ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy

  • Home
  • Myanmar
  • Kayan
  • ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy

ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy You can buy all sorts of medicine you want

ရှေးယခင်က ကျေးလက်ဒေသတွေမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ သံပရာသီးတို့ကို ရေနွေးနဲ့ ကျိုချက်ပြီး သောက်သုံးလေ့ရှိပါတယ်။သူတို့...
10/12/2025

ရှေးယခင်က ကျေးလက်ဒေသတွေမှာ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ သံပရာသီးတို့ကို ရေနွေးနဲ့ ကျိုချက်ပြီး သောက်သုံးလေ့ရှိပါတယ်။
သူတို့က "ဒီအရည်က သွေးလေ လည်ပတ်မှုကောင်းစေတယ်၊ သွေးပေါင်ကျစေတယ်၊ သွေးတွင်းအဆီလျှော့ချပေးတယ်၊ ရင်ဘတ်ထဲက မအီမသာဖြစ်တာကို လျော့ပါးစေတယ်" လို့ ဆိုပါတယ်။

​ဒီနေ့မှာတော့ ဒီလိုရိုးရှင်းတဲ့ အိမ်တွင်းဖြစ် ဖျော်ရည်ရဲ့ အဓိက အကျိုးကျေးဇူးတွေကို ပြောပြချင်ပါတယ်နော်။
​💓 ခန္ဓာကိုယ်ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ...

​🧄 ၁။ သွေးတိုးကို ထောက်ပံ့ပြီး လျှော့ချပေးခြင်း
​ကြက်သွန်ဖြူမှာပါတဲ့ Allicin ဓာတ်က သွေးကြောတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ အစားအသောက် ဂရုစိုက်မှုနဲ့အတူ တွဲဖက်သောက်သုံးရင် သွေးပေါင်တက်နေသူတွေကို "ကျန်းမာရေးကို ထိန်းညှိ" ပေးနိုင်ပါတယ်။
​(ဆေးဝါးကို အစားထိုးတာ မဟုတ်ပေမဲ့ အားဖြည့်ပေးရာမှာတော့ အထောက်အကူပြုပါတယ်နော်။)

​🧅 ၂။ သွေးတွင်းအဆီကို ထိန်းချုပ်ပေးခြင်း
​ကြက်သွန်နီနဲ့ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေပါဝင်လို့ မကောင်းတဲ့အဆီ (LDL) ကို အနည်းငယ် လျှော့ချပေးနိုင်ပါတယ်။ ဆီကြော်၊ အဆီများတဲ့ အစားအစာတွေ မကြာခဏစားသူ၊ ကိုယ်အလေးချိန် များပြီး အိပ်ငိုက်တတ်သူတွေအတွက် သင့်တော်ပါတယ်။

​🍋 ၃။ အစာခြေစနစ်ကို ကူညီခြင်း
​နွေးနေတဲ့အရည်နဲ့ ဆေးဖက်ဝင်အနံ့တွေက ဗိုက်ကို သက်သောင့်သက်သာဖြစ်စေပြီး အစာမကြေ၊ ရင်ပြည့်၊ ရင်ကယ်ဖြစ်တာကို လျော့နည်းစေပါတယ်။

​✨ ၄။ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုငယ်လေးများကို လျှော့ချပေးခြင်း
​ပါဝင်ပစ္စည်းသုံးမျိုးစလုံးမှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းသတ္တိရှိလို့ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်ဖို့ ပိုမိုလွယ်ကူစေပါတယ်။

​💨 ၅။ သွေးလေ လည်ပတ်မှု ကောင်းစေပြီး ကိုယ်ခန္ဓာပေါ့ပါး၊ အသက်ရှူချောင်စေခြင်း
​ကြက်သွန်နီနဲ့ သံပရာသီးအနံ့က လန်းဆန်းစေပါတယ်။ အထူးသဖြင့် မနက်ပိုင်းမှာ သောက်ရင်ပေါ့။

​🍵 ပြုလုပ်နည်း လွယ်ကူရိုးရှင်း
​၁။ ကြက်သွန်နီ ၃-၄ လုံးကို ထုပေးပါ။
၂။ ကြက်သွန်ဖြူ ၃-၅ မြွှာကို ထုပေးပါ။
၃။ သံပရာသီး ၁ လုံးကို အကွင်းလိုက် ပါးပါးလှီးပါ။
၄။ ရေ ၁ လီတာမှာ ထည့်ပြီး ၅-၇ မိနစ်လောက် ဆူအောင် တည်ပါ။
၅။ နွေးနွေးလေးကို မနက်စာနဲ့ ညစာ မစားမီ သောက်သုံးပေးနိုင်ပါတယ်။

​🌿 မီးဖိုချောင်ထဲက ရိုးရှင်းတဲ့ ပစ္စည်းလေးတွေပေမဲ့ သွေးပေါင်၊ အဆီ၊ အစာခြေစနစ်နဲ့ နေ့စဉ်ဘဝရဲ့ လန်းဆန်းမှုအတွက် ကျန်းမာရေးကို များစွာ အထောက်အကူပြုနိုင်ပါတယ်။

​တစ်ရက်ကို တစ်ဖန်ခွက်လောက် စမ်းသောက်ကြည့်လိုက်ပါနော်။
အရင်ထက် ခန္ဓာကိုယ် ပေါ့ပါး သက်သောင့်သက်သာဖြစ်လာမှာ သေချာပါတယ် 💚✨

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြရပါစေခင်ဗျာ 🙏🏻

MON SOUNG

ကိုယ်ခံအားကောင်းစေဖို့ စားပါဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ။ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွ...
08/12/2025

ကိုယ်ခံအားကောင်းစေဖို့ စားပါ
ဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ။

ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။

ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်သလဲ။

၁. အမိုင်နိုအက်ဆစ်

ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ ပရိုတင်းတွေဖြစ်ပေါ်မှုအတွက် အသုံးဝင်တဲ့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေက ကိုယ်ခန္ဓါရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့ အထောက်အကူပြုပေးပါတယ်။

၂.ရောင်ရမ်းမှုမဖြစ်အောင်လုပ်ဆောင်ပေးနိုင်ခြင်း

ဒန့်သလွန်ရွက်မှာ သံဓါတ်၊ရောင်ရမ်းမှုကို ကျဆင်းစေတဲ့အာနိသင်နဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဒန့်သလွန်ရွက်က အနာတွေ၊အပူလောင်တာနဲ့ပြန်ရှဒဏ်ရာတွေလိုမျိုး အသေးစားဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်လည်းမြန်စေပါတယ်။

၃. နို့ထွက်စေခြင်း

နို့တိုက်မိခင်တွေမှာ နို့ထွက်စေဖို့အတွက် ဒန့်သလွန်ရွက်စားသုံးပေးတာကိုရှေးယခင်ကာလတွေကတည်းကအသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ရွက်က နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းအောင်အထောက်အကူပေးပါတယ်။

၄. ကိုလက်စထရော

ဒန့်သလွန်ရွက်မှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓါကိုယ်ကိုကျစ်လျစ်သွယ်လျစေတဲ့ အစွမ်းတွေရှိပါတယ်။ ဒန့်သလွန်ရွက်က ကိုယ်ခန္ဓါကို ကျစ်လျစ်သွယ်လျစေသလို အားအင်ပြည့်စေပါတယ်။ ဒန့်သလွန်ရွက်ကို သရေစာတွေစားချင်စိတ်ကိုဖျောက်ဖျက်ပေးပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုတစ်ရပ်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုပါ။ ကိုလက်စထရောပမာစ နည်းတာက နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြေကိုလျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

၅. ဆီးချို

ဒန့်သလွန်ရွက်ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က ဆီးချိုရောဂါကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်မပါဘဲ ခန္ဓါကိုယ်အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ဒန့်သလွန်ကသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးပါ။

၆. ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ

ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေကျန်းမာစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ ဒန့်သလါန်ရွက်မှာ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး ၃၀လောက်ပါဝင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဒန့်သလွန်ရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုကို လှုံ့ဆော်ပေးမှာဖြစ်သလို ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။

၇. ဆံပင်သန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ဆံပင်နဲ့ဦးရေပြားကိုအကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်ကို ဆံပင်နဲ့ဦးရေပြား သန့်ရှင်းစေဖို့၊ဆံပင်ကျွတ်သက်သာစေဖို့ နဲ့ ဗောက်မထစေဖို့အတွက်အသုံးပြုနိုင်သလို ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်မှာ ဆံသားကိုကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင်B1 ၊ B2 ၊ B3 ၊ B-6 ၊ folate နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်က ဦးရေပြားမှာသွေးလည်ပတ်မှုကိုတိုးတက်စေသလို ဆံပင်သန်စွမ်းမှုကို အထောက်အကူပေးပါတယ်။ ဦးရေပြားမှာသွေးလည်ပတ်မှုကောင်းမွန်တဲ့အခါ ဆံတွင်းပေါက်လေးတွေကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေကို သန်စွမ်းနက်မှောင်စေပါတယ်။

၈ အာရုံကြောစနစ်

ဒန့်သလွန်ရွက်က အာရုံကြောစနစ်မှာ ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။ ဒန့်သလွန်ရွက်ကခေါင်းတစ်ခြမ်းကိုက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အခြားအာရုံကြောဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားလိုမျိုးရောဂါတွေမဖြစ်အောင်ကာကွယ်ရာမှာလည်းအထောက်အပံ့ပေးပါတယ်။

၉. အစာချေစနစ်ကိုကောင်းမွန်စေခြင်း

ဒန့်သလွန်ရွက်က အစာကျေလွယ်ပြီး အစာချေဖျက်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေက အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

၁၀. အဆိပ်ပြေစေခြင်း

ဒန့်သလွန်ရွက်က ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေပြီးသွေးသန့်စေပါတယ်။

၁၁. စွမ်းအင်ပြည့်ဝစေခြင်း

ဒန့်သလွန်ရွက်က စွမ်းအင်ပြည့်ဝစေပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်လုံးဝမပါဝင်ဘဲ သဘာဝနည်းအတိုင်း ခန္ဓါကိုယ်ကို စွမ်းအင်ပြည့်ဝစေတာဖြစ်ပါတယ်။

၁၂. ဝက်ခြံ နဲ့ ဆားဝက်ခြံတွေကိုသက်သာစေခြင်း

ဒန့်သလွန်ရွက်က အရေပြားကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး အရေပြားကိုနုပျိုစေပါတယ်။ အသားအရေကိကြည်လင်စေပြီး ဖြူဝင်းလှပစေနိုင်ပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။

၁၃. ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်ခြင်း

ဒန့်သလွန်ရွက်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ မှိုပိုးကိုတိုက်ဖျက်နိုင်တဲ့အာနိသင်တွေရှိတာကြောင့် ကူးစက်ရောဂါတွေတိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်က အရေပြားမှာကူးစက်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကိုတိုက်ဖျက်ပေးသလိုသွေးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

၁၄. အသည်းကျန်းမာစေခြင်း

ဒန့်သလွန်ရွက်မှာpolyphenols များစွာပါဝင်တာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၁၅. အရိုးကျန်းမာသန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ဒန့်သလွန်ရွက်ကရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့် အဆစ်ရောင်နာလိုမျိုး အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကို ကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ ဒန့်သလွန်ရွက်က အရွတ်တွေမှာဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

၁၆.ကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက်ကကျောက်ကပ်၊ဆီးအိမ်နဲ့ သားအိမ်ထဲမှာကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်မှာကျောက်တည်တာကိုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိရှိသလိုendogenous oxalate synthesis ကိုထိန်းချုပ်ရာမှာလည်းအထောက်အကူပြုပါတယ်။

၁၇.ကျောက်ကပ်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက် အဆီအနှစ်ကဆေးဝါးတွေနဲ့ အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ nephroprotectiveကကျောက်ကပ်ကိုထိခိုက်မှုတွေကိုလျော့ကျစေပါတယ်။nephroprotective က ထိရောက်တဲ့bio-absorbent အဖြစ်လုပ်ဆောင်ပေးပြီး ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

၁၈. သန္ဓေတားပေးနိုင်စွမ်းရှိခြင်း

ဒန့်သလွန်မှာ သန္ဓေတားပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်ရဲ့အဆီအနှစ်ကိုဟော်မုန်းပျက်စီးစေမှု ( estrogenic activity) လုပ်ဆောင်ရာမှာအသုံးပြုကြသလို သန္ဓေမအောင်စေအောင်ကာကွယ်ရာမှာလည်းအကျိုးပြုပါတယ်။

၁၉.သွေးတိုးကျစေခြင်း

ဒန့်သလွန်ကသွေးပေါင်ချိန်နဲ့ ကိုယ်တွင်းကိုလက်စထရောပမာဏကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။isothiocyanate နဲ့ niaziminin တို့လိုမျိုးBioactive ပစ္စည်းတွေကသွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလို အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ (pulmonary hypertension)ဖြစ်ပေါ်မှုကိုလည်းလျော့ကျစေနိုင်ပါတယ်။လေ့လာမှုတွေမှာ ဒန့်သလွန်ရွက်မှာပါတဲ့hypocholesterolemic အစွမ်းအာနိသင်က အသည်းအဆီဖုံးတာ၊ ကျောက်ကပ်မှာအဆီများတာနဲ့သွေးတွင်းကိုလက်စထရောပမာဏများတာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

၂၀. မျက်လုံးကျန်းမာစေခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ဒန့်သလွန်ရွက်က မျက်ကြည်လွှာမပျက်စီးအောင် ကာကွယ်ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်ကြည်လွှာသွေးကြောတွေ ကျယ်လာတာမျိုးမဖြစ်အောင်ကာကွယ်ရာမှာ နဲ့ မျက်ကြည်လွှာကြွက်သားတွေမထိခိုက်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင် တားဆီးပေးသလို မျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။

၂၁.သွေးအားနည်းရောဂါကို သက်သာစေခြင်း

ဒန့်သလွန်ရွက်က သွေးအားနည်းရောဂါကိုကုသရာမှာအထောက်အကူပြုပါတယ်။လေ့လာမှုတွေအရ ဒန့်သလွန်ရွက်က ခန္ဓါကိုယ်ရဲ့သံဓါတ်စုပ်ယူမှုကိုကောင်းမွန်စေအောင် အထောက်အပံ့ပေးနိုင်သလိုသွေးနီဥဆဲလ်အရေအတွက်ကိုတိုးစေသလို ပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရာမှာလည်း အထောက်အကူုပြုပေးပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ

ဒန့်သလွန်မှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဗိုက်နာစေသလို၊gaseous distension၊ ဝမ်းလျှောတာနဲ့ ရင်ပူတာတွေကိုဖြစ်ပေးစေပါတယ်။
ဒန့်သလွန်ရွက်ကိုအလွန်အကျွံစားသုံးပါက မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒန့်သလွန်ရဲ့ အမြစ်၊အပွင့်နဲ့အခက်တွေမှာပါတဲ့ ဓါတုဓါတ်ပေါင်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမ်းတွေမှာ သားအိမ်ကျုံ့တာကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုတိုးစေပါတယ်။
ဒန့်သလွန်မှာပါတဲ့ အချို့ဓါတ်တွေကမွေးကင်းစ ကလေးငယ်တွေအတွက် မသင့်တော်တာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ စားသုံးဖို့မသင့်တော်ပါဘူး။
သွေးကြဲဆေးသောက်သုံးနေရသူတွေအနေနဲ့လည်း ဒန့်သလွန်ရွက်ကိုမစားသင့်ပါဘူး။
ကိုယ်ခံအားဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ဒန့်သလွန်စေ့အဆီကို မစားသုံးသင့်ပါဘူး။
ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဒန့်သလွန်ရွက်ကိုမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

အထက်ပါအချက်တွေကိုဖတ်ရှုပြီး ကျန်းမာရေးနဲ့ညီညွတ်စွာသတိပြုစားသုံးနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။
crd original uploader

👶🏻ဘေဘီတွေ အိပ်စက်တဲ့အခါ  နူးညံ့ပြီးလေဝင်လေထွက်ကောင်းစေမယ့် ခြုံစောင် အပြင် တစ်မျိုးဝယ်ပြီး အမျိုးမျိုးသော နေရာစုံက အသုံး...
03/12/2025

👶🏻ဘေဘီတွေ အိပ်စက်တဲ့အခါ နူးညံ့ပြီးလေဝင်လေထွက်ကောင်းစေမယ့် ခြုံစောင် အပြင် တစ်မျိုးဝယ်ပြီး အမျိုးမျိုးသော နေရာစုံက အသုံးပြုနိုင်မယ့် အရာလေးတစ်ခုကို ရှာနေလား ???

💁🏼‍♀️ဒါဆိုရင်တော့ Good Shape Cotton Blanket လေးနဲ့ မိတ်ဆက်ပေးပါရစေနော် …. Good Shape Blanket လေးက Cotton puff ( Muslin Cotton ) လေးနဲ့ချုပ်လုပ်ထားပြီး ဘယ်လိုနေရာလေးတွေမှာ အသုံးပြုနိုင်လဲဆိုတော့ ……

👉🏻ဘေဘီတို့ အိပ်စက်တဲ့အခါလေဝင်လေထွက်ကောင်းမွန်စေပြီး
နူးညံ့ အေးမြစေကာ ချွေးထွက်များတဲ့အခါလဲ ချွေးစုပ်စေတာမို့ ဘေဘီတို့ လုံခြုံမှုအပြည့်နဲ့ နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်

👉🏻၄၂” ပတ်လည် ချုပ်လုပ်ထားလို့ မွေးစ ဘေဘီလေးတွေအတွက် အနှီးအဖြစ်အသုံးပြုနိုင်သလို ကောင်းမွန်စွာ လိုသလို ထုပ်ပိုးနိုင်ပြီး လေဝင်လေထွက်ကောင်းမွန်မှုကြောင့်
သက်တောင့်သက်သာ အိပ်စက်စေနိုင်ပါတယ်

👉🏻မေမေတို့ အပြင်ထွက်တဲ့အခါ ဘေဘီလေးတွေကို ချီထားရင်း နေရောင်မှ ကာထားနိုင်သလို ၊ နို့တိုက်တဲ့အခါ ပခုံးပေါ်တင်ထားပြီး နို့တိုက်ကာ အဖြစ် အသုံးပြုနိုင်ပါတယ်

👉🏻ဘေဘီတို့ ရေချိုးသန့်စင်ပြီးတဲ့အခါ သဘက်အဖြစ် အသုံးပြုနိုင်သလို အောက်ခံခင်းချင်တဲ့အခါလဲ ရေစုပ်ယူမှုရှိပြီး နူးညံ့တဲ့အတွက် ဘေဘီတို့ရဲ့ သေးခင်းလေးအဖြစ်လဲ အသုံးပြုနိုင်ပါတယ်

👉🏻၁၁” x ၁၂” လက်ကိုင်ပုဝါလေးက ဘေဘီတို့ရဲ့ နှပ်ချေး ၊ သရေလေးများ သုတ်ဖို့အသုံးပြုနိုင်သလို နို့တိုက်လို့ နို့အန်တဲ့အခါလဲ အသုံးပြုနိုင်ပါတယ်

🤍မေမေတို့အတွက် ဘေဘီလေးတွေ နှစ်ခြိုက်စွာ အိပ်စက်စေချင်တယ်… တစ်မျိုးဝယ်ရုံနဲ့ နေရာစုံမှ အသုံးပြုချင်တယ် ဆိုရင် Good Shape Cotton Blanket လေးကတော့ မရှိမဖြစ်ဝယ်ထားသင့်တဲ့ အရာလေးပါပဲနော် 🤍

18,500 MMK per one pair. 🌨️🦋

27/11/2025
မနက်စောစော လမ်းလျှောက်ခြင်းကောင်းကျိုး    မနက်ခင်းမှာဖြစ်ဖြစ် လမ်းလျှောက်လေ့ကျင်ခန်း လုပ်ဖူးပါသလား။ လမ်းသွက်သွက် လျှောက်...
26/11/2025

မနက်စောစော လမ်းလျှောက်ခြင်းကောင်းကျိုး

မနက်ခင်းမှာဖြစ်ဖြစ် လမ်းလျှောက်လေ့ကျင်ခန်း လုပ်ဖူးပါသလား။ လမ်းသွက်သွက် လျှောက်ခြင်းက သင့်ကို ကျန်းမာရေးကောင်းကျိုး များစွာ ပေးနိုင်တယ်ဆိုတာ သိပါသလား။ လေ့လာကြည့်ကြရအောင်လား

၁။ စိတ်ကြည်လင် လန်းဆန်းစေတယ်
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::

စိတ်ပိုင်းဆိုင်ရာ သောကတွေ၊ စိတ်ဓာတ်ကျတာတွေကို ခံစားနေရပါသလား။ ၁၅ မိနစ်ခန့် အရာအားလုံးကို မေ့ထားပြီး လမ်းလျှောက်ကြည့်လိုက်ပါ။ ကိုယ်ရော စိတ်ပါ လန်းဆန်းပြီး သောက ကင်းဝေးစေပါတယ်။

၂။ အတွေးတွေကို နုပျိုစေတယ်
::::::::::::::::::::::::::::::::::::::::::::::::

သင်က အနုပညာသမား တစ်ယောက်လား။ သီချင်းတစ်ပုဒ် ၊ ဝတ္တုတစ်ပိုဒ်အတွက် အကြံဉာဏ် ကုန်နေပါသလား။ ဒါဆိုရင်တော့ သတင်းကောင်းတစ်ခု ရှိပါတယ်။ သုတေသီတွေရဲ့ စစ်တမ်းအရ လမ်းလျှောက်တာက အတွေးတွေ ကွန့်မြူးတာကို အားပေးစေတယ်ဆိုတာပါပဲ။ ကဲ ဒီတော့ ဘာဆိုဘာမွ စဉ်းစားမရလို့ အကြံအိုက်နေရင်တော့ အခုပဲ လမ်းထွက်လျှောက်ကြည့်လိုက်ပါတော့။

၃။ ကိုယ္ခံအား ကောင်းစေတယ်
:::::::::::::::::::::::::::::::::::::::::::::::

လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေထဲမှာ ကိုယ်ခံအားကောင်းစေတာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်းဖြင့် ရာသီအပြောင်းအလဲ ဒါမှမဟုတ် အအေးမိတိုင်း ဖြစ်တဲ့ နှာချေခြင်း၊ ယားယံခြင်း၊ နှာပိတ်ခြင်း၊ နှာယိုခြင်းတွေကို ၇၀ ရာခိုင်နှုန်းအထိ လျော့ကျစေပါသတဲ့။

၄။ ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေတယ်
::::::::::::::::::::::::::::::::::::::::::::::::::::::::

ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ၊ ဓာတ်ပြုခြင်းကနေ အားအင် ရရှိပါတယ်။ ၁၅ မိနစ်နေ့စဉ် လမ်းလျှောက်သူဟာ ဇီဝကမ္မဖြစ်စဉ်တွေက ပိုမိုမြန်ဆန်စွာ ဖြစ်ပေါ်ပြီး စွမ်းအားတိုးစေပါတယ်။ ဒါ့အပြင် သွေးတိုးခြင်း ၊ အဆီပိတ်ခြင်း၊ ဆီးချိုနဲ့ အဝလွန်ခြင်းတွေကိုလည်း ကာကွယ်ပေးပါတယ်။

၅။ အသက်ရှည်စေတယ်
::::::::::::::::::::::::::::::::::::

ဒါကေတာ့ ရှင်းပါတယ် ။ နေ့စဉ် လေ့ကျင့်ခန်းလုပ်နေတဲ့လူဟာ သာမန်သက်တူရွယ်တူများထက် ပိုပြီးသန်မာပြီး ရောဂါကင်းတဲ့အတွက် သက်တမ်းစေ့နေနိုင်မှာ မလွဲဧကန်ပါပဲ။

၆။ ငွေစုမိစေတယ်
::::::::::::::::::::::::::::

ကျန်းမာကြံခိုင်ဖို့အတွက် ကာယခန်းမ တသီးတသန့် သွားနေစရာမလိုပါဘူး။ လမ်းလျှောက်ခြင်းဖြင့် လိုရာသြားဖို့ ဓာတ်ဆီလောင်စာတွေ မကုန်တော့တဲ့အပြင် ကားပါကင်ကြေးတွေပါ ပေးနေစရာမလိုတော့တဲ့ အတွက် ငွေကြေးစုဆောင်းနိုင်ပါတယ ။

၇။ နုပျိုစေတယ်
:::::::::::::::::::::::

စစ်တမ်းများအရ လမ်းလျှောက်ခြင်းက ဒီအန်အေထဲက အိုမင်းခြင်းနဲ့ သက်ဆိုင်တဲ့ တယ်လိုမားစ်လို့ခေါ်တဲ့ အရာတွေကို ဆွဲဆန့်ထားနိုင်တာကြောင့် အရွယ်တင်အောင် ပြုလုပ်စေပါတယ်။ တယ်လိုမားစ်တွေ တိုဝင်သွားခြင်းက ရုပ်သွင် အိုမင်းခြင်းနဲ့ သက်ဆိုင်နေပါတယ်။ အခု သင့်မျက်နှာပေါ်က အရေးအကြောင်းတွေ အတွက် စိတ်ပူနေပြီလား။ စိတ်ပူနေရင်တော့ လမ်းလျှောက်ဖို့ လိုပါတယ်နော်။

၈။ နှစ်ခြိုက်စွာ အိပ်မောကျစေတယ်
:::::::::::::::::::::::::::::::::::::::::::::::::::

ညည အိပ်မပျော်ဖြစ်နေတတ်တဲ့ သူလား။ နေ့စဉ်ပုံမှန် လမ်းလျှောက်တဲ့လူတွေက လှဲချလိုက်တာနဲ့ အိပ်ပျော်တတ်တဲ့ လူစားတွေ ဖြစ်ပါသတဲ့။ ဒါ့အပြင် အိပ်ရေးလည်း ဝတာကို တွေ့ရပါတယ်။ ညဘက်အိပ်မပျော်တဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် နေ့စဉ် ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးပါ။

၉။ သောက ကင်းဝေးစေတယ်
:::::::::::::::::::::::::::::::::::::::::::::

ဒီအခ်က္ကေတာ့ သောကများအလယ် နှစ်မွန်းနေတဲ့ လူတွေအတွက်ပါ။ အများအားဖြင့် သောကများသူတွေက ရေကူးပြီး အပန်းဖြေကြပါတယ်။ ဒါပေမဲ့ လမ်းလျှောက်ခြင်းကလည်း လွယ်ကူသက်သာပြီး ရေကူးခြင်းနီးတူ အကျိုးရှိစေပါတယ် ။ သောကဟော်မုန်းတွေကို ဖယ်ရှားပြီး စိတ်ထဲက ဝေဒနာတွေကို ကျော်လွှားနိုင်မှာပါ။

၁၀။ မှတ်ဉာဏ်ကောင်းစေတယ်
:::::::::::::::::::::::::::::::::::::::::::::

လမ်းလျှောက်ခြင်းက ဦးဏှောက်အတွက် ကောင်းကျိုး များစွာပေးပါတယ်။ အတွေးအခေါ်၊ မှတ်ဉာဏ်၊ စာလေ့လာခြင်းတွေမှာ ကောင်းကျိုးတွေ ရှိတဲ့အပြင် ဦးနှောက် အရွယ်အစားကိုလည်း ကြီးလာစေပါတယ်။ ဒါ့အပြင် အယ်ဇိုင်းမားနဲ့ သက်ငယ်ပြန်တာတွေကိုလည်း ကာကွယ်ပေးတဲ့အတွက် အသက်ကြီးရင့်သူတွေအတွက် သင့်တော်ပါတယ်။

၁၁။ အနာသက်သာစေတယ်
:::::::::::::::::::::::::::::::::::::::::

နာတာရှည် နာကျင်မှုဝေဒနာ ခံစားနေရတဲ့လူတွေအနေနဲ့ လမ်းလျှောက်လေ့ကျင့်ခန်းက အနာ သက်သာစေပါတယ်။ မကုသနိုင်သေးတဲ့ နာတာရှည်ဝေဒနာတွေကို လုံးဝပျောက်ကင်းသွားအောင် မလုပ်နိုင်ပေမဲ့ ခံရခက်တဲ့ ရောဂါလက္ခဏာ တစ်ခုဖြစ်တဲ့ နာကျင်ခြင်းကိုတော့ သောက်ဆေးမလိုဘဲ အတော်အသင့် သက်သာစေပါတယ်။

၁၂။ အရိုး ကျန်းမာစေတယ်
:::::::::::::::::::::::::::::::::::::::::::::::

အရိုးတွေအတွက် လမ်းလျှောက်ခြင်းက ကြံခိုင်သန်မာခြင်းတွေကို ယူဆောင်လာပေးပါတယ်။ အရိုးပါးခြင်း ၊ အရိုးပျော့ခြင်း ၊ အရိုးကျိုးခြင်းနဲ့ မသန်စွမ်းဖြစ်မှုတွေကို ကာကွယ်ပေးနိုင်တဲ့အတွက် လမ်းများများ လျှောက်ဖို့လည်း လိုအပ်ပါတယ်။

၁၃။ မျက်စိကျန်းမာရေး ကောင်းစေတယ်
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

မျက်စိနဲ့ ခြေထောက် မဆိုင်ဘူး မထင်ပါနဲ့။ မျက်စိဆရာဝန်တွေရဲ့ လေ့လာမှုတစ်ခုအရ နေ့စဉ်လမ်းပုံမှန်လျှောက်တဲ့သူတွေက သာမန်လူတွေထက် မျက်လုံး ပိုကျန်းမာသလို သူငယ်အိမ် ပျက်စီးခြင်းနဲ့ အသက်ကြီးလို့ မျက်စိမှုန်ခြင်းတွေကို သက်သာစေပါတယ် ။ သင့်အတွက် သတင်းကောင်းတွေ ချည်းပါပဲ ။

၁၄။ လူမှုဆက်ဆံရေး ကောင်းမွန်စေတယ်
::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

အိမ်ထဲမှာနေပြီး ဖေ့စ်ဘွတ် သုံးနေမဲ့အစား သူငယ်ချင်းတွေနဲ့ အတူတကြ လမ်းလျှောက်တာက ခင်မင်မှုကို ပိုးတိုးပွားစေပါတယ် ။ လမ်းမလျှောက်နိုင်ရင်တောင်မှ သူငယ်ချင်းတွေက တွဲခေါ်သွားမှာ ဖြစ်တဲ့အတွက် ပိုပြီးပျော်ရွှင်ရမှာပါ။

၁၅။ သိကြားပေးတဲ့ နတ်ဆေး ပါပဲ
:::::::::::::::::::::::::::::::::::::::::::::::::::::

လမ်းလျှောက်ခြင်းက နတ်ဆေးတစ်မျိုးပါပဲ။ ကင်ဆာ ၊ ဆီးချို ၊ သွေးတိုး ၊ အဆုတ်ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် ဆေးဝါးတွေလို သောက်သုံးစရာလည်း မလိုတဲ့အတွက် ဘေးထွက်ဆိုးကျိုးလည်း မရွိပါဘူး။ ဒါ့ကြောင့် ဒီလိုအသုံးဝင်လှတဲ့ လမ်းလျှောက်ခြင်းက စိတ်ရောကိုယ်ပါ ကောင်းခြင်းတွေချည်းပဲ သယ်ဆောင်လာမှာဖြစ်တဲ့အတွက် လမ်းလျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား။

Credit to original uploader

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါနော်။ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ“တစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arsen...
25/11/2025

ဘယ်ဆန်အမျိုးအစားချက်ချက် ရေစိမ်ကြပါနော်။
ဆန်ကို မချက်မီ ရေစိမ်ထားသင့်သည့် အကြောင်းများ

“တစ်ည”ရေစိမ်ထားနိုင်မယ်ဆိုရင် Arsenic ပမာဏဟာ ၈၀% ခန့် လျော့ကျသွားပါသတဲ့။
တစ်ည မစိမ်နိုင်ရင်လည်း ၃-၄ နာရီပေါ့။

Arsenic ဟာ heavy metal စာရင်းထဲမှာ ပါနေပါတယ်။
“Heavy metal refers to any metallic chemical element that has a relatively high density and is toxic or poisonous at low concentrations”

Arsenic ၏ ဘေးရန်
Arsenic အဆိပ်သင့်ရင် နှလုံးရောဂါ/ဆီးချို/ကင်ဆာရောဂါ များနဲ့ ဆက်နွယ်နေပါတယ်တဲ့။ ကလေးတွေရဲ့ပုံမှန် သိမြင်မှု ဖွံ့ဖြိုး တိုးတက်ရေးကိုလဲ နှောင့်နှေးစေတတ်ပါတယ်တဲ့။(cognitive development)
(WHO )

Arsenic ဟာ ဘယ်လိုကြောင့် ဆန်ထဲမှာ ရောက်နေရတာပါလဲ?
ဆန်စပါး စိုက်ပျိုးတဲ့အခါ စပါးပင်တွေဟာ အခြားအပင်တွေထက် Arsenicကို ပိုပြီး စုတ်ယူတတ်ပါတယ်တဲ့။
မြေကြီးထဲက ဖြစ်စေ/စပါးပင်တွေကို ပေးတဲ့ရေထဲက ဖြစ်စေ/
အချို့သော ဓာတ်မြေဩဇာထဲက ဖြစ်စေ/ ပိုးသတ်ဆေး ပေါင်းသတ်ဆေး စသည်ဖြင့်ကနေ ဖြစ်စေ စပါးထဲကို ရောက်ပါသတဲ့။

ဆန်ကို မချက်ခင် ဆေးပြီးတဲ့အခါ ရေစိမ်သင့်တဲ့ အဓိက အကြောင်း ဖြစ်ပါတယ်။ လုပ်နေကျဆိုရင် ကျင့်သား ရသွားပါလိမ့်မယ်။

အခြားအကြောင်းတွေကတော့ ထမင်းချက်ဖို့ ကြာချိန်ဟာ လည်း လျော့သွားပါတယ်။ ဆန်အစေ့တွေဟာ ရေနဲ့ဝလာပြီး ပျော့ပြောင်းလာပါတယ်။

Sushi rice / Basmati rice from California, Pakistan, and India
ဟာ Arsenic နည်းပါသတဲ့။
According to Consumer Report

မြန်မာပြည်မှာလည်း “ဒေသအလိုက်” Arsenic level အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။

ကိုယ်လုပ်ရမဲ့ တာဝန်ကတော့ ဆန်ကို ရေဆေးပြီးတဲ့အခါ ရေစိမ်ဖို့ပါ။
ရေစိမ်ထားတဲ့ဆန်ဟာ ချက်ရင်လဲ ပိုလှတယ်/ နူးနူးညံ့ညံ့လဲ ရှိတယ်။
Heavy metal Arsenic လျော့နည်းမယ်ဆိုတော့လဲ လုပ်သင့်လုပ်ထိုက်တာ လုပ်ရမှာပါပဲ။

အစစ အရာရာမှာ ဗဟုသုတနဲ့ပြည့်စုံနေတာ ကိုယ်အတွက် သာမက မိသားစု အတွက်ပါ အလွန်ကောင်းတယ်နော်။

ဆရာမကြီးဒေါက်တာခင်နွယ်ဝင်း

Shwe Zin Yaw မှာ MoMo ကလေးအဝတ်လျှော် ဆပ်ပြာရည်လေးတွေရပြီနော်။ 🤍မေမေတို့ အနေနဲ့  မိုမို ကလေးအဝတ်လျှော်ဆပ်ပြာလေးကို ရနံ့လေ...
24/11/2025

Shwe Zin Yaw မှာ MoMo ကလေးအဝတ်လျှော် ဆပ်ပြာရည်လေးတွေရပြီနော်။

🤍မေမေတို့ အနေနဲ့ မိုမို ကလေးအဝတ်လျှော်ဆပ်ပြာလေးကို ရနံ့လေးတွေ ရွေးဖို့ ခက်နေပြီဆိုရင်တော့

💁🏼‍♀️မေမေတို့ အနေနဲ့ ရနံ့ရွေးချယ်မှုဆိုရင် အနံ့လေး (၃) မျိုးရှိပါတယ်…

✅MoMo ( Soft ) လေးက သီးစုံချိုချဉ်နံ့လေးဖြစ်ပြီး ရနံ့ပြင်းတာ မကြိုက်တဲ့မေမေတွေ ဘေဘီတို့မွေးစမို့ အနံ့ပါတယ်ဆိုရုံ သုံးချင်တဲ့ မေမေတွေအတွက် အကောင်းဆုံး ရွေးချယ်မှုလေးတစ်ခုပါ

✅MoMo ( Lavender ) လေးကတော့ လာဗင်ဒါပန်းရနံ့လေးနှစ်သက်ရင်တော့ ရွေးချယ်သင့်ပြီး လျှော်ပြီးတဲ့အခါ အဝတ်မှာ ရနံ့ အရမ်းတော့မစွဲ​နေပဲ သင်းသင်းပျော့ပျော့လေးသာ ရှိနေစေမယ့် ရွေးချယ်မှုလေးပါ

✅MoMo ( Floral ) လေးကတော့ အမွှေးဆီ/Softener ပြန်သုံးစရာမလိုအောင် အဝတ်မှာ ရနံ့လေးစွဲနေစေပြီး မွှေးနေစေကာ အနံ့ဆိုး နို့ညှီနံ့ တွေကင်းစင်စေမှာပါ

✅မေမေတို့အနေနဲ့ စမ်းသုံးချင်တယ်ဆိုရင် 2 L ဆိုဒ်သေးလေးနဲ့
တန်တန်သုံးချင်တဲ့ မေမေတွေအတွက် 5 L ဆိုဒ် (၂) မျိုးရှ်ိပါတယ်နော်

💁🏼‍♀️အလုပ်များတဲ့မေမေတွေ ၊ မူကြိုအရွယ်ဘေဘီတွေရဲ့အင်္ကျီအဖြူလေးတွေ မွေးစဘေဘီတို့ရဲ့ အနှီးလေးတွေ လျှော်တဲ့အခါ လက်နဲ့လျှော်ရင် မလျှော်ခင်
၁ နာရီကျော်လောက် စိမ်ပြီးတဲ့အခါ ၁၀ ချက်လောက်ပွတ်တိုက်ပေးရုံနဲ့ ဖြူဖွေးတောက်ပြောင်သွားစေမှာပါ
( မှတ်ချက်- အဝတ်ကို ဆပ်ပြာရည်ပြောင်စင်တဲ့အထိ ရေဖြင့်ဆေးချပါ )

🤍 သန့်ရှင်းတောက်ပြောင်သစ်လွင်တဲ့ အဝတ်လေးတွေနဲ့ မေမေတို့ ဂုဏ်ယူချင်တယ် … အရည်အသွေး အကောင်းဆုံးကိုမှ စျေးနှုန်းသက်သာစွာဖြင့် ပေးရတဲ့စျေးထပ် ပိုကောင်းတဲ့စိတ်ကျေနပ်မှု ရရှိချင်တယ်ဆိုရင်တော့ မိုမို ကလေးအဝတ်လျှော်ဆပ်ပြာရည်လေးက အမှန်ကန်ဆုံး ရွေးချယ်မှုနဲ့ မေမေတို့အတွက် အကောင်းဆုံး လက်တွဲဖော်ပါပဲ 🤍

အိပ်မပျော်တာ ရောဂါလား။ ညဘက်တွေမှာ အိပ်မပျော်တဲ့ ရောဂါ ဖြစ်နေတဲ့လူတွေရှိလား။ သဘာဝနည်းလမ်းလေးတွေနဲ့ သက်သာအောင် အကြံပေးမယ်န...
24/11/2025

အိပ်မပျော်တာ ရောဂါလား။
ညဘက်တွေမှာ အိပ်မပျော်တဲ့ ရောဂါ ဖြစ်နေတဲ့လူတွေရှိလား။
သဘာဝနည်းလမ်းလေးတွေနဲ့ သက်သာအောင် အကြံပေးမယ်နော်။

▫️ရေနွေးနွေး နဲ့ အိပ်ခါနီး ခြေလက်ဆေး ပေးပါ။
▫️အိပ်ယာဝင်ခါနီး ခြေဖဝါးကို မုန်ညင်းဆီလေး ပွတ်လိမ်းပေးပါ။
▫️အစား မလိုအပ်အောင် ပြည့်တင်းနေအောင် မစားပါနဲ့နော်။
▫️ရိုးရှင်းတဲ့ deep-breathing နည်းနဲ့ ကာကွယ်ပါ။
4–7–8 breathing method က အဆုတ်ကို relax လုပ်ပြီး မိမိ brainwave ကိုလျှော့သွားစေတယ်။

နည်းလမ်း
• 4 sec — လေကို စုပ်
• 7 sec — ထဲမှာထား
• 8 sec — တဖြည်းဖြည်း ပြန်ထုတ်

အိပ်မပျော်ခြင်း ၅၀% လျော့နည်းပြီး အိပ်ပျော်စေတယ်။
▫️မအိပ်ခင် 30 mins ဖုန်းမသုံးပါနဲ့ ။
▫️စိတ်ကိုလျှော့ထားပါ။

24/11/2025
🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခ...
06/07/2024

🛑ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( Cholera)🛑

🔺ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ( ကာလဝမ်းရောဂါ)ဆ်ိုတာ က vibrio cholerae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တာပါ

🔺ကာလဝမ်းရောဂါ ကပြင်းထန်ဝမ်းလျှောခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်းကို နာရီပိုင်းအတွင်းဖြစ်စေတတ်တယ်

🔺မကုသဘဲထားပါက ယခင်က ကျန်းမာသောလူများတွင်ပင် နာရီပိုင်းအတွင်း သေဆုံးနိုင်ပါတယ်

⚠️ဘယ်လိုကူးစက်ပြန့်ပွားလဲ ⚠️

🔺ရောဂါပိုးပါသောရေကိုသောက်သုံးခြင်း

🔺ရောဂါပိုးပါသော အစာကိုစားသုံးခြင်း

🔺လူနာရဲ့မစင် အန်ဖက်နဲ့ထိုအရာတွေမှာ ပေနေသောအရာဝတ္ထုများကို ကိုင်တွယ်မိခြင်း

🔺အဆိုပါရောဂါဖြင့်သေဆုံးသူကိုထိတွေ့မိခြင်းတို့ကြောင့် ကူးစက်ပြန့်ပွားနိုင်ပါတယ်

📛ရောဂါလက္ခဏာများ 📛

🔺ပြင်းထန်စွာဝမ်းလျှောခြင်း

▪️ဝမ်းအရောင်က ဆန်ဆေးရေ အရောင်လိုဖြစ်နေမယ်
▪️အညှီနံ့ ရှိနေနိုင်တယ်
▪️ဝမ်းလျှောတဲ့ ပမာဏများတဲ့အတွက်အချိန်အနည်းငယ်အတွင်းမှာ ခန္ဓာကိုယ်ထဲက ရေဓာတ်များစွာဆုံးရှုံးနိုင်ပါတယ်

🔺ပျို့ခြင်း / အန်ခြင်း

▪️တခါတရံ ဝမ်းပျက်ဝမ်းလျှောမဖြစ်ခင် အရင်ဆုံး အန်တာနဲ့စလာတတ်ပါတယ်

🔺ကြွက်တက်ခြင်း

▪️ဝမ်းအရည်နဲ့အတူ ခန္ဓာကိုယ်ထဲကနေ ဆိုဒီယမ် ပိုတက်ဆီယမ် ကလိုရိုက်စတဲ့ ဓာတ်တွေအလျင်အမြန်ဆုံးရှုံးသွားတဲ့အခါ ဖြစ်တတ်ပါတယ်

🔺ရေဓာတ်ခမ်းခြောက်ခြင်း

▪️နာရီပိုင်းအတွင်းဖြစ်နိုင်တဲ့အတွက် သတိထားရပါမယ်
▪️အားအင်ကုန်ခမ်းသလိုဖြစ်နေမယ်
▪️ကလေးငယ်လေးတွေမှာ တချိန်လုံးဂျီကျနေတာမျိုး
▪️ရေအလွန်အမင်းဆာနေတာ မျက်ရည်မထွက်တာ
▪️မျက်တွင်းချိုင့်ဝင် ငယ်ထိပ်ချိုင့်ဝင်
▪️ဆီးပေါက်နည်းသွားတာမျိုး သွေးပေါင်ကျလာတာမျိုးရှိနေနိုင်ပါတယ်

‼️ဒါမျိုးလက္ခဏာရှိလာရင် နီးစပ်ရာကျန်းမာရေးငှာနကိုချက်ချင်းသွားပါ‼️

✅ဘယ်လိုကုသမလဲ✅

ဓာတ်ဆား
▪️အသက်ကယ်ဆေးက ဓာတ်ဆားပါ
ဝမ်းလျှောခြင်းမှာ အဓိက အန္တရယ်က ရေဓာတ်ဆားဓာတ်ဆုံးရှုံးမှု ဖြစ်တဲ့အတွက် အချိုးကျဖျော်စပ်ထားတဲ့ WHO ဖော်မြူလာအတိုင်းထုတ်ထားတဲ့ ဓာတ်ဆားကိုသာသုံးရပါမယ်

▪️ဖျော်ပုံဖျော်နည်းမှန်ကန်ဖို့လည်းလိုပါတယ် ( တလီတာအတွက် အထုပ် နဲ့ ရေ 200 ml အတွက်အထုပ်ဆိုပြီးလည်းရှိပါတယ်)

▪️ရေဓာတ်အလွန်အကျွံဆုံးရှုံးမှုမဖြစ်စေရန်
၂ နှစ်အောက်ကလေး - ဝမ်းတကြိမ်သွားပြီးတိုင်းဓာတ်ဆား ၅၀ - ၁၀၀ မီလီလီတာ
၂ နှစ်အထက် - ၁၀၀ - ၂၀၀ မီလီလီတာ ကို ဝင်နိုင်သလောက်တိုက်တိုက်ပေးပါ

▪️ကလေးက အန်နေလျှင် ၁၀ မိနစ်ခန့်စောင့်ပြီး နည်းနည်းစီပြန်တိုက်ကြည့်ပါ

▪️လူကြီးတယောက် ကာလဝမ်းရောဂါဖြစ်တဲ့အခြေအနေမှာ ရေဓာတ်ခန်းခြောက်တဲ့လက္ခဏာရှိနေရင် တရက်ကို ဓာတ်ဆား ၆ ထုပ်(၆ လီတာ)ခန့် လိုနိုင်ပါတယ်

▪️ရေဓာတ် အလွန်အမင်းဆုံးရှုံးလာရင်တော့ သွေးကြောထဲ ဓာတ်ဆားရည်သွင်းဖို့လိုနိုင်ပါတယ်

✅ Zinc ( ဇင့် ဆေး အရည် / ဆေးပြား ) ✅
▪️ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့ အသက် ၅ နှစ်အောက်ကလေးတွေမှာ Zinc တိုက်ကျွေးခြင်းဟာ ဝမ်း
သွားတဲ့အကြိမ်ကို လျော့နည်းစေနိုင်သလို နောက်ထပ်
ဝမ်းလျှောခြင်းကိုပါကာကွယ်ပေးနိုင်ပါတယ်

၆ လအောက်ကလေး - တနေ့လျှင် Zinc 10 mg
၆ လအထက်ကလေး - တနေ့လျှင် Zinc 20 mg

🔶 ပိုးသတ်ဆေး 🔶
▪️အလွန်အကျွံမသုံးပါနဲ့
သင့်တော်သောဆေးကိုကျွမ်းကျင် ဆရာဝန် ဆရာမ နှင့်တိုင်ပင်ပြီးမှသာသောက်ပါ

✅ အစားအသောက်နှင့်အာဟာရ ✅

- မိခင်နို့တိုက်နေတဲ့ကလေးဝမ်းလျှောနေရင် မိခင်နို့ကိုဆက်တိုက်ပါ

- သန့်ရှင်းစွာပြင်ဆင်ထားသောအစားအသောက် များ စားသုံးလို့ရပါတယ်

- ဆန်ပြုတ် စွပ်ပြုတ် လိုကြေလွယ်တဲ့အစာများ ထမင်းရည်၊ အုန်းရည် များ တိုက်ပေးလို့ရပါတယ်

♻️ကာကွယ်ခြင်း ♻️
✅ သန့်ရှင်းသောရေကိုသောက်သုံးပါ
ရေသန့်မရနိုင်လျှင် ရေကိုကျိုချက်ပြီးမှသောက်ပါ
အိမ်သုံးရေကို ကလိုရင်းဆေးပြားခတ်ပြီးမှသုံးပါ

✅ ယင်လုံအိမ်သာအသုံးပြုပါ
ယင်လုံအိမ်သာမရှိသောနေရာတွင် ရောဂါပိုးရှိသော မစင်ကနေတဆင့် ထပ်ပြန့်ပွားဖို့မဖြစ်ရအောင် မစင်ကိုစနစ်တကျစွန့်ပစ်ပါ
သောက်သုံးရေအရင်းအမြစ်မှ ပေ ၁၀၀ ခန့်အကွာမှာ ကျင်းတူးပြီး စွန့်ပစ်ပါ
အရေးပေါ်အခြေအနေမှာ ယာယီအိမ်သာကျင်း ကို ရေရှိသောနေရာနှင့် ပေ ၁၀၀ အကွာမှာ၁ ပေခွဲ အနက်ခန့်တူးပြီး စွန့်ပစ်ပါ

✅ သန့်ရှင်းလတ်ဆတ်သော အစားအသောက်များစားသုံးပါ

ယင်နားစာများ မစားပါနဲ့

အသားငါးအသီးအရွက်များ ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးပါ

✅ လက်ကိုဆပ်ပြာဖြင့် သေချာသန့်စင်အောင်ဆေးပါ

စားသောက်တဲ့ကလေးရဲ့လက်နဲ့ ကျွေးမွေးပြုစုတဲ့လူကြီးရဲ့လက် ၊ ဝမ်းသွေးပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးတဲ့ လက်ကို ဆပ်ပြာနှင့်သေချာဆေးပါ

အစားမစားခင် နဲ့ ဝမ်းသွားပြီးတိုင်းလက်ကိုသေချာစွာဆေးပါ

✅ မီးဖိုချောင်သုံးပစ္စည်းများနှင့် အစားအစာများကို ချက်ပြုတ်သည့်နေရာများကို သန့်ရှင်းပြီး ပိုးသတ်ပါလုံးဝခြောက်သွေ့အောင်ထားပါ

သောက်သုံးရေအရင်းအမြစ်များမှ မီတာ ၃၀ (ပေ ၁၀၀) အကွာအဝေးခန့်တွင် အဝတ် သို့မဟုတ် အနှီးများကို လျှော်ပါ

ညစ်ညမ်းနေသော အိမ်သာများနှင့် မျက်နှာပြင်များကို သန့်ရှင်းပြီး ပိုးသတ်ပါ

သန့်ရှင်းရေး ပြီးသောအခါ၊ ဆပ်ပြာရည်နှင့် ပိုးသတ်ဆေးရည်များကို ရေမြောင်း၊ အိမ်သာ သို့မဟုတ် အိမ်သာထဲသို့ လောင်းထည့်ခြင်းဖြင့် ဘေးကင်းစွာ စွန့်ပစ်ပါသန့်စင်ပြီး ပိုးသတ်ပြီးနောက် လက်ကို ဆပ်ပြာနှင့်ရေဖြင့် ထပ်မံဆေးကြောပါ

အထက်ပါနည်းလမ်းများဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်ပြန့်ပွါးခြင်းကိုအလျင်အမြန်ကာကွယ်နိုင်မှာဖြစ်ပါ
တယ်….

✨Welcome to Shwe ZinYaw Pharmacy✨AXON HEARING AID (နားကြားကိရိယာ) 🦻နဲ့ မိတ်ဆက်ပေးပါမယ်❤️အသက်အရွယ် ကြီးလာပါက နားအတွင်းရှိ...
30/06/2022

✨Welcome to Shwe ZinYaw Pharmacy✨

AXON HEARING AID (နားကြားကိရိယာ) 🦻နဲ့ မိတ်ဆက်ပေးပါမယ်❤️

အသက်အရွယ် ကြီးလာပါက နားအတွင်းရှိ အာရုံခံဆဲလ်များ ပြောင်းလဲလာတာနဲ့ အမျှ အကြားအာရုံ အားနည်းတဲ့ ရောဂါကိုစတင်ခံစားရနိုင်ပါတယ်။

အကြားအာရုံ အားနည်းခြင်းကို မကုသပါက မိမိရဲ့မိသားစု/မိမိရဲ့ပါတ်ဝန်းကျင်နှင့် လူမှု့ဆက်ဆံရေးခက်ခဲကာ မိမိရဲ့စိတ်ကျန်းမာရေးကိုပါ ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။

ဒါကြောင့်မိမိရဲ့ အကြားအာရုံ အားနည်းခြင်းနှုန်းနှင့်ကိုက်ညီးသော နားကြားကိရိယာကို ရွေးချယ်ပြီးတပ်ဆင်အသုံးပြုပြီး ခံစားနေရတဲ့နားကျန်းမာရေးမဆိုးရွားလာအောင် ထိန်းသိမ်းနိုင်ပါတယ်။

ဆီးချိုရေားဂါ၊သွေးတိုးရေားဂါ၊နှလုံးရေားဂါ စတဲ့နာတာရှည်ရေားဂါများရှိခြင်း ၊ကျယ်လောင်သေားအသံများနားထောင်ခြင်း၊အကိုက်အခဲပျောက်ဆေးများစွဲသောက်နေရခြင်း ကအာရုံကြေားထိခိုက်စေတက်ပြီး အကြားအာရုံကိုပိုမိုဆိုးရွားလာတက်ပါတယ်။

နားအားရုံကြေားအားနည်းရောဂါ🗣

(၁)အသက်ကြီး၍ အကြား အာရုံ အားနည်းခြင်း
(၂)ကျယ်လောင်သောအသံများကြောင့် နားအာရုံကြောထိခိုက်မိခြင်း
(၃)နားအာရုံကြောထိခိုက်စေသော သောက်ဆေးများကြောင့် နားကြားရ ခက်ခဲခြင်း

-နားကြားကိရိယာမှ ထုပ်လွှတ်ပေးသော အသံစနစ်ကို မိမိစိတ်ကြိုက်လိုသလိုအလွယ်တကူချိန်ညှိနိုင်ခြင်း စတဲ့အားသာချက်တွေပါရှိပါတယ် ။

❤️ကလေး/လူကြီး မရွေး အသုံးပြုလို့ရပါတယ်

ပို့ခက မြို့အပေါ်မူတည်ပြီး ၁၅၀၀/၂၀၀၀/၂၅၀၀/၃၀၀၀/၃၅၀၀ ပေးရပါတယ်

ပစ္စည်းကမှာတဲ့မြို့အပေါ်မူတည်ပြီး၂ရက်မှ တစ်ပါတ်အတွင်းရပါတယ်

မှာယူချင်ရင်တော့
နာမည် =
လိပ်စာ =
ဖုန်းနံပါတ် =
မြ်ို့အမည် =
တို့ကိုရေးသားပြီးမှာယူနိင်ပါတယ်။

🏥ရွှေဇင်ယော် ဆေးဆိုင်
🚏ဘုရားလမ်းနှင့် ပြည်တော်သာလမ်းထောင့်၊ ခရမ်းမြို့နယ်၊ ရန်ကုန်မြို့။
📱098645228
📱09429578082
📱09954796451 (Viber)

ကိုယ်ခံအားကောင်းစေဖို့ စားပါဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ။ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွ...
24/06/2022

ကိုယ်ခံအားကောင်းစေဖို့ စားပါ
ဒန့်သလွန်မှာပါတဲ့ အာဟာရဓါတ်တွေကဘာတွေလဲ။

ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတို့မှာ အာဟာရဓါတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း၊ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အမိုင်နို အက်ဆစ်လည်းကြွယ်ဝစွာပါဝင် ပါတယ်။ ဒန့်သလွန်ရွက်နဲ့ဒန့်သလွန်သီးတွေမှာ ဗီတာမင်အေ၊ ဗီတာမင်B1 (သိုင်ရာမင်)၊ B2 (ရီဗိုဖလာပင်), B3 (နီရာဆင်), B-6၊ folate နဲ့ ascorbic အက်ဆစ် (ဗီတာမင် C) တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်နဲ့အသီးမှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ဖော့ဖရိတ်နဲ့ဇင့်တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အဆီပါဝင်မှုအရမ်းနည်းသလို အန္တရာယ်ရှိတဲ့ ကိုလက်စထရောတွေလည်းမပါဝင်ပါဘူး။

ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရစေနိုင်သလဲ။

၁. အမိုင်နိုအက်ဆစ်

ဒန့်သလွန်ရွက်မှာ ခန္ဓါကိုယ်ရဲ့ဖွဲ့စည်းမှုနဲ့ ပရိုတင်းတွေဖြစ်ပေါ်မှုအတွက် အသုံးဝင်တဲ့ အမိုင်နိုအက်ဆစ် ၁၈ မျိုးပါဝင်ပါတယ်။ အဆိုပါအက်ဆစ်တွေက ကိုယ်ခန္ဓါရဲ့လုပ်ငန်းစဉ်တွေပုံမှန်လည်ပတ်စေဖို့ အထောက်အကူပြုပေးပါတယ်။

၂.ရောင်ရမ်းမှုမဖြစ်အောင်လုပ်ဆောင်ပေးနိုင်ခြင်း

ဒန့်သလွန်ရွက်မှာ သံဓါတ်၊ရောင်ရမ်းမှုကို ကျဆင်းစေတဲ့အာနိသင်နဲ့ရောဂါပိုးတွေကိုသေစေနိုင်တဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဒန့်သလွန်ရွက်က အနာတွေ၊အပူလောင်တာနဲ့ပြန်ရှဒဏ်ရာတွေလိုမျိုး အသေးစားဒဏ်ရာတွေကို သက်သာစေနိုင်ပါတယ်။ အနာကျက်လည်းမြန်စေပါတယ်။

၃. နို့ထွက်စေခြင်း

နို့တိုက်မိခင်တွေမှာ နို့ထွက်စေဖို့အတွက် ဒန့်သလွန်ရွက်စားသုံးပေးတာကိုရှေးယခင်ကာလတွေကတည်းကအသုံးပြုခဲ့ကြပါတယ်။ ဒန့်သလွန်ရွက်က နို့တိုက်မိခင်တွေမှာ နို့ထွက်ကောင်းအောင်အထောက်အကူပေးပါတယ်။

၄. ကိုလက်စထရော

ဒန့်သလွန်ရွက်မှာ အဆီတွေကိုလောင်ကျွမ်းစေပြီး ခန္ဓါကိုယ်ကိုကျစ်လျစ်သွယ်လျစေတဲ့ အစွမ်းတွေရှိပါတယ်။ ဒန့်သလွန်ရွက်က ကိုယ်ခန္ဓါကို ကျစ်လျစ်သွယ်လျစေသလို အားအင်ပြည့်စေပါတယ်။ ဒန့်သလွန်ရွက်ကို သရေစာတွေစားချင်စိတ်ကိုဖျောက်ဖျက်ပေးပြီး ကျန်းမာတက်ကြွတဲ့ ဘဝနေထိုင်မှုတစ်ရပ်ဖန်တီးဖို့အတွက် အသုံးပြုနိုင်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုပါ။ ကိုလက်စထရောပမာစ နည်းတာက နှလုံးရောဂါခံစားရနိုင်ခြေကိုလျော့ချပေးသလို အခြားနှလုံးသွေးကြောရောဂါတွေခံစားရနိုင်ခြေကိုလျော့ချရာမှာလည်း အထောက်အကူပြုပါတယ်။

၅. ဆီးချို

ဒန့်သလွန်ရွက်ရဲ့နောက်ထပ်အကျိုးကျေးဇူးတစ်ရပ်က ဆီးချိုရောဂါကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်မပါဘဲ ခန္ဓါကိုယ်အတွက် စွမ်းအင်တွေထောက်ပံ့ပေးပါတယ်။ ဒန့်သလွန်ကသွေးတွင်းသကြားဓါတ်ကိုလျှော့ချပေးနိုင်တဲ့ဆေးဖက်ဝင်အပင်တစ်မျိုးပါ။

၆. ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ

ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေကျန်းမာစေဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာရောဂါဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်သလို အသက်အရွယ်အိုမင်းမှုဖြစ်စဉ်ကိုလည်းနှေးကွေးစေပါတယ်။ ဒန့်သလါန်ရွက်မှာ အရေပြားကို အားဖြည့်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အမျိုး ၃၀လောက်ပါဝင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဒန့်သလွန်ရွက်ကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ဇီဝတွင်းဖြစ်ပျက်မှုကို လှုံ့ဆော်ပေးမှာဖြစ်သလို ကိုယ်အလေးချိန်ကိုလည်းကျဆင်းစေမှာဖြစ်ပါတယ်။

၇. ဆံပင်သန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ဆံပင်နဲ့ဦးရေပြားကိုအကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်ကို ဆံပင်နဲ့ဦးရေပြား သန့်ရှင်းစေဖို့၊ဆံပင်ကျွတ်သက်သာစေဖို့ နဲ့ ဗောက်မထစေဖို့အတွက်အသုံးပြုနိုင်သလို ဆံသားခြောက်သွေ့ပျက်စီးတာမျိုး မဖြစ်အောင်ကာကွယ်ရာမှာလည်း အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်မှာ ဆံသားကိုကျန်းမာသန်စွမ်းစေတဲ့ ဗီတာမင်B1 ၊ B2 ၊ B3 ၊ B-6 ၊ folate နဲ့ဗီတာမင် C တို့ပါဝင်နေပါတယ်။ ဒန့်သလွန်ရွက်က ဦးရေပြားမှာသွေးလည်ပတ်မှုကိုတိုးတက်စေသလို ဆံပင်သန်စွမ်းမှုကို အထောက်အကူပေးပါတယ်။ ဦးရေပြားမှာသွေးလည်ပတ်မှုကောင်းမွန်တဲ့အခါ ဆံတွင်းပေါက်လေးတွေကို အာဟာရပြည့်ဝစေပြီး ဆံပင်တွေကို သန်စွမ်းနက်မှောင်စေပါတယ်။

၈ အာရုံကြောစနစ်

ဒန့်သလွန်ရွက်က အာရုံကြောစနစ်မှာ ချို့ယွင်းမှုတွေမဖြစ်အောင်တိုက်ထုတ်ရာမှာ အထောက်အကူပေးပါတယ်။ ဒန့်သလွန်ရွက်ကခေါင်းတစ်ခြမ်းကိုက်တာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာနဲ့ အခြားအာရုံကြောဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကိုတိုးတက်ကောင်းမွန်စေပါတယ်။ အယ်လ်ဇိုင်းမားလိုမျိုးရောဂါတွေမဖြစ်အောင်ကာကွယ်ရာမှာလည်းအထောက်အပံ့ပေးပါတယ်။

၉. အစာချေစနစ်ကိုကောင်းမွန်စေခြင်း

ဒန့်သလွန်ရွက်က အစာကျေလွယ်ပြီး အစာချေဖျက်မှုကိုကောင်းမွန်အောင်အထောက်အကူပေးပါတယ်။ ခန္ဓါကိုယ်အစိတ်အပိုင်းတွေက အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်စေပါတယ်။

၁၀. အဆိပ်ပြေစေခြင်း

ဒန့်သလွန်ရွက်က ခန္ဓါကိုယ်တွင်းကအဆိပ်အတောက်တွေကိုပြေစေပြီးသွေးသန့်စေပါတယ်။

၁၁. စွမ်းအင်ပြည့်ဝစေခြင်း

ဒန့်သလွန်ရွက်က စွမ်းအင်ပြည့်ဝစေပါတယ်။ ဒန့်သလွန်ရွက်က အချိုဓါတ်လုံးဝမပါဝင်ဘဲ သဘာဝနည်းအတိုင်း ခန္ဓါကိုယ်ကို စွမ်းအင်ပြည့်ဝစေတာဖြစ်ပါတယ်။

၁၂. ဝက်ခြံ နဲ့ ဆားဝက်ခြံတွေကိုသက်သာစေခြင်း

ဒန့်သလွန်ရွက်က အရေပြားကအဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဖယ်ရှားပေးပြီး အရေပြားကိုနုပျိုစေပါတယ်။ အသားအရေကိကြည်လင်စေပြီး ဖြူဝင်းလှပစေနိုင်ပါတယ်။ ဝက်ခြံနဲ့အမဲစက်တွေဖြစ်ပေါ်မှုကိုလည်း သက်သာစေပါတယ်။

၁၃. ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်ခြင်း

ဒန့်သလွန်ရွက်မှာ ဘက်တီးရီးယားတွေကိုသေစေနိုင်တဲ့အာနိသင်နဲ့ မှိုပိုးကိုတိုက်ဖျက်နိုင်တဲ့အာနိသင်တွေရှိတာကြောင့် ကူးစက်ရောဂါတွေတိုက်ဖျက်ရာမှာ အထောက်အကူပြုပါတယ်။ ဒန့်သလွန်ရွက်က အရေပြားမှာကူးစက်ရောဂါဖြစ်စေတဲ့ မှိုပိုးတွေကိုတိုက်ဖျက်ပေးသလိုသွေးနဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

၁၄. အသည်းကျန်းမာစေခြင်း

ဒန့်သလွန်ရွက်မှာpolyphenols များစွာပါဝင်တာကြောင့် အသည်းကို အဆိပ်အတောက်ဖြစ်စေတာနဲ့ပျက်စီးတာမျိုးတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

၁၅. အရိုးကျန်းမာသန်စွမ်းစေခြင်း

ဒန့်သလွန်ရွက်မှာ ကယ်လ်ဆီယမ်နဲ့ဖော့စဖရိတ်လိုမျိုး မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တွေပါဝင်တာကြောင့် အရိုးတွေကျန်းမာသန်စွမ်းအောင် ထိန်းသိမ်းပေးပါတယ်။ ဒန့်သလွန်ရွက်ကရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့် အဆစ်ရောင်နာလိုမျိုး အရိုးအဆစ်တွေနာကျင်တဲ့ဝေဒနာတွေကို ကုသရာမှာထိရောက်တဲ့အစွမ်းအာနိသင်တွေရှိပါတယ်။ ဒန့်သလွန်ရွက်က အရွတ်တွေမှာဖြစ်တဲ့ နာကျင်မှုတွေကို သက်သာစေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။

၁၆.ကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက်ကကျောက်ကပ်၊ဆီးအိမ်နဲ့ သားအိမ်ထဲမှာကျောက်တည်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒန့်သလွန်မှာကျောက်တည်တာကိုလျှော့ချပေးနိုင်တဲ့အစွမ်းသတ္တိရှိသလိုendogenous oxalate synthesis ကိုထိန်းချုပ်ရာမှာလည်းအထောက်အကူပြုပါတယ်။

၁၇.ကျောက်ကပ်ရောဂါတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဒန့်သလွန်ရွက် အဆီအနှစ်ကဆေးဝါးတွေနဲ့ အဆိပ်ရှိတဲ့အရာတွေနဲ့ထိတွေ့မိတာကြောင့်ဖြစ်တဲ့ကျောက်ကပ်ပျက်စီးတာတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်မှာပါတဲ့ nephroprotectiveကကျောက်ကပ်ကိုထိခိုက်မှုတွေကိုလျော့ကျစေပါတယ်။nephroprotective က ထိရောက်တဲ့bio-absorbent အဖြစ်လုပ်ဆောင်ပေးပြီး ခန္ဓါကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ အန္တရာယ်ရှိတဲ့အရာတွေကိုဖယ်ရှားရာမှာ အထောက်အကူပြုပါတယ်။

၁၈. သန္ဓေတားပေးနိုင်စွမ်းရှိခြင်း

ဒန့်သလွန်မှာ သန္ဓေတားပေးနိုင်စွမ်းရှိပါတယ်။ ဒန့်သလွန်ရဲ့အဆီအနှစ်ကိုဟော်မုန်းပျက်စီးစေမှု ( estrogenic activity) လုပ်ဆောင်ရာမှာအသုံးပြုကြသလို သန္ဓေမအောင်စေအောင်ကာကွယ်ရာမှာလည်းအကျိုးပြုပါတယ်။

၁၉.သွေးတိုးကျစေခြင်း

ဒန့်သလွန်ကသွေးပေါင်ချိန်နဲ့ ကိုယ်တွင်းကိုလက်စထရောပမာဏကို သင့်တင့်တဲ့အနေအထားဖြစ်အောင် ထိန်းညှိရာမှာ အထောက်အကူပြုပါတယ်။isothiocyanate နဲ့ niaziminin တို့လိုမျိုးBioactive ပစ္စည်းတွေကသွေးကြောတွေမပိတ်အောင်ကာကွယ်ပေးသလို အဆုတ်သွေးကြောတွေကို ထိခိုက်စေနိုင်တဲ့သွေးတိုးရောဂါ (pulmonary hypertension)ဖြစ်ပေါ်မှုကိုလည်းလျော့ကျစေနိုင်ပါတယ်။လေ့လာမှုတွေမှာ ဒန့်သလွန်ရွက်မှာပါတဲ့hypocholesterolemic အစွမ်းအာနိသင်က အသည်းအဆီဖုံးတာ၊ ကျောက်ကပ်မှာအဆီများတာနဲ့သွေးတွင်းကိုလက်စထရောပမာဏများတာတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်တယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။

၂၀. မျက်လုံးကျန်းမာစေခြင်း

ဓါတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတဲ့ ဒန့်သလွန်ရွက်က မျက်ကြည်လွှာမပျက်စီးအောင် ကာကွယ်ရာမှာ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒန့်သလွန်ရွက်မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မျက်ကြည်လွှာသွေးကြောတွေ ကျယ်လာတာမျိုးမဖြစ်အောင်ကာကွယ်ရာမှာ နဲ့ မျက်ကြည်လွှာကြွက်သားတွေမထိခိုက်အောင်ထိန်းသိမ်းပေးနိုင်ပါတယ်။ မျက်လုံးအတွင်းကသွေးကြောနံရံတွေထူမလာအောင် တားဆီးပေးသလို မျက်ကြည်လွှာပျက်စီးတာမျိုးတွေကိုလည်းကာကွယ်ပေးပါတယ်။

၂၁.သွေးအားနည်းရောဂါကို သက်သာစေခြင်း

ဒန့်သလွန်ရွက်က သွေးအားနည်းရောဂါကိုကုသရာမှာအထောက်အကူပြုပါတယ်။လေ့လာမှုတွေအရ ဒန့်သလွန်ရွက်က ခန္ဓါကိုယ်ရဲ့သံဓါတ်စုပ်ယူမှုကိုကောင်းမွန်စေအောင် အထောက်အပံ့ပေးနိုင်သလိုသွေးနီဥဆဲလ်အရေအတွက်ကိုတိုးစေသလို ပုံမှန်သွေးပေါင်ချိန်ကိုထိန်းသိမ်းရာမှာလည်း အထောက်အကူုပြုပေးပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ

ဒန့်သလွန်မှာ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့ အစွမ်းသတ္တိရှိတာကြောင့် ဗိုက်နာစေသလို၊gaseous distension၊ ဝမ်းလျှောတာနဲ့ ရင်ပူတာတွေကိုဖြစ်ပေးစေပါတယ်။
ဒန့်သလွန်ရွက်ကိုအလွန်အကျွံစားသုံးပါက မအီမသာဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။
ဒန့်သလွန်ရဲ့ အမြစ်၊အပွင့်နဲ့အခက်တွေမှာပါတဲ့ ဓါတုဓါတ်ပေါင်းတွေက ကိုယ်ဝန်ဆောင်အမျိုးသမ်းတွေမှာ သားအိမ်ကျုံ့တာကိုဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေကိုတိုးစေပါတယ်။
ဒန့်သလွန်မှာပါတဲ့ အချို့ဓါတ်တွေကမွေးကင်းစ ကလေးငယ်တွေအတွက် မသင့်တော်တာကြောင့် နို့တိုက်မိခင်တွေအနေနဲ့ စားသုံးဖို့မသင့်တော်ပါဘူး။
သွေးကြဲဆေးသောက်သုံးနေရသူတွေအနေနဲ့လည်း ဒန့်သလွန်ရွက်ကိုမစားသင့်ပါဘူး။
ကိုယ်ခံအားဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့် ဒန့်သလွန်စေ့အဆီကို မစားသုံးသင့်ပါဘူး။
ကလေးငယ်တွေ၊ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအနေနဲ့ ဒန့်သလွန်ရွက်ကိုမစားခင်မှာ ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

အထက်ပါအချက်တွေကိုဖတ်ရှုပြီး ကျန်းမာရေးနဲ့ညီညွတ်စွာသတိပြုစားသုံးနိုင်ကြစေဖို့ရည်ရွယ်ပါတယ်။
crd original uploader

Address

Kayan

Telephone

+959429578082

Website

Alerts

Be the first to know and let us send you an email when ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ရွှေဇင်ယော် ဆေးဆိုင် - Shwe ZinYaw Pharmacy:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram