အေးငြိမ်းသာကုသိုလ်ဖြစ်ဆေးခန်း

  • Home
  • Myanmar
  • Kayan
  • အေးငြိမ်းသာကုသိုလ်ဖြစ်ဆေးခန်း

အေးငြိမ်းသာကုသိုလ်ဖြစ်ဆေးခန်း A charity clinic which provides free medical care to Kayan Tsp and its vicinities

အေးငြိမ်းသာကုသိုလ်ဖြစ်ဆေးခန်း
ခရမ်းမြို့နှင့် အနီးပတ်လည်တောရွာများမှ မည်သည့်လူနာမဆို ကုသိုလ်ဖြစ် အခမဲ့ဆေးကုသပေးနေသောဆေးခန်းဖြစ်ပါသည်....
Welcome to our philantrophic clinic which provides free medical care to people from Kayan Township and its vicinities

21/11/2020

ကောင်းတာလေးတွေ တွေးပြီး အမျှပေးဝေပါ
▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
မိမိကိုယ်ကို ဝမ်းနည်းခွင့်ပေးပါ (၅)

အဓိကကတော့ အမေမရှိတော့ဘူး၊ ဒါမှမဟုတ် အဖေမရှိတော့ဘူးဆိုတဲ့ဟာကို စိတ်ထဲမှာ ဘယ်လောက်ပဲ ခက်ခဲ ခက်ခဲ၊ အဲ့ဒီ ခက်ခဲမှုကို သတိလေးနဲ့ ပွေ့ပိုက်ပြီးတော့ လက်ခံဖို့ပါ။

ဒီလက်ခံဖို့ဆိုတဲ့ acceptance က ချက်ချင်း ရောက် မလာပါဘူး။ "လက်ခံလိုက်ပါ" လို့ ကိုယ့်ဟာကိုယ် သတိပေးရုံနဲ့လည်း တစ်ကြိမ်တည်းနဲ့ လက်ခံဖို့က ဖြစ်ချင်မှ ဖြစ်တာ။

ဘာဖြစ်လို့ မဖြစ်တာတုန်းဆိုတော့ ဘုန်းဘုန်းတို့ရဲ့ စိတ်ထဲမှာ ဒီအပြောင်းအလဲကြီးက နဂိုက မိသားစု သုံးယောက်ရှိတယ်။ လေးယောက်ရှိတယ်။ ၅ ယောက်၊ ၆ ယောက်၊ ၇ ယောက်ရှိတယ်။ အခု တစ်ယောက်က သူ့နေရာက သူ့ထိုင်ခုံက empty ဖြစ်သွားပြီ။ ဟာသွားပြီ။

အဲ့ဒီဟာကို ချက်ချင်းပုံမှန်ဖြစ်ဖို့ဆိုတာကတော့ ဒီဟာကြီးကတော့ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ် လွမ်းဆွတ်တဲ့ စိတ်၊ ဝမ်းနည်းတဲ့စိတ်၊ အဲ့ဒီစိတ်တွေ ဖြစ်ခွင့်ပေးပါ။ ဖြစ်တယ်ဆိုရင်လည်း သတိတရားလေးနဲ့ ကျကျနန ဖြစ်ခွင့်ပေးပါ။

မျက်ရည်ကျရင်လည်း ရတယ်။ ကိစ္စမရှိဘူး။ ငိုချင်လည်း ရတယ်။ ကိစ္စမရှိဘူး။ စိတ်ထဲမှာ တစ်ခုခုဖြစ်ရင် မောင်နှမအချင်းချင်း စိတ်ထဲမှာ ဖြစ်တဲ့ဟာ စကားပြောပါ။ အဲ့ဒီဟာကို suppress (ဖုံးဖိမြိုသိပ်) လုပ်မထားနဲ့။

ပြောဖို့အချိန်မရဘူးဆိုရင် စာရေးထားချင်တယ်ဆိုလည်း ရေးလို့ရတယ်။ ဒါမှ မဟုတ် ဖေ့ဘွတ်ပေါ်မှာ ကိုယ့်ရဲ့ဖေ့ဘွတ်မှာ တက်ပြီးတော့ ရေးချင်လည်း ရေးလို့ရတယ်။

စိတ်ထဲမှာ သတိရတဲ့အခါမှာ လုပ်သင့်တဲ့ နောက်တစ်နည်းကတော့ ဘဝတစ်ပါးသို့ ပြောင်းသွားတဲ့ ကျေးဇူးရှင်မိခင်၊ ဒါမှမဟုတ် ဖခင်အကြောင်းကို တွေးတဲ့အခါမှာ #သတိတရားလေးနဲ့ #ကျကျနနတွေးပေးတာ။

တွေးတဲ့အခါမှာ ဘယ်လိုတွေးတာလဲဆိုတော့ “​ဪ မိဘတွေမှာ တို့လူလားမြောက်သည်အထိ သူတို့မှာ ခေတ်အဆက်ဆက် ကျော်ဖြတ်ခဲ့တယ်။ ကြိုးစားပြီးတော့ တို့ကို ပြုစုခဲ့တယ်။ သူတို့မှာ ဘယ်လို ကျောင်းတက်ခဲ့တယ်။ ဘယ်လို အိမ်ထောင်ရေး စီးပွားရေး၊ မိသားစု ဖူလုံရေး၊ သားသမီးတွေ ပညာရေး ဘယ်လို ကြိုးစားခဲ့တယ်"။

အဲ့ဒီဟာကို စကားပြောစရာလူရှိရင် အဲ့ဒီအကြောင်းတွေပြော။ ပြောစရာလူမရှိဘူးဆိုရင် ကိုယ့်ဟာကိုယ် အဲ့ဒီအကြောင်းတွေ ပြန်တွေးပြီးတော့ ရေးထားချင်လည်း ရေးထားလို့ ရတယ်။

သူတို့အကြောင်းကို တွေးပြီးတော့ ဂုဏ်ယူတဲ့စိတ်ဖြစ်လာတဲ့အချိန်မှာ၊ ကိုယ့်မိဘကိုယ် ပြန်ပြီးတော့ ဂုဏ်ယူလာတဲ့အချိန်၊ ပါဠိလို ပြောရင်တော့ ပီတိဖြစ်တဲ့အချိန်၊ ဒါမှ မဟုတ် မုဒိတာဖြစ်တဲ့အချိန်၊ အဲ့ဒီအချိန်မှာ အမျှပေးဝေပါ။

အမျှပေးဝေရမယ်ဆိုတာက သူတို့ရဲ့ ကြိုးစားမှုနဲ့ သူတို့ရဲ့ အောင်မြင်မှု၊ သူတို့ရဲ့ မေတ္တာ အဲ့ဒါတွေးပြီးတော့ ကိုယ့်စိတ်ထဲမှာဖြစ်တဲ့ နွေးထွေးမှု၊ စိတ်ကျေနပ်မှု၊ ခံစားရတဲ့ မေတ္တာ။ အဲ့ဒီဟာက အင်အားတစ်ခု။

နောက်အင်အားတစ်ခုကတော့ သူတို့ဖြစ်စေချင်တဲ့အတိုင်း ကိုယ်ကလည်းပဲအတိုင်းအတာတစ်ခုအထိ ကိုယ်ကြိုးစားခဲ့တယ်။ အောင်မြင်ခဲ့တယ်။ ကောင်းတဲ့ဟာလေးတွေ တွေးပြီးတော့ အမျှပေးဝေတယ်။

ဘုန်းကြီးကျောင်းသွားပြီးတော့ အမျှပေးဝေမှ မဟုတ်ဘူးနော်။ အမှန်ကတော့ အိမ်မှာ အမျှပေးဝေတာ ပိုပြီးတော့ သင့်လျော်တယ်။ ပိုပြီးတော့ စိတ်ချရတယ်လို့ ဘုန်းဘုန်းက ယူဆတယ်။ ဘာဖြစ်လို့ ဘုန်းဘုန်းက ယူဆလဲဆိုတော့ အိမ်မှာက သူတို့နေသွားတဲ့ နေရာကိုး။

တကယ်လို့ အကူအညီလိုတယ်။ ဘဝရှေ့ခရီးဆက်ဖို့အတွက် ကုသိုလ်အကူအညီလိုတယ်ဆိုရင် သူတို့မေတ္တာရှိတဲ့၊ သူတို့ချစ်တဲ့ သားသမီးတွေကို သူတို့ ပြောပြမှာပဲ။ တစ်နည်းမဟုတ် တစ်နည်း တောင်းကြမှာ။

ခုနတုန်းက ဘုန်းဘုန်း ပြောတာတွေ ပြန်ကောက်ရရင် ritual တွေပေါ့နော်။ ဆွမ်းသွပ်တာတို့၊ ရက်လည်တို့၊ အဲ့ဒါတွေကို ပုံမှန်အတိုင်း သူများလုပ်သလို ကိုယ်မလုပ်နိုင်တော့ စိတ်ထဲမှာ တာဝန်မကျေသလို ဖြစ်ပြီးတော့ ရှေ့ခရီးဆက်မယ့် မိဘအတွက် စိုးရိမ်နေတာတွေ ဖြစ်တတ်တယ်။

တချို့လည်း ပြောမယ်။ “သရဏဂုံတောင် မတင်ရဘူး”။

သရဏဂုံတင်တာက သက်ရှိတွေပဲ သရဏဂုံတင်တာ။ လူတစ်ယောက်ဆုံးသွားတဲ့အခါမှာ အသုဘ ချခါနီးမှာ ဘုန်းဘုန်းတို့ သရဏဂုံတင်တယ်ဆိုတာ အမှန်ကတော့ လိုက်ပို့တဲ့ပုဂ္ဂိုလ်တွေအတွက် သရဏဂုံတင်တာ။

အသက် မရှိတော့တဲ့ ဥတုဇရုပ်ကြီးကတော့ သရဏဂုံ မဆောက်တည်နိုင်တော့ဘူး။ အဲ့ဒါလေး ဘုန်းဘုန်းတို့ ဓမ္မာစရိယတန်း လေ့လာတဲ့အခါမှာ သုတ္တန်၊ အဋ္ဌကထာရဲ့ ပထမဆုံး ကျမ်းစာအုပ်။ သီလက္ခန်အဋ္ဌကထာမှာ အတိအကျ ဆိုထားတယ်။

ဒါ့ကြောင့်မို့လို့ ကိုဗစ်ကာလလည်းဖြစ်တယ်။ သရဏဂုံလည်း မတင်ပေးလိုက်ရဘူးလို့ စိတ်ထဲမှာ သွားစွဲနေမှာစိုးလို့ ဒါလေး အဓိကထားပြောတာ။

ခါတိုင်း သရဏဂုံတင်ပေးတာလည်းပဲ သွားလေသူအတွက် သရဏဂုံတင်ပေးတာ မဟုတ်ပါဘူး။ ကျန်တဲ့သူတွေအတွက် တင်တာပါ။ သူတို့ရဲ့ သရဏဂုံကတော့ သူတို့ အသက်ရှင်စဉ်ကာလမှာ ယူထားတဲ့သရဏဂုံ ။

အဲ့ဒီသရဏဂုံက ဘုန်းဘုန်းတို့ အသက်ရှူရပ်သွားတဲ့အခါမှာ အဲ့ဒီသရဏဂုံ ပျက်သွားလည်းပဲ သူ့ရဲ့ အာနိသင်ကတော့ နောက်ဘဝအထိ သူလိုက်ပြီးတော့ အကျိုးပေးမှာပေါ့။ ဒါကတော့ နည်းနည်းလေး အသေးစိတ်ပါတယ်။

🙏🙏🙏🙏🙏
ဆက်လက်ရေးသားပူဇော်ပါမည်
--------------------------------------------------------
#အောက်စဖိုဒ့်ဆရာတော်
ပါမောက္ခဒေါက်တာဘဒ္ဒန္တဓမ္မသာမိ
---------------------------------------------------------
မိမိကိုယ်ကို ဝမ်းနည်းခွင့်ပေးပါ
Allow yourself to Grieve. (10-Nov-2020)
---------------------------------------------------------
Video: https://www.facebook.com/shanstate.buddhistuniversity/videos/439399567052809
ရေးသားပူဇော်
ဓမ်မဒါန - www.facebook.com/Sayardawsdhammatalkcollections

21/07/2020

ကိုဗစ်​နိုင်​တီး​ အဆုတ်​​ရောင်​တုပ်​​ကွေး​ရောဂါ​ကြောင့်​ ​အေးငြိမ်းသာကုသိုလ်​ဖြစ်​​ဆေးခန်းကို လအတန်​ကြာပိတ်​ထားရသည့်​အတွက်​ အလှူရှင်​မိဘပြည်​သူများနှင့်​ လူနာများမှ နားလည်​​ပေး​စေလိုပါသည်​ အခက်​အခဲများကြားမှ ​ဆေးခန်းကိုစနစ်​တကျ အမြန်​ဆုံးပြန်​ဖွင့်​နိုင်​ရန်​ ​အေးငြိမ်းသာ​ဆေးခန်းမိသားစုမှ စီမံလျက်​ရှိပါသည်​ ​ရောဂါပြန့်​နှံ့မှု အ​ခြေအ​နေမတည်​ငြိမ်​​သေးဘဲ ​ဆေးခန်းကိုပြန်​ဖွင့်​လျှင်​ လူစုလူ​ဝေးဖြစ်​ပြီး ​နာတာရှည်​ဆီးချိ​သွေးတိုးသမားများအတွက်​ စိတ်​မချရ​သော​ကြောင့်​ ​ဆေးခန်းပြန်​ဖွင့်​ရန်​​နှောင့်​​နှေးကြန့်ကြာ​နေခြင်းကို နားလည်​သည်းခံ​ပေးနိုင်​ပါရန်​ ​မေတ္တာရပ်​ခံ အသိ​ပေးအပ်​ပါသည်

အေးငြိမ်းသာဆေးခန်ူမိုးရေထဲလူနာ ၁၀၀ ကျော် ဒါနပြုအခမဲံကုသပေးနိုင်ခဲ့သည်
02/06/2019

အေးငြိမ်းသာဆေးခန်ူမိုးရေထဲလူနာ ၁၀၀ ကျော် ဒါနပြုအခမဲံကုသပေးနိုင်ခဲ့သည်

ယ​နေ့​၂၄.၁.၁၈ဗုဒ္ဓဟူး​နေ့တွင်​ ​အေးငြိမ်းသာကုသိုလ်​ဖြစ်​​ဆေးခန်းသို့ ​မောင်​မြင့်​မြတ်​​အောင်​ မ​မေမြင့်​မြတ်​သူအမွှာ​မေ...
24/01/2018

ယ​နေ့​၂၄.၁.၁၈ဗုဒ္ဓဟူး​နေ့တွင်​ ​အေးငြိမ်းသာကုသိုလ်​ဖြစ်​​ဆေးခန်းသို့ ​မောင်​မြင့်​မြတ်​​အောင်​ မ​မေမြင့်​မြတ်​သူအမွှာ​မောင်​နှမနှစ်​ဦးမှ အသက်​၁၁နှစ်​​ပြည့်​​မွေး​နေ့အဖြစ်​ အလှူ​ငွေကျပ်​တစ်​သိန်းနှင့် အဟာရဒါနမုန့်၂ပုံး​​ကို သဒ္ဒါထက်​သန်​စွာဖြင့်​ လှူဒါန်းပါသည်​ ယခုလိုလှူဒါန်းရ​သော အကျိုးအား​ကြောင့်​ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းတို့နှင့်​ပြည့်​စုံ၍ ထူးချွန်​​သောပညာရှင်​ ပညာတတ်​ကြီးများဖြစ်​ကြပြီး မိသားစုနှင့်​အတူ ​နောင်​နှစ်​​ပေါင်းမှားစွာ ​ပျော်​ရွှင်​စွာ ဖြတ်​သန်းနိုင်​ပါ​စေ​ကြောင်း ဆုမွန်​​ကောင်း​တောင်းရင်း အလှူအစုစုကိုမှတ်​တမ်းတင်​အပ်​ပါသည်

ခရမ်းမြို့သို့ ဆေးတက္ကသိုလ်၂ မှ အထူးကုဆရာဝန်များ နယ်လှည့်ဆေးကုသရေးတွင် အေးငြိမ်းသာဆေးခန်း(ခရမ်း) မိသားစုမှ လုပ်အားပေးကူညီ...
14/01/2018

ခရမ်းမြို့သို့ ဆေးတက္ကသိုလ်၂ မှ အထူးကုဆရာဝန်များ နယ်လှည့်ဆေးကုသရေးတွင် အေးငြိမ်းသာဆေးခန်း(ခရမ်း) မိသားစုမှ လုပ်အားပေးကူညီခဲ့ပါသည်

ယ​နေ့ ၁၀.၁.၁၈ ဗုဒ္ဓဟူး​နေ့တွင်​ ခရမ်းမြို့​အောင်​ဓမ္မရိပ်​သာတွင်​ သီတင်းသုံး​သော ဆရာ​လေး​ဒေါ်​ကေလာသီနှင့်​ ​ဒေါ်သုနန္ဒီ တို...
10/01/2018

ယ​နေ့ ၁၀.၁.၁၈ ဗုဒ္ဓဟူး​နေ့တွင်​ ခရမ်းမြို့​အောင်​ဓမ္မရိပ်​သာတွင်​ သီတင်းသုံး​သော ဆရာ​လေး​ဒေါ်​ကေလာသီနှင့်​ ​ဒေါ်သုနန္ဒီ တို့မှ အလှူ​ငွေကျပ်​၃​သောင်းကို သဒ္ဒါထက်​သန်​စွာဖြင့်​ လှူဒါန်းပါသည်​ ယခုလှူဒါန်းရ​သောအကျိုးအား​ကြောင့်​ ဆရာ​လေးများ စိတ်​၏ချမ်းသာခြင်း ကိုယ်​၏ကျန်းမာခြင်းတို့ပြည့်​စုံကြလျက်​ သာသနာ​တော်​အကျိုးကို မပင်​မပန်းထမ်းရွက်​နိုင်​ပြီးလျှင်​ အဆုံးဘဝ​နောက်​ကာလတို့၌ ခန္ဓာငါးပါးရုပ်​နာမ်​တရားတို့၏ အပြီးသတ်​ချုပ်​ငြိမ်းရာ နိဗ္ဗာန်​သို့ ရလွယ်​​ရောက်​လွယ်​မျက်​​မှောက်​ပြုလွယ်​နိုင်​ကြပါ​စေ​ကြောင်း ဆုမွန်​​ကောင်း​တောင်းလျက်​ လှူဒါန်းမှုအစုစုကို သာဓု​ခေါ်ဆိုမှတ်​တမ်းတင်​အပ်​ပါသည်

ယ​နေ့ ၁၀.၁.၁၈ ဗုဒ္ဓဟူး​နေ့တွင်​ အ​မေကြီး​ဒေါ်​အေးမြင့်​မှ ၇၄နှစ်​ပြည့်​​မွေး​နေ့အလှူအဖြစ်​ ​ငွေကျပ်​တစ်​သိန်းကိုသဒ္ဒါထက်​သ...
10/01/2018

ယ​နေ့ ၁၀.၁.၁၈ ဗုဒ္ဓဟူး​နေ့တွင်​ အ​မေကြီး​ဒေါ်​အေးမြင့်​မှ ၇၄နှစ်​ပြည့်​​မွေး​နေ့အလှူအဖြစ်​ ​ငွေကျပ်​တစ်​သိန်းကို
သဒ္ဒါထက်​သန်​စွာလှူဒါန်းပါသည်​ အ​မေကြီး ချစ်​ရ​သောမိသားစုနှင့်​အတူ စိတ်​ချမ်းသာကိုယ်​ကျန်းမာလျက်​ အသက်​ရာ​ကျော်​ထိတိုင်​ ပြည့်​ဝ​ပျော်​ရွှင်​စွာ ​နေထိုင်​နိုင်​ပါ​စေ​ကြောင်းဆုမွန်​​ကောင်း​တောင်းလျက်​ အလှူအစုစုကို မှတ်​တမ်းတင်​ဂုဏ်​ပြုအပ်​ပါသည်

ယ​နေ့ ၇.၁.၁၈ တနင်္ဂ​နွေ​နေ့တွင်​ ​အေးငြိမ်းသားကုသိုလ်​ဖြစ်​​ဆေးခန်း၌ လူနာစုစု​ပေါင်း အ​ယောက်​၁၅၀ လာ​ရောက်​ပြသခဲ့ပါသည်​ ...
07/01/2018

ယ​နေ့ ၇.၁.၁၈ တနင်္ဂ​နွေ​နေ့တွင်​ ​အေးငြိမ်းသားကုသိုလ်​ဖြစ်​​ဆေးခန်း၌ လူနာစုစု​ပေါင်း အ​ယောက်​၁၅၀ လာ​ရောက်​ပြသခဲ့ပါသည်​ လုပ်​အား​ပေးကုသ​ပေးကြ​သော ဆရာဆရာမများအားလုံးကို ​ကျေးဇူးအထူးတင်​ရှိပါသည်​ ကုသ​ပေးခဲ့ကြ​သောဆရာဝန်​များမှာ ​သားဖွားမီးယပ်​အထူးကု​ဒေါက်​တာမူမူ​အောင်​ ​ဒေါက်​တာခိုင်​ခိုင်​စန်း ​ဒေါက်​တာမြတ်​မွန်​​ကျော်​ ​ဒေါက်​တာနိုင်​ထွဋ်​လင်းတို့ဖြစ်​ပါသည်​ အလှူရှင်​များ သဒ္ဒါပွားပီတိဖြာနိုင်​ကြ​စေရန်​နှင့်​ နတ်​လူသာဓု​ခေါ်နိုင်​ကြ​စေရန်​ မှတ်​တမ်းတင်​အပ်​ပါသည်

13/12/2017

ယ​နေ့ ​၁၃.၁၂.၁၇ရက်​နေ့တွင်​​အေးငြိမ်းသာကုသိုလ်​ဖြစ်​​ဆေးခန်းသို့ အသက်​၉၀ပြည့်​​မွေး​နေ့ရှင်​ အ​မေကြီး​ဒေါ်ရီ မှ အလှူ​တော်​​ငွေ ငါး​သောင်းကို ဖြူစင်​သောသဒ္ဒါတရားဖြင့်​ လာ​ရောက်​လှူဒါန်းပါသည်​ ​မွေး​နေ့ရှင်​အ​မေကြီး သက်​​တော်​ရာ​ကျော်​အထိ ​အေး​အေးချမ်းချမ်း ကျန်းကျန်းမာမာ​နေနိုင်​ပါ​စေ​ကြောင်း ဆုမွန်​​ကောင်း​တောင်းလျက်
အလှူအစုစုကို သာဓု​ခေါ်မှတ်​တမ်းတင်​အပ်​ပါသည်

01/10/2017

Address

No. 12, Pyi Taw Tar Road
Kayan
13026

Telephone

095202275

Website

Alerts

Be the first to know and let us send you an email when အေးငြိမ်းသာကုသိုလ်ဖြစ်ဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category