Gmate Myanmar

Gmate Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gmate Myanmar, Kamayut.

09/05/2026

ဆီးချိုရောဂါရှိသူတွေအတွက် သတင်းကောင်း! Gmate ရဲ့ အထူးပရိုမိုးရှင်း လာပါပြီနော်... 💦🌸

ဆီးချိုသမားတိုင်း မဖြစ်မနေ ဆောင်ထားသင့်တဲ့ Gmate ဆီးချိုတိုင်းစက်လေးကို အခုလို ပရိုမိုးရှင်းကာလမှာ ဝယ်ယူပြီး လက်ဆောင်တွေ ရယူလိုက်ပါ။

🎁 ပရိုမိုးရှင်း အစီအစဉ်
Gmate ဆီးချိုတိုင်းစက် (၁) စုံ (သို့မဟုတ်) Gmate သွေးစစ်တံ ၅၀ ပါ (၁) ဘူး ဝယ်ယူသူတိုင်းအတွက် ➡️ သွေးစစ်တံ ၂၅ ချောင်းပါ (၁) ဘူး လက်ဆောင် (FREE) ရရှိမှာ ဖြစ်ပါတယ်။ 🤩

🗓 ပရိုမိုးရှင်းကာလ နှင့် ဝယ်ယူရရှိနိုင်မည့် ဆေးဆိုင်များ

📍 ရွှေအိုးဆေးဆိုင်ခွဲများ (မေလ ၁၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ)
📍 April ဆေးဆိုင် (မေလ တစ်လလုံး)
📍 Kyaw ဆေးဆိုင် (မေလ တစ်လလုံး)

ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆီးချိုတိုင်းစက်လေးကို လက်ဆောင်တွေနဲ့အတူ ဝယ်ယူနိုင်ဖို့ အချိန်မနှောင်းခင် နီးစပ်ရာ ဆေးဆိုင်တွေကို အမြန်လေး သွားဝယ်လိုက်ကြပါစို့။ 🙏

07/05/2026
27/04/2026

ခြေထောက်လေးတွေ ခဏခဏ ထုံကျင်နေတာကို သာမန်ပဲလို ထင်ပြီး ပစ်ထားမိနေလား? တကယ်တော့ ဒါဟာ ဆီးချိုရောဂါက ပေးနေတဲ့ အန္တရာယ်အချက်ပေးခေါင်းလောင်းသံ ဖြစ်နိုင်တယ်ဆိုတာ သိပြီးပြီလား?"🥰

ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ် အချိန်ကြာမြင့်စွာ များနေတဲ့အခါ အာရုံကြောတွေနဲ့ သွေးကြောတွေကို ထိခိုက်စေပြီး ခြေထောက်ပိုင်းဆိုင်ရာမှာ အခုလို ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၁။ အာရုံကြောများ ထိခိုက်ခြင်း (Nerve Damage): ခြေဖျားလေးတွေ ထုံကျင်တာ၊ ပူစပ်ပူလောင်ဖြစ်တာ၊ စူးခနဲ နာကျင်တာတွေ ခံစားရတတ်ပြီး နောက်ပိုင်းမှာ အထိအတွေ့ ခံစားမှု လုံးဝ ပျောက်ဆုံးသွားနိုင်ပါတယ်။

၂။ အနာကျက်နှေးခြင်း (Poor Healing): သွေးလည်ပတ်မှု မကောင်းတာကြောင့် သာမန် ပွန်းပဲ့ဒဏ်ရာ ပေါက်ပြဲတာလေးတွေကအစ အလွယ်တကူ မကျက်ဘဲ ပိုးဝင်လွယ်ပါတယ်။

၃။ ခြေထောက်ပုံစံပြောင်းလဲခြင်း (Foot Deformities): အာရုံကြောထိခိုက်မှုကြောင့် ခြေထောက်ကြွက်သားတွေ အားနည်းလာပြီး ခြေချောင်းလေးတွေ ကွေးကောက်တာ၊ ပုံပျက်တာတွေ တဖြည်းဖြည်း ဖြစ်လာနိုင်ပါတယ်။

၄။ ဆိုးရွားသော အနာများဖြစ်လာခြင်း (Diabetic Foot Ulcers): ထုံကျင်နေတဲ့အတွက် ဒဏ်ရာရမှန်းမသိဘဲ အနာတွေ ပိုဆိုးလာတတ်ပါတယ်။ အချိန်မီ ကုသမှုမခံယူရင် ခြေထောက်ဖြတ်ရတဲ့အထိ အန္တရာယ်ကြီးမားပါတယ်။

ခြေထောက်ကျန်းမာရေးအတွက် ဘယ်လိုကာကွယ်မလဲ? 🧐

ခြေထောက်ကို နေ့စဉ် သေချာစစ်ဆေး သန့်စင်ပြီး ရေခြောက်အောင် သုတ်ပေးဖို လိုအပ်ပါတယ်။ သွေးလည်ပတ်မှုကောင်းစေဖို တင်းကျပ်လွန်းတာမျိုးမရှိဘဲ သက်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို အမြဲ ရွေးချယ်စီးရပါမယ်။ အရေးအကြီးဆုံးကတော့ သွေးချိုကို စနစ်တကျ ထိန်းချုပ်ထားပြီး ထိခိုက်ဒဏ်ရာ တစ်ခုခုရလာရင် ပေါ့ပေါ့ဆဆမနေဘဲ ဆရာဝန်နဲ့ အမြန်ဆုံး ပြသကုသဖိုပဲ ဖြစ်ပါတယ်။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတိုအနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖိုအတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစိုရှင်။ 🥰

16/04/2026

သွေးတွင်းသကြားဓာတ်များနေတာက သင့်ရဲ့ အဖိုးတန်တဲ့ အမြင်အာရုံကို တိတ်တဆိတ် ခိုးယူသွားနိုင်တယ်ဆိုတာ သိပြီးပြီလား?"🥰

ဆီးချိုရောဂါဟာ ခန္ဓာကိုယ်အနှံက သွေးကြောလေးတွေကို ထိခိုက်စေတဲ့အထဲမှာ မျက်စိက သွေးကြောငယ်လေးတွေလည်း ပါဝင်ပါတယ်။ သွေးချိုကို သေချာမထိန်းနိုင်ဘူးဆိုရင် အောက်ပါ မျက်စိကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။

၁။ မျက်စိမှုန်ခြင်း၊ ဝါးခြင်း: သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်လာတဲ့အခါ မျက်စိမှန်ဘီလူး ရောင်ရမ်းလာပြီး အမြင်အာရုံ ယာယီ ဝါးသွားတတ်ပါတယ်။

၂။ အတွင်းတိမ်ဖြစ်လွယ်ခြင်း (Cataract): ဆီးချိုရှိသူတွေဟာ သာမန်လူတွေထက် အတွင်းတိမ် ပိုဖြစ်လွယ်သလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့လည်း ဖြစ်လာနိုင်ခြေ များပါတယ်။

၃။ ရေတိမ်ရောဂါ (Glaucoma): မျက်လုံးတွင်း ဖိအားများလာပြီး အမြင်အာရုံကြောတွေကို ထိခိုက်စေတာကြောင့် မျက်ကွယ်တဲ့အထိ အန္တရာယ်ရှိပါတယ်။

၄။ မျက်မှေးလွှာပျက်စီးခြင်း (Diabetic Retinopathy): ဆီးချိုကြောင့် မျက်စိအနောက်ဘက်က သွေးကြောလေးတွေ ပေါက်ထွက်ပြီး အမြင်အာရုံကို လုံးဝ ဆုံးရှုးစေနိုင်တဲ့ အဆိုးရွားဆုံး နောက်ဆက်တွဲ ပြဿနာတစ်ခု ဖြစ်ပါတယ်။

မျက်စိကျန်းမာရေးအတွက် ဘယ်လိုကာကွယ်မလဲ? 🧐

ဒီလိုဆိုးရွားတဲ့ ပြဿနာတွေကနေ ကာကွယ်ဖိုဆိုရင် သွေးချိုကို စနစ်တကျ ထိန်းချုပ်ထားဖိုက အဓိကပါပဲ။ မျက်စိကို တစ်နှစ်တစ်ခါ ပုံမှန်စစ်ဆေးမှုခံယူတာ၊ နေပြင်းတဲ့အချိန် အပြင်သွားရင် နေကာမျက်မှန်တပ်တာနဲ့ မျက်စိအားဖြည့်ပေးတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ပိုမိုစားသုံးပေးတာမျိုးတွေ လုပ်ဆောင်သင့်ပါတယ်။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတိုအနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖိုအတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစိုရှင်။ 🥰

14/04/2026

ဆီးချိုရောဂါဆိုတာနဲ့ နှလုံး၊ ကျောက်ကပ်နဲ့ မျက်စိတွေကိုပဲ အဓိက ထိခိုက်စေနိုင်တာမဟုတ်ပဲ မိတ်ဆွေတို သတိမထားမိတတ်တဲ့ အဆုတ်ကျန်းမာရေးကိုပါ တိတ်တဆိတ် ခြိမ်းခြောက်နေတယ်ဆိုတာကို သိပြီးကြပြီလား?"🥰

အများစုက နှလုံးနဲ့ ကျောက်ကပ်ကိုပဲ သတိထားမိကြပေမယ့် ဆီးချိုကြောင့် သွေးတွင်းသကြားဓာတ်များနေရင် အဆုတ်ကိုပါ အခုလို ထိခိုက်စေနိုင်ပါတယ်။

၁။ အမောမခံနိုင်ခြင်း: အဆုတ်တွင်းရှိ သွေးကြောငယ်လေးတွေ ထိခိုက်လို အဆုတ်ရဲ့ လေရှူသွင်း၊ ရှူထုတ်နိုင်စွမ်း ကျဆင်းလာပါတယ်။

၂။ ပိုးဝင်လွယ်ခြင်း: ခုခံအားကျဆင်းလို နမိုးနီးယား၊ တီဘီနဲ့ တုပ်ကွေးလို အဆုတ်ရောဂါတွေ သာမန်လူထက် ပိုဖြစ်လွယ်ပါတယ်။

၃။ ရင်ကျပ်ရောဂါဆိုးရွားခြင်း: ပန်းနာရင်ကျပ်ရှိရင် လက္ခဏာပိုဆိုးတတ်ပြီး သောက်ရတဲ့ဆေးတွေကလည်း သွေးချိုကို ရုတ်တရက် တက်စေနိုင်ပါတယ်။

၄။ အိပ်ပျော်စဉ် အသက်ရှူရပ်ခြင်း: ညဘက် လုံလောက်တဲ့ အောက်ဆီဂျင်မရလို နေ့ဘက်မှာ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။

အဆုတ်ကျန်းမာရေးအတွက် ဘယ်လိုကာကွယ်မလဲ? 🧐

အဆုတ်ကျန်းမာရေးကို ကာကွယ်ဖိုဆိုရင် သွေးချိုကို စနစ်တကျ ထိန်းချုပ်ပြီး ဆရာဝန်နဲ့ ပုံမှန်ပြသတိုင်ပင်ဖို လိုအပ်ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ အဆုတ်ရောင်နဲ့ တုပ်ကွေးကာကွယ်ဆေးတွေ ထိုးနှံထားသင့်သလို၊ ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ပြီး ဖုန်မှုန့်ကင်းစင်တဲ့ လေကောင်းလေသန့်ရမယ့် နေရာမှာ နေထိုင်ပေးပါ။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတိုအနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖိုအတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစိုရှင်။ 🥰

06/04/2026

သင်္ကြန်ရဲ့ အငွေ့အသက်တွေရနေတဲ့ ဧပြီလလေးမှာ... 💦🌸

ကျန်းမာရေးကိုလည်း ဂရုစိုက်နိုင်ဖို့ Gmate Myanmar ရဲ့ အထူးပရိုမိုးရှင်း သတင်းကောင်းလေး လာပါပြီရှင်! 📣

