23/04/2022
အခုလိုကာလ၊ အခုလိုအခြေအနေမှာ တစ်ချို့နေရာတွေမှာ ကလေးကာကွယ်ဆေးမထိုးရဘဲ နောက်ကျလို့စိတ်ပူနေတဲ့ မေမေတွေအတွက် မျှဝေလိုက်ပါတယ်။
ကလေးကာကွယ်ဆေးတွေက ပုံထဲမှာပြထားသလိုပဲ
🟩အစိမ်းရောင်- ကာကွယ်ဆေးထိုး/တိုက်ဖို့ အသင့်တော်ဆုံး အသက်အရွယ် ဖြစ်ပါတယ်။
🟨အဝါရောင်- အသင့်တော်ဆုံးအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် မထိုး/တိုက်လိုက်ရရင် ဒီအသက်အရွယ်အတွင်း ထိုး/တိုက်ပေးလို့ရပါတယ်။
⬜️ခဲရောင် - ဒီအရွယ်ကတော့ ကာကွယ်ဆေးမထိုး/မတိုက်ရပါဘူး။
ကာကွယ်ဆေးမထိုးရတာ လနဲ့ချီကျော်နေပြီး စိတ်ပူတယ်ဆိုရင် ဒီဇယားကွက်လေးနဲ့တိုက်ကြည့်ပါနော်။
#ပုံမှန်ကာကွယ်ဆေးထိုးတိုက်ကျွေးခြင်းအစီအစဉ်
✔️မွေးမွေးချင်း
1. အသည်းရောင် အသားဝါ(ဘီ)
2. ဘီစီဂျီ (ပြင်းထန်တီဘီရောဂါ)
✔️အသက် (၂) လ
1. ဘီစီဂျီ (ပြင်းထန်တီဘီရောဂါ)
2. ပိုလီယို (ပထမအကြိမ်)
3. ရိုတာ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ) (ပထမအကြိမ်)
4. ပီစီဗီ (ပြင်းထန်အဆုတ်ရောင်ရောဂါ) (ပထမအကြိမ်)
5. ငါးမျိုးစပ် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါ) (ပထမအကြိမ်)
(*ရိုတာကာကွယ်ဆေးကတော့ (၂၀၁၉၊ ဒီဇင်ဘာလ (၁) ရက်နေ့နဲ့နောက်ပိုင်းမှာ မွေးဖွားတဲ့ ကလေးတိုင်းကိုတိုက်ပါတယ်)
✔️အသက် (၄) လ
1. ပိုလီယို (ဒုတိယအကြိမ်)
2. ရိုတာ (ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါ) (ဒုတိယအကြိမ်)
3. ပီစီဗီ (ပြင်းထန်အဆုတ်ရောင်ရောဂါ) (ဒုတိယအကြိမ်)
4. ပိုလီယို ထိုးဆေး
5. ငါးမျိုးစပ် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါ) (ဒုတိယအကြိမ်)
✔️အသက် (၆) လ
1. ပိုလီယို (တတိယအကြိမ်)
2. ပီစီဗီ (ပြင်းထန်အဆုတ်ရောင်ရောဂါ) (တတိယအကြိမ်)
3. ငါးမျိုးစပ် (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါ) (တတိယအကြိမ်)
✔️အသက် (၉) လ
1. ဝက်သက်-ဂျိုက်သိုး (ပထမအကြိမ်)
2. ဂျပန်ဦးနှောက်ရောင်
✔️အသက် (၁)နှစ်ခွဲ
1. ဝက်သက်-ဂျိုက်သိုး (ဒုတိယအကြိမ်)
2. ငါးမျိုးစပ် (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင်/ အဆုတ်ရောင်ရောဂါ) (စတုတ္ထအကြိမ်)
*၂၀၁၈၊ဩဂုတ်လ-၁ ရက်နေ့နဲ့နောက်ပိုင်းမှာ မွေးဖွားပြီးတော့ ငါးမျိုးစပ်ကာကွယ်ဆေးကို (၃) ကြိမ်ထိုးထားပြီးတဲ့ ကလေးငယ်တိုင်းကိုတော့ ဆုံဆို့-မေးခိုင်ပါဝင်တဲ့ ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထအကြိမ်) ကို ထိုးနှံပေးတယ်လို့သိရပါတယ်။
✔️အသက် (၉) နှစ်
1. သားအိမ်ခေါင်းကင်ဆာ (ပထမအကြိမ်)
✔️အသက် (၁၀) နှစ်
1. သားအိမ်ခေါင်းကင်ဆာ (ဒုတိယအကြိမ်)
Credit