ့်ရဲ့ ချစ်ခင်အားထားရတဲ့ စားအိုးတွဲအစ်မတွေ အားလုံးကျန်ခဲ့ပြီး ကိုယ်တစ်ယောက်တည်း ပြန်လာရမှုအပေါ် survivor guilt ဖြစ်နေတာကြောင့်ရော၊ အထဲမှာ ကိစ္စအချို့ဖြစ်ပျက်သွားပြီးနောက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြေမွစုတ်ပြတ်သွားခဲ့ဖူးတဲ့ သနားစရာဆမ်းမားကို ပြန်ပြီး မမြင်ရက်‌နိုင်သေးလို့ရောကြောင့် ပြန်မတွေးပါဘူး။

ဒါပေမဲ့လေ ဒီစာလေးကိုပြန်ဖတ်မိတော့ အမိန့်ကျတဲ့နေ့တုန်းကတောင် မျက်ရည်တစ်ပေါက်မကျခဲ့တဲ့ ကိုယ်က အထဲမှာ ရနံ့တွေလွမ်းလို့၊ ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့် page က သူတွေ ကိုယ့်ကိုမေ့သွားမှာကြောက်လို့ ဆိုပြီး ခဏခဏမျက်ရည်ကျခဲ့ဖူးတဲ့ ဆမ်းမားကို ပြန်ပြီး မြင်ယောင်မိပါတယ်။ တန်းမပိတ်ခင် ညနေတွေတိုင်းလိုလိုမှာ အိပ်ဆောင်အပေါ်ထပ်ရဲ့ သံဆူးကြိုးတွေကြားကနေ မြင်ရတဲ့ မန္တလေးတောင်ကြီးကို လှမ်းပြီး ငေးရင်း ကိုယ့်ရဲ့ ဘဝက အပြင်မှာရှိခဲ့ဖူးတယ်ဆိုပြီး တွေးခဲ့ဖူးတဲ့ ဆမ်းမားကိုရောပေါ့။

ဘာပဲပြောပြော အခုချိန်မှာ ကိုယ်ချစ်တဲ့ ဒီအဝန်းအဝိုင်းလေးထဲ ပြန်ရောက်လာပြီး ရနံ့တွေနဲ့ပြန်ပြီး‌ ဆက်နွယ်ခွင့်ရနိုင်ပြီမို့ တော်ပါသေးရဲ့နော်။ 💚

ခြံထဲက မင်းကွတ်သီးတွေ နည်းနည်းစခူးနေပြီ။ ယူတို့ ဆမ်းမားကိုယ်တိုင် အပင်ပေါ်တက်ခူးထားတာလေးတွေ .... မဟုတ်ပါဘူးလို့။ xDအိမ်က...
28/04/2026

ခြံထဲက မင်းကွတ်သီးတွေ နည်းနည်းစခူးနေပြီ။ ယူတို့ ဆမ်းမားကိုယ်တိုင် အပင်ပေါ်တက်ခူးထားတာလေးတွေ .... မဟုတ်ပါဘူးလို့။ xD
အိမ်က ကိုကြီးခူးထားတာတွေပါ။
ကိုယ့်မယ် ဟိုနေ့က အပင်ပေါ်တက်ပြီး သုံးလေးလုံးလောက်ပဲ ခူးရသေး။ ဒူးတွေတုန်လာလို့ ပြန်ဆင်းလာရတယ်။ 😂😂

ဒါနဲ့လေ ယူတို့ကသာ မင်းကွတ်သီးတွေ ကြက်မောက်သီးတွေကို အားပေးချင်တယ် ပြောကြတာ အခုလက်ရှိ Delivery Service တွေရဲ့ Rules and Regulations တွေအရ ( တစ်ပေထက်ကြီးတဲ့အထုတ်ဆိုမရတာ ၊ 5Kg ထက်ကျော်မရတာ ဘာညာနဲ့) ယူတို့အတွက် အသီးဖိုးနဲ့ Delivery ခက မကာမိဘူးရယ်။ ဆိုတော့ အိမ်အရောက်လိုချင်တယ်ဆိုရင် ဝယ်မနေကြပါနဲ့တော့။ မတန်နေဘူးရယ်။

အခုအနေအထားမှာ ကားနဲ့တင်ပေးတာက အကောင်းဆုံးဖြစ်မှာမို့ ကားဂိတ်ကို သွားယူလို့ အဆင်ပြေတယ်ဆိုတဲ့ သူ‌တွေပဲ ဝယ်ချင်ဝယ်နော်။ ဒါပေမဲ့ ယူတို့ကိုယ့်မြို့မှာ ကိုယ်ဝယ်စားတာက ပိုတန်နေမလားပဲ။ ဘယ်လိုနေနေ မဝယ်ပါနဲ့တော့ရှင်။ xD

ရှေ့ဆက် ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းနဲ့အတူ တစ်လခွဲကျော်လောက် လမ်းပျောက်ပြီး သကာလ ဒါလေးတွေ ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။🟩 F...
26/04/2026

ရှေ့ဆက် ဘာလုပ်ရမလဲဆိုတဲ့ မေးခွန်းနဲ့အတူ တစ်လခွဲကျော်လောက် လမ်းပျောက်ပြီး သကာလ ဒါလေးတွေ ဆက်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

🟩 Fragrance Reviewer Summer အဖြစ်နဲ့သာမက Curated Selection Decants လေးတွေကို ဆက်လက်ရောင်းချသွားပေးမဲ့ ဆမ်းမားအဖြစ်ပါ ဆက်ရှိပါမယ်။

ဆိုလိုချင်တာက ရေမွှေး decant တွေကို ဆက်ရောင်းဖို့ရှိပါတယ်။ ဒါပေမဲ့ အရင်လို ကိုယ်ကြိုက်တာတွေနဲ့ ယူတို့ကြိုက်တတ်တာတွေကို စုစည်းထားတဲ့ collection မျိုးကို တွေ့ရတော့မှာ မဟုတ်ဘဲ ရနံ့တစ်ခုချင်းစီကို သူတို့ရဲ့ scent profile, background story နဲ့ အလိုက်ဖက်ဆုံး season, occasion အလိုက်သာမက ကိုယ့်ရဲ့ အမြင်ခံစားချက်တို့ကိုပါ ထည့်သွင်းပြီး ရွေးချယ်ထားတဲ့ curated pieces တွေကို ဝယ်ယူနိုင််မှာပါ။

ဒါက Art Curator ဖြစ်ချင်ခဲ့တဲ့ ကိုယ့်ရဲ့အိပ်မက်နဲ့ ကိုယ်ရူးသွပ်စွဲလမ်းရတဲ့ ရနံ့တွေကို ပေါင်းစပ်ထားတာမို့ ကိုယ့်အတွက် လက်တွေ့အဆန်ဆုံး လက်ရှိမှာလုပ်နိုင်တဲ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုလို့ ယုံကြည်ပါတယ်။ မွှေးရနံ့ဆိုတာလည်း အနုပညာတစ်ခုပဲ မဟုတ်လားလေနော့။

🟩 Sustainable ဖြစ်နိုင်ရေးကို ရှေးရှုဦးစားပေးသွားပါမယ်။

ရေမွှေးတွေကိုရောင်းတဲ့ business တစ်ခုဖြစ်သော်ငြားလည်း environmentally အရ ထိခိုက်မှုနည်းအောင် ခြိုးခြံနိုင်တဲ့အတိုင်းအတာထဲက အကောင်းဆုံး ခြိုးခြံသွားပါမယ်။

ဥပမာ - Decant တွေကို ပြန်ပြီးအသုံးပြုနိုင်တဲ့ အိတ်ရှုံ့လေးတွေနဲ့ ထုတ်ပိုးပေးသွားပါမယ်။ ကွဲရှတာကို ကာကွယ်ဖို့အတွက်ကတော့ box or bag နဲ့ ပြန်ထည့်ပေးပါမယ်။

အိတ်ရှုံ့လေးတွေကိုတော့ တစ်ပိုင်တစ်နိုင်အပိုဝင်ငွေရှာချင်တဲ့ အိမ်တွင်းချုပ်လုပ်သူများကို အပ်နှံထားတာမို့ ဝယ်ယူသူတိုင်းဟာ သူတို့ကိုတစ်ဖက်တစ်လမ်းက ကူညီရာ ရောက်မှာပါ။

🟩 ရနံ့တွေနဲ့ ပတ်သက်တဲ့ product အချို့ထွက်လာဖို့ရှိပါတယ်။

အခုမှ prototype ထုတ်ဆဲ ကာလမှာပဲ ရှိနေသေးတယ်ဆိုပေမဲ့ သိပ်အရမ်းကြီးမကြာခင် ထွက်လာဖို့ မျှော်လင့်ထားပါတယ်။ ဒီ Project ကိုတော့ အထဲမှာ ကျန်ခဲ့တဲ့ ညီအစ်မတွေကို ကူညီနိုင်ဖို့ ရည်စူးထားတာပါ။

🟩 Summer D. Scents ကို relocate ပါမယ်။

ဒါကတော့ ယူတို့အားလုံးအတွက် အဆင်ပြေပါ့မလား နည်းနည်းစိတ်ပူမိပါတယ်။
ကိုယ့်ရဲ့အခြားသော အလုပ်တွေ အဆင်ပြေဖို့ရာရော၊ နေထိုင်စားသောက်ဖို့ ပိုအဆင်ပြေနိုင်အောင်ရော ကိုယ့်ရဲ့ဇာတိဖြစ်တဲ့ မွန်ပြည်နယ်မှာ ခဏပြန်ပြီး နေထိုင်ဖို့စဉ်းစားထားပါတယ်။ မော်လမြိုင်မှာ နေမှာပါ။ ဒီလကုန်ရင် စပြီးရွှေ့ပါမယ်။ ဆိုတော့ ဒီလကုန်ရင် Decant လေးတွေကို Page မှာ ပြန်ပြီး ဝယ်ယူနိုင်ပါမယ်နော်။

စိတ်ကူးပေါက်ရာ ရွှေ့ပြောင်းအခြေချတတ်တဲ့သူမို့ တောင်ကြီး၊ ကလော၊ မန္တလေးအထိ လိုက်ပြီး အားပေးဖူးပြီဖြစ်တဲ့ ကိုယ့်ရဲ့ customer တွေအနေနဲ့ မော်လမြိုင်မြို့ကို ပြောင်းရွှေ့မှုကြောင့် အများကြီး အဆင်မပြေ မဖြစ်ကြဖို့ မျှော်လင့်ပါတယ်ရှင်။ ဟီး။ Delivery ပို့ခနဲ့ ကြာချိန် တွေကိုလည်း စုံစမ်းပြီး မကြာခင် ပြန်ပြောပါ့မယ်‌။

🟩 🟩 🟩 🟩 🟩

ဒါတွေကတော့ Summer D. Scents page နဲ့ပတ်သက်တဲ့ Update တွေပါ။ ပိုကောင်းမွန်တဲ့ ပုံစံနဲ့ ပြန်လာခဲ့မှာမို့ စောင့်မျှော်ပေးကြပါဦးရှင်။ 💚

သင်္ကြန်အကြိုနေ့မို့ လွမ်းနေကြတဲ့သူတွေကို မျက်နှာလာပြရင်း ကိုယ့်ရဲ့ ဘဝအခြေအနေအပဒိတ်လေးလာပြောပြတာ။  အလွမ်းပဲပြေမလား လန့်ပ...
13/04/2026

သင်္ကြန်အကြိုနေ့မို့ လွမ်းနေကြတဲ့သူတွေကို မျက်နှာလာပြရင်း ကိုယ့်ရဲ့ ဘဝအခြေအနေအပဒိတ်လေးလာပြောပြတာ။ အလွမ်းပဲပြေမလား လန့်ပဲလန့်သွားကြမလားတော့မသိဘူး။ 🤣

အားလုံးက နားပါဦးဆိုလို့ ကိုယ့်မှာ မနားချင်နားချင် နား နေရပေမဲ့ ရှေ့လျှောက်ဘာလုပ်ရမှာလဲ‌ တွေးလိုက်ရင် ငိုချင်သလို ရယ်ချင်သလိုကြီး ဖြစ်ဖြစ်လာတယ်။

ခြံထဲမှာပဲ အေးအေးဆေး‌‌ဆေး စိုက်ပျိုးရေးလေးလုပ်ပြီးပဲ နေတော့မယ်တွေးပေမဲ့ ခြံတစ်ပတ်ပတ်ပြီး ဘာပင်တွေ ဘာသီးတွေ သီးနေကြပြီလဲဆိုတာ လျှောက်ကြည့်ရုံနဲ့တင် လျှာကထွက်နေတာ။ ပြီးတော့ ကိုယ့်သဘောသဘာဝကိုက လေလိုပဲ လွင့်နေတတ်သူမို့ တစ်နေရာတည်းမှာ အထိုင်ချပြီး မနေနိုင်ပြန်ဘူး။

Digital Marketing Field ထဲ ပြန်ဝင်ဆိုတော့လည်း မဝင်ချင်။ Client ဘက်က Freelance အနေနဲ့ပဲ content တွေ အပ်ချင်ပါတယ်ဆိုတာကိုလည်း ပတ်ပြေး။ ပန်းချီပြခန်းဘာညာနဲ့ပတ်သက်ပြီးလည်း ပြန်လုပ်ဖို့ အသင့်မဖြစ်သေးသလို ခံစားရပြန်တယ်။ တစ်နှစ်လောက် ကင်းကွာသွားတာကိုး။ အထဲမှာတုန်းက အပြင်ရောက်ရင် စာလေးဘာလေး ရေးမယ် စိတ်ကူးခဲ့ပေမဲ့ တကယ့်တကယ်ကျ အဲ့လောက်စိတ်ကမရှည်နေ။ ဒါပေမဲ့ အခွင့်အရေးပေးရင် တော့ ကိုယ်ကြိုက်တဲ့ စာအုပ်တိုက်တွေမှာ proofreader or editor position နဲ့လုပ်ချင်သေးတယ်။ ခက်တာက အဲ့ position က လက်ရှိခေတ်မှာ ရှိချင်မှလည်း ရှိဦးတော့မှာ။ ကိုယ့်ဘာကိုယ် cv နဲ့ portfolio ပြင်ပြီး စာအုပ်တိုက်ဘက်က ခေါ်ခေါ် မခေါ် ခေါ် ခပ်တည်တည်နဲ့ လိုက်လျှောက်ရမလားတောင် စဉ်းစားနေတယ်။ xD

ဟော ရေမွှေးကိုကျ စိတ်ဖြတ်လိုက်ပြီဆိုပြီး နည်းနည်းမှမပြတ်နိုင်ဘူး။ ကမ်းနားလမ်းလျှောက်လို့ ရေညှိနံ့ရတော့လည်း ရေညှိနံ့ပါတဲ့ ရေမွှေး‌‌လေးက ဘယ်လိုဆိုပြီး ပြောမိပြန်။ ကျွဲကောသီးမြင်တော့လည်း Pomelo Note ကဘယ်လို ကိုယ်ဘယ်လိုကြိုက်တာ၊ နာနတ်သီးစားတော့လည်း Pineapple Note ကဘယ်ညာ၊ သရက်သီးခူးတော့လည်း သရက်သီးနံ့ ရေမွှေး တွေကို စမ်းချင်လိုက်တာ၊ မစမ်းဖူး သေးဘူးဆိုပြီး ဖြစ်ရပြန်။ တစ်ခါ ဝါးရုံနား ရောက်ပြန်တော့လည်း ဝါးနံ့ရေမွှေးတွေက သိပ်ကောင်းတာသိလားဆိုပြီး ပြောမိပြန်ရော။
ယုတ်စွအဆုံး လက်ရှိလုပ်နေတဲ့ project တစ်ခုရဲ့ wall hanging မှာသုံးမဲ့ hanging rod အတွက် ခြံထဲက တောကြက်မောက်ကို သွားခုတ်လာ‌‌တာတောင် rod ကို အပြန်ပြန်အလှန်လှန် ရှူကြည့်နေလို့ အိမ်ကသူတွေက ဘာဖြစ်တာလဲတဲ့။ သစ်နံ့အေးအေးလေးကို တအားကြိုက်လို့ပါဆိုတော့ သွားရှာပြီလို့ဝောာင် ထင်မလားမသိဘူး။ ဘယ်လိုလုပ်ကြမတုန်း ယူတို့ဆမ်းမားကို။