🎁 ပရိုမိုးရှင်း အစီအစဉ်က ဘာလဲ?
Gmate ဆီးချိုတိုင်းစက် (၁) စုံ (သို့မဟုတ်) Gmate သွေးစစ်တံ အချောင်း ၅၀ ပါ ဘူးကြီး (၁) ဘူး ဝယ်ယူသူတိုင်းအတွက်...
👉 သွေးစစ်တံ ၂၅ ချောင်းပါ ဘူးငယ် (၁) ဘူးကို လက်ဆောင် (FOC) ချက်ချင်းပေးသွားမှာပါ ✨

🏥 ဘယ်ဆေးဆိုင်တွေမှာ ပရိုမိုးရှင်း ရနိုင်မလဲ?

🗓 ဧပြီလ (၇) ရက် နှင့် (၈) ရက်နေ့များတွင်
📍 တာမွေမြို့နယ်ရှိ ဘေးမခဆေးဆိုင်

🗓 ဧပြီလ တစ်လလုံး ရရှိနိုင်မယ့် ဆိုင်များ
📍 365 ဆိုင်ခွဲတိုင်း
📍 April ဆေးဆိုင်
📍 Kyaw ဆေးဆိုင်
📍 ထွန်းတောက် ဆေးဆိုင်

အချိန်မနှောင်းခင် လက်ဆောင်တွေရယူဖို့ ဒီပရိုမိုးရှင်းအစီအစဉ်ကြီးမှာ အမြန်ဆုံး ပါဝင်လိုက်ကြပါစို့နော်။ 🏃‍♀️🏃‍♂️

မိဘပြည်သူများအားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အခါသမယလေး ဖြစ်ပါစေလို့ ကျွန်မတို့ Gmate Myanmar မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 🙏✨

27/03/2026

"ဟင်းချိုချက်သောက်ကြတဲ့ ဒန့်သလွန်ရွက်လေးက ကျန်းမာရေးအတွက် ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ သိပြီးပြီလား?"🥰

၁။ အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်ခြင်း
ဒန့်သလွန်ရွက်မှာ ဗီတာမင် A, C၊ ကယ်လ်စီယမ် (Calcium) နဲ့ ပရိုတင်း (Protein) ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို အလွယ်တကူ ဖြည့်တင်းပေးနိုင်ပါတယ်။

၂။ အရိုးအဆစ်များကို သန်စွမ်းစေခြင်း
ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်စ် (Phosphorus) ဓာတ်တွေ ကြွယ်ဝလို့ အရိုးအဆစ်တွေကို ကျန်းမာသန်စွမ်းစေပါတယ်။ အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပြီး အသက်အရွယ်ကြီးရင့်လာချိန်မှာ ဖြစ်တတ်တဲ့ အရိုးအဆစ်နာကျင်မှုတွေကို သက်သာစေပါတယ်။

၃။ သွေးတိုးကို ထိန်းညှိပေးနိုင်ခြင်း
ပိုတက်စီယမ် (Potassium) ဓာတ် ပါဝင်မှုများပြားလို့ သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူတွေ ပုံမှန်စားသုံးပေးဖို့ အထူးသင့်လျော်ပါတယ်။

ဆီးချိုအတွက်ကော ဘယ်လိုအထောက်အကူပြုနိုင်သလဲ?
ဒန့်သလွန်ရွက်မှာ ပါဝင်တဲ့ ကလိုရိုဂျင်းနစ်အက်ဆစ် (Chlorogenic acid) နဲ့ အိုင်ဆိုသီအိုဆိုင်ယာနိတ် (Isothiocyanates) ဓာတ်တွေက အစာစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ် (Blood Sugar Level) ရုတ်တရက် မြင့်တက်သွားတာမျိုး မဖြစ်အောင် တားဆီးပေးပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှင်တွေအတွက် သကြားဓာတ်ကို သဘာဝအတိုင်း ထိန်းညှိပေးနိုင်တဲ့ အကောင်းဆုံး အစားအစာတစ်ခု ဖြစ်ပါတယ်။

