SUN ဆေးဆိုင်

SUN  ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SUN ဆေးဆိုင်, Medical Center, ဘူတာလမ်း, Kanbalu.

ဂျပန်ခေတ်တုန်းကပေါ့… ဈေးတစ်ခုထဲကိုဂျပန်စစ်သားတွေဝင်လာတယ် အဲမှာ ဈေးရောင်းနေကြတဲ့ မြန်မာဈေးသည်တွေလဲ မျက်နှာမှာသွေးမရြှိ...
10/08/2022

ဂျပန်ခေတ်တုန်းကပေါ့… ဈေးတစ်ခုထဲကိုဂျပန်စစ်သားတွေဝင်လာတယ် အဲမှာ ဈေးရောင်းနေကြတဲ့ မြန်မာဈေးသည်တွေလဲ မျက်နှာမှာသွေးမရှိကြတော့ဘူးလန့်နေကြတာပေါ့…

အဲ့ဒီအချိန်မှာဟင်းရွက်ကန်ဇွန်းရွက်ရောင်းတဲ့လူကို ဂျပန်ဗိုလ်ကြီးကမြန်မာစကားပြန်နဲ့မေးခိုင်းတယ်…

မင်းဘာအတွက်ဈေးရောင်းနေတာလဲတဲ့… ဈေးသည်လဲကြောက်ကြောက်နဲ့ ကိုယ့်ဝမ်းစာအတွက်ရောင်းနေတာပါလို့ ပြန်ဖြေလိုက်တယ်…

ဂျပန်ဗိုလ်ကြီးမျက်နှာပျက်သွားပြီး ဈေးဗန်းကိုစောင့်ကန်ချလိုက်ပြီး ဈေးသည်ကိုဂျပန်ပါးရိုက်နည်းနဲ့ မိတ်ဆက်ပေးလိုက်တယ်…

ဈေးသည်ကထူပူပြီးစကားပြန်ကြီးကိုမေးတယ်…ခများဘာများမှားပြောလိုက်လဲတဲ့ စကားပြန်ကြီးကလဲ ကျွန်တော်ခများပြောတဲ့အတိုင်းပဲ တိတိကျကျပြောလိုက်တာပါလို့ ပြောပါတယ်…

အဲဒီမှာ ဂျပန်ဗိုလ်ကြီးက စကားပြန်ကြီးကိုပြန်ပြောခိုင်းလိုက်တယ် …
မင်းဈေးရောင်းတာ မင်းတိုင်းပြည်အတွက်ပဲဖြစ်ရမယ်တဲ့…

အမှန်ပဲ…ဂျပန်တွေရဲ့ခံယူချက်က သူတို့ဘာလုပ်လုပ်သူတို့ဝမ်းစာအတွက်ထက် တိုင်းပြည်အတွက်အဓိကကြည့်တာ ကျွန်တော်တို့အသိဆုံးပါ…

ဒီကနေ့ဒီအချိန် ဂျပန်ပစ္စည်းဆိုရင် မူလီလေးတစ်လုံးကအစ အဟောင်းတောင်တန်ဖိုးရှိပါတယ်… တရုတ်ထုတ်ပစ္စည်းအသစ်နဲ့ ဂျပန်ပစ္စည်းအဟောင်းနဲ့ဆို ကျွန်တော်တို့အားလုံး ဂျပန်စက်အဟောင်းကိုပဲယူဖြစ်မှာအသေချာပါ…

ဂျပန်တွေကတစ်ကယ်မျိုးချစ်ကြတယ်…သူတို့လူမျိုးကိုနာမည်တစက်အပျက်မခံဘူး… ကျွန်တော်တို့တိုင်းပြည်ကိုလဲ သူတို့အုပ်ချုပ်တုန်းက စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကို နည်းမျိုးစုံနဲ့ပြင်ပေးခဲ့ပါတယ်…

ဒါပေမယ့်နှိပ်စက်တယ်လို့မြင်ပြီးမပြင်ခဲ့ကြဘူး အခုချိန်ထိဒီအကျင့်ဆိုးကြီးတွေ လူအချို့မှာကပ်ညှိနေတယ်…

ငါဈေးရောင်းတာငါ့မိသားစုချမ်းသာဖို့ အခြားလူတွေဒုက္ခရောက်ရင်ရောက်ပါစေ… ခေတ်ပျက်တုန်းရှာရတာဆိုပြီး ကိုယ့်တိုင်းပြည်ကပြည်သူအချင်းချင်း ဂုတ်သွေးစုပ်အမြတ်ထုတ်ကျတဲ့ လူတွေအများကြီးရှိနေတယ်…

