မြမေတ္တာမွန် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Kengtung
  • မြမေတ္တာမွန် အထူးကုဆေးခန်း

မြမေတ္တာမွန် အထူးကုဆေးခန်း မိသားစုကျန်းမာရေးအတွက် အကောင်းဆုံးအဖော်မွန် မြမေတ္တာမွန်

06/10/2025
19/09/2025

#ရှမ်းပြည်နယ်အရှေ့ပိုင်း နှင့် #ကျိုင်းတုံမြို့နှင့်အနီးတဝိုက် ရှိမိဘပြည်သူများ ကျန်းမာရေးနှင့်ပက်သက်ပြီး ပိုမိုအဆင်ပြေစေရန်နှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများအား တစ်နေရာတည်းတွင် အချိန်နှင့်တပြေးညီ ရရှိစေနိုင်ရန်ရည်ရွယ်၍ အထူးသဖြင့် -

မြို့ပေါ်မှအရေးပေါ် #သမားတော် နှင့်ပြသရန်လိုအပ်သူများ
ประชาชนที่ต้องการไปพบแพทย์ฉุกเฉินจากในเมือง
想從市內看急診的人

နီးစပ်ရာမြို့နယ်များမှ သမားတော်နှင့်ပြသပြီး နေ့ချင်းပြန်လိုသူများ
ผู้ที่ต้องการพบแพทย์จากเมืองใกล้เคียงและกลับมาภายในวันเดียวกัน
想要從附近城市看病並當天返回的人

နယ်ဝေးမှလာရောက် ပြသလိုသူများ
ผู้ที่ต้องการมาจากแดนไกล
那些想從遠方來的人

အချိန်ပေးစောင့်ဆိုင်းရန် အဆင်မပြေကြသူများ
คนที่ไม่สะดวกในการรอ
不習慣等待的人

ကားရပ်နားရန်နှင့် စားသောက်နားခိုရန် အခက်အခဲရှိသူများ
ผู้ที่มีปัญหาเรื่องที่จอดรถและทานอาหาร
停車和吃飯有困難的人

အတွက် အဆင်ပြေချောမွေ့စေရန်ရည်ရွယ်ပြီး
မြမေတ္တာမွန်ဆေးခန်းမှ နံနက် (၈)နာရီမှစ၍ ဝန်ဆောင်မှုများပေးနေပြီ ဖြစ်ပါတယ်ခင်ဗျ။

အထွေထွေရောဂါကုသမားတော်နှင့်
လာရောက်ပြသနိုင်သောရောဂါများမှာ

- ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများ
- နှလုံးရောဂါများ
- အဆုတ်နှင့်ရင်ခေါင်းဆိုင်ရာရောဂါများ
- ဆီးချို၊သွေးချိုရောဂါ
- ဟော်မုန်းဆိုင်ရာရောဂါများ
- အစာအိမ်၊အသည်း၊မုန့်ချိုအိတ်နှင့်အူလမ်းကြောင်းဆိုင်ရာရောဂါများ
- ဆီးလမ်းကြောင်းနှင့်ကျောက်ကပ်ဆိုင်ရာရောဂါများ
- သွေးရောဂါများ
- ကူးစက်ရောဂါများ
- လေးဖက်နာဆိုင်ရာရောဂါများ

အား ပြင်ပလူနာကြည့်ရှူစောင့်ရှောက်မှုအဖြစ် #အထွေထွေရောဂါကုသမားတော် နှင့် လာရောက်ပြသ၍ ကုသမှုများ ခံယူနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျ။

မြမေတ္တာမွန်
အထူးကုဆေးခန်း
🏨ရပ်ကွက်(၂)၊နောင်ကျောက်လမ်း၊နောင်တုံဟိုက်ပါမားကတ်ရှေ့၊မင်စိမ်းသောက်ရေသန့်ဘေး၊ကျိုင်းတုံမြို့။

☎️ 09 9777 51 777

 #လေဖြတ်ခြင်း🧠 ကမ္ဘာတဝှမ်းမှာ နှစ်စဥ်နှစ်တိုင်း လူဦးရေ ၁၂သန်းခန့်ဟာ လေဖြတ်ရောဂါကို ခံစားနေရပြီး ၆.၅ သန်းခန့်ဟာ လေဖြတ်ခြင...
19/09/2025

#လေဖြတ်ခြင်း

🧠 ကမ္ဘာတဝှမ်းမှာ နှစ်စဥ်နှစ်တိုင်း လူဦးရေ ၁၂သန်းခန့်ဟာ လေဖြတ်ရောဂါကို ခံစားနေရပြီး ၆.၅ သန်းခန့်ဟာ လေဖြတ်ခြင်းကြောင့် သေဆုံးလျက်ရှိပါသည်။

🧠လူ (၄)ဦးလျှင် တစ်ဦး တစ်ချိန်ချိန်မှာ လေဖြတ်နိုင်ချေရှိပါသည်။

🧠လူမျိုးဘာသာအသက်အရွယ်မရွေး ဖြစ်နိုင်သည့်အတွက် လေဖြတ်ခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အကြောင်းအရာလေးတွေကို မျှဝေပေးချင်ပါတယ်။

လေဖြတ်ရောဂါဆိုသည်မှာ ဦးနှောက်ရဲ့ အစိတ်အပိုင်းများကို ထောက်ပံ့ပေးသောသွေးအလုံအလောက်မရရှိသည့်အတွက် ထိုအစိတ်အပိုင်းများမှ ထိန်းချုပ်ထားသောလုပ်ငန်းများကို ခန္ဓာကိုယ်မှ မလုပ်ဆောင်နိုင်တော့ဘဲ လေဖြတ်ရောဂါလက္ခဏာများ ခံစားရခြင်းဖြစ်ပါသည်။

ဒါ့အပြင်…လေဖြတ်ရောဂါလက္ခဏာများကို BE FAST ဆိုပြီး အတိုကောက်မှတ်သားထားလို့ရပါတယ်။

B - Balance (ရုတ်တရက် ဒယိမ်းဒယိုင်ဖြစ်ခြင်း၊ လမ်းလျှောက်ရခက်ခြင်း)

E - Eye (မျက်စိရုတ်တရက် ဝါးသွားခြင်း၊ နှစ်ထပ်မြင်ခြင်း)

F - Facial Drooping (ရုတ်တရက် မျက်နှာရွဲ့သွားခြင်း)

A - Arm Weakness (ရုတ်တရက် လက် သို့မဟုတ် ခြေထောက် အားနည်းသွားခြင်း)

S - Speech Difficulties (ရုတ်တရက် စကားပြောလို့မရတော့ခြင်း၊ ပီသစွာမပြောနိုင်ခြင်း)

T - Time to Call

🧠 ဒါ့အပြင် အမြင်အာရုံချို့ယွင်းခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် အာရုံစူးစိုက်မှု အားနည်းခြင်း၊ သတိလစ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ အစာ ရေမျိုရခက်ခြင်း၊ ဆီး ဝမ်းမထိန်းနိုင်ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ တက်ခြင်း စတဲ့ရောဂါလက္ခဏာများလဲ ကြုံတွေ့ခံစားရတတ်ပါတယ်။