သတိပြုရန်
ဒန့်သလွန်ရွက်က ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဆရာဝန်နှင့် သေချာတိုင်ပင်ပြီးမှ ချင့်ချိန်စားသုံးသင့်ပါတယ်။

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစို့ရှင်။ 🥰

24/03/2026

"အားကစားသမားတွေကြားမှာ ရေပန်းစားတဲ့ ခရီယေတင် (Creatine) ကဘယ်လို အကျိုးကျေးဇူးတွေ ရှိနေလဲ?"🥰

၁။ ကြွက်သားခွန်အားနှင့် စွမ်းအင်ကို တိုးစေခြင်း
ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေအတွက် လိုအပ်တဲ့ စွမ်းအင်ကို အမြန်ဆုံး ဖြည့်တင်းပေးလို့ မောပန်းနွမ်းနယ်မှုကို လျော့ကျစေပြီး ကိုယ်လက်လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေကို ပိုမို ကြာရှည်စွာ လုပ်ဆောင်နိုင်စွမ်း ရှိစေပါတယ်။

၂။ ဦးနှောက်ကျန်းမာရေးကို အထောက်အကူပြုခြင်း
ခရီယေတင်က ကြွက်သားတွေကိုတင်မကဘဲ ဦးနှောက်ဆဲလ်တွေကိုပါ စွမ်းအင်ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် မှတ်ဉာဏ်ပိုကောင်းစေပြီး အသက်အရွယ်ကြီးရင့်မှုကြောင့်ဖြစ်တတ်တဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။

၃။ ကြွက်သားများ ပြန်လည်နာလန်ထူမှုကို မြန်ဆန်စေခြင်း
လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ဖြစ်တတ်တဲ့ ကြွက်သား နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပြီး ကြွက်သားအသစ်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်တည်ဆောက်ပေးတာကြောင့် ခန္ဓာကိုယ်ကို အမြဲတက်ကြွလန်းဆန်းနေစေပါတယ်။

ဆီးချိုအတွက်ကော ဘယ်လိုအထောက်အကူပြုနိုင်သလဲ?
လေ့လာမှုတချို့အရ ခရီယေတင်ဟာ သွေးတွင်းက သကြားဓာတ်တွေကို ကြွက်သားဆဲလ်တွေဆီ ပို့ဆောင်ပေးတဲ့ လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စေပါတယ်။ ဒါကြောင့် ဆီးချိုဝေဒနာရှင်တွေအနေနဲ့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မှန်မှန်လုပ်ရင်း ခရီယေတင်ကို မှန်ကန်စွာ မှီဝဲပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ် (Blood Sugar Level) ကို သိသိသာသာ ထိန်းညှိပေးနိုင်ပါတယ်။

သတိပြုရန်
ခရီယေတင်ဟာ ယေဘုယျအားဖြင့် ဘေးကင်းပေမယ့် ဆီးချိုကြောင့် ကျောက်ကပ်ထိခိုက်နေသူတွေ၊ ကျောက်ကပ်ရောဂါ အခံရှိသူတွေ အနေနဲ့ လုံးဝ သတိထားရပါမယ်။ ရေဓာတ်ခမ်းခြောက်တာမျိုး မဖြစ်အောင် ရေများများ သောက်ပေးဖို့ လိုအပ်ပြီး သောက်သုံးမယ့် ပမာဏကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ ချင့်ချိန်သောက်သုံးသင့်ပါတယ်။🧐

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစို့ရှင်။ 🥰

21/03/2026

"အချွဲဓာတ်လေးတွေပါလို့ တချို့က စားရတာ မကြိုက်ကြပေမယ့် ဆီးချိုသမားတွေအတွက်တော့ ဆေးတစ်ခွက်ဖြစ်နေတဲ့ ရုံးပတီသီးကို ဘာကြောင့် မဖြစ်မနေ စားပေးသင့်တာလဲ?"🥰

၁။ အစာခြေစနစ်ကို ကျန်းမာစေခြင်း
ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ် (Fiber) နဲ့ သဘာဝအချွဲဓာတ်လေးတွေက အစာအိမ်နဲ့ အူလမ်းကြောင်းကို ရှင်းလင်းပေးပြီး ဝမ်းချုပ်ခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။

၂။ ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးကောင်းမွန်ခြင်း
ဖောလစ်အက်ဆစ် (Folic Acid/Folate) ကြွယ်ဝစွာ ပါဝင်တဲ့အတွက် သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အထူးအထောက်အကူပြုပါတယ်။

၃။ နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း
သူ့မှာပါတဲ့ အချွဲဓာတ်က အစာခြေလမ်းကြောင်းမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရော (Bad Cholesterol) တွေကို ဖမ်းယူပြီး ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ ဒါကြောင့် သွေးကြောတွေပိတ်ဆို့ခြင်းကို တားဆီးပေးပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

ဆီးချိုအတွက်ကော ဘယ်လိုအထောက်အကူပြုနိုင်သလဲ?
ရုံးပတီသီးမှာပါတဲ့ ပျော်ဝင်အမျှင်ဓာတ် (Soluble Fiber) က အူလမ်းကြောင်းကနေ သကြားဓာတ် စုပ်ယူမှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် အစာစားပြီးချိန်မှာ သွေးတွင်းသကြားဓာတ် (Blood Sugar Level) ရုတ်တရက် အဆမတန် ထိုးတက်သွားတာမျိုး မဖြစ်အောင် ထိန်းချုပ်ပေးနိုင်လို့ ဆီးချိုသမားတွေ စားသုံးဖို့ အထူးသင့်လျော်ပါတယ်။

သတိပြုရန်
ရုံးပတီသီးမှာ အောက်ဇဲလိတ် (Oxalate) ဓာတ် ပါဝင်မှုများလို့ ကျောက်ကပ်ကျောက်တည်တတ်သူတွေ အများကြီး မစားသင့်ပါဘူး။ နောက်ထပ် အရေးကြီးတဲ့အချက်က ဆီးချိုကျဆေး (အထူးသဖြင့် Metformin) သောက်နေသူတွေအနေနဲ့ ရုံးပတီသီး အလွန်အကျွံစားရင် ဆေးရဲ့ စုပ်ယူမှုအာနိသင်ကို လျော့ကျစေနိုင်လို့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ချင့်ချိန်စားသုံးသင့်ပါတယ်။🧐

ဆီးချိုရောဂါရှိတဲ့ မိတ်ဆွေတို့အနေနဲ့ သွေးတွင်းသကြားဓာတ်ကို စနစ်တကျ စစ်ဆေးပြီး ထိန်းသိမ်းနိုင်ဖို့အတွက် တိကျမှန်ကန်တဲ့အဖြေတွေ ထုတ်ပေးနိုင်တဲ့ Gmate ဆီးချိုတိုင်းစက်နဲ့ သွေးစစ်တံများကို ဆောင်ထားကြပါစို့ရှင်။ရ🥰

08/03/2026

မိမိမှာ ဆီးချိုရောဂါရှိ၊ မရှိ သိချင်ကြတဲ့ မိတ်ဆွေများအတွက် ကျွန်မတို့ရဲ့ GMATE မှ အခမဲ့ စမ်းသပ်စစ်ဆေးပေးမယ့် အထူးအစီအစဉ်တွေ ရှိနေပါတယ်။

မတ်လ (၉) ရက်နေ့မှာတော့ လသာမြို့နယ်ရှိ လပြည့်ဝန်း ဆေးဆိုင်၊ လမ်းမတော်မြို့နယ်မှာရှိတဲ့ ဆေးဆိုင်တွေဖြစ်တဲ့ အောင်ပြည့်စုံ ဆေးဆိုင်မှာ မတ်လ (၁၀) ရက်၊ ရွှေတိုး ဆေးဆိုင်မှာ မတ်လ (၁၁) ရက်၊ စွယ်တော် ဆေးဆိုင်မှာ မတ်လ (၁၂) ရက်နှင့် လပြည့်ဝန်း ဆေးဆိုင်မှာ မတ်လ (၁၃) ရက်နေ့တို့တွင် စစ်ဆေးပေးသွားမယ့်အပြင်၊ မတ်လ (၂၄) ရက်နေ့မှာလည်း သာကေတမြို့နယ်ရှိ ဇီဝသုခ ဆေးခန်း တို့မှာ ဆီးချိုအခမဲ့ စမ်းသပ်စစ်ဆေးပေးသွားမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် အရည်အသွေးမြင့် GMATE ဆီးချိုတိုင်းစက်များနှင့် GMATE သွေးစစ်တံများကိုလည်း ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ပါပြီ။

ဒါကြောင့် သတ်မှတ်ထားတဲ့ရက်တွေမှာ ငွေမကုန်ဘဲ ဆီးချိုစစ်ဆေးရင်း GMATE ရဲ့ ပရိုမိုးရှင်း အစီအစဉ်ကြီးမှာ ပါဝင်လိုက်ရအောင်။

🍀 Promotion Information အကျဉ်းချုပ် 🍀

🎁 အထူးအစီအစဉ် (၁): ဆီးချိုသွေးချို အခမဲ့ စမ်းသပ်စစ်ဆေးပေးခြင်း။

🗓 နေရာနှင့် ရက်စွဲများ:

📍 လပြည့်ဝန်း [အမှတ်(၁၀၇/၁၀၉) ၊ ဝါဝါဝင်း Tower ၊ အနော်ရထာလမ်းနှင့် စဉ့်အိုးတန်းလမ်းထောင့် ၊ ရန်ကုန်ဆေးရုံကြီးရှေ့ ၊ လသာမြို့နယ်] : မတ်လ ၉ ရက်

📍 အောင်ပြည့်စုံ [၁၆ လမ်းထိပ်, အနော်ရထာလမ်း, လမ်းမတော်မြို့နယ်] : မတ်လ ၁၀ ရက်

📍 ရွှေတိုး [၁၆ လမ်းထိပ်, အနော်ရထာလမ်း, လမ်းမတော်မြို့နယ်] : မတ်လ ၁၁ ရက်

📍 စွယ်တော် [၁၆ လမ်းထိပ်, အနော်ရထာလမ်း, လမ်းမတော်မြို့နယ်] : မတ်လ ၁၂ ရက်

📍 လပြည့်ဝန်း [အမှတ်-၁၇၉၊ အနော်ရထာလမ်းနှင့်ရွှေတောင်တန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်] : မတ်လ ၁၃ ရက်

📍 ဇီဝသုခ ဆေးခန်း [ရွှေအုတ်ဂူ ၆လမ်း / သာကေတ] : မတ်လ ၂၄ ရက်

03/03/2026

✨ ဖေဖော်ဝါရီလ Gmate Activities ပုံရိပ်များ (မွန်အမျိုးသားနေ့ အထူးအစီအစဉ်) ✨

မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် Gmate မှ လူမှုအသိုင်းအဝိုင်းနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည့် အမှတ်တရ ပုံရိပ်များကို မျှဝေလိုက်ပါသည်။

💙 ဆီးချိုရောဂါကို ခံစားနေရသော မိတ်ဆွေများအတွက်ရအရည်အသွေးမြင့် Gmate ဆီးချိုတိုင်းစက်များကို
✅ တိကျမှန်ကန်မှုမြင့်မားစွာ
✅ အသုံးပြုရ လွယ်ကူစွာ
✅ စျေးနှုန်းချိုသာစွာ
ယခုအချိန်တွင် ဝယ်ယူနိုင်ပါပြီခင်ဗျာ။

ကျန်းမာရေးကောင်းမွန်မှုဟာ ဘဝရဲ့ အရေးကြီးဆုံး အရင်းအမြစ်ဖြစ်ပါတယ်။ Gmate နှင့်အတူ သင့်ဆီးချိုအဆင့်ကို ယုံကြည်စိတ်ချစွာ ထိန်းချုပ်လိုက်ပါ။

Address

Kamayut
11041

Telephone

+959977703040

Website

Alerts

Be the first to know and let us send you an email when Gmate Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Gmate Myanmar:

Share