လှိုင်မဟာစည် တရားရိပ်သာ

  • Home
  • Myanmar
  • Kamayut
  • လှိုင်မဟာစည် တရားရိပ်သာ

လှိုင်မဟာစည် တရားရိပ်သာ လှိုင်မဟာစည် ဆရာတော်ဘုရားများ၏ Live တရ

 #လှိုင်မဟာစည်ပဓာနနာယကဆရာတော်ကြီးသက်တော်_၉၆_နှစ်ပြည့်မွေးနေ့မင်္ဂလာနှင့်  #ဝါဆိုသင်္ကန်းစုပေါင်းလှူဒါန်းပွဲ #မဟာသတိပဌာန်...
15/07/2025

#လှိုင်မဟာစည်ပဓာနနာယကဆရာတော်ကြီးသက်တော်_၉၆_နှစ်ပြည့်မွေးနေ့မင်္ဂလာနှင့် #ဝါဆိုသင်္ကန်းစုပေါင်းလှူဒါန်းပွဲ
#မဟာသတိပဌာန်ဝိပဿနာတရားအလုပ်ရှုပွားအားထုပ်နေကြကုန်သောယောဂီသူတော်စင်အပေါင်းတို့နှင့်သံဃာတော်ကုန်တို့အား
ညောင်စေ့မျှ လှူ
ညောင်ပင်ကြီးမျှ အကျိုးရအောင် - # ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ တနေ့တာ ဆွမ်း၊ကျောင်းအဟောင်း ပြင်ခြင်းများနှင့် ဆရာတော်ဘုရားကြီး ဆေးဝါး နဝကမ္မ များကို
နိဗ္ဗာန်ရည်မှန်းသဒ္ဒါရွှင်လန်းလှူဒါန်းပါသည် ။
ချောက်မြို့နေ #ဦးတင်ထွန်းဦးဒေါ်ရည်ရည်မွန်သားမောင်ဝန်းယံခ မိသားစုနှင့်
& #မိုးရန်ကျော် စားသောက်ဆိုင် မိသားစုတို့မှ အလှူ တော်ငွေများကို စတင် မတည်လျှက်
#လှိုင်မဟာစည်ယောဂီအပေါင်းမှ
စုပေါင်း၍ လှူဒါန်းကြပါသည်။

11/07/2025
11/07/2025

ဝါဆိုဝါကပ်တော်မူကြပါကုန်၏
လှိုင်မဟာစည်ဆရာတော်ဘုရားကြီး
ဦးစီး ပဓာန နာယကပြုသည့်
လှိုင်မြို့နယ်၊
(၁၁)ရပ်ကွက်၊ ယောဂီ ကျောင်းလမ်း
လှိုင်မဟာစည် တရားရိပ်သာ၌

သာသနာတော်နှစ်၂၅၆၉၊
ကောဇာသက္ကရာဇ် ၁၃၈၇ ခု၊ ဝါဆိုလပြည့်ကျော် (၁)ရက်၊ (10 .7. 2025) ကြာသပတေး နေ့ ညနေခင်း သီလယူ၊ ဘုရားရှိခိုး ၊ ပန်း ရေချမ်းကပ်လှူ၊ တရားရှုမှတ်အပြီး ဝါဆို၊ ဝါကပ်တော်မူကြပါကုန်၏
သာဓု သာဓု သာဓု

လောကလူသားတို့အားဆုံးမတော်မူရန်  #နရသာဿနကျမ်း ကိုဖတ်ရှုရန်ညွှန်ပြတော်မူသော၊  #မဟာစည်ဥသျောင်ဩဝါဒါစရိယ_လှိုင်မဟာစည်ပဓါနနာယက...
02/07/2025

လောကလူသားတို့အားဆုံးမတော်မူရန် #နရသာဿနကျမ်း ကိုဖတ်ရှုရန်ညွှန်ပြတော်မူသော၊ #မဟာစည်ဥသျောင်ဩဝါဒါစရိယ_လှိုင်မဟာစည်ပဓါနနာယကဆရာတော်ကြီး၊

၉ .၇.၂၅ အင်ဂါနေ့ မှာ လှိူင်မဟာစည် ၄၇ ကြိမ်မြောက် ဝါဆိုသင်ကန်းလှူဒါန်းပွဲ နှင့် လှိူင်မဟာစည် ဆရာတော်ကြီးဘုရား သက်တော် ၉၇ ...
01/07/2025

