Nutriplus by Lifeline

Nutriplus by Lifeline Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nutriplus by Lifeline, Vitamins/Supplements, Kamayut.

“ဖိုးဖိုး၊ ဖွားဖွားတို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ပြည့်ဝစေဖို့ Aminovit” အသက်အရွယ်ကြီးလာတာနဲ့အမျှ❗ခန္ဓာကိုယ်မှ လိုအပ်သေ...
16/07/2025

“ဖိုးဖိုး၊ ဖွားဖွားတို့အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ပြည့်ဝစေဖို့ Aminovit”

အသက်အရွယ်ကြီးလာတာနဲ့အမျှ❗ခန္ဓာကိုယ်မှ လိုအပ်သော ဓာတ်များ ကောင်းစွာ မစုပ်ယူနိုင်ခြင်း နှင့် အစာအာဟာရ ပြည့်ဝစွာ မရရှိခြင်းတို့အတွက် 🍇🍏🍒🍌🍎သီးစုံအရသာနဲ့ ပရိုတင်းဓာတ်များ ပြည့်ဝစွာပါဝင်တဲ့ အသားဓာတ်အားဆေးရည် Aminovit ကို သောက်သုံးနိုင်တယ်နော်။

✅Aminovit အားဆေးရည်မှာ ဆိုရင် Amino Acid (၁၀)မျိုး အပြင် ဗီတာမင် နှင့် သတ္တုဓာတ်များ ပြည့်ဝစွာ ပါဝင်လို့ စွမ်းအင်ပြည့်ဝ တက်ကြွရွှင်လန်းနေစေဖို့ စိတ်ချစွာ သောက်သုံးလိုက်ပါ။

“များများစားတဲ့ ကလေးဖြစ်ဖို့ နည်းလမ်းကောင်းတစ်ချို့” 🔹ထမင်းစားချိန်နဲ့ အဆာပြေမုန့်စားချိန်များကို သတ်မှတ်၍ကျွေးခြင်း🔹ရေမ...
13/07/2025

“များများစားတဲ့ ကလေးဖြစ်ဖို့ နည်းလမ်းကောင်းတစ်ချို့”

🔹ထမင်းစားချိန်နဲ့ အဆာပြေမုန့်စားချိန်များကို သတ်မှတ်၍ကျွေးခြင်း
🔹ရေများများသောက်စေခြင်း
🔹မိသားစုနှင့်အတူ လက်စုံညီစားသောက်ခြင်း
🔹အစာအာဟာရမျှတစုံလင်စွာကျွေးခြင်း
🔹အဆာပြေမုန့်များ အဝကျွေးခြင်းကို ရှောင်ကြည်ခြင်း
🔹ကလေးများကို ထမင်းဟင်းချက်ပြုတ်ရာတွင် ပါဝင်ကူညီစေခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းဖြင့်

😋ကလေးငယ်များ၏ အစာစားချင်စိတ်ကို ဖြစ်ပေါ်လာစေနိုင်ကြောင်း အကြံပြုလိုက်ရပါတယ်။ ဒါ့အပြင် သရက်သီးမစ်ရှိတ်အရသာနဲ့ 🥭Calyzid အားဆေးရည်ကို တိုက်ခြင်းဖြင့်လည်း အစားများများ စားစေနိုင်တဲ့ Lysine ဓာတ်ပါဝင်လို့ ရွေးချယ်သောက်သုံးနိုင်တယ်နော်…..

မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ် ၊🙏ဝါဆိုလပြည့်နေ့ (စမ္မစကြာ အခါတော်နေ့) ခရစ်နှစ် (၂၀၂၅)ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့  “သန္ဓေ၊ တေ...
09/07/2025

မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ် ၊🙏ဝါဆိုလပြည့်နေ့ (စမ္မစကြာ အခါတော်နေ့)
ခရစ်နှစ် (၂၀၂၅)ခုနှစ်၊ ဇူလိုင်လ (၉)ရက်နေ့

“သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက် ပြာဋိဟာ” ဆိုသည့်အတိုင်း 🌕“ဝါဆိုလပြည့်နေ့” ဟာ ဂေါတမဘုရားလောင်း လူပြည်၌ ပဋိသန္ဓေနေသောနေ့၊ တောထွက်တော်မူသောနေ့၊ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားကို စတင်ဟောတော်မှုသောနေ့၊ တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့အစရှိသော ထူးခြားချက်များနဲ့ ပြည့်စုံတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ပဲ ဖြစ်ပါတယ်။

ချစ်ခင်လေးစားရပါသော Nutriplus by Lifeline မှ မိတ်ဆွေများအားလုံးလည်း ယနေ့ကျရောက်သော “ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့”မှစပြီး စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့

“ရင်သွေးငယ်လေးများ နေကောင်းကျန်းမာဖို့ ကိုယ်ခံစွမ်းအား တိုးမြှင့်ပေးစို့” ✔ ချစ်ရတဲ့ ရင်သွေးငယ်လေးများရဲ့ ကိုယ်ခံအား တို...
08/07/2025

“ရင်သွေးငယ်လေးများ နေကောင်းကျန်းမာဖို့ ကိုယ်ခံစွမ်းအား တိုးမြှင့်ပေးစို့”

✔ ချစ်ရတဲ့ ရင်သွေးငယ်လေးများရဲ့ ကိုယ်ခံအား တိုးတက်ကောင်းမွန်စေရန် အောက်ပါအချက်များကို ဂရုစိုက်ပေးဖို့ အကြံပြုလိုက်ရပါတယ်။

🔰တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပေးခြင်း
🔰ကာကွယ်ဆေးများထိုးပေးခြင်း
🔰အိပ်ရေးဝဝ အိပ်စက်စေခြင်း
🔰ပြေးလွှားဆော့ကစားစေခြင်း
🔰အစာအာဟာရပြည့်စုံမျှတစွာ ကျွေးခြင်း အစရှိသည်တို့ကို ပြုလုပ်ပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပြီး ကျန်းမာဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးငယ်များ ကျန်းမာဖွံ့ဖြိုးပြီး ကိုယ်ခံစွမ်းအား တိုးတက်ကောင်းမွန်စေဖို့ တစ်နေ့တာ လိုအပ်သော😍ဗီတာမင် နှင့် သတ္တုဓာတ်တို့ လုံလောက်စွာပါဝင်တဲ့အပြင် လိုင်စင်း လည်းပါဝင်လို့ 😋အစားပိုစားပြီး အားပိုရှိစေတဲ့🍍Vitamaks ကို ရွေးချယ်တိုက်ကျွေးလိုက်တော့နော်။

#ကျန်းမာဖွံ့ဖြိုး_ဉာဏ်ရည်တိုးတာ_နာနတ်သီးအရသာ_ဗိုက်တာမက်စ်ပါ…

“ကလေးများနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်” ⛈မိုးတွင်းကာလမှာ အဖြစ်များတဲ့ 🩸 သွေးလွန်တုပ်ကွေးဟာ သာမန်ဖျားနာခြင်းမျိုး မဟုတ်...
06/07/2025

“ကလေးများနှင့် သွေးလွန်တုပ်ကွေး အန္တရာယ်”

⛈မိုးတွင်းကာလမှာ အဖြစ်များတဲ့ 🩸 သွေးလွန်တုပ်ကွေးဟာ သာမန်ဖျားနာခြင်းမျိုး မဟုတ်တဲ့အတွက် ကလေးငယ်များမှာ မဖြစ်ပွားစေရန် အထူး ဂရုစိုက်ဖို့ အရေးကြီးပါတယ်။

💁‍♂️သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားရခြင်းမှာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးရှိသော အေးဒီးစ် ခြင်ကျား (Aedes Mosquito) ကိုက်ခံရခြင်းကြောင့်ဖြစ်ပြီး ကလေးရော လူကြီးများပါ ဖြစ်ပွားနိုင်သော ကူးစက်🦠ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။

👉အေးဒီးစ် ခြင်ကျားသည် မိမိ ပတ်ဝန်းကျင်ရှိ စွန့်ပစ်ပစ္စည်းများဖြစ်သော တာယာအဟောင်းများ၊ အိုးများ၊ ပုလင်းများ၊ ပလတ်စတစ် ဗူးခွံများ၊ အုန်းမှုတ်ခွက်များ၊ ပုံးများ စသည့် 💦 ရေအနည်းငယ်သာရှိသည့် နေရာများတွင်ပင် ပေါက်ပွားနိုင်တဲ့အတွက် အဆိုပါ နေရာများကို✔ ရေမဝပ်စေရန် လုပ်ဆောင်ခြင်းဖြင့် မိမိပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွားမှုကို ကာကွယ်တားဆီး နိုင်ပါတယ်။

❗သတိထားသင့်သော ရောဂါ လက္ခဏာများ အနေဖြင့် -

🔹 အဖျားကြီးခြင်း
🔹 အစားအသောက်ပျက်ခြင်း
🔹 ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
🔹 မျက်လုံးအိမ်အတွင်းမှ နာကျင်ခြင်း
🔹 ပျို့ခြင်း ၊ အန်ခြင်း
🔹 ခန္ဓာကိုယ်တွင် အနီစက်၊ အမဲစက် အကွက်များထွက်ခြင်း
🔹 ကြွက်သားနှင့်အဆစ်များ နာကျင်ကိုက်ခဲခြင်း တို့ ဖြစ်ပါတယ်။

🩸သွေးလွန်တုပ်ကွေးအတွက် သီးခြားကုထုံးမရှိသော်လည်း လူတစ်ယောက်ကနေ တစ်ယောက် ကို မကူးစက်နိုင်ပါ။ သို့ဖြစ်ပါ၍ ခြင်များ မပေါက်ပွားစေရန်သာ ကာကွယ်ရမည်ဖြစ်သောကြောင့် ရေအိုးများကို လုံအောင်ဖုံးထားခြင်း၊ မသုံးတော့သောပစ္စည်းများထဲမှ ရေကို သွန်ပစ်ခြင်းတို့ဖြင့် အိမ်နှင့် ပတ်ဝန်းကျင်ရှိ ခြင်ပေါက်ပွားမှုကို တားဆီးနိုင်ပြီး ✔သင့် ကလေးငယ်နှင့် မိသားစုကို ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ပါတယ်။

ယခု ဖော်ပြပါ အကြောင်းအရာများကို WHO Myanmar Health Info မှ မှီငြမ်း ရေးသားပါသည်။

👉ကလေးငယ်များ ✅ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းစေဖို့အတွက် လိုအပ်သော အာဟာရဓာတ်များ‌ ပေးစွမ်းနိုင်သည့် အသားဓာတ် အားဆေး Aminovit ၊ ✅အရိုးအဆစ်များအတွက် ကယ်လ်ဆီယမ်အားဆေး 🍋Calyzid ၊ ✅ကိုယ်ခံစွမ်းအားတိုးမြှင့်ပေးနိုင်သည့် ဗီတာမင်နှင့် သတ္တုဓာတ်အားဆေး 🍍Vitamaks တို့ကို ရွေးချယ် သားသားမီးမီးတို့ရဲ့ လိုအပ်ချက်အလိုက် ရွေးချယ် တိုက်ကျွေးနိုင်ပါသည်။

🏵️ယနေ့ကျရောက်သော ဇူလိုင်လ (၃)ရက်နေ့သည် “မြန်မာအမျိုးသမီးများနေ့” ပဲ ဖြစ်ပါတယ်။ 🏵️💕မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖ...
03/07/2025

🏵️ယနေ့ကျရောက်သော ဇူလိုင်လ (၃)ရက်နေ့သည် “မြန်မာအမျိုးသမီးများနေ့” ပဲ ဖြစ်ပါတယ်။ 🏵️

💕မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ၁၉၉၆ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇူလိုင်လ (၃) ရက်နေ့ကို အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ထားခြင်းဖြစ်ပါတယ်။

နေရာကဏ္ဍ အသီးသီးတွင် ကျရာတာဝန်ကို အမျိုးသားများနှင့် တန်းတူရင်ပေါင်တန်း၍ စွမ်းဆောင်နေကြသော မြန်မာအမျိုးသမီးများအားလုံးကို လေးစားစွာ ဂုဏ်ပြုရင်း အမျိုးဂုဏ် ၊ ဇာတိဂုဏ် လိုက်နာစောင့်ထိန်းပြီး ထူးချွန်ထက်မြက်ကာ စွမ်းဆောင်ရည်မြင့်မားသော အမျိုးသမီးများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း Nutriplus by Lifeline မှ 🪷မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု အပ်ပါသည်။

#မြန်မာအမျိုးသမီးများနေ့ ’sDay

“အသားဓာတ်လိုအပ်နေသော သားသားမီးမီးတို့အတွက် Aminovit” 🍍🥭🍎🍓သီးစုံအရသာနဲ့ Aminovit အားဆေးကိုသောက်သုံးခြင်းအားဖြင့် ကလေးငယ်မ...
01/07/2025

“အသားဓာတ်လိုအပ်နေသော သားသားမီးမီးတို့အတွက် Aminovit”

🍍🥭🍎🍓သီးစုံအရသာနဲ့ Aminovit အားဆေးကိုသောက်သုံးခြင်းအားဖြင့် ကလေးငယ်များအတွက် လိုအပ်တဲ့ အသားဓာတ် - Protein များကို ဖြည့်ဆည်းပေးနိုင်တဲ့အပြင် L – Lysine လည်းပါဝင်လို့ ဘာပဲကျွေးကျွေးငြင်းတတ်တဲ့ သားသားမီးမီးတို့ကို အစားပိုစားစေမှာ အသေအချာပဲပေါ့။

Aminovit အသားဓာတ်အားဆေးကို အသက် (၂) နှစ် အရွယ်ကလေးငယ်မှ စ၍ တိုက်ကျွေးနိုင်ပြီး ✨Amino Acid (၁၀)မျိုး ၊ Vitamins နှင့် Minerals များပါ ပေါင်းစပ်ပါဝင်ဖွဲ့စည်းထားလို့ လူကြီးမိဘများ နှင့် ဖိုးဖိုး ၊ ဖွားဖွားများပါ သောက်သုံးနိုင်မှာဖြစ်ပါတယ်။

“ကယ်လ်ဆီယမ် နဲ့ ဗီတာမင်ဒီ ကြွယ်ဝပြည့်စုံသော စားစရာများ”🦴အရိုးအဆစ်များသန်မာစေဖို့အတွက် Calcium ဓာတ်လုံလောက်စွာရရှိဖို့အရေ...
29/06/2025

“ကယ်လ်ဆီယမ် နဲ့ ဗီတာမင်ဒီ ကြွယ်ဝပြည့်စုံသော စားစရာများ”

🦴အရိုးအဆစ်များသန်မာစေဖို့အတွက် Calcium ဓာတ်လုံလောက်စွာရရှိဖို့အရေးကြီးသလို နှင့် ခန္ဓာကိုယ်မှ Calcium စုပ်ယူမှုအားကောင်းဖို့ Vitamin D3 ဓာတ်က ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။

🔹အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက် အမျိုးမျိုး(ဥပမာ- ပန်းမုန်လာ ၊ ဂေါ်ဖီထုပ် ၊ ရုံးပတီသီး ၊ ကန်စွန်းရွက် ၊ ကိုက်လန်)
🔹နွားနို့ ၊ ဒိန်ချဉ် ၊ ချိစ်
🔹ပဲပြား ၊ ပဲပုပ် နှင့် တို့ဖူး
🔹အစေ့အဆံများ
🔹ပေါင်မုန့်အပါအဝင် ဂျုံနှင့်ပြုလုပ်သော အစားအစာများ
🔹ငါးအမျိုးမျိုး (ဆယ်လ်မွန်,ငါးသေတ္တာငါး)
🔹ဥအမျိုးမျိုး စသည်တို့ကို စားသုံးခြင်းဖြင့် အရိုးအဆစ်များသန်မာစေဖို့အတွက်လည်း အထောက်အကူပြု စေပါတယ်။

ဒီလိုမျိုးအစားအစာများကို ရွေးချယ်စားသုံးနိုင်တဲ့အပြင် ကလေးငယ်များနှင့် လူကြီးများပါ အရိုးအဆစ်များ ကြံ့ခိုင်သန်မာစေဖို့ Calcium , Zinc , Lysine , Vitamin D3 တို့ ပေါင်းစပ်ပါဝင်တဲ့ သရက်သီးမစ်ရှိတ်အရသာ နဲ့ 🥭Calyzid အားဆေးရည်ကိုလည်း သောက်သုံးနိုင်တယ်နော်။

#အရိုးအဆစ်များ_ကြံ့ခိုင်သန်မာစေတာ_သရက်သီးအရသာ_Calyzidပါ။

“ကျန်းမာသွက်လက် ဉာဏ်ထက်မြက် ကလေးတိုင်းကြိုက်တဲ့ Vitamaks”  ❣ချစ်ရတဲ့ သားသားမီးမီးတို့ကို ကျန်းကျန်းမာမာ သွက်သွက်လက်လက် ဖ...
26/06/2025

“ကျန်းမာသွက်လက် ဉာဏ်ထက်မြက် ကလေးတိုင်းကြိုက်တဲ့ Vitamaks”

❣ချစ်ရတဲ့ သားသားမီးမီးတို့ကို ကျန်းကျန်းမာမာ သွက်သွက်လက်လက် ဖြစ်စေချင်တာ ဖေဖေ မေမေ တို့ရဲ့ ဆန္ဒ တစ်ခု မဟုတ်လား???

✅ဒီလို ဆန္ဒတွေကို ကူညီဖြည့်ဆည့်ပေးဖို့ 🍍VitamaKS ရှိတယ်နော်။ 👧👦သားသားမီးမီးတို့ရဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့ ကိုယ်ခံစွမ်းအားကို 💪တိုးမြှင့်ပေးနိုင်တဲ့ Multivitamin များ ပေါင်းစပ်ပါဝင်တဲ့အပြင် 🍍နာနတ်သီးအရသာနဲ့ ထုတ်လုပ်ထားတာကြောင့် ဆေးတိုက်ရ ခက်ခဲမှာကိုလည်း 💁‍♀️ လုံးဝ စိတ်ပူစရာမလိုတော့ဘူးနော်။

#ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုးတာ_နာနတ်သီးအရသာ_ဗိုက်တာမက်စ်ပါ။

“Vitamin D ကနေ ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ???”🦴 အဓိကအားဖြင့် Calcium စုပ်ယူမှု အားကောင်းတာကြောင့် အရိုးအဆစ်နှင့် သွားမ...
23/06/2025

“Vitamin D ကနေ ဘယ်လိုကောင်းကျိုးတွေရနိုင်မလဲ???”

🦴 အဓိကအားဖြင့် Calcium စုပ်ယူမှု အားကောင်းတာကြောင့် အရိုးအဆစ်နှင့် သွားများကို ကြံ့ခိုင်သန်မာစေပါတယ်။

💪 ကိုယ်ခံစွမ်းအားကိုလည်းကောင်းမွန်စေတာမို့ ကူးစက်ရောဂါပိုးတွေ မဝင်ရောက်နိုင်ဘူးပေါ့။

💯 ခန္ဓာကိုယ်အလေးချိန်ကိုထိန်းညှိပေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆဲလ်များ ဖြစ်လာအောင်လည်း ကူညီပေးပါသေးတယ်။

🤩 စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပြီး တက်ကြွရွှင်လန်း စေပါတယ်။

🥭သရက်သီးအရသာနဲ့ Calyzid အားဆေးရည်မှာဆိုရင်လည်း Vitamin D3 အလုံအလောက် ပါဝင်တာမို့ သားသားမီးမီးတို့အတွက် မေမေတို့ရဲ့ အကောင်းဆုံးရွေးချယ်မှု ဖြစ်စေမှာပါ။

“အမြင်အာရုံကျန်းမာရေး VitamaKS နဲ့ အားဖြည့်ပေး”  🔸ယနေ့လို အင်တာနက်ခေတ်ကြီးမှာ လူကြီးများသာမက ကလေးငယ်များပါ Smart Phone ,...
21/06/2025

“အမြင်အာရုံကျန်းမာရေး VitamaKS နဲ့ အားဖြည့်ပေး”

🔸ယနေ့လို အင်တာနက်ခေတ်ကြီးမှာ လူကြီးများသာမက ကလေးငယ်များပါ Smart Phone , Tablet ,Computer စသည်တို့ကိုပိုမိုအသုံးပြုလာကြပါတယ်။ အသုံးပြုပါများလာတဲ့အခါ မျက်စိအာရုံကြောများ အား ထိခိုက်စေတာကြောင့် အမြင်အာရုံ အားကောင်းစေဖို့အတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်တဲ့ ရွေးချယ်စားသုံးသင့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

🔸အမြင်အာရုံကောင်းမွန်စေဖို့အတွက် အဓိကလိုအပ်သော ဓာတ်များအနေနဲ့ Vitamin A, Vitamin C, Vitamin E , Omea 3 Fatty Acid နှင့် Zinc ဓာတ်များပဲဖြစ်ပါတယ်။

🔸အဆိုပါဓာတ်များ ပေါကြွယ်ဝသော အစားအစာများအနေဖြင့် ငါးအမျိုးမျိူး ၊ အစိမ်းရောင်ရှိသော အသီးအရွက်များ ၊ အချဉ်ဓာတ်ရှိသော အသီးအနှံ့များ၊ အစေ့အစံများ ၊ ပဲအမျိုးမျိုးနှင့် အခွံမာသီးများ ၊ ကြက်ဥ ၊ မုန်လာဥနီ ၊ ကန်စွန်းဥ အစရှိသည်တို့ပဲဖြစ်ပါတယ်။

🔸ဒီလိုမျိုး ရွေးချယ်စားသောက်နိုင်တဲ့အပြင် နာနတ်သီးအရသာ နဲ့ VitamaKs အားဆေးရည်တွင်လည်း Viatmin A နှင့် Vitamin C တို့ ပေါင်းစပ် ပါဝင်တာကြောင့် ကလေးငယ်များ အမြင်အာရုံ ကောင်းမွန်ဖို့ အထောက်အကူ ပြုစေလို့ ရွေးချယ်သောက်သုံးနိုင်ဖို့ရာ အကြံပြုလိုက်ရပါတယ်ရှင်။

“အရပ်ရှည်ကာ အရိုးသန်မာ နည်းလမ်းကောင်းများ သိထားစရာ”   🦒အရပ်ရှည်ခြင်းသည် ယနေ့ခေတ်အခါတွင် ယောင်္ကျားလေးရော မိန်းကလေးပါ လို...
18/06/2025

“အရပ်ရှည်ကာ အရိုးသန်မာ နည်းလမ်းကောင်းများ သိထားစရာ”

🦒အရပ်ရှည်ခြင်းသည် ယနေ့ခေတ်အခါတွင် ယောင်္ကျားလေးရော မိန်းကလေးပါ လိုလားကြသည့် ဆန္ဒတစ်ခု ဖြစ်ပါတယ်။ အရပ်အနိမ့်အမြင့်သည် မျိုးရိုးဗီဇနှင့်ဆိုင်သော်လည်း အရပ်ရှည်စေရန်အတွက် ငယ်ရွယ်စဉ်ကတည်းက ဂရုတစိုက်နှင့် နေထိုင်စားသောက်မှု ပြုလုပ်ပါက💯 အရပ်ရှည်လာဖို့ အခွင့်အရေး ရှိနေပါတယ်။

✅အရပ်ရှည်လာရခြင်းသည် 🦴အရိုးနှစ်ခု၏ အစွန်းတွင် အရိုးများကြီးထွားရာနေရာ (Growth Plate) မှ ဆဲလ်အသစ်များထပ်ပွားလာပြီး အရိုးများပိုကြီး ၊ ပိုရှည်လာသောကြောင့် ဖြစ်ပါတယ်။

✔သားသားမီးမီးတို့ အရပ်ရှည်စေဖို့အတွက် နည်းလမ်းကောင်းလေးများကို ဖော်ပြပေးလိုက်ရပါတယ်။

🔷အစာအာဟာရ အုပ်စု မျှတစွာစားခြင်း
ခန္ဓာကိုယ်ကြီးထွားစေသော 🍗အသားဓာတ်များ နှင့် အာဟာရဓာတ်ကြွယ်ဝတဲ့ 🥜ပဲအမျိုးမျိုး ၊ အစေ့အဆံများ ၊ 🥚ကြက်ဥ ၊ 🥛နွားနို့ တို့အပြင် ဗိုက်တာမင်ဓာတ်များ အထူးသဖြင့် ကယ်လ်စီယမ်နှင့် ဗိုက်တာမင် ဒီ ၊ ဇင့် တို့ရရှိနိုင်သော 🥦🥬အစိမ်းရောင်အရွက်များ ၊ 🍏🥑အသီးအနှံ့များ စသည်တို့ကို မျှတစုံလင်စွာ စားသုံးသင့်ပါတယ်ရှင်။

🔷အကြောလျှော့လေ့ကျင့်ခန်းပြုလုပ်ခြင်း ၊ ဘားဆွဲခြင်း
👦👧ကလေးငယ်များ ငယ်စဉ်ကတည်းက လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်အနေအထားမှန်မှန် နှင့် ကြီးထွားဖွံဖြိုးစေရန် များစွာအထောက်အကူပြုပါတယ် ။ အကြောလျှော့ခြင်းကြောင့်လည်း 🦴အရိုးများ ဆွဲဆန့်စေသည့်အတွက် အရပ်ရှည်လာစေဖို့ တဖက်တလမ်းက ကူညီပေးပါတယ်။ ☑ဘားဆွဲခြင်းသည်လည်း လက်မောင်းကြွက်သားများနှင့် ကျောရိုးမကြီးတို့ကို သန်မာစေသည့်အတွက် ကောင်းမွန်သော အရပ်ရှည်စေသည့် လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။

🔷ရေကူးခြင်း
🏊‍♀️ရေကူးရာတွင် တစ်ကိုယ်လုံး အားထည့်ရသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံးရှိ ကြွက်သားနှင့် အရိုးအဆစ်များကို ကျန်းမာကြံ့ခိုင်စေသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကလေးငယ်များကိုလည်း ရေကူးစေခြင်းဖြင့် အရပ်ရှည်စေနိုင်ပြီး ဝိတ်ကျကာ ကျန်းမာကြံ့ခိုင်သော ခန္ဓာကိုယ်ကို ရရှိနိုင်ပါတယ်။

🔷အိပ်ရေးဝဝအိပ်စက်စေခြင်း
တစ်ရက်ကို 🛏အနည်းဆုံး (၈) နာရီ ကြာမြင့်စွာ 💤အိပ်စက်အနားယူသင့်ပါတယ် ။ အိပ်ရေးဝဝအိပ်စက်ခြင်းက ကလေးများအတွက်သာမက လူကြီးများအတွက်လည်း စိတ်ဖိစီးမှုများ လျော့စေကာ ၊ အားအင်ပြန်လည်ပြည့်ဖြိုးစေနိုင်ပါတယ် ။ ဒါ့အပြင် ကလေးငယ်များကို 💁‍♀️ကြီးထွားစေသောဟော်မုန်းဓာတ် သည် အိပ်စက်နေချိန်မှသာ ထုတ်လွှတ်ပေးသည့်အတွက် လုံလောက်စွာ အိပ်စက်ခြင်းသည် အရပ်ရှည်စေနိုင်သော အဓိကအချက်တစ်ချက်ဖြင့် ပါဝင်နေပါတယ်။

အဆိုပါအချက်များကို လိုက်နာကျင့်ကြံမယ်ဆိုရင်တော့ အရပ်ရှည်စေဖို့ များစွာအထောက်အကူ ပြုစေမှာပဲ ဖြစ်ပါတယ်ရှင် ။

ဒါ့အပြင် 🥭သရက်သီးအရသာနှင့် Calyzid တွင်လည်း ကယ်လ်စီယမ် ၊ ဗိုက်တာမင် D3 နှင့် ဇင့်ဓာတ်များ ပြည့်စုံလုံလောက်စွာ ပါဝင်လို့ အရပ်ရှည်စေဖို့အတွက် ရွေးချယ်သောက်သုံးနိုင်ပါတယ်ရှင်။

Address

Kamayut

Alerts

Be the first to know and let us send you an email when Nutriplus by Lifeline posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Nutriplus by Lifeline:

Share