Yaung Chy Oo Pharmacy

Yaung Chy Oo Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yaung Chy Oo Pharmacy, Medical and health, Katha.

နွေဦးရာသီ နှင့် ရေကျောက်ရောဂါ(ပဲသီတာ)ရေကျောက်ရောဂါ ဆိုသည်မှာ…ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလောက်မှာ...
18/02/2025

နွေဦးရာသီ နှင့် ရေကျောက်ရောဂါ(ပဲသီတာ)

ရေကျောက်ရောဂါ ဆိုသည်မှာ…

ဆောင်းအကုန် နွေးဦးကာလများဖြစ်ကြတဲ့ မတ်လ နှင့် ဧပြီလလောက်မှာ ရောဂါအဖြစ်များပြီး၊ ကလေးတွေမှာ ဖြစ်ရိုးဖြစ်စဉ် မြင်တွေ့ရတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ အင်္ဂလိပ်လို chicken pox လို့ခေါ်ပြီး၊ မြန်မာလိုတော့ ရေကျောက်ရောဂါ(သို့မဟုတ်) ပဲသီတာ လို့ခေါ်ကြပါတယ်။ ဗေရီဆယ်လား (Varicella Zoster) (ခေါ်) DNA ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်တာပါ။ ဖြစ်ပွားသူ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းဟာ အသက် ၄-နှစ် နှင့် ၁၀-နှစ်ကြား ကလေးငယ်တွေဖြစ်ကြပြီး၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်း ကတော့ အသက် ၁၈-နှစ်အောက် လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။ (တခါတရံ ၆-လသား အရွယ် မှာလည်း ရေကျောက်ပေါက်တာကို တွေ့ရပါတယ်)

ရောဂါ လက္ခဏာ….

ထိုဗိုင်းရပ်စ် ကူးစက်ခံရလျှင် ခန္ဓာကိုယ်မှာအနီစက်၊ အဖုအပိန့်တွေထွက်လာပါလိမ့်မယ်။ ရင်ဘတ်၊ ၀မ်းဗိုက်၊ နောက်ကျော စတဲ့ခန္ဓာ ကိုယ်အစိတ်အပိုင်းတွေမှာ အနီစက်တွေစထွက်လာပြီး ယားလို့ ကုတ်မိခြင်းဖြင့် သတိထားမိတတ်ပါတယ်။ ပိုး၀င်ပြီး ပထမ တစ်ရက်အတွင်း နှာစေး၍ ချောင်းဆိုးလာတတ်ပါတယ်။ နည်းနည်းဖျားလာပါလိမ့်မယ်။ ထို့နောက် လက်မောင်း၊ မျက် နှာ၊ ခြေထောက် နှင့် ဦးရေပြားပါမကျန် တစ်ကိုယ်လုံးအနှံ့ အလားတူအနီစက်အဖုလေးတွေ အုပ်စုလိုက်ထွက်လာပြီး ၂-ရက် ၃-ရက် ကြာရင် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေ ပေါ်လာပါတယ်။ (တချို့ကလေးတွေမှာတော့ နာရီပိုင်း အတွင်းမှာပင် အရည်ကြည်ဖုလေးများဖြစ်လာကြပါတယ်) ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ရက်သတ္တ ၁-ပတ်အတွင်း အရည်ကြည် ဖုလေးတွေ တဖြည်းဖြည်းခြောက်ပြီး ၇-ရက် ကျော်သွားတဲ့အခါမှာတော့ အကုန်လုံးခြောက်လာပြီး ကွာကျသွားပါလိမ့်မယ်။ နောက်ဆုံးမှာ အမာရွတ်ပါမကျန် သူ့အလိုလိုပျောက်သွားပါတယ်။ အနီဖုလေးများ ပေါက်တဲ့အချိန်မှာ တွေ့မြင်ရတဲ့ အခြားလက္ခဏာများမှာ ကလေးကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ တခါတရံ အပြင်းဖျားခြင်း၊ ကြွက်သားများနာခြင်း၊ လည်ချောင်းနာခြင်း၊ နားကိုက်ခြင်း၊ မလှုပ်ချင်၊ မသယ်ချင်လောက်အောင်နုံးချိနေခြင်း ….စသည်တို့ဖြစ်ကြပါတယ်။

ကူးစက်ပုံ…

ကလေးတွေမှာ ရောဂါပျိုးစ(အရည်ကြည်ဖုမပေါ်ခင်)အချိန်မှာ ကူးစက်မှု အမြန်ဆုံးဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အနီစက်ထွက် ပြီးနောက် ၅-ရက် အကြာမှာ နောက်တစ်ဦးဆီသို့ ရောဂါကူးစက်ဖို့အခွင့်အလမ်းများပါတယ်။ (တစ်ခါတစ်ရံ နှာစေးချောင်းဆိုး ရုံ လောက်နဲ့ ပြီးသွားပြီး တစ်ရက် နှစ်ရက်ကြာတဲ့အခါ အတူနေကလေးတွေကို ကူးစက်သွားပါတယ်) အဓိက ကူးစက်ပုံကတော့့ လေထဲကဆင့် ကူးစက်ခြင်းပါ။ ချောင်းဆိုးခြင်း၊ နှာချေခြင်းဖြင့် ရောဂါရှိတဲ့ကလေးရဲ့ အသက်ရှူလမ်းကြောင်း မှ ထွက်သော အရည်၊ အမှုန်အစက်ကလေးတွေ Droplet ကတဆင့် ကူးစက်ပါတယ်။ အနီစက်ကဖြစ်လာတဲ့ ပဲသီတာ အရည်ဖုက ထွက်တဲ့ အရည်ထဲမှာ ဗိုင်းရပ်စ်ပိုး တွေအများကြီးပါဝင်နေပါတယ်။ ဒါကြောင့် ရောဂါရှိသူနှင့် ခန္ဓာကိုယ်ခြင်း ထိတွေ့ဆက်ဆံမှုမှ ကူးစက်တတ်ပါတယ်။ ထို အရည်ကြည်ဖုလေးတွေကို ဘက်တီးရီးယား ပိုး၀င်သွားခဲ့ပါက ပြည်တည်နာလေးတွေ ဖြစ်သွားပါ တယ်။ ရေကျောက် ဗိုင်းရပ်(စ်)ပိုးကြောင့် နောက်ဆက်တွဲရောဂါများအဖြစ် ဦးနှောက်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ် အအေးမိခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ သာမန်အားဖြင့် အသက်အန္တရာယ်မရှိပေမယ့် ခုခံအားကျဆင်းနေတဲ့ ကလေးများ၊ ကျောက်ကပ်ရောင်ရောဂါရှိတဲ့ ကလေးများ၊ သွေးကင်ဆာရောဂါ ရှိတဲ့ကလေးများ၊ စတီးရွိုက်ဆေး သောက်နေရ၍ ခုခံအားကျ နေတဲ့ ကလေးများတွင် ရေကျောက်အနာဖု မှ ပြည်တည်နာဖြစ်တဲ့အခါ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ကုသပုံ….