၉ .၇.၂၅ အင်ဂါနေ့ မှာ လှိူင်မဟာစည် ၄၇ ကြိမ်မြောက် ဝါဆိုသင်ကန်းလှူဒါန်းပွဲ နှင့် လှိူင်မဟာစည် ဆရာတော်ကြီးဘုရား သက်တော် ၉၇ နှစ်ရောက်မွေးနေ့အလှူ ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေများအားလုံး ကြွရောက် ပြီး အတူတကွ ကုသိုလ်ပြုကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ဝါဆိုလပြည့် နေ့ လှိူင်မဟာစည်ဝိပဿနာကျောင်းတိုက် ဝါဆိုသင်ကန်း ကပ်လှူ ခြင်းနှင့် လှိူင်မဟာစည်ဆရာတော်ကြီး ဘုရား သက်တော် ၉၇နှ...
27/06/2025

ဝါဆိုလပြည့် နေ့ လှိူင်မဟာစည်ဝိပဿနာကျောင်းတိုက် ဝါဆိုသင်ကန်း ကပ်လှူ ခြင်းနှင့် လှိူင်မဟာစည်ဆရာတော်ကြီး ဘုရား သက်တော် ၉၇နှစ်သို့ ရောက်ရှိ ေမွးနေ့အလှူ ဖြစ်ပါသည် ။ဓမ္မမိတ်ဆွေများ အလှူရှင်များ ကျောင်းတိုက်အကျိုးတော်ဆောင်များ ဝေယျာဝစ္စကုသိုလ်ရှင်များကျောင်းသားကျောင်းသူဟောင်းများ ကြွရောက်ကုသိုလ်ယူကြပါမည့်အကြောင်း ရိုေသ လေးစားစွာဖိတ်ကြားအပ်ပါသည်။

သူစိလောမသုတ် အပိုင်း(၁)သံယုတ္တနိကာယ်၁၀။ ယက်ခသံယုတ်တံ၃။ သူစိလောမသုတ္တံ မှ  ‘‘ယေ နံ ပဇာနန္တိ ယတောနိဒါနံ၊တေ နံ ဝိနောဒေန္တိ ...
22/06/2025

သူစိလောမသုတ် အပိုင်း(၁)

သံယုတ္တနိကာယ်
၁၀။ ယက်ခသံယုတ်တံ
၃။ သူစိလောမသုတ္တံ မှ

‘‘ယေ နံ ပဇာနန္တိ ယတောနိဒါနံ၊

တေ နံ ဝိနောဒေန္တိ သုဏောဟိ ယက္ခ၊

တေ ဒုတ္တရံ ဩဃမိမံ တရန္တိ၊

အတိဏ္ဏပုဗ္ဗံ အပုနဗ္ဘဝါယာ’’တိ

‘‘ရာဂေါ စ ဒေါသော စ ကုတောနိဒါနာ၊

အရတီ ရတီ လောမဟံသော ကုတောဇာ၊

ကုတော သမုဋ္ဌာယ မနောဝိတက္ကာ၊

ကုမာရကာ ဓင်္ကမိဝေါဿဇန္တီ’’တိ။

‘‘ရာဂေါ စ ဒေါသော စ ဣတောနိဒါနာ၊

အရတီ ရတီ လောမဟံသော ဣတောဇာ၊

ဣတော သမုဋ္ဌာယ မနောဝိတက္ကာ၊

ကုမာရကာ ဓင်္ကမိဝေါဿဇန္တိ။

‘‘သ္နေဟဇာ အတ္တသမ္ဘူတာ၊ နိဂြောဓဿေဝ ခန္ဓဇာ၊

ပုထူ ဝိသတ်တာ ကာမသေု၊ မာလုဝါဝ ဝိတတာ [ဝိတ်ထတာ (သြာ။ ကံ။)] ဝနေ။

‘‘ယေ နံ ပဇာနန္တိ ယတောနိဒါနံ၊

တေ နံ ဝိနောဒေန္တိ သုဏောဟိ ယက္ခ၊

တေ ဒုတ္တရံ ဩဃမိမံ တရန္တိ၊

အတိဏျဏပုဗျဗံ အပုနဗျဘဝါယာ’’တိ။

ဘဝဖြစ်စဥ် အပိုင်း(၃)📙ဥပ္ပါဒ = ဥပါဒ် = ဖြစ် ဋ္ဌိတိ = ဋ္ဌီ = တည် ဘင်္ဂ = ဘင် = ပျက်  *** (ဥပါဒ် ဋ္ဌီ ဘင်) အခိုက် အတန့် (ခဏ...
20/06/2025

ဘဝဖြစ်စဥ် အပိုင်း(၃)

📙ဥပ္ပါဒ = ဥပါဒ် = ဖြစ်

ဋ္ဌိတိ = ဋ္ဌီ = တည်

ဘင်္ဂ = ဘင် = ပျက်

*** (ဥပါဒ် ဋ္ဌီ ဘင်) အခိုက် အတန့် (ခဏငယ် ၃ ချက်) = စိတ်တစ်ခုရဲ့ သက်တမ်း

ဘယ် စိတ် ပဲ ဖြစ်ဖြစ် စိတ် အသက် - ခဏငယ် ၃ ချက် ရှိ (စိတ္တက္ခဏ ဟုခေါ်)

***ရုပ် တခုရဲ့ သက်တမ်း ခဏငယ် ၅၁ (ခဏငယ် ၅၁ချက်)

စိတ္တက္ခဏ ၁၇ ချက် -- ရုပ် သက်တမ်း ၁ခု = စိတ် (၁၇)ကြိမ်
📙

📖စိတ် - အာရုံ ကို သိတတ်

📖စေတသိတ် - စိတ်ကို ချယ်လယ်၊ စိတ် ကို မှီတွယ်၊ စိတ်နဲ့ အတူ ဖြစ်၊ အတူချုပ်၊ စိတ်နဲ့ မှီရာတူ

📖ရုပ် - အာရုံ ကို မသိတတ် / ကိုယ် တစ်ကောင်လုံး နဲ့ မြင် တွေ့နေရတဲ့ အရာ အားလုံး။

📑မရဏာသန်နဝီထိ က
ပဉ္စဒွါရ ဝီထိ ၊
မနောဒွါရ ဝီထိ နှစ်မျိုးလုံး ဖြစ်နိုင်ရာမှာ

📑ပစ္စုပ္ပန် ရူပါရုံ (ကမ္မနိမိတ်/ ကတိနိမိတ် တစ်ခုခု)ကို အာရုံပြုပြီး စုတိကျတဲ့ သူဆိုရင် 👇

ဘွင်-ဘွင်-အတီတဘွင် -ဘဝင်္ဂစလန - ဘဝင်္ဂုပစ္ဆေဒ -ပဉ္စဒွါရာဝဇ္ဇန်း- စက္ခုဝိညာဏ် -

သမ္ပဋိစ္ဆိုင်း - သန္တီရဏ- ဝု​ေဋ္ဌာ - မရဏာသန္နဇော ၅ ကြိမ်- စုတိစိတ် + ပဋိသန္ဓေစိတ် - ဘဝင်စိတ် ၁၆ကြိမ် - မနောဒွါရာ ဝဇ္ဇန်းစိတ်- ဘဝနိကန္တိက လောဘဇော ၇ကြိမ် - ဘွင် -ဘွင်--

📑စုတိ ကျတဲ့ အချိန်မှာ ပစ္စုပ္ပန် ရူပါရုံ ရှိတုန်းပဲ (ရုပ် သက်တမ်း က စိတ် ၁၇ ကြိမ်စာမို့)

ပဋိသန္ဓေ ဘဝသစ် ဖြစ်တဲ့ အခါမှာလည်း ပစ္စုပ္ပန် ရူပါရုံ ကရှိတုန်းပဲ

ဘဝသစ်(လူ/နတ် စတဲ့ မတူတဲ့ ဘဝ ရောက်သွားပေမယ့် စိတ်နဲ အာရုံ ဖြစ်နေတာမို့ နောက် ဘဝင်စိတ် ၂ ခုထိ ပစ္စုပ္ပန် ရူပါရုံ ရှိတုန်းပဲ

📑 နောက် နောက် ဘဝင် တွေကတော့ အဲဒီ အာရုံကိုပဲ ပြန် အာရုံပြု (သူကျ အတိတ် ရူပါရုံ)

✍️ပထမ ဘဝရဲ့ စုတိပြီး --- ဒုတိယ ဘဝရဲ့ ပဋိသန္ဓေ ဆိုပေမဲ့ (ပထမ ဘဝ-မရဏာသန္နဇော ယူတဲ့ အာရုံကို ယူ)

📄ရုပ် - နာမ် ဖြစ်တဲ့ အခါမှာ အနန္တသတ္တိ စတာတို့နဲ့ ကျေးဇူးပြုမှု ရှိပါတယ်။

✍️ဥပမာ - ခန်းမကြီးတစ်ခု၊ ဂူကြီး တစ်ခုထဲ အော်လိုက်တဲ့ ပဲ့တင်သံ က ပြန်လာရင်
ပြန်လာတဲ့ အသံက အော်လိုက်သူ့ အသံတော့လည်း မဟုတ်၊
အော်လိုက်တာ မရှိလည်း ပဲ့တင်သံ မရှိနိုင်..

📄ဆီမီး ညှိလိုက်တဲ့ အခါ နောက် ဆီမှီးတိုင်က မီး က ရှေ့တိုင်က မီး လည်း မဟုတ်

ရှေ့တိုင် က မီး နဲ့လည်း ကင်းပြီးလည်း နောက်တိုင်က မီး မလင်းလာသလို

နောက်ဘဝအသစ် ဖြစ်တဲ့ ရုပ်၊ နာမ် က

ဒီဘဝ ရုပ် နာမ် နဲ့ အကြောင်း အကျိုး အဖြစ် ဆက်စပ်မှု တော့ရှိနေကြပါတယ်။

📙ပဋိသန္ဓေစိတ်က ရုပ်ကိုမဖြစ်စေနိုင် ။

📙အသက်ရှည်သမျှ ကာလပတ်လုံး မပြတ်
ဆက် ဆက်ဖြစ်နေတဲ့ “ရုပ် “ ကို ဖြစ် စေနိုင် သော အကြောင်း( ၄)ပါး

(၁) ကံ

အတိတ်က ကုသိုလ် / အကုသိုလ်ကံများကြောင့် (ကမ္မဇရုပ်-)

ပဋိသန္ဓေစိတ်နှင့်အတူ ရုပ် ၃ဝ (ကလာပ် ၃ စည်း ) ဖြစ်သည်။

(ကမ္မဇ ရုပ် တွေက
ပဋိသန္ဓေစိတ်ရဲ့ ဥပါဒ် က စ -ခဏတိုင်း ခဏတိုင်း ဖြစ် ဖြစ် ပြီး စုတိစိတ် ရဲ့ ဥပါဒ် ထိတိုင် ဖြစ် စုတိစိတ် နှင့် အတူချုပ်)

(၂) စိတ်

ပထမ ဘဝင်စိတ် မှ စ၍ ရုပ်များပေါက်ဖွားလာ - ဘဝင်စိတ်တိုင်းမှာ ရုပ်၃ဝ

မနောဒွါရာဝဇ္ဇန်း စိတ်ကြောင့် လည်း ရုပ် ၃ဝ ဖြစ် ၊ဘဝနိကန္တိက လောဘဇော ၇ကြိမ်၊ ဘဝင် -…ကနေ စိတ်များဖြစ်တိုင်း တို့ ခဏတိုင်း ဆက် ဆက် ဖြစ် ) -
(စုတိ ပြီးနောက် ခဏငယ် ၄၈ ချက် ကျ မှ ချုပ်)

(၃) ဥတု

ကလာပ်စည်းတိုင်းမှာ ပါသော တေဇော (ဥတု) နှင့် စိတ္တဇရုပ်တိုင်း၌ပါသော

တေဇော (ဥတု) များမှာလည်း ဥတုဇရုပ်များထပ်တိုးပွား (ပဋိသန္ဓေ စိတ် ၏ ဌီ မှစ ၍ နောက်ဆုံးမှာလည်း စုတိ ပြီးနောက် အလောင်းကောင် တိုင်အောင် ဆက်လက် ဖြစ်နေကြသေး)

(၄) အာဟာရ

အာဟာရ (၄) မိခင်မှရသော အာဟာရ (သြဇာ) မှလည်း အာဟာရဇရုပ်များ

အဇ္ဈတ္တ သန္တန်မှာ ဖြစ်။ ချက်ကြိုးမှ ကိုယ်ထဲဝင်၊

(နောက် ဆုံး စုတိပြီး နောက် ခဏငယ် ၅၀ ခန့် ကျမှ ချုပ်)

ယင်းအထဲမှ တေဇော ကြောင့် ရုပ်များတိုးပွား (ဥတုဇရုပ်)

📙ကာမ ၁၁ ဘုံ မှာ ပဋိသန္ဓေ - ၁၀ မျိုး
(အပါယ် ၄ ဘုံ၊ လူ ဘုံ၊ နတ် ၆ ဘုံ)

📑- မဟာ ဝိပါတ် ဉာဏ သမ္ပယုတ် စိတ် - ၄
(တိဟိတ် ပုဂ္ဂိုလ်) လူ၊ နတ် ၆ ဘုံ၊

📑- မဟာဝိပါတ် ဉာဏ ဝိပယုတ် စိတ် - ၄
(ဒွိဟိတ် ပုဂ္ဂိုလ်) လူ၊ နတ် ၆ ဘုံ၊

📑- အဟိတ် ကုသလ ဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ်
(သုဂတိ အဟိတ် ပုဂ္ဂိုလ်) -- လူ၊ စာတုမဟာရာဇ်နတ်

📑- အဟိတ် အကုသလ ဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏ စိတ်
(ဒုဂ္ဂတိ အဟိတ် ပုဂ္ဂုလ်) -- အပါယ် ၄ ဘုံ။

🌟ဘုရားလောင်း တို့ ကတော့
မေတ္တာ ပုဗ္ဗဘာဂစိတ်၏ အကျိုးဖြစ်သော မဟာဝိပါက် ပထမစိတ်ဖြင့်ပဋိသန္ဓေနေကြသည်။
(အဘိ- အဋ္ဌ-၃၀၇)🙏

📙ကလာပ် - အပေါင်း၊ အဖွဲ့

ပဋိသန္ဓေစိတ် နှင့်အတူ
အတိတ်က (အဝိဇ္ဇာနုသယခြံရံ+တဏှာနုသယအရင်းခံရှိတဲ့) ကာမ ကုသိုလ်/ အကုသိုလ်ကြောင့်

📑ကလာပ် ၃ စည်း - ရုပ် ၃၀ -ရူပ - ရူပက္ခန္ဓာ

(၁) ကာယ + ဇီဝိတ + (အဝိနိဗ္ဗောဂ) အဋ္ဌကလရုပ် ၈ = ကာယ ဒသက ကလာပ် ရုပ် ၁၀

(၂) ဣတ္ထိ/ပုရိသ-ဘာဝ + ဇီဝိတ +(အဝိနိဗ္ဗောဂ) အဋ္ဌကလရုပ် ၈ = ဘာဝ ဒသက ကလာပ်ရုပ် ၁၀

(၃) ဟဒယ + ဇီဝိတ + (အဝိနိဗ္ဗောဂ) အဋ္ဌကလရုပ် ၈ = ဟဒယ ဒသက ကလာပ် ရုပ် ၁၀

📑ဘဝစတဲ့ ပဋိသန္ဓေစိတ်(နာမ်)နဲ့အတူ ရုပ် ၃၀ - ရူပက္ခန္ဓာ၊

📑စိတ် နှင့်ယှဉ်ဘက်စေတသိတ် ၃၃(နာမ်)တွဲဖြစ်

(သာဓာရဏ စေတသိတ် ၁၉ + ပညိန္ဒြေစေတသိတ် + အညသမန်း စေတသိတ် ၁၃)

🛎️ဘဝဦး - ပဋိသန္ဓေစိတ် နှင့်အတူ ကလာပ် ၃ စည်း ရုပ် ၃၀ ရ လာကတဲက

ဟဒယရုပ်ထဲက နှစ်သက်/ချစ်တာ-
လောဘဒိဋ္ဌိ- သမုဒယသစ္စာ 👈

ခန္ဓာ (၅) ပါး
📑ပဋိသန္ဓေစိတ် + ယှဉ် စေတသိတ် (နာမ်) - သင်္ခါရက္ခန္ဓာ

📑သညာ စေတသိတ် က သညာက္ခန္ဓာ

📑ဝေဒနာ စေတသိတ် က ဝေဒနက္ခန္ဓာ

📑ရနိုင်၊သော စိတ် (၄၅) - ဝိညာနက္ခန္ဓာ

📑ပုရိသ/ဣတ်ထိဘာဝ ဒသကလာပျ- ရူပက်ခန်ဓာ

📙ပဋိသန္ဓေစိတ် နှင့်အတူ ရုပ် ကလာပ် ၃ စည်း ရုပ် ၃၀ ကို ပဋိသန္ဓေစိတ် နောင် စိတ် ၁၉ကြိမ်-၁၉စက္ကန့်မြောက်ကတဲ က

ကိုယ်ကိုယ်ကိုချစ်လာတာ၊

ဘဝနိကန္တိက- ဟဒယရုပ်ထဲက နှစ်သက်/ချစ်တာ-

လောဘဒိဋ္ဌိ-အကုသိုလ် စိတ်ယုတ်မာ နဲ့
ဘဝစလာကြတာ
ဘယ်သူမှ သင်ပေးစရာမလို ထားနည်း သိ ထားရှိလူတိုင်းသာ၊

✍️ကိုယ်ပိုင်အရှိ ရုပ် နာမ် ဒုက္ခသစ္စာ၊သမုဒယသစ္စာ နှစ်ပါးကို အမှန်အရှိ အတိအကျသိအောင် ရှုမှတ်ကျင့်ပွား အားထုတ်နည်း ၊

ပုဗ္ဗဘာဂ မဂ္ဂသစ္စာ၊ တဒင်္ဂနိရောဓ သစ္စာ၊ ပုဗ္ဗဘာဂမဂ် ကာမ ဉာဏသမ္ပယုတ် ကုသိုလ်စိတ်ကောင်း၊

အဋ္ဌင်္ဂံက မဂ္ဂသစ္စာ၊ သမုစ္ဆေဒ နိရောဓ သစ္စာ ၊အရိယမဂ် လောကုတ္တရာ ကုသိုလ်စိတ်ကောင်း ထားနည်း က တော့

ဗုဒ္ဓမြတ်စွာ ဘုရား ဟောပြော သင်ပေးမှ တတ်ကြသည်။🙏
ဆက်ရန် > > >

 #နိမိတ်ကောင်း၊ယခင်ဣရိယာပုတ်၄ပါးတွင်တပါးပါး၌ရှုမှတ်၍အကောင်းဆုံးအနေအထားအခြင်းအရာကိုမမေ့အောင်မှတ်ထားရမည်။နောက်၌ရှုမှတ်ကျင့...
18/06/2025

#နိမိတ်ကောင်း၊
ယခင်ဣရိယာပုတ်၄ပါးတွင်တပါးပါး၌ရှုမှတ်၍အကောင်းဆုံးအနေအထားအခြင်းအရာကိုမမေ့အောင်မှတ်ထားရမည်။နောက်၌ရှုမှတ်ကျင့်ပွားအားထုတ်သောအခါထိုရှု၍မှတ်၍ကျင့်၍ကောင်းနေခဲ့သောအနေအထားအခြင်းအရာအတိုင်းရှုမှတ်ကျင့်ပွားအားထုတ်ရမည်ဆို၏။
‌ #ဗောဇ္ဈင်မြတ်=ဗောဓိ+အင်ဂ
ဗောဓိ-သစ္စာလေးပါးကိုသိသောတရားအပေါင်း၏၊
အင်ဂ-အစိတ်အပိုင်းတရား။
#အစိတ်အပိုင်း= #ဗောဇ္ဈင်တရား၇ပါး
၁။သတိသမ္ဗောဇ္ဈင်=ရှုမှတ်စရာဝိပဿနာရုပ်နာမ်အာရုံ၌
ကျွံနစ်မြုပ်ဝင်နေအောင်အမှတ်ရမှု။
၂။ဓမ္မဝိစယသမ္ဗောဇ္ဈင်=ရှုမှတ်စရာအာရုံကိုကွဲပြားပီသစွာသိမှု
၃။ဝီရိယသမ္ဗောဇ္ဈင်=ကြိုးစားအားထုတ်မှုဝီရိယ၊
၄။ပီတိသ‌မ္ဗောဇ္ဈင်=နှစ်သိမ့်အားရမှု(-ပီတိ၅မျိုး)
၅။ပဿဒ္ဓိသ‌မ္ဗောဇ္ဈင်=ကိုယ်၊စိတ်ငြိမ်းအေးမှု၊အောင့်နာထုံကျင်စသောဝေဒနာဆိုးများငြိမ်းအေးနေမှု။
၆။သမာဓိသမ္ဗောဇ္ဈင်=ရှုမှတ်မိရာအာရုံ၌စူးစိုက်တည်နေမှု။
၇။ဥပေက္ခာသမ္ဗောဇ္ဈင်=အာရုံကောင်း၊အာရုံဆိုးတို့ကိုရှုမိရာတွင်လောဘဒေါသကင်းလျက်လျစ်လျူရှုမှု။
(လှိုင်မဟာစည်ဆရာတော်၏ #စတုရာရက္ခ-သက်စောင့်တရားလေးပါးပွားနည်းမှ)

Address

Kamayut

Alerts

Be the first to know and let us send you an email when လှိုင်မဟာစည် တရားရိပ်သာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram