
29/06/2025
GMA Group of Companies ၏ Group CEO Dr KYI SWE TIN သည်
မန္တလေးမြို့တွင် KBZ GROUP မှ ဦးဆောင်ဦးရွက်ပြုသည့်ငလျင်ဒဏ်သင့်ပြည်သူများအတွက်တည်ထောင်ထားသည့် KBZ CENTER MANDALAY တွင် လိုအပ်သည့်
Digital Flat Panel Detector (ဓာတ်မှန်ပုံရိပ်ဖမ်းစက်နှင့်) Imager (ဖလင်ထုတ်စက်) 1 လုံး လှူဒါန်းခဲ့ပါသည်။
ထို့အတွက် ကျွန်မတို့၏ Flat Panel Detector ထုတ်လုပ်သည့်
World Second Largest FPD Factory ဖြစ်သည့် *VIEWORKS* နှင့် Asia Pacific(Taiwan) Branch ဖြစ်သည့် New Medical Imaging Co.,Ltd တို့သည်လဲ Earthquake Relief အတွက် ပါဝင်လှူဒါန်းမှုပြုလုပ်လိုပါသည်ဟု အကြောင်းကြားလာပါသဖြင့်လှူဒါန်းသည့် FPD တန်ဖိုးထက်ဝက်ကို New Medical Imaging ဘက်မှ ကျသင့်ခံခဲ့ပါသည်။
ဤကဲ့သို့ မြန်မာပြည်သူများအတွက် စိတ်အားထက်သန်စွာကူညီလှူဒါန်းပေးသော Supplier များနှင့် ပူးပေါင်းလှူဒါန်းရသည့်အတွက်လဲ အထူးပင်ဝမ်းမြောက်ကြည်နူးစွာ ကျေးဇူးတင်ရပါတယ်ရှင် ။
ထို့အပြင် KBZ CENTER MANDALAY ၏ X-Ray Room ကိုလဲ စံချိန်းစံညွှန်းများနှင့်ပြည့်မှီစေရန်၊
အဆင်ပြေမှန်ကန်စွာ
တပ်ဆင်အသုံးပြုနိုင်ရန်အတွက်လဲ
GMA Mandalay Branch မှ မန်နေဂျာနှင့် အင်ဂျင်နီယာများမှ တတ်အားသရွေ့ကူညီတပ်ဆင်ဆောင်ရွက်ခဲ့ပုံများအားလည်း
မိဘပြည်သူများ ကြည့်ရှုနိုင်ရန် သဒ္ဓါပီတိပွါးများစေရန် တင်ပြလိုက်ရပါတယ်ရှင်