လေဖြတ်ရောဂါ ဖြစ်စေသောအကြောင်းများတွင် ပြုပြင်ပြောင်းလဲ၍မရသောအကြောင်းများနှင့် ပြုပြင်ပြောင်းလဲ၍ရနိုင်သော အကြောင်းများဟူ၍ နှစ်မျိုးရှိပါတယ်။

ပြုပြင်ပြောင်းလဲ၍ မရနိုင်သောအကြောင်းများ

(၁) အသက်ကြီးလာခြင်း
(၂) အမျိုးသားဖြစ်ခြင်း
(၃) လူမျိုးအရ လူမည်းနှင့် အာရှတိုက်သားများတွင် ပိုဖြစ်ခြင်း
(၄) မိဘမျိုးရိုးတွင် လေဖြတ်ရောဂါ နှင့် နှလုံးရောဂါ ရှိခြင်း
(၅) ယခင်က လေဖြတ်၊ လေဖြန်း၊ နှလုံးသွေးကြောပိတ်ဖူးခြင်း တို့ပဲဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲ၍ ရနိုင်သောအကြောင်းများ

(၁) သွေးတိုးရောဂါ
(၂) ဆီးချိုရောဂါ
(၃) သွေးတွင်းအဆီဓာတ်များခြင်း
(၄) အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ လေ့ကျင့်ခန်းမှန်မှန်မလုပ်ခြင်း
(၅) ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များစားခြင်း
(၆) ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးနှင့် ကွမ်းစားခြင်း
(၇) အရက်သောက်ခြင်း
(၈) စိတ်ကျရောဂါ၊ စိတ်ဖိစီးမှုများခြင်း
(၉) နှလုံးခုန်မမှန်ခြင်း
(၁၀) နှလုံးရောဂါရှိခြင်း တို့ပဲဖြစ်ပါတယ်။

လေဖြတ်ခြင်းအမျိုးအစားအနေနှင့် အဓိကအားဖြင့် အမျိုးအစား နှစ်မျိုး ရှိပါတယ်။

(၁) ဦးနှောက် သွေးကြောပိတ်၍ လေဖြတ်ခြင်း

ဦးနှောက်အတွင်းရှိသွေးကြောငယ်များကျဉ်း၍ ပိတ်ခြင်း၊ နှလုံးနှင့်သွေးလွှတ်ကြောများထဲမှ သွေးခဲငယ်များ လာရောက်ပိတ်ဆို့ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
သွေးကြောပိတ်၍ လေဖြတ်သောလူနာများသည် ဆေးရုံသို့ ရောဂါလက္ခဏာစဖြစ်သည့်အချိန်မှ ၃ နာရီခွဲအတွင်းရောက်ပါက စံနှုန်းကိုက်ညီသောလူနာများမှာ သွေးခဲပျော်ဆေးထိုးပေးခြင်းဖြင့် အလျင်အမြန်ပြန်ကောင်းနိုင်ပါတယ်။ သွေးခဲပျော်ဆေးထိုးဖို့ မမီတဲ့ လူနာတွေမှာလဲ သွေးကျဲဆေးကို အမြန်ဆုံးပေးနိုင်လေလေ ရောဂါလက္ခဏာပိုဆိုးလာမှာကို ကာကွယ်နိုင်လေလေဖြစ်ပါတယ်။

(၂) ဦးနှောက် သွေးကြောပေါက်၍ လေဖြတ်ခြင်း

ဦးနှောက်အတွင်းရှိ သွေးကြောနံရံများ ပျက်စီးခြင်း၊ သွေးကြောဖောင်းခြင်း၊ သွေးကြောထုံးခြင်း တို့ကြောင့် ဦးနှောက်အတွင်းသို့ သွေးယိုစီးခြင်းဖြစ်သဖြင့် လေဖြတ်ရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။
သွေးကြောပေါက်ရင် လူနာရဲ့အခြေအနေပေါ်မူတည်ပြီး ခွဲစိတ်ဖို့လိုမလို ဆုံးဖြတ်ပါတယ်။ သွေးတိတ်ဆေး၊ ဦးနှောက်အရောင်လျော့ဆေးပေးခြင်း၊ သွေးပေါင်ကျဆေးပေးခြင်း စသဖြင့် အရေးပေါ်ကုသမှုကို မြန်မြန်ခံယူခြင်းဖြင့် ရောဂါဆိုးနှုန်း၊ အသေအပျောက်များနှုန်းတို့ကို လျော့ကျစေပါတယ်။

#ရှမ်းပြည်နယ်အရှေ့ပိုင်း နဲ့ #ကျိုင်းတုံမြို့နှင့်အနီးတဝိုက် မှ မိဘပြည်သူများအနေနဲ့ အထက်ပါရောဂါလက္ခဏာများခံစားနေရပါလျှင်သော်လည်းကောင်း၊ သွေးတိုး/ဆီးချို စသည့် ရောဂါအခံရှိနေပြီဆိုရင်သော်လည်းကောင်း လေဖြတ်၊လေငန်းရောဂါများအတွက် မြမေတ္တာမွန် အထူးကုဆေးခန်းတွင် #ဦးနှောက်နှင့်အာရုံကြောအထူးကုသမားတော်ကြီး
နှင့် လာရောက်တိုင်ပင်ပြသပြီး ထိရောက်တဲ့ကုသမှုများ ရယူန်ိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။

 #ဦးနှောက်နှင့်အာရုံကြောရောဂါဝေဒနာရှင်များအတွက်သတင်းကောင်း #ရှမ်းပြည်နယ်အရှေ့ပိုင်းမှဦးနှောက်နှင့်အာရုံကြောရောဂါဝေဒနာရှ...
17/09/2025

#ဦးနှောက်နှင့်အာရုံကြောရောဂါဝေဒနာရှင်များအတွက်သတင်းကောင်း

#ရှမ်းပြည်နယ်အရှေ့ပိုင်းမှဦးနှောက်နှင့်အာရုံကြောရောဂါဝေဒနာရှင်များ အနေဖြင့်
- တစ်ဖက်က ထိုင်းနိုင်ငံသို့သွားရောက်ကုသပြီးငွေကုန်ကြေးကျများလို့ အဆင်မပြေဖြစ်နေပါသလား?
- ဒါမှမဟုတ် ဘာသာစကားအခက်အခဲကြောင့်ထိရောက်တဲ့ကုသမှုမရရှိနိုင်ပဲဖြစ်နေပါသလား?
- ရန်ကုန် ၊မန်းလေး၊နေပြည်တော်၊ တောင်ကြီးစသည့် မြို့ကြီးများ သို့ မကြာခဏသွားရောက် ကုသနေရသောကြောင့် အချိန်ကုန်၊လူပင်ပန်း ဖြစ်နေကြပါသလား?

ဦးနှောက်နှင့်အာရုံကြော ရောဂါများဖြစ်သည့်

- မကြာခဏ ခေါင်းတစ်ခြမ်းကိုက်ခြင်း။
- သတိလစ်ခြင်း၊ မေ့လဲခြင်း။
- နာတာရှည်မူးဝေအားနည်းခြင်း။
- မကြာခဏမူးခြင်း၊ ချာချာလည်မူးခြင်း
- နာတာရှည်ခြေလက်ထုံကျဉ်ခြင်း၊ ခြေလက်များတုန်ရီအားနည်းခြင်း။
- မှတ်ညဏ်လျော့ပါးခြင်း။
- အတက်ရောဂါ။
- အယ်ဇိုင်းမားရောဂါ။
- ပါကင်ဆန်ရောဂါ။
- ဦးနှောက်သွေးကြောပြဿနာများ။
- ဦးနှောက်အကြိတ်ဖြစ်ခြင်း။
- လေဖြတ်ခြင်း။
- ခန္ဓာကိုယ်ရှိ ကြွက်သားများ အားနည်းခြင်း၊တောင့်တင်းခြင်းနှင့် အကြောဆွဲခြင်း။

စသည့်ဦးနှောက်၊ အာရုံကြောနှင့်နှင့်သက်ဆိုင်‌သောရောဂါများအတွက် ကျွန်တော်တို့ရဲ့ #ကျိုင်းတုံမြို့ မှာပင် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာအထူးကုသမားတော်ကြီးနှင့် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆွေးနွေးပြသပြီး ထိရောက်သောကုသမှုများခံယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။

ဆေးခန်းပြနိုင်သည့်အချိန် -
နေ့စဉ် ညနေ၄နာရီမှ၇နာရီအထိ။
စနေ၊ တနင်္ဂနွေ -
နံနက် ၉နာရီမှ၁၁နာရီထိ။

#မြမေတ္တာမွန်အထူးကုဆေးခန်း
#ကျိုင်းတုံမြို့

📞 09 9777 51 777

Epilepsy ( #အတက်ရောဂါ)တက်ခြင်း (ယခင်အခေါ်/အများသုံးအခေါ်) ဝက်ရူးပြန်ခြင်း ဆိုတာက ဦးနှောက်အတွင်းမှာရှိတဲ့ လျှပ်စီးကြောင်း...
15/09/2025

Epilepsy ( #အတက်ရောဂါ)

တက်ခြင်း (ယခင်အခေါ်/အများသုံးအခေါ်) ဝက်ရူးပြန်ခြင်း ဆိုတာက ဦးနှောက်အတွင်းမှာရှိတဲ့ လျှပ်စီးကြောင်းများရုတ်တရက် မူမမှန်ပြောင်းလဲခြင်းကြောင့်ဖြစ်ပြီး ယေဘုယျအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသော်လည်းကောင်း၊ အစိတ်အပိုင်းတစ်ခုသော်လည်းကောင်း ကြွက်သားလှုပ်ရှားမှုများဖြစ်ပေါ်ကာ တုန်ရီသတိလစ်သွားခြင်းဖြစ်ပါတယ်။

လတ်တလောအကြောင်းရင်းခံမရှိပါပဲ အနည်းဆုံး (၂၄) နာရီခြားပြီး ၂ကြိမ်နဲ့အထက် တက်နေပြီဆိုရင်တော့ အတက်ရောဂါရှိတယ်လို့ သာမာန်အားဖြင့် ယူဆနိုင်ပါတယ်။

အတက်ရောဂါဆိုတာကတော့ လူအများထင်မှတ်မှားကြသလို စိတ်ရောဂါ၊ ကူးစက်တတ်သောရောဂါနဲ့ လူဖြစ်ရှုံး/လူညွှန့်တုံးရလောက်အောင်ဆိုးရွားတဲ့ရောဂါမျိုးမဟုတ်ဘဲ အသက်အရွယ်/ကျားမ မရွေး ဖြစ်ပွါးန်ိုင်တဲ့ နာတာရှည်ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတစ်ခုပဲဖြစ်ပါတယ်။

ရောဂါလက္ခဏာများအနေနဲ့ သက်ဆိုင်ရာဦးနှောက်အစိတ်အပိုင်းပေါ်မူတည်၍သော်လည်းကောင်း၊ ရောဂါလက္ခဏာအရသော်လည်းကောင်း ကွဲပြားခြားနားကြပြီး အတွေ့များတဲ့ လက္ခဏာများကတော့

- မတက်ခင် ထူးခြားသော အနံ့/အရသာ အလိုလိုခံစားမိခြင်း၊
- အလင်းတန်းများ မြင်ရခြင်း၊
- ခေါင်းအုံခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်း ကဲ့သို့သော ရှေ့ပြေးလက္ခဏာများ ပြသခြင်း
- ခန္ဓာကိုယ်၏တစ်စိတ်တစ်ပိုင်း(သို့)တစ်ကိုယ်လုံးတွင်ပုံမှန်မဟုတ်သောကြွက်သားလှုပ်ရှားမှုများဖြစ်ခြင်း။
- ရုတ်တရက် အသိလက်လွတ် အာရုံထွေပြားခြင်း
- ကြွက်သားများ တောင့်တင်းလာခြင်း
- အသိစိတ်ခဏပျောက်ဆုံးသွားခြင်း
- ဆီး၊ဝမ်းမထိန်းနိုင်ခြင်း၊ အချို့တွင်လျှာကိုက်မိတတ်ခြင်း တို့ကိုတွေ့ရတတ်ပြီး
နောက်ဆက်တွဲအနေနဲ့
- မတော်တဆဖြစ်ပွားမှုပိုမိုဖြစ်ပွားလာခြင်း (လဲကျ/ချော်လဲခြင်း၊ ရေနစ်ခြင်း၊ မီးလောင်ခြင်း)
- အိပ်ရေးပျက်ခြင်း။ကောင်းမွန်သော အိပ်စက်မှုမရရှိခြင်း
- ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားကို ထိခိုက်စေနိုင်ခြင်း
- မှတ်ဉာဏ်များပျောက်ဆုံးခြင်း
- စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစားရခြင်း (စိတ်ကျဝေဒနာ၊စိုးရိမ်စိတ်များခြင်း၊ စိတ်ဖိစီးမှုဒဏ်များခံစားရခြင်း၊ မိမိကိုယ်ကို အဆုံးစီရင်ချင်စိတ်များပေါ်ပေါက်လာခြင်း) တို့ခံစားရနိုင်ပါတယ်။

ရောဂါဝေဒနာခံစားနေရတဲ့လူနာကိုယ်တိုင်မှာလည်း လူမှုဘဝစာမျက်နှာမှာ ထိခိုက်ခံစားရမှုတွေရှိနေသလို ခွဲခြားဆက်ဆံခံရတာ၊ မိသားစုပတ်ဝန်းကျင်မှာလည်း အနည်းနဲ့အများထိခိုက်မှုတွေကို ကြုံတွေ့ခံစားကြရတဲ့အတွက်ကြောင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကို ကမ္ဘာ့အတက်ရောဂါနေ့ အဖြစ်သတ်မှတ်ပြီး လူနာနဲ့လူနာရှင်တွေအပေါ်က ခွဲခြားဆက်ဆံမှုတွေ ရောဂါနဲ့ ပက်သက်တဲ့အယူအဆမှားတွေ ပပျောက်အောင် ကမ္ဘာနဲ့အဝှမ်းကြိုးစားပြီး အသိပညာပေးမျှဝေနေကြပြီဖြစ်ပါတယ်။

အတက်ရောဂါအကြောင်းခံကို စစ်ဆေး ရှာဖွေမှုပြုလုပ်ဖို့ သက်ဆိုင်ရာ #အာရုံကြောသမားတော်နဲ့ ပြသပြီး စစ်ဆေး အကဲဖြတ်ခံရန် လိုအပ်ပါတယ်။

အတက်ရောဂါ ကုသမှုအနေနဲ့ကတော့
အာရုံကြောသမားတော်ကြီးများရဲ့ ညွှန်ကြားချက်အရ
- အတက်ရောဂါဖြစ်စေမှု၏ အကြောင်းခံကို သီးသန့် ဦးတည် ကုသခြင်း၊
- အတက်တားဆေး (Anti-seizure medications) သောက်စေခြင်းနှင့်
- လှုံ့ဆော်မှုအကြောင်းတရားများမဖြစ်အောင် ရှောင်ကျဉ် နေထိုင်စေခြင်း စတာတွေနဲ့
ပေါင်းစပ်ကုသကြရပါတယ်။

သက်ဆိုင်ရာ #ဦးနှောက်နှင့်အာရုံကြောဆိုင်ရာသမားတော်ကြီး ရဲ့လမ်းညွှန်ကုသမှုတွေကို လိုက်နာပြုကျင့်နိုင်မယ်ဆိုရင် ၆၀ရာခိုင်နှုန်းမှ၇၀ရာခိုင်နှုန်းထိ သက်သာပျောက်ကင်းစေနိုင်တဲ့အတွက်ကြောင့် ကုသမှုစောစီးစွာခံယူကြဖို့ မေတ္တာရပ်ခံပါရစေခင်ဗျ။

#မြမေတ္တာမွန်အထူးကုဆေးခန်း

🏨ရပ်ကွက်(၂)၊နောင်ကျောက်လမ်း၊နောင်တုံဟိုက်ပါမားကတ်ရှေ့၊မင်စိမ်းသောက်ရေသန့်ဘေး၊ #ကျိုင်းတုံမြို့။

📞09 977751777
☎️09 444499964

Neuropsychiatric complications of stroke #လေဖြတ်ပြီးနောက်ခံစားရလေ့ရှိသောနောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာများခန္ဓာကိုယ်လုပ်...
09/09/2025

Neuropsychiatric complications of stroke
#လေဖြတ်ပြီးနောက်ခံစားရလေ့ရှိသောနောက်ဆက်တွဲစိတ်ကျန်းမာရေးပြဿနာများ

ခန္ဓာကိုယ်လုပ်ဆောင်မှုတွေနဲ့တစ်ကိုယ်ရည် စွမ်းဆောင်နိုင်မှုတွေလျော့ကျသွားတတ်တဲ့ လေဖြတ်ခြင်းဝေဒနာ ခံစားရပြီဆိုပါက လူနာကိုယ်တိုင်ရော မိသားစုပါ ကြီးမားသော စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်ရလေ့ရှိကြပါတယ်။

- အရင်လို ပြန်ကောင်းပါ့မလား ?
- ပိုဆိုးသွားမှာလား ?
- ဘယ်လောက်ကြာမှ ပြန်ကောင်းမှာလဲ ?
- ဘာတွေလုပ်ရမလဲ ?

စတဲ့ မေးခွန်းပေါင်းများစွာနဲ့ လူနာကိုယ်တိုင်သော်လည်းကောင်း၊ အဖေ/အမေ/အဖိုး/အဖွား (လူနာ) ကို ဘယ်သူပြုစုမလဲ/ ဘယ်သူကြည့်ပေးမလဲ က စပြီး လူနာမိသားစုဝင်တွေကသော်လည်းကောင်း
စိုရိမ်စိတ်တွေဝင်လာကြတတ်ပါတယ်။

- မလှုပ်ရှားနိုင်တော့ခြင်း၊
- စကားပီပီသသ မပြောနိုင်တော့ခြင်း၊
- အစားမျိုရ ခက်ခဲခြင်း ၊
- စိတ်ခံစားချက် (အငို/အရယ်) များမထိန်းနိုင်ခြင်း
- ဆီး၊ဝမ်းထိန်းသိမ်းနိုင်မှုအားနည်းခြင်း

စတဲ့အကြောင်းအရာ အမျိုးမျိုးတွေကြောင့်
လူနာကိုယ်တိုင်က စိတ်ပိုင်းဆိုင်ရာထိခိုက်လာသလို အပေါ့အပါးသွားတာ၊ ထမင်းစားတာကအစ ရေရှည်ပြုစုရတဲ့ မိသားစုဝင်တွေမှာလည်း
စိတ်ဖိစီးမှုတွေ များလာတတ်ပါတယ်။

ဒီနေရာမှာ များသောအားဖြင့် လူနာရဲ့မိသားစုဝင်များက ခန္ဓာကိုယ်ပိုင်းဆိုင်ရာများ ပြန်လည်ကောင်းမွန် လာစေဖို့သာ အာရုံစိုက်မိတတ်ပြီး

လူနာရဲ့ လေဖြတ်ပြီးနောက် ခံစားရတဲ့ စိတ်ဝေဒနာများကို လျစ်လျူရှု နေမိတတ်သလို၊ ကုသပေးဖို့လည်း သတိမရတတ်ကြပါဘူး။

မိမိကိုယ်တိုင် သာမန် နေ့ဒဓူဝ ကိစ္စလေးတွေတောင် အကူအညီမပါဘဲ စွမ်းဆောင်ဖို့ရာ အခက်အခဲရှိလာတာကတစ်ကြောင်း၊

မိသားစုနဲ့ လူနာရှင်များကလည်း နေ့စဉ်နေ့တိုင်း အပေါ့အလေးကစလို့ လုပ်ကိုင်ဆောင်ရွက်ပေးနေရတဲ့အတွက် စိတ်ပင်ပန်း လူပင်ပန်းပြီး ပြုစုစောင့်ရှောက်မှုတွေ လစ်ဟင်းလို့ လူနာနဲ့အဖုအထစ်လေးတွေဖြစ်ရတာကတစ်ကြောင်း၊

လူနာရှင်များရဲ့ လူနာအပေါ် မျှော်လင့်ချက်မြင့်မားမှုကြောင့် အားမလို အားမရဖြစ်တာတွေနဲ့ ငြိုငြင်လာတာတွေကလည်း စိတ်ကျန်းမာရေး ပြဿနာတွေဖြစ်လာစေဖို့ တွန်းအားပေးတတ်ကြပါသေးတယ်။

လေဖြတ်ပြီးနောက် ခံစားရတဲ့ စိတ်ဝေဒနာတွေကိုလည်း အလေးထား ကုသမှသာလျှင် ရောဂါသက်သာပျောက်ကင်းမှု မြန်ဆန်မှာ ဖြစ်ပါတယ်။

ဒါကြောင့် လေဖြတ်ပြီးနောက် ခံစားရတတ်တဲ့ စိတ်ဝေဒနာများကို ဖော်ပြလိုက်ပါတယ်။

#လေဖြတ်ပြီးနောက်ဖြစ်သောစိတ်ကျရောဂါ
( Post-stroke depression)

လေဖြတ်သွားတဲ့ လူနာတွေရဲ့ ၃၀% ခန့်ဟာ စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။

