ကျောက်ဖယားဆေးရုံ - ဘန်ကောက်

  • Home
  • Myanmar
  • Kamayut
  • ကျောက်ဖယားဆေးရုံ - ဘန်ကောက်

ကျောက်ဖယားဆေးရုံ - ဘန်ကောက် Hospital Services in Yangon for Chaophya Hospital in Bangkok

"Wishing You a Very Happy & Healthy New Year.".. 🎇🎆✨😍ပျော်ရွှင်ဖွယ် နှစ်သစ်ကူး ချိန်ခါ ကာလလေးဖြစ်ပါစေကြောင်းနှင့် 2021 န...
31/12/2020

"Wishing You a Very Happy & Healthy New Year.".. 🎇🎆✨😍

ပျော်ရွှင်ဖွယ် နှစ်သစ်ကူး ချိန်ခါ ကာလလေးဖြစ်ပါစေကြောင်းနှင့် 2021 နှစ်သစ်ကို စိတ်သစ်လူသစ်၊ အောင်မြင်ပျော်ရွှင်မှုတွေနဲ့အတူ ကျန်းမာစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ကျောက်ဖယားဆေးရုံ(ဘန်ကောက်) မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ် ရှင်....🙏🙏🥰🥰🥰

💢”ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်း" 💢==============================၁။ တစ်နေကုန်အောင်းနေသောအပူများ အောက်သို့လှည့်ပြီးခြေ...
30/12/2020

💢”ညအိပ်ရာဝင်ချိန်ခြေထောက်ရေဆေးခြင်း" 💢
==============================

၁။ တစ်နေကုန်အောင်းနေသော
အပူများ အောက်သို့လှည့်ပြီး
ခြေဖဝါးမှထွက်သွားနိုင်သည်။

၂။ ညအိပ်ပျော်နေချိန် ဟောက်ခြင်း
သွားကြိတ်ခြင်း၊ လျှာဝါးခြင်း
သွားရည်ကျခြင်းများ သက်သာ စေသည်။

၃။ ရင်ညွှန့်သို့တက်သောလေ
ဘဝင်သို့တက်သောလေ၊ နှလုံးသို့
တက်သော လေပူတို့ကို သက်သာစေသည်။

၄။ ခြေထောက်ကို သန့်စင်စွာဆေးပြီး
အိပ်ခြင်းကြောင့် မကောင်းသော အိပ်မက်ဆိုးများမက်ခြင်းမှ သက်သာစေနိုင်သည်။

၅။ ခြေသလုံးနှစ်ဖက် ကြွက်တက်ခြင်း
မှ သက်သာစေသည်။

၆။ နံနက်အိပ်ရာထတွင် မျက်ဝတ်များထွက်ခြင်း
မျက်စိဖွင့်မကောင်းခြင်းမှ သက်သာစေသည်။

၇။ ခန္ဓာကိုယ်အပူအအေးမျှတပြီး
ဦးခေါင်းသို့ အပူတက်ခြင်းကို သက်သာစေသည်။

၈။ အပူကြောင့် သွားဖုံးကြွခြင်း၊ သွားနာ
သွားကိုက်ခြင်းများမှ သက်သာစေသည်။

၉။ ဆံပင်ကျွတ်ခြင်း၊ ငယ်ထိပ်
ပြောင်ခြင်းမှ သက်သာစေသည်။

၁၀။ ဆံပင်ဖြူခြင်းကို သက်သာစေသည်။

၁၁။ ကျွတ်သောဆံပင်ကို ပြန်ပေါက်စေနိုင်သည်။

၁၂။ မျက်တွင်းကျခြင်း၊ မျက်ကွင်း
ညိုခြင်းမှ သက်သာစေနိုင်သည်။

# ညအိပ်ရာဝင်ချိန်
ခြေထောက်ရေဆေးခြင်းဖြင့် ရောဂါအမျိုးမျိုးကို သက်သာစေနိုင်သည်။

# ကြွက်တက် ရောဂါ၊ အဆစ်ရောင်
အဆစ်ကိုက်ရောဂါ၊ လေးဘက်နာရောဂါ
သွားနှင့် သွားဖုံးရောင်၊ သွားဖုံးကြွရောဂါ
မျက်စိတိမ်ရောဂါနှင့် မျက်မှန်ဒီဂရီတိုးခြင်းအစာအိမ်လေပူထခြင်း၊ လေပူအထက်တက်၍မူးမော ရင်တုန်၊ နှလုံးလေရိုက်ရောဂါများပင်သက်သာသည်ဟုဆိုသည်။

# ခြေဆေးလျှင်လုံချည်၊ ထဘီကို
ပေါက်လယ်ထိအောင်မတင်ပြီး ရေအေးဖြင့်ခုနှစ်ခွက်ခန့် လောင်းဆေးသင့်သည်။
# ခြေဆေးပြီးနောက် ခေတ္တအပူထွက်အောင်စောင့်ပြီးမှသာ အဝတ်ခြောက်ဖြင့် သုတ်သင့်သည်။

# နေ့စဉ် မှန်မှန်ပြုလုပ်မှသာအကျိုးရှိမည့်နည်း ဖြစ်ပါသည်။

အငန်စားများတဲ့ လက္ခဏာများ=========================ဘာစားစား ဆားလေး၊ ငံပြာရည်လေးကို လိုတာထက် ပိုစားတတ်တဲ့ အကျင့်ရှိလို့ပဲဖ...
30/12/2020

အငန်စားများတဲ့ လက္ခဏာများ
=========================

ဘာစားစား ဆားလေး၊ ငံပြာရည်လေးကို လိုတာထက် ပိုစားတတ်တဲ့ အကျင့်ရှိလို့ပဲဖြစ်ဖြစ်၊ မရှိပါဘဲနဲ့ဖြစ်ဖြစ် အောက်ပါ လက္ခဏာတွေကို သင်ခံစားနေရတယ်ဆိုရင်တော့ အငန်လျှော့စားဖို့ အချိန်ရောက်ပြီဆိုတာ သင်သိလိုက်ပါတော့။

💁‍♀️ဒါတွေ သင်သိပြီးပြီလား........?  Credit
28/12/2020

💁‍♀️ဒါတွေ သင်သိပြီးပြီလား........?

Credit

အစာလည်းဆေး ဆေးလည်းအစာ👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕  Credit
28/12/2020

အစာလည်းဆေး ဆေးလည်းအစာ
👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕
Credit

သိထားသင့်သော ကျန်းမာရေးဗဟုသုတလေးများ👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕လူတိုင်းနေ့စဉ်ဘဝအတွက်💁 အရေးပါမယ့်အချက်လေးတွေပ...
26/12/2020

သိထားသင့်သော ကျန်းမာရေးဗဟုသုတလေးများ
👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕👨‍⚕👩‍⚕
လူတိုင်းနေ့စဉ်ဘဝအတွက်
💁 အရေးပါမယ့်အချက်လေးတွေပါနော် 👩‍⚕ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်လို့
pageကိုlikeလုပ်ထားပေးဖို့မမေ့နဲ့နော်🥰

⛔တွဲဖက်မစားသင့်သော အစားအစာများ⛔
26/12/2020

⛔တွဲဖက်မစားသင့်သော အစားအစာများ⛔


🎄Merry Christmas To You All 🎄🎊🎊❄️ 🎉🎄☃️🌲 Christmas🌲 နှင့် 🌟2021 နှစ်သစ်အခါသမယ တွင် 🎆မင်္ဂလာအပေါင်းနှင့်🙏 ပြည့်စုံပြီး🎄🙏🎅 ...
24/12/2020

🎄Merry Christmas To You All 🎄🎊🎊❄️ 🎉🎄☃️

🌲 Christmas🌲 နှင့် 🌟2021 နှစ်သစ်အခါသမယ တွင် 🎆မင်္ဂလာအပေါင်းနှင့်🙏 ပြည့်စုံပြီး🎄🙏🎅 ​အေးချမ်းလှသော နှစ်သစ်ကူးချိန် ဒီဇင်ဘာအခါသမယမှာ ကမ္ဘာသူ🎄 ကမ္ဘာသား အပေါင်း စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ 🙏✨ စီးပွားတွေ တိုးတက်ကြပါစေ 🙏✨ ရယ်မောပျော်ရွှင်နိုင်သော နေ့ရက်များ ကို ပိုင်ဆိုင်နိုင်ကြပါစေ ​🙏
ကပ်ရောဂါဆိုးကြီးကိုအမြန်ဆုံးကျော်လွှားနိုင်ပါစေ လို့
ကျောက်ဖယားဆေးရုံ (ဘန်ကောက်)မိသားစု မှ ဆုတောင်း မေတ္တာ ပို့သအပ်ပါသည် 🙏🙏
😍 🙋‍♂️ 🙋‍♂️ 🙋‍🙋🎄🎄
🎅🎊❄️ 🎉🎄☃️

