ခန့်တိရစ္ဆာန်ရောဂါကုဆေးခန်း ကသာမြို့

  • Home
  • Myanmar
  • Katha
  • ခန့်တိရစ္ဆာန်ရောဂါကုဆေးခန်း ကသာမြို့

ခန့်တိရစ္ဆာန်ရောဂါကုဆေးခန်း ကသာမြို့ သန့်ရှင်းကောင်းမွန်သော ဆေးခန်းဝန်ေ

07/01/2025

7-1-2025နေ့မှစ၍
ဆေးကုသမှုများ
အိမ်မွေး
ခြံမွေး
တောရိုင်း တိရစ္ဆာန် များအတွက်
အထွေထွေခွဲစိတ်ကုသမှုနှင့် အခြားသောဆေးကုသမှုများ ကို
အကန့်အသတ်မရှိ ခေတ္တရပ်နားထားပါဦးမယ်ခင်မျာ

မွေးမြူရေးအစာအစုံ လက်လီလက်ကားရပါပြီရှင့်😉😉😉 #ခန့်မွေးမြူရေးဆေးနှင့်အစာဆိုင် #ကသာမြို့📞09259192934📞09426468261
15/02/2024

မွေးမြူရေးအစာအစုံ လက်လီလက်ကားရပါပြီရှင့်😉😉😉
#ခန့်မွေးမြူရေးဆေးနှင့်အစာဆိုင်
#ကသာမြို့
📞09259192934
📞09426468261

ကာကွယ်ဆေးလာထိုးတဲ့ မိုးတားလေး‌ရေဝန်း ဘုန်းကြီးကျောင်း ပေါက် အယ်ဇေးရှင်းပါပီ‌ေလး များ
01/10/2023

ကာကွယ်ဆေးလာထိုးတဲ့ မိုးတားလေး‌ရေဝန်း ဘုန်းကြီးကျောင်း ပေါက်
အယ်ဇေးရှင်းပါပီ‌ေလး များ

15/07/2023

ကျွန်တော်တို့ကသာမြို့မှာတော့
ဒီရက်ပိုင်းအတွင်း ခွေးတွေမှာ
အဆက်မပြတ်ချောင်းဆိုးတဲ့ရောဂါတမျိုး
ကူးစက်ပြန့်နှံ့နေတာကိုတွေ့ရပါတယ်

ဒီရောဂါရဲ့လက္ခဏာတွေ ကိုဆန်းစစ်တဲ့အခါမှာ
Kennel cough ရောဂါဖြစ်မယ်လို့ခန့်မှန်းရပါတယ် ဖြစ်ပွားမှုရာခိုင်နုန်းမြင့်မားပြီး
သေဆုံးမှုရာခိုင်နုန်း လဲကုသမှုမရှိရင် အတင့်အသင့်
ရှိပါတယ်

29/04/2023

World Veterinary Day
ကမ္ဘာ့ တိရစ္ဆာန်ဆေးကုနေ့...

10/06/2022

မိုးရာသီတွင်အဖြစ်များသော ရောဂါပြသနာများထဲမှတစ်ခု

26/05/2022

ဆရာဝန်မကယ်နိုင်ခြင်းများ...

1 .. ဘေးကနေ ပွစိပွစိလုပ်ခြင်း
2.. ဆရာဝန်ကိုမယုံခြင်း ၊ လိမ်ခြင်း..
3.. လာမပြခင် အကုန်လျောက်လုပ်ထားခြင်း
4.. စိတ်မရှည်ခြင်း.
5.. လျှာရှည်ခြင်း
6.. ဆရာလုပ်ခြင်း
7.. လမ်းညွှန်ချက်များမလိုက်နာခြင်း
8.. ရက်ချိန်းမမှန်ခြင်း
9.. ဆရာများသားသေခြင်း
10. ဆရာဝန်ထက် ဘေးကစဆရကများ ပြောသည်ကိုလျောက်လုပ်ခြင်း...

မြီးတို
24/05/2022

မြီးတို

15/05/2022

ဥဖောက်...

TVT Transmissible Venereal TumorCauliflower Disease လိင်မှတဆင့်ကူးစက်တတ်သော ကင်ဆာ ရောဂါ ကို ကင်ဆာဆေးသွင်းကုသပေးနေပါပြီ
13/05/2022

TVT
Transmissible Venereal Tumor
Cauliflower Disease
လိင်မှတဆင့်ကူးစက်တတ်သော ကင်ဆာ ရောဂါ
ကို ကင်ဆာဆေးသွင်းကုသပေးနေပါပြီ

ခွေးရူးပြန်ရောဂါ ခွေးတွင်ဖြစ်သောလက္ခဏာများထိုရောဂါ စတင်ဖြစ်ပွားသည်မှစ၍ တစ်ဆင့်ထက်တစ်ဆင့် တွင် ရောဂါပြင်းထန်လာသည်။ သို့ဖြ...
13/05/2022

ခွေးရူးပြန်ရောဂါ
ခွေးတွင်ဖြစ်သောလက္ခဏာများ

ထိုရောဂါ စတင်ဖြစ်ပွားသည်မှစ၍ တစ်ဆင့်ထက်တစ်ဆင့် တွင် ရောဂါပြင်းထန်လာသည်။ သို့ဖြစ်၍ ထိုရောဂါ စွဲကပ်နေ သော တိရစ္ဆာန်သည် ရောဂါ၏အဆင့်တစ်ဆင့်တွင် စိတ်တက်ကြွမှု အနည်းငယ်ရှိခြင်းကြောင့် ရန်မူလိုတတ်သည်။ ခွေး၌ ထိုရောဂါ စွဲကပ်ကြောင်းကို ၇ ရက်တစ်ပတ်အတွင်းတွင် သိသာနိုင်၏။ ရောဂါစွဲစ၌ ခွေး၏ရှိရင်းစွဲ အလေ့အထများသည် ပြောင်းလဲလာ၏။ သာဓကပြရသော် မိမိသခင် အိမ်သို့ပြန်လာသောအခါ သခင်ထံသို့ အပြေးအလွှားသွား၍ ကြိုဆိုခြင်း၊ သခင်ကိုတွေ့သောအခါ အမြီးနန့်ခြင်း စသော အလေ့အကျင့်ကို မပြုတော့ပေ။ ခွေးသည် ထိုင်းမှိုင်းလာတတ်ပြီးလျှင် ခပ်ဝေးဝေး ရှောင်ခွာ၍ သီးသန့်နေတတ်သည်။ ကောက်ရိုးစသော အသုံး မဝင်သည့်အရာများကို စုဆောင်းခြင်း၊ သံနှင့်ကျောက်ခဲ စသည့် အေးသောအရာပစ္စည်းများကို လျက်ခြင်း၊ အခြားတိရစ္ဆာန်များကို လျက်ခြင်း စသည်တို့ကို ပြုလုပ်လို၏။ ထိုရောဂါစွဲသော တိရစ္ဆာန်တိုင်းတွင် ရောဂါစွဲစအချိန်၌ ကာမစိတ် တက်ကြွခြင်းကို တစ်ခါတစ်ရံ တွေ့ရ၏။ ထိုအချိန်မျိုး၌ ခွေးတွင် ကိုက်လိုစိတ်မရှိချေ။ ရောဂါလက္ခဏာများသည် ခွေးရူးနာရင့်လေ ပို၍ ထူးခြားလာလေဖြစ်ပြီးလျှင် တစ်ဆင့်ထက်တစ်ဆင့် ဆိုးရွားလာတတ်၏။ ထိုအချိန်တွင် ရုတ်တရက်ဟတ်ခြင်း၊ ရိုးရိုးရွရွနှင့် လှုပ်ရှားသွားလာခြင်း စသည်တို့ကို ပြုတတ်သည်။ ထိုအခြေ၌ ခွေးသည် မိမိသခင်၏အသံကို မှတ်မိသေးသည်။ ထို့နောက် တဖြည်းဖြည်း ရောဂါတိုးလာ၍ တုန်လှုပ်ချောက်ချားခြင်း၊ တည်ငြိမ်မှုမရှိခြင်းတို့ ဖြစ်ပေါ်လာလေသည်။

ခွေးရူးသည် ရေကိုမြင်လျှင် မကြောက်ရွံ့တတ်ချေ။ ရောဂါစွဲစအချိန်တွင် ရေကို အလွန်ငတ်တတ်သည်။ အကယ်၍ ထိုခွေးအား ရေတိုက်လျှင် ရေကို လောဘကြီးစွာ သောက် တတ်၏။ ရောဂါစွဲကပ်ပြီးနောက်တွင် ခွေး၌ လည်ချောင်း ကျုံ့လာ၍ စားသောက်ရာတွင် အကျပ်အတည်းတွေ့လာ၏။ ထိုအခြေ၌ ရေကိုတိုက်လျှင် သောက်နိုင်ရန် ကြိုးစားအားထုတ် ပေသေးသည်။ လည်ချောင်းကျုံ့လာခြင်းသည် ခွေးရူးရောဂါ၏ လက္ခဏာတစ်ရပ်ဖြစ်၏။ ရောဂါစွဲအချိန်၌ ခွေးသည် အများအားဖြင့် အစာကို ကောင်းစွာစားနိုင်သေး၏။ ထို့နောက် တဖြည်းဖြည်းတွင် အစာကို စားနေကျအတိုင်း မစားနိုင်တော့ပေ။ ကောက်ရိုး၊ မြက်စသော ခွေးအိပ်ရန် ခင်းထားသည့် ပစ္စည်းများကိုပါ ကိုက်တတ်သည်။

ခွေးရူးနာစွဲကပ်လျှင် အသံသည် ပင်ကိုယ်အသံမျိုး မဟုတ်တော့ချေ။ လည်မျိုတွင် တစ်မျိုးတစ်ဖုံ ပြောင်းလဲမှုကြောင့် အသံသည် သူငယ်နာချောင်းနက် စွဲကပ်သော ကလေး၏ အသံကဲ့သို့ ဖြစ်လာ၏။ အက်ကွဲခြောက်ကပ်သောအသံဖြင့် ဟောင်တတ်၏။ ၆ ကြိမ် သို့မဟုတ် ၈ ကြိမ် ဖြည်းညှင်းစွာ ဟောင်ပြီးနောက် ပါးစပ်ကို ဖွင့်၍ ကျယ်လောင်စွာ အူတတ်၏။ ဤသို့ အသံပြောင်းလာခြင်းသည် ဤရောဂါ၏ အစလက္ခဏာဖြစ်ကြောင်း တစ်ခါတစ်ရံ တွေ့ရပေသည်။ ခွေးရူးနာ စွဲကပ်ခိုက်တွင် အရေပြားနှင့် ခံစားရသော အာရုံများသည် နည်းပါးသွားသော်လည်း စိတ်အာရုံတက်ကြွမှုများသည် တိုးလာ၏။ ခွေးရူးနာစွဲသော တိရစ္ဆာန်အားလုံးသည် ခွေးကိုမြင်လျှင် အမျက်ဒေါသ ပြင်းစွာထွက် လာ၍ ရန်မူလို၏။ ခွေးရူးနာစွဲကပ်သော သိုးပင်လျှင် ထိုကဲ့သို့ သောအမူအရာကို ပြတတ်သည်။

ခွေးရူးနာ စွဲစတွင် ခွေးရူးသည် ရင်းနှီးခင်မင်သူတို့အား အများအားဖြင့် ရန်မမူတတ်ချေ။ သို့သော် အချုပ်အနှောင်မှ လွတ်မြောက်သောအခါ ဦးတည့်ရာသို့ ပြေးတတ်၏။ လမ်းခရီးတွင် တွေ့သမျှ သက်ရှိသတ္တဝါများကို ရန်မူတတ်သည်။ ရန်မူ၍ ကိုက်ဖြတ်လိုလျှင် ခွေးရူးသည် အသံမပြုချေ။ တိတ်ဆိတ်စွာ သာ ကိုက်တတ်လေသည်။ အကယ်၍ ခွေးရူးသည် ထိခိုက်မိ၍ ဒဏ်ရာအနာတရဖြစ်လျှင် သို့မဟုတ် အခြားသက်ရှိသတ္တဝါ၏ အကိုက်ခံရလျှင်လည်း နာပင်နာကျင်စေကာမူ မအော်ချေ။ ခွေးရူး၏ ကြမ်းကြုတ်ခြင်း အရှိန်သည် ခွေး၏စိတ်တွင် တည်၏။ လိမ်မာသောခွေးတစ်ကောင်ရူးလျှင် ခက်ထန်ကြမ်းကြုတ်ခြင်း နည်းပါး၏။ အချို့ခွေးများသည် ဦးတည့်ရာသို့ ပြေးခိုက် တွေ့သမျှကို ကိုက်ရုံသာကိုက်ကြ၏။ အချို့ခွေးများ ကမူကား တွေ့သမျှကို သွားများကျိုးသည်အထိ ပြင်းထန်စွာ ကိုက်တတ်သည်။ မောဟိုက်နွမ်းနယ်နေခိုက်တွင် ခွေးရူး၌ သွက်ချာပါဒမိသော လက္ခဏာများ ပေါ်လာတတ်၏။ ခြေလက်တို့သည်လည်း အားနည်းလာပြီးလျှင် လမ်းပင် ကောင်းစွာမလျှောက်နိုင်တော့ချေ။ နောက်ခြေများကို တရွတ် တိုက်ဆွဲရသည့် အခြေသို့ပင် ရောက်လာ၏။ အမြီးကို ထောင်၍မထားနိုင်သဖြင့် အောက်သို့ကျနေ၏။ ဦးခေါင်းသည် လည်း ရှေ့သို့ငိုက်လျက် ရှိ၏။ ပါးစပ်ပွင့်လျက် လျှာသည်လည်း ပါးစပ်အပြင်သို့ ထွက်လာ၏။

ကူးစက်ခံရခြင်း

ခွေးရူးနာ စွဲကပ်သောတိရစ္ဆာန်၏ သွားရည်သည် အကိုက်ခံရသူ၏အနာ သို့မဟုတ် အရေပြားတွင် ပွန်းပဲ့ သောနေရာမှ ကိုယ်တွင်းသို့ဝင်သွားလျှင် ခွေးရူးရောဂါသည် ထိုသူကို ကူးစက်ပြန့်ပွားနိုင်၏။ ခွေးရူးနာ စွဲကပ်သော လူနာများကို စစ်ဆေးသောအခါ ရာခိုင်နှုန်း ၉ဝ သည် ခွေးရူးကိုက်ခံရသောကြောင့်သာ ဖြစ်ပေါ် နိုင်သည်မဟုတ် ခွေးရူးနာစွဲကပ်နေသော ကြောင်၊ ဝံပုလွေ၊ မြေခွေး၊ ခွေးအ စသော အခြားတိရစ္ဆာန်များကြောင့်လည်း လူသို့ ကူးစက် နိုင်၏။

လူတွင်ပြသော ခွေးရူးပြန်ရောဂါ လက္ခဏာများ

ရောဂါစွဲကပ်သည့်အချိန်မှ ရောဂါသိသာ ဖြစ်ပေါ်လာသည့်အချိန်အထိကို ပိုးမျိုးပျိုးရက်ဟု ခေါ်၏။ ပိုးမျိုး ပျိုးရက်သည် လူနာတစ်ဦးနှင့်တစ်ဦး မတူချေ။ အချို့လူနာတွင် အနည်းဆုံး ၂ သီတင်းကြာ၍ အချို့တွင် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာပင်လျှင် ကြာတတ်၏။ သို့သော် ပျမ်းမျှခြင်းအားဖြင့် ထိုရောဂါပိုးပျိုးချိန်မှာ သီတင်းပတ် ၆ ပတ်မှ ၃ လအထိ ကြာတတ်၏။ ခွေးရူးကိုက်ခံရသော ကိုယ်အင်္ဂါအစိတ်အပိုင်းကိုလိုက်၍ ပိုးမျိုးပျိုးချိန်သည် ရက်တိုသည်လည်း ရှိ၏။ ရက်ရှည်သည်လည်း ရှိ၏။ ပိုးမျိုးပျိုးရက်သည် ကလေးများတွင် ပို၍ တိုတောင်း၏။ ခွေးရူးကိုက်ခံရသော အနာသည် လျင်မြန်စွာ ကျက်သွားပြီးနောက် ခွေးရူးရောဂါ ထလာလျှင် အနာနေရာတွင် ရောင်ရမ်းယားယံ နာကျင်လာတတ်သည်။ အနာတစ်ဝိုက်၌လည်း ထုန်လာတတ်၏။ ခွေးရူး ကိုက်ခံရ၍ ရောဂါဖြစ်စ လူနာတွင် စိတ်ညိုးငယ်ခြင်း၊ တည်ငြိမ်မှုမရှိခြင်း၊ အလွန်ကြောက်ရွံ့ခြင်း စသော လက္ခဏာများကို တွေ့ရပေမည်။ လူနာစကားပြောပုံလည်း တစ်မျိုးပြောင်းလဲလာ၏။ စကားကို တိုတောင်းစွာနှင့် လျင်မြန်စွာပြောတတ်၏။ အဖျားဝင်ခြင်း၊ စားသောက်ချင်စိတ်မရှိခြင်း၊ အိပ်မပျော်ခြင်း၊ ခေါင်းကိုက် ခြင်း၊ စိတ်မတည်ငြိမ်ခြင်း၊ သက်ပြင်းချ၍ အသက်ရှူခြင်း စသော လက္ခဏာများကိုလည်း တွေ့ရ၏။ လူနာသည် အရည်ကို တစ်ခါတစ်ရံ စက်ဆုပ်တတ်၏။ ထိုလက္ခဏာများကို ၁ ရက် ၂ ရက်အတွင်း တွေ့ရတတ်သည်။

ထို့နောက် လူနာသည် စိတ်ဓာတ်ပိုမို ပြင်းထန်စွာ တုန်လှုပ် ချောက်ချားလာ၏။ အသက်ရှူကျပ်လာ၏။ ဤအဆင့်တွင် လူနာသည် အရည်ကို မျိုချနိုင်ရန် ကြိုးစားအားထုတ်ရ၏။ ရေအလွန်ငတ်၏။ အသက်ရှူ ကျပ်၍ မွန်းသွားတတ်၏။ ဤသို့ မွန်းရခြင်းမှာ အစာမျိုချရာ၌ အခရာဖြစ်သော ကြွက်သားနှင့် အသက်ရှူရာ၌ အခရာဖြစ်သော ကြွက်သားတို့ အလိုအလျောက် လှုပ်ရှားနေသောကြောင့် ဖြစ်၏။ မွန်းရာမှ သတိရလာသော် လူနာသည် ထိတ်လန့်၏။ ခန္ဓာကိုယ် နွမ်းနယ်၏။ လူနာသည် တောက်ပြောင်သောအလင်း၊ ကျယ်လောင်သောအသံ၊ တိုက်ခတ်သော လေအေး စသည်တို့ကို သိလွယ်၏။ ရောဂါတိုးလာ သည်နှင့်အမျှ ရောဂါလက္ခဏာများသည် ပြင်းထန်၍ ထပ်ကာ ထပ်ကာ ပေါ်လာတတ်၏။ သို့သော် ရောဂါအတက်အကျကား ရှိသေးသည်။ ရောဂါကျချိန်တွင် လူနာသည် ငြိမ်၍နေတတ်၏။ ထိုအချိန်တွင် လူနာသည် စိုးရိမ်ကြောင့်ကြသော လက္ခဏာ ရှိ၍ အသက်ရှူရာတွင် အသံမြည်လာ၏။ ထိုအသက်ရှူသံမျိုး ပေါ်လာသည်ကို ခွေးကဲ့သို့ အူသည်ဟု ဆိုကြသည်။ လူနာသည် စိတ်နောက်ချည် တစ်လှည့် ကောင်းချည်တစ်ခါ ဖြစ် တတ်၏။ ထိုအခြေတွင် လူနာသည် မိမိ၏ပါးစပ်မှ ထွက်လာသည့် တံထွေးစေးတို့ကို မျိုချခြင်းငှာ မစွမ်းနိုင်သဖြင့် အစဉ်တံထွေးကို ထွေးလျက် ရှိ၏။ လူနာသည် ပစ္စည်း တစ်ခုခုကို ဟပ်သကဲ့သို့ ပါးသွယ်ရိုးကို လှုပ်ပေးတတ်၏။ အဖျားကျသွားသော်လည်း ဝမ်းချုပ်ခြင်း၊ ဆီးနည်းခြင်း ဖြစ်တတ်၏။ ကာမစိတ်တက်ကြွမှု တစ်ရံတစ်ခါရှိတတ်၏။ ဖော်ပြသည့်အတိုင်း လူနာသည် ၂ ရက် သို့မဟုတ် ၃ ရက်မျှ ဝေဒနာကို ခံစားပြီးနောက် သေဆုံးသွားတတ်၏။ [၁]

ကိုးကား wiki

Address

Katha

Telephone

+959259192934

Website

Alerts

Be the first to know and let us send you an email when ခန့်တိရစ္ဆာန်ရောဂါကုဆေးခန်း ကသာမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category