အဖြစ်များတဲ့ စိတ်ရောဂါ တစ်ခုဖြစ်ပြီးယခင်က စိတ်ဝေဒနာ ခံစားဖူးသူ၊ အစာမမျိုနိုင်သူ၊ ပြုစုစောင့်ရှောက်မှု နည်းပါးသူနဲ့ အထီးကျန်ဆန်စွာနေထိုင်ရမှု စတဲ့သူတွေမှာ ပိုပြီးဖြစ်တတ်ကြပါတယ်။

မလှုပ်ရှားနိုင်၊ စကားမပြောနိုင်ဖြစ်နေတဲ့လူနာရဲ့ စိတ်ဝေဒနာကို လွယ်လွယ်နဲ့သိရှိ သတိထားမိဖို့ အနည်းငယ်ခက်ခဲပါတယ်။

အကြမ်းဖျင်းအားဖြင့်

- အအိပ်၊ အစား လျော့လာမယ်၊
- ဘာကိုမှ စိတ်ဝင်စားမှု မရှိတော့ဘူး
- သည်းမခံနိုင်တာ၊ ရုတ်တရက် ဒေါသထွက် ပေါက်ကွဲတာတွေ ဖြစ်လာမယ်
- သေသွားတာမှ ကောင်းဉီးမယ် စသည်ဖြင့် သတ်သေဖို့လုပ်မယ်၊ စဉ်းစားမယ်လို့တစ်ခါတစ်လေဖွင့်ပြောလာတတ်မယ်
- အမြဲ တငိုငိုနဲ့ စိတ်ဓါတ်တွေကျပြီး ကူကယ်ရာမဲ့သလိုခံစားနေရမယ်
- အသက်ရှင်နေရတာ/သူ့ကိုပြုစုပေးနေရတာတွေကြောင့် ကိုယ့်ကိုကိုယ်အပြစ်ရှိသလို၊ အသုံးမကျတဲ့သူလိုထင်မှတ်လာမယ်

ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့ သေချာပြသပြီးကုသမှုခံယူကာ မိသားစုရဲ့ နွေးထွေးဖေးမပေးမှု များလိုအပ်လာပြီပဲဖြစ်ပါတယ်။

#ခံစားချက်များမထိန်းချုပ်နိုင်တော့ခြင်း ( Emotional Incontinence)

လေဖြတ်လူနာများရဲ့ ၁၁% မှ ၃၅ % လောက်ထိမှာ တွေ့ရတတ်တယ်။

မပြောပလောက်တဲ့ အကြောင်းအရာလေးတခုကြောင့် ငိုယိုတာ/ ရယ်မောတာမျိုးနဲ့ ရယ်ရယ်မောမော ပြောဆိုနေရင်းကနေရုတ်တရက် ငိုချလိုက်၊ ငိုနေရင်းနဲ့ ထရယ်လိုက်နဲ့ မိမိစိတ်ခံစားချက်နဲ့ ဖော်ပြမှုကို မထိန်းနိုင်ပဲဖြစ်နေတတ်ပါတယ်။

#လေဖြတ်ပြီးနောက်ဆက်တွဲမှတ်ဉာဏ်လျော့နည်းခြင်း
( Post-stroke dementia)

လေဖြတ်ပြီးနောက် အဖြစ်များတတ်တဲ့ နောက်ထပ် စိတ်ကျန်းမာရေးပြဿနာတစ်ခုက မှတ်ဉာဏ်ချို့ယွင်းလာခြင်းဖြစ်ပါတယ်။ ဉီးနှောက်အစိတ်အပိုင်းအချို့ကို ထိခိုက်ဆုံးရှုံးမှုနဲ့အတူ မှတ်ဉာဏ်ပိုင်းဆိုင်ရာတွေပါ ယုတ်လျော့လာတတ်ပါတယ်။

အကြမ်းဖျင်းအားဖြင့်

-ရင်းနှီးတဲ့ လူအချို့ကို မမှတ်မိတော့တာမျိုး
-သွားလာနေကျ နေရာ၊ လမ်း စသည်တို့ကို မမှတ်မိတော့တာ
-လုပ်နေကျ အလုပ်တွေ ဉပမာ- ကားမောင်းတာ၊ စက်ဘီးပြင်တာ စသည်တို့ကို မေ့လျော့သွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

လေဖြတ်တယ်ဆိုတာကဦးနှောက်အစိတ်အပိုင်းတချို့ သေဆုံးသွားတာဖြစ်တဲ့အတွက် ခန္ဓာကိုယ် မလှုပ်ရှားနိုင်တာအပြင် စိတ်ခံစားမှု၊ သိမြင်မှု၊ အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေး စတာတွေပါ ပြောင်းလဲသွားတတ်ပါတယ်။

လေဖြတ်ဝေဒနာသည်တွေကို ကိုယ်ခန္ဓာနဲ့ လုပ်ငန်းဆောင်တာများ တိုးတက်အောင်ပြုစု စောင့်ရှောက်ကြသလို စိတ်ပိုင်းဆိုင်ရာကိုလည်း ပြုစုစောင့်ရှောက်ဖို့၊ ကုသကူညီပေးဖို့ လိုအပ်ပါတယ်ဆိုတဲ့အကြောင်း စေတနာများစွာဖြင့် ဝေမျှပါရစေခင်ဗျ။

#မြမေတ္တာမွန်အထူးကုဆေးခန်း
#ဦးနှောက်နှင့်အာရုံကြောသမားတော်ကြီး
#စိတ်ကျန်းမာရေးအထူးကုဆရာဝန်
#ကျိုင်းတုံမြို့
#ရှမ်းပြည်နယ်အရှေ့ပိုင်း

📞 09 9777 51 777

အရက် ဆိုတာကခဏတဖြုတ်သဘောနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအရ သောက်သုံးတဲ့သူတွေကလွဲလို့ နေ့စဉ်ရက်ဆက်နီးပါး သောက်တဲ့သူတွေ၊ မနက် တစ...
01/09/2025