ဒါတွေ သိထားဖို့လဲ လိုတယ်နော်😊ကျန်းမာရေး ဗဟုသုတများကို လေ့လာဖို့ Pageကို likeလုပ်ထားကြပါနော်😍
24/12/2020

ဒါတွေ သိထားဖို့လဲ လိုတယ်နော်😊

ကျန်းမာရေး ဗဟုသုတများကို လေ့လာဖို့ Pageကို likeလုပ်ထားကြပါနော်😍

ဆောင်းရာသီမှာရေချိုးရမည့်အချိန်========================ဆောင်းဥတုတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စို...
24/12/2020

ဆောင်းရာသီမှာရေချိုးရမည့်အချိန်
========================
ဆောင်းဥတုတွင် အေးသည်ဟု ဆိုကာ ရေမချိုးဘဲ မနေသင့်ပေ။ အအေးပတ်မည် စိုးသဖြင့် ရေမချိုးဘဲ ရက်သတ္တပတ် ကြာနေသူ သက်ကြီးရွယ်အို တစ်ဦးသည် သွားဖုံးများ ကြွပြီး အစားအသောက်
ပျက်လာသည်ကိုတွေ့ရသည်။

မျက်ချေးများ ထွက်ပြီး မျက်စိကြည့် မကောင်း ဖြစ်လာသည်။ ရေမချိုး ရသဖြင့် ကိုယ်တွင်းအပူ ငုပ်ရာမှ အထက်သို့ အပူ အခိုးအငွေ့များ ဆန်တက် လာခြင်းဖြစ်သည်။

အသက်(၆၅)နှစ် ကျော်သူများကို လူကြီးဟု သတ်မှတ်ပြီး ရေချိုးရမည့် အချိန်ကိုလည်း ဥတုအလိုက် သတ်မှတ် ထားသည့် လင်္ကာရှိသည်။ မြန်မာ ဆေးဆရာ များသည် လူကြီးများ ရေချိုးမမှား စေရန် လိုက်နာ ခိုင်းသည့်လင်္ကာမှာ

”နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း တစ်ဆယ့်တစ်” ဟူ၍ ဖြစ်သည်။
အဓိပ္ပာယ်မှာ လူကြီးများ၊ သက်ကြီး ရွယ်အိုများ၊ နေမကောင်း သူများ ရေချိုးသင့်သည့် အချိန်မှာ နွေဥတုတွင် နံနက် ၉ နာရီခန့်၌ သင့်တော်သည်။ မိုးဥတုတွင် နံနက် ၁ဝ နာရီနှင့် ဆောင်းဥတုတွင် အအေးပို လာသဖြင့် နံနက်
၁၁ နာရီခန့်မှသာ ရေချိုး ပေးသင့်သည် ဟု ဆိုလိုသည်။

ဤစာဆိုသည် ကျန်းမာရေး ကောင်းနေသူ လူငယ်များ အတွက် မဟုတ်ပါ။ ကျန်းမာရေး ယိုယွင်းလာသည့် လူကြီးများ အသက်ကြီး သူများ အတွက်သာ ဖြစ်သည်။
ဆောင်းဥတုသည် နံနက် စောစောတွင် နှင်းမြူများ အုံ့ဆိုင်းပြီး နေအလင်းရောင် နွေးထွေးစွာ ရရှိဖို့ နောက်ကျသော ရာသီဖြစ်သဖြင့် အအေးမပတ် စေရန် ရေချိုး ဆင်ခြင်သင့်သည်။

နွေးထွေးအောင် ညအိပ်ချိန်နှင့်
နံနက်စောစော အိပ်ရာထချိန် များတွင် သတိပြု ဆင်ခြင်ပြီး လုံခြုံ နွေးထွေးသော စောင်၊ အနွေးထည် အဝတ်အစား များကို ဂရုတစိုက် ဝတ်ဆင် သင့်ကြောင်း သတိပြု စေလိုသည်။
”ရေချိုးလို့သေတဲ့ မသာပဲ ရှိတယ်။ ရေမချိုးလို့ သေတဲ့ မသာမရှိဘူး” ဟု ပြောလေ့ရှိသည်။ ဤသည်မှာ လူပြိန်းတွေး တွေးပြီး ပြောသော စကားဖြစ်သည်။

ပညာရှိများ ပြောသော စကား
မဟုတ်ပေ။ ရေမချိုး သဖြင့်
အသက်မသေ သော်လည်း ကျန်းမာရေး
မကောင်းနိုင်ပေ။

အပူငုပ်ပြီး ကိုယ်သားကိုယ်ရေ ခြောက်သွေ့ခြင်း၊ ပပ်ကြားအက်ခြင်း၊ အငွေ့အသက် မကောင်းခြင်း၊ မျက်စိ မကြည်ခြင်း၊ ပါးစပ်ခံတွင်း နံခြင်း၊ လျှာကွဲခြင်း၊ စပ်ခြင်း၊ သွားနာခြင်း၊ သွားဖုံးကြွခြင်း၊
သွားခြေရောင်ခြင်း၊ လျှာတွင်
အနှစ်တက်ခြင်း၊ ခံတွင်းပျက်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ အဆုတ်တွင် အပူငုပ်၍ တငွေ့ငွေ့ ဖျားခြင်း၊ ကြက်ကိုယ်ကဲ့သို့ ပူသော ရောဂါဖြစ်ခြင်း၊ စိတ်လေးခြင်း၊ ညအိပ်မပျော်ခြင်း စသော ရောဂါပေါင်းစုံဝင်ရောက် လာနိုင်သည်။ ဤသည်မှာ ရေမချိုးခြင်း၏
နောက်ဆက်တွဲ ရောဂါများ ဖြစ်သည်။

ရှေးက မြန်မာ့ ဆေးပညာရှင် ကြီးများ မိန့်ကြားသည်မှာ ရေချိုးရမည်၊ မချိုးရမည် ဆိုသည်မှာ မိမိအပေါ် မူတည်သည်။ ရေချိုးလိုစိတ် ဖြစ်ပေါ်မှ ရေချိုးရမည်။ ရေအိုး၊ ရေကန် အနီးသို့ သွားပြီး ချမ်းစိမ့်စိမ့် ဖြစ်လာလျှင် မချိုးရ။

အရဲကိုး၍ ချိုးမည် ဆိုလျှင်လည်း ဒူးအောက်ခြေဖျားမှ စတင်ပြီး ရေလောင်းရမည်။ တဖြည်းဖြည်း အထက်သို့ တက်ပြီး လောင်းလာရမည်။ မျက်နှာသစ်၊ ပလုတ်ကျင်း ပြီးမှ ဦးခေါင်းပေါ်သို့ ရေလောင်းရမည်။

အချိန် ကြာမြင့်စွာ
ရေချိုးခြင်း မပြုရ။ အေးသော ရာသီတွင် လျင်မြန်စွာ ရေချိုးခြင်း သည်သာ အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။

ရေချိုးခြင်းသည် လူတို့နေ့စဉ် ပြုအပ်သော ကိစ္စတွင် တစ်ခုအပါအဝင် ဖြစ်သည်။ သို့သော် ဥတုနှင့် အချိန်အခါကို ကြည့်ရမည်။ ရေချိုးခြင်းကြောင့် အခိုးအာကာသ ရနိုင်သကဲ့သို့ ရေချိုးမှားလျှင် အခိုးငုပ်၍ ဖျားနာတတ်သည်။

ကံ၊ စိတ်၊ ဥတု၊ အာဟာရတွင် ရေချိုးခြင်းသည် ဥတုနှင့် ဆိုင်သည်။ ဥတုပြောင်းချိန် ရေချိုးခြင်း၊ ဥတုပျက်ချိန် ရေချိုးခြင်း၊ အပူအအေး လွန်ကဲချိန်တွင် ရေချိုးခြင်းကို သတိဖြင့်သာ ပြုအပ်ကြောင်း တင်ပြလိုက်ရပေသည်။

Credit to Original Writer

Address

No(M-3), Shwe Padauk Street, Shwe Padauk Housing
Kamayut

Telephone

+9595197472

Website

Alerts

Be the first to know and let us send you an email when ကျောက်ဖယားဆေးရုံ - ဘန်ကောက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ကျောက်ဖယားဆေးရုံ - ဘန်ကောက်:

Share

Category