(၁) ရေကျောက်ရောဂါ(ခေါ်)ပဲသီတာဟာ အန္တရာယ်မရှိလှသလို၊ သိပ်ပြီးစိုးရိမ်စရာ မလိုပါဘူး။ အရည်ကြည်ဖုလေးတွေ ဖြစ်ပေါ် လာလည်း ဘာဆေးမျှလိမ်းစရာ မလိုပါဘူး။ သနပ်ခါးလည်း လိမ်းစရာမလိုပါဘူး။ အရည်ကြည်ဖုလေးတွေ အချိန်တန်ရင် ကွာကျ သွားမှာပါ။ အနီစက်တွေထွက်ပြီး တစ်ပတ်အကြာမှာ အမာရွတ်ပါမကျန် ပျောက်ကင်းသက်သာတတ်ပြီး အချို့လူနာများ မှာ တစ်လခန့်အထိ ကြာတတ်ပါတယ်။ တစ်ခါတစ်ရံအရေပြားရဲ့ (Dermis) အလွှာကို ထိရင်တော့ အမာရွတ်သေးသေး လေး ကျန်တတ်ပါတယ်။ ပြည်တည်ရောဂါ ပိုး၀င်ခဲ့ရင်တော့ အမာရွတ်ကျန်တတ်ပါတယ်။

(၂) ရေနွေးနဲ့ ရေချိုးပါ (သို့မဟုတ်) ရေနွေးစိမ်အဝတ်နဲ့ ရေပတ်တိုက်ပေးပါ။

(၃) အဖျား၀င်နေပါက paracetamol တိုက်ကျွေးနိုင်ပါတယ်။ (သို့သော် aspirin , Ibuprofen တို့လို အကိုက်ခဲပျောက်ဆေး တွေ အသုံးမပြုသင့်ပါဘူး)
(၄) အဖုအပိန့်လေးများကို Calamine အရည် လိမ်းပေးပါ (သို့မဟုတ်) အ၀တ်သန့်သန့်ကို ရေနွေးတို့၍ သန့်စင်ပေးပါ။

(၅) သိပ်ဆိုးရင် antihistamine လို့ခေါ်တဲ့ အယားပျောက်ဆေးတွေ သောက်သုံးနိုင်ပါတယ်။ (သို့သော် အရောင်ကျဆေးတဲ့ steoid လိမ်းဆေးမျိုး မသုံးသင့်ပါဘူး)

(၆) သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ စပျစ်သီး စတာတွေကလည်း အရေပြားရောဂါတွေအတွက် အထောက်အကူပြုပေး နိုင်ပါတယ်။

(၇) အုန်းရည်ဟာ အရေပြားကျန်းမာရေးကိုအထောက်အကူပြုတာကြောင့် ရေကျောက်ရောဂါအတွက်သာမက၊ ကျောက်ကြီး ရောဂါ၊ ၀က်သက်ရောဂါများအတွက် အုန်းရည်အ၀ သောက်ပေးခြင်းဖြင့် သက်သာစေပါတယ်။

(၈) မုန့်လုပ်ရာမှာသုံးတဲ့ ဆားဆိုဒါ လက်ဖက်ရည်ဇွန်း ၁-ဇွန်းကို ရေဖျော်၍၊ အဖုအပိန့်လေးများကို တို့ပေးခြင်းဖြင့် ယားယံခြင်းမှ သက်သာစေနိုင်ပါတယ်။

(၉) ၀က်သက်၊ ရေကျောက်(ခေါ်)ပဲသီတာ စသည့် အပူနာရောဂါများအတွက် ကြိုတင်ကာကွယ်ဆေးအဖြစ် ခံတက်ရွက်ကို သကြား(သို့မဟုတ်)ထန်းလျက်(သို့မဟုတ်)ပျားရည် စသည့် သင့်ရာ တစ်မျိုးမျိုးဖြင့် ပြုတ်၍ တိုက်ကျွေးသင့်ပါတယ်။

(၁၀) ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အားဆေးတွေ တွဲသောက်ပေးပါ။

(၁၁) ရေများများသောက်ခြင်း၊ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအရွက်များများ စားခြင်းဟာ ရောဂါလက္ခဏာသက်သာ စေရုံ သာမက ကိုယ်ခံအားပါတတ်စေနိုင်ပါတယ်။

(၁၂) လည်ချောင်းနာပါက ဆားရည်ပလုတ်ကျင်းပေးနိုင်ပါတယ်။

(မှတ်ချက်) အကယ်၍ ရောဂါလက္ခဏာ ပြင်းထန်လွန်းပြီး ကူးစက်မှုများနေရင်တော့ Acyclovir ဆေးပြားကို ၇၂-နာရီအတွင်း တိုက်ကျွေးဖို့လိုအပ်နေပါပြီ်။ ဒါကြောင့် ကလေး ကိုယ်ပူပြင်းထန်လွန်းလျှင် သော်လည်းကောင်း၊ ကလေး မနေနိုင်အောင် အဖုအပိန့်များက ယားယံနေလျှင် သော်လည်းကောင်း ဆရာ၀န်ထံပြသပါ။ တခါတရံမှာတော့ အဖုအပိန့်ထဲကို ပိုး၀င်ပြီး ပြည် တည်နာများ ဖြစ်လာတတ်တဲ့အတွက် လိုအပ်တဲ့ ပိုးသတ်ပဋိဇီ ထိုးဆေး-စားဆေး-လိမ်းဆေးများကို ဆရာ၀န်က ညွှန်ကြားပေး ပါလိမ့်မယ်။

ရောဂါမဖြစ်အောင် ကာကွယ်နည်း…

(၁) အသက် ၅-နှစ်အောက် ကလေးငယ်များကို တစ်နှစ်သားမှာ တစ်ကြိမ်၊ ၅-နှစ်သားမှာ တစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

(၂) ရေကျောက်ရောဂါ လုံး၀ မဖြစ်ပွားခဲ့ဖူးသူ ၁၈-နှစ်အောက် လူငယ်များကလည်း ကာကွယ်ဆေး ၂-ကြိမ်ထိုးပေးခြင်းဖြင့် ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။ ထို အရွယ်များမှာတော့ တစ်ကြိမ် နှင့် တစ်ကြိမ် တစ်လခြားပြီးထိုးပေးရမှာပါ။

(၃) အမေရိကန်ပြည်ထောင်စုမှာ ၁၉၉၅ ခုနှစ်မှစတင်၍ ရေကျောက်ကာကွယ်ဆေးထိုးပေးခဲ့ရာ ဖြစ်ပွားနှုန်း ၉၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ သို့ သော် ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ကူးစက် ခံနေရသူများ၊ aspirin ကဲ့သို့ အကိုက် အခဲပျောက်ဆေး ရေရှည်သုံးစွဲနေသူများ နှင့် lincomycin ကဲ့သို့ပဋိဇီဝဆေး မတည့်သူများကတော့ ထို ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးမသင့်ပါဘူး။

(၄) အထူးသဖြင့် ရေကျောက်ဖြစ်ပွားဖူးခြင်း လုံး၀မရှိသေးသော မိခင်လောင်းအနေနဲ့ ကိုယ်ဝန်မဆောင်ခင် ၁-လ အလိုမှာ ကာကွယ်ဆေး အပြည့်အစုံဖြစ်အောင်ကြိုတင်ထိုးထားခြင်းဖြင့် မွေးဖွားလာမည့် ကလေးအတွက် ကြိုတင်ကာကွယ်ပေး နိုင်ပါတယ်။ အဲဒီ ကြိုတင်ကာကွယ်ဆေးမျိုးကို ဂျပန်လူမျိုး michiaki Takahashi က ၁၉၇၄ ခုနှစ်လောက်မှာ စတင် တီထွင် ထုတ်လုပ်ပေးခဲ့ ကြောင်း လေ့လာမှတ်သားရပါတယ်။

(၅) အထူးသတိပြုရမည့် အချက်မှာ ရေကျောက် တစ်ခါဖြစ်ဖူးရင်၊ နောင်လူကြီးဘဝမှာ ရေယုန်ဖြစ်ဖို့ ၂၀ ရာခိုင်နှုန်း သေချာ နေပါပြီ။ ဒါဘာကြောင့်လဲဆိုရင် ကလေးငယ်ဘ၀မှာ ရေကျောက်အနီစက်လေးတွေ လုံးဝပျောက်ကင်းသွားပေမယ့် ဗိုင်းရပ်စ်ပိုး ကတော့ ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ထဲမှာ ရှိနေတုန်းပါဘဲ။ ဒီလိုနဲ့အသက်ကြီးလာပြီးနောက် ခုခံအားကျဆင်းတဲ့ အခါဖြစ်စေ၊ အာဟာရချို့တဲ့ နေချိန်မှာဖြစ်စေ ခန္ဓာကိုယ်ထဲမှာ ကိန်းငုပ်နေတဲ့ပိုးဟာ ရေယုန်အနေနဲ့ ပြန်လည်ပေါ်ပေါက်လာ တတ်လို့ ပါဘဲ။ ထိုပြဿနာမျိုးကို အများအားဖြင့် အသက် ၆၀-ကျော် အရွယ်မှာ ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် ရေကျောက် ဖြစ်ဖူးသူတွေအနေနဲ့ တစ်ချိန် မှာ ရေယုန်မဖြစ်အောင် ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

(၆) ရေကျောက်(ခေါ်)ပဲသီတာ ဖြစ်တဲ့အခါ၊ ရောဂါဖြစ်သူရဲ့ အဝတ်အစားများကို ရေနွေးနဲ့သီးသန့်လျှော်ဖွတ်ပါ။

(၇) ပဲသီတာ အဖုလေးတွေက ယားလွန်းတာကြောင့် ကုတ်မိပါတယ်။ အဖုလေးတွေ အနာမဖြစ်အောင် ကာကွယ်သည့်အနေဖြင့် ကလေးကို လက်သည်းညှပ်ပေးပါ။ လက်သည်း ညှပ်ပြီးတဲ့ အခါမှာလည်း စူးရှမနေစေဖို့အတွက် လက်သည်း ကို တံစဉ်းဖြင့် တိုက် ပေးထားပါ...

Credit to original writer
ကျန်းမာရေးဝန်ကြီးဌာန ( ရန်ကုန် )

နုပျိုမှုကို ဖျက်ဆီးတဲ့ အဓိက ရန်သူတွေကတော့ အရေးအကြောင်းတွေပဲပေါ့။😈အလှအပကို မှေးမှိန်စေတဲ့ အရေးအကြောင်းတွေရန်က ကာကွယ်ဖို့...
23/10/2023

နုပျိုမှုကို ဖျက်ဆီးတဲ့ အဓိက ရန်သူတွေကတော့ အရေးအကြောင်းတွေပဲပေါ့။😈

အလှအပကို မှေးမှိန်စေတဲ့ အရေးအကြောင်းတွေရန်က ကာကွယ်ဖို့ဆို အသားအ​ရေကို ဂရုစိုက်​ပေးရမယ့်အပြင် အား​ဆေး​ကောင်း​လေးတစ်လက်ကိုလည်း မှီဝဲသင့်တာ​ပေါ့။💁‍♀️

အရေးအကြောင်းတွေ သွေဖယ်ဖို့ ကိုရီးယားဂျင်ဆင်းပါဝင်တဲ့ Oramin-F က ချစ်တို့အတွက် အမြဲရှိနေတာ မ​မေ့နဲ့​နော်။💚

#နုပျိုလင်းလက်စွမ်းအင်ထက်အမျိုးသမီးတိုင်းအတွက်OraminF

#ကိုရီးယားဂျင်ဆင်း

💐မင်္ဂလာနံနက်ခင်းပါရှင်💐🍀နံနက်တိုင်း🙏ဘုရားရှိခိုး🙏ငါးပါးသီလယူ💐ပန်းရေချမ်းကပ်လှူ🙏ခင်ပွန်းကြီးဆယ်ပါးကန်တော့🙏မင်္ဂလသုတ်🙏ရတန...
28/09/2023

💐မင်္ဂလာနံနက်ခင်းပါရှင်💐
🍀နံနက်တိုင်း
🙏ဘုရားရှိခိုး
🙏ငါးပါးသီလယူ
💐ပန်းရေချမ်းကပ်လှူ
🙏ခင်ပွန်းကြီးဆယ်ပါးကန်တော့
🙏မင်္ဂလသုတ်
🙏ရတနသုတ်
🙏မေတ္တသုတ်
🙏မောရသုတ်
🙏ဗောဇ္စျင်္ဂသုတ်
🙏ပုဗ္ဗဏှသုတ်
🙏မဟာသမယသုတ် တော် ရွတ်ဖတ်ပူဇော်ပြီး ပြုလုပ်သမျှကောင်းမှုကုသိုလ်တွေ ရရှိကြပါစေ 🌿🌿🌿🌿🌿🌿🌿🌿🌿
✅မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ🙏🙏🙏

လတ်တလော လည်ချောင်းနာဝေဒနာ ခံစားနေရတဲ့သူတွေအနေနဲ့ မိမိအိမ်မှာပဲ ဘာတွေလုပ်ထားသင့်သလဲ...▪️အသံကို အလွန်အကျွံသုံးခြင်းရှောင်ပ...
19/02/2022

လတ်တလော လည်ချောင်းနာဝေဒနာ ခံစားနေရတဲ့သူတွေအနေနဲ့ မိမိအိမ်မှာပဲ ဘာတွေလုပ်ထားသင့်သလဲ...

▪️အသံကို အလွန်အကျွံသုံးခြင်းရှောင်ပါ (စကားများများမပြောရ၊ အကျယ်ကြီးမအော်ပြေရ၊ သီချင်းမဆိုရ)
▪️ရေကို ယခင်ကသောက်တာထက် ပိုသောက်ပါ
▪️အရက်၊ ဘီယာ၊ အအေး၊ ကဖိန်း (လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့်အချိုရည်) ရှောင်ပါ
▪️ဆေးလိပ်မသောက်ပါနဲ့
▪️နှာပိတ်ရင်သောက်တတ်တဲ့ Decongestants ပါတဲ့ဆေးတွေ ရှောင်ပါ (နှာစီးရင်သောက်ရတဲ့ဆေးနဲ့ မတူပါ)
▪️အနံ့ဆိုး/စူး၊ အညှော်နံ့၊ ဖုန်ထူ၊ အမှုန်အမွှား ရှောင်ပါ
▪️အိမ်သုံးဆား ဇွန်းတဝက်ခန့်ထည့်ထားတဲ့ ဆားရည်နဲ့ အာလုပ်ကျင်းပါ
▪️ငုံဆေးပြား ငုံနိုင်သည်

မသက်သာပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် ပဋိဇီဝဆေး၊ အယောင်လျော့ဆေး၊ အနာသက်သာဆေးများ သောက်ပါ။

Credit - Dr.သက်ကျော်စိုး

သတိထားကြပါ။ဆေးခန်းမှာ သည်ရက်ပိုင်းအတွင်း အတွေ့ရများလာတဲ့ Scrub typhus ရောဂါScrub typhus  ဘာကြောင့်ဖြစ်------------------...
28/12/2021

သတိထားကြပါ။

ဆေးခန်းမှာ သည်ရက်ပိုင်းအတွင်း အတွေ့ရများလာတဲ့ Scrub typhus ရောဂါ

Scrub typhus ဘာကြောင့်ဖြစ်
----------------------------
Orentia Tsutsugamushi လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါပါ
အဲ့ဒီဘက်တီးရီးယားတွေဟာ အပင်တွေ ( ခြုံပင် ၊ မြက်ပင် စသဖြင့် ) ၊ တိရိစ္ဆာန်တွေ( ဥပမာ- ခွေး ၊ ကြောင် ၊ ကြွက် စသဖြင့် ) မှာ တွယ်ကပ်နေတဲ့ အင်္ဂလိပ်ဝေါဟာရ Mites လို့ခေါ်တဲ့ မွှား ၊ သန်း ၊ လှေး ၊ ကမြင်းနီ စတဲ့ ပိုးမွှားတွေမှာ တွေ့ရပါတယ်
အဲ့ဒီပိုးမွှား ( Mites ) တွေ လူကိုကိုက်တဲ့အခါ ကိုက်တဲ့နေရာကတဆင့် ဘက်တီးရီးယားတွေပါတဲ့ ပိုးမွှားရဲ့သားလောင်း ( Chigger ) တွေ လူ့ကိုယ်ခန္ဓာထဲဝင်ရောက်ပြီး ရောဂါရစေပါတယ်

ရောဂါလက္ခဏာတွေ
-------------------
ဖျားရက်ကြာမယ် ၊ ကိုယ်အပူချိန်ကြီးမယ်
ခေါင်းကိုက်မယ် ဗိုက်နာမယ် ပျို့အန်မယ်
ချောင်းဆိုးပြီး အသက်ရှူခက်မယ်
ခန္ဓာကိုယ်တစ်ခုလုံးနာကျဉ်ကိုက်ခဲနေမယ်
တခါတရံ မျက်စိတွေရဲနေမယ်
ခန္ဓာကိုယ်မှာ Rash လို့ခေါ်တဲ့ အနီဖုအနီပြင်တွေ ထွက်တတ်တယ်
ဆရာဝန်တွေအတွက် Typhus လို့ အတိအကျပြောနိုင်တဲ့ အဓိကလက္ခဏာက ပိုးမွှားကိုက်တဲ့နေရာမှာတွေ့ရတဲ့ အမဲရောင်အကွက်လေးပါ ။ Eschar လို့ခေါ်ပါတယ်
( အဲဒီ Eschar ကိုတွေ့ရင် Typhus သေချာပြီမို့ သူနဲ့ဆိုင်တဲ့ဆေးပေးရင် သေချာပေါက်ပျောက်ပါပြီ )
ပိုးမွှားကိုက်တဲ့အနားမှာရှိတဲ့ ပြန်ရည်အကျိတ် ( Lymph nodes ) တွေ ရောင်တတ်တာကိုလည်း တွေ့ရပါတယ်
ရောဂါအရမ်းဆိုးရွားလာရင် ဦးနှောက်ရောင်တာ ( encephalitis ) ၊ အဆုတ်ရောင်တာ ( pneumonia ) တွေဖြစ်ပြီး အသက်ဆုံးရှုံးတတ်လို့ ရောဂါဖြစ်လာရင် မပေါ့ဆစေလိုပါ

ဘယ်လိုကုသကြမလဲ
----------------//---
ကုသဖို့ဆေးဝါးတွေမတွေ့ခင်က ရောဂါဖြစ်ပွားသူရဲ့ ၄-၄၀% အထိ သေဆုံးပြီး
ဆေးဝါးနဲ့ကုသပြီးနောက်ပိုင်းမှာ ရောဂါကြောင့်သေဆုံးမှုကို ၂% အောက်ထိ လျော့ချနိုင်ခဲ့တယ်လို့ မှတ်တမ်းတင်ထားတာတွေ့ရပါတယ်
ဆေးတွေကတော့ Doxycycline , Chloramphenicol , Azithromycin , .. စတဲ့ ဆေးတွေပါ

ဘယ်သူတွေမှာ အဖြစ်များသလဲ
------------------------//---
ဥယျဉ်ခြံမှာ အလုပ်လုပ်သူတွေ
ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့သူတွေ
အိမ်မွေးတိရိ စ္ဆာန်တွေနဲ့ လက်ပွန်းတတီးနေတဲ့သူတွေမှာ အဖြစ်များပါတယ်

ခန္ဓာကိုယ်ဘယ်နေရာတွေမှာ Eschar ကို အတွေ့များလဲ
--------//-------------------------
ခန္ဓာကိုယ်အတွင်းပိုင်းမှာ ( ဥပမာ ရင်ဘတ် ဘရာစီယာအောက် ပေါင်ခြံတွေ ဂျိုင်းကြားနေရာတွေ ဗိုက်တွေမှာ ) အတွေ့ရများပါတယ်
ဒါကြောင့် အဖျားကြာရှည်ပြီး ဘာဆေးနဲ့မှမပျောက်တဲ့ အဖျားရောဂါတွေ့ပြီဆိုရင် Typhus များဖြစ်နေမလားလို့ ( လူနာကိုခွင့်တောင်းပြီး ) လူနာရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို လှန်လောပြီး Eschar ရှိမရှိ ရှာရပါတယ်

ဘယ်လိုကာကွယ်ကြမလဲ
------------------//----
၁ ။ Typhus ရောဂါ ဖြစ်ပွားနေတဲ့နေရာတွေကို မသွားပါနဲ့
၂ ။ ခြုံပင် ၊ မြက်ပင် ၊ သစ်ပင်တွေနဲ့ ထိတွေ့ရမယ်ဆိုရင် အဝတ်အစားကို လုံခြုံအောင်ဝတ်ပါ
၃ ။ အဝတ်အစားတွေကို ခြုံပင် မြက်ပင်ပေါ်တွေ မလှန်းပါနဲ့
အဝတ်တန်းတွေကို အပင်တွေနဲ့ဝေးဝေးမှာ ပြုလုပ်ပါ
၄ ။ အိမ်ခန်းတွေကို သန့်ရှင်းအောင်ထားပါ ( ပစ္စည်းတွေ ရှုပ်ပွအောင်မထားနဲ့ ၊ ကြွက်တွေမရှိစေနဲ့ )
ပိုးမွှားသေစေနိုင်တဲ့ Spray တွေ ဖြန်းပါ
၅ ။ အိမ်မွေးတိရိ စ္ဆာန်တွေကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးပါ
၆ ။ တကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ပါ
၇ ။ Typhus ရောဂါလက္ခဏာတွေတွေ့ရင် နီးစပ်ရာဆေးရုံ/ဆေးခန်းဆရာဝန်နှင့်ပြပါ

ဆေးပညာနဲ့ အလှမ်းဝေးသူ Nonmedical person တွေအတွက် ရည်ရွယ်ပြီးရေးပါတယ်
လိုအပ်တာများရှိရင် ဖြည့်စွက်ပေးကြပါခင်ဗျား ...

အောက်ကပုံတွေကတော့ သည်တစ်ပတ်အတွင်း ဆေးခန်းလာလူနာတွေမှာ ရှာဖွေလို့တွေ့ရတဲ့ Eschar ပုံတွေပါ

သဗ္ဗေသတ္တာဝေနေယျာ ချမ်းသာကိုယ်စိတ်မြဲကြပါစေ ......
ဒေါက်တာကျော်စိုးထွန်း
ထွန်းမေတ္တာဆေးခန်း
ကူမဲမြို့ ။
4:55pm / 6.7.2018

ဖြည့်စွက်စာ တမျိုးချင်းအ​ကြောင်း စာအုပ် (1500 ကျပ်)အုန်းဆီ (Coconut Oil)အုန်းဆီက Medium Chain Fatty Acid ဖြစ်ပါတယ်။ ထောပ...
07/12/2021

ဖြည့်စွက်စာ တမျိုးချင်းအ​ကြောင်း စာအုပ် (1500 ကျပ်)

အုန်းဆီ (Coconut Oil)

အုန်းဆီက Medium Chain Fatty Acid ဖြစ်ပါတယ်။ ထောပတ်၊ ဝက်ဆီ၊ အမဲဆီ၊ ထန်းဆီ၊ Ghee, Dark Chocolate တို့လိုမျိုး Saturated Fat ပြည့်ဝအဆီ ဖြစ်ပါတယ်၊ Saturated fat တွေက oxidation process မဖြစ်ပါ

နေ့စဉ် စားနေတဲ့ထဲ ပါတဲ့ အဆီ ၃ မျိုး ရှိပါတယ်
1. long chain triglycerides
2. medium chain triglycerides
3. short chain triglycerides

Medium and short chain triglycerides တွေ ဟာ ခန္ဓာကိုယ်ထဲမှာ ဥဏှောက်အတွက် အလွန် အသုံးဝင်တဲ့ စွမ်းအင်တွေ အများကြီး ထုတ်ပေးနိုင်တဲ့ လောင်စာဖြစ်တဲ့ Ketone bodies တွေ ဖြစ်သွားပါတယ်။

MCT oils ဆိုရင် Medium Chain Triglycerides ဆီ ဖြစ်ပါတယ်
အုန်းဆီ (Coconut oil) က ၆၃% Medium Chain Triglycerides
ထန်းဆီ က ၅၃% Medium Chain Triglycerides
ထောပတ် (Butter) က ၁၂%
မိခင်နို့ရည်မှာ medium chain triglycerides တွေ ပါပါတယ်။ ကလေး ဥဏှောက် ဖွံ့ဖြိုးရေးအတွက် အလွန် အရေးကြီးပါတယ်။

Unsaturated fat (မပြည့်ဝဆီ) vegetable oil, soy bean oil, canola oil, corn oil, peanut oil, Margarine and Crisco oil တွေက အပူပြင်းပြင်းထိရင် Oxidation (ဓာတ်ပြု) ဖြစ်ပြီး ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ထွက်ပါတယ်၊၊

အမေရိကန်နိုင်ငံမှာကတော့ ဒီ ပြည့်ဝဆီတွေဟာ နှလုံးသွေးကြော ပိတ်တတ်တယ် ဆိုပြီး ရှောင်ခိုင်းတာ အနှစ် ၃၀ - ၄၀ လောက် ရှိသွားပါပြီ။

အဲလို Saturated fat တွေကို ရှောင်ပြီး Vegetable oils တွေနဲ့ အစားထိုးပြီး စားလိုက်ကြပေမယ့် အမေရိကန်မှာ Heart disease is the number one killer ဖြစ်နေပါတယ်။

ပြင်သစ်လူမျိုးတွေဆို ထောပတ်နဲ့မှ ဟင်းချက်ပါတယ်။ ထောပတ် အများဆုံး သုံးတဲ့နိုင်ငံ ဖြစ်သော်လည်း နှလုံးရောဂါ ဖြစ်နှုံးဟာ အခြား တိုင်းပြည်တွေလောက် မများပါ။

နောက်ဆုံး သုတေသနအရ ဆိုရင် နှလုံးသွေးကြောပိတ်တာဟာ အဆီကြောင့် မဟုတ်ဘဲ သကြားကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်

အချို့ သုတေသနများက ပြည့်ဝဆီတွေက လေဖြတ်တဲ့နှုံးကို လျော့ပါးစေတယ်လို့ ဆိုပါတယ်

Saturated fat ပြည့်ဝ အဆီ အကျိုးကျေးဇူးများ
၁။ ကလာပ်စည်းတွေရဲ့ နံရံ တည်ဆောက်မှုမှာ လိုအပ်ခြင်း
၂။ ဟော်မုန်း ဓာတ်ထုတ်လုပ်ရာမှာ လိုအပ်ခြင်း
၃။ Calcium ကို အူမှ စုပ်ယူခြင်းကို အထောက်အကူ ပြုခြင်း
၄။ Vitamin A D E K တည်းဟူသော အဆီမှာသာ ပျော်ဝင်တတ်တဲ့ ဗီတာမင်တွေကို သယ်ယူ ပို့ဆောင်ပေးခြင်း
၅။ Carotene ကို Vitamin A သို့ ပြောင်းပေးခြင်း
၆။ ဥဏှောက်အတွက် အလွန် အသုံးဝင်သော လောင်စာ ဖြစ်ခြင်း
၇။ ဗီဇတွေကို ထိန်းပေးထားခြင်း (regulate)
၈။ သည်းခြေ ထုတ်ထားသူများ မပြည့်ဝဆီ စားရင် ရင်ပြည့်၊ လေခံ၊ လေပွ ဖြစ်ပေမယ့် ပြည့်ဝဆီ စားရင် မဖြစ်ခြင်း၊
၉။ LDL cholesterol ထဲက ဥပါဒ်ပေးတဲ့ VLDL ကို မများစေဘဲ အကျိုးပြု large fluffy type cholesterol ကိုသာ များလာစေခြင်း၊ (LDL များ နေရင် VLDL ကြောင့်လား အကျိုးပြု LDL များနေတာလား ဆိုတာ စစ်ကြည့်သင့်ပါတယ်)
၁၀။ အကျိုးပြု Cholesterol (HDL level) ကိုမြှင့်တင်ပေးခြင်း၊
၁၁။ အခု နောက်ဆုံးပေါ် အယူအဆအရ ကင်ဆာ ရောဂါကို တိုက်ဖျက်ဖို့ အဆီဟာ အရေးပါတဲ့ နေရာကနေ ရှေ့ပြေး ဖြစ်နေပါတယ်။
၁၂။ ကင်ဆာ ကလာပ်စည်းတွေက သကြားကို စားသုံးနိုင်ပြီး အဆီကို မစားသုံးနိုင်ပါ။
၁၃။ ဆီနဲ့ 20 မိနစ် ပလုပ်ကျင်းတာကလဲ ခန္ဓာကိုယ်က အဆိပ်တွေ ထွက်စေပါတယ်။ (Oil pulling)

သောက်သုံးသင့်သူများ
၁။ ကလာပ်စည်း စွမ်းအင် ကျဆင်းနေသူများ၊
၂။ ဥဏှောက် နဲ့ အာရုံကြော ရောဂါသည်များ (အယ်ဇိုင်းမား၊ ဒီမန်းရှား၊ ပါကင်ဆန်)
၃။ တက်တတ်သူများ (Epilepsy)၊ (သကြား ဖြတ်ပြီး အဆီကိုသာ စားရင် မတက်တော့ဘူးလို့ ပြောကြပါတယ်)
၄။ ကင်ဆာ ဖြစ်နေသူများ
၅။ Ketogenic Diet (အဆီစားပြီး ကိုယ်အလေးချိန် ချခြင်း) လုပ်နေသူများ

တစ်နေ့ လဖက်ရည်ဇွန်း ၁ ဇွန်း ၃ ကြိမ် အစာမစားခင် ၁၅ မိနစ် သောက်ကြပါတယ်၊ ကော်ဖီထဲမှာ ထည့်သောက်လဲ ရပါတယ်။ (Cold pressed နည်းနဲ့ ထုတ်လုပ်ထားတဲ့ အုန်းဆီက အကောင်းဆုံးလို့ ဆိုပါတယ်)

Ketogenic Diet
သကြားဓာတ် (Carbohydrates) (ထမင်း၊ ခေါက်ဆွဲ၊ ကိတ်မုန့်၊ ကောက်ညှင်း) လျော့ပြီး အဆီတွေ ပိုစားတဲ့နည်းနဲ့ ကိုယ်အလေးချိန် ချတာပါ။

အဆီစားရင် ခန္ဓာကိုယ်က ခဏခဏ မဆာတော့ပါ၊
အဆီက ရတဲ့ စွမ်းအင်က သကြားက ရတာထက် ၃ ဆ ပိုများပါတယ်။

အဲ့ diet လုပ်မယ်ဆိုရင် ဆီးချို ရှိသူများ ဆီးချို မထိန်းနိူင်လို့ သကြားတွေ သွေးထဲမှာ အရမ်းများနေရင် သတိထားရပါမယ်၊ Ketoacidosis ဝင်သွားရင် ဆေးရုံကို အရေးပေါ် ရောက်တတ်လို့ပါ။

💁‍♀️💁‍♀️ဝိတ်ချခြင်တဲ့ ကိုကို မမတွေ🙅‍♀️🙅‍♀️ဝိတ်ချတော့မည်ဆိုလျှင် ✅ ဟိုမုန်းတွေကို ဂရုစိုက်ပါ။( ၁ ) သိုင်းရွိုက်ဟိုမုန်း လ...
05/12/2021

💁‍♀️💁‍♀️ဝိတ်ချခြင်တဲ့ ကိုကို မမတွေ🙅‍♀️🙅‍♀️
ဝိတ်ချတော့မည်ဆိုလျှင်

✅ ဟိုမုန်းတွေကို ဂရုစိုက်ပါ။

( ၁ ) သိုင်းရွိုက်ဟိုမုန်း လျော့နည်းတဲ့ အခြေအနေ ( hypothyroidism ) မှာ စားသမျှ ကယ်လိုရီတွေက စွမ်းအင်ဖြစ်စဉ်ကို လိုသလောက် မရောက်သွားဘဲ အဆီအဖြစ်စုမိစေပါတယ်။ ဒါကြောင့် ဝိတ်ချမည်ဆိုလျှင် hypothyroidism ကို အရင်ကုပါ။

( ၂ ) အီစထရိုဂျင်ဟိုမုန်း သာလွန်နေခြင်း အခြေအနေ ( Estrogen dominance ) မှာ ဝိတ်ချဖို့ခက်ပါတယ်။ ဒါကြောင့် တားဆေးထိုး/သောက်နေသူများမှာ ဝိတ်ချဖို့ခက်ပါတယ်။ အီစထရိုဂျင် နှင့်တူသောပစ္စည်းတွေဖြစ်တဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးပါဝင်တဲ့ အသီးအရွက်တွေစားမိလျှင်လည်း ဝိတ်ချခြင်းဖြစ်စဉ်ကို နှောက်ယှက်ပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို ရှာလကာရည် သို့မဟုတ် ဆားဆော်ဒါနဲ့ သေချာဆေးကြောပါ။

( ၃ ) ကော်တီဆောဟိုမုန်းပမာဏ အလွန်အကျွံပိုလျှံနေခြင်းက အင်ဆူလင်ဟိုမုန်းလုပ်ငန်းကို ယုတ်လျော့စေပြီး အဆီစုနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုလျော့ချပါ။

( ၄ ) အင်ဆူလင်ဟိုမုန်းက အဆီစုမိစေပါတယ်။ ဆီးချိုရောဂါဖြစ်ခါနီး အချိန်တွေမှာ အင်ဆူလင်ပိုလျှံပြီး ပိုဝတတ်ပါတယ်။ ဒါကြောင့် ကဆီဓာတ်ကြွယ်ဝသော အစားအစာတွေရှောင်ပါ။

✅ အစားအစာကို perfect and clean ဖြစ်ပါစေ။

Perfect ဖြစ်အောင် စားတယ်ဆိုတာ စားတဲ့အစားအစာမှာ ဗိုက်တာမင် နှင့် သတ္ထုဓာတ်တွေ ပြည့်စုံပါဝင်အောင်စားခြင်းဖြစ်ပါတယ်။ Superfood တွေက perfect ဖြစ်တဲ့ အစာတွေဖြစ်ပြီး အော်ဂဲနစ်သာဖြစ်ခဲ့လျှင် clean ဖြစ်တယ်လို့ပြောရပါမည်။ ဥပမာ - အော်ဂဲနစ် ပန်းစိမ်း၊ အော်ဂဲနစ် riceberry

✅ ကဆီဓာတ်ကို တတ်နိုင်သမျှလျော့စားပါ။

ကဆီဓာတ်က အင်ဆူလင်ဟိုမုန်းထွက်လာအောင် ပြုလုပ်ပြီး အဆီစုမိဖို့ အားပေးပါတယ်။ ဒါကြောင့် ထမင်း၊ ဂျုံ၊ အာလူး စတာတွေကို ရှောင်ပါ။

✅ ရေဝအောင်သောက်ပါ။

​ရေကို ၃-၄ လီတာလောက်ရအောင်သောက်ပါ။ ရေဆာခြင်း နှင့် ထမင်းဆာခြင်းက အနည်းငယ်ဆင်တူပါတယ်။ တစ်ချို့က ရေဆာခြင်းကို ထမင်းဆာခြင်း နဲ့ မှားပြီး မှားယွင်းစားမိတတ်တယ်။ ကော်ဖီ၊ ယာမကာသောက်လျှင် ရေကို ၂ ဆပိုသောက်ပါ။

✅ အိပ်ရေးဝအောင် အိပ်ပါ။

အိပ်စက်ခြင်းက အသည်းလုပ်ငန်းကို မှန်ကန်စေပါတယ်။ သကြားဓာတ်ထိန်းညှိခြင်း နှင့် ဟိုမုန်းလုပ်ငန်းအများစုကို အသည်းက ဆောင်ရွက်ရပါတယ်။ ဒါကြောင့် အသည်းက သူ့လုပ်ငန်းကို မှန်မှန်ကန်ကန် မလုပ်လျှင် ဝိတ်ကျဖို့ခက်ပါတယ်။
Credit #

နွားနို့( ၁ ) အဆီမထုတ်ထားတဲ့မလိုင်ပြည့်နို့ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့ ( whole milk ) မှာ အဆီ 3.25% ၊ အဆီလျော့ထားတဲ့...
04/12/2021

နွားနို့

( ၁ ) အဆီမထုတ်ထားတဲ့မလိုင်ပြည့်နို့

အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့ ( whole milk ) မှာ အဆီ 3.25% ၊ အဆီလျော့ထားတဲ့ ( Low-fat milk ) မှာ အဆီ 1% နှင့် အဆီထုတ်ထားတဲ့ ( skim milk )မှာ အဆီ 0.5% ပါဝင်ပါတယ်။ အဆီလျော့ထားတဲ့ နို့ထွက်ပစ္စည်းတွေ ( low-fat dairy products ) က ကျန်းမာရေးအတွက်ကောင်းတယ်လို့ ဆယ်စုနှစ်များစွာမှာညွှန်းခဲ့ကြတယ်။ လတ်တလော လေ့လာမှုတွေအရ အဆီထုတ်နို့ ( skim milk ) တွေက ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်စရာတော့မဟုတ်ဘူးလို့ ပြောပါတယ်။

အဆီများလေ ကယ်လိုရီများလေဆိုတော့ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့က ကယ်လိုရီအတော်များတယ်လို့ပြောလို့ရတယ်။ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့က ပြည့်ဝဆီအတော်များသလို နှလုံး နှင့် ဦးနှောက်ကျန်းမာရေးအကျိုးပြုတဲ့ omega 3 ပါဝင်မှုလည်းအတော်များတယ်။ သဘာဝမြက်စားနွားရဲ့ နို့ဆိုလျှင် ပုံမှန်နို့ထက် omega 3 ပါဝင်နှုန်းများတယ်။

လေ့လာမှုအချို့မှာ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့မှာပါဝင်တဲ့ ပြည့်ဝဆီက ကိုယ်လက်စထရောကိုမြင့်တက်စေပြီး နှလုံးရောဂါဖြစ်စေတယ်လို့ရေးတယ်။ Experimental evidence တွေမှာတော့ ပြည့်ဝဆီက နှလုံးရောဂါဖြစ်စေတယ်ဆိုတာ သက်သေမပြနိုင်ဘူးရေးပါတယ်။ လေ့လာမှု ၂၁ ခုမှာလည်း ပြည့်ဝဆီစားသုံးခြင်း နှင့် နှလုံးရောဂါနှင့် အဆက်အစပ်မရှိဘူးရေးတယ်။ လေ့လာမှုတွေကြားက ရှုပ်ထွေးမှုတွေ ဆက်လက်မပြောတော့ပါဘူး။

အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့မှာ ကယ်လိုရီပါဝင်နှုန်းများတာကြောင့် ဝတဲ့သူတွေ မသောက်သင့်ဘူးလို့ပြောကြတယ်။ အံဩဖို့ကောင်းတာက အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့က ဝမ်းဗိုက်ပူခြင်း နှင့် ခါးတုတ်ခြင်းကိုလည်း လျော့နည်းစေတယ် လို့ပြောတဲ့ စာတမ်းတွေရှိတယ်။ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့က ဝိတ်ကျစေတယ်ဆိုပြီး အများကြီးသောက်လျှင်တော့ ဖက်တီးကြီးဖြစ်လာမှာပဲ။

ဗိုက်ဗူခြင်း၊ အင်ဆူလင် ခုခံမှုဖြစ်ခြင်း၊ HDL ပမာဏလျော့နည်းခြင်း၊ triglyceride ပမာဏများလာခြင်းစတဲ့ အကြောင်းအချက်တွေရှိလာတဲ့အခါ ဆီးချိုအမှတ် ၂ နှင့် နှလုံးရောဂါဖြစ်နိုင်ချေမြင့်တယ်။ ဒီလိုအခြေအနေကို metabolic syndrome လို့ ပြောကြတယ်။ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့က metabolic syndrome ဖြစ်ပွားမှုကို လျော့ချနိုင်တယ်ပြောတယ်။ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့သောက်ခြင်းက သားသမီးရဖို့ကူညီနိုင်ပြီး အူမကြီးကင်ဆာဖြစ်ပွားနှုန်း ကျဆင်းစေတယ်လို့ ပြောတဲ့လေ့လာမှုတွေရှိတယ်။

( ၂ ) အဆီထုတ်ထားတဲ့နို့

အဆီထုတ်ထားတဲ့နို့ ( skim milk ) ဆိုတာ ကယ်လိုရီနည်းပြီး အဟာရကြွယ်ဝစွာပါတဲ့ နို့လို့ဆိုပါတယ်။ အဆီထုတ်ထားတဲ့နို့မှာ အသားဓာတ်၊ ကယ်ဆီယမ်၊ ဖော့ဖရိတ်၊ ဗိုက်တာမင် A နှင့် ဗိုက်တာမင် D ကြွယ်ဝစွာပါဝင်ပြီး ကြွက်သားတည်ဆောက်ရေး နှင့် အရိုးဖွဲ့စည်းမှုမှာ များစွာအထောက်အကူပြုတယ်ရေးတယ်။ အဆီထုတ်ထားတဲ့နို့တစ်ခွက်မှာ အသားဓာတ် ၈ ဂရမ် နှင့် ကယ်လိုရီ ၉၀ သာပါဝင်တာကြောင့် အဆီလျော့ပြီး ကြွက်သားကြီးထွားချင်သူတွေအတွက် အဆင်ပြေတယ်။

အဆီထုတ်ထားတဲ့နို့က အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့ထက် ကယ်ဆီယမ် ပိုပါဝင်တာကြောင့် အရိုးပွခြင်းကို ကာကွယ်နိုင်တယ်လို့ မျှော်လင့်လို့ရတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းမလုပ်ဘဲ အဆီထုတ်ထားတဲ့နို့ ထိုင်သောက်နေလို့ ဒီလိုအကျိုးရလဒ်တွေ မဖြစ်နိုင်ဘူး

၂၀၁၃ မှာ ပြုလုပ်တဲ့ အဝလွန်ခြင်းအစီရင်ခံစာမှာရေးတာက အဆီထုတ်ထားတဲ့နို့မှာ ကြွယ်ဝစွာပါဝင်တဲ့ whey protein က အဝလွန်ခြင်းကို ထိန်းပေးတယ်။ ကြွက်သားထုထည်ကို တည်မြဲစေတယ်။ သွေးတွင်းသကြားကိုထိန်းနိုင်ပြီး ကိုယ်လက်စရောပမာဏကို မျှတစေတယ်လို့ရေးတယ်။

အဆီထုတ်ထားတဲ့နို့က အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့လောက်အရသာမကောင်းဘူး။ အဆီထုတ်ထားတဲ့နို့တစ်ခွက်မှာ ကယ်လိုရီ ၉၀ ပါဝင်တယ်။ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့တစ်ခွက်မှာ ကယ်လိုရီ ၁၅၀ ပါဝင်တယ်။ နို့တစ်ခွက်ချင်းအတူတူ အသားဓာတ်၊ ဗိုက်တာမင်၊ သတ္ထုဓာတ် ပါဝင်နှုန်းသိပ်မကွာပေမည့် အဆီထုတ်ထားတဲ့နို့က ကယ်လိုရီ နှင့် အဆီပါဝင်နှုန်းလည်းနည်းတယ်။ ဒါကြောင့် ကိုယ်အလေးချိန် ဂရုစိုက်ရတဲ့သူ နှင့် ခန္ဓာကိုယ်ဂရုစိုက်ရတဲ့ အားကစားသမားတွေအတွက် အဆီထုတ်ထားတဲ့နို့က အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့ထက် ပိုပြီးသင့်တော်တယ်။

နို့နှင့်မတည့်သူတွေ နှင့် အစာလမ်းကြောင်းပြသနာရှိသူတွေက အဆီထုတ်ထားတဲ့နို့ဖြစ်ဖြစ်၊ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့ဖြစ်ဖြစ် မသောက်သင့်ဘူး။ နွားနို့မှာပါဝင်တဲ့ casein ပရိုတိန်းကို A1 နှင့် A2 ဆိုပြီးခွဲနိုင်တယ်။ A1 β-casein ပါတဲ့နို့ဟာ အော်တိုအင်မြူးရောဂါတစ်ခုဖြစ်တဲ့ ဆီးချိုအမှတ် -၁ ကို ဖြစ်အောင် အားပေးအားမြောက်ပြုတယ်လို့ရေးတယ်။ မိခင်နို့တိုက်တဲ့ကလေးတွေမှာ A1 β-casein ရဲ့ ဆိုးကျိုးကို ကာကွယ်ပြီးဖြစ်တယ်ရေးတယ်။ ဒါကြောင့် နို့စို့ကလေးတွေကို မိခင်နို့လုံလောက်တိုက်ဖို့ နှင့် နွားနို့ကို ရှောင်ဖို့ပြောကြတယ်။

နို့နှင့်လည်းတည့်တယ်။ အစာလမ်းကြောင်းလည်းပြသနာမရှိဘူးဆိုလျှင် cofffee mate အစား သဘာဝနွားနို့ပဲသောက်ပါ။ မြက်စားနွားနို့ဆိုလျှင်ပိုကောင်းတယ်။ သဘာဝနွားနို့ဝယ်ဖို့ အဆင်မပြေလျှင် မြက်စားနွားနို့မှုန့်သောက်ပေါ့။ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့မှာ ပြည့်ဝဆီ 4.6 ဂရမ်ပါဝင်တယ်။ အမေရိကန်တွေအတွက်ရေးထားတဲ့ 2015 Dietary Guidelines အရဆိုလျှင် နေ့စဉ်စားသင့်တဲ့ အဆီပမာဏရဲ့ ၂၀ % ရှိတယ်။ တစ်ရက် နို့တစ်ခွက်လောက်သောက်မည်ဆိုလျှင် အရသာရှိတဲ့ အဆီမထုတ်ထားတဲ့ မလိုင်ပြည့်နို့သောက်လို့ရပါတယ်။

တစ်နေ့ နို့ ၃ ခွက်လောက်သောက်မည်ဆိုလျှင် အဆီထုတ်ထားတဲ့နို့သောက်ပါ။ အားကစားသမားတွေ၊ ကြွက်သားတည်ဆောက်သူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်သူတွေက အဆီထုတ်ထားတဲ့နို့ နှင့် ပိုသင့်တော်တယ်။ ကော်ဖီနှင့် ဖျော်သောက်မည်ဆိုလျှင် အဆီထုတ်ထားတဲ့နို့က ကော်ဖီအရသာကို ပိုပေါ်လွင်စေတယ်။

#ဒေါက်တာဖြိုးမောင်မောင်

လိမ္မော်သီး ဝယ်ယူစားသုံးရာမှာ အရည်အသွေးကောင်းတဲ့အသီးကို ရွေးချယ်ဝယ်ယူနိုင်ဖို့ ဂရုပြုရမယ့်အချက်တွေ ရှိပါတယ်။(၁) အပြင်ပန်...
30/11/2021

လိမ္မော်သီး ဝယ်ယူစားသုံးရာမှာ အရည်အသွေးကောင်းတဲ့အသီးကို ရွေးချယ်ဝယ်ယူနိုင်ဖို့ ဂရုပြုရမယ့်အချက်တွေ ရှိပါတယ်။

(၁) အပြင်ပန်းကြည့်တဲ့အခါ အရောင်အသွေးတောက်ပြောင်ပြီး တင်းနေရင် ပိုပြီးလတ်ဆတ်ကြောင်း သိနိုင်ပါတယ်။ အခွံတွေမှိန်ပြီး ရှုံ့နေရင် ခူးထားတာကြာပြီး ရေဓာတ်တွေဆုံးရှုံးကာ အမှည့်လွန်နေပြီလို့ ဆိုနိုင်ပါတယ်။ အသီးအခွံမှာ မှိုလိုအစက်အပြောက်တွေရှိရင် အမျိုးအစားညံ့ဖျင်းတယ်လို့ သတ်မှတ်ပါတယ်။

(၂) အသီးအရွယ်အစားနဲ့ သင့်တော်တဲ့အလေးချိန် ရှိရပါမယ်။ လေးရင်အရည်ရွှမ်းပြီး ကောင်းပါတယ်.. ပေါ့နေရင် အရည်တွေ ခမ်းခြောက်ပြီး စားမကောင်းတော့ပါဘူး။

(၃) လိမ္မော်သီးရဲ့ အညှာချက်တိုင်ကြီးလေလေ ပိုပြီးကောင်းလေလေ၊ ပိုချိုလေလေပါပဲ။ ချက်တိုင်ကြီးပြီး အသီးအတွက် အာဟာရဓာတ်တွေ ပိုရတဲ့သဘောကို ဆောင်ပါတယ်။ ချက်တိုင်သေးရင်တော့ အာဟာရဓာတ် ရရှိမှုနည်းလို့ အသီးရဲ့အရည်အသွေး ညံ့ပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

Address

Katha

Telephone

+959796777549

Website

Alerts

Be the first to know and let us send you an email when Yaung Chy Oo Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share