အရက် ဆိုတာကခဏတဖြုတ်သဘောနဲ့ လူမှုပေါင်းသင်းဆက်ဆံရေးအရ သောက်သုံးတဲ့သူတွေကလွဲလို့ နေ့စဉ်ရက်ဆက်နီးပါး သောက်တဲ့သူတွေ၊ မနက် တစ်ခွက်တစ်ဖလား မော့လိုက်ရမှ စားဝင်တဲ့သူတွေ၊
“နေညိုရင်လေပြို”လို့ဆိုပြီးစားဝင်အောင်သောက်ရတဲ့သူတွေ ညကျတော့လည်း အိပ်မပျော်လို့ သောက်ရတာပါဆိုတဲ့သူတွေ စိတ်ညစ်လို့၊ ပျော်ချင်လို့ စတဲ့ ဘယ်လိုသော အကြောင်းပြချက်များ ပေးပြီးသောက်နေကြပါစေ သောက်ဖြစ်တဲ့ရက်တွေဆက်လာတာမျိုး၊ သောက်ရတဲ့အကြိမ်အရေအတွက်တိုးလာတာမျိုးနဲ့ သောက်နေကျအချိန်မသောက်ရလို့ စိတ်ထဲကနေတမ်းတမ်းတတဖြစ်လာရတဲ့အခါမျိုး မှာဆိုရင်တော့အဲ့လိုလူမျိုးတွေအနေနဲ့ မိမိတို့ဘာသာ လက်ခံချင်ချင်/ လက်မခံချင်ချင် အရက်ရဲ့လွှမ်းမိုးထိန်းချုပ်မှုအောက်ကို ရောက်မှန်းမသိရောက်ရှိသွားပြီပဲဖြစ်ပါတယ်။ဒီလိုပဲ သောက်ဖြစ်နေလို့ပါ၊ မစွဲပါဘူး၊ ဖြတ်ချင်ဖြတ်လို့ရတယ်ဆိုပြီး ပြောကြပေမယ့်လည်း တကယ်တမ်း ကိုယ်ကိုယ်တိုင်က ဖြတ်ချင်လို့နားလိုက်တာပဲဖြစ်ဖြစ်၊ နေမကောင်းလို့ မသောက်ဖြစ်တော့တာပဲဖြစ်ဖြစ်၊ အရင်လောက် မသောက်ဖြစ်တဲ့အခါမျိုးမှာတော့ Minor withdrawal symptoms လို့ခေါ်တဲ့ (သာမန်အရက်ပြတ်လက္ခဏာများ) အဖြစ် ခြေ/လက်တုန်ခြင်း၊ ရင်တုန်ခြင်း/ နှလုံးခုန်မြန်ခြင်း၊ ချွေးထွက်များခြင်း၊ အိိပ်ပျော်ရန်ခက်ခဲခြင်း၊ အစာစားရခက်ခဲခြင်း၊ ခြေလက် အကြောအချဉ်များ ကပ်ခြင်း/ အားမရှိခြင်း၊ ကျို့ထိုးခြင်း စတဲ့ လက္ခဏာများ ခံစားရလေ့ရှိပါတယ်။ အရှေ့မှာပြောခဲ့သလိုပဲ၊ သောက်တဲ့ ပမာဏကလည်းများတယ်၊ တစ်နေ့မှာသောက်ရတဲ့ အကြိမ်ကလည်းများတယ်၊ သောက်လာတဲ့သက်တမ်းကလည်း ကြာပြီဆိုတဲ့သူမျိုးတွေကတော့ အထက်ပါ သာမန်အရက်ပြတ်ခြင်း လက္ခဏာများအပြင် ပြင်းထန်အရက်ပြတ်ခြင်းလက္ခဏာများ (Major withdrawal symptoms) အဖြစ် စိတ်ဂနာမငြိမ်ခြင်း၊ စိတ်ခြောက်ခြားခြင်း၊ အိပ်မပျော်ခြင်း၊ လှုံဆော်မဲ့အာရုံများရခြင်း၊ ကြောက်လန့်ခြင်း စတဲ့ စိတ်ဖောက်ပြန်ခြင်းလက္ခဏာများပါ ထပ်တိုးခံစားကြရပါတယ်။ အရက်လုံးဝပြတ်တာ (၂)ရက်နဲ့ (၃)ရက်မြောက်နေ့တွေမှာတော့ သတိလစ်ခြင်း၊ တက်ခြင်း စတာတွေဖြစ်နိုင်တဲ့အပြင် သက်ဆိုင်ရာဆရာဝန်နဲ့ ပြသ ကုသမှုမခံယူနိုင်ခဲ့ဘူးဆိုရင် အရက်ပြတ်လက္ခဏာများထဲက အပြင်းထန်ဆုံးရောဂါအမျိုးအစားဖြစ်တဲ့ “အရက်ငန်းဖမ်းခြင်း”ဆိုတဲ့ အခြေအနေမျိုးကို ကြုံတွေ့ခံစားကြရပါတယ်။
အရက်ငန်းဖမ်းခြင်း ဟာအချိန်မီ မကုသပါက သေဆုံးမှုနှုန်း မြင့်သောရောဂါ အခြေအနေတစ်ရပ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အရေးပေါ် စိတ်ကျန်းမာရေး အခြေအနေ (Psychiatric Emergency) တစ်ခုလည်း ဖြစ်တဲ့အတွက်ကြောင့် ဆေးရုံတက်ရောက် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
အရက်ဖြတ်ပြီး (သို့မဟုတ်) နောက်ဆုံးအရက်သောက်ချိန်ကစလို့ ၃ရက် (သို့မဟုတ်) ၄ ရက်မြောက်နေ့မှာ စဖြစ်လေ့ရှိပါတယ် ။ သို့သော် တချို့လူတွေမှာ ၄၈ နာရီ (၂ရက်) လောက်အတွင်းမှာ ​ဖြစ်လာတာလည်း ရှိပါတယ် ။ အများစုကတော့ ၃ ရက်မှ ၁၀ ရက်အတွင်းမှာ ဖြစ်လေ့ရှိပါတယ် ။ တကယ်လို့
ပြင်းထန်အရက်စွဲရောဂါရှိသူ၊ ကုသမှုမခံယူပဲ မိမိဘာသာ အရက်ဖြတ်သူများ၊ အရက်စွဲရောဂါကို အကြိမ်ကြိမ်အရက်ဖြတ်ကုသမှုခံယူထားရသူများ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာရောဂါအခံရှိသူများ၊ အရက်ငမ်းဖမ်းရောဂါဖြစ်ဖူးသူများနဲ့ အရက်​​ဖြတ်ချိန်/ပြတ်ချိန် တက်ခြင်း ဖြစ်ဖူးသူများမှာဆို ဖြစ်နိုင်ချေပ်ိုပြီးများတာ တွေ့ရပါတယ်။ အရှေ့မှာပြောပြခဲ့တဲ့ အရက်ငန်းဖမ်းခြင်းလက္ခဏာများအပြင် အချိန်မှီကုသမှုမခံယူနိုင်ပါက စိတ်ပိုင်းဆိုင်ရာလက္ခဏာများအဖြစ် ကယောင်ကတမ်းဖြစ်လာခြင်း၊ သတိကောင်းစွာမရတော့ခြင်း၊ သံသယများလာခြင်း၊ ထင်ယောင်ထင်မှားများဖြစ်ပြီး စိတ်ဖောက်ပြန်ခြင်း ဉပမာ- လူမရှိပဲ လူနာတစ်ယောက်ထဲ ခေါ်သံ/အော်သံ/ဆဲဆိုသံများ/သတ်ဖြတ်မည့်အသံ စသည်တို့ ကြားလာရခြင်း၊ မျက်လုံးထဲတွင် ကြောက်လန့်ဖွယ်ရာများ မြင်လာရခြင်း ၊ ခန္ဓာကိုယ်တွင် အကောင်များတက်သလို ယားသလို ခံစားလာရခြင်းများ ဖြစ်ပေါ်လာပါတယ် ။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာများအနေနဲ့နှလုံးခုန်မြန်လာခြင်း ၊ သွေးပေါင်ချိန်မမှန်ခြင်း/ သွေးတိုးလာခြင်း ချွေးထွက်ခြင်း ၊ ကိုယ်အပူချိန်တက်ခြင်း ခန္ဓာကိုယ်တွင်း ရေနှင့်ဓာတ်ဆားဓါတ်၊ သက်စောင့်ဓါတ်များ ဆုံးရှူံး/ကမောက်ကမဖြစ်ခြင်း၊ သတိလစ်ခြင်း/တက်ခြင်းနဲ့ နောက်ဆုံး အသက်ဆုံးရှူံးရသည်အထိဖြစ်နိုင်တာကိုလည်း တွေ့ရပါတယ်။ အရက်ငမ်းဖမ်းခြင်းရဲ့အဓိကကုသခြင်းကတော့မဖြစ်အောင်ကြိုတင်ကာကွယ်ခြင်းပဲဖြစ်ပါတယ် ။

👨‍⚕️အရက်စွဲရောဂါ ရှိပြီဆိုပါက စနစ်တကျ အရက်ဖြတ်ကုသခြင်းဖြင့် အရက်ငမ်းဖမ်းခြင်း မဖြစ်အောင်ကာကွယ်နိုင်ပါတယ် ။

👨‍⚕️တကယ်လို့ အထက်ပါ ရောဂါလက္ခဏာ တစ်ခုခု ရှိပြီဆိုပါက စိတ်ကျန်းမာရေးအထူးကု သို့မဟုတ် နီးစပ်ရာ ဆေးရုံ/ဆေးခန်းသို့ အချိန်မီ သွားရောက်ကုသသင့်ပါကြောင်း ကျန်းမာရေးဗဟုသုတ ရရှ်ိနိုင်ကြစေရန် သတိပေးလိုက်ပါရစေခင်ဗျ။

ခေတ်ရေစီးကြောင်းတွေပြောင်းလာတာနဲ့အမျှ Generation gap အရ လူငယ်ကနေလူကြီး၊ လူကြီးကနေလူငယ် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလ...
21/08/2025

ခေတ်ရေစီးကြောင်းတွေပြောင်းလာတာနဲ့အမျှ Generation gap အရ လူငယ်ကနေလူကြီး၊ လူကြီးကနေလူငယ် တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်နားလည်ဖို့ ခက်လာချိန်မှာ တချို့လူကြီးရောဂါတွေကို သိရှိနားလည်ထားဖို့ လိုအပ်လာပါတယ်။ အဲဒီ့အထဲမှာမှ သတိမေ့တတ်တာမဆန်းပေမယ့်ရောဂါတစ်ခုအနေနဲ့ရှိနေတဲ့ မှတ်ဉာဏ်ချို့ယွင်းလျော့နည်းလာတဲ့ (သူငယ်ပြန်) ရောဂါအကြောင်းကို သိရှိထားမယ်ဆိုရင် အိမ်က အဖေ/အမေ၊ အဖိုး/အဖွားတို့ကို စောလျင်စွာ ကုသမှုခံယူနိုင်ရန်အတွက် လမ်းညွှန်မှုပေးနိုင်မှာပဲဖြစ်ပါတယ်။

အယ်လ်ဇိုင်းမား ရောဂါဟာ အသက်ကြီးတဲ့သူတွေမှာဖြစ်တတ်ပြီးရောဂါရဲ့ ၈၀%ဟာ ၇၅နှစ်နဲ့အထက်တွေမှာဖြစ်တာတွေ့ရတဲ့အတွက် အဖြစ်များတယ်လို့ပြောလို့ရပါတယ်။
အစောပိုင်းမှာတော့ လတ်တလော အဖြစ်အပျက်တွေ၊ လတ်တလောပြောထားတဲ့ စကားတွေကို မမှတ်မိတော့ပဲ ရောဂါပိုဆိုးလာရင်တော့ တခြားလက္ခဏာတွေပါ ပြလာပါတယ်။အဲဒါတွေကတော့

၁) မှတ်ဉာဏ် (memory)
၂) တွေးတောတာနဲ့ ဆင်ခြင်နိုင်စွမ်း (thinking and reasoning)
၃) သုံးသပ်၊ ဆုံးဖြတ်နိုင်စွမ်း (making judgement and decision)
၄) လုပ်နေကျ အလုပ်တာ၀န်တွေ စီစဉ်ခြင်း၊ လုပ်ဆောင်ခြင်း (planning and performing familiar tasks)
၅) အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်း (changes in personality and behavior)

၁) မှတ်ဉာဏ် (memory)
လူတိုင်းကတော့ မေ့တတ်ကြပါတယ်။ ဒါပေမယ့် အယ်လ်ဇိုင်းမားရောဂါရဲ့ မှတ်ဉာဏ်ပျောက်ဆုံးတာကတော့ ကြာလေဆိုးလေပါပဲ။ တဖြည်းဖြည်းနဲ့ တစ်ယောက်တည်းရပ်တည်ဖို့ အခက်အခဲတွေ ဖြစ်လာတတ်ပါတယ်။ဥပမာ-
– မေးခွန်းတွေ ထပ်ခါထပ်ခါမေးတာ၊ ပြောပြီးသားတွေ ထပ်ခါထပ်ခါပြောတာ။
– ပြောပြီးသားစကားတွေ၊ ချိန်းဆိုထားတာတွေ၊ အဖြစ်အပျက်တွေမေ့တာ၊ ပြောပြီး မမှတ်မိတော့တာ။
– ပစ္စည်းတွေ နေရာအထားမှားမယ်၊ ပစ္စည်းကို ထားနေကျမဟုတ်တဲ့ မဆီလျော်တဲ့နေရာတွေမှာ မှားထားတာ။
– သွားလာနေကျနေရာတွေမှာကိုပဲ လမ်းပျောက်တာ။
– ကိုယ့်မိသားစု၀င်တွေရဲ့ နာမည်တွေမေ့တာ၊ နေ့စဉ်သုံးပစ္စည်းတွေရဲ့ အမည်ကို မေ့တာ။
– ပစ္စည်းတစ်ခုခုကို ခေါ်ဖို့၊ သူတွေးနေတာတွေပြောဖို့၊ စကားဝိုင်းထဲ ၀င်ပြောဖို့ကို စကားစရခက်နေ စကားလုံးရှာမရဖြစ်နေတာ စတာတွေဖြစ်တတ်ပါတယ်။

၂) တွေးတောခြင်းနဲ့ ဆင်ခြင်နိုင်စွမ်း (thinking and reasoning)
အယ်လ်ဇိုင်းမားရောဂါသမားတွေက အာရုံမစိုက်နိုင်၊ မတွေးနိုင်ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဂဏန်းတွေ နှုတ်လို့မရတော့ပါဘူး။ အလုပ်အများကြီးတပြိုင်တည်းလုပ်တာ (multi-tasking) မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ငွေကြေးစာရင်း ကိုင်တွယ်တာ၊ အခွန်ပေးဆောင်တာ၊ ငွေစာရင်းစုအုပ်တွေ စီစဉ်တာမှာ အခက်အခဲရှိလာနိုင်ပါတယ်။ နောက်ဆုံးမှာတော့ အယ်လ်ဇိုင်းမားရောဂါရှိတဲ့သူဟာ ကိန်းဂဏာန်းတွေကို မမှတ်မိ၊ မကိုင်တွယ်နိုင်တော့ပါဘူး ဖြစ်တတ်ပါတယ်။

၃) သုံးသပ်၊ ဆုံးဖြတ်နိုင်စွမ်း (making judgement and decision)
အယ်လ်ဇိုင်းမားရောဂါရှိရင် နေ့တဓူ၀ကိစ္စတွေမှာ လျော်ကန်တဲ့ သုံးသပ်၊ ဆုံးဖြတ်နိုင်စွမ်းကျလာပါတယ်။ ဥပမာ- အများနဲ့ဆက်ဆံရာမှာ ‌ဆက်ဆံရေး အဆင်‌မပြေတော့တာ၊ ရာသီဥတုနဲ့မကိုက်ညီတဲ့အ၀တ်အစားတွေ၀တ်တာမျိုး၊ နောက် မီးဖိုပေါ် အိုးတည်ထားပြီးမေ့တာ၊ ကားမောင်းတာ မူမမှန်တာစသဖြင့်ပါ။

၄) လုပ်နေကျ အလုပ်တာ၀န်တွေ စီစဉ်ခြင်း၊ လုပ်ဆောင်ခြင်း (planning and performing familiar tasks)
တချိန်က နေ့တဓူ၀ အဆင့်ဆင့်လုပ်ဆောင်နေကြအရာတွေက ရောဂါဆိုးလာတဲ့အခါ ဒါတွေလုပ်နိုင်ဖို့ ရုန်းကန်လာရပါတယ်။ ဥပမာ- ဟင်းချက်တာ၊ ဂိမ်းကစားတာ။ အရမ်းဆိုးလာရင် အ၀တ်၀တ်တာ၊ ရေချိုးတာတောင် မလုပ်တတ်တော့ပါဘူး။

၅) အပြုအမူ၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်း (changes in personality and behaviors)
အယ်လ်ဇိုင်းမားရောဂါမှာ ဖြစ်တဲ့ ဦးနှောက်တွင်းပြောင်းလဲမှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာမှာ သက်ရောက်မှုတွေရှိပါတယ်။
အဲတာတွေကတော့
– စိတ်ဓါတ်ကျခြင်း
– စိတ်မပါ၊ လက်မပါ တက်ကြွမှုမရှိခြင်း
– စိတ်အပြောင်းအလဲမြန်ခြင်း
– သူတပါးအား မယုံကြည်စိတ်များခြင်း
– စိတ်တို စိတ်ဆတ်လွယ်ခြင်း
– အိပ်တဲ့အလေ့အကျင့်ပြောင်းလာခြင်း
– ထင်ယောင်ထင်မှား ဖြစ်ခြင်း (ဥပမာ-ပစ္စည်းတစ်ခုခု ခိုးခံရပြီလို့ထင်ခြင်း) စသည်တို့ဖြစ်ပါတယ်။

ဒါတွေပါရှိလာရင်တော့ အယ်လ်ဇိုင်းမားရောဂါခံစားနေရပြီလားဆိုပြီး သံသယ၀င်နိုင်ပါတယ်။

ရောဂါကိုစောစောစီးစီး သတိထားမိဖို့ အရေးကြီးသလို၊ သူ့ကိုပြုစုစောင့်ရှောက် နားလည်ပေးဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့် ရောဂါကို စောစောစီးစီး သိနိုင်ဖို့နဲ့ ရောဂါသည်တွေကို နားလည်စောင့်ရှောက်နိုင်စေဖို့ လိုအပ်လှပါတယ်။

 #รู้จักโรคอารมณ์สองขั้วโรคอารมณ์สองขั้ว (Bipolar Disorder) คือ โรคที่มีความผิดปกติทางอารมณ์ โดยมีการเปลี่ยนแปลงของอารมณ...
18/08/2025

#รู้จักโรคอารมณ์สองขั้ว

โรคอารมณ์สองขั้ว (Bipolar Disorder) คือ โรคที่มีความผิดปกติทางอารมณ์ โดยมีการเปลี่ยนแปลงของอารมณ์ระหว่างช่วงอารมณ์ซึมเศร้า (Depression) สลับกับช่วงที่อารมณ์ดีหรือหงุดหงิดมากกว่าปกติ (Mania) ระยะเวลาในแต่ละช่วงอาจอยู่เป็นสัปดาห์หรือเดือน โดยมีช่วงอารมณ์ปกติคั่นกลางได้ ผู้ป่วยมักมาพบแพทย์ด้วยอาการซึมเศร้าและคิดว่าตนเองเป็นโรคซึมเศร้า อย่างไรก็ตามแพทย์จะซักประวัติและติดตามลักษณะอาการขณะรักษาเพื่อใช้วินิจฉัยในการแยกโรค

อาการอารมณ์สองขั้ว

* ช่วงอารมณ์ดีหรือหงุดหงิดมากกว่าปกติ

1. มั่นใจในตัวเองเพิ่มมากขึ้นหรือคิดว่าตนเองยิ่งใหญ่
2. นอนน้อย
3. พูดมากกว่าปกติหรือพูดอย่างไม่หยุด
4. ความคิดแล่นเร็ว
5. วอกแวกง่าย
6. อยากทำอะไรหลาย ๆ อย่างในช่วงเวลานั้น
7. หมกมุ่นอย่างมากกับกิจกรรมที่ทำให้เกิดปัญหา เช่น ใช้จ่ายหรือลงทุนเยอะ ไม่ยับยั้งใจเรื่องเพศ ฯลฯ
* ช่วงอารมณ์ซึมเศร้า

1. ซึมเศร้าเป็นส่วนใหญ่ของวัน แทบทุกวัน
2. ความสนใจในกิจกรรมต่าง ๆ ลดลง
3. เบื่ออาหารหรือรับประทานอาหารมากเกิน
4. นอนไม่หลับหรือหลับมากไป
5. กระสับกระส่ายหรือเชื่องช้ามากขึ้น
6. อ่อนเพลีย
7. รู้สึกตนเองไร้ค่า
8. สมาธิลดลง
9. คิดถึงเรื่องการตายอยู่เรื่อย ๆ
สาเหตุโรคอารมณ์สองขั้ว

สาเหตุโรคอารมณ์สองขั้วเชื่อว่าเกิดจากหลายปัจจัย เช่น
1. มีความผิดปกติของสารสื่อประสาทหรือโครงสร้างในสมอง
2. ความเครียด
3. พันธุกรรม มีสมาชิกในครอบครัวเป็นโรคไบโพลาร์

ลองสังเกตตนเองและคนใกล้ตัว ถ้าเข้าข่ายโรคไบโพลาร์ให้รีบไปตรวจวินิจฉัยและรีบรักษาแต่เนิ่น ๆ หากรู้ ยอมรับตัวเองได้ และเข้ารับการรักษาก็จะสามารถกลับมาใช้ชีวิตตามปกติได้

မြန်မာဘာသာဖြင့်တင်ထားသော စိတ်ကြွ-စိတ်ကျရောဂါအကြောင်း Post

https://m.facebook.com/story.php?story_fbid=146054951852328&id=100093434717908&mibextid=K8Wfd2

Address

ရပ်ကွက်(၂)၊နောင်ကျောက်လမ်း၊နောင်‌တုံဟိုက်ပါမားကတ်ရှေ့၊ကျိုင်းတုံမြို့နယ်။
Kengtung
06231

Telephone

+959977751777

Website

Alerts

Be the first to know and let us send you an email when မြမေတ္တာမွန် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မြမေတ္တာမွန် အထူးကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram