23/09/2025
သွားတိုက်တံတွေ ပုံမှန်လဲဖြစ်ကြရဲ့လား? 🪥
သွားတိုက်တံလေးတွေက သွားနဲ့ခံတွင်းကို သန့်ရှင်းပေးရတဲ့ အဓိကတာဝန်ရှိသူတွေပေါ့။ သွားနဲ့ ခံတွင်း ကျန်းမာဖို့
တစ်ရက်ကို ၂ကြိမ်မှ ၃ကြိမ် သန့်ရှင်းရေးလုပ်ဖို့ သတိရကြပေမယ့် သွားတိုက်တံတွေရဲ့ သန့်ရှင်းရေးကိုတော့ မေ့ထားကြလို့ မဖြစ်ပါဘူး။
သွားတိုက်တံတွေကို ဘယ်အချိန်မှာ လဲပေးသင့်လဲ?
✅အသုံးပြုပြီး ၃၊၄ လ ကြာပြီး ဖွာထွက်လာလျှင်
✅ကိုယ်တိုင် ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦး ဖျားနာပြီးလျှင် သို့မဟုတ် ရောဂါပိုးကူးစက်ခံရလျှင်
✅တစ်ယောက်ယောက်က မှားယွင်းအသုံးပြုမိလျှင် သွားတိုက်တံတွေကို လဲပေးသင့်ပါပြီ။
သွားနဲ့ ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ သွားတိုက်တံတွေရဲ့ သန့်ရှင်းရေးကိုလည်း မေ့ထားလို့ မဖြစ်ဘူးနော်...ဒါကြောင့် ၃လတခါလဲပေးဖို့မမေ့နဲ့နော်❤️
------------------------
ဆက်သွယ်ရန်လိပ်စာကတော့
Moc Moc Dental Center
🏨moc moc beauty paradise, 3rd Floor, Building (401) Times City,Hanthawaddy Road, Kamayut Township, Yangon.
Google Maps : https://g.page/mocmocbeauty?share
☎️09971399998