ဆုလာဘ်-၂အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Kamayut
  • ဆုလာဘ်-၂အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေး

ဆုလာဘ်-၂အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေး အရည်အသွေးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို မျှတသော စျေးနှုန်းဖြင့် လူတိုင်းရရှိစေရေး။

ကျွန်တော်တို့မောင်နှမ လစဉ်လုပ်အားပေးနေကျ မေတ္တာဆေးခန်းလေးမှာ မကြာခဏ ကြုံရတဲ့ Kerion case တွေပါ။ Kerion ဆိုတာ Tinea capit...
06/06/2025

ကျွန်တော်တို့မောင်နှမ လစဉ်လုပ်အားပေးနေကျ မေတ္တာဆေးခန်းလေးမှာ မကြာခဏ ကြုံရတဲ့ Kerion case တွေပါ။

Kerion ဆိုတာ Tinea capitis ကနေ severe inflammation ထပ်ဝင်ပြီး ပြည်တည်တာပါ။ ခေါင်းမှာပေါက်တဲ့ ဒက် ကနေ ပြည်
လိုက်လာတာပေါ့။ ဒါပေမယ့် သတိထားရမှာက သူ့ treatment က systemic antifungal ပေးရပါတယ်။ ပြည်တည်နာဆိုပြီး သွားမခွဲပါနဲ့။ Incision and drainage မလုပ်ရပါဘူး။ အရင်ကဆို ဒါမျိုးတွေ့ရင် “ဒါ Bacterial abscess ပဲ။ ပိုးဝင်တာ။ ပြည်တည်တာဆိုပြီး ခွဲစိတ်ဆရာဝန်ဆီ လွှဲမိ
မှာပါ။လွှဲလည်း လွှဲခဲ့ဖူးပါတယ်။ ကုသမှုမှားနေကြတော့ အဆင်မပြေဘူးပေါ့။

သူငယ်ချင်း ဒေါက်တာ Khin Moe Oo ဆီမှာ အရေပြားရောဂါတွေအကြောင်း သင်တန်းတက်လေ့လာမှ Kerion အကြောင်း သိပြီး မှန်မှန်ကန်ကနိ ကုတတ်သွားတာပါ။

ဒက် ( Tinea capitis) ဆိုရင်လည်း အစက topical treatment ( လိမ်းဆေး)နဲ့ ရမယ်
ထင်နေမိတာပါ။ အမှန်တကယ်တော့ Infection က hair follicles ( အမွှေးအိတ်)တွေထဲအထိ ရောက်နေတာဆိုတော့ လိမ်းဆေးနဲ့ မထိရောက်ဘူး။ Systemic antifungal ပေးမှရမယ်။ ဆေးသောက်မှ ရမယ်ဆိုတာလည်း သူသင်ပေးမှ သိတာပါ။ သူသင်တာ နားထောင်ပြီးမှ ကိုရင်တွေ ဒက်
ပေါက်တာကို ကုရတာ တော်တော်အဆင်
ပြေသွားပါတော့တယ်။ ( Tinea ကတော့ ငါကုတတ်ပါတယ် ဆိုပြီး ကိုယ့်ကိုယ်ကို ထင်နေတာ။ တကယ်တော့ ကျွန်တော်သိတာ အပေါ်ယံပဲ ရှိသေးမှန်း အဲ့ဒီတော့မှ သိတာပါ။)

အားလုံးအဆင်ပြေကြပါစေဗျာ။

28/05/2025

စိတ်ဝေဒနာလို့ မထင်ခင် ဒါကို သတိပြုပါ။

မှတ်ချက်။ ဆေးပညာလောကသားများအတွက် experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါက အသက် ၁၅ နှစ်မိန်းကလေးပါ။ အတန်းတူသူငယ်ချင်းဆရာဝန်တစ်ယောက် ညွှန်းလို့ရောက်လာတာပါ။ ဆေးမှတ်တမ်းတွေကို ဖတ်ကြည့်တော့ လူနာက စိတ်ကျန်းမာရေးပြဿနာရှိနေပါတယ်။ ရှေ့မှာ စိတ်ကျန်းမာရေးဆရာဝန်( Psychiatrist) နဲ့ရော၊ ဦးနှောက်အာရုံကြောအထူးကုသမားတော်( Neurologist) နဲ့ရော ပြထားပါတယ်။ စိတ်ကျန်းမာရေးဆေးတွေလည်း သောက်နေပါတယ်။ မိန်းကလေးက ဖြူဖြူချောချောလေးပါ။ စိတ်ဝေဒနာရှိတယ်လို့ ထင်ရက်စရာတောင်မရှိပါဘူး။MRI လည်း ရိုက်ထားပါတယ်။ Radiologist report ကတော့ NAD လို့ ပေးထားပါတယ်။ သွေးအဖြေတွေမှာ ANA positive ဖြစ်တာ တစ်ခုပဲ ထူးခြားပါတယ်။ ကျန်တာ အကုန်အိုကေပါတယ်။ အဲ့ဒါနဲ့ လူနာကို စကားပြောကြည့်ပါတယ်။ မိန်းကလေးက ဖြူဖြူချောချောလေးပါ။ စိတ်ဝေဒနာရှိတယ်လို့ ထင်ရက်စရာတောင်မရှိပါဘူး။ English လည်း တော်တော်ကောင်းပါတယ်။ စကားတွေကတော့ အဆက်အစပ်သိပ်မရှိ၊ ဟိုရောက်ဒီရောက်ပါပဲ။ဖြစ်နေတာက ၁ လ ပတ်ဝန်းကျင်ဖြစ်နေပါပြီ။ အဲ့ဒီမတိုင်ခင်က လုံးဝလူကောင်းပါ။ စဖြစ်ဖြစ်ချင်း ပထမဆုံးစပြတာက စိတ်ရောဂါအထူးကုနဲ့ပါ။ Schizophrenia ( စိတ်ကစဉ့်ကလျားရောဂါ)လို့ ရောဂါနာမည်တပ်ပြီး ကုတာ မသက်သာတော့ ဦးနှောက်အာရုံကြောအထူးကုနဲ့ပြပါတယ်။ အထူးကုက MRI ရိုက်၊ သွေးတွေစစ်ထားတာပါ။ ANA positive ဖြစ်လို့ steroid ပေးထားတာတွေ့ပါတယ်။ Prednisolone 20mg per day ပါ။ ANA positive ကို ဆက်ပြီး ရောဂါရှာထားတာတော့ မရှိပါဘူး။ အဲ့ဒီမှာလည်း လူနာမသက်သာတာနဲ့ နောက်တစ်ယောက်ထပ်ပြပါတယ်။ နောက်တစ်ယောက်ကတော့ စိတ်ရောဂါအထူးကုပါ။ အဲ့ဒီဆရာက လူနာရဲ့ အဖြေတွေကြည့်ပြီး ANA positive ဖြစ်နေတာနဲ့ လေးဘက်နာအထူးကု( Rheumatologist) နဲ့ပြဖို့ လွှဲလိုက်ပါတယ်။ လူနာမိသားစုတွေက စိတ်ဝေဒနာရှင်နဲ့ လေးဘက်နာအထူးကု ဘာဆိုင်လို့လဲဆိုပြီး နားမလည်တော့လို့ ကျွန်တော့်သူငယ်ချင်းကို တိုင်ပင်၊ သူငယ်ချင်းက ကျွန်တော့်ဆီလွှဲနဲ့ နောက်ဆုံး အဲ့ဒီအရှုပ်တော်ပုံက ကျွန်တော့်ခေါင်းပေါ်ရောက်လာတာပါ။
ကျွန်တော်ပထမဆုံး ခေါင်းထဲထည့်မိတာက လူတစ်ယောက်ကို Psychiatric illness (စိတ်ဝေဒနာ) ခံစားနေရတယ်လို့ စွပ်စွဲတော့မယ်ဆိုရင် ဒီလူ့မှာ organic brain disease ( ဦးနှောက်နဲ့ပက်သက်တဲ့ ရောဂါ) မရှိကြောင်း အရင်သက်သေပြရမယ်ဆိုတဲ့ ဆရာသမားတွေရဲ့ အဆုံးအမပါ။ ဒီမိန်းကလေးဟာ လွန်ခဲ့တဲ့ ၁ လက အထိ အကောင်း၊ ဒီ ၁ လအတွင်းမှ အခြားလူတစ်ယောက်လို အပြုအမူ၊ အပြောအဆိုတွေ ပြောင်းလဲသွားတာဆိုတော့ Sudden behavioural change ဖြစ်နေပါတယ်။ Neurologist လည်း ကြည့်ပြီးသား။ MRI ကလည်း NAD။ အဲ့ဒါဆို အစဆွဲထုတ်စရာက ANA positive ပဲ ရှိပါတော့တယ်။ ဒါဆို SLE ကြောင့် lupus cerebritis ( ဦးနှောက်ရောင်ရမ်းခြင်း)များရတာလားပေါ့။ လူနာမှာ SLE နဲ့ ပက်သက်ပြီး ESR, CRP, Urine RE, ENS profile ဘာမှ စစ်ထားတာတော့ မရှိပါဘူး။ လူနာရဲ့ အမေကို မေးကြည့်တော့ လေးဘက်နာအထူးကုနဲ့ ပြထားသေးကြောင်း ပြောပြီး ဆေးမှတ်တမ်းပါထုတ်ပြပါတယ်။ အဲ့ဒီမှာ အထူးကုက ENA profile , ESR, urine RE တွေ စစ်ခိုင်းထားတာတွေ့ရပါတယ်။ လူနာက မစစ်သေးဘဲ ကျွန်တော့်ကို အရင်လာတိုင်ပင်တာပါ။
အဲ့ဒါနဲ့ ကျွန်တော်လည်း Lupus cerebritis ဖြစ်မှာစိုးရိမ်ရကြောင်း၊ သေချာရောဂါရှာဖို့လိုကြောင်း၊ လေးဖက်နာအထူးကုစစ်ခိုင်းထားတာတွေစစ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ဒီကြားထဲ လူနာအခြေအနေဆိုးမလာအောင် ထိန်းတဲ့အနေနဲ့ Prednisolone ကို 60mg ထိ တင်ပြီး ပေးထားလိုက်ပါတယ်။ antipsychotic တွေလည်း နှစ်မျိုးလောက်ပဲချန်ပြီး အကုန်လျှော့ကြည့်လိုက်ပါတယ်။
သွေးအဖြေတွေရတော့ လူနာ ကျွန်တော့်ဆီ ပြန်လာပြပါတယ်။ လူနာက အခြေအနေအတော်လေးကို သိသိသာသာတိုးတက်လာပါပြီ။ စကားပြောတာလည်း တော်တော်မှန်လာပါပြီ။ သူ့အမေဆို တော်တော်ဝမ်းသာနေတာပါ။ သွေးအဖြေတွေကြည့်တော့ ENA profile မှာ ကျွန်တော်
ထင်ထားတဲ့ anti dsDNA တို့၊ anti sm တို့ မတက်ဘဲ ကျွန်တော်မထင်ထားတဲ့ Scl 70 antibody လာတက်နေပါတယ်။ စာပြန်ဖတ်ကြည့်တော့ Scl 70 ကတော့ cerebritis, encephalitis တွေ မရတတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် လူနာကတော့ immunosuppression ကို သိသိသာသာ respond လုပ်တာ အမှန်ပဲဆိုတော့ autoimmune association တော့ ရှိမှာပါပဲ။ကျွန်တော်လည်း အဲ့ဒါနဲ့ လေးဖက်နာအထူးကုနဲ့ ပြန်ပြခိုင်းလိုက်ပါတယ်။ အခြေအနေထူးခြားရင် ကျွန်တော့်ကို အချိန်မရွေးလာတိုင်ပင်ဖို့လည်း မှာလိုက်ပါတယ်။ လေးဖက်နာအထူးကု အစ်မက လူနာကို IV cyclophosphamide နဲ့ methyl prednisolone pulse therapy infusion ကို 3 cycles သွင်းဖို့ plan လုပ်တော့လည်း လူနာမိသားစုက ကျွန်တော့်ကို တိုင်ပင်လို့ လုပ်သင့်ကြောင်း အားပေးလိုက်ရပါသေးတယ်။ First cycle ပြီးတာနဲ့ လူနာတော်တော်ကိုအခြေအနေကောင်းလာတာပါ။ခုဆို လူကောင်းနီးပါးကို ဖြစ်သွားပါပြီ။ ကျောင်းပြန်တက်ပြီး စာတောင်ပြန်သင်နေပါပြီ။ဆေးကတော့ နောက်ထပ် 2 cycle ထပ်သွင်းဖို့ ကျန်ပါသေးတယ်။Autoimmune encephalitis ( ကိုယ်ခံအားစနစ်ဖောက်ပြန်လို့ ဦးနှောက်ရောင်ရမ်းခြင်း) လို့တော့ ထင်ပါတယ်။ ဆေး ၃ ကြိမ်သွင်းပြီးရင် ဦးနှောက်အာရုံကြောအထူးကုနောက်တစ်ယောက်နဲ့ ထပ်ပြပြီး ရောဂါထပ်ရှာဖို့ တိုက်တွန်းထားပါတယ်။Physician လည်းဖြစ်တဲ့ အိမ်ကညီမတော်ကိုတိုင်ပင်ကြည့်တော့ autoimmune encephalitis အမျိုးအစားသေချာသိရအောင်နဲ့ ရေရှည်စိတ်ချရအောင် neurologist နဲ့ ထပ်ပြခိုင်းဖို့ အကြံပေးလို့ပါ။ ဘာပဲဖြစ်ဖြစ် ကလေးတစ်ယောက်အညွန့်မကျိုးအောင် တစ်ဖက်တစ်လမ်းက ကူညီနိုင်ခဲ့တာ ဝမ်းသာရပါတယ်။

နောက် Scenario ကတော့ အသက် ၅၀၊ အမျိုးသမီးပါ။ သူကတော့ underlying psychiatric problem ရှိပါတယ်။ Medical record မရှိလို့ diagnosis တော့ မသိရပါဘူး။ ဖျားလို့ ကျွန်တော့်ကို home visit ခေါ်ကြည့်ရင်း တွေ့တာပါ။
လူနာက ဖျားတာ ၂ ရက်ရှိပါပြီ။ ကျန်တဲ့ respiratory, GI, urogenital symptoms ဘာမှ မရှိပါဘူး။ ဒါပေမယ့် ကယောင်ကတမ်းတွေ ပြောနေပါတယ်။ ညမအိပ်တာ ၂ ရက်ရှိပြီလို့ ဆိုပါတယ်။ ည မအိပ်ဘဲ တစ်ညလုံး စကားတွေပြောနေ၊ ကြမ်းပြင်ကို လက်နဲ့ ရိုက်နေလို့ တစ်မိသားစုလုံး အိပ်မရလို့ စိတ်ငြိမ်ဆေးထိုးဖို့ လာပင့်တာပါ။

လူနာကို စမ်းကြည့်တော့
Temperature-101 F
BP-120/80
RBS-110
ကျန်တာ တော်တော် စမ်းရခက်ပါတယ်။ လူနာက co-operative မဖြစ်ဘဲ ရုန်းကန်နေတော့ ဘာမှ စမ်းလို့မရသလောက်ပါပဲ။ history လည်း မေးမရပါဘူး။ ကျွန်တော်လည်း တော်တော် စိတ်ညစ်သွားပါတယ်။လူနာမိသားစုကိုပဲ ရသလောက် မေးပြီးကျေနပ်လိုက်ရပါတယ်။ ဒါနဲ့ လူနာကို Acute viral infection လို့ပဲ diagnosis ထားပြီး treatment ပေးခဲ့လိုက်ပါတယ်။
နောက်တနေ့ကျတော့ လူနာမိသားစုက မသက်သာလို့ ထပ်ပင့်ပါတယ်။ လူနာကို ဆေးလည်းတိုက်လို့မရ၊ အစာလည်း ကျွေးလို့မရလို့ပါ။ ညကတော့ နည်းနည်း ငြိမ်တယ်ပြောပါတယ်။ ကျွန်တော် သွားကြည့်တော့ လူနာက အဖျားနည်းနည်းကျပေမယ့် စကားတွေ တောင်စဉ်ရေမရပြောတုန်းပါ။ ကျွန်တော်လည်း လူနာ ငြိမ်သွားအောင် Haloperidol တစ်လုံးလောက်ထိုးပေးလိုက်မလို့ စဉ်းစားလိုက်ပါသေးတယ်။ နောက်နေ့မှပဲ psychiatrist နဲ့ refer မယ်ပေါ့။
ဒါပေမယ့် ကျွန်တော်ရော၊ လူနာရော ကံကောင်းတယ်ပဲ ဆိုရမယ်။ ကျွန်တော့်စိတ်ထဲမှာ လူနာနဲ့ပက်သက်ပြီး မေးခွန်းတစ်ခုမေးဖို့ ဖျတ်ခနဲ ပေါ်လာပါတယ်။အဲ့ဒါနဲ့ လူနာရဲ့ ညီမကို မေးလိုက်ပါတယ်။
“ အစ်မရေ။ လူနာက ဟိုအရင်ကတည်းက မကြာခဏ ရောဂါဖောက်လေ့ရှိလား။ ခုတလောမှ ပိုဆိုးလာတာလား။”

“ မဟုတ်ဘူး ဆရာ။ လူနာက အရင်က အေးအေးဆေးဆေး။ သူ့ဘာသူ နေတာ။ သူ့တူမလေးကို အမြဲကျောင်းကြိုပို့လုပ်နေတာ။ ခုလို ဖြစ်တာ မကြာသေးဘူး။”

ဒါဆို လူနာက acute confusion နဲ့ Recent behavioural change ဖြစ်နေတာပါလား။ အကယ်၍ လူနာသာ psychosis ဖောက်နေတာ မဟုတ်ဘဲ CNS infection ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ အရင်နေ့က စိတ်ရှုပ်နေလို့ မစဉ်းစားမိခဲ့ပါဘူး။ ခုမှ ခေါင်းထဲဝင်လာတာပါ။ အဲ့ဒါနဲ့ လူနာမိသားစုကို counselling ဝင်ပြီး YGH ကို referral letter နဲ့ လွှဲလိုက်ပါတယ်။ဒါတောင် လူနာမိသားစုက ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံသွားမယ်လုပ်နေလို့ CNS infection ကို exclude လုပ်ဖို့ အရေးကြီးကြောင်း မနည်းရှင်းပြလိုက်ရပါသေးတယ်။
နောက် ၃ ရက်လောက်နေတော့ လူနာရဲ့ ညီမ ဆေးခန်းရောက်လာပါတယ်။
“ ဆရာရေ။ ဆရာပြောတာနဲ့ ကျွန်မတို့လည်း ဆေးရုံအမြန်သွားလိုက်တယ်။ ဟိုမှာ CT ရိုက်ရတယ်။ ဦးနှောက် အမြှေးရောင်တယ်လို့ ပြောတယ်။ ခါးဆီ ဖောက်စစ်မယ်လို့ ပြောတယ် ဆရာ။ အဲ့ဒါ အန္တရာယ်ရှိနိုင်လား၊ စစ်ဖို့လိုလားဆိုတာ ဆရာ့ကိုလာမေးတာပါ။”
ကျွန်တော်လည်း စိတ်ထဲမှာ” တော်ပါသေးရဲ့။ ဘုရား မ တာ”လို့ပဲ ရေရွတ်လိုက်မိပါတော့တယ်။ လူနာကို မလွှဲဘဲ ဆက်ကုနေမိရင် မတွေးရဲ စရာပါ။ အဲ့ဒါနဲ့ အဲ့ဒီအစ်မကို ခါးဆီဖောက်ဖို့ လိုအပ်ကြောင်း၊ ခါးဆီဖောက်တာ အန္တရာယ်မရှိကြောင်းရှင်းပြလိုက်ရပါတယ်။ ခုတော့ တော်တော်ပြန်ကောင်းသွားပါပြီ။ ဒီအကြောင်းကို z-waka မှာ mental health နဲ့ ပက်သက်လို့ ဆောင်းပါးရေးတုန်းက ဖော်ပြဖူးပါတယ်။

ကျွန်တော် မျှဝေချင်တာက

၁။ စိတ်ဝေဒနာလို့ ရောဂါနာမည်တပ်တော့မယ်ဆို ပထမဆုံးလုပ်ရမှာက medical disease မဟုတ်ကြောင်း exclude လုပ်ပေးရမှာဖြစ်ပါတယ်။
ဥပမာ- psychosis တွေဆို encephalitis, cerebral malaria , substance abuse, porphyria စတဲ့ရောဂါတွေ။ Depression ဆို Hypothyroidism, hypopituitarism စတာတွေ။Anxiety ဆို hyperthyroidism, pheochromacytoma, sympathomimetic poisoning စတာတွေ exclude လုပ်ဖို့လိုပါတယ်။ မဟုတ်ရင် diagnosis နောက်ကျရင် လူနာအတွက် အန္တရာယ်များပါတယ်။

၂။ နဂိုက လူကောင်းပကတိ။ Recent behavioural change ဖြစ်လာတယ်ဆိုရင် medical causes တွေ ( အထူးသဖြင့် organic brain disease တွေနဲ့ substance abuse)ကို exclude လုပ်ဖို့ သတိပေးချင်ပါတယ်။ အချို့လူနာတွေ စုန်းတိုက်၊နတ်တိုက် ၊ ပယောဂဘာညာ ဆိုပြီး ကုသမှု လမ်းကြောင်းလွဲတာတွေ ရှိပါတယ်။ လူနာတွေအနေနဲ့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေရဲ့ အကြံဉာဏ် အရင်ယူဖို့ တိုက်တွန်းလိုက်ရပါတယ်။ ( မှတ်ချက်- တကယ့်ပယောဂအစစ်တွေရှိသလို၊ မှန်ကန်စွာကုပေးနိုင်တဲ့ ဆရာတွေရှိတယ်ဆိုတာလည်း ကျွန်တော်လက်ခံပါတယ်။ ဤကား စကားချပ်။)

၃။ နဂို စိတ်ဝေဒနာအခံရှိသူ ရုတ်တရက် ပိုဆိုးလာရင်လည်း သတိထားပါ။ သူ အရင်တုန်းကရော အဲ့ဒီလို မကြာမကြာ ထဖောက်လေ့ရှိလား။ ခုတလောမှ ဖောက်လာတာလား။ အရင်နဲ့ အခုနဲ့ ဘယ်လိုကွာနေလဲဆိုတာ သတိပြုမိဖို့၊ သံသယထားတတ်ဖို့ အရေးကြီးပါတယ်။ဆေးတွေ ပြတ်နေတာလား။ ဆေးတွေ သောက်နေရင်းနဲ့ ပိုဆိုးလာတာလား။ အခြားဘာတွေဖြစ်သေးလဲ စသဖြင့် သေချာ မေးဖို့လိုပါတယ်။ အဲ့ဒါမှ underlying psychiatric problem က control မရတာလား၊ organic brain pathology or other medical illness ရောပါနေလို့လား သိနိုင်မှာပါ။

အားလုံအဆင်ပြေကြပါစေဗျာ။

ဆေးပညာကို သင်ကြားပေးခဲ့တဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးကို ဂါရဝပြုလျက်။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

21/05/2025

ဆေးပြင်းရင် အစာအိမ်ထိတတ်လား။

ဆရာဝန်မိတ်ဆွေတွေ ကြုံဖူးကြပါလိမ့်မယ်။ ကျွန်တော်က အစာအိမ်ရောဂါရှိတယ် ။ ဆေးပြင်းပြင်း သောက်ရင် ဗိုက်အောင့်တယ်။ ကျွန်မက အစာအိမ်ရောဂါရှိတယ်။ အစာအိမ်ဆေးလေး ခံပေးပါ စသဖြင့်ပေါ့။
တကယ်တော့ ဆေးပြင်းတိုင်း အစာအိမ်မထိဘူးဗျ။ အစာအိမ်ထိခြင်း၊ မထိခြင်းသည် ဆေးပြင်းတာ မပြင်းတာနဲ့ မပက်သက်ဘူး။
မိတ်ဆွေတို့ မြင်သာမယ့် ဥပမာပေးမယ်နော်။
ဥပမာ- တီဘီဆေးပြင်းတယ်ဆိုတာ လူတိုင်းသိတယ်။ တီဘီမပျောက်မှာထက် တီဘီဆေးသောက်ရမှာ ပိုကြောက်တဲ့သူတွေတောင် ရှိသေးတယ်။ ဒါပေမယ့် တီဘီဆေး အစာအိမ်မထိဘူးဗျ။ တီဘီဆေးပေးရင် ဘယ်ဆရာဝန်မှ အစာအိမ်ဆေးခံပေးရိုးထုံးစံမရှိဘူး။ ကင်ဆာဆေး​လည်း ထိုနည်းလည်းကောင်းပဲဗျ။အများစုက အစာအိမ်မထိပါဘူးဗျ။ ဒါက အများမြင်သာတဲ့ ဥပမာပေးတာနော်။
အစာအိမ်ထိမယ့်ဆေးက ဆေးမပြင်းလည်း ထိမှာပါပဲ။ ဥပမာ-ပါရာစီတမောကလွဲလို့ ကျန်အကိုက်အခဲပျောက်ဆေးအများစု သည် ပြင်းသည်ဖြစ်စေ၊ မပြင်းသည်ဖြစ်စေ သောက်ဆေးဖြစ်ဖြစ်၊ ထိုးဆေးဖြစ်ဖြစ်၊ စအိုကနေဒုံးကျည်( suppository)ပဲ ထည့်ထည့် အနည်းနဲ့အများ အစာအိမ် ထိကိုထိပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံအရ အစာအိမ်ထိမယ့်ဆိုးကျိုးကို ရှောင်လွှဲမရလို့ပါ။ ( သောက်ဆေးက အစာအိမ်ထိမှာစိုးလို့ ဆေးပဲထိုးပေးပါဆိုတဲ့ မိတ်ဆွေတွေလည်း တစ်ခါတည်းကြည့်နော်။အကိုက်အခဲပျောက်ဆေးထိုးဆေးလည်း အစာအိမ်ထိနိုင်ပါသဗျ။)

မြွေလိုပေါ့ဗျာ။ စပါးကြီးမြွေ၊ စပါးအုံးမြွေသည် အန္တရာယ်ကြီးတယ်။ လူကိုအန္တရာယ်ကောင်းကောင်း ပေးနိုင်တယ်။ ဒါပေမယ့် သူပေါက်လို့ မ tay ဘူးလေ။ အဆိပ်မှ မရှိတာ။ အဲ့လိုပဲ။ မြွေပွေး၊ မြွေဟောက် ဘယ်လောက်အကောင်သေးသေး။ ပေါက်လိုက်ရင် tay နိုင်တယ်လေ။ အဆိပ်ရှိတာကိုး။ အဲ့ဒီသဘောပါပဲဗျာ။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

13/05/2025

သွေးလွန်တုပ်ကွေးအကြောင်း လိုတိုရှင်း

၁။ ဘယ်အခါမှာ သွေးလွန်တုပ်ကွေးလို့ သံသယရှိမလဲ။ အဓိက ၃ရက်အထိ အဖျားမကျရင် သံသယရှိမယ်ဗျ။ နှာမစေးချောင်းမဆိုးရင် ပိုသံသယရှိမယ်။ ဗိုက်နာရင်၊ အန်ရင်၊ ခေါင်းမူးရင် ပိုသံသယရှိမယ်ဗျ။

၂။ သွေးလွန်တုပ်ကွေးပိုးသည် အသက်ရှူလမ်းကြောင်းကို တိုက်ခိုက်ရိုးထုံးစံမရှိဘူး။အဲ့ဒါကြောင့် သူ့ချည်းပဲဆို နှာစေး၊ ချောင်းဆိုးဖြစ်စရာအကြောင်းမရှိဘူး။ သူက Reticulo-endothelial system လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီ၊ ပြန်ရည်ကျိတ်၊ အသည်း၊ ဘေလုံးစတဲ့ သွေးဆဲလ်တွေ၊ ကိုယ်ခံအား ဆဲလ်တွေ ထုတ်ပေးတဲ့ င်္အဂါအစိတ်အပိုင်းတွေကို တိုက်ခိုက်တယ်။ အဲ့ဒါကြောင့် လူနာကို သွေးစစ်ကြည့်ရင် သွေးဖြူဥတွေကျတယ်။ သွေးဥမွှားတွေကျတယ်။ သွေးပျစ်တယ်။ သွေးယိုစီးမှုတွေဖြစ်တယ်။ အသည်းကြီးတော့ ဗိုက်အောင့်တယ်။
သွေးကြောနံရံ​တွေကနေ သွေးရည်ကြည်တွေ စိမ့်ထွက်တော့ သွေးပျစ်တယ်။ သွေးပေါင်ထိုးကျတယ်။ အကျိတ်တွေလည်း ကြီးနိုင်
တယ်ဗျ။

၃။ ဒါပေမယ့် တုပ်ကွေးမိတဲ့လူကို ခြင်ကျား ထပ်ကိုက်ရင်လည်း သွေးလွန်တုပ်ကွေးထပ်ဖြစ်နိုင်သလို၊ သွေးလွန်တုပ်ကွေးဖြစ်နေသူ mask မတပ်ရင်လည်း တုပ်ကွေးထပ်မိနိုင်
တယ်ဗျ။ အဲ့ဒါကြောင့် နှာစေးချောင်းဆိုး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ။အဓိကက ၃ ရက်နေလို့ အဖျားမကျရင် သွေးလွန်တုပ်ကွေးကို သံသယထားဖို့ သတိပေးချင်တာပါ။

၄။ သွေးလွန်တုပ်ကွေးသံသယရှိရင် ဆရာဝန်တွေက bedside test အဖြစ် Hess test ဆိုတာ စစ်တယ်။ Hess test ဆိုတာ လက်မောင်းကို သွေးပေါင်ချိန်တဲ့ ကိရိယာနဲ့ ညှစ်ပြီး ၅ မိနစ်စောင့်။ အစက်လေးတွေ ပေါ်လာလားစောင့်ကြည့်တာပါ။ Hess test ကတော့ ခုထိမရိုးနိုင်တဲ့၊ အသုံးဝင်နေဆဲဖြစ်တဲ့ နည်းတစ်နည်းပါ။ အဲ့ဒါရှိရင် အကြမ်းဖျဉ်း သွေးလွန်တုပ်ကွေးရှိတယ်လို့ ယူဆပါတယ်။ နောက်တစ်နည်းကတော့ သွေးစစ်တာပါ။ Dengue duo test စစ်တာဖြစ်ပါတယ်။ အဲ့ဒါကတော့ ပိုမှန်၊ ပိုတိကျ၊ ပိုကောင်းပါတယ်။ ပိုက်ဆံတော့ ပိုကုန်ပါတယ်။(Hess test positive ဖြစ်နိုင်တဲ့ အခြားရောဂါတွေ ရှိသေးလို့ပါ။ ဥပမာ -၂၀၁၉ လောက်က အကြီးအကျယ်ဖြစ်ခဲ့တဲ့ ဆင်တုပ်ကွေးလည်း Hess test လုပ်ရင် positive ထွက်တာပါပဲ)

၅။ ပြင်းထန်မှုအဆင့် ဘယ်လိုသတ်မှတ်လဲဆိုတော့
(၁) ဖျားတယ်၊ ကိုက်တယ်။ပျို့အန်တယ်။ သွေးယိုစီးမှုမရှိဘူး။ အသည်းမကြီးဘူး။အဆုတ်ရေဝိုင်းတာ၊ရေဖျဉ်းစွဲတာမရှိဘူး။သွေးပေါင်ချိန်ထိုးကျတာ မရှိဘူးဆိုရင် သွေးလွန်တုပ်ကွေးရောဂါမပြင်းထန်သော အဆင့်( Dengue fever without warning signs ) လို့ သတ်မှတ်ပါတယ်။ အရင်ကတော့ Dengue fever grade -1 ပေါ့။ ဒီအဆင့်မှာ ဆေးရုံတင်မစရာမလိုပါဘူး။ အိမ်မှာပါ စောင့်ကြည့်၊အိမ်မှာပဲ ကုပါတယ်။
(၂) သွေးယိုစီးမှုရှိရင် ဥပမာ - နှာခေါင်းသွေးယိုတာ၊ သွားဖုံးသွေးယိုတာ၊ ကော်ဖီအနည်အရောင်လို အမည်းတွေအန်တာ၊ဝမ်းအမည်းတွေ သွားတာမျိုးရှိရင် ၊ ရေဖျဉ်းစွဲတာ၊ အဆုတ်ရေဝိုင်းတာရှိရင်၊ အရမ်းတောက်လျှောက်အန်ရင်၊ ဗိုက်တွေအောင့်ရင်၊ အသည်းကြီးရင် ကြပ်ကြပ်မတ်မတ်စောင့်ကြည့်ကုသမှု လိုအပ်သော၊ ဆေးရုံတင်ဖို့ လိုသော အဆင့်ပေါ့။ Dengue fever with warning signs လို့ခေါ်ပါတယ်။ အရင်ကတော့ Dengue fever grade-2 ပေါ့။ ဒီအဆင့်ဆိုရင်တော့ ဆေးရုံတင်ဖို့လိုမယ်။ သေချာစောင့်ကြည့်ဖို့ လိုပါမယ်။ အန္တရာယ်ရှိလာနိုင်ပါတယ်။အိမ်မှာ မကုသင့်တော့ပါဘူး။
(၃) လူနာ လက်ဖျားခြေဖျားတွေ အေးစက်လာရင်၊ အဖျားကျပြီးမှ ပိုမှိန်းလာရင်၊ သွေးပေါင်ချိန်တွေ ကျလာရင်၊ ပိုအန်လာရင် ပြင်းထန်သွေးလွန်တုပ်ကွေးပါ။ Severe Dengue လို့ ခေါ်ပါတယ်။ Dengue shock syndrome လို့လည်း ခေါ်ပါတယ်။ အရင်ကတော့ Dengue hemorrhagic fever grade 3/4 ပေါ့။ ဒီအဆင့်ကတော့ အသက်လုရမယ့်၊ ဆေးရုံမှာ အထူးကြပ်မတ်ကုသရမယ့် အဆင့်ပါ။ သွေးတွေ၊ သွေးရည်ကြည်တွေ သွင်းဖို့လိုမယ့်အဆင့်ပါ။

၆။သွေးလွန်တုပ်ကွေးရဲ့ ကုသမှမှာ အရေးကြီးဆုံး နံပတ် ၁ က ဓာတ်ဆားရည်ပါ။ WHO formula နဲ့ထုတ်တဲ့ ဘယ်ဓာတ်ဆားရည်မဆိုရပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ မပြင်းထန်တဲ့အဆင့်(Dengue fever without warning signs )ဆို ဓာတ်ဆားရည် သေချာတိုက်တာနဲ့ အဖျားကျသွား၊ လန်းဆန်းသွားတာပါ။ ဆေးရုံရောက်သွားတဲ့ လူနာတွေဟာ ဓာတ်ဆားရည်သေချာမဝင်လို့၊ ရောဂါသိတာ နောက်ကျလို့ပါ။ သွေးလွန်တုပ်ကွေးလို့ သိရတာနဲ့ ဓာတ်ဆားရည်သေချာတိုက်ကြပါဗျ။ Dengue fever with warning signs နဲ့ severe dengue ဆိုရင်တော့ ဆေးရုံအမြန်လွှဲရမှာပါ။

၆။ အဖျားက ၃ရက်ကနေ ၅ ရက်
လောက် တက်လိုက်ကျလိုက် ဖြစ်နေဦးမှာပါ။ ဖျားရင်ရေပတ်တိုက်ပါ။ ပါရာစီတမော သောက်လို့ရပါတယ်။ အခြားအကိုက်အခဲပျောက်ဆေးမတိုက်ပါနဲ့။ အဖျားကျဆေး လုံးဝ ( လုံးဝ) မထိုးပါနဲ့။ အန္တရာယ်ရှိပါတယ်။ သွေးပေါင်ကျနိုင်၊ သွေးယိုနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကလေးဖျားတာနဲ့ ခုတင်ပေါ်တက်ခိုင်းပြီး အဖျားကျဆေးတန်းထိုးတဲ့ ဆရာဝန်ဆို ဝေါင်ဝေါင်သာရှေးပါ။

၇။ သွေးလွန်တုပ်ကွေးသည် အဖျား ၁ ပတ်မကျော်ပါဘူး။ ၁ ပတ်အတွင်း ပြန်ကောင်းရင် ကောင်း၊ မကောင်းရင် ဆေးရုံရောက်ပါပဲ။ ၁ ပတ်ကျော်ထိ အဖျားလည်း မကျ၊ ဆေးရုံလည်း မတက်ရဘူးဆိုရင် သွေးလွန်တုပ်ကွေးမဖြစ်နိုင်ပါဘူး။ အခြားရောဂါကို စဉ်းစားပါ။

၈။ သွေးလွန်တုပ်ကွေးသည် ခြင်ကတဆင့်ကူးတာပါ။ နှာချေ၊ ချောင်းဆိုးလို့ မကူးပါဘူး။ အစားအစာကတဆင့်လည်း မကူးပါဘူး။ကာကွယ်နည်းက နေ့ခင်းဘက် ခြင်မကိုက်အောင်နေပါ။ ( ခြင်ကြားက နေ့ဘက်ကိုက်တာပါ) ၊ ခြင်ကြားပေါက်နိုင်တဲ့ ရေကြည်ရေသန့်တွေကို ဖုံးထားပါ။ ဘုရားပန်းအိုးမှန်မှန်လဲပါ။ ( မြောင်းပုတ်ရေမှာ ခြင်ကြားမပေါက်ဘူးဗျ)

၈။လိုတိုရှင်းဆိုပြီး နည်းနည်းရှည်သွားပြီ။ လိုရင်း ပြန်ချုပ်ရင် အဖျား ၃ ရက်နေလို့မကျရင် ဆေးခန်းပြ၊ ဆေးပြင်းမသောက်နဲ့၊ အဖျားကျဆေး မထိုးနဲ့၊ ဓာတ်ဆားရည် သေချာတိုက်၊ အန္တရာယ်လက္ခဏာတွေ ရှိရင် ဆေးရုံမြန်မြန်သွား။ ဒါပါပဲဗျာ။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

အင်ဆူလင် ထိုးရမှာ မကြောက်ကြပါနဲ့။ ဒီလူနာဆို အမျိုးအစား-၂ ဆီးချို။ ကျွန်တော့်ဆီရောက်လာတော့ RBS က Hi  ( ဆီးချို ၆၀၀ ကျော်)...
20/04/2025

အင်ဆူလင် ထိုးရမှာ မကြောက်ကြပါနဲ့။

ဒီလူနာဆို အမျိုးအစား-၂ ဆီးချို။ ကျွန်တော့်ဆီရောက်လာတော့ RBS က Hi ( ဆီးချို ၆၀၀ ကျော်)၊ HbA1c ( ၃ လဆီးချို) က 10.6 ဖြစ်နေတယ်။ သောက်ဆေး ၃ မျိုးအထိ သောက်နေတဲ့ကြားက ကို ဖြစ်နေတာ။
Insulin glargine ကို basal insulin regime နဲ့ 0.2 units per kg ကို အိပ်ယာဝင်ခါနီး ထိုးခိုင်းတယ်။ ဆေး ညှိနည်းကို သူ့သမီးကို သင်ပေးလိုက်တယ်။၃ လ လောက်နေတော့ HbA1c က 7 ထိ ကျသွားသလို လူလည်းနေလို့ကောင်းလာ၊ အသားအရည်လည်းကောင်းလာပါတယ်။
ဆီးချိုရှိတဲ့ မိတ်ဆွေတွေကို အဓိက စကားလက်ဆောင်ပါးချင်တာက

၁။ အင်ဆူလင်ထိုးရမှာ မကြောက်ပါနဲ့။ အင်ဆူလင် ထိုးသင့်တာ မထိုးဘဲ ပေနေလို့ လေဖြတ်တာ၊ ခြေထောက်တွေ ပုတ်ကုန်တာ၊ ကျောက်ကပ်ဆေးရတဲ့ဘဝရောက်သွားတာ တစ်ပုံကြီးပါ။

၂။ အုတ်အကြောင်းသိချင်ရင် အုတ်
ဖုတ်တဲ့သူကိုမေး၊ ပန်းရံဆရာကိုမေး၊ အင်ဂျင်နီယာကိုမေး၊ ဆောက်လုပ်ရေးလောကထဲကလူကိုမေးမှ သေသေချာချာသိရမှာပါ။ အပြင်လူကို သွားမေးရင် တလွဲတွေဖြစ်ကုန်မှာပေါ့။ အဲ့ဒီလိုပါပဲ။ အင်ဆူလင်
အကြောင်းသိချင်ရင် ဒီဆေးအကြောင်း ဂဃနဏလေ့လာထားတဲ့ ဆရာဝန်ကိုမေးရမှာဖြစ်ပါတယ်။ ခုတော့ လူတွေက ဆရာဝန်တွေ သေချာရှင်းပြတာကို မယုံဘဲ “ အင်ဆူလင်ဆိုတာ ဂိတ်ဆုံးဆေး၊ အင်ဆူလင်ပေးရင် ဘာထိတယ်၊ ညာထိတယ်” ဆိုပြီး အရပ်ထဲမှာ လျှောက်ပြောနေကြတာကို ယုံနေကြတာ အလွဲကြီးလွဲနေတယ်ဆိုတာ ပြောချင်ပါတယ်။ ဆေးအကြောင်းကို ဆေးကုနေတဲ့ဆရာဝန်ထက် အပြင်လူက ပိုမသိနိုင်ပါဘူး။

၃။ အင်ဆူလင်ထိုးသူတွေမှာ ကြုံရတဲ့ပြဿနာတစ်ခုက ဆရာဝန်က “အင်ဆူလင်ကို ဘယ်လောက် ယူနစ်ထိုး”ဆိုပြီး ပဲ ရေးပေးပြီး ဆေးညှိနည်း မသင်ပေးလိုက်တာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့ ဆရာဝန်တွေဘက်က အချိန်ယူပြီး ဆေးထိုးပုံထိုးနည်းလူနာကိုသင်ပေးကြဖို့၊ ရှင်းပြဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အင်ဆူလင်ထိုးသာထိုးနေတယ်၊ ဆီးချိုလည်း မကျဘူးဆိုတဲ့ ဇာတ်လမ်းတွေ ဖြစ်လာမှာပါ။ လူနာအနေနဲ့လည်း ဆေးအပေါ်၊ ဆရာဝန်ရဲ့ကုသမှုအပေါ် ယုံကြည်မှုလျော့နည်းသွားနိုင်ပါတယ်။ Insulin ညှိနည်းကို Insulin Myanmar Guidelines မှာ ဖတ်ကြည့်လို့ရပါတယ်။

၄။ နောက်ပြဿနာက ဆရာဝန်က ဆေးညှိနည်းသေချာပြောပေမယ့် လူနာက ပြောသလိုမလုပ်တာ၊ ညွှန်ကြားသလို မထိုးတာပါ။ အဲ့ဒါလည်း မတွေ့ချင်မှ အဆုံးပါပဲ။ ဆီးချို ၁၀၀ ကျော်ကို ကြောက်လို့မထိုးရဲတာနဲ့( အမှန်က ဆေးညှိနည်းသေချာသင်ထားပြီး နားလည်သွားရင် ထိုးကိုထိုးရဲပါတယ်။) ။ဆေးထိုးဖို့ မေ့နေရတာနဲ့။ ဆီးချိုကောင်းနေလို့ ကိုယ့်ဘာသာ ဆေးရပ်ပြီး မက်ဖော်မင်ပြောင်းသောက်နေတယ်ဆိုတဲ့ ဆရာ့ဆရာကြီးတွေနဲ့ ။ တကယ့်ကို ကြုံပလေဘုံပွေပါပဲ။ ဆရာဝန်ပြောသလို တိတိကျကျလုပ်ဖို့ တိုက်တွန်းလိုပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

အမှတ်တမဲ့မှ အမှတ်တရသို့မှတ်ချက်- ဆေးပညာလောကသားများအတွက် experience sharing post ဖြစ်ပါသည်။ဒီတစ်ခါက အသက် ၇၂ နှစ်၊ အမျိုးသ...
10/04/2025

အမှတ်တမဲ့မှ အမှတ်တရသို့

မှတ်ချက်- ဆေးပညာလောကသားများအတွက် experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါက အသက် ၇၂ နှစ်၊ အမျိုးသမီးကြီးပါ။ လူနာက ဆီးချိုအခံရှိပါတယ်။ဆီးချိုကတော့ ကောင်းပါတယ်။ ဖြစ်တာက အရေပြားမှာ သွေးခြေဥပြီး အနီစက်တွေ ထွက်လာတာပါ။ အဲ့ဒါနဲ့ ညနေဘက်ထိုင်တဲ့ သမားတော်ဆရာမဆီလာပြပါတယ်။ ညီမလေးက CP auto စစ်လိုက်တော့ platelet count က 23 လောက်ပဲ ရှိပါတယ်။ အခြား cell count တွေ normal ပါ။ အရင် လွန်ခဲ့တဲ့ ၇လ လောက်က medical check up လုပ်ထားတဲ့ အဖြေတွေလည်း ပါလာပါတယ်။ အဲ့ဒီမှာကြည့်တော့ CP autoအဖြေ၊ Liver function test အဖြေ၊ renal function test အဖြေတွေအကုန်ကောင်းပါတယ်။ ဆီးချိုလည်း control ရနေပါတယ်။ လူနာကို စမ်းကြည့်တော့ upper limb မှာ purpura လေးတွေ၊ petechiae လေးတွေ တွေ့ပါတယ်။ အသည်းမကြီး၊ ဘေလုံးမကြီး၊ ခန္ဓာကိုယ်မှာရှိတဲ့ အခြားအကျိတ်တွေလည်း မကြီးပါဘူး။ အခြားနေရာတွေက သွေးယိုစီးမှုလည်း မရှိပါဘူး။ အရင် သွားနှုတ်တာ၊ ခွဲစိတ်တာလုပ်တုန်းက သွေးမတိတိဖူးတဲ့ ရာဇဝင်လည်း မရှိပါဘူး။ အဲ့ဒါနဲ့ ဆရာမက CP auto စစ်ကြည့်တော့ CP auto မှာ platelet count ( သွေးတိတ်စေတဲ့ သွေးဆဲလ်အရေအတွက်)က 23 ပဲ ရှိပါတယ်။( အမှန်က 150 ကျော်ရမှာပါ။) ကျန်တဲ့ သွေးနီဥတွေ၊ သွေးဥမွှားတွေက within normal ပါ။ အရင် medical check up မှာ platelet count normal ရှိနေရာက ခုမှ platelet count ကျသွားတာပေါ့။ ဆရာမကလည်း လူနာကို သွေးရောဂါအထူးကုနဲ့ ပြဖို့လိုကြောင်း ရှင်းပြပြီး သွားခိုင်းပေမယ့် လူနာက မသွားဘဲ ပေနေပါတယ်။ အဲ့ဒါနဲ့ ဆရာမကလည်း လူနာကို ITP ( Immune thrombocytopenic Purpura)အဖြစ် Provisional diagnosis ပေးပြီး steroid ပေးထားလိုက်ပါတယ်။ နောက် ၃ရက်နေတော့ CP auto ပြန်လာစစ်ခိုင်းလိုက်ပါတယ်။ လောလောဆယ် အခြားရောဂါလက္ခဏာလည်း မတွေ့၊ လူနာကလည်း refer တာ မသွားတော့ steroid နဲ့ ခဏစောင့်ကြည့်။ platelet count မတက်လာရင် refer ထပ်လုပ်ဖို့ကြိုးစားမယ်။ တက်လာရင်တော့ Thrombocytopenia ကို further work up ဆက်လုပ်မယ့် အစီအစဉ်ရှိပုံရပါတယ်။ ၃ရက်နေတော့ လူနာက ကျွန်တော့ဆီ သွေးလာစစ်ပါတယ်။ သူ့ကိုလိုက်ပို့မယ့် သူ့သမီးက ညနေဘက် မအားလို့ မနက်ခင်းထိုင်တဲ့ ကျွန်တော့ဆီသွေးလာစစ်တာပါ။ အဲ့ဒီမှာ ကျွန်တော့်ခေါင်းထဲဝင်လာတာက MRCP အတွက် prepare လုပ်စဉ်က ဆရာဦးဖြိုးသီဟ သင်ပေးခဲ့တဲ့ အချက်တစ်ချက်ပါ။ “ ယောကျ်ားလေး ITP ဆို HIV ကို မမေ့နဲ့။ မိန်းကလေး ITP ဆို SLE ကို မမေ့နဲ့။” ဆိုတဲ့ စကားလေးပါ။ ကျွန်တော်လည်း
နည်းနည်းပါးပါး ထပ်မေးကြည့်တော့ အဆစ်အမြစ်ကိုက်တာ ၃/၄ လလောက်ရှိပြီဆိုတာ ထွက်လာပါတယ်။ သေချာထပ်မေးကြည့်တော့ Early morning stiffness လည်းရှိနေပါတယ်။ အဲ့ဒါနဲ့ လူနာကို သေချာရှင်းပြပြီး CP auto အပြင် ESR နဲ့ ANA( titre) ပါ ထည့်စစ်လိုက်ပါတယ်။ steroid လည်း ဆက်ပေးထားလိုက်ပါတယ်။အဖြေရလာတော့ CP auto မှာ Platelets count က 60 ကျော်သွားပါပြီ။ ESR က 45 ။ ANA က strongly positive (up to 1/1280 dilution) ပါ။ ဒါဆို သူ့ ITP က secondary ITP ပေါ့။ Underlying cause က SLE ဖြစ်နိုင်ပါတယ်။အဲ့ဒါနဲ့ လူနာကို steroid ကို dose ထပ်တိုး။ CP auto recheck ထပ်
လုပ်ပြီး ၊ENA profile စစ်ခိုင်းလိုက်ပါတယ်။ အဖြေတွေရလာတော့ CP auto recheck မှာ platelet က 270 ထိ တက်လာပါပြီ။ ENA profile မှာတော့ antibody ပေါင်းစုံ positive ပါ။ SLE ဖြစ်ဖို့များပါတယ်။ အဲ့ဒါနဲ့ လူနာကို သေချာရှင်းပြပြီး Rheumatologist ဆီ refer လိုက်ရပါတယ်။

ဒီ case မှာ

၁။ လူနာ ကျွန်တော်နဲ့ မတွေ့ဘဲ ညနေဘက်ထိုင်တဲ့ ဆရာမနဲ့ ဆက်ပြရင်
လည်း Diagnosis ရမှာသေချာပါတယ်။ Hematologist ဆီ ရောက်သွားရင်လည်း diagnosis ရမှာပါပဲ။ အဓိကက ဆရာဦးဖြိုးသီဟ ပြောခဲ့တဲ့ “ ယောကျ်ားလေး I ITP ဆို HIV ကို exclude လုပ်။ မိန်းကလေး ITP ဆို SLE ကို exclude လုပ်။ “ ဆိုတဲ့ စကားလေးကို မိတ်ဆွေတို့ကို ပြန်မျှဝေပေးချင်တာပါ။ကျွန်တော်လွန်ခဲ့တဲ့ ၇ နှစ်လောက်က မှတ်သားခဲ့တာက အရေးကြုံတော့ အသုံးဝင်သွားသလို မိတ်ဆွေတို့လည်း ကြုံကြိုက်ရင် အသုံးတည့်အောင်လို့ပါ။ Diagnosis ကတော့ ကျွန်တော့်နေရာမှာ အခြား physician တစ်ယောက်ဆိုရင်လည်း diagnosis ရလောက်ပါတယ်။

၂။ အသက် ၇၀ ကျော်လည်း SLE ဖြစ်နိုင်သေးတယ်ဆိုတာ သတိပေးချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်
လည်း အရင်တုန်းကဆို အသက် ၆၀ကျော်တွေကို ANA စစ်ဖို့ လက်တွန့်ခဲ့ဖူးပါတယ်။ ဒီအရွယ်တွေဆို SLE ဖြစ်ဖို့ ခဲယဉ်းသွားပြီလို့ထင်လို့ပါ။ နောက်ပိုင်း သက်ကြီးပိုင်း SLE တွေ တွေ့ဖူး၊ ကြုံဖူး၊ ခံရဖူးတဲ့ အတွေ့အကြုံတွေကြောင့်သာ ANA စစ်ဖြစ်တာပါ။ SLE ဟာ အသက်အရွယ်မရွေးဖြစ်နိုင်တယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

၃။ SLE မှာ skin manifestation , joint manifestation တွေက တော်ရုံနဲ့ miss ဖြစ်လေ့မရှိပေမယ့် vague symptoms တွေ ဥပမာ- prolonged fever, Fatigue, weight loss, hematological manipulations like hemolytic anemia, ITP စတာတွေဟာ မျက်စိလည်တတ်ပါတယ်။ ကျွန်တော်တို့ diagnosis ရတာရှိသလို လွတ်သွားတာတွေလည်း ရှိမှာပါ။ awareness ထားကြဖို့ တိုက်တွန်းလိုပါတယ်။

၄။ တကယ်တော့ ကျွန်တော်က physician အစစ်ကြီးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Internal medicine training မရှိလို့ပါ။ ဒါကို ကျွန်တော်ဝန်ခံပါတယ်။ ကျွန်တော်ခုမျှဝေတာတွေကိုလည်း knowledge sharing လို့တောင် ခေါင်းစဉ်မတပ်ပါဘူး။ Experience sharing လို့ပဲ ခေါင်းစဉ်တပ်ပါတယ်။ ကျွန်တော့်ကိုယ်တိုင်က ဆရာဝန်ချင်း knowledge ပြန် share နိုင်
လောက်အောင် ပညာဝမ်းစာမရှိသေးလို့ပါ။ ကျွန်တော့်ဆရာတွေ အမှတ်တမဲ့သင်လိုက်တဲ့ တစ်ခွန်းစ နှစ်ခွန်းစက မှတ်မှတ်ရရ လူတစ်
ယောက်ကို ကယ်လိုက်နိုင်တဲ့၊ ပြဿနာတစ်ခု ပြေလည်သွားစေတဲ့ ဖြစ်ရပ်လေးတွေကို ကျွန်တော်က ပြန်မျှဝေပေးတာပါ။ကျွန်တော်နဲ့ အပြင်မှာတွေ့တဲ့ မိတ်ဆွေတွေက ကျွန်တော့်စာတွေဖတ်ပြီး သူတို့အတွက် အကျိုးရှိ​ကြောင်းပြောတာကြားရတာလည်း ဝမ်းသာစရာပါပဲ။

အားလုံးအဆင်ပြေကြပါစေဗျာ။
အရင်နေ့တွေက ငလျင်ကိစ္စနဲ့ လူတွေ စိတ်သောကရောက်နေကြလို့ မျှဝေမှုတွေ ရပ်နားထားတာပါခင်ဗျ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

25/03/2025

# ကျီးပေါင်းကို ဘယ်လိုကုသလဲ။

ကျီးပေါင်းကုသရေးမှာ အရေးကြီးတာက

၁။ လေ့ကျင့်ခန်းလုပ်ဖို့အရေးကြီးတယ်။ ဆိုလိုတာ ကိုယ်လက်လှုပ်ရှားအားကစားလည်း လုပ်ဖို့လိုသလို၊ corrective exercise လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေ ( ဥပမာ- လည်ပင်းကျီးပေါင်းသမားတွေအတွက် လည်ပင်းလေ့ကျင့်ခန်းတွေ၊ ဒူးနာသမားတွေအတွက် လေ့ကျင့်ခန်းတွေ)လည်း လုပ်ဖို့လိုပါတယ်။ ကြွက်သားတွေ သန်မာမှ ( ဆိုလိုတာက local muscle strength တက်မှ) နာကျင်မှုဝေဒနာတွေ သက်သာပြီး အရိုးအဆစ်တွေ ဒဏ်
မပိမှာ။ နားလည်တဲ့ ပညာရှင်တွေ၊ Physiatrist ခေါ် ခန္ဓာကိုယ်ပြန်လည်ထူထောင်ရေးနှင့် သန်စွမ်းရေးအထူးကုတွေနဲ့ပါ ပြသင့်ရင်ပြရမယ်ဗျ။

၂။ လည်ပင်းအနေအထား၊ခါးအနေအထားမှန်ဖို့ အရေးကြီးတယ်။ ကားတောင် အလိုင်းမင်း မချိန်ရင် အတွင်းဘက်ခြမ်းတာယာတွေ စားသေးတာ မဟုတ်လား။ လူလည်း အနေအထားမမှန်ရင် အရိုးအဆစ်တွေ ဒဏ်ပိမယ်။ ကျီးပေါင်းပိုဆိုးမှာပေါ့။

၃။ ပါရာစီတမောကတော့ ဘေးကင်းတယ်။အစာအိမ်မထိဘူး။ ကျောက်ကပ်ဘာညာမထိဘူး။ အသည်းအခံကောင်းရင်၊ ကျောက်ကပ်အခံကောင်းရင် တစ်နေ့ ၆ ပြားထိ သောက်လို့ရပါတယ်။ အခြားအကိုက်အခဲပျောက်ဆေးတွေကတော့ ဘေးထွက်ဆိုးကျိုးရှိလို့ ဆရာဝန်ညွှန်မှ သောက်ပါ။ စပ်ဆေးတွေ မသောက်ပါနဲ့။

၄။အကိုက်အခဲပျောက်ဆေးလိမ်းဆေးတွေ လိမ်းလို့ရတယ်။ ဆေးပူက အချို့အရေပြားနုသူတွေဆို လောင်တတ်တယ်။ သတိထားဗျ။ ဆေးအအေးဆို ပိုအဆင်ပြေတယ်။

၅။ ရေနွေးအိတ်ကပ်တာ၊ ရေခဲကပ်တာ လုပ်လို့ရပါတယ်။ရေခဲက အရောင်ကျတယ်။ ရေနွေးက အကြောအခြင်ပြေလျော့စေတယ်ဗျ။ရောင်ပြီးနာရင် ရေခဲကပ်၊ အကြောတွေတင်းနေ၊ တက်နေရင် ရေနွေးအိတ်ကပ်ပါ။

၆။ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က intervertebral disc တွေကို သွေးစီးဆင်းမှုလျော့ကျစေလို့ပါ။

၇။ အဝမလွန်အောင် ထိန်းထားပါ။ ဝိတ်များလေ၊ အဆစ်တွေ ဝန်ပိလေပဲ။

၈။ ရေများများသောက်ပါ။

၉။ chiropractic တို့၊ အပ်စိုက်ကုထုံးတို့၊ massage တို့ လည်း သူ့နည်းသူ့ဟန်နဲ့ အကျိုးရှိတယ်လို့ ဆိုတယ်။ နားလည်တတ်ကျွမ်းတဲ့ professional နဲ့တော့ လုပ်ပါ။ တွေ့ကရာလူနဲ့ အနှိပ်
ခံ၊ အနင်းခံရင် ဘူးလေးရာ ဖရုံဆင့်သွားမယ်ဗျ။

၁၀။ အရမ်းဆိုးရင် ၊အထူးသဖြင့် အကြောညပ်တာ၊ ကျောရိုးအာရုံကြောမကြီး အဖိခံရတာတွေဖြစ်ရင် ခွဲစိတ်ကုသဖို့ လိုပါတယ်ဗျ။

ဒီလောက်ဆို ကျီးပေါင်းရောဂါအကြောင်း အတော်အသင့် သဘောပေါက်လောက်ပါပြီ။

အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

13/03/2025

အသည်းရောင်အသားဝါ A ပိုးအကြောင်း လိုတိုရှင်း

၁။ ဘယ်လိုကူးစက်သလဲ။

ရှင်းရှင်းပြောရင် ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ကူးနည်းအတူတူပဲလို့ မှတ်
လိုက်ဗျာ။ လက်မသန့်၊ ရေမသန့်၊ အစာမသန့်၊ အိမ်သာမသန့်၊ ယင်နားစာစား၊ လမ်းဘေးစာစားရင်ကူးမယ်ဗျ။ သေချာမဆေးကြော၊ မချက်ပြုတ်ထားတဲ့ Shellfish တွေ( ခရု၊ ကမာ၊ ယောက်သွား၊ ဂုံး) တွေကလည်း ကူးတယ်။

၂။ ဘယ်လို ကာကွယ်မလဲ။

အပေါ်ကဟာတွေ သာရှောင်ဗျ။ဒါအရှင်းဆုံးပဲ။

၃။ ဘာတွေ ခံစားရမလဲ။

အဖျားကြာတယ်။ ၁ ပတ်ကျော်တယ်။ မသိရင် တိုက်ဖွိုက်လိုလို ဘာလိုလို။ Relative bradycardia လည်း ရှိတတ်တယ်။ (ဆိုလိုတာ အဖျားကြီးသလောက် နှလုံးခုန်မမြန်ဘူး။ ပုံမှန်အားဖြင့်ဆို အဖျားကြီးရင် နှလုံးခုန်မြန်တတ်တယ်။)။ တော်တော်အန်တယ်။ ခံတွင်းတော်တော်ပျက်တယ်။ ဗိုက်အောင့်တယ်။ အချို့ ဝမ်းလျှောတယ်။
ခုနကဟာတွေက အသားမဝါခင်ဖြစ်တာ။ ဒီအဆင့်မှာ အသည်းရောင်အသားဝါလို့ ဘယ်သူမှ မသိနိုင်ဘူး။ ဆရာဝန်တွေလည်းအခြားရောဂါပဲထင်ကြမှာဗျ။
မျက်စိတွေဝါ၊အသားဝါမှပဲ ဪ ဒါအသည်းရောင်အသားဝါဖြစ်နေပါလား ဆိုပြီး သိဖို့များတယ်။

၄။ လူနာတွေက အသားတွေ ဝါလာရင် ကြောက်လန့်ကုန်ကြတယ်ဗျ။ အရမ်းမကြောက်ကြပါနဲ့။ ကျွန်တော့်အတွေ့အကြုံအရ အသားဝါပြီးရင် လူနာတော်တော်များများ နေလို့ကောင်းလာကြတာ၊ သက်သာလာကြတာများတယ်ဗျ။ အဖျားကျလာတယ်။ မအန်ကြတော့ဘူး။ ခံတွင်းပြန်ကောင်းလာတယ်ဗျ။ နောက်ပိုင်းရက်တွေမှာတော့ ဆီးအရောင်ရင့်တာ၊ ဝမ်းအရောင်ဖျော့တာ၊ အသားတွေယားတာလည်း ဖြစ်တတ်ပါတယ်။

၅။ အသည်းရောင်အသားဝါ A ပိုးက အချိန်တန်ရင် သူ့ဘာသာသူ ပြန်ကောင်းတယ်ဗျ။ ကိုယ်ခံအားက တိုက်လို့ ပြန်ကောင်းတာ။ အဲ့ဒါကြောင့် ခံတွင်းပျက်လည်းအာဟာရပြည့်အောင်စား။ကြိတ်မှိတ်သာစား။ ရေဓာတ်သေချာဖြည့်တင်း၊ ဓာတ်ဆားရည်သောက်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်သောက်ပါ။ ဆရာဝန်နဲ့ သေချာပြပါ။ အရက်ဆေးလိပ်၊ တိုင်းရင်းဆေးရှောင်ပါ။ အများစုက ပြန်ကိုကောင်းပါတယ်။

၆။ အသည်းရောင်အသားဝါ A ပိုးက နာတာရှည်မဖြစ်ဘူး။ အသည်းမခြောက်ဘူး။ အသည်းကင်ဆာမပြောင်းဘူး။ B ပိုး၊ C ပိုးနဲ့ မတူတာ အဲ့ဒါပဲဗျ။ B ပိုး၊ C ပိုးက ပြဿနာပိုကြီး၊အန္တရာယ်ပိုများတယ်ဗျ။

၇။ အသည်းရောင်အသားဝါ A ပိုး ကာကွယ်ဆေးရှိတယ်။ ၆ လခြားပြီးနှစ်ကြိမ်ထိုးရတယ်။ တစ်လုံးကို သိန်းဂဏန်းရှိတယ်။ ထိုးနိုင်ရင်ကောင်းတယ်။ သင်္ဘောသားတွေထိုးလေ့ရှိတယ်။( သူတို့ကတော့ ပင်လယ်ထဲရောက်မှ အသည်းရောင်အသားဝါထဖြစ်ရင် အဆင်မပြေဘူးလေ။)
တစ်ခုသေချာမှာချင်တာက ကာကွယ်ဆေးသည် ၂ ပတ်လောက်နေမှ ခုခံအားရမှာဖြစ်တယ်။ ဒီနေ့ ဆေးထိုး၊နောက်နေ့ လမ်းဘေးမှာ တုတ်ထိုးတွေ၊အသုပ်တွေ သွားစားလို့ကတော့ ၂ ပတ်လောက်နေရင် မျက်စိတွေအသားတွေဝါပြီး ဆေးခန်းရောက်သွားလိမ့်မယ်ဗျ😁။
ဆေးအားကိုးနဲ့ မမိုက်ပါနဲ့။

၈။ B ပိုးသတ်ဆေး၊ C ပိုးသတ်ဆေးရှိပေမယ့် A ပိုးသတ်ဆေးမရှိပါဘူး။လိုလည်း မလိုပါဘူး။

၉။ ဒါကတော့ Junior ဆရာဝန်မိတ်ဆွေ များအတွက်ပါ။ LFT အရမ်းတက်လေ့ရှိတယ်။ ALT ,AST အများကြီးကို တက်တတ်ပါတယ်။ မကြောက်ပါနဲ့။ Clinical response ကို သေချာဂရုစိုက်ပါ။ Symptomatic ( especially vomiting)သေချာကု၊ Dehydration သေချာ correct လုပ်ရင် အဆင်ပြေပါတယ်။ တစ်ခု အကြံပြုချင်တာက အခြား Differential တွေ exclude လုပ်ဖို့ပါ။ ( Example- Leptospirosis, Acute Hepatitis B infection )

အားလုံးအဆင်ပြေကြပါစေဗျာ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

09/03/2025

#သွေးလေးဖက်နာ ရှိတယ်။ ဘာတွေလိုက်နာရမလဲ။

၁။ ဆရာဝန်ညွှန်ကြားတဲ့ ရောဂါထိန်းဆေးတွေ မှန်မှန်သောက်ပါ။ မသောက်ရင် လက်ချောင်းတွေ ကောက်ပြီး ပုံပျက်သွားလိမ့်မယ်။

၂။ ရက်ချိန်းမှန်မှန်ပြပါ။ ဒီဆရာဝန် ငါ့ကို ခဏခဏချိန်းပြီး ပါးပါးလှီးနေတာ မဟုတ်ဘူးနော်။ ရောဂါ အရှိန်အတက်အကျကို သိပြီး ဆေးကို လိုသလို ညှိနိုင်အောင်၊ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို အချိန်မီသိပြီး ဆေးရပ်စရာရှိရင် ရပ်၊ ပြောင်းစရာရှိရင် ပြောင်းနိုင်အောင်ပါ။

၃။ ဆရာဝန်သွေးစစ်ခိုင်းရင် မှန်မှန်
စစ်ဖို့လိုပါတယ်။ရောဂါအရှိန်အတက်အကျကို သိဖို့၊ ဆေးအတိုးအလျှော့လုပ်နိုင်ဖို့ သွေးအဖြေသိမှ ရမှာပါ။

၄။ သွေးလေးဖက်နာ ရောဂါဟာ သွေးတိုးဆီးချိုလိုပဲ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာဖြစ်နိုင်ချေကို မြင့်တက်စေပါတယ်။ Independent risk factor for CVD ပါ။ လူနာတော်တော်များများ အဲ့ဒါကို မသိကြပါဘူး။ အဲ့ဒါကြောင့် သွေးလေးဖက်နာရှိမှန်းသိရင်
- ဆေးလိပ်ဖြတ်ပါ။
- အဆီအဆိမ့်( အထူးသဖြင့် ဝက်ဆီ၊ အမဲဆီ၊စားအုန်းဆီ ၊ margarine စတဲ့ပြည့်ဝဆီတွေ ရှောင်ပါ။
- သွေးတိုး၊ ဆီးချို မဖြစ်အောင် ထိန်းပါ။ သွေးတိုးဆီးချိုရှိရင် သေချာကုပါ။
- သွေးကျဲဆေးတွေ၊ အဆီကျဆေးတွေ သောက်နေတဲ့ လူနာတွေ ဆေးကို ကိုယ့်သဘောနဲ့ကိုယ် မရပ်ပစ်ပါနဲ့။
- အဝမလွန်ပါစေနဲ့။
- အသားငါးအသီးအရွက်အစုံစားပါ။
- မျှစ်တွေ၊ မှိုတွေ ပဲပင်ပေါက်တွေ ရှောင်စရာ မလိုပါဘူးဗျာ။
- အားကစားလုပ်ပါ။ အားကစားလုပ်လို့ရပါတယ်။ အရမ်း မပြင်းထန်တဲ့အားကစားတွေ လုပ်ပါ။

၅။ သွေးလေးဖက်နာရှိသူတွေဟာ သာမန်လူတွေထက်စာရင် အရိုးပွရောဂါဖြစ်ပွါးမှု ပိုများပါတယ်။ အဲ့ဒါကြောင့် ဆရာဝန်က ကယ်လစီယမ်နဲ့ vitamin D အားဆေးတွေ ပေးရင် သေချာသောက်ပါ။

၆။ သွေးလေးဖက်နာမှာ ပေးတဲ့ methotrexate,/ leflunamide/ sulfasalazine/ azathioprine စတဲ့ သောက်ဆေးတွေ၊ Infliximab/ Etanercept/ adalimumab စတဲ့ ဇီဝကုထုံးတွေ၊ baricitinib/ upadacitinib စတဲ့ ဆေးတွေအားလုံး ကိုယ်ခံအားကျစေတယ်ဗျ။ ဒါကြောင့် ရောဂါပိုးဝင်စေမယ့် အပြုအမူတွေရှောင်ရှားပါ။
လူစုလူဝေးသွားရင် mask တပ်ခြင်း၊
လမ်းဘေးစာ၊ ယင်နားစာတွေ ရှောင်ခြင်းတို့ဟာ ကောင်းတဲ့အမူအကျင့်တွေပါ။

၇။နောက်ပြီး သွေးလေးဖက်နာဆေးတွေသောက်နေရတဲ့လူနာတွေမှာ ရောဂါပိုးဝင်ရင် တော်တော်နဲ့ လက္ခဏာ မပြတတ်ဘူးဗျ။ အသိနောက်ကျတတ်တယ်။ အဲ့ဒါ ပြဿနာရှိတယ်ဗျ။ ဥပမာ- လူကောင်းတစ်ယောက် ဝက်ခြံတစ်လုံးပေါက်ရုံနဲ့ မျက်နှာကြီးတစ်ခုလုံး ရောင်ကိုင်းလာတာ အလွန်ဖြစ်ခဲတယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့ဆို ဝက်ခြံကို လက်
တောင် မဆေးဘဲ ညှစ်ချင်ညှစ်လိုက်သေးတာမဟုတ်လား😁။ ဒါပေမယ့် ဒီဆေးတွေပေးထားတဲ့ လူနာ ဝက်ခြံတစ်လုံးတည်းက အနာမကျက်ဘဲ cellulitis ကြီး ရလို့ ပိုးသတ်ဆေးပြင်းပြင်း ပေးရတာ ကြုံဖူးတယ်။
နောက်ပြီး သာမန်လူ အူအတက်ရောင်ရင် ဖျားမယ်၊ ဗိုက်အောင့်မယ်၊ အန်မယ်။ သွေးစစ်ရင် သွေးဖြူဥတွေများနေတာ၊ CRP လို့ခေါ်တဲ့ အရောင်ဓာတ်တွေ တက်နေတာစတဲ့ ပိုးဝင်ခြင်း၏လက္ခဏာတွေ တွေ့ရမယ်။ ဒါပေမယ့် သွေးလေးဖက်နာဆေးတွေ သောက်နေတဲ့သူတွေ အူအတက်ရောင်ရင် ခုနကဟာတွေ မတွေ့ရတော့ဘူးဗျ။ အဲ့ဒီတော့ ဆရာဝန်ဆုံးဖြတ်ချက် မှားတတ်တယ်။အချို့တွေဆို အူအတက်ရောင်ပြီး ပေါက်တော့မယ့်အထိကို လူနာက အဖျားမတက်၊ သွေးအဖြေမှာ WBC မတက်၊ CRP ထင်သလောက်မတက်တာ ၊ ဗိုက်ထင်သလောက် မအောင့်တာတောင် ရှိတယ်။ ခွဲစိတ်ဆရာဝန်တောင် ခွဲရမလို၊ မခွဲရမလိုဖြစ်သွားတာ။ On call ကြည့်ပေးတဲ့ သမားတော်ဆရာက clinical acumen ကောင်းလို့ သာပေါ့။ သူက လူနာ အူအတက်ရောင်နေကြောင်း၊ သွေးလေးဖက်နာဆေးတွေကြောင့် ရောဂါလက္ခဏာ ငုပ်လျှိုးနေတာသာဖြစ်ကြောင်း၊ ခွဲစိတ်မှုပြုလုပ်ရန် အထူးအကြံပြုလိုကြောင်း ရေးပေးလိုက်လို့ ခွဲခန်းဝင်လိုက်တော့မှ အူအတက်က ပေါက်တော့မယ့်ဆဲဆဲဖြစ်နေတာတွေ့ရတာ။ ဒါကြောင့် သွေးလေးဖက်နာဆေးတွေ သောက်နေတဲ့လူနာတွေ ရောဂါပိုးဝင်ပြီ။ ဖျားနာပြီ ဆိုရင် ဆရာဝန်ရော၊ လူနာရော မပေါ့ပါနဲ့ဗျ။ ဆေးခဏ ရပ်သင့်ရင်ရပ်ရမယ်။ ဆေးခဏပြောင်းသင့်ရင် ပြောင်းရမယ်ဗျ။

၈။ သွေးလေးဖက်နာဆေးတွေသောက်နေရတဲ့လူတွေမှာ ကိုယ်ခံအားက သာမန်ထက် လျော့နည်းနေတတ်တယ်။ အဲ့ဒီတော့ နောက်ပြဿနာက ကာကွယ်ဆေးတွေထိုးရင် ကာကွယ်ဆေးမအောင်တာ၊ ကိုယ်ခံအား မထွက်တာ ဖြစ်တတ်တယ်။ ဒါကြောင့် အချို့သွေးလေးဖက်နာဆေးတွေကို ကာကွယ်ဆေးထိုးပြီးရင် ခဏနားထားရတာမျိုးရှိပါတယ်။ အဲ့ဒါကြောင့် သွေးလေးဖက်နာသောက်နေသူတွေ ကာကွယ်ဆေးထိုးရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

၉။ တိုင်းရင်းဆေးတွေ မသောက်ပါနဲ့။

အားလုံးအဆင်ပြေကြပါစေဗျ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

Address

Kamayut

Telephone

+959776212632

Website

Alerts

Be the first to know and let us send you an email when ဆုလာဘ်-၂အထွေထွေရောဂါကုဆေးခန်းနှင့် ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram