AA Medical Products Ltd

AA Medical Products Ltd Pharmaceutical, Medical products & equipment Trading & Distribution company.

🙏ကနဦး ၂.၅ ဘီလျံကျပ် (ကျပ်သိန်းပေါင်း ၂၅,၀၀၀/-) ကို ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် Pacific AA Foundation မှပထမအဆင့် လှူဒါ...
13/04/2025

🙏ကနဦး ၂.၅ ဘီလျံကျပ် (ကျပ်သိန်းပေါင်း ၂၅,၀၀၀/-) ကို ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် Pacific AA Foundation မှ
ပထမအဆင့် လှူဒါန်းထောက်ပံ့ကူညီရန် သတ်မှတ်၍ ဆောင်ရွက်ခဲ့သော်လည်း လိုအပ်ချက်များပေါ်မူတည်ပြီး ထပ်မံ၍ ၅.၅ ဘီလျံကျပ်
(ကျပ်သိန်းပေါင်း ၅၅,၀၀၀/-) ကို
ဒုတိယအဆင့် ဆက်လက်လှူဒါန်းမည်ဖြစ်ပါသည်။ 🙏

သို့ဖြစ်ပါ၍ စုစုပေါင်း (၈) ဘီလျံကျပ် (ကျပ်သိန်းပေါင်း ၈၀,၀၀၀/-) ကို Pacific AA Foundation မှ
ထောက်ပံ့ကူညီလှူဒါန်းလျက်ရှိနေပါကြောင်း ဝမ်းမြောက်ကြည်နူးစွာမျှဝေပါသည်။

ဒုတိယအကြိမ် မတည်လှူဒါန်းထောက်ပံ့နေမှူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(I)
💉 ကာကွယ်ဆေးများထိုးရန်၊
အင်ဆူလင်ဆေးများထိုးရန်၊ ကင်ဆာဆေးများထိုးရန်နှင့် ကလေးလူနာများအတွက် အလွန်
အသုံးဝင်သော 3.79 billion kyats, ကျပ် (သိန်းပေါင်း - ၃၇,၉၀၀/-သိန်း/-) တန်ဖိုးရှိ
Japan နိုင်ငံ၏ ထိပ်တန်းဆေးပစ္စည်းကုမ္ပဏီ Nipro Corporation ၏ Nipro အမှတ်တံဆိပ် (1cc) ဆေး
ထိုးပြွန် (1cc syringes) အချောင်း 17,034,000 pcs ((၁၇)သန်းကျော်) ကို Nipro ကုမ္ပဏီ၏အကူအညီဖြင့် လှူဒါန်းခြင်း

(II)
💊ဒုတိယအကြိမ် ပြည်သူ့ဆေးရုံကြီး(၁၃)ရုံ (မန္တလေးမြို့ ကုတင် (၃၀၀) ဆံ့သင်ကြားရေးဆေးရုံကြီး၊မိတ္ထီလာပြည်သူ့ဆေးရုံကြီး၊
ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီး၊ကျောက်ဆည်ပြည်သူ့ဆေးရုံကြီး၊စစ်ကိုင်းပြည်သူ့ဆေးရုံကြီး၊နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ကုတင် -၁၀၀၀)၊ ပေါင်းလောင်းဆေးရုံ၊ ရွှေကြာပင်ဆေးရုံ၊ဒက္ခိဏ ပြည်သူ့ဆေးရုံ၊ လယ်ဝေးပြည်သူ့ဆေးရုံ၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ကန်တော်နဒီဆေးရုံ နှင့် မန္တလေးမြို့ အရိုးရောဂါအထူးကုဆေးရုံကြီး)
သို့ Pacific-AA Foundation မှ ကျပ် (သိန်းပေါင်း-၅,၅၀၀/-) တန်ဖိုးရှိ
ဆေးဝါးများ ကိုယ်တိုင်ကိုယ်ကျ အရောက်ပို့ လှူဒါန်းခြင်း

(III)
👷ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေးရှိ ပြည်သူများ၏ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
အတွက် ငွေသားကျပ် (သိန်းပေါင်း၈၃၀၀သိန်း/-) လှူဒါန်းခြင်း
တို့ဖြစ်ပါသည်။

ပထမအကြိမ် ကနဦးအလှူအဖြစ်
(IV)
ငလျင်ဘေးဒါဏ်သင့် ဒေသများရှိ တိုက်နယ်ဆေးရုံစုစုပေါင်း(၃၃) ရုံသို့
💰MMK-1,838,624,700/- (သိန်းပေါင်း ၁၈,၃၈၆ သိန်းကျော်/-)
တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများ ကိုယ်တိုင်သွားရောက်လှူဒါန်းထောက်ပံ့လှူဒါန်းခြင်း 🙏
(V)
Pacific-AA Group အောက်ရှိ သောဝန်ထမ်း ( 53 ) ဦးအတွက် ပြန်လည်နေရာချထားရေးထောက်ပံ့ လှူဒါန်းငွေ စုစုပေါင်းကျပ် (155,750,000 -/) ငွေ (ကျပ်သိန်းပေါင်း ၁၅၅၇ သိန်း/-)အား ပေးအပ်ခြင်း

(VI)
ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက်အထူးရည်ရွယ်ကာ Pacific AA Foundation, Roche Myanmar နှင့် အလှူရှင် စုစုပေါင်း (၁၉၂) ဦး မှ
သွေးလှူဒါန်းခြင်း၊ သွေးအလှူရှင်များအတွက် အဟာရကျွေးမွေးခြင်း၊ သံဓာတ်အားတိုးဆေးဝေဌခြင်းအတွက် သိန်း(၅၀)နှင့် အမျိုးသားသွေးလှူဘဏ်သို့ ငွေသား ကျပ်စုစုပေါင်း ကျပ် (သိန်း၅၀) လှူဒါန်းခြင်း

တို့ကို ၁၂.၄.၂၅ အထိ စုစုပေါင်း
ငွေကျပ် 7.169 billion kyats
(ငွေကျပ် ၇၁,၆၉၃/- သိန်း)
ရှိပြီဖြစ်ပါကြောင်းနှင့် ကျန်ငွေများကိုလည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်ပါကြောင်း လှူဒါန်းခဲ့သည့် ကုသိုလ်များကို ကြည်နူးစွာမျှဝေပါသည်။🙏🙏🙏

Pacific-AA Foundation Earthquake Relief Donations
The Pacific-AA Foundation initially allocated 2.5 billion kyats (equivalent to 2500 million kyats) as part of its first-phase support for victims of the recent earthquake. In response to further identified needs, the Foundation has committed an additional 5.5 billion kyats (5500 million kyats) as part of a second-phase initiative.
The Foundation is pleased to announce a total contribution of 8 billion kyats (8000 million kyats) in humanitarian assistance and donations.

The second phase of support comprises the following:
1. Medical Equipment Donation:
A contribution of over 17,034,000 units (17 million) of 1cc syringes under the Nipro brand, valued at 3.79 billion kyats (379 million kyats), donated together with Nipro Corporation, a leading Japanese medical equipment manufacturer. These syringes are highly beneficial for vaccine administration, insulin delivery, cancer treatments, and use in pediatric care.
2. Medical Supply Donations to Public Hospitals:
Delivery of essential medicines valued at 550 million kyats to 13 public hospitals, including:
* Mandalay Teaching Hospital (300 beds)
* Meiktila Public Hospital
* Pyin Oo Lwin Public Hospital
* Kyaukse Public Hospital
* Sagaing Public Hospital
* Naypyidaw Public Hospital (1,000 beds)
* Paunglaung Hospital
* Shwe Kya Pin Hospital
* Dakkhinayone Public Hospital
* Lewe Public Hospital
* Mandalay Public Hospital
* Kandawgyi Hospital
* Mandalay Orthopedic Hospital
These contributions were personally delivered by representatives of the Pacific-AA Foundation.
3. Financial Support for Disaster Relief:
A cash donation of 830 million kyats was made to support rescue operations and the resettlement of earthquake-affected communities in Mandalay Region, Sagaing Region, Naypyidaw, Pyinmana, and Lewe.
The first phase of donations included:
1. Distribution of Medical Supplies:
Delivery of medical supplies and equipment valued at approximately 1.83 billion kyats (183.86 million kyats) to 33 township hospitals across earthquake-affected areas.
2. Support for Employees:
A total of 155.75 million kyats was provided as resettlement support to 53 employees under the Pacific-AA Group.
3. Blood Donation Initiative:
In collaboration with Roche Myanmar, the Foundation organized a blood donation drive involving 192 donors, specifically in aid of earthquake victims. Nutritional support was provided to donors, along with the distribution of iron supplements worth 5 million kyats and a separate cash donation of 5 million kyats to the National Blood Bank.

As of April 12, 2025, the total value of the Foundation's donations amounts to 7.169 billion kyats (7.169 million kyats). The Pacific-AA Foundation is honored to share these charitable contributions in the spirit of compassion and solidarity with all.




ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာခြင်းနှင့်ပြည့်စုံသောနှစ်သစ်အခါသမယကို ပိုင်ဆိုင်နိုင်ပါစေကြောင်း AA Medical Products Ltd မှ ဆ...
12/04/2025

ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာခြင်းနှင့်ပြည့်စုံသော
နှစ်သစ်အခါသမယကို ပိုင်ဆိုင်နိုင်ပါစေကြောင်း
AA Medical Products Ltd မှ ဆန္ဒပြုဆုမွန်ကောင်းတောင်းအပ်ပါသည်။




🩸🩸ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက်အထူးရည်ရွယ်ကာ Pacific AA Foundation, Roche Myanmar နှင့် အလှူရှင် စုစုပေါင်း (၁၉၂) ဦး မှ...
07/04/2025

🩸🩸ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက်အထူးရည်ရွယ်ကာ Pacific AA Foundation, Roche Myanmar နှင့် အလှူရှင် စုစုပေါင်း (၁၉၂) ဦး မှစုပေါင်း၍ အမျိုးသားသွေးလှူဌာနတွင် ၂၀၂၅ခုနှစ် ဧပြီလ(၆)ရက်နေ့ မနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြပါသည်။ 🩸🩸

မြန်မာနိုင်ငံဆိုင်ရာ Siwtzerland Head of Mission Mr. Daniel Derzic နှင့် သံရုံးဝန်ထမ်းများမှ ၎င်းတို့၏ တစ်သီးပုဂ္ဂလဆန္ဒအရ သွေးလာရောက်လှူဒါန်းခဲ့ပြီး Switzerland Head of Mission Mr. Daniel Derzic မှ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ နှုတ်ခွန်းဆက်စကားပြောကြားပေးခဲ့ပါသည်။ ထို့နောက်Pacific AA Foundation မှ Chairman ဦးဇော်မိုးခိုင်နှင့် Vice Chairwoman Dr. Saw Nay Nwe တို့မှအမျိုးသားသွေးလှူဌာနသို့ လှူဒါန်းငွေကျပ် သိန်း(၅၀)တိတိအား Professor Dr.အယ်လ်ထူးဖေထံသို့ပေးအပ်လှူဒါန်းခဲ့ပါသည်။
Professor Dr. သီတာအောင်မှလဲ သွေးလှူဘဏ်ဖြစ်ပေါ်လာရခြင်းအကြောင်းများနှင့် လှူဒါန်းမှူအတွက် ကျေးဇူးတင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး Roche Myanmar မှ Ms. Christina Yong မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ သွေးလှူဒါန်းကြသော ဝန်ထမ်းများနှင့် အလှူရှင်များကို သံဓာတ်အားဆေး FEROPAC (၁၉၂)ဘူး၊ မနက်စာနှင့် နေ့လည်စာများ ကျွေးမွေးခဲ့ပါသည်။

မွန်မြတ်သောကာလဒါနအလှူဖြစ်သည့် သွေးများလှူဒါန်းခဲ့ကြသော Pacific-AA Foundation, Roche Myanmar နှင့် အလှူရှင် စုစုပေါင်း (၁၉၂)ဦးတို့၏သွေးလှူဒါန်းနေကြပုံများအားကျေးဇူးတင်စွာဖြင့်ပြန်လည်မျှဝေလိုက်ရပါသည်။

🩸🩸A Simple Act of Giving to Support Earthquake Survivors🩸🩸

On the morning of April 6, 2025, a total of 192 dedicated staff members and donors from Pacific AA Foundation and Roche Myanmar came together to donate blood at the National Blood Center, in a united effort to support those affected by the recent earthquake.

We were honored by the presence of Mr. Daniel Derzic, Head of Mission of the Embassy of Switzerland in Myanmar, together with Embassy staff, who joined the donation on their own private initiative. Mr. Derzic also shared a few heartfelt words with attendees.

As part of the initiative, Pacific AA Foundation’s Chairman U Zaw Moe Khine and Vice Chairwoman Dr. Saw Nay Nwe presented a donation of 5 million kyats to Professor Dr. Eh Htoo Phe of the National Blood Center.

Professor Dr. Thida Aung shared the inspiring history of the Blood Bank and expressed her appreciation for the support. Ms. Christina Yong from Roche Myanmar also delivered a warm thank-you speech to all participants.
Each of the 192 blood donors received FEROPAC iron supplements, breakfast, and lunch as a token of gratitude for their selfless act.

We are proud to share some powerful images from the day — capturing the spirit of compassion and unity in action. 💉❤️

Pacific-AA Foundation မှ ငလျင်ဘေးဒါဏ်သင့် ဒေသများဖြစ်သော 🇲🇲မန္တလေးတိုင်းဒေသကြီး၊🇲🇲စစ်ကိုင်းတိုင်းဒေသကြီး၊ 🇲🇲နေပြည်တော်ပြ...
06/04/2025

Pacific-AA Foundation မှ ငလျင်ဘေးဒါဏ်သင့် ဒေသများဖြစ်သော
🇲🇲မန္တလေးတိုင်းဒေသကြီး၊
🇲🇲စစ်ကိုင်းတိုင်းဒေသကြီး၊
🇲🇲နေပြည်တော်ပြည်ထောင်စုနယ်မြေ
🇲🇲ပဲခူးတိုင်းဒေသကြီးရှိ
🏥ဆေးရုံ (၃၃)ရုံအား
💰MMK-1,838,624,700/- (သိန်းပေါင်း ၁၈,၃၈၆ သိန်းကျော်/-)
တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများထောက်ပံ့လှူဒါန်းခြင်း 🙏

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွန်းလွဲချိန်တွင် မြန်မာနိုင်ငံပြည်တွင်း မန္တလေးမြို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ပြင်းအား 7.7 အဆင့်ရှိ မြေငလျင်ကြီးကြောင့်မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးအပါအဝင် ငလျင်ဘေးဒါဏ်သင့်ဒေသအသီးသီးတွင် ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးခဲ့ရပါသည်။

အဆိုပါ ငလျင်ဘေးဒါဏ်သင့် ဒေသများရှိပြည်သူများအတွက် ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းစဉ်အသီးသီးအတွက် တစ်တပ်တစ်အားပါဝင်ကူညီသည့်အနေဖြင့် Pacific-AA Foundation မှ
မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းရေးအဖွဲ့ (၁) ဖြင့်

(၁)အုတ်တွင်းတိုက်နယ်ဆေးရုံ
(၂)ရေတာရှည်တိုက်နယ်ဆေးရုံ
(၃)ဆွာတိုက်နယ်ဆေးရုံ
(၄)မြို့လှတိုက်နယ်ဆေးရုံ
(၅)ရေနီတိုက်နယ်ဆေးရုံ
(၆)သာဝတ္ထိတိုက်နယ်ဆေးရုံ
(၇)လယ်ဝေးတိုက်နယ်ဆေးရုံ
(၈)ပေါင်းလောင်းယာယီဆေးရုံ
(၉)ပျဉ်းမနားဆေးရုံကြီး
(၁၀)တပ်ကုန်းဆေးရုံကြီး
(၁၁)တောင်ငူဆေးရုံကြီး
(၁၂)ကျွဲပွဲ တိုက်နယ်ဆေးရုံ
(၁၃)ညောင်ခြေထောက် တိုက်နယ်ဆေးရုံ
(၁၄)ဇေယျဝတီတိုက်နယ်ဆေးရုံ
(၁၅)ဖြူး ပြည်သူ့ဆေးရုံကြီး
(၁၆)ညောင်ပင်သာတိုက်နယ်ဆေးရုံ
(၁၇)အောင်မြင်တိုက်နယ်ဆေးရုံ
(၁၈)ပဲနွယ်ကုန်း တိုက်နယ်ဆေးရုံ
(၁၉)ကျောက်တံခါးတိုက်နယ်ဆေးရုံ အစရှိသည့် ဆေးရုံများသို့လည်းကောင်း၊

မြေပြင်သို့ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းရေးအဖွဲ့ (၂) ဖြင့်
(၂၀) သဲတောတိုက်နယ်ဆေးရုံ
(၂၁) ရွှေတောင်တိုက်နယ်ဆေးရုံ
(၂၂) မင်းစု တိုက်နယ်ဆေးရုံ
(၂၃) ညောင်ဖီးတိုက်နယ်ဆေးရုံ
(၂၄) ပုလိပ် တိုက်နယ်ဆေးရုံ
(၂၅) ဝမ်းတွင်းတိုက်နယ်ဆေးရုံ
(၂၆) မြစ်သားတိုက်နယ်ဆေးရုံ
(၂၇) စဉ့်ကိုင်တိုက်နယ်ဆေးရုံ
(၂၈) ပုသိမ်ကြီးတိုက်နယ်ဆေးရုံ
(၂၉) မိထ္ထီလာ ဆေးရုံ
(၃၀) ကူမဲတိုက်နယ်ဆေးရုံ
(၃၁) ကျောက်ဆည်ဆေးရုံ
(၃၂) အမရပူရဆေးရုံ
(၃၃) တံတားဦးဆေးရုံ အစရှိသည့်ဆေးရုံများသို့ လည်းကောင်း
စုစုပေါင်းဆေးရုံ (၃၃) ရုံသို့ ငလျင်ဘေးဒါဏ်သင့်ပြည်သူများဆေးဝါးကုသရေးအတွက် MMK-1,838,624,700/- (သိန်းပေါင်း ၁၈,၃၈၆ သိန်းကျော်/-)
တန်ဖိုးရှိ ဆေးဝါးနှင့်ဆေးပစ္စည်းများအား ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါသည်။ 🙏
ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းပေးခဲ့ကြသော Pacific AA Foundation (Pacific AA Group) မှ ဝန်ထမ်းများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ 💙🌟

ငလျင်ဘေးဒဏ်သင့် ပြည်သူများအားလုံး ဘေးဒုက္ခဆင်းရဲများမှ အမြန်ဆုံးလွတ်မြောက် ၍ ပြန်လည်ထူထောင်နိုင်ကြပါစေရန်အတွက် Pacific AA Foundation မှဆုတောင်းလျှက် တတ်နိုင်သမျှဝိုင်းဝန်းကူညီလျှက်ရှိပါကြောင်း တင်ပြအပ်ပါသည်။






Pacific-AA Foundation Donates Over MMK 1.83 Billion Worth of Medicines and Medical Devices to 33 Hospitals in Earthquake-Affected Regions 🙏
Following the devastating 7.7 magnitude earthquake that struck Myanmar on March 28, 2025 — impacting areas across Mandalay Region, Sagaing Region, Naypyidaw Region, Shan State, and Bago Region — the Pacific-AA Foundation stepped in to support those in urgent need.
In response to the disaster, we donated medical supplies valued at MMK 1,838,624,700 (over MMK 183.86 million) to assist with emergency medical care, rescue, resettlement, and rehabilitation efforts. Our dedicated teams personally delivered these donations to 33 hospitals across the affected regions.
Donation Team 1 visited:
1. Aungwin Township Hospital
2. Yedashe Township Hospital
3. Swa Township Hospital
4. Myohla Township Hospital
5. Yeini Township Hospital
6. Thawatti Township Hospital
7. Lewe Township Hospital
8. Paunglang Temporary Hospital
9. Pyinmana General Hospital
10. Tatkon General Hospital
11. Taungoo General Hospital
12. Kywebwe Township Hospital
13. Nyaungchayhtauk Township Hospital
14. Zeyyawadi Township Hospital
15. Phyu Public General Hospital
16. Nyaungpintha Township Hospital
17. Aungmyay Township Hospital
18. Penwegone Township Hospital
19. Kyauktaga Township Hospital
Donation Team 2 visited: 20. Thetaw Township Hospital
21. Shwetaung Township Hospital
22. Minsu Township Hospital
23. Nyaungphee Township Hospital
24. Puleik Township Hospital
25. Wundwin Township Hospital
26. Myittha Township Hospital
27. Sintgaing Township Hospital
28. Patheingyi Township Hospital
29. Meiktila Hospital
30. Kume Township Hospital
31. Kyaukse Hospital
32. Amarapura Hospital
33. Tadaoo Hospital
We extend our heartfelt gratitude to all Pacific-AA Foundation (Pacific AA Group) team members who traveled to personally deliver these donations. 💙🌟
Our thoughts and prayers are with everyone affected by the earthquake. May you all recover swiftly and rebuild your lives with strength and hope. The Foundation remains committed to providing continued support in any way we can.

Pacific-AA Group မှ ငလျင်ဘေးဒါဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့လှူဒါန်းခြင်း 🙏 🙏 🙏 ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွ...
05/04/2025

Pacific-AA Group မှ ငလျင်ဘေးဒါဏ်သင့် ဝန်ထမ်းမိသားစုများအတွက် ထောက်ပံ့လှူဒါန်းခြင်း 🙏 🙏 🙏

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွန်းလွဲချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၊ မန္တလေးမြို့ ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား 7.7 အဆင့်ရှိ မြေငလျင်ကြီးကြောင့်မြန်မာနိုင်ငံ အတွင်းရှိ ငလျင်ဘေးဒါဏ်သင့်ဒေသအသီးသီးတွင် ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးခဲ့ရပါသည်။

အဆိုပါ ငလျင်ဘေးဒါဏ်သင့်ဒေသများရှိ မိဘ ပြည်သူများအား Pacific-AA Group မှ ထောက်ပံ့လှူဒါန်းလျက်ရှိသည့်အပြင် Pacific-AA Group အောက်ရှိ ဝန်ထမ်းများထဲမှ ငလျင်ဒါဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုခံခဲ့ရသောဝန်ထမ်း ( 59 ) ဦးအတွက် ထောက်ပံ့ လှူဒါန်းငွေ စုစုပေါင်းကျပ် ( 170,750,000 -/) အား ပေးအပ်ခဲ့သော ပုံရိပ်များအား မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။


03/04/2025

#ကူဖို့လှူဖို့ဝယ်ယူစို့ ပွဲတွင် AA Medical မှလည်း အကျိုးအမြတ်မယူသော စျေးနှုန်းဖြင့် ပါဝင်ရောင်းချပေးမှာဖြစ်ပါတယ်။

#ကူဖို့လှူဖို့ #ဝယ်ယူစို့ #ကူဖို့လှူဖို့ဝယ်ယူစို့

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွန်းလွဲချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၊ မန္တလေးမြို့ ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား 7.7 အ...
30/03/2025

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့ မွန်းလွဲချိန်တွင် မြန်မာနိုင်ငံပြည်တွင်း၊ မန္တလေးမြို့ ဗဟိုပြုလှုပ်ခတ်ခဲ့သော ပြင်းအား 7.7 အဆင့်ရှိ မြေငလျင်ကြီးကြောင့်မြန်မာနိုင်ငံ နေရာဒေသအသီးသီးတွင် ပြည်သူပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးခဲ့ရမှုအတွက်
Pacific AA Foundation မှ အထူးဝမ်းနည်း ကြေကွဲရပါသည်။ 🙏

Pacific-AA Foundation မှ မတ်လ (၂၉)ရက်နေ့မှ စတင်၍ ငလျင်ဘေးဒဏ်သင့် ပြည်သူများအားကယ်ဆယ်ရန်၊ ဆေးကုသမှူပေးရန်၊ ပြန်လည်နေရာချထားရန်နှင့်ပြန်လည် ထူထောင်ရန်အတွက် စတင်လှူဒါန်းကူညီမှူများဆောင်ရွက်ရာ
💰ငွေသား ကျပ် (သိန်းပေါင်း-၁၉,၅၀၀/-) ကိုလည်းကောင်း၊
💊ဆေးဝါးနှင့်ဆေးပစ္စည်း စုစုပေါင်းတန်ဖိုး ကျပ် (သိန်းပေါင်း-၅,၅၀၀/-) ကိုလည်းကောင်း၊
💰စုစုပေါင်း ကျပ် (သိန်းပေါင်း-၂၅,၀၀၀) အား ပံ့ပိုးကူညီဆောင်ရွက်လျှက်ရှိပါသည်။

ငလျင်ဘေးဒဏ်သင့် ပြည်သူများအားလုံး ဒုက္ခဆင်းရဲများမှ အမြန်ဆုံးလွတ်မြောက် နလန်ထူပါစေကြောင်း Pacific AA Foundation မှဆုတောင်းလျှက် တတ်နိုင်သမျှဝိုင်းဝန်းကူညီလျှက်ရှိပါကြောင်း တင်ပြအပ်ပါသည်။

-----------------------------------------------

The Pacific AA Foundation deeply mourns the loss of lives, homes, and properties of many people across various regions in Myanmar due to the 7.7 magnitude earthquake that struck centered in Mandalay city in Myanmar on the afternoon of March 28, 2025.

Since March 29, the Pacific-AA Foundation has begun providing donations and assistance to rescue, provide medical treatment, relocate, and rehabilitate earthquake-affected citizens with
💰 Cash donations of 1,950,000,000 Kyats (One billion nine hundred fifty million Kyats)
💊 Medicine & Medical Devices worth 550,000,000 Kyats (Five hundred fifty million Kyats)
💰 For a total value of 2,500,000,000 Kyats (Two billion five hundred million Kyats)

The Pacific AA Foundation prays that all earthquake-affected citizens may recover and be freed from their suffering as soon as possible, and we would like to inform that we are providing as much assistance as we can.



🏠 VitaHome..ရဲ့ တန်တန် promotion🏠မိသားစုသုံး Vitahome ချစ်သူမိဘပြည်သူတွေအတွက် ဒီလမှာတော့ တန်တန် promotion အနေနဲ့ ပေးထားတ...
12/03/2025

🏠 VitaHome..ရဲ့ တန်တန် promotion🏠

မိသားစုသုံး Vitahome ချစ်သူမိဘပြည်သူတွေအတွက် ဒီလမှာတော့ တန်တန် promotion အနေနဲ့ ပေးထားတဲ့ link မှာ 12th to 16th March အတွင်း Vitahome 120’s တစ်ဘူး ဝယ်တိုင်း (၄,၀၀၀) ကျပ် save နဲ့ ဝယ် ယူလို့ရပါပြီ..

တန်တန် promotion ကို အကောင့်တူ/လိပ်စာတူ (၁)ခုကို အများဆုံး (၂)ဘူး ထိဝယ်ယူနိုင်ပြီး stock အရေအတွက် ကန့်သတ်ထားတာမို့ အမြန်ဝယ်ဖို့တော့ လိုပါမယ်နော်..

[Online မှ တဆင့် ဝယ်ယူရန်] - https://onlineshop.aa.com.mm/adult-multivitamins/vitahome-supplements-otc-103

Pacific AA Online Shop
Website : www.onlineshop.aa.com.mm
Telegram : https://t.me/paaonlineshop
Viber : https://bit.ly/3mWYMrw
Tiktok : https://www.tiktok.com/

🌻Navit တို့အတွက် Nature Vit E ရဲ့ အထူး Promotion 🌻Nature Vit E ကိုချစ်တဲ့ Navit လေးတို့ရေ လွမ်းများနေကြပြီလား???တို့တွေ ...
12/03/2025

🌻Navit တို့အတွက် Nature Vit E ရဲ့ အထူး Promotion 🌻

Nature Vit E ကိုချစ်တဲ့ Navit လေးတို့ရေ လွမ်းများနေကြပြီလား???
တို့တွေ မတွေ့ရတဲ့အတောတွင်း Nature Vit E ကို ရော တစ်နေ့ (၁)လုံး ပုံမှန် သောက်နေရဲ့လား?
အမြဲ glow ပြီး နုပျိုနေတဲ့ Navit တို့ အတွက် Nature Vit E ကနေ အထူး Promotion ပြန်လာပြီနော်..

12th to 16th March 2025 မှာ ပေးထားတဲ့ Link လေးမှာ order တင်လိုက်တာနဲ့ Nature Vit E အလုံး (၃၀)ပါ တစ်လစာ တစ်ဘူးကို 10,000 ကျပ်ထဲနဲ့ ရရှိမှာ ဖြစ်ပါတယ်..

Nature Vit E ကို တစ်နေ့ (၁)လုံးသောက်ပြီး Healthy Inside/ Glow Outside ဖြစ်လိုက်ကြစို့…. Stock အရေအတွက် ကန့်သတ်ထားတာမို့ လက်မြန်ဖို့တော့ လိုပါမယ်ရှင် 😍😍account တစ်ခု(သို့) လိပ်စာတူ တစ်ခု မှာ အများဆုံး (၅)ဘူးထိ ဝယ်ယူခွင့် ရှိပါတယ် ရှင်..

#ဆုတောင်းစရာမလိုဘဲ ပျိုမြစ်ခြင်းတွေအသစ်တဖန်မွေးဖွားပေးမဲ့ Nature Vit E
်လှမယ်နုပျိုမယ်

ဝယ်ယူရန် 👉https://onlineshop.aa.com.mm/adult-multivitamins/nature-vit-e-supplements-otc-99

Pacific AA Online Shop
Website : www.onlineshop.aa.com.mm
Telegram : https://t.me/paaonlineshop
Viber : https://bit.ly/3mWYMrw
Tiktok : https://www.tiktok.com/

🩸🩸 ပက်ကလေးတို့အတွက Feropac Promotion ပြန်လာပါပြီ🩸🩸လွမ်းနေကြပြီလား ပက်ကလေးတို့ရေ… Feropac ကတော့ ချစ်ရတဲ့ အမျိုးသမီးလေးတွေ...
12/03/2025

🩸🩸 ပက်ကလေးတို့အတွက Feropac Promotion ပြန်လာပါပြီ🩸🩸

လွမ်းနေကြပြီလား ပက်ကလေးတို့ရေ… Feropac ကတော့ ချစ်ရတဲ့ အမျိုးသမီးလေးတွေ သွေးအားပြည့်ဝလှပနေဖို့.. လန်းဆန်းအားအင် ပြည့်ဝနေဖို့ အကောင်းဆုံး အရည်သွေးတွေပေးရင်းနဲ့ အထူး promotion ပြန်လာပါပြီနော်..

12th to 16th March အတွင်း ပေးထားတဲ့ link လေးမှာ order တင်ပြီး Feropac (ဖယ်ရိုပက်) သံဓါတ်အားဆေး အလုံး (၃၀)ပါ တစ်လစာ တစ်ဘူး ကို 1,000 ကျပ် save ပြီး ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်နော်..

Stock အရေအတွက် ကန့်သတ်ထားတာမို့ အမြန်ဆုံးဝယ်ယူဖို့တော့ လိုပါမယ်နော်…account တစ်ခု(သို့) လိပ်စာတူ တစ်ခု မှာ အများဆုံး (၄)ဘူးထိ ဝယ်ယူခွင့် ရှိပါတယ် ရှင်..

သွေးအားပြည့်ဝလှပကြည်နူး ဖယ်ရိုပက်ကျေးဇူး
ဖယ်ရိုပက်နော် ဖယ်ရိုပက်…… ပက် …. ပက်……ပက်

ဝယ်ယူရန် 👉https://onlineshop.aa.com.mm/adult-multivitamins/feropac-supplements-otc-3-10-84

Pacific AA Online Shop
Website : www.onlineshop.aa.com.mm
Telegram : https://t.me/paaonlineshop
Viber : https://bit.ly/3mWYMrw
Tiktok : https://www.tiktok.com/

🌸 Rose Vit E ရဲ့ တန်မှ တန် အထူးလျှော့ဈေး  🌸ရာသီလာစဉ် ခံစားရတဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းပြီး နုပျို လန်းရွှင်နေတဲ့ မိန်းမ...
12/03/2025

🌸 Rose Vit E ရဲ့ တန်မှ တန် အထူးလျှော့ဈေး 🌸

ရာသီလာစဉ် ခံစားရတဲ့ ဝေဒနာတွေ သက်သာပျောက်ကင်းပြီး နုပျို လန်းရွှင်နေတဲ့ မိန်းမလှလေး တစ်ယောက်ဖြစ်ချင်နေလား?

နတ်ဆေး မလိုပါဘူး……Evening Primrose oil နဲ့ Vitamin E တို့အချိုးကျ ပေါင်းစပ်ထားတဲ့ Rose Vit E အမျိုးသမီးအားဆေးကို တစ်နေ့ (၁)လုံး ပုံမှန်သောက်ပေးဖို့ပဲလိုပါတယ်..

ဒီလမှာတော့ အမျိုးသမီးတိုင်းရဲ့အဖော်မွန် Rose Vit E ကို အရမ်းတန်တဲ့ promotion နဲ့ online ကမှာယူချင်တယ်ဆိုရင် 12th to 16th March 2025 မှာ ပေးထားတဲ့ link လေးမှာ order မှာယူတာနဲ့ Rose Vit E အလုံး (၃၀)ပါ တစ်လစာ (၁) ဘူး ကို 5,000 ကျပ်ထဲနဲ့ ရရှိမှာပဲဖြစ်ပါတယ်... 🥳

အရေအတွက် ကန့်သတ်ထားတာမို့ အမြန်ဝယ်ယူဖို့တော့ လိုပါမယ်ရှင်..account တစ်ခု(သို့) လိပ်စာတူ တစ်ခု မှာ အများဆုံး (၃)ဘူးထိ ဝယ်ယူခွင့် ရှိပါတယ် ရှင်..

ဝယ်ယူရန် 👉👉 https://onlineshop.aa.com.mm/adult-multivitamins/rosevite-otc--514

Pacific AA Online Shop
Website : www.onlineshop.aa.com.mm
Telegram : https://t.me/paaonlineshop
Viber : https://bit.ly/3mWYMrw
Tiktok : https://www.tiktok.com/

Ginkgopan ရဲ့ အထူး promotion မိမိကိုယ်တိုင်ရော..ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွားတို့အတွက်ရော လိုအပ်တဲ့ ဂျင်ဆင်း၊ Ginkgo bi...
12/03/2025

Ginkgopan ရဲ့ အထူး promotion

မိမိကိုယ်တိုင်ရော..ဖေဖေ၊ မေမေ၊ ဘိုးဘိုး၊ ဘွားဘွားတို့အတွက်ရော လိုအပ်တဲ့ ဂျင်ဆင်း၊ Ginkgo biloba, ကြက်သွန်ဖြူတို့ အချိုးကျ ပေါင်းစပ်ပါဝင်တဲ့ Ginkgopan (ဂျင်ဂိုပန်)အားဆေး ကို အထူး promotion နဲ့ ဝယ်ယူလို့ရပါပြီ..

Ginkgopan (1)ဘူးကို 25,000 ကျပ်နဲ့ ရရှိမဲ့အပြင် ဗလာစာအုပ်လှလှလေး (၅) အုပ်ပါထပ်ဆောင်း ရရှိမှာပဲဖြစ်ပါတယ်..

ပေးထားတဲ့ Link လေးမှာ 12th to 16th March အတွင်း order တင်ရမှာဖြစ်ပြီး အရေအတွက် ကန့်သတ်ထားတာမို့ အမြန် ဝယ်ယူဖို့တော့ လိုပါလိမ့်မယ်..

account တစ်ခု(သို့) လိပ်စာတူ တစ်ခု မှာ အများဆုံး (၄)ဘူးထိ ဝယ်ယူခွင့် ရှိပါတယ် ရှင်..
👏👏👏

#မှတ်ဉာဏ်စွမ်းအားGinkgopanနဲ့ဖြည့်လို့ထား

ဝယ်ယူရန် 👉https://onlineshop.aa.com.mm/adult-multivitamins/ginkgopan-supplements-otc-88

Pacific AA Online Shop
Website : www.onlineshop.aa.com.mm
Telegram : https://t.me/paaonlineshop
Viber : https://bit.ly/3mWYMrw
Tiktok : https://www.tiktok.com/

Address

Kamayut

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 16:30

Telephone

+951532577

Alerts

Be the first to know and let us send you an email when AA Medical Products Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to AA Medical Products Ltd:

Share

AA Medical Products Ltd ( Pacific AA Group )

Established in 1996, AA Medical Products Ltd. (a member of Pacific AA Group) has been making healthcare available across Myanmar for more than two decades. The company is delivering top quality healthcare products and services to millions of people every day. It has established a strong network across the country with 15 distribution facilities within all states and fleet of more than 150 vehicles. Its network servicing 19,000 hospitals, clinics, pharmacies and drug stores and allow AA Medical to reach every customers in every area of the country making AA Medical one of the largest pharmaceutical company in Myanmar.

AA Marketing Co., Ltd (a member of Pacific AA Group) markets & distributes Petrochemical Lubricant businesses such as Total Lubricants (one of the world's largest oil companies from France), Dragon Lubricants & Horizon Lubricants .

Pacific Alpine (a member of Pacific AA Group) is an exclusive distributor of General Motor, one of the world's largest manufacturer of automobiles in the world, Chevrolet. We have distributed 15 types of Chevrolet cars in Myanmar.

Pacific Medical Industries Ltd (a member of Pacific AA Group) was established and opened with US$ 20 million worth. It is the first private owned pharmaceutical manufacturing factory, and there are plans to manufacture of solid dosage form initially. In the future, PMI will produce liquid syrup, cream & ointment.