02/10/2023
Win-BioGel
အာထရာဆောင်ဂျယ်လ် ရဲ့သက်တမ်း ၂နှစ်ခွဲရှိခဲ့ပြီ။
ဒီ ၂ နှစ်ခွဲအတွင်းမှာ ယံုကြည်စွာအားပေးခဲ့ကြတဲ့ သံုးစွဲသူအားလံုးကိုကျေးဇူးတင်ပါတယ်။
Proudly made in Myanmar ဆိုပြီး ကိုယ်ကသာ proud ဖြစ်နေပေမယ့် Myanmar made ဖြစ်လို့မသံုးဘူးဆိုတဲ့ feedback တွေလည်းရခဲ့ပါတယ်။ အားမငယ်ပါ။ ဆက်ကြိုးစားနေမှာပါ။
အချိန်အဆသေချာဂရုစိုက်ပေမယ့်လည်း ကုန်ကြမ်းအရည်အသွေးကွာဟမှုကြောင့် ပျစ်လိုက်၊ ကျဲလိုက်နဲ့ သံုးစွဲသူတွေရဲ့ စိတ်ရှည်နားလည်ပေးမှုကြောင့်သာ ခုချိန်ထိရပ်တည်နိုင်နေတာပါ။
ဒီကြားထဲ ပစ္စည်းပြန်ပို့ခံရတာ၊ ပြန်လဲပေးရတာ၊ ငွေပြန်အမ်းပေးရတာစတဲ့ ကိုယ့်ကုန်ပစ္စည်းအရည်အသွေးမညီတာကြောင့် သံုးစွဲသူစိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့အတွက်လည်း ကိုယ့်ဘက်က တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။
ကိုယ်ကလည်း ပိုပိုကြိုးစားရင်း သံုးစွဲသူဘက်ကလည်းတတိယအကြိမ်ထိကို ယံုကြည်စွာဆက်သံုးစွဲပေးနေလို့ ပိုအားတက်ပြီး ကြိုးစားဖို့အားဖြစ်ရပါတယ်။
ကိုယ့်ရဲ့ပထမဆံုးcustomer ကိုကော
အမြဲသံုးစွဲပေးနေသူတွေကိုကော
Honest review ပေးသူတွေကိုကော
တယောက်ချင်းစီတိုင်းကို အမှတ်ရပြီးကျေးဇူးတင်နေမိတာပါ။
ဆက်ပြီးလည်းအားပေးကြဖို့ ကြော်ငြာဝင်ရင်း