ဘာပဲဖြစ်ဖြစ် ဒီအတိုင်းကြီးနေလို့မရတာမို့ အားလုံးကအကြံပေးကြသလို သွားဖို့အတွက် ပြင်ဆင်နေချိန်မှာ ပိုက်ဆံလည်းတစ်ပါတည်း စုချင်တဲ့အတွက်
လောလောဆယ်တော့ ခြံထွက် မင်းကွတ်သီးတို့ ကြက်မောက်သီးတို့ ဒူးရင်းသီးတို့ကိုပဲ ရောင်းရမလား။ ထောင်ဝင်စာပို့ ပေးတုန်းက တအားကြိုက်ခဲ့ရတဲ့ အမဲခြောက်ဖုတ်တို့၊ ငါးရံ့ခြောက်ဖုတ်တို့၊ ငါးတံခွန်ခြောက် ဘာလချောင်ကြော်တို့ပဲ အိမ်ချက်အနေနဲ့ ရောင်းရမလားဆိုပြီး တွေးနေတယ်။ အကယ်၍ ရောင်းဖြစ်ခဲ့ရင် အားပေးကြပါဦး။ ဒါကလည်း ဆောက်ဖြစ်မှ ကျောင်းဒကာပါ။ စကားကြိုခံထားတာရယ်။

သေချာတာကတော့ ရနံ့တွေနဲ့ ပတ်သက်ပြီး တစ်ခုခုကတော့ လုပ်ဖြစ်ဦးမှာပါ။

ဆိုတော့ကာ ပုံကတော့ သနပ်ခါး ကြောင်တိ ကြောင် တောင် တွေလိမ်းပြီး ကြောင်တောင်တောင်ဖြစ်
နေတဲ့ ယူတို့ဆမ်းမားပါ။ 🥲

06/03/2026

ဟယ်လို ဆမ်းမားပါ ကိုယ်ပြန်ရောက်ပါပြီနော် နားဖို့လိုနေသေးတာမို့ တိတ်တိတ်လေးနေဦးမလို့ လုပ်ထားပေမဲ့ မနေနိုင်လွန်းတော့လို့ အားလုံးကို ရူးမတတ်လွမ်းနေခဲ့ကြောင်း လာပြောတာပါရှင်
ဒီတစ်နှစ်တာကာလတစ်လျှောက်လုံး ကိုယ့်ရဲ့ဒီအဝန်းအဝိုင်းကလူလေးတွေကိုရော ရနံ့တွေကိုရော တကယ်အများကြီးလွမ်းနေခဲ့တာပါ ❤

Decluttering ရှေ့ရက်က Tuxedo နဲ့ Blouse ကို Decluttering လုပ်ထားတဲ့ Post က Remove ခံလိုက်ရပါတယ်(Post တွေခဏခဏ Remove ခံရလ...
07/11/2025

Decluttering

ရှေ့ရက်က Tuxedo နဲ့ Blouse ကို Decluttering လုပ်ထားတဲ့ Post က Remove ခံလိုက်ရပါတယ်
(Post တွေခဏခဏ Remove ခံရလို့ meta team ကိုလဲတော်တော်စိတ်ကုန်နေပြီရယ်🥹)
ဆိုတော့ကာ ဒီနေ့တော့ Decluttering လုပ်စရာ Total 7 ပုလင်းရှိပါမယ်

Ex Nihilo Lust in Paradise around 7ml left - 90000( retail box နဲ့ရပါမယ် box ကတော့အလစ်တဲလေး damage ပါမယ်)

YSL tuxedo around 86-88 ml left - 780000(tester bottle)

YSL Blouse around 68ml left - 620000(tester bottle )

VCA Bois d'Iris around 58-60 ml left - 460000(tester bottle)

VCA Santal Blanc around 35-37ml left - 300000(with retail box)

Chanel Beige around 75ml left - 880000(tester bottle)

Creed Delphinus around 75ml left - 710000(tester with cap )

Decluttering Xerjoff Casamorati Mefisto Around 40ml left - 350000 (with full retail box)Roja Burlington 1819 Around 35 m...
01/11/2025

Decluttering

Xerjoff Casamorati Mefisto Around 40ml left - 350000 (with full retail box)

Roja Burlington 1819 Around 35 ml left - 350000(tester bottle)

Van Cleef & Arpels California reverie Around 45ml left - 360000 (tester bottle)

Goldfield & Banks Southern Bloom Around 43 ml left - 250000(with retail box)

Replica Bubble Bath around 32ml left - 190000( with retail box)

Replica From the Garden around 32ml left - 190000( with retail box)

Hello Guys ပထမဆုံးပြောချင်တာကတော့ ဒီရက်ပိုင်း 2 ပတ်လောက်အတွင်းမှာ ဈေးလာဝယ်တဲ့သူအကုန်လုံးကိုစာမပြန်မိတာ sorry ပါဆိုတဲ့အကြ...
29/10/2025

Hello Guys

ပထမဆုံးပြောချင်တာကတော့ ဒီရက်ပိုင်း 2 ပတ်လောက်အတွင်းမှာ ဈေးလာဝယ်တဲ့သူအကုန်လုံးကိုစာမပြန်မိတာ sorry ပါဆိုတဲ့အကြောင်းပါ။ နေမကောင်းတာရော စိတ်အဆင်မပြေတာရောကြောင့် လုံးဝကိုပျောက်သွားတာပါ။ မှတ်မိသလောက် order တွေတော့တစ်ခါတည်းပို့ခဲ့တာဖြစ်တဲ့အတွက် မှာပြီးသားသူတွေကတော့စာမလာအကြောင်းမကြားပဲစောင့်လိုက်ရတယ်လို့ဖြစ်မယ်တော့မထင်ပါဘူး။ မေ့ကျန်ခဲ့ရင်လဲ sorry ပါ ဟီး။

နောက်တစ်ခုပြောချင်တာကတော့ Preorder တွေရော decant ရောင်းတာရော ခဏလောက်နားဖြစ်မယ်ဆိုတဲ့အကြောင်းပါ။ ဘယ်လောက်နားဖြစ်မယ်တော့မသိပေမယ့် တစ်လနှစ်လလဲဖြစ်နိုင်သလို တစ်နှစ်နှစ်နှစ်လဲဖြစ်သွားနိုင်ပါတယ်။ ဆမ်းမားမရှိတဲ့နောက်ပိုင်း အတတ်နိုင်ဆုံး run ခဲ့ပေမယ့် ကိုယ့်အတွက်စိတ်ရောလူရောအနားပေးရမယ့်အချိန်မို့ ခဏလောက်နားပါရစေ။ physical health condition ကလဲအာရုံကြောပြသနာရှိတဲ့သူမို့ အနားပေးမှရပါမယ်။ Mental health condition ကတော့ပိုဆိုးပါတယ် 😂

ဆိုတော့ကာ တစ်လက်စထဲတချို့ပုလင်းတွေကိုလဲ decluttering လုပ်ခဲ့ပါမယ်။ Designer တွေလဲပါသလို တော်တော်များများကတော့ Niche ပုလင်းတွေပါ ။

Parfums de Marly Galloway Around 38ml left - 300000 (with retail box)

Parfums de Marly Perseus Around 95ml left -

750000(with retail box)

Parfums de Marly Palatine Around 45-47ml left - 680000( tester bottle)

Maison Francis Kurkdjian A La Rose Around 30ml left - 270000( tester bottle with cap)

Ex Nihilo Iris Porcelana Around 50ml left - 500000( with full retail box)

Diptyque Do Son EDP around 37 ml left - 370000 (tester bottle)

Diptyque L’ombre Dans l'eau EDT around 18ml left - 130000 ( with retail box)

Atelier cologne Oolang Infini around 60ml left - 220000 ( with retail box)

Atelier cologne Vanille insensee around 60ml left - 220000( with retail box)

Chanel Chance Eau Tendre around 75ml left - 650000 (with retail box)

Hermes Concrete d’orange verte around 50ml left - 200000 (retail bottle but no box included)

ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ ။ နောက်ရက်တွေမှ တချို့ Designer ပုလင်းတော်တော်များများထပ်တင်ပေးပါမယ်။

Have fun guys ✨

Delina Sold❌Bal' d Afrique Sold❌Decluttering PDM Delina 75ml retail(around 25ml left)-330000Byredo Bal'd Afrique 100ml t...
15/10/2025

Delina Sold❌
Bal' d Afrique Sold❌
Decluttering

PDM Delina 75ml retail(around 25ml left)-330000
Byredo Bal'd Afrique 100ml tester(around 25ml left)- 230000

Delinaက retail box နဲ့ရမယ်ဆိုပေမယ့် box ကတော့နည်းနည်းပေနေတာလေးတွေရှိပါမယ် ငလျင်လှုပ်တုန်းကအသည်းအသန်ပြန်ရှာထားရတဲ့ box တွေမို့ပါ 😂

Address

Kalaw

Telephone

+959253062303

Website

Alerts

Be the first to know and let us send you an email when Summer D. Scents posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share