ကိုဗစ်စဖြစ်တော့ Mask. တွေဈေးတင်ရောင်းတယ်… နွေဦးတော်လှန်ရေးမှာဆန္ဒထုတ်ဖော်ပြီး အပြန်ကားငှားရခက်တော့ ကားခတွေမတရားတိုးတောင်း …
(မှတ်ချက်ပရဟိတ Taxi. ဆရာအများအပြားလဲရှိပါတယ်) အချို့မတရားတောင်းခဲ့တဲ့ကားသမားတွေကို ဆိုလိုခြင်းဖြစ်တယ်

အခုကိုဗစ်တတိယလှိုင်းက အရမ်းကြမ်းတယ်…အများပြည်သူတွေကူရာမဲ့နေကြတဲ့အချိန်မှာ ဆေးဆိုင်တွေဈေးတင်ရောင်းကြတယ်…

အောက်ဆီဂျင်လိုအပ်လာမှန်းသိတော့ အောက်ဆီဂျင်နဲ့ပက်သက်တဲ့ပစ္စည်းတွေ ဈေးတွေမယုံနိုင်လောက်အောင်ကြီးသွားတယ်…

မဝယ်နိုင်လို့ အောက်ဆီဂျင်မရှုရပဲ သေသွားတဲ့လူတွေအများကြီး…
ကျွန်တော်ပြောချင်တာ လှူခိုင်းနေတာလဲ
မဟုတ်ဘူး ခင်ဗျားတို့ရဲ့ဝမ်းစာအတွက်လဲ
ရှာပါ…တိုင်းပြည်ကကိုယ့်ပြည်သူတွေ
အချင်းချင်းဂုတ်သွေးစုပ်တာလဲရပ်တန်းက
ရပ်ပါ…ရှက်တက်ကြပါ ငါ့မိသားစုချမ်းသာဖို့ထက် ငါ့တိုင်းပြည်ကလူတစ်ဦးချင်းစိတ်ချမ်းသာဖို့ကိုငါရှာမယ်ဆိုတဲ့စိတ်ကိုများများမွေးကြပါ…

ဂျပန်တွေရဲ့စိတ်ဓာတ်ကိုအတုယူရင်း ကျွန်တော်တို့တိုင်းပြည်ကြီးကို ကျွန်တော်တို့လှပတဲ့ အရောင်လေးတွေ ချယ်လိုက်ကြရအောင်… မတရားဂုတ်သွေးစုပ်တဲ့လူတွေကို အသက်အသေခံပြီး
အားမပေးတာတွေလုပ်မယ်… ရွံရှာတဲ့အကြည့်ဖြစ်ဝိုင်းကြည့်ကြမယ်ဆိုရင်

နောင်လာနောက်သားတွေအတွက် ပြောင်းလဲမှုလေး ဖြစ်လာနိုင်ပါတယ်လို့ပြောချင်ပါတယ်…

ကျွန်တော့်စာရေးဆရာ လဲမဟုတ်ပါဘူး… ရင်ထဲကလာတဲ့စာကိုချရေးထားတာဖြစ်တဲ့အတွက် မှားတာရှိရင်စေတနာအမှားလို့
မြင်ပြီးခွင့်လွှတ်ပေးကြပါ
ဒီကပ်ဆိုးကြီးကနေလဲအမြန်လွတ်ကင်းနိုင်ကြပါစေ…လူလူချင်း တန်ဖိုးထားနိုင်ကြပါစေဗျာ….



မိန်းကလေးအများစုက ကိုယ့်ထက် အသက်ကြီးသူကို ပိုင်ဆိုင်ခွင့်ရရင် အကိုလို အဖေလိုကြင်နာမှုရမယ်လို့  ယုံကြည်ကြတယ်။🌹ကိုယ့်ထက် ပ...
07/08/2022

မိန်းကလေးအများစုက
ကိုယ့်ထက် အသက်ကြီးသူကို
ပိုင်ဆိုင်ခွင့်ရရင် အကိုလို အဖေလို
ကြင်နာမှုရမယ်လို့ ယုံကြည်ကြတယ်။🌹

ကိုယ့်ထက် ပညာတတ်သူကို ရရင်
အဖက်ဖက်က ကိုယ့်ကို
လမ်းညွှန်ပေးနိုင်မယ်လို့ ယုံကြည်ကြတယ်။🌹

ကိုယ့်ထက် ငွေကြေး ချမ်းသာသူကိုရရင်
ပေါပေါများများ သုံးရမယ်
စိတ်ချမ်းသာမယ်လို့ ယုံကြည်ကြတယ်။🌹

ကိုယ့်ထက် ရာထူးပါဝါကြီးသူကို ရရင်
အရာရှိကတော် ဆိုတဲ့ ဂုဏ်ပုဒ်မှာ
တင့်တယ်တယ်လို့ ယုံကြည်ကြပြန်တယ်။🌹

တကယ်တော့
ယောက်ျားတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရပြီး
စိတ်ရောလူပါ အေးချမ်းစေဖို့ရာ
တစ်ဘဝစာ အတွက် လက်တွဲဖို့ရာမှာ
အသက်ကြီးခြင်း ငယ်ခြင်း
ပညာတတ်ခြင်းမတတ်ခြင်း
ရာထူးရှိခြင်း မရှိခြင်း
ပိုက်ဆံရှိခြင်း မရှိခြင်းနဲ့ မဆိုင်ပါဘူး။🌹

ယောက်ျားတစ်ယောက်ဟာ
ကိုယ်ပိုင် အရည်အချင်းရှိရမယ်။
ရှိတဲ့အရည်အချင်း အပေါ်မှာ မူတည်ပြီး
ကောင်းမွန်သော ဘဝ ရပ်တည်မှုအတွက်
အသုံးချတတ်ရမယ်။
စစ်မှန်တဲ့ မေတ္တာစိတ် ရှိမယ်။🌹

အဓိက
အမေ နှမချင်း ကိုယ်ချင်းစာစိတ်
အပြည့်အဝရှိတဲ့ သူကို ပိုင်ဆိုင်ခွင့်ရမယ်ဆို
မင်းဟာကံကောင်းသူပါပဲ။🌹

လေးစားစွာဖြင့်🌹 Crd Juu

လောလောဆယ် ဘာရောဂါမှ ထွေထွေထူးထူး မရှိပါဘူး ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဘာတွေ လုပ်ထားရမလဲ လို့ မေးတတ်ကြပါတယ် ဆရာမကြီး ပြောပြထ...
07/08/2022

လောလောဆယ် ဘာရောဂါမှ ထွေထွေထူးထူး မရှိပါဘူး ကြိုတင် ကာကွယ်တဲ့အနေနဲ့ ဘာတွေ လုပ်ထားရမလဲ လို့ မေးတတ်ကြပါတယ်

ဆရာမကြီး ပြောပြထားတာတွေထဲက မှတ်မိသလောက် ပြန်ပြောပြပါမယ် လိုအပ်တာရှိရင် ပြောကြပါ

၁။ နွားနို့ သကြား အချိုမှုန့်၊ အချိုရည် အချိုသီး ခေါက်ဆွဲခြောက် တာရှည်ခံ အစားအစာ၊ ဂျုံ ကောက်ညှင်း ဖြူဖွေးနေတဲ့ ဆား၊ ဆီကြော် အစားအစာ လျော့စားပါ ရှောင်ပါ
၂။ rock salt (or) sea salt (or) ဆားကြမ်း (အညိုရောင်ဆား) သုံးပါ
၃။ မနက်စောစော ၁၅ မိနစ် နေပူစာ လှုံပါ
၎။ ချွေးထွက်အောင် နေ့စဉ် မိနစ် ၃၀ ခန့် လေ့ကျင့်ခန်းလုပ် (သို့) လမ်းသွက်သွက်လျောက်ပါ
၅။ အရွက်စိမ်းကြိတ်ရည် အရိုးပြုတ်ရည် သောက်ပါ
၆။ ဆနွင်း လ္ဘက်ရည်ဇွန်း တဝက်ကို သံလွင်ဆီ (သို့) cod liver oil တဇွန်းနဲ့ ထမင်းစားပြီးတိုင်း သောက်ပါ
၇။ apple cider vinegar လ္ဘက်ဇွန်း တဇွန်း ရေ တဖန်ခွက်နဲ့ ရောပြီး ထမင်းမစားခင် သောက်ပါ
၈။ Vitamin d3 5000 iu နဲ့ super k တလုံး
၉။ probiotic 20 billion (တလုံးမှာ ဘယ်လောက်ပါလဲ ကြည့်သောက်ပါ)
၁၀။ Omega 3 fish oil (or) cod liver oil (DHA 500, EPA 400 ပါဝင်တာ)
၁၁။ magnesium malate (or) citrate 400 mg (တလုံးမှာ ဘယ်လောက်ပါလဲ ကြည့်သောက်ပါ)
၁၂။ super selenium complex 200 mcg တလုံး
၁၃။ zinc 50 mg တလုံး

၁ ကနေ ၄ အထိ လိုက်နာရင်တောင် မလိုက်နာသူထက် အများကြီး ကျန်းမာတာကို တွေ့ရမှာပါ
ဘာဆေးမှ မသောက်ချင်လို့ ၁ ကနေ ၇ အထိပဲ လိုက်နာမယ် ဆိုရင်လဲ ၄ အထိပဲ လိုက်နာသူထက် ပိုကျန်းမာမှာပါ

လိုက်နာချင်တယ် လုပ်ဖို့ မအားဘူး ဆိုသူများလည်း အဆင်ပြေသလို ရသလောက် လိုက်နာကြပေါ့ something is better than nothing ဆိုတဲ့ စကားပုံလိုပေါ့

ဥပမာ
အရွက်ကြိတ်ဖို့ မအားရင်လဲ အရွက် များများ စားပေးပေါ့
အရိုးပြုတ်နည်းအတိုင်း အတိအကျ မလုပ်နိုင်ရင်လဲ အရိုးပြုတ် ဟင်းချို မကြာခန လုပ်သောက်ပေါ့ မပြုတ်ခင်မှာ အာဟာရတွေ ထွက်လာအောင် apple cider vinegar ပန်းကန်လုံး တဝက်လောက် (၁၀၀ ml ခန့်) ရောထားတဲ့ ရေနဲ့ တနာရီလောက် စိမ်ထားပြီးမှ ဟင်းချို ချက်ပေါ့
ဆနွင်းက သံလွင်ဆီ မရှိလဲ ရှိတဲ့ဆီနဲ့ ဖျော်သောက်လို့ ရပါတယ် Cod Liver Oil နဲ့ ဖျော်သောက်ရင်တော့ Omega 3 fish oil သောက်စရာ မလိုတော့ဘူးပေါ့
ဆေးတွေ အများကြီး မသောက်ချင်ဘူး တမျိုးပဲ သောက်ချင်တယ်ဆိုရင်တော့ D3 5000iu တလုံး သောက်ပါ၊ နောက်တမျိုး တိုးချင်ရင် super k သောက်ပါ ကျန်တာတွေလဲ အစဉ်လိုက် တိုးသောက်သွားလို့ ရပါတယ်

အရွက်စိမ်းကြိတ်ရည် ပြုလုပ်နည်း
၁။ဂေါ်ဖီပန်းဖြူ (ကင်ဆာ ကာကွယ်)
၂။ဂေါ်ဖီပန်းစိမ်း(ကင်ဆာ ကာကွယ်)
၃။ဂေါ်ဖီထုပ်(ကင်ဆာ ကာကွယ်)
၎။ခရမ်းရောင် ဂေါ်ဖီထုပ်(ကင်ဆာ ကာကွယ်)
၅။ဂေါ်ဖီထုပ် အသေး(ကင်ဆာ ကာကွယ်)
၆။ရဲယိုရွက် (သွေးပေါင်ကျသူ သွေးထွက်အနာ ရှိသူ မသောက်ရပါ)
၇။ဘေဘီ မုံညှင်း
၈။ရေမုံညှင်း
၉။ခရမ်းချဉ်သီး
၁၀။မုံလာဥနီ
၁၁။ဒန့်ဒလွန်ရွက်
၁၂။ကိုက်လံ
၁၃။တရုပ်နံနံ (သွေးတိုးကောင်း၊သွေးပေါင်ကျသူ သွေးထွက်အနာ ရှိသူ မသောက်ရပါ)
၁၄။ပူစီနံ
၁၅။မြင်းခွာရွက်
၁၆။ဟင်းနုနွယ်
၁၇။သဘောင်္ရွက်

၁။ အားလုံး ဝယ်လို့ မရလဲ ရသလောက် ဝယ်ပါ
၂။ ရေများများနဲ့ ဆေးပါ
၃။ ရေဇလုံထဲကို ရေ တဂါလံကို ရှာလကာရည် တဇွန်းနှုန်း ခန့်မှန်းထည့်ပြီး ၅ မိနစ်ခန့် စိမ်ထားပါ (ပိုးသတ်ဆေးများ စင်ရန် ဖြစ်ပါတယ်)
၎။ ရေများများနဲ့ ထပ်ဆေးပါ
၅။ အားကောင်းတဲ့ ကြိတ်စက် (blender)နဲ့ ရေအနည်းငယ် ထည့်ပြီး ကြိတ်ပါ၊
ထမင်းစားပြီး သောက်ပါ

အရိုးပြုတ်ရေ လုပ်နည်း

၁. အမဲရိုး ၃ - ၄ ပေါင် အဆစ်ရိုး ၊ ချဉ်ဆီရိုး ( ကြက်ရိုး ၊ ဆိတ်ရိုး နှင့် အစားထိုးနိုင်ပါသည် )
၂. ရင်ရိုးများ short ribs
၃. ပန်းသီးရှာလကာရေ apple cider vinegar ½ cup (ပန်းကန်လုံး တဝက်ခန့် ၁၀၀ ml ခန့်) ထည့်ဖို့ အရေးကြီးပါသည်။
အရိုး မှာ ရှိ တဲ့ အာနိသင်ဓာတ် တွေ ကို ဟင်း ချို ထဲ ရောက် အောင် လုပ် ပေး မှာ ဖြစ် ပါ တယ်။
၎. 4 quarts of water ( 1quart = 4 cups ) (၄ ပုလင်းခန့်)
၅. တရုပ်နံနံ ၃ ချောင်း celery halved
၆. ဥနီ ၃ ချောင်း carrot halved
၇. ကြက်သွန်နီ ၃ ဥ လေးစိတ်စိတ်
၈. Sea salt or Rock salt
9. Fresh parsley (နံနံပင် နဲ့ အစားထိုးနိုင်ပါသည် )

ပြုတ်နည်း
ရှေးဦးစွာ အရိုးတွေကို သန့်စင်သွားစေရန် ရေထဲမှာ ရှာလကာရေ ထည့်ပြီး ဆေးပြစ်ပါ။ ပြီးရင် ရေနဲ့ တစ်ခါထပ်ဆေးပါ။
အရိုးတွေကို အိုးထဲမှာ ထည့်ပါ။
Apple cider vinegar ပန်းသီး ရှာလကာရေနဲ့ ရေထည့်ပါ။ တစ်နာရီ ခန့် စိမ်ထားရင် အရိုးထဲမှ ကိုယ်လိုချင်တဲ့ အကျိုးပြု မဲ့ ဓာတ်တွေ အားလုံး စိမ့်ထွက်လာပါလိမ့်မယ်။
အရိုးမြုပ်တဲ့အထိ ရေထည့်ဖို့ လိုရင် ထပ်ထည့်နိုင်ပါတယ်။
အထက်ဖော်ပြပါ ဟင်းသီးဟင်းရွက်များကို ထည့်ပြီး ဆူအောင် တည်ပါ။
အပေါ်ကို ဝေတက်လာသော အမြှုပ် မဲမဲတွေကို ဇွန်းနဲ့ ဖယ်ပြစ်ပါ။ ဒါ တွေဟာ မသန့်ရှင်းသော အရာများ ဖြစ်ပါသည်။ (impurities)
ဆူလာသည့်အခါ မီးကို လျော့ချ လိုက်ပြီး မီးအေးအေး နဲ့ တည်ထားလိုက်ပါ။
ကြာလေ ကောင်းလေ ဖြစ်ပါတယ်။
အရိုးထဲက ဓာတ်မျိုးစုံဟာ တဖြေးဖြေးနဲ့ စိမ့်ထွက်မှာ ဖြစ်ပါတယ်။ အချို့တွေဆိုရင် ၂၄ နာရီလောက်တောင် မီးဖြေးဖြေးလေးနဲ့ ပြစ်ထား လိုက်ကြပါတယ်။
ချခါနီး ၁၀ မိနစ်လောက် အလိုမှာ parsley or နံနံပင် ထည့်လို့ရပါပြီ။ မွှေးပြီး အရသာလည်းရှိ ၊ အာနိသင်တွေလည်း အပြည့် ဖြစ်ပါတယ်။
အအေးခံထားပါ။ အရိုးတွေနဲ့ ဟင်းရွက်တွေကို ဇကာနဲ့ စစ်ချ လိုက်ပါ။
ထွက်လာတဲ့ ချဉ်ဆီတွေကို အရိုးပြုပ်ရေထဲ ပြန်ထည့်ပေးပါ။
Sea salt or Rock salt ကို မိမိ နှစ်သက် သလောက် မြီးကြည့်ပြီး ထည့်နိုင်ပါတယ်။
အရိုးပြုပ်ရေ သောက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။
slow cooker ရှိသူများအတွက် အလွန် သင့်တော်ပါသည်။ ပြစ်ထားလိုက်လို့ ရလို့ပါ။
ပိုနေတာကို ရေခဲသေတ္တာထဲမှာ ထည့်ထားရင် ၅ -၇ ရက် ခံပါတယ်။
Freezer ဆိုရင် ၆ လ ခံပါတယ်။
မိတ်ဆွေများ အားလုံး အရိုးပြုပ်ရေများ သောက်ကြပြီး ကျန်းမာ လာ ကြ ပါ စေ။
(အရိုးပြုပ်ရေ ဟာ ဥဏှောက် နဲ့ အာရုံကြော ရောဂါ ဖြစ် နေ တဲ့ သူ များ အတွက် အလွန် သင့် တော် ပါ တယ်)။
အဖေ အမေ အဖိုး အဖွား အကုန်လုံးကို တိုက်ပါ။
ဗီတာမင်တွေ ဝယ်ပြီး သောက်ရန် မတတ်နိုင်သူများ အရိုးပြုတ်ရေကို သောက်ကြပါ။
ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။
Credit... ဖြည့်စွက်စာတမျိုးခြင်းအကြောင်းစာအုပ်မှ

26/06/2019
ရွှေဆန်းသစ် ဘာကြောင့် လူကြိုက်များလဲ. သိလား ဦးရေအေးတယ်  ဆံပင်ကျွတ်ခြင်းကိုသိသိသာသာလျှော့နည်းစေတယ်.  ဗောက်ပျောက်တယ်. နှစ်...
25/06/2019

ရွှေဆန်းသစ် ဘာကြောင့် လူကြိုက်များလဲ. သိလား

ဦးရေအေးတယ် ဆံပင်ကျွတ်ခြင်းကိုသိသိသာသာလျှော့နည်းစေတယ်. ဗောက်ပျောက်တယ်. နှစ်ခွပျောက်တယ်.ဆံပင်အသစ်ထွက်တယ်. ဆံပင်ရှည်မြန်တယ်.

ရွှေဆန်းသစ် ဟာ သဘာဝ ကင်ပွန်းသီး. ရှားစောင်းလက်ပက် . သခွားသီး သံပုရာသီး ထောလပတ်ရွက်.ကြက်ဥ.ပျားရည် သံလွင်ဆီ စသည့် သဘာဝပစ္စည်း များနဲ့သာ ထုတ်လုပ်ထားပါသည်

၉၀ % သဘာဝအသီးအရွက်များဖြင့် ဖော်စပ်ထုတ်လုပ်ပြီး .ကြာရှည်ခံပြီး ပုတ်ခြင်း ကင်းဝေအောင်သာ ဓာတုခေါင်းလျှော်ရည်တွေ မှာ အသုံးပြုတဲ့ ဓာတုကုန်ုကြမ်း ၁မျိုးထဲကိုသာ ၁၀% ထည့်သွင်းအသုံးပြုထားသည့်အတွက် . တခြားဓာတုခေါင်းလျှော်ရည်များထက် ဦးရေအေးမြမှု့ကို ပေးစွမ်းကာ ဆံပင်ကျွတ်ခြင်းကို ထိန်းချုပ်ပေးနိုင်ခြင်း ဖြစ်ပါတယ်

၁၀%ဓာတု ဆေးဝါးမှာလည်း ကလေးခေါင်းလျှော်ရည်များတွင်းပါဝင်သည့် ခေါင်းလျှော်ရည် အခြေခံ ကုန်ကြမ်း ဖြစ်သည့် အတွက်. သားသားမီးမီးများပါ သုံးစွဲနိုင်ပါသည်လို့ ရဲရဲဝင့်ဝင့် အာမခံပေးထားတာပါ .

ရွှေဆန်းသစ်​ ​ခေါင်း​လျှော်​ရည်​ ၁ ဘူး ၃၅၀၀
လက်​ကား​ဈေး သီးသန့်​ရှိသည်

ဆံကေသာ အတွက် စိတ်ဆင်းရဲရတာ ဘာကြောင့်လဲ...???ဆံပင်ကို ကောက်လိုက် ဖြောင့်လိုက် လုပ်မိလို့ ပျက်စီးသွားတာလား...ဆံပင်ကို ခဏခဏ...
25/06/2019

ဆံကေသာ အတွက် စိတ်ဆင်းရဲရတာ ဘာကြောင့်လဲ...???
ဆံပင်ကို ကောက်လိုက် ဖြောင့်လိုက် လုပ်မိလို့ ပျက်စီးသွားတာလား...
ဆံပင်ကို ခဏခဏ အရောင်ဆိုးမိလို့ ဆံပင်တွေ အရမ်းကြမ်းတမ်းသွားလို့လား...
အလုပ်ခွင်ကြောင့် ဦးခေါင်းထဲ ဖုန်/အမှိုက်တွေ ခဏခဏကိန်းအောင်မှုကြောင့် ဆံပင်တွေ ကျွတ်ကျကုန်ပြီလား ဖောက်ထနေလို့လား....
မိုးမိလို့ မိုးရေနဲ့ချွေးတွေရောပြီး ယားယံမှုတွေ ခံစားရလို့လား ဘီးဖီးတဲ့အခါ ဆံပင်တွေပြတ်ကျသွားပြီလား...
အရင်က ရွေးချယ်မှု မှားခဲ့တဲ့ အခြားသော ခေါင်းလျှော်ရည်ကြောင့် ဆံပင်ကျွတ်နေလား / နှစ်ခွတွေလား / နီကြောင်ကြောင်ဖြစ်သွားလား / ဖောက်တွေထနေလား .... ???????????
@@@
........ သဘာဝစစ်စစ် သစ်သီး သစ်ရွက် သစ်ဖုလေးတွေ မြန်မာနည်း မြန်မာဟန် နည်းစနစ်တွေနဲ့ ထုတ်လုပ်ထားတဲ့
# # # # # ရွှေဆန်းသစ် သဘာဝ ခေါင်းလျှော်ရည် နဲ့ ဆံပင်သန်ပေါင်းဆီ က မိတ်ဆွေတို့ အခက်အခဲ ပြသနာ မှန်သမျှ ကို ဖြေရှင်းပေးနေပါတယ် # # # # #

ရွှေဆန်းသစ်​ ​ခေါင်း​လျှော်​ရည်​ ၁ ဘူး ၃၅၀၀
ရွှေဆန်းသစ်​ ဆံပင်​​ပေါင်း​ဆေးဆီ ၁ ဘူး ၄၀၀၀
လက်​ကား​ဈေး သီးသန့်​ရှိသည်

25/06/2019

ပိုင်ဖြိုးသု တစ်ယောက်ကတော့ အမျိုးသမီးများအတွက်
သန့်ရှင်းရေးဂရုစိုက်ဖို့ ကျန်းမာရေးအသိပေးနေပြီနော်…။ မိန်းမကိုယ်သန့်ရှင်းရေးအတွက် မည်သည့်အချက်တွေ
လုပ်ဆောင်ရမယ်ဆိုတာ သင်သိလိုပါသလား…။ ဗီဒီယိုလေးကို
ဖွင့်ပြီး အဆုံးထိကြည့်လိုက်ကြရအောင်…။

Tynor  Cervical Aids-လည်ပင်းကျီးပေါင်းတက်သူများ-တနေကုန် စာရင်းအင်းများ၊ စက်ရုံအလုပ်ရုံများတွင် ခေါင်းငုံ့အာရုံစိုက်ပြီးအ...
11/06/2019

Tynor Cervical Aids

-လည်ပင်းကျီးပေါင်းတက်သူများ
-တနေကုန် စာရင်းအင်းများ၊ စက်ရုံအလုပ်ရုံများတွင် ခေါင်းငုံ့အာရုံစိုက်ပြီးအလုပ်လုပ်ရသူများ
-ကွန်ပျူတာတချိန်လုံးအသုံးပြုရသူများအတွက် လည်ပင်းကြွက်သားများတောင့်တင်းနာကျင်နေတာတွေကိုသက်သာစေပါတယ်။
-ခေါင်းအုံ ခေါင်းကိုက်ခြင်းများကိုလည်းသက်သာစေပါတယ်။

လည်ပင်းကျီးပေါင်းတက်သူများအတွက် လည်ပင်းကော်လာအပတ်များလည်းရရှိနိုင်ပါတယ်။ ကျီးပေါင်းတက်ခြင်းကြောင့် နာကျင်ခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်းများကိုသက်သာစေပါတယ်။

Sun ​ဆေးဆိုင်​မှာ ရနိုင်​ပါတယ်

03/05/2019

ထူးခြားသော အဆင့်မြင့်ဖော်မြူလာဖြစ်တဲ့ Tri-care+™ နဲ့အတူ ပရီဘိုင်အိုးတစ် ပါဝင်သောဘီတာဒင်း နေ့စဉ်သုံးအမျိုးသမီးသန့်စင်ဆေးရည်နဲ့ ရောဂါပိုးမွှားများရန်မှ ကာကွယ်လိုက်ရအောင်နော်။

Sun ​ဆေးဆိုင်​မှာ ရနိုင်​ပါပီ

04/04/2019

Sun ​ဆေးဆိုင်​ အား ၂၀၁၉ သင်္ကြန်​ အပြီးတွင်​ မဟာ​ရွှေစည်​ကြီး ပရိယတ္တိ စာသင်​တိုက်​ ​မြောက်​ဖက်​ လက်​ရှိ အိမ်​​နေရာသို့ ​ပြောင်း​ရွေ့ဖွင့်​လှစ်​​ပေးထားမည်​ ဖြစ်​ပါသည်

 အသက်​ ၄၀​ကျော်​လာပြီဆိုရင်​တစ်​ဦးတစ်​​ယောက်​အတွက်​အချိနိတိုင်း လွမ်းဆွတ်​တသ​နေရမဲ့အရွယ်​မဟုတ်​​တော့ဘူးပြန်​မရနိုင်​​...
28/03/2019



အသက်​ ၄၀​ကျော်​လာပြီဆိုရင်

တစ်​ဦးတစ်​​ယောက်​အတွက်
အချိနိတိုင်း လွမ်းဆွတ်​တသ​နေရမဲ့
အရွယ်​မဟုတ်​​တော့ဘူး
ပြန်​မရနိုင်​​တော့တဲ့အရာ​တွေ
တမ်းတရင်း ၀မ်းနည်း​နေရမဲ့
အရွယ်​မဟုတ်​​တော့ဘူး
တစ်​စုံတ​ယောက်​ကို နာကျည်းပြီး
မုန်းတီး​နေရမဲ့ အရွယ်​မဟုတ်​​တော့ဘူး

အရွယ်​​လေးရလာ​တော့
တွေး​တွေးဆဆနဲ့​ပေါ့
ချစ်​တာ​တွေ မုန်းတာ​တွေ​ဘေးဖယ်
အလိုက်​သင့်​​နေရမဲ့အရွယ်
ဖြစ်​​နေပြီ

အ​ဆင်​​ပြေတာမ​ပြေတာအပထား
ရင်​ဘတ်​ကြီးနဲ့လိုက်​မခံစားပဲ
ဘ၀ကို​ပေါ့​ပေါ့ပါးပါး
ဖြတ်​သန်းရမဲ့အရွယ်

ဒီလူက ကိုယ့်​ကိုမချစ်​ဘူး
မခင်​တွယ်​ဘူးမဟုတ်​လား
ထားခဲ့လိုက်​​တော့

ဒီလူက ကိုယ့်​ကိုသံ​ယောဇဉ်
မရှိဘူးမဟုတ်​လား သူ့အတွက်
အချိန်​​တွေအကုန်​ခံမ​နေပါနဲ့

ကိုယ့်​အ​ပေါ်မှာ
နားမလည်​နိုင်​တဲ့လူ
ကိုယ်​ချင်းစာမ​ပေးနိုင်​တဲ့လူ
မခင်​တွယ်​နိုင်​တဲ့သူ
မကြင်​နာနိုင်​တဲ့သူ
သတိမရတဲ့သူ
သူ့အ​ကြောင်း​တွေမ​တွေးနဲ့​တော့
လွှတ်​ချထားခဲ့

ဘာလို့လည်းသိလား
အချိနိ​တွေသိပ်​မရှိ​တော့ဘူး
အရွယ်​​တွေရလာပြီ

အရည်​မရ အဖတ်​မရနဲ့
အလကား​နေရင်း တခြားလူကို
တဘက်​သတ်​​တွေ လိုက်​ပြီးတွယ်​ကပ်
နေရင်​ စိတ်​တိုင်းမကျ​တော့
အရွယ်​မြန်​မြန်​ကျတယ်

ဒီအသက်​အရွယ်​ထိ
အသည်း​တွေကွဲ​နေရတုန်းဆို
သိပ်​အဆင်​မ​ပြေဘူး

ကိုယ့်​ကိုစကား​ပြောချင်​တဲ့သူ
လိုလားတဲ့သူ ချစ်​တဲ့သူ​တွေမှန်​ရင်
ကိုယ့်​အနား​ရောက်​လာလိမ့်​မယ်
အဲ့ခါကျရင်​လည်း Free style,​ပေါ့
လွတ်​လွတ်​လပ်​လပ်​​ပေါ့​ပေါ့ပါးပါး
သွားမယ်​လာမယ်​စားမယ်​​သောက်​မယ်

အရွယ်​မကျ​အောင်
စိတ်​ဓာတ်​မကျ​အောင်
စိတ်​​ပျော်​ရွှင်မှု စိတ်​ချမ်းသာမှုနဲ့
ထိန်းရမဲ့အရွယ်
ငယ်​ငယ်​တုန်းကလို
ငယ်​​ဂုဏ်​နဲ့ပစ်​စလက်​ခတ်​​နေလို့မ​ရ​တော့ဘူး
လှလှပပ သပ်​သပ်​ရပ်​ရပ်​နဲ့
ကျော့​ကျော့ရှင်းရှင်း
ဝတ်​စားဆင်​ယင်​မှ
အမြင်​တင့်​တည်​တဲ့အရွယ်

ရောက်​လာတဲ့အချစ်​ကို
ကြိုဆိုရမဲ့အရွယ်​​လေ
ခံစားချကိ​တွေ​ဘေးဖယ်
ပျော်​​အောင်​​နေတတ်​ရမဲ့အရွယ်

ကိုယ့်​အ​ပေါ်ချစ်​​သောခင်​​သောသူ လိုအပ်သော
သူများနဲ့ဘ၀ကို ​ပျော်​ရွှင်​စွာဖြတ့်​သန်းနိုင်​မှ
စိတ်​ကျန်းမာမဲ့အရွယ်

စိတ်​ကျန်းမာ​ရေးကို ဂရုစိုက်​ရမဲ့အရွယ်

ကိုယ့်​အ​ပေါ်မချစ်​မနှစ်​သက်​တဲ့သူ​တွေ
အ​ကြောင်းရင်​ဘတ်ထဲသိမ်းထားပြီး
ခေါင်းထဲပြန်​ထည့်​ သွား​လေရာသယ်ဆောင်
သွားရမဲ့အရွယ်​မဟုတ်​​တော့ဘူး

အချစ်​နဲ့ပတ်​သက်​လာရင်
နားလိုကနား သွားလိုကသွား
သစ်​တပင်​လို အဖြစ်​မျိုးနဲ့
ရပ်​တည်​ရမဲ့အရွယ်

အသက်​​တွေကြီးလာပြီမို့
အချိန်တွေမဖြုန်းနဲ့​တော့

ငိုဖို့ထက်​ ရယ်​နိုင်​​အောင်​ကြိုးစား
အချိန်​​တွေက ငယ်​ရွယ်​သူ​တွေလို
မပိုလျံ​တော့ဘူး​မို့

သက်​တမ်းအရကိုယ်​ကအရင်
သွားကြရမှာမို့

တပါးသူကိုချစ်​ဖို့ထက်
ကိုယ့်​ကိုယ်​ကိုချစ်​ရမဲ့အရွယ်​​ပါလို့
ပြောပြချင်​တာပါ။

25/12/2018

Address

ဘူတာလမ်း
Kanbalu

Telephone

+959402589454

Website

Alerts

Be the first to know and let us send you an email when